- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၆) ပျော်ရွှင်သောထိမ်းမြားမင်္ဂလာဆောင်ခြင်း၏ လျှို့ဝှက်ချက် (၃) ရပ်
သတို့သားနှင့်သတို့သမီးတို့သည်မင်္ဂလာဆောင်သောနေ့၌ ပလ္လင် တော်ရှေ့တွင် ရပ်လျက်ရှိသည်။ အပြန်အလှန်ကတိသစ္စာဆိုပြီးနောက် ဆုတောင်းရန် ဒူးထောက်လိုက်သည်။ ရုတ်တရက်ဆိုသလို လေးနက် တည်ငြိမ်လျက်ရှိသောငြိမ်သက်မှုကို ပရိသတ်၏ ကြိတ်သောတခစ်ခစ် ရယ်မောသံဖြင့် ဖြိုခွင်းလိုက်သည်။ ဓမ္မဆရာသည် ပူပင်သောကဖြစ်ပြီး စုံတွဲနှစ်ဦးမှာလည်း စိတ်ဓါတ်ကျလျက်ရှိသည်။
ဤကဲ့သို့ရယ်ဖွယ်ကောင်းသောဖြစ်ရပ်ကား အဘယ်နည်း။ လူ တချို့သည် သတို့သား၏ ဖိနပ်အောက်တစ်ဖက်စီတွင် “ကယ်ကြပါဦး” (HELP) ဆိုသည့်စာသားကို အကျိုးပျက်နစ်နာစေရန် ပြက်ရယ်ပြုရေး သားခြင်းကြောင့်ဖြစ်သည်။ သတို့သားဆုတောင်းရန် ဒူးထောက်လိုက် သည့်အခါ “ကယ်ကြပါဦး” “ကယ်ကြပါဦး” ဆိုသည့်စာသားကို ပရိသတ် ကြီးမျက်ဝါးထင်ထင်မြင်လိုက်ခြင်းကြောင့်ပြက်ရယ်သံများပေါ်ထွက်လာ ခြင်းဖြစ်သည်။
ကျွန်ုပ်တို့လက်ခံလိုသည်ဖြစ်စေ၊လက်မခံလိုသည်ဖြစ်စေ၊ အချစ် ဇာတ်လမ်းတိုင်းသည်အကူအညီလိုအပ်ပါသည်။ထိမ်းမြားမင်္ဂလာဆောင် မှုတိုင်းသည် အကူအညီလိုအပ်ပါသည်။ ထိမ်းမြားမင်္ဂလာပြုခြင်းအမှု သည် ကြောက်ရွံ့ဖွယ်ကောင်းသည့်နှုန်းဖြင့် ပြိုကွဲလျက်ရှိသည်။ ၁၉ဝဝ ပြည့်နှစ် အမေရိကန်နိုင်ငံတွင် (၁၂.၇) မင်္ဂလာဆောင်သူတိုင်းတွင် အိမ် ထောင်ကွာရှင်းမှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ ၁၉၄ဝ ခုနှစ်ရောက်သော် မင်္ဂလာ ဆောင်ပွဲ (၆) ခုတွင် တစ်ခုသည် ပျက်ပြယ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် မင်္ဂလာဆောင်ပွဲ (၂) ခုတွင် တစ်ခုသည် ကွာရှင်းခြင်းဖြင့် အဆုံးသတ် သည်။ အခြားသောနိုင်ငံများ၏ စာရင်းသည်လည်း သိပ်ကွာခြားမည် မဟုတ်ပါ။
ကူညီပါရစေ
ဆိုးသောသတင်းသည်ထိမ်းမြားမင်္ဂလာဆောင်မှုသည်အကူအညီ လိုအပ်ခြင်းဖြစ်သကဲ့သို့ ကောင်းသောသတင်းမှာ အကူအညီရရှိနိုင်ခြင်း ဖြစ်သည်။ အကူအညီကို ခေတ်အဆက်ဆက် အကျော်ကြားဆုံး မင်္ဂလာ ဆောင်အကြံပေးပုဂ္ဂိုလ်မှ ရရှိနိုင်သည်။ သူ၏နာမည်မှာ သခင်ယေရှုပင် ဖြစ်သည်။ မင်္ဂလာဆောင်ခြင်းအမှုကိုပြုသောသူသည် အဘယ်ကြောင့် ထိမ်းမြားခြင်း၏ အကောင်းဆုံးအကြံပေးပုဂ္ဂိုလ်မဖြစ်နိုင်သနည်း။ အကူ အညီကိုလည်း ခေတ်အဆက်ဆက်မှ အကောင်းဆုံးထိမ်းမြားမင်္ဂလာ ဆောင်လက်စွဲစာအုပ်တွင် ရရှိနိုင်သည်။ ထိုလက်စွဲစာအုပ်သည် သမ္မာ ကျမ်းစာပင်ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသော လေ့လာချက်မှာ အောင်မြင်သည့်မျက်မှောက်ခေတ် ထိမ်းမြားမင်္ဂလာဆောင်ခြင်း၏ စည်း မျဉ်းသည် ဤရှေးကျသောစာအုပ်တွင် တွေ့ရှိနိုင်ခြင်းပင်ဖြစ်သည်။
တစ်နေ့သ၌ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် သခင်ယေရှုကို စမ်း သပ်ရန် ထာဝရအသက်ရစေခြင်းငှာ အဘယ်အမှုကို ပြုရမည်နည်းဟု မေးသည်။ သူ၏မေးခွန်းကိုဖြေဆိုရန် ခရစ်တော်သည် ၎င်းအားမေးခွန်း ထုတ်လိုက်ပြီး သူပြန်ဖြေသည့်အခါ ကယ်တင်ရှင်ဤသို့ဆိုသည်။ “မင်း ဖြေတာမှန်တယ်၊ ဒီအတိုင်းကျင့်ပါ၊ အသက်ကိုရမယ်” (လုကာ ၁၀:၂၈) ဟု ပြန်ပြောသည်။
ကျမ်းတတ်ပုဂ္ဂိုလ်ပြန်လည်ဖြေဆိုရာတွင် ဓမ္မဟောင်းမှကျမ်းပိုဒ် (၂) ပိုဒ်ကို ရည်ညွှန်းသည်။ တရားဟောရာကျမ်း ၆း၅ နှင့် ဝတ်ပြုရာကျမ်း ၁၉:၁၈ တို့ဖြစ်သည်။ သူသည် ဘုရားသခင်၏နှုတ်တော်ထွက်ကို ပြန် လည်ပြောဆိုခြင်းဖြစ်သည်။ ဤတုံ့ပြန်မှုကို လုကာ ၁၀း၂၇ တွင် မှတ် တမ်းတင်ထားသည်။ ဤအချက်ကား၊ အသက်တာတစ်ခုလုံးအတွက် သော့ချက်ပင်ဖြစ်သည်။
အိမ်ထောင်ပြုခြင်း၏လျှို့ဝှက်ချက်(၃) ရပ်
ပါးနပ်သောလျှို့ဝှက်ချက်
ပထမဦးဆုံးလေ့လာမည့်လျှို့ဝှက်ချက်သည် ကျမ်းတတ်ရှေ့နေ ပြောသည့် နောက်ဆုံးအချက်ဖြစ်သည်။ ပရိယာယ်ဆင်သည့် လျှို့ဝှက် ချက်ဖြစ်သည်။ (လုကာ ၁၀း၂၇)။ “ကိုယ့်ကိုကိုယ်ချစ်လော့" မိမိကိုယ်ကို ချစ်ခြင်းသည် တချို့သောသူများက ရှုတ်ချသည်။ သို့သော် သခင်ယေရှု သည် ထောက်ခံသည်။
မှန်ပါ၏၊ ကိုယ့်ကိုကိုယ်ချစ်ခြင်းသည် အပြစ်ဖြစ်နိုင်သည်။ မိမိ ကိုယ်ကို ဘုရားသခင်ထက် ပို၍ချစ်ပြီး ဘုရားသခင်ကို အစားထိုးပါက မှားယွင်းမည်သာဖြစ်သည်။ လူသားအချင်းချင်းကိုအစားထိုးပြီး သူတစ် ပါးကို ယုယကြင်နာသောစိတ်ကို ပျက်စီးလိုက်သော မိမိကိုယ်ကိုချစ်ခြင်း သည်လည်း မှားသည်ပင်။ ထိုကဲ့သို့မိမိကိုယ်ကို ဗဟိုပြုခြင်းသည် မောက် မာဝါကြွားမှုသို့ပို့ဆောင်ပြီး ဘုရားသခင်ကို စိတ်ပျက်စေသည်။ “မာနကြီး သော သူအပေါင်းတို့ကို ထာဝရဘုရားသခင် စက်ဆုပ်ရွံရှာတော်မူ၏။” (သု ၁၆း၅) သို့သော် ဤကဲ့သို့တစ်ကိုယ်ကောင်းစိတ်ကို ရှောင်ရှားစဉ် တချို့သော သူများသည် မိမိကိုယ်ကို မုန်းတီးသောသူများဖြစ်လာသည်။ မိမိကိုယ်ကို အသုံးမဝင်သော “သတ္တဝါ” ဟုသာထင်သည်။ ဤအရာသည် လည်း မာန၏လုပ်ရပ်တစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ ကိုယ်ကို “သတ္တဝါ” ဟုထင်မြင်ပါက “သတ္တဝါ” ကဲ့သို့ပင် ပြုကျင့်မည် ဖြစ် သည်။
လူတစ်ယောက်၏ ရယ်ရွှင်ဖွယ်ကောင်းသည့် အဖြစ်အပျက်မှာ ထိုသူသည် ဈေးဆိုင်ကြီးတစ်ခုအတွင်း၌ လျှောက်လာစဉ် သူ့ဘက်၌ လူ တစ်ဦးထံသို့တည့်တည့်လျှောက်လာသည်ကို မြင်လိုက်သည်။ ထိုသူကို ပြန်မြင်ခြင်းပင် မျက်ကြောမတည့်ဘဲ အလွန်အမြင်ကပ်သည်။ ထိုသူ သည် သူနှင့်နီးလာလေ ခြိမ်းခြောက်မှုပြုလေဟုထင်ရသည်။ ထိုသူသည် သူ့ကိုတိုက်ခိုက်မည်စိုးသဖြင့် လက်ဦးမှုရယူပြီး လက်သီးဖြင့် အလျင်ထိုး လိုက်သည်။ နာကြင်အံ့ဩမှုဖြင့် ထိုသူ၏လက်သည် သွေးများယိုစီးကာ မိမိကိုယ်ကို နံရံတွင်ရှိသောမှန်ကို လက်သီးဖြင့်ထိုးလိုက်သည်ကို သိ လိုက်ရသည်။ ထိုသူမုန်းတီးသောသူသည် မိမိကိုယ်ကိုပင်ဖြစ်သည်။
ကျွန်ုပ်တို့ကိုယ်ကို မှန်ထဲသို့မြင်သော် နှစ်သက်မှုရရှိပါသလား။ တချို့သောသူများသည် မိမိ၏ဆံပင်အရောင်ကိုမကျေနပ်ပါ။ သူ့အသား အရည်၊ သူ့အရပ်အမောင်း၊ ကိုယ်ထည်အလေးချိန်၊ ကာယခွန်အား၊ ဥာဏခွန်အား၊ ငွေကြေးခွန်အားစသည်တို့ကို မကျေနပ်ကြပါ။ မိမိကိုယ် ကို မုန်းတီးသောသူမြောက်မြားစွာ ရှိသည်။ သခင်ယေရှုပြောသည်ကို ထိုသူတို့မေ့လျော့နေသည်။ “ကိုယ်---ကို--ကိုယ်ချစ်လော့။”
အကြောင်းပြချက်
ဤအရာသည် ပျော်ရွှင်သောအိမ်ထောင်ပြုမှုနှင့် မည်ကဲ့သို့ သက် ဆိုင်သနည်း။ မိမိကိုယ်ကိုတန်ဖိုးထားခြင်းသည် အချစ်ရေးရာနှင့် ဘယ် ကဲ့သို့သက်ဆိုင်သနည်း။ သက်ဆိုင်ကြောင်းကို (၃) မျိုးပြသနိုင်သည်။
၁။ ကျွန်ုပ်ကိုယ်ကို ကျွန်ုပ်မချစ်လျှင် ကိုယ့်ကိုချစ်ရန် မပြုလုပ်နိုင်ပါ။ တစ်နည်းအားဖြင့်ဆိုရသော် အခြားသူတစ်ဦးကျွန်ုပ်ကိုချစ်ရန် အခက် အခဲ ဖြစ်စေမည်။ အဆုံးစွန်ပြောရသော် ဘယ်သူက စိတ်ညစ်နေသော သူကို လက်ထပ်လိုမည်နည်း။
၂။ ကျွန်ုပ်ကိုယ်ကိုကျွန်ုပ်မချစ်သော်အခြားသောသူတစ်ဦးကို ကျွန်ုပ် အချစ်ပေးရန်ခက်ခဲမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင်မရှိသော အရာကို အခြားသူတစ်ဦးအား ဘယ်ကဲ့သို့ ပေးနိုင်မည်နည်း။ ပေတရု ခြေမစွမ်းသောသူအားပြောသည်ကို မှတ်သားပါ။ ထိုသူသည် ရွှေ၊ ငွေကို လိုလား၍တောင်းခံနေသည်။ သို့သော် ပေတရုက “ငါ၌ရွှေငွေမရှိ၊ ရှိသည့် အရာကို သင့်အားငါပေးမည်။” (တမန် ၃း၆)။ သူတစ်ပါးကို ချစ်ခြင်းပေး နိုင်ရန် အတွက် ကျွန်ုပ်ကိုယ်ကို ချစ်ရမည်ဖြစ်သည်။
၃။ ကျွန်ုပ်ကိုယ်ကို မချစ်ခဲ့သော် သူတစ်ဦးတစ်ယောက်က ကျွန်ုပ်ကို တကယ်ချစ်တယ်လို့ပြောသည်ကို လက်ခံရန်ခက်ခဲမည်ဖြစ်သည်။ကျွန်ုပ် က အံ့ဩစွာဖြင့် “ဘာလဲ၊ ဘယ်သူ့ကိုပြောတာလဲ၊ ငါ့ကိုလား၊ မဖြစ်နိုင် တာ လူတစ်ဦးတစ်ယောက်က ကျွန်ုပ်ကို အရဲစွန့်ပြီးချစ်ခဲ့သော် ယုံရမှာ ခက်ပြီး လက်ခံရန်မလွယ်ပါ။
အဘယ်ကြောင့် ကိုယ့်ကိုကိုယ် ချစ်ရမည်နည်း။ ဘုရားသခင် သည် ကျွန်ုပ်ကိုချစ်သည်အတွက်ဖြစ်သည်။ လူတိုင်းသည် သူ့အတွက် အဖိုးထိုက်သောအရာဖြစ်သည်။ ကန့်သတ်မှုအမျိုးမျိုးနှင့် ကိုယ်၊ စိတ်၊ ကာယ၊ ဉာဏ အားနည်းချက်များရှိငြားသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အရှိအတိုင်း ပင်ချစ်တော်မူသည်။ ငွေရေးကြေးရေး၊ ဝိဉာဏ ရေး၊ လူမှုရေးများမပြည့်စုံဘဲ လိုအပ်ချက်များရှိသော်လည်း ခရစ်တော် ကျွန်ုပ်တို့ကို ယုယစွာဖြင့် မှတ်တော်မူသည်။
ထိုကဲ့သို့ဖြစ်သည်ဟု ဘယ်ကဲ့သို့ သေချာစွာ သိရှိနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ချစ်နှစ်သက်ဆုံးသော ကျမ်းပိုဒ်ပြောပြခြင်း ကြောင့်ပင်တည်း။ “ဘုရားသခင်သည် ... လောကသားတို့ကို ချစ်တော်မူ သည်” (ယော ၃း၁၆)။ “သူအပေါင်းတို့ကို” ဆိုသည်မှာ မည်သူမဆို ဖြစ်သည်။ သင်နှင့်ကျွန်ုပ်ပါသည်။ “သင်သည် ငါမြတ်နိုးရာဖြစ်သော ကြောင့် အသရေရှိပြီ၊ ငါလည်းချစ်၏။” (ဟေရှာ ၄၃း၄)။ ဘုရားသခင် ကျွန်ုပ်ကိုချစ်လျှင် ကျွန်ုပ်လည်း ကျွန်ုပ်ကိုယ်ကိုချစ်ရပေမည်။
အကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်ခြင်းအရာဖြစ်သည့်အပြင် တစ်ဦးချင်းမှာလည်း အတုမရှိအထူးပင်သူ့အတွက်ဖြစ်သည်။ လောက တွင် လူငါးဘီလီယံအနက် မည်သူတစ်ဦးတစ်ယောက်မျှ သင်နှင့်မတူ ကြောင်းကို သင်စဉ်းစားမိပါသလား။ ဘယ်သူမှသင်၏ပုံသဏ္ဌာန်၊ လက် ဗွေ၊ အသံတူသည်မရှိ။ သင်သည် သီးခြားအတုမရှိဖြစ်သည်။ ဒါဝိဒ်မင်း ကြီးက “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်း သောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏-- ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။” (ဆာလံ ၁၃၉း၁၄၊၁၇)။ ကျွန်ုပ်တို့သည် ဘုရား သခင်အတွက် အထူးဖြစ်ခဲ့သော် ကျွန်ုပ်တို့ကိုယ်ကိုလည်း တန်ဖိုးထားရန် အခွင့်အရေးရှိရမည်။
ထိုနောက် သူတစ်ဦးသည် မိမိကိုယ်ကိုကျန်းမာစွာချစ်သော် သူ၏ ပေါင်းဖေါ်ကိုလည်း ဆက်လက်ချစ်နိုင်မည်ဖြစ်သည်။ “သင်နှင့်စပ်ဆိုင်သူ ကို သင်နှင့်အမျှချစ်လော့" (လုကာ ၁၀:၂၇) ကျမ်းတတ်ပုဂ္ဂိုလ်သည် မေးခွန်း တစ်ခုကို ထပ်မံမေးပြန်သည်။ “သင်နှင့်စပ်ဆိုင်သောသူကား၊ အဘယ်သူဖြစ်သနည်း” (ငယ် ၂၉) ထိုနောက် သခင်ယေရှုသည် ကောင်း သော ရှမာရိပုံပြင်ဖြင့် လူမျိုးမရွေး၊ ဘာသာမရွေးသင်၏ချစ်မေတ္တာနှင့် ယုယမှုကို လိုအပ်သောသူသည် သင်နှင့်စပ်ဆိုင်သူဖြစ်ကြောင်း ဖေါ်ပြခဲ့ ပါသည်။
အိမ်နီးနားချင်းနှစ်မျိုးရှိသည်ဟု ဆိုနိုင်သည်။ အိမ်ရာနှင့်စား သောက်ဖွယ်ရာမရှိသောရပ်ဝေးတွင်ရှိသည့် အိမ်နီးချင်းတစ်မျိုး၊ ၎င်းတို့ သည် ကျွန်ုပ်တို့၏ ချစ်ခြင်းနှင့်ယုယစောင်မခြင်းတို့ကို လိုအပ်သော ကြောင့် ကျွန်ုပ်၏ အိမ်နီးချင်းဖြစ်သည်။ ထိုနောက် တစ်ဖက်အိမ်၌ နေထိုင်သောအိမ်နီးချင်းရှိသည်။ ထိုသူတို့သည် ကျွန်ုပ်တို့၏ချစ်မေတ္တာ နှင့်စောင်မမှုကိုလိုအပ်ပါက သူတို့သည်လည်း ကျွန်ုပ်တို့၏အိမ်နီးခြင်းပင် ဖြစ်သည်။ ဝေးသောအရပ်တွင် နေထိုင်ပြီးအိမ်ရာမရှိ၊ ကျွန်ုပ်တို့၏ ချစ် မေတ္တာနှင့်စောင်မမှုကိုလိုအပ်သူသည် ကျွန်ုပ်တို့၏အိမ်နီးခြင်း၊ တစ်ဖက် ခန်းတွင်နေသောသူသည် ကျွန်ုပ်တို့၏ ချစ်မေတ္တာနှင့် ယုယမှုကိုလိုအပ် သောသူသည် ကျွန်ုပ်တို့၏ အိမ်နီးချင်းများဖြစ်လျှင် တစ်အိမ်တည်းနေ သောသူသည် ချစ်မေတ္တာနှင့် စောင့်ရှောက်မှုကိုလိုအပ်ပါက ထိုသို့သော သူသည် အဘယ်သူနည်း။ ထိုသူ/သူမသည် အနီးဆုံးအိမ်နီးချင်း မဟုတ်ပါ လော့။ ထိုသူ/သူမသည် အချစ်ဆုံးအိမ်နီးချင်းမဟုတ်ပါလော့။ ကျွန်ုပ်တို့ ၏အဆွေခင်ပွန်းတို့သည် ကျွန်ုပ်တို့၏ အနီးဆုံးနှင့် အချစ်ဆုံးဖြစ်သည်။ ၎င်းတို့ကိုကိုယ်နှင့်အမျှချစ်ရမည်သာဖြစ်၏။
ကျွန်ုပ်၏ပေါင်းဖေါ်ဘက်ကို အဘယ်ကြောင့် မိမိကိုယ်လောက် ချစ်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ကြင်ဖေါ်သည် ကျွန်ုပ်၏ကိုယ်ခြမ်းဖြစ်သည်။ လက်ထပ်ပလ္လင်ပွဲတွင် ကျွန်ုပ်၏ တခြား ကိုယ်ကိုလက်ခံယူလိုက်ခြင်းဖြစ်သည်။ဤလက်ခံရယူလိုက်သော ကျွန်ုပ် ၏တခြားကိုယ်ကို ကျွန်ုပ်၏ပထမကိုယ်ကဲ့သို့ ချစ်ခင်ကြင်နာယုယမှုပြု ရမည်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး တမန်တော်ပေါလုပြော ဆိုသည်မှာ “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကို မုန်းသောသူတစ်ယောက်မျှမရှိ။” (ဧဖက် ၅း၂၈၊၂၉)။
ထိုကြောင့် ကျွန်ုပ်၏ဇနီးသည်ကို ကြည့်သည့်အခါ ကျွန်ုပ်၏ တခြားသောကိုယ်ကိုကြည့်နေခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ပင်သူကို ဆက် ဆံရမည်သာဖြစ်သည်။ ကျွန်ုပ်၏ခင်ပွန်းကို ကိုယ်နှင့်အမျှ ချစ်ရမည်ဟု ဆိုရာ၌ မိမိလိုအပ်ချက်ကို ကျေနပ်မှုရရှိသကဲ့သို့ သူ၏လိုအင်ဆန္ဒကို လည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။
ဒုတိယလျှို့ဝှက်ချက်
တစ်ခါတစ်ရံ ပြဿနာပေါ်ပေါက်လာတတ်သည်။ မေးခွန်းက “တစ်ဦး၏အလိုဆန္ဒသည် အခြားကိုယ်၏ လိုအပ်ချက်နှင့် တိုက်ဆိုင်လာ ပါက ဘယ်သူကိုဦးစားပေးရမည်နည်း” ဆိုသည့် မေးခွန်းဖြစ်သည်။ မိမိ လိုအင်ဆန္ဒနှင့်ခင်ပွန်းသည်၏လိုအင်ဆန္ဒ ပဋိပက္ခဖြစ်မှုပေါ်ပေါက်လာခဲ့
သော် မည်သူ့ဆန္ဒကို ဦးစားပေးရမည်နည်း။
ဤအချက်ကို သခင်ယေရှုကိုယ်တော်တိုင် ပြောဆိုခဲ့သည်မှာ “သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ် သစ်ကို ငါပေး၏” (ယော ၁၃း၃၄) ဆိုလိုသည်မှာ ခရစ်တော်ကျွန်ုပ်ကို ချစ်သကဲ့သို့ ကျွန်ုပ်၏ ခင်ပွန်းကိုချစ်ရမည်ဟု အဓိပ္ပါယ်သက်ရောက် သည်။ ဤအချက်သည် ရှေ့ဆက်လေ့လာရှာဖွေရန် ပေါ်ပေါက်လာခဲ့ သည်။ သခင်ယေရှုကျွန်ုပ်ကို ဘယ်ကဲ့သို့ချစ်သနည်း။ ဤမေးခွန်းကို ဖြေဆိုရန် ဂေသရှေမန်ဥယျာဉ်သို့ ပြန်လည်ပြီး ၎င်း၏ ဆုတောင်းချက်ကို နားထောင်ရမည်ဖြစ်သည်။ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော၊ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်းမဖြစ်ပါစေနှင့် ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေ သောဟု ဆုတောင်းတော်မူ၏။” (မဿဲ ၂၆း၃၉)။
ခရစ်တော်သည် ကပ်တိုင်၏ နာကျင်စိတ်ဆင်းရဲမှုကို စဉ်းစားစဉ် သူ၏လူ၏ဇာတိပကတိသည် ပျော်ရွှင်စွာထပ်ခုန်သလော့။ ထိုသို့မဟုတ် ပါ။ သူ၏ ဆုတောင်းချက်သည် မဖေါ်ပြနိုင်သော ကြောက်မက်ဖွယ် ကောင်းသောအရာကို တုံ့ပြန်ရိုက်ခတ်သည်ကို ဖေါ်ပြခြင်းပင်ဖြစ်သည်။ သူတွင်ရှိသည့် လူသား၏ စိတ်နှလုံးသည် မဖေါ်ပြနိုင်သည့်နာကျင်မှုမှ ထွက်ပေါက်ရရန် ငိုကြွေးခဲ့သည်။ သို့သော် သူသည် ကျွန်ုပ်တို့နှင့်လူသား တစ်ရပ်လုံးကိုမြင်ပြီး ကျွန်ုပ်တို့ကယ်တင်ခြင်းကို လိုအပ်ကြောင်း သိရှိ သော် သူ၏ဆန္ဒသည် ဒုတိယနေရာသို့ရောက်ရှိသွားတော့သည်။ ကျွန်ုပ် တို့လိုအပ်ချက်ကား ဦးစားပေးပထမနေ့ကို ယူလိုက်ပြီးဖြစ်သည်။ သူ သည် ကျွန်ုပ်တို့ကိုမိမိကိုယ်ထက် ချစ်ရုံသာမက ပို၍များစွာမိမိကိုယ်ကို ချစ်သည်ထက် ကျွန်ုပ်တို့ကိုချစ်သည် မှာလွန်ကဲပါသည်။ ကရာနီကုန်း ပေါ်ရှိ ကပ်တိုင်တွင် ရက်စက်သည့်သေခြင်းကို သူမနှစ်သက်ပါ။ သို့သော် ထိုညှဉ်းပန်းနှိပ်စက်မှုကို ကျွန်ုပ်အားချစ်သည့်အတွက် သည်းခံတော်မူ သည်။
ဤ “ပညတ်သစ်” “အချင်းချင်းချစ်ကြလော့” ဆိုသည်မှာ အသစ် သောစကားမဟုတ်ပါ။ အရည်အသွေးအားဖြင့်အသစ်ဖြစ်သည်။ “ငါသည် သင်တို့ကိုချစ်သကဲ့သို့” ဤဆက်ကပ်အပ်နှံသည့်အချစ်၊ သူတစ်ပါး၏ အလိုဆန္ဒကိုကိုယ့်ဆန္ဒအပေါ်နှင့် အရှေ့တွင်ထားသောအချစ်၊ ဤကဲ့သို့ သောအချစ်သည် အရည်အသွေးနှင့်ပြည့်ဝစုံလင်သောအချစ်ဖြစ်ပြီး ထိမ်း မြားမင်္ဂလာပြုခြင်း၏ဒုတိယလျှို့ဝှက်ချက်ပင်ဖြစ်သည်။
တမန်တော်ပေါလုအကြံပေးပြောဆိုရာတွင်မိမိကိုယ်ကိုစွန့်လွှတ် သည့်ဤစည်းမျဉ်းကိုဆိုလိုသည်။ “သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမှတ်ကြဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့” ထိုနောက်ခရစ်တော်ကို ညွှန်ပြပြီး “ယေရှု ခရစ်၌ရှိသောထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့” (ဖိလိပ္ပိ ၂း၃-၅) အခြားသော တစ်နေရာတွင် “ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့” (ရောမ ၁၂:၁၀) တွင် ပြောဆိုသည်ကို တွေ့ရှိရသည်။
ဤအရေးကြီးသည့်အယူအဆကို ပုံပမာအားဖြင့် ဖေါ်ပြကြပါစို့၊ အိမ်ထောင်မိသားစုတစ်စုသည် သခွားသီးလုပ်ငန်းတွင် အလွန်နာမည် ကျော်ကြားလာသည်။ အိမ်ထောင်ရှင်ယောက်ျားသည် သခွားသီးကိုပြုစု ပျိုးထောင်စိုက်ပျိုးရာ၌ မျိုးသစ်များကို အမျိုးမျိုးစမ်းသပ်စိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းလာသဖြင့် ဆုများတစ်ခုပြီးတစ်ခု ရရှိဆွတ်ခူးနိုင်ခဲ့ လေသည်။ ဇနီးဖြစ်သူသည် ၎င်းသခွားသီးများကို သေချာစွာအချဉ်ထည့် ခဲ့သည့်အတတ်ပညာကိုလည်း ထူးချွန်သဖြင့် ဆုများလည်း ရရှိနိုင်ခဲ့လေ သည်။ ထိုကဲ့သို့ပင်အိမ်ထောင်စုသည် သခွားသီးလုပ်ငန်းဖြင့် အိမ်ထောင် မိသားစုကို ခိုင်မြဲစေပြီး အသက်သွေးကြောလည်းဖြစ်စေခဲ့သည်။
လင်ယောက်ျားသေဆုံးသွားပြီး ဝမ်းနည်းဖွယ်ရာကပ်ဆိုက်လာပါ တော့သည်။ ကလေးတစ်ယောက်က ၎င်း၏ မိခင်သည် သခွားချဉ်ထည့် ခြင်းလုပ်ငန်းကို နှစ်သက်ကြောင်းသိသဖြင့် သခွားသီးစိုက်ပျိုးခြင်းအလုပ် ကိုဆက်လက်လုပ်ဆောင်ရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ၎င်း၏မိခင် ကြီးသည်မလုပ်ရဟုဆိုသဖြင့် သူသည် အလွန်အံ့ဩခဲ့ပါသည်။ ထိုနောက် ၎င်း၏မိခင်သည် သူ့အား အတွင်းစကားကို ဖြည်းညင်းစွာဖြင့် ပြောပြ လေသည်။ “အမှန်ပြောရမယ်ဆို၊ လွန်ခဲ့တဲ့နှစ်များမှာ သခွားအချဉ်ထည့် တဲ့ အလုပ်က ငါမနှစ်သက်ပါဘူး။ ဒါပေမယ့် သခွားပင်စိုက်ပျိုးတဲ့ အလုပ် ကမင်းတို့အဖေအလွန်နှစ်သက်ပျော်ရွှင်ပြီးဂုဏ်ယူတာကိုငါတွေ့ရတယ်။ အဲဒီအတွက်ကြောင့် ငါလဲသခွားသီးကို အချဉ်ထည့်ခဲ့တာ သူ့ကိုချစ်လို့၊ သူ့ကို ပျော်ရွှင်ကျေနပ်မှုရရှိဖို့ ဆန္ဒရှိလို့ဖြစ်တယ်။”
ထိုနောက် အလွန်အံ့သြဖွယ်ကောင်းသည့်အကြောင်းကို သား တစ်ယောက်က ဆက်ပြောပြသည်။ “အဖေမသေခင် အိပ်ရာပေါ်ရှိစဉ် ပြောခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ငါသခွားသီးစိုက်ပျိုးတဲ့အလုပ်ကို မနှစ်သက်ပါဘူး။ ဒါပေမယ့် မင်းတို့အမေသခွားချဉ်ထည့်တဲ့အလုပ်မှာ အလွန်ပျော်ရွှင်တာတွေ့ရလို့ ငါလည်းစိုက်ပျိုးရေးမှာ စိတ်ဝင်စားလာခဲ့ တယ်။ မင်းတို့အမေရဲ့ဆန္ဒကိုဖြည့်လိုပြီး သူ့ကိုချစ်လို့ သူ့ကို ပျော်ရွှင်စေဖို့ သခွားသီးစိုက်ခဲ့တာ ပါ။" သခွားသီးအချစ်ဇာတ်လမ်းပင်ဖြစ်သည်။
အောင်မြင်သည့်ထိမ်းမြားခြင်း၏ပထမသော့ချက်သည် မိမိကိုယ် ကို ချစ်ခြင်းဖြစ်သကဲ့သို့ ဒုတိယလျှို့ဝှက်ချက်မှာ မိမိ၏ကြင်ဖက်ကို ကိုယ်ထက် ပိုချစ်ခြင်းပင်ဖြစ်သည်။ မိမိကျေနပ်မှုရရှိခြင်းထက် ကြင်ဖက် ၏အလိုဆန္ဒကို ဖြည့်ဆည်းပေးရန် စိတ်လိုက်လျောခြင်းပင် ဖြစ်သည်။ အကယ်၍ ပေါင်းဖေါ်ဖက်နှစ်ဦးစလုံးသည် ဤစည်းမျဉ်းကိုကျင့်သုံးပါက အိမ်ထောင်ရေးပြဿနာ ပျောက်ကွယ်သွားမည်သာဖြစ်သည်။
မူလအခြေခံလျှို့ဝှက်ချက်
နောက်ဆုံးလျှို့ဝှက်ချက်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ အောင် မြင်သော ထိမ်းမြားခြင်း၏ အရေးကြီးဆုံးပါဝင်သည့် အရာတစ်ခုဖြစ် သည်။ “သင်၏ဘုရားသခင်ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိ ရှိသမျှ၊ ဉာဏ်ရှိသမျှနှင့်ချစ်လော့။” (လုကာ ၁၀း၂၇)။
ဘုရားသခင်ကိုချစ်ခြင်းသည် ပျော်ရွှင်သောအိမ်ထောင်နှင့် ဘယ် ကဲ့သို့သက်ဆိုင်သနည်း။ အဖြေမှာတိုတောင်းသည်၊ရိုးစင်းသည်၊ သို့သော် လေးနက်သည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ယော ၄း၈)။ ဘုရားသခင်သည် ချစ်ခြင်း၏ အရင်းအမြစ်ဖြစ်သည့် အတွက် အချစ်စုံတွဲများသည်လည်း အချစ်၏ အမြင့်ဆုံးသောအတွေ့ အကြုံကို ခံစားနိုင်ရန် အချစ်၏ အရင်းအမြစ်နှင့်ထိတွေ့မှသာ ကြုံတွေ့ ခံစားနိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် ထိမ်းမြားခြင်းအမှု၏ဖန်တီးသူ ဖြစ်သည့်အတွက် သူသည် ထိမ်းမြားခြင်းအမှု၏ အကောင်းဆုံးပြုပြင်နိုင် သည့် ဆရာဖြစ်သည်။ သူသည် ထိမ်းမြားခြင်း၏တည်ဆောက်သူဖြစ် သည့်အတွက် အကောင်းဆုံးထိန်းသိမ်းသူဖြစ်သည်။ သူပြုလုပ်သည့် အတွက် သူပြုပြင်နိုင်သည်။ ဆာလံဆရာသည် ဤကဲ့သို့ဆိုထားသည်။ “ထာဝရဘုရားသခင်သည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။” (ဆာလံ ၁၂၇း၁)။
အကြောင်းမှာအိမ်ထောင်တိုင်းသည် ဝိညာဉ်၏ အုပ်စိုးမှုအောက် တွင် ရှိသည်။ စာတန်၏နတ်ဆိုးဝိညာဉ်သို့တည်းမဟုတ် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်တည်း။ အိမ်တိုင်းတွင် ကောင်းကင်တမန်များ နေထိုင်သည်။ မာန၏ ဒေါသကြီးသောကောင်းကင်တမန် (သို့မဟုတ်) ပျော်ရွှင်သော ဘုရားသခင်၏ ကောင်းကင်တမန်၊ အိမ်ထောင်တိုင်းသည် သဘာဝ၏လွန်ကဲသော တန်ခိုးသြဇာအောက်တွင် ရှိသည်။ စာတန်၏ ဖျက်ဆီးသည့်တန်ခိုး သို့တည်းမဟုတ် ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် ပြည့်စုံသည့်ရောဂါများ ပျောက်ကင်းသည့်တန်ခိုး၊ အချစ်စုံတွဲတိုင်းသည် ရွေးချယ်ပိုင်ခွင့်ရှိသည်။
“သင်၏ဘုရားသခင်ထာဝရဘုရားသခင်ကို ချစ်လော့” ဟု ကျမ်း တတ်ပုဂ္ဂိုလ်ဖြေဆိုသည့် ပထမဦးဆုံးစာရင်းတွင်ဖြစ်သည်။ မှန်ပေသည်။ ပထမဆုံးလာရမည်ဖြစ်သည်။ ဤအရာသည် အခြေခံအောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အရှိအတိုင်း ချစ် တော်မူသည်ဆိုသည့်ကောင်းမြတ်သောသဘောကို ကြေညက်စွာ သိရှိမှ သာ သူ့ကို တစ်ဖန်ပြန်လည်ချစ်နိုင်မည်ဖြစ်သည်။ ထိုနောက် မိမိကိုယ်ကို လည်း ချန်လှပ်ထားခြင်းမရှိဘဲ မိမိကိုယ်ကိုလည်း ချစ်နိုင်မည်။ ဘုရား သခင်ကို အထွတ်အမြတ်ဆုံးချစ်တတ်မှသာ ကျွန်ုပ်တို့သည်လည်း ကြင်
ဖက်များကို သူကျွန်ုပ်တို့ကိုချစ်သကဲ့သို့ အပ်နှံခြင်းဖြင့် ချစ်မည်ဖြစ်သည်။
မိမိကိုယ်ကိုစွန့်လွှတ်ရသည့် ဘုရားသခင်၏ချစ်မေတ္တာကို ကျွန်ုပ် တို့အသက်တာအတွက် လက်ခံမှသာ ကျွန်ုပ်တို့၏ကြင်ဖက်ချစ်သူများကို ကိုယ်ကျိုးစွန့်သည့်အချစ်ဖြင့်ချစ်ရန် သိရှိသဘောပေါက်မည်ဖြစ်သည်။ “ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေး ဆောင်၏။” (၂ကော ၅း၁၄)။ “သင်၏ ဘုရားသခင်ထာဝရဘုရားကို ချစ်လော့” ဆိုသည်မှာ အလွန်အရေးပါသောလျှို့ဝှက်ချက်ပင်ဖြစ်၏။
ပျော်ရွှင်သောအိမ်ထောင်သည် တြိဂံနှင့်တူသည်။ ထိပ်တွင် ခရစ် တော်ရှိပြီး အောက်ခြေတစ်ဘက်တစ်ချက်တွင် ခင်ပွန်းနှင့်ဇနီးရှိသည်။ ကြင်ဖက်နှစ်ဦးသည် ခရစ်တော်နှင့်ဝေးလျှင် တစ်ဦးနှင့်တစ်ဦးဝေးကွာ လျက်ရှိသည်။ သူတို့နှစ်ဦးသည် ခရစ်တော်နှင့်နီးကပ်ရန် ချဉ်းကပ်လာ သော် တစ်ဦးနှင့်တစ်ဦးလည်း နီးကပ်လာမည်ဖြစ်သည်။ ခရစ်တော်နှင့် ဆက်စပ်သော် တစ်ဦးနှင့်တစ်ဦးလည်း ဆက်စပ်နေမည်ဖြစ်သည်။ ဘုရား သခင်ကိုချစ်ခြင်းသည် အောင်မြင်သောအိမ်ထောင်၏ မူလအခြေခံလျှို့ ဝှက်ချက်ဖြစ်သည်။
ဖိတ်ကြားလွှာ
လွန်ခဲ့သောနှစ်ပေါင်း (၂ဝဝဝ) ခန့်တွင် ထိမ်းမြားမင်္ဂလာပွဲတစ်ခု ကျင်းပခဲ့ပါသည်။ သတို့သားနှင့်သတို့သမီးတို့ ပျော်ရွှင်စွာဧည့်ခံနေစဉ် အဖြစ်ဆိုးတစ်ခုဖြစ်ပေါ်ခဲ့သည်။ စပျစ်ရည်များကုန်ခန်းသွားသည်။ ထိမ်း မြားလက်ထပ်ပွဲသည် ရက်အတော်ကြာပြီး သောက်သုံးရန် စပျစ်ရည် မရှိပါက အလွန်တရာ အရှက်ကွဲတော့မည်ဖြစ်သည်။ သတို့သား၏ ဖိနပ် တွင် ရေးသားထားသည့် “ကယ်ကြပါ” “ကယ်ကြပါ” စာသားအတိုင်း ဖြစ်နေလေပြီ။
သတင်းကောင်းမှာ ခရစ်တော်သည်ကူညီရန်ရှိနေသည်။ သို့သော် သခင်ယေရှုအဘယ်အကြောင်းကြောင့် ထိုမင်္ဂလာပွဲတွင် ရောက်ရှိနေပါ သနည်း။ အထူးဖိတ်ကြားခြင်းခံရသည့်အတွက် သခင်ယေရှုနှင့် ၎င်း၏ တပည့်များ လက်ထပ်မင်္ဂလာပွဲတွင် ရောက်ရှိနေခြင်းဖြစ်သည်။ (ယော ၂း၂)။ သူ့ကို ဖိတ်ကြားခြင်းမပြုခဲ့သော် ထိုမင်္ဂလာစုံတွဲသည် မိမိတို့၏ ထိမ်းမြားမင်္ဂလာပွဲကို အရှက်ဖြင့် ပြန်လည်ကြည့်ရမည်သာဖြစ်သည်။ သို့သော်သူ့ကို “ထိုပွဲသို့ခေါ်ပင့်ခဲ့၏” သူတို့မမေ့နိုင်သောနိမိတ်လက္ခဏာ နှင့် တွေ့ကြုံခံစားခဲ့ရသည်။ ရေကိုစပျစ်ရည်ဖြစ်စေခဲ့ပြီး ၎င်းတို့၏မင်္ဂလာ ပွဲသည် အံ့သြဖွယ်ကောင်းသော ပျော်ရွှင်ဝမ်းမြောက်ခြင်းဖြင့် ထာဝစဉ် ပြန်လည်သတိရလေတော့သည်။
(၂၁) ရာစုနှစ်တွင် ပြိုပျက်သောအိမ်ထောင်များစာရင်းနှင့် ထုတ် ဖေါ်ပြောဆို၍မရသော နှလုံးသားကြေကွဲမှုများဖြစ်ပေါ်နေချိန်၊ သခင် ယေရှုသည် ကျွန်ုပ်တို့၏ဖိတ်ကြားလွှာကို စောင့်ဆိုင်းလျက်ရှိနေသည်။ ကျွန်ုပ်တို့အိမ်တွင်းသို့ ဝင်ရောက်လိုပြီး အံ့သြဖွယ်ကောင်းသည့် မျက် မှောက်ခေတ်နိမိတ်လက္ခဏာများပြုလုပ်ရန် ဆန္ဒရှိသည်။ ကျွန်ုပ်တို့၏ ရေကို စပျစ်ရည်အဖြစ်သို့လည်းကောင်း၊ နာကျင်မှုကိုပျော်ရွှင်မှုအဖြစ်သို့ လည်းကောင်း၊ ငိုကြွေးခြင်းကို သီဆိုခြင်းအဖြစ်သို့လည်းကောင်း၊ ဝမ်း နည်းခြင်းများကို ဝမ်းမြောက်ခြင်းအဖြစ်သို့လည်းကောင်း ပြောင်းလဲရန် အလိုရှိတော်မူသည်။
သူ့ကိုဘယ်ကဲ့သို့ဖိတ်စာပေးရမည်နည်း။
ပထမအချက်မှာ ဆုတောင်းခြင်းဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦး သည် နံနက်နှင့်ညဦးယံအချိန်တွင် မိတ်ဆွေတစ်ဦးက တစ်ဦးကိုစကား ပြောသည်နည်းတူ ဒူးထောက်ပြီး ဆုတောင်းရန်ဖြစ်သည်။
ဒုတိယအချက်မှာ သမ္မာကျမ်းစာတော်မြတ်ကို လေ့လာခြင်းဖြင့် အိမ်ထောင်တွင်းသို့ သခင်ယေရှုကို ခေါ်ဖိတ်ခြင်းဖြစ်သည်။ တစ်နေ့ပြီး တစ်နေ့ ကျမ်းစာတော်မြတ်ကိုဖွင့်ပြီး နှုတ်တော်ထွက်စကားများကို ဖတ် ကာ သူ၏စကားတိုင်းကို နားထောင်ရမည်ဖြစ်သည်။ ကလေးသူငယ်များ ရှိလျှင် ကျမ်းပုံပြင်များဖတ်ကြားပေးရန်ဖြစ်သည်။
တတိယအနေဖြင့် သခင်ယေရှုကို အိမ်ထောင်တွင်းသို့ ကျေးဇူး တော်ချီးမွမ်းသော ဝမ်းမြောက်ဖွယ်သီချင်းများသီဆိုခြင်းဖြင့် ဖိတ်ကြား နိုင်သည်။
ရှေးခေတ်ဇနီးမောင်နှံသည် ခရစ်တော်ကို ဖိတ်ကြားသကဲ့သို့ ကျွန်ုပ်တို့အိမ်ထောင်တွင်လည်း ခရစ်တော်ကိုဖိတ်ကြားနိုင်သည်။ ကျွန်ုပ် တို့၏ရေများကို စပျစ်ရည်အဖြစ်သို့လည်းကောင်း၊ သာမန်အရာသည် အထူးအရာများသို့လည်းကောင်း၊ ကျွန်ုပ်တို့၏လောကအိမ်ထောင်သည် လည်း ကောင်းကင်ကဲ့သို့အနည်းငယ်ဖြစ်လာနိုင်သည်။
မင်းကိုချစ်တယ်
ပျော်ရွှင်သောအိမ်ထောင်၏လျှို့ဝှက်ချက် (၃) ခုမှာ-
မိမိကိုယ်ကိုချစ်ပါ။ မိမိ၏ပေါင်းဖေါ်ဖက်ကို ကိုယ်ထက်အမျှချစ် ပါ။ သခင်ယေရှုကို အကောင်းဆုံးချစ်ပါ။ သခင်ယေရှုနှင့်အစပြုလျှင် ဤပုံသေနည်းသည် အကောင်းဆုံးအကျိုးရလဒ်ကို ရရှိမည်ဖြစ်သည်။ ဝမ်းမြောက်ခြင်းဆိုသည့်စကားလုံးကို လူတစ်ဦး၏ လေ့လာချက်စာလုံး ပဟေဠိမှာ-
J for Jesus ယေရှုကိုအချစ်ဆုံး
O for others သင်၏ပေါင်းဖေါ်ဖက်ကိုကိုယ်ထက်အမျှချစ်လော့ Y for you သင့်ကိုယ်ကိုချစ်ပါ
“သင်၏ ဘုရားသခင်ထာဝရဘုရားသခင်ကို သင်၏ စိတ်နှလုံး အကြွင်းမဲ့ချစ်လော့” ဆိုသည့် တန်ခိုးတော်နှင့်ပြည့်ဝသောစကားများကို နောက်ဆုံးပြန်လည်ရှုစားကြည့်ကြပါစို့။ (လုကာ ၁၀း၂၇)။ လောက ချစ်သူ၏မျက်နှာကို ကြင်နာစွာဖြင့် ကြည့်ခြင်းသည် သူ့ကို “မင်းကိုစိတ် နှလုံးအားလုံး ပုံအပ်ပြီးချစ်တယ်” ဟု ပြောဆိုသည် မဟုတ်ပါလား။ ကောင်းကင်ချစ်သူ၏အဖိုးထိုက်သောမျက်လုံးများကို ငေးမောကြည့်ခြင်း သည် “ကိုယ်တော်၊ ကိုယ်တော်ကို ကျွန်ုပ်၏နှလုံးသားအကြွင်းမဲ့အပ်ကာ ချစ်တော်မူသည်” ဟု တိုက်တွန်းပြောဆိုရန် ဖြစ်စေပါသလား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment