- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၂၃) ပျော်ရွှင်စွာနာခံတတ်ရန်၊ သင့်ကလေးအား ဘယ်ကဲ့သို့ကူညီရမည့်နည်းလမ်းများ
တချို့သောအိမ်တို့သည် မိဘနှင့်ကလေးများအကြား၊ အဆုံးမ သတ်နိုင်သော ခိုက်ရန်ဖြစ်ပွားသည့် စစ်မြေပြင်ဖြစ်သည်။ တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်ပြီး အပေါ်စီးရရှိရန်အတွက် တိုက်ပွဲသည် ပို၍ပြင်းထန်လာသည်။ သို့သော် ဘုရားသခင်၏ စီမံကိန်းတွင် နားထောင် ခြင်းသည် တာဝန်ဝတ္တရားတစ်ခုပင်ဖြစ်၏။ ဧဖက်မြို့တွင်ရှိသောခရစ် ယာန်များအား ပေါလုရေးသားသည့်စာတွင် ဤလိုအပ်ချက်သည် အရေး ကြီးကြောင်း ဖေါ်ပြရာ၌ “သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့် အညီ မိဘစကားကိုနားထောင်ကြလော့” ထိုနောက် ပဉ္စမမြောက်နှုတ် ထွက်စကားကိုရည်ညွှန်းပြီး “မိဘကို ရိုသေစွာပြုလော့” ကတိတော်၌ ပါသော ပထမဦးဆုံးနှုတ်ထွက်စကားဖြစ်ကြောင်း ညွှန်ပြခဲ့သည်။ (ဧဖက် ၆း၁၊၂)။
ကလေးများ၏တာဝန်မှာ နားထောင်ရမည်ဖြစ်သကဲ့သို့ မိဘများ ၏ ဝတ္တရားသည် နာခံရန်အခြေအနေကို ဖန်တီးပေးရမည်ဖြစ်၏။ ထို ကြောင့် ပေါလုဆက်၍ပြောသည်မှာ “မိဘတို့၊ ကိုယ်သားသမီးကို စိတ် ဆိုးစေခြင်းငှာ မပြုကြနှင့်၊ သခင်ဘုရား၏အလိုတော်နှင့်အညီ ဆုံးမသွန် သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ငယ် ၄) အခြားနေရာတွင် ဤသို့အကြံပေးသည်။ “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်၊ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက် ကြလိမ့်မည်။” (ကောလောသဲ ၃း၂၁)။ ထိုကြောင့် နာခံတတ်အောင်မိဘ များတိုက်တွန်းအားပေးရမည့် နည်းလမ်းအချက်များကို ကြည့်ရှုသုံးသပ် ကြပါစို့။
ကလေးများအားလှုံ့ဆော်တိုက်တွန်းရန်အဆင့်များ
ကလေးများဆင်ခြင်ဥာဏ်ရှိသည်အထိ မကြီးထွားခင်နာခံတတ် မှုကိုသွန်သင်ပါ။ များသောအားဖြင့် မိဘများသည် ကလေးငယ်စဉ်အခါ အလိုလိုက်သည့်အမှားကို ပြုလုပ်တတ်ကြ၏။ မည်ကဲ့သို့ နေထိုင်ပြုမူ ကျင့်ကြံရန် လမ်းညွှန်ပြသသွန်သင်ခြင်းကို နားလည်တတ်သော အရွယ် ရောက်သည်အထိ စောင့်တတ်ကြသည်။ ထိုနောက်အလွန်နောက်ကျ ကြောင်းကိုသိရှိရ၏။ ကျမ်းစာတော်မြတ်အမိန့်ရှိသည်မှာ “သူငယ်သွား ရာလမ်းဝ၌ ဆုံးမသွန်သင်လော့၊ သို့ပြုလျှင် သူသည် အိုသောအခါ ထို လမ်းမှမလွဲလိုက်သွားလိမ့်မည်။” (သု ၂၂း၆)။ ဆင်ခြင်ဉာဏ်မသိခင်၊ ကလေးကိုနားထောင်တတ်အောင် သွန်သင်ရမည်ဖြစ်၏။ နားလည်တတ် သည့်အရွယ်သို့ ရောက်ရှိသည့်အခါ အဘယ်ကြောင့် နားထောင်ရသည့် အကြောင်းကို ပြောကြားသင့်သည်။
သမာသမတ်ရှိပါစေ
တစ်ခါတစ်ရံမိဘများသည် သမာသမတ်မှုမရှိခြင်းဖြင့် ကလေး များအား ရှုပ်ထွေးစေတတ်သည်။ ယနေ့၊ စူးစီသည် မိခင်၏ပန်းအိုးကို ကစားရန် တွားသွားသည့်အခါ မိခင်က “မလုပ်ရဘူး” ဟုဆို၏။ စူးစီသည် အလျော့မပေးဘဲ ဆက်လုပ်သည့်အခါ မိခင်က ပန်းအိုးသည် ကလေး ကစားစရာမဟုတ်ကြောင်း အလေးအနက်ပြော၏။ နောက်တစ်နေ့တွင် စူးစီသည် တစ်ဖန်ပန်းအိုးကို ကိုင်ရန် လှမ်းလိုက်သည့်အခါ မိခင်သည် စူးစီကြိုက်နှစ်သက်သလို ကစားရန်ခွင့်ပြုလိုက်သည်။ တတိယမြောက် သည့်နေ့တွင် တစ်ဖန် စူးစီသည် ပန်းအိုးအနားသို့ ချဉ်းကပ်သည့်အခါ မိခင်သည် ပထမနေ့ကကဲ့သို့ “မလုပ်ရ” ဟူ၍ ကြပ်တည်းစွာပြော၏။ ကလေးသည် ရှုပ်ထွေးလာလေသည်။ အဘယ်ကြောင့်ဆိုသော် မိခင် သည် တစ်သမတ်တည်းမရှိသည့်အတွက်ကြောင့်ပင်ဖြစ်၏။ ဆုံးဖြတ် သတ်မှတ်ချက်ကို ကလေးက သဘောတူသည်ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ၊ သမာသမတ်မှုရှိကြောင်း သတိပြုမိသော် သူတို့သည် စိတ်ချ လုံခြုံသည့်ခံစားချက်ကို ရရှိမည်ဖြစ်၏။ စိတ်နှစ်ခွရှိသောသူကို ဘုရား သခင်နှစ်သက်တော်မမူ၊ အဘယ်ကြောင့်ဆိုသော် “ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍” ဟု (ယာကုပ် ၁း၈) တွင်ဖေါ်ပြထားသည်ကို တွေ့ရှိရ၏။
မိဘနှစ်ပါးသည် စိတ်နှစ်ခွရှိခြင်းကို ရှောင်ရှားရမည်သာမကဘဲ တစ်စိတ်တစ်သဘောတည်းရှိရန် ကြိုးစားအားထုတ်ရမည်။ မောင်ဘ သည် ပင်လယ်ကမ်းခြေတွင် သွားရောက်ကစားနိုင်မည်လားဟု မိခင် အားမေးသော် သွားနိုင်ကြောင်း မိခင်က ခွင့်ပြုလိုက်သည်။ ထိုနောက် သွားရန်အဆင်သင့်ရှိသည့်အချိန်တွင် ဖခင်ကြီးက “မသွားရ” ဟု အမိန့်ချ လိုက်သည်။ ကြီးထွားလာစကလေးသည် မိဘနှစ်ပါး၏ ခြားနားသော သဘောထားကို ဆက်တိုက်သိရှိခံစားလာရသောအခါ သူသည် အနှေးနှင့် အမြန်လှည့်ဖြားတတ်သော အတတ်ကို ကျင်လည်စွာ ကိုင်တွယ်တတ် လာမည်ဖြစ်ပြီး မိခင်နှင့်ဖခင်စပ်ကြား အပြိုင်အဆိုင် ဆန့်ကျင်ဘက် ကစားနည်းကို အသုံးပြုတော့မည်ဖြစ်၏။ ပညာသတိရှိသော မိဘများ သည် ၎င်းတို့၏ခြားနားချက်များကို နှစ်ကိုယ်ချင်းဖြေရှင်းပြီးမှ ကလေး အား တညီတညွတ်တစ်သဘောတည်းပြောရန်ဖြစ်၏။
ဆက်ဆံမှုကိုချစ်ခြင်းဖြင့်တိုးတက်ဖွံ့ဖြိုးစေပါ
ကလေးနားထောင်ရသောရည်ရွယ်ချက်ကားဘာဖြစ်သင့်သနည်း အချို့ကလေးများသည် ကြောက်သောကြောင့် နားထောင်ကြသည်။ ထို နောက် မိဘများမျက်ကွယ်၌ ကြောက်၍လိုက်လျှောက်မှုသည် ပျောက် ကွယ်သွားလေတော့သည်။ အချို့ကလေးများသည် ချစ်သည့်အတွက် နားထောင်သည်။ ထိုသို့သောကလေးများအတွက် မိဘများရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ အကြောင်းမဟုတ်တော့ပြီ။ တစ်နည်းအားဖြင့်ပြော ရသော် ဆက်ဆံရေးတွင် ချစ်ခြင်းမေတ္တာမရှိသော်လည်း ကလေးသည် စည်းမျဉ်းများကို နာခံလိုက်လျှောက်နိုင်သည်။ အခြားတစ်ဘက်၌ဆိုရ သော် ဆက်ဆံရေး၌ ချစ်ခြင်းပါရှိသော် ကလေးသည် စည်းမျဉ်းများကို နောက်ဆုံးရိုသေလာတတ်မည် ဖြစ်၏။
ဤဆက်ဆံရေးသည် အရေးပါသည့်အခြေခံရှိသည်။ မိဘများ အနေဖြင့် ဘုရားသခင်အား စကားပြောသော် “အဖဘုရားသခင်” ဟု ခေါ်ဆိုသည်။ မိမိတို့၏ ကလေးများအား ဆုတောင်းရန် သင်ကြားပေး သည့်အခါ သူတို့ကို “ကျွန်ုပ်တို့၏အဘိုး” ဟု ဆိုခိုင်းရန် သင်ကြား သလော။ ထိုကဲ့သို့ သင်ကြားခြင်းမဟုတ်ပါ။ ဘုရားသခင်တွင်မြေးမရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်၏ “အဘ” နှင့်ကလေးများ၏ “အဘ” လည်း ဖြစ်သော် ကျွန်ုပ်နှင့် ကျွန်ုပ်၏ သားသမီးများသည် ဝိညာဉ်ရေးညီအစ်ကို မောင်နှမများဖြစ်ကြမည်ဖြစ်၏။ ကျွန်ုပ်သည် ဖခင်တစ်ချိန်တည်းမှာပင် အကိုကြီးဖြစ်၏။ ထိုနည်းတူ ကျွန်ုပ်၏ ဇနီးသည်သည် မိခင်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အမကြီးဖြစ်၏။ ထိုကဲ့သို့သော တွေးခေါ်မှုသည် ကျွန်ုပ်တို့ကလေးများနှင့် လေးနက်သောချစ်ခြင်းဖြင့် ဆက်ဆံရေးဖန်တီး ရန် တိုက်တွန်းခြင်းဖြစ်၏။
ကျွန်ုပ်တို့၏ ကလေးများကို ချစ်ရန်အရေးကြီးသည်သာမက ကျွန်ုပ်တို့၏အချစ်ကို ကလေးများသိရှိရန်မှာလည်း အရေးကြီးလှပါ သည်။ ထိုသို့သောအချစ်ကို ဖေါ်ပြရမည်ဖြစ်၏။ “မင်းကိုချစ်တယ်” ဆို သည့် အဖိုးထိုက်သောစကားကို လင်မယားခြင်းပြောသင့်သည်သာမက မိဘများလည်း ကလေးများကိုပြောသင့်ပေသည်။ များစွာသောကလေး တို့သည် ဤစကားကို ဘယ်သောအခါမျှ မကြားဘူးပါ။ များစွာသော ကလေးသူငယ်တို့သည် ချစ်ခြင်းမေတ္တာရေကို ငတ်မွတ်ပြတ်လပ်နေခြင်း ကြောင့် သေကြေနေကြပြီ။ ကျွန်ုပ်တို့၏ ကလေးများကို ဖက်ယမ်းကာ ကျွန်ုပ်တို့၏ချစ်ခြင်းကို သရုပ်ပြဖေါ်ထုတ်ပြသရန် လိုနေပြီးဖြစ်သည်။
အမိန့်များချမှတ်ရန်စီစဉ်ထားရှိပါ
သာမန်အားဖြင့် ကလေးသည် ချက်ချင်းနာခံတတ်ရမည်ဖြစ်၏။ သို့သော် တစ်ခါတစ်ရံနာခံတတ်ရန် ကလေးအား အချိန်ပေးသင့်သည်။ အကယ်၍ မောင်ဘသည် သူကြိုက်နှစ်သက်သည့် တီဗွီအစီအစဉ်ကို ကြည့်နေသော် သူ့အားဤကဲ့သို့ခိုင်းလျှင် ပိုမိုသင့်လျော်မည်။ “မောင်ဘ ရေ၊ မင်းတီဗွီအစီအစဉ်ပြီးရင် ဒီအထုပ်ကို မင်းအဒေါ်စုဆီ သွားပို့ပေး စေချင်တယ်” ဤကဲ့သို့ အချိန်ကို ကြံစည်ထားပါက ချက်ချင်းခိုင်းလိုက် သော် ရင်ဆိုင်ရမည့်ပဋိပက္ခမှုကို ရှောင်ရှားနိုင်မည်ဖြစ်၏။ အဒေါ်စုထံသို့ သွားရန် ကလေးအား မိမိနှင့် သင့်လျော်သောအချိန်ကို ပေးလိုက်ခြင်း ဖြစ်၏။
အလားတူရွေးချယ်မှုကိုပေးပါ
မအိသည် အာလူးကိုလုံးဝမကြိုက်ပါ။ သို့သော် ယနေ့အာလူးမှ တစ်ပါး အခြားစားစရာမရှိပါ။ မိဘများက “မအိမင်းအာလူးကြိုက်လား” ဟုမေးသော် “မကြိုက်ဘူး” လို့ ပြန်လည်ဖြေကြားမည်ဖြစ်၏။ မိခင်က ဆက်ပြီး “ဒီနေ့တော့အာလူးပဲရှိတယ်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ မင်းစားရမှာပဲ” ဟုပြောဆိုသော် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်မည်မှာ မလွဲပါ။ ထိုသို့ပြောမည့်အစား မိခင်က “မအိရေ၊ အဖုတ် (သို့မဟုတ်) အပြုတ် (သို့မဟုတ်) အကြော်ကြိုက်သလား” ဟုမေးသော် အာလူးရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကလေးသည် ဆန့်ကျင်သည့်အရာကို ရွေးချယ်ရန်မရှိ၊ အလားတူသောအာလူးဖုတ်၊ အာလူးပြုတ်နှင့် အာလူး ကြော်ကိုသာ ရွေးချယ်ရန်ရှိသည်။ ရွေးချယ်မှုလမ်းအားလုံးသည် အာလူး ထံသာရောက်ရှိမည်ဖြစ်၏။
အနုတ်လက္ခဏာဆောင်သည့် တွန်းအားကိုရှောင်ပါ
ခွန်အားကြီးသည့် သဘောတရားတစ်ခုဖြစ်သည့် အင်အား အကြောင်းလေ့လာရန်ဖြစ်၏။ချီးမွမ်းခြင်းခံရသည့်အပြုအမူကို အားဖြည့် ပါက ထပ်မံ၍ပြုလုပ်ဦးမည်ဖြစ်၏။ အချို့သောမိဘများသည် အမှတ်တမဲ့ မှားယွင်းစွာ အားဖြည့်ခြင်းကြောင့် ပြဿနာများနှင့်ကြုံတွေ့ခံစားရလေ သည်။ မိခင်သည် သမီးငယ်ကလေးမေရီကို (super-market) ဈေးကြီးသို့ ခေါ်သွားသည်။ သူအနှစ်သက်ဆုံးသကြားလုံးကိုတွေ့လျှင် မိခင်အားဝယ် ပေးရန်တောင်းဆို၏။ မိခင်က “ဒီနေ့သကြားလုံးမစားရဖူး” ဟုပြန်ပြော သော် မေရီသည် သကြားလုံး စားလိုကြောင်းပူဆာတော့၏။ မိခင်က လည်း ထပ်တလဲလဲဝယ်ပေးရန်ငြင်းဆန်၏။ ကလေးသည် မပျော်တော့ ဘဲ စိတ်ကောက်လာသည်၊ ငိုသည်၊ အော်သည်၊ ရေးကြီးခွင်ကျယ်လုပ် သည်။ မိခင်သည် စိတ်အနှောင့်အယှက်ဖြစ်ကာ ကလေးလက်ကိုဆွဲပြီး “ရော့မင်းသကြားလုံး၊ ပူညံပူညံမလုပ်နဲ့၊ ငြိမ်ငြိမ်နေတော့”
မိခင်က ဘာကိုပြုလုပ်လိုက်သနည်း။ မေရီအော်ငိုပြီး တောင်းခံ သည့်အရာကိုပေးခြင်းဖြင့် မှားယွင်းသောအပြုအမူကို အားဖြည့်ပေး လိုက်သည်။ နောက်တစ်ကြိမ် (super-market) ဈေးကြီးသို့သွားသည့် အခါ ဘယ်ကဲ့သို့ ဖြစ်လာနိုင်သနည်း။ မှန်ပေ၏၊ မေရီသည် ငိုမည်၊ အော်ပြီး တောင်းခံမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မှားယွင်းစွာ အား ဖြည့်သည့် အကျိုးခံစားရရှိသောအပြုအမူကို ထပ်မံပြုလုပ်မည်သာ ဖြစ် ၏။ မေရီသည် ဘယ်လောက်ပင်ငိုငြားသော်လည်း သကြားလုံးကို လုံးဝ မပေးသင့်ပါ။ ကလေး၏ အပြုအမူသည် မှားယွင်းသည်ဖြစ်သော် လိုလား သောအရာကို လိုက်လျောခြင်းမပြုရပါ။
အပြုသဘောဆောင်သည့်အားဖြည့်မှုကိုပြုပါ
ပထမသဘောတရား၏ ဆန့်ကျင်ဘက်သဘော ဖြစ်သည်။ ကလေး၏အပြုအမူသည် မှန်ခဲ့သော် ဆုချီးမြှင့်ရန်ဖြစ်သည်။ မောင်ဘ သည် မပြောဘဲ ဘယ်သောအခါမျှ မိမိအခန်းကို သန့်ရှင်းသေသပ်အောင် မထားပါ။ ရုတ်တရက်မပြောမဆိုဘဲ သူ၏အခန်းကို သန့်ရှင်းသေသပ်စွာ ရှင်းလင်းထားသည်ကိုတွေ့ရ၏။ ၎င်း၏ ဖခင်ဘယ်ကဲ့သို့ပြောသနည်း။ “ဒီအခန်းတော့ အခုမှပဲရှင်းတော့တယ်။ မင်းဒီနေ့ကစပြီး နေ့တိုင်းသန့် ရှင်းရေးလုပ်မယ်လို့ ငါမျှော်လင့်တယ်” ဟုဆို၏။ မောင်ဘသည် ကောင်း သောအရာ၌ ပြစ်တင်ဝေဖန်ခြင်းခံရသဖြင့် နောက်တစ်ရက်တွင် သူ၏ အခန်းသည် နဂိုမူလအတိုင်း ရှုပ်ပွလျက်ရှိ၏။ ဤကဲ့သို့ဖြစ်ရခြင်းမှာ အပြုသဘောဆောင်သော အားဖြည့်မှုကို မပြုသည့်အတွက်ကြောင့် ဖြစ် ၏။
ဖခင်သည် ဘယ်ကဲ့သို့ပြုလုပ်သင့်သနည်း။ သူ၏သားမောင်ဘ၏ ပခုံးပေါ်လက်တင်ကာ “သားရေ၊ ငါဒီနေ့ဂုဏ်ယူတယ်ကွာ” ဟုပြောကာ သူ့အားဆုတစ်ခုခုချီးမြှင့်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဆုချီးမြှင့် ခြင်းခံရသည့်အပြုအမူကို အားဖြည့်ခြင်းဖြင့် အပြုအမူကောင်းကို ထပ်မံ ပြုလုပ်ရန် အားပေးခြင်းသာဖြစ်၏။ ထုံအသည့်သတ္တဝါများကို အံ့သြဖွယ် ကောင်းသောစွမ်းဆောင်ချက်များ ပြုလုပ်နိုင်အောင် ဤနည်းဖြင့် လေ့ ကျင့်ပေးကြောင်း မဟုတ်ပါ၏လော့။
အားဖြည့်သည့်နည်းအမျိုးမျိုးရှိသည်။ နှုတ်အားဖြင့် အားဖြည့် ခြင်းသည် “မင်းလုပ်တာ၊ တကယ်ကောင်းတယ်ကွာ” စိတ်လှုပ်ရှားမှုဖြင့် အားဖြည့်ခြင်းသည် မိဘများမှ ကြင်နာဖွယ်ကောင်းသည့်အရာတစ်ခုကို ပြုလုပ်ခြင်းဖြစ်သည်။ “သမီးရေ၊ မင်းအတွက် ငါဂုဏ်ယူတယ်” ဟုဆိုကာ ဖက်ယမ်းနမ်းရှုပ်လိုက်ခြင်းဖြစ်၏။ အမှတ်လက္ခဏာဖြင့် အားဖြည့်ခြင်း သည် မိဘများသည် ဆုတစ်ခုခုချီးမြှင့်ခြင်းဖြစ်၏။ “သားရေ၊ မင်းရဲ့ အောင်မြင်မှုအတွက် ငါဂုဏ်ယူတယ်ကွာ။ ရော့အပိုဆု $ ၁ဝဝ။” လှုပ်ရှား မှုဖြင့် အားဖြည့်ခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသော အရာတစ်ခုကို ကလေးအား ပြုလုပ်ခွင့်ပေးခြင်းဖြစ်သည်။ “သားရေ၊ မင်းလုပ်တာ တကယ်ကောင်းတယ်ကွာ၊ လာတို့ ပင်လယ်ကမ်းခြေမှာသွားအပန်းဖြေရ အောင်”
သတိပြုရန် အရေးကြီးသည့်အချက်တစ်ခုကား၊ အသက်ကြီး သည် ငယ်သည်ကိုပမာမထားဘဲ အင်အားဖြည့်ခြင်းသည် အပြုအမူ အပေါ် သြဇာသက်ရောက်မှုရှိခြင်းဖြစ်သည်။ ကလေး၊ လူငယ်၊ လူကြီး အားလုံးအပေါ် သက်ရောက်မှုရှိသည်။ ဤအချက်သည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်သည့် အဆင့်တိုင်း၊ လူ့ဘောင်အဖွဲ့အစည်း၏ အဆင့်တိုင်း ၏ အပြုသဘောဆောင်သည့် ပြုမူဆောင်ရွက်ခြင်း၏ ဘဏ္ဍာတိုက်ကို ဖွင့်သည့်ရွှေသော့ပင်ဖြစ်သည်။
အိပ်မက်
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခြောက်ရာက ရည်ရွယ်ချက်ကြီး မားသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းသည် ထူးဆန်းဖွယ် ကောင်းသော အိပ်မက်တစ်ခုကို တွေ့မြင်ခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော ပုံသဏ္ဌာန်ရှိသည့်အရုပ်ကို မြင်မက်ခဲ့သည်။ “၎င်း၏ဦး ခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဖက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဖက်သည် သံဖြစ် ၏။ ခြေဖဝါးနှင့်ခြေဖမိုး သည် သံတစ်ပိုင်း၊ သရွတ်တစ်ပိုင်းဖြစ်၏။”
ထိုနောက် လက်ဖြင့်မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တစ်လုံးသည် သံနှင့်သရွတ်ဖြစ်သောအရုပ်/ ရုပ်ပုံ၏ ခြေကိုထိခိုက်၍ ချိုးဖဲ့သည်ရှိသော် သံ၊ သရွတ်၊ ကြေးဝါ၊ ရွှေ၊ ငွေတို့သည် ကျိုးပဲ့ကြေမွ လျက် နွေကာလ၌ ကောက်နယ်တလင်းအမှုန့်ကဲ့သို့ဖြစ်သဖြင့် လေတိုက် လွင့်၍ သူတို့နေရာ မရှိပျောက်လေ၏။ အရုပ်ကိုထိခိုက်သော ကျောက်မူ ကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်း သည်ဟု မြင်မက်တော်မူ၏။” (ဒံ ၂း၃၁-၃၅)။
ဘုရင်မင်းမြတ်နိုးထလာသောအခါ ကြီးစွာသော ထိတ်လန့်ခြင်း စိတ်ရှိလေသည်။ သတိရရှိစဉ် သူ၏ အိပ်မက်သည် လွန်စွာအရေးပါ ကြောင်း သိငြားသော်လည်း ပြန်လည်သတိရန် မည်ကဲ့သို့ပင် ကြိုးစား သော်လည်း တတ်နိုင်စွမ်းမရှိချေ။ အိပ်မက်ကို ပြန်ပြောရန် မာဂုပညာရှိ ဗေဒင်အတတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ဆင့်ခေါ်စေပြီး အိပ်မက် နှင့်၎င်း၏အဓိပ္ပါယ်ကိုပါဖေါ်ပြရန် အမိန့်ပေးလေ၏။ သို့သော် ဝိညာဉ် နတ်ဆိုးတို့၏စွမ်းပကားသည် အချည်းနှီးပင်ဖြစ်၏။ အိပ်မက်ကိုသော် လည်းကောင်း၊ အနက်အဓိပ္ပါယ်ကိုသော်လည်းကောင်း ဖေါ်ထုတ်နိုင်စွမ်း မရှိချေ။
ဘုရင်၏အကြံပေးပုဂ္ဂိုလ်၊ ဟေဗြဲသုံ့ပန်းလူငယ်၊ ဒံယေလသည် ၎င်းပြဿနာကိုသိရှိသည့်အခါ ၎င်း၏ပေါင်းဖေါ်ဘက်သုံးဦးအားခေါ်ကာ အိပ်မက်နှင့်၎င်းအဓိပ္ပါယ်ကို ဖေါ်ပြမည့်အကြောင်း ဘုရားသခင်ထံ ဆု တောင်းလေ၏။ ထိုနောက် သူသည် ဘုရင်ကြီးရှေ့မှောက်တွင်ရပ်ကာ “ဘုရင်မင်းကြီး မေးမြန်းတော်မူသောအရာကို ပညာရှိတို့သည် အရှင်မင်း ကြီးအား ဖေါ်ပြခြင်းငှာ မတတ်နိုင်ပါ။ နက်နဲသောအရာတို့ကိုဖွင့်ပြ၍ --- မင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တစ်ပါးသည် ကောင်း ကင်ဘုံမှာရှိတော်မူ၏”ဟု ဘုရင်ကြီးအားလျှောက်လေ၏။ (ဒံ ၂း၂၇၊၂၈)။
ထိုနောက်လူငယ်သည် အိပ်မက်နှင့်၎င်း၏ အနက်အဓိပ္ပါယ်ကို ဖေါ်ပြရန် စီစဉ်လေတော့သည်။ ရွှေဦးခေါင်းသည် နေဗုခဒ်နေဇာမင်း၏ ဗာဗုလုန်နိုင်ငံကို ပုံဆောင်၏။ ဘုရင်မင်းမြတ်ကြီးသည် ဘယ်လောက်ပင် ရည်ရွယ်ချက်ကြီးမားသော်လည်း ဗာဗုလုန်နိုင်ငံကြီးသည် ထာဝရရပ် တည်ခြင်းငှာ မတတ်နိုင်ချေ။ ၎င်းထက်ညံ့သောငွေနှင့်ကြေးနိုင်ငံတို့သည် ဆက်လက်နန်းစံမည်ဖြစ်သည်။ ထိုနောက် သံခြေထောက်ကို ပုံဆောင် သည့်ခွန်အားကြီးသောနိုင်ငံထွက်ပေါ်လာပြီး ၎င်းနိုင်ငံတို့သည် နောက် ဆုံးအစိတ်စိတ် အမြွှာမြွှာပြိုကွဲကာ အချို့ကား သံကဲ့သို့ ခွန်အားရှိပြီး အချို့မှာသရွတ်ကဲ့သို့ ခွန်အားနည်းမည့်နိုင်ငံများ ဖြစ်ပေါ်လာကြမည် ဖြစ်၏။
အိပ်မက်၏အနက်အဓိပ္ပါယ်
နေဗုခဒ်နေဇာမင်းကြီးမြင်မက်သောအိပ်မက်သည် ကမ္ဘာ့သမိုင်း ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဗာဗုလုန်အင်ပါယာကြီး သည် (၆၀၅ ဘီစီ မှ ၅၃၈ ဘီစီ) အထိကြာရှည်မည်ဖြစ်ပြီး မေဒိနှင့်ပေရသိ နိုင်ငံသည် (၅၃၈-၃၃၁ ဘီစီ)၊ ထိုနောက် ဂရိနိုင်ငံသည် (၃၃၁-၁၆၈ ဘီစီ) ထိ ၎င်းအသီးသီးဖြစ်ကြလိမ့်မည်။ Alexander ဘုရင်မင်းကြီး၏ စစ်ရေး ထူးချွန်အောင်မြင်မှုဖြင့် ကမ္ဘာ့တန်ခိုးကြီးနိုင်ငံဖြစ်လာပြီး ဘာသာစကား၊ သိပ္ပံအတတ်၊ အတွေးအခေါ်တို့ကို ထာဝရရှင်သန်စေခဲ့၏။ ထိုနောက် ရောမနိုင်ငံသည် (၁၆၈ ဘီစီ မှ ၄၇၆ အေဒီ) အထိ သံလက်ဖြင့် အုပ်စိုးကာ လက်တင်ဘာသာ၊ စစ်နည်းဗျူဟာရောမတရားဥပဒေတို့ကို သမိုင်းတွင် အမွေပေးချန်ခဲ့လေသည်။ အေဒီ ၄၇၆ ခုနှစ်ရောက်သည့်အချိန်၌ ရောမ အင်ပါယာကြီးသည် ပြိုပျက်ခဲ့ပြီး မျက်မှောက်ခေတ်ဥရောပနိုင်ငံများဖြစ် ပေါ်လာတော့သည်။ အချို့သောနိုင်ငံများသည် ခွန်အားကြီးပြီး အချို့မှာ အလွန်အားနည်းသောနိုင်ငံများဖြစ်၏။ ထိုနောက် နပိုလျံ၊ ဘိုနပတ် (Napoleon Bonaparte) သော်လည်းကောင်း၊ ဟစ်တလာ(Adolp Hitler) သော်လည်းကောင်း၊ ဥရောပနိုင်ငံကို ပြန်လည်ညီညွတ်အောင် စုစည်းနိုင်ခြင်း မပြုနိုင်ပေ။ ပုရောဖက်ဒံယေလအမိန့်ရှိသည့်အတိုင်း “သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့ သူတို့သည် အချင်းချင်းပေါင်းဖေါ်၍ မသင့်နိုင်ကြ” ဖြစ်လေတော့သည်။ (ဒံ ၂း၄၃)။ ကျွန်ုပ်တို့၏ဘုရားသခင် သည် အမှန်တကယ်ပင် သမိုင်း၏အရှင်ဖြစ်ပါပေ၏။
သို့သော် ဤနိုင်ငံများကို ချေဖျက်လိုက်ပြီး တစ်ကမ္ဘာလုံးကို ဖျက်ဆီးလိုက်သောကျောက်ကား အဘယ်နည်း။ ဒံယေလဆက်လက် ပြောကြားသည်မှာ “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံဘုရင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည်--- အထက်၌ ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ငယ် ၄၄) ထိုနိုင်ငံသည် နောင်ဖြစ်မည့်ကမ္ဘာ့အင်ပါယာဖြစ်သည်။ ယေရှုရှင်ကောင်း ကင်မှ ကြွဆင်းလာသည့်အခါ လောကတွင်ရှိသည့် အင်ပါယာကြီးများကို ဖျက်ဆီးပြီး ၎င်း၏ထာဝရနိုင်ငံတော်ကို တည်ထောင်ကာ ၎င်း၏တန်ခိုး တော်သည် လောကတစ်ခုလုံးထာဝရလွှမ်းခြုံ ပြည့်လျှံလျက်ရှိမည် ဖြစ်၏။
အန်တုခြင်း
နေဗုခဒ်နေဇာမင်းသည် အိပ်မက်နှင့် ၎င်း၏အနက်အဓိပ္ပါယ်ကို ကြားသိသည့်အခါ “နေဗုခဒ်နေဇာမင်းကြီးသည် ပျပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်--- အကယ်စင်စစ်ကိုယ်တော်၏ ဘုရားသခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏ အရှင်ဖြစ်တော်မူ၏ဟု မိန့်တော်မူ၏” ဒံယေလကိုလည်း ချက်ချင်းချီးမြှောက်လျက် ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌ ခန့်ထားတော်မူ၏။” (ငယ်၄၆၊၄၇)။ သို့သော် အတန်ငယ်ကြာ သော် ဘုရင်မင်းကြီးသည် ၎င်း၏တန်ခိုးကြီးသည့်အင်ပါယာကြီးကို ၎င်း ထက်ညံ့သောနိုင်ငံလက်သို့ အပ်ရမည်ဟူသောသဘောကို မခံမရပ်နိုင် ဖြစ်ပြီး “ဗာဗုလုန်အစဉ်အမြဲတည်ရမည်” ဟု ကြွေးကြော်အော်ဟစ်လေ ၏။ သူ၏အိပ်မက်ကိုငြင်းပယ်ရန် ဆုံးဖြတ်ပြီး အနက်အဓိပ္ပါယ်ကို စိန်ခေါ် ကာ ကောင်းကင်ဘုံရှိဘုရားသခင်ကိုအန်တုလေတော့၏။
ထို့ကြောင့် ဘုရင်မင်းမြတ်သည် ၎င်း၏အရုပ်ကို တည်ဆောက် ကာ ထူထောင်လိုက်လေ၏။ ရွှေသည် ဗာဗုလုန်နိုင်ငံ၏ သင်္ကေတဖြစ် သည့်အတွက် ၎င်း၏အရုပ်သည် ရွှေဖြင့်တစ်ခုလုံးဖြစ်ရမည်။ အနံ (၉) ပေ၊ အမြင့်ပေ (၉၀) ရှိသည့်ကြီးမားသောရွှေအရုပ်ကြီးကိုပြုလုပ်ပြီး ဒုရ လွင်ပြင်တွင်တည်ဆောက်ရန် အမိန့်ချမှတ်လိုက်ပြီး ၎င်း၏ အင်ပါယာ အတွင်း၌ရှိသော ခေါင်းဆောင်များအားလုံးကို ဆင့်ခေါ်ကာ အရုပ်ကို သာဓုအနုမောဒနာခေါ် ပွဲသို့စုဝေးတက်ရောက်ရန် အမိန့်တော်ရှိ၏။ သူ၏ အစီအစဉ်သည် အလွန်အစွမ်းထက်၏။ လောကတစ်ခုလုံးသည် သူ၏ ရွှေရုပ်ရှေ့တွင် ပျပ်ဝပ်ဦးချပြီး “ဗာဗုလုန်၊ ထာဝရတည်တံ့ပါစေ”ဟု ကြွေး ကြော်ရမည်ဖြစ်၏။ “အရာရှိကြီး ငယ်အပေါင်းတို့သည် စုဝေးရောက်ရှိ လာ၍ တည်ထားတော်မူသော အရုပ်ရှေ့တွင် ရပ်နေကြ၏။ ထိုအခါ သံတော်ဆင့်တစ်ယောက်က “အသီးသီး အခြားခြားသော ဘာသာစကား ကို ပြောသောလူအမျိုးမျိုးတို့ တံပိုးခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ် သာအစရှိသောတူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ နေဗုခဒ် နေဇာမင်းကြီးတည်ထားတော်မူသောရွှေအရုပ်ကို ပျပ်ဝပ်ကိုးကွယ်ရကြ မည်” (ဒံယေလ ၃း၄၊၅) ဟု ကြွေးကြော်၏။ ထိုနောက်လိုက်နာရန် ငြင်း ဆန်သောသူတို့ကို အပြစ်ဒဏ်ပေးမည့် အကြောင်းကိုလည်း ကြေညာ သည်။ “မပျပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက် ရှိသောမီးဖိုထဲသို့ ချက်ချင်းပစ်ချစေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ် ကြော်၏။” (ငယ် ၆)။
စစ်ဆေးခြင်း
ဗာဗုလုန်ဘုရင်မင်း၏ အမိန့်တော်သည် “အရုပ်ကို ပျပ်ဝပ်ကိုး ကွယ်ရမည်” ဟုဆိုသည်။ (ငယ် ၅)။ သို့သော် ကောင်းကင်ဗိုလ်ခြေအရှင် သခင်သည် ခြားနားသောဥပဒေကိုပေးသည်။ “ရုပ်ပုံကို ကိုယ့်အဖို့မလုပ် နှင့်၊ ဝတ်မပြုနှင့်” (ထွက် ၂၀း၅)။ ထိုအချိန်၌ ယုဒအမျိုးအရာရှိသုံးဦးသည် ဗာဗုလုန်ဘုရင်၏ စကား (သို့မဟုတ်) ကောင်းကင်နိုင်ငံရှိဘုရင်တစ်ဦးဦး ၏စကားကိုနာခံရန် အဆုံးအဖြတ်ပေးရတော့မည်ဖြစ်၏။ သူတို့သည် မှန် သောရွေးချယ်မှုကို ပြုလုပ်နိုင်သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်
ရှိ၏။
ဘုရားသခင်နှင့် ဗာဗုလုန်သည် ဆန့်ကျင်သည့်အမိန့်ကို ယနေ့ တိုင် ထုတ်ပြန်ပေးလျက်ရှိသည်။ ဓမ္မဟောင်းကျမ်း၏စာဖြင့် ဖေါ်ပြထား သောဗာဗုလုန်သည် ပျောက်ကွယ်သွားပြီးဖြစ်သော်လည်း ဝိညာဉ်ရေး ဗာဗုလုန်သည် ဓမ္မသစ်ကျမ်းတွင် ပေါ်ထွက်လာ၏။ (ဗျာ ၁၄း၈။ ၁၈း၂)။ ဤဘာသာရေးဗာဗုလုန်သည် ရှေးယခင်ခွန်အားကြီးပြီး ဗာဗုလုန်ကဲ့သို့ ပင် ကောင်းကင်ရှိဘုရားသခင်၏ ပညတ်တရားကို အန်တုရဲမည်ဖြစ် သည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ခြင်းရရှိရန် ကျေးဇူးတော် ဖြင့် ခေါ်သည့်အခါ ဗာဗုလုန်သည် လူသားတို့၏အလုပ်ဖြင့် ကယ်တင် ခြင်းရသည်ဟုဆိုသည်။ ဘုရားသခင်သည် လူတို့ကို သတ္တမနေ့တွင် ဝတ်ပြုကိုးကွယ်ရန် အမိန့်ရှိရာ ဗာဗုလုန်သည် ပထမနေ့ရက်တွင် ဝတ်ပြု ရန်အမိန့်ပေး၏။ ဘုရားသခင်သည် လူကြီးကိုဗတ္တဇံပေးရန် တောင်းပန် ခဲ့ရာ ဗာဗုလုန်သည် မွေးကင်းစကလေးကို ဗတ္တိဇံပြုရန် အဆိုပြု၏။ လူတိုင်းသည် ဘုရားသခင် (သို့မဟုတ်) ဗာဗုလုန်တစ်ခုခုကို ရွေးချယ် ရမည်သာဖြစ်၏။
ရုတ်တရက်တူရိယာသံများထွက်ပေါ်လာသည်။ သို့သော် ဟေဗြဲ
လူငယ်များသည် မတ်တတ်ရပ်လျက်ရှိသည်ကို အားလုံးက အံ့အားသင့် လျက်ရှိ၏။ ဘုရင်မင်းသည် ထိုအမှုကို ကြားသိသော် ဒေါသမီးပေါက် ကွဲလေတော့သည်။ ၎င်းတို့ကို ရှေ့တော်သို့ သွင်းစေပြီး “မင်းတို့ဘယ် လောက်ရဲလို့ ငါ့အမိန့်ကိုလွန်ဆန်ရတာလဲ၊ မင်းတို့ကိုနောက်တစ်ကြိမ် အခွင့်ပေးဦးမယ်။ တူရိယာသံများကြားရင်၊ မင်းတို့ဝတ်ပြုရှိခိုးရင် ငါခွင့် လွှတ်မယ်။ သို့မဟုတ် ရင်မင်းတို့ဒီမီးဖိုရဲ့အစာဖြစ်မှာသာမှတ်” ဟု ကျိန်း မောင်းပြောဆို၏။ ထိုနောက် ဆက်ပြီး “ငါ့လက်မှ ကယ်လွှတ်နိုင်တဲ့ ဘုရားသခင်ကား ဘယ်ဘုရားသခင်ရှိမှာလဲ” ဟု မိန့်တော်မူ၏။
ဟေဗြဲလူငယ်သုံးဦး၏တုံ့ပြန်မှုမှာ ချက်ချင်းပင်ဖြစ်သည်။ ၎င်းတို့ က “အရှင်မင်းကြီးနေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန် လျှောက်ရမည့်အကြောင်း မရှိပါ” ဖြစ်လေသမျှကို ရင်ဆိုင်မည်ဖြစ် ကြောင်း အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်သည်။ “အကျွန်ုပ်တို့ ကိုးကွယ် သောဘုရားသခင်သည် မီးလောင်လျက်ရှိသောမီးဖိုထဲက ကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်နိုင် တော်မူလိမ့်မည်။ ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်ဘုရားသခင်တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထား တော်မူသောရွှေရုပ်ပုံကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။” (ငယ် ၁၇၊၁၈)။
ဤကဲ့သို့ အရည်အသွေးနှင့်ပြည့်သော တာဝန်ယူမှုကို ယနေ့ ကျွန်ုပ်ထံမှ ဘုရားသခင်အလိုရှိသည်။ သူသည် ကျွန်ုပ်တို့ကို လိုအပ်သည့် သတ္တိကိုပေးရန် စိတ်ရှိသည်၊ ပေးနိုင်စွမ်းလည်းရှိသည်၊ မည်သည့်အကျိုး တရားအဖြစ် ဖြစ်ပေါ်လာသောအရာကို ဂရုမပြုသည့်သတ္တိ၊ ကောင်းကင် ဘုရားသခင် ကိုနာခံပြီး လောက၏တန်ခိုးများကို အန်တုသည့်သတ္တိ၊ “အကယ်၍” နှင့် “အကယ်၍မဟုတ်ခဲ့သော်” ဟုပြောဆိုရဲသောသတ္တိ။ “အကယ်၍” ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကယ်လွှတ်သော် သူ့အား ဝတ်ပြုမည်။ အကယ်၍ ထိုကဲ့သို့ မဟုတ်ခဲ့သော်လည်း ကျွန်ုပ်တို့သည် သူ့ကိုဝတ်ပြုမည်ဖြစ်၏။ ထိုသို့သော သတ္တိမျိုးကို ကျွန်ုပ်တို့အား ပေး သနားတော်မူပါ။
နေဗုခဒ်နေဇာမင်းသည် သတ္တိနှင့်ပြည့်သော ကြေညာချက်ကို ကြားသိရသော် ၎င်း၏ဒေါသသည် အဆုံးအစွန် မရှိတော့ပြီ။ “မီးဖိုကို အလျင်ထက် ခုနစ်ဆတိုးစေ၍ ပူစေခြင်းငှာ” အမိန့်ပေးလိုက်၏။ ခွန်အား ကြီးသောစစ်သူရဲတို့သည် လူငယ်များအား ဖမ်းဆီးချုပ်နှောင်ပြီး ဗာဗု လုန်ငရဲမီးအိုးထဲသို့ ချရန် ပြင်ဆင်လျက်ရှိလေပြီ။
ကယ်တင်ခြင်း
သို့သော် ကျွန်ုပ်တို့၏ဘုရားသခင်သည် ချစ်ဖွယ်ကောင်းပြီး ယုယ စောင်မတော်မူသောမိဘများဖြစ်၏။ နာခံရန် သူအလိုရှိသည်။ နာခံနိုင် အောင်လည်း သူဖန်တီးပေးသည်။ ထိုနောက်နာခံခြင်းအတွက် ဆုလာဘ် ကိုလည်း ချီးမြှင့်၏။ ဗာဗုလုန်ဘုရင်မင်းမြတ်၏ အမိန့်ကို နာခံဆောင် ရွက်ရန် စစ်သူရဲများအသင့်ပြုလုပ်နေစဉ်၌ ကောင်းကင်အရှင်ဘုရင်မင်း မြတ်သည် မတ်တတ်ရပ်ကာ ဤသို့ ပြော၏။ “ငါ့ကလေးသုံးယောက် သည် အခက်အခဲများနဲ့ ရင်ဆိုင်နေရတယ်။ သူတို့အကူအညီချက်ချင်း လိုနေပြီ” ဂါဗြေလက “အရှင်သခင်၊ အကျွန်ုပ်သွားရမည်လော့” ဟု မေး၏။ သို့သော် သခင်ယေရှုက “အဖဘုရားသခင်၊ ကျွန်ုပ်သွားပါမည်” ဟုကြေညာလိုက်သည်။
အလင်းရောင်သွားနှုန်းထက် လျင်မြန်သောအရှိန်ဖြင့် ခရစ်တော် သည် စကြဝဠာနက္ခတ်တာရာများကို ကျော်ဖြတ်ကာ ကောင်းကင်မှ လျင်မြန်စွာ သွားလေ၏။ ထိုနောက် ဟေဗြဲလူငယ်သုံးဦးကို မီးလျှံထဲသို့ ပစ်သွင်းလိုက်ချိန်၌ သခင်ယေရှုသည် မီးလျှံထဲသို့ ဆင်းသက်ရောက်ရှိ လေပြီ။ ခရစ်တော်သည် ထိုမီးထဲ၌ရှိရာ မီးလျှံ၏တန်ခိုးမှာလည်း ပျောက် ကွယ်သွားလေတော့သည်။ အလွန်အံ့သြဖွယ်ကောင်းလှသော ကယ်တင် ရှင်ပါတကား။
စိတ်ညှို့ခံရသောအကြည့်ဖြင့် အံ့သြမိန်းမော၍ နေဗုခဒ်နေဇာ မင်းကြီးသည် မီးလျှံထဲသို့ စိုက်ပြီးကြည့်လျက်ရှိ၏။ ရုတ်တရက်အလျင် တဆော သူသည် ထခုန်လျက် အံ့အားသင့်စွာဖြင့် ဤသို့အော်ပြော၏။ “လူသုံးဦးကို ကြိုးနဲ့တုပ်နှောင်ပြီး မီးလျှံထဲပစ်ချတယ်မဟုတ်လား၊ ကြည့် ကြစမ်း။ လူလေးယောက်မီးထဲမှ လမ်းလျှောက်လျက် တုပ်နှောင်ခြင်းမရှိ၊ ထိခိုက်နစ်နာခြင်းမရှိ၊ ဘေးဥပါဒ်နှင့် ကင်းလွတ်သည်ကို ငါမြင်သည် တကား၊ စတုတ္ထလူသည် ဘုရားသခင်သား၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ၏။ ကြီးကျယ်မြင့်မြတ်လှသော စဉ်းစားရန်အချက်မှာ မီးလျှံ ထဲတွင်ရှိသည့်ဟေဗြဲ လူငယ်သုံးဦး၏ဘေးတွင် လာရောက်ရပ်နေသော သူသည် ကျွန်ုပ်တို့ပူပြင်းသော မီးတွင်း၌လည်း လာရောက်ရပ်ပေးမည် ဖြစ်၏။ အဖိုးထိုက်လှသော ကတိတော်သည် “သင်သည် ရေပေါ်ကို လျှောက်သွားသောအခါ သင်နှင့် အတူငါရှိ၏။ မြစ်ကိုလျှောက်သွားသော အခါ မနစ်မွန်းရ၊ မီးကိုချင်းနင်းသောအခါလည်း မလောင်ရ၊ မီးလျှံလည်း မညှိရ။” (ဟေရှာယ ၄၃း၂)။
အချို့သောအရာများသည် မီးလောင်ကျွမ်းခဲ့သည်။ ဟေဗြဲလူငယ်
သုံးဦးအား တုပ်နှောင်ထားသောကြိုးသည် မီးထဲတွင် လောင်ကျွမ်းခဲ့ သည်။ အလွန်အံ့သြဖွယ်ကောင်းသည်မှာသူတို့အား အခြားဘယ်အရာမှာ ထိခိုက်နစ်နာမှု မရှိခြင်းပင်ဖြစ်၏။ မှတ်တမ်းတွင် ရေးသားထားသည်မှာ “သူတို့ဆံခြည်တစ်ပင်မျှမမြိုက်၊ ဝတ်လုံလည်းခြားနားခြင်းမရှိ၊ မီးလောင် သောအနံ့လည်း ကင်းလွတ်၏။” (ဒံ ၃း၂၇)။ သူတို့အား ချုပ်နှောင်ထား သောအရာများသာလျှင် မီးလျှံ၏လောင်ကျွမ်းခြင်းကို ခံရသည်။ ထိုနည်း တူ ကျွန်ုပ်တို့အား စုံစမ်းခြင်းမီးလျှံသည် ကျွန်ုပ်တို့ကိုကျရောက်လာသည့် အခါ ကျွန်ုပ်တို့ ဆုံးရှုံးခြင်းခံရမည်ဖြစ်၏။ ထိုဆုံးရှုံးခြင်းများကား လောက နှင့်ကျွန်ုပ်တို့အား တုပ်နှောင်ထားသောသံကွင်း၊ ကျွန်ုပ်တို့ဘုရားသခင်နှင့် အတူလျှောက်လှမ်းခြင်းကို ချုပ်ချယ်ဟန့်တားထားသည့် သံခြေကျင်း၊ ဤအရာအားလုံးဆုံးရှုံး ပျောက်ကွယ်သွားမည်ဖြစ်၏။ ဤမီးလျှံများသည် ကျွန်ုပ်တို့ကိုဘုရားသခင်၏ နိုင်ငံတော်သို့သွားရန် ပြင်ဆင်ပေးသော ဘုရားသခင်၏လုပ်သားများ ဖြစ်သည်။
ဆုလာဘ်
အကြိမ်ကြိမ်ပြန်ပြောင်းသတိရစေသော အတွေးသည် ဘုရား သခင်သည် ကျွန်ုပ်အား မည်သည့်အရာမဆိုပြုလုပ်ရန် တောင်းဆိုသည့် အခါ ကျွန်ုပ်တို့ပြုလုပ်နိုင်အောင်ဖန်တီးပေးသည်။ ထိုနောက် ထိုသို့ပြု လုပ်ခြင်းအတွက် ဆုလာဘ်များချီးမြှင့်ခြင်းပင် ဖြစ်၏။ ဤလူငယ်များ သည် မီးလျှံ၏ ဘေးမှကယ်တင်ခြင်းဆုလာဘ်ကိုရရှိသည်သာမကဘဲ ဂုဏ်သရေကြီးမြင့်သော ရာထူးများချီးမြှင့်ခြင်းကိုလည်း ခံစားရရှိသည်။
နေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ တန်ခိုးတော်ကိုလည်း ချီးမွမ်းသည်။ နေဗုခဒ်နေဇာမင်းကြီးကလည်း ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိတော် မူစေသတည်း။” (ငယ် ၂၈)။ ထိုနောက် သူသည် အမိန့်ကြေညာစာထုတ် ပြန်လိုက်သည်။ မည်သူမျှ ဟေဗြဲလူငယ်တို့၏ ဘုရားသခင်ကို ပြစ်မှား သောစကားကိုမပြောရဟု အမိန့်ထုတ်ပြန်ပြီး လူငယ်သုံးဦးအား ဂုဏ် သရေရှိသည့် ရာထူးများကို ချီးမြှောက်တော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံမှုနှင့်သစ္စာရှိမှုတို့ဖြင့် ဂုဏ်ပြု သော် သူသည်လည်း ကျွန်ုပ်တို့ကိုဂုဏ်ပြုမည်ဖြစ်၏။ အောင်မြင်မှုဖြင့် ကျွန်ုပ်တို့အား ဆုလာဘ်ပေးမည်ဖြစ်၏။ “ထာဝရဘုရားသခင်သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့် သင်သည် အောက်၌မနေဘဲ အပေါ်၌သာ နေရသောအခွင့်ရှိလိမ့်မည်။ ယနေ့ငါဆင့်ဆိုသောသင်၏ ဘုရားသခင်ထာဝရ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ခြင်းငှာ နားထောင်လျှင် ထိုကျေးဇူးတော်တို့ကို ခံရလိမ့်မည်။” (တရား ၂၈း၁၃)။ ငြိမ်သက်ခြင်းဖြင့် ဆုချီးမြှင့်မည်။ “တရားတော်ကိုနှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့ စိတ်ပျက်စရာအကြောင်းမရှိပါ။” (ဆာလံ ၁၁၉း၁၆၅)။ နောက်ဆုံး၌ သူသည် ထာဝရအသက်ဖြင့် ဆုချီးမြှင့် ဖြစ်သည်။ “သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက် သရဖူကိုငါပေးမည်။” (ဗျာ ၂း၁၀)။
ပညာဉာဏ်နှင့် ပြည့်ဝသောလောကမိဘများအနေဖြင့် ကျွန်ုပ်တို့ ၏ကလေးများကို နားထောင်အောင်ပြုလုပ်သင့်သည်။ နာခံတတ်အောင် လည်း ကူညီရမည်ဖြစ်၏။ သို့သော် သူတို့နာခံသော် ဆုချီးမြှင့်ရန် ဘယ် သောအခါမျှမမေ့သင့်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ နားထောင်ရန် တောင်းဆို၏။ နားထောင်ရန်အတွက် ကူညီဖန်တီးပေး၏။ ထိုနောက် နားထောင်ခြင်းအတွက် ဆုလာဘ်များချီးမြှင့်ပေး၏။ ဤဘဝအသက်တာ တွင် ကျွန်ုပ်တို့ကိုဆုလာဘ် ပေး၏။ ထိုနောက်ထာဝရအသက်ဖြင့် လျော် ကြေးပေးဆပ်မည်ဖြစ်၏။ အလွန်အံ့သြဖွယ်ကောင်းလှပါသော ကောင်း ကင်မိဘများပါတကား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment