- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၃) အမှန်ကိုဘယ်လိုရွေးမလဲ
လူငယ်တစ်ယောက်ကလယ်လုပ်သားတစ်ယောက်အနေနဲ့ပထမ ဦးဆုံးလုပ်ရမဲ့အလုပ်ကတော့ ထင်းခွဲဖို့ဖြစ်တယ်။ တစ်နာရီပြီးတစ်နာရီ မမောပန်းနိုင်တဲ့ လုံ့လနဲ့အလုပ်လုပ်ခဲ့တယ်။ တစ်ရက်တာကုန်ဆုံးတော့ ကြီးကြပ်သူက သူ့အလုပ်ကိုစစ်ဆေးကြည့်တဲ့အခါ သာမန်ပျှမ်းမျှအလုပ် နှစ်ဆကို အဲဒီလူငယ်ကလုပ်ပြီးကြောင်းတွေ့ရတဲ့အတွက် လွန်စွာအံ့အား သင့်ပြီး ပျော်ရွှင်ခဲ့တယ်။
ဒုတိယနေ့မြောက်မှာ ခွန်အားနဲ့ပြည့်တဲ့ လူငယ်ကို ချီးမြှင့်လိုတဲ့ အနေနဲ့လွယ်ကူတဲ့အလုပ်ကိုပေးရန် ဆုံးဖြတ်လိုက်တယ်။ သူ့ကိုအာလူးပုံ တစ်ခုကို ခေါ်ဆောင်သွားပြီး ကောင်းတဲ့အာလူးကို တစ်ပုံပုံရန်နဲ့ ပုပ်နေ တဲ့ အာလူးတွေကို အခြားတစ်ပုံပုံရန် အလုပ်ပေးလိုက်တယ်။ တစ်ရက် တာပြီးဆုံးတဲ့အခါ မန်နေဂျာရောက်လာပြီး စစ်ဆေးတဲ့အခါ အလုပ်မပြီး ကြောင်း အံ့အားသင့်စွာနဲ့ တွေ့လိုက်ရတယ်။ စိတ်တွေဝေပြီး အကြံအိုက် နေတဲ့လူငယ်ဟာ နဖူးပေါ်က ချွေးသီးများယိုစီးပြီး ပြောတာက “ဆရာ၊ အကောင်းနဲ့အဆိုးကို ရွေးချယ်ရတဲ့အလုပ်ဟာ ကျွန်တော့်အတွက် ဆုံး ဖြတ်ရအခက်ခဲဆုံးအလုပ် ဖြစ်တယ်။”
ရွေးချယ်ခြင်း
ရွေးချယ်ခြင်းလုပ်ရတာ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ ဒါပေမယ့် အသက်တာတစ်လျှောက်လုံးလုပ်ရမှာဖြစ်တယ်။ တချို့သောရွေးချယ်မှု က အရေးမကြီးပါ။ သို့သော် တချို့မှာကျတော့ ဝေးလံတဲ့ အကျိုးသက် ရောက်မှုရှိတယ်။ အသက်တာမှာ အိမ်ထောင်ဖက်ကို ရွေးချယ်ခြင်းဟာ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ပေါင်းဖေါ်ဖက်ရွေးတဲ့အခါ အသုံးပြုနိုင်တဲ့ စစ်ဆေးနည်းတချို့ကို လေ့လာကြပါစို့။
အသက်
အသက်အရွယ်အားဖြင့် အလွန်ကွာခြားမှုရှိရင် ထိမ်းမြားခြင်းဟာ တာဝန်မကင်းဖြစ်နိုင်တယ်။ ဒါဘာကြောင့်လဲဆိုတော့ အသက်တာရဲ့ လမ်းခရီး အဆင့်တိုင်းမှာ လိုအင်ဆန္ဒများက မတူပါ။ နှစ်စောပိုင်းမှာ စိတ် လှုပ်ရှားစွာဖြင့် တိုးတက်မှုအတွက် ရုန်းကန်သွားလာခြင်း၊ ကလေးမွေး ခြင်း၊ ကလေးများကြီးထွားလာအောင် ပြုစုပျိုးထောင်ခြင်းစသည်တို့ကို လုပ်ဆောင်ကြတယ်။ အလယ်ပိုင်းနှစ်များမှာတော့ သွေးဆုံးမီးယပ်ကိစ္စ အတွက် စိတ်ပူပန်ခြင်းနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ရတယ်။ အသက်ကြီး ရင့်ပြီး အနားယူတဲ့အခါ ကန့်သတ်မှုများနဲ့ အတိတ်ဖြစ်ရပ်များကို ပြန် ပြောင်းသတိရခြင်းနဲ့ အချိန်ကုန်လွန်စေတယ်။ အကယ်၍ အသက် အရွယ်အလွန်ကွာခြားနေမယ်ဆိုရင် တစ်ယောက်က ပျော်ရွှင်မှုနဲ့ပြေး လွှားနေစဉ် အခြားတစ်ယောက်က အိပ်ရာပေါ် အနားယူနေရမှာဖြစ် တယ်။
ယဉ်ကျေးမှုဓလေ့
ကမ္ဘာအရပ်ရပ်မှာနေထိုင်တဲ့လူတွေဟာအမျိုးမျိုးသောယဉ်ကျေး မှုဓလေ့ထုံးစံများ၊ နေမှုထိုင်မှုနဲ့ တန်ဖိုးစနစ်များရဲ့ ထွက်ကုန်များဖြစ် တယ်။ ကုလားပြည်မှာ နေထိုင်တဲ့သူတစ်ယောက်အတွက် နွားသည် ကိုး ကွယ်မြတ်နိုးထိုက်တဲ့ သတ္တဝါဖြစ်တယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံက လူအတွက်တော့ ကြော်ချက်စားသုံးရန် အသားဖြစ်တယ်။ တချို့သော ယဉ်ကျေးမှုကွာခြားချက်များကို ကျော်လွှားနိုင်သော်လည်း တချို့မှာကျ တော့ ပေါင်းဖေါ်နှစ်ယောက်စလုံးက သဘောမတူတဲ့အရာကို အမှတ်ပြု ပြီး စိတ်ရှည်ခြင်း၊ သတိဝီရိယရှိခြင်းဖြင့် ပြုပြင်ရန် ပြင်ဆင်မှသာလျှင် ကျော်လွှားနိုင်မှာဖြစ်တယ်။
ချမ်းသာကြွယ်ဝခြင်း
အချစ်ပေါ်မှာ အိမ်ထောင်ကိုတည်ဆောက်ဖို့ဖြစ်သော်လည်း ဇနီး မောင်နှံနှစ်ဦးဟာ အချစ်နဲ့အသက်ရှင်လို့မရ၊ ငွေကြေးလည်း လိုအပ်မှာ ဖြစ်တယ်။ ဝမ်းနည်းဖွယ်ကောင်းတာက တချို့ထိမ်းမြားခြင်းဟာ ငွေ ကြေးရဲ့လှုံ့ဆော်မှုကြောင့်ဖြစ်တယ်။ ငွေကြေးနဲ့ မွေးဖွားလာတဲ့ ထိမ်း မြားခြင်းက အများအားဖြင့် စိတ်မချမ်းသာခြင်းနဲ့၊ အတိဒုက္ခနဲ့အဆုံး သတ်တယ်။ ယောက်ျားသည် ချမ်းသာကြွယ်ဝရမယ်လို့တော့ မဆိုလိုပါ။ ဒါပေမယ့် သူဟာ ချမ်းသာမှုကို ရှာနိုင်တဲ့ အရည်အချင်းရှိရမယ်။ အိမ် ထောင်ကို ထောက်ပံ့နိုင်တဲ့ အရည်အချင်းရှိသူ တစ်ဦးဖြစ်ရမယ်။ မိမိ အိမ်ထောင်သူ/ အိမ်ထောင်သားများကို မပြုစုသောသူဟာ မယုံကြည် သောသူထက် သာ၍ယုတ်မာတယ်လို့ သမ္မာကျမ်းမှာ ဖေါ်ပြထားတာ တွေ့ရတယ်။ (၁တိ ၅း၈)။
လုံ့လဝီရိယနဲ့ ကြိုးစားလိုစိတ်ရှိခြင်းဟာ ဇနီးမောင်နှံရဲ့ ထားရှိရ မယ့် လိုအပ်ချက်တစ်ခုဖြစ်တယ်။ စင်ကြယ်ခြင်းနဲ့ ပြည့်စုံတဲ့မိန်းမ အကြောင်းကို ရှောလမုန်မင်းကြီးဖေါ်ပြထားတာကတော့ “မိမိလက်နှင့် အလိုအလျောက် လုပ်တတ်၏” “အိမ်သူအိမ်သားတို့ စားစရာကိုလည်း ကောင်း--- မိမိခါးကို ခွန်အားနဲ့စည်း၍ မိမိအိမ်သူအိမ်သားပြုစုသမျှကို ကြည့်ရှုတတ်၏”ဟုဆိုထားတာတွေ့ရတယ်။ (သု ၃၁း၁၀၊၁၃၊၁၅၊၁၇၊၂၇) အိမ်ရဲ့အပြင်မှာ ငွေကြေးကို ရှာသည်ဖြစ်စေ၊ အိမ်တွင်းမှာငွေကြေးကို ထိန်းသိမ်းသည်ဖြစ်စေ၊ ဇနီးသည်ဟာ လုံ့လဝီရိယနဲ့ ပြည့်စုံကြိုးစား အားထုတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ရမယ်။
ကျန်းမာခြင်း
ချမ်းသာခြင်းက အရေးကြီးသလို ကျန်းမာခြင်းကလည်း အရေး ကြီးတယ်။ ကျန်းမာမှသာချမ်းသာခြင်းကို ရှာနိုင်မှာဖြစ်တယ်။ မကျန်းမာ လျှင် ချမ်းသာမှုကို ရှာရန်ခက်မယ်။ ဒါကြောင့် ချစ်သူရဲ့ကျန်းမာခြင်းကို စစ်ဆေးနိုင်ရင်ကောင်းမှာဖြစ်တယ်။ တချို့ရောဂါများက ပေါင်းဖော်တစ် ယောက်ကတစ်ယောက်ဆီကူးစက်တတ်ပြီး တချို့ရောဂါများက ကလေး ဆီကူးစက်တတ်တဲ့အတွက် ကျန်းမာခြင်းစစ်ဆေးချက်က အမှန်တကယ် လိုအပ်သော အရာတစ်ခုဖြစ်တယ်။ ဒါပေမယ့်၊ ကျန်းမာရေးအခြေအနေ ကို တိုင်းတာခြင်းဟာ လုံလောက်မှုမရှိသေးပါ။ ကြင်ဖက်လောင်းရဲ့ ကျန်းမာရေးဓလေ့များကို ကြည့်ရှုရန် လိုအပ်မှာဖြစ်တယ်။ အရက် သေစာတို့လို တရားဝင်မူးယစ်ဆေးစွဲခြင်းတို့နဲ့ တရားမဝင်ဆေးခြောက်၊ ကို ကင်းစွဲခြင်းတို့ကလည်း အိမ်ထောင်ရဲ့ပျော်ရွှင်မှုကို ပျက်စီးစေနိုင် တယ်။ ဘုရားသခင်ရဲ့ အလိုဆန္ဒက ချစ်သူအချင်းချင်းကျန်းမာခြင်းရှိဖို့ အလိုရှိ တယ်။ (၃ယော ၂)။
ရည်ရွယ်ချက်
ရည်ရွယ်ချက်သည် အိမ်ထောင်သက်တွင်လည်းကောင်း၊ သက် မွေးဝမ်းကျောင်းအတတ်ပညာကိုလည်းကောင်း၊ ကိုယ်ပိုင်အသက်တာ တွင်လည်းကောင်း အောင်မြင်မှုရရှိအောင် လူတို့ကို တွန်းအားပေးစေ့ ဆော်စေတယ်။ ရည်ရွယ်ချက်သည် မည်သူကိုမျှ မျက်နှာမလိုက်ပါ။ အလုပ်အကိုင်အလွှာ အသီးသီးမှလူများကို သူငယ်ချင်းလိုပြုမူတယ်။ Abraham Lincoln သစ်တုံးတဲအိမ်တွင်နေပြီး ကျောင်းတစ်နှစ်ပြည့် အောင်မနေရသူကို တွန်းအားပေးပြီး အမေရိကန်နိုင်ငံရဲ့ (၁၆) ယောက် မြောက်သမ္မတဖြစ်စေနိုင်ခဲ့တယ်။ Florence Griffith ဆိုသူညစ်ညမ်းတဲ့ ဆင်းရဲသားရပ်ကွက်မှာနေထိုင်တဲ့ အမေရိကန်လူမည်းအမျိုးသမီးအပြေး သမားကို ၁၉၈၈ ခုနှစ်၊ အိုလံပစ်ပွဲတော် မှာ ရွှေ (၃) ခုဆွတ်ခူးရရှိအောင် တွန်းအားပေးခဲ့ပြီး “ကမ္ဘာပေါ်အမြန်ဆုံးမိန်းမ” ဟူ၍ သတ်မှတ်ခြင်းခံရ တယ်။ Carson ဆိုတဲ့ မကျေမနပ်လမ်းပေါ် ဓါးကိုင်ရမ်းပြီး ရန်ပွဲဆင်နွှဲခဲ့ တဲ့လူငယ်ကို ရည်ရွယ်ချက်ဟာ တွန်းအားပေးလမ်းညွှန်ခဲ့ပြီး ကမ္ဘာ ကျော် ဦးနှောက်အကျောရောဂါခွဲစိတ်ဆရာဝန်ကြီး ဖြစ်လာစေခဲ့တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို နှိမ့်ချစွာနေရန် အလိုရှိတယ်။ ဒါပေမယ့်၊ ရည်ရွယ်ချက်ထားရှိရမယ်။ “ထာဝရဘုရားသခင်သည် သင့်ကို အမြီး မဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့် သင်သည် အောက်၌ မနေပဲ အပေါ်၌သာနေရသောအခွင့်ရှိလိမ့်မည်။” (တရား ၂၈း၁၃) လို့ နှုတ်တော် ထွက်မှာ ကတိကိုတွေ့ရမယ်။
ပညာရေးရည်မှန်းချက်မှာ အတန်းစာပေ၌ဖြစ်စေ၊ သက်မွေး ဝမ်း ကျောင်း၌ဖြစ်စေ၊ ခွဲခြား၍မရနိုင်ပါ။ ပေါင်းဖေါ်နှစ်ဦးဟာ တူညီတဲ့ပညာ ရေးမျိုးမှာ အတူတကွ ဆည်းပူးမယ်ဆိုရင် အားသာချက်တစ်ခု ဖြစ်စေ မယ်။ သို့သော် အကယ်၍ တစ်ယောက်က ဘွဲ့ရပြီး အခြားတစ်ယောက် မှာ အထက်တန်းကျောင်းထွက်ဖြစ်မယ်ဆိုရင် ဇနီးမောင်နှံနှစ်ဦးဟာ မတူ ညီတဲ့ လူ့အဖွဲ့အစည်း နယ်ပယ်မှာကျင်လည်ကြပြီး တစ်ယောက်နဲ့ တစ်ယောက်ကြာလေဝေးစေအောင် မျောသွားတော့မှာဖြစ်တယ်။ တူညီ တဲ့စိတ်ဝင်စားမှုများလည်း နည်းလာမှာဖြစ်တယ်။
ကိုယ်ရည်ကိုယ်သွေး
လူတွေဟာ မတူညီတဲ့စိတ်နေသဘောထားရှိတဲ့အတွက် ကိုယ် ရည် ကိုယ်သွေးကို စစ်ဆေးဖို့ ကောင်းတဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်။ အခြေခံကိုယ်ရည်ကိုယ်သွေး (၄) မျိုး ခွဲခြားလို့ရတယ်။ (၂) မျိုးက မိမိ အတွေးနဲ့ ခံစားချက်ကို ဦးစားပေးတဲ့အမျိုးအစား၊ နောက်နှစ်မျိုးက စိတ် ကူးယဉ်ထက် လက်တွေ့လုပ်ကိုင်တဲ့ အမျိုးအစား၊ တစ်မျိုးက စိတ် လှုပ်ရှားမှုကိုခံစားရပြီး အခြားတစ်မျိုးကျတော့ စိတ်လှုပ်ရှားမှုမရှိပါ။ ဒီလို ကိုယ်ရည်ကိုယ်သွေးများက ၎င်းတို့နယ်ပယ်ကို ကျော်လွန်ပြီး တစ်ခုနဲ့ တစ်ခုပေါင်းစပ်တတ်တယ်။ သို့သော် အများအားဖြင့် စိတ်နေသဘော ထားတစ်ခုက ပေါ်လွင်မှုရှိတယ်။
Sanguines ခေါ်တဲ့ စိတ်လှုပ်ရှားပြီး ပြင်ပလက်တွေ့ လုပ်တဲ့ အမျိုးအစား။ သူတို့က ဩဇာပေးတဲ့လူတွေလို့ ခေါ်တယ်။ စကားများ တယ်၊ စိတ်ထက်သန်တယ်၊ ပွင့်လင်းပြီး တက်ကြွလှုံ့ဆော်သူများ ဖြစ် တယ်။ တစ်ဖက်မှာလည်း သူတို့က တစ်ကိုယ်ကောင်းဆန်ပြီး တုံ့ပြန် တတ်တယ်။ ဒီနေ့အတွက်သာ ထည့်တွက်ပြီး မနက်ဖြန်အတွက် မေ့ လျော့တတ်တယ်။
Choleric ဆိုတဲ့ စိတ်လှုပ်ရှားမှုမရှိတဲ့ လက်တွေ့လုပ်ဆောင် တတ်သူများ၊ သူတို့က ဆုံးဖြတ်ချက်ပြတ်သားတယ်။ အရည်အချင်းရှိ တယ်။ ရည်မှန်းချက်ထားရှိသူများဖြစ်ပြီး အရယူတတ်တဲ့လူများဖြစ် တယ်။ စိတ်ဓါတ်ခွန်အားကြီးသူများဖြစ်ပြီး ခက်ခဲတဲ့အလုပ်မျိုးကို လုပ် ဆောင်ရန် ပျော်မွေ့တတ်တယ်။ တစ်ယူသန်ပြီး အတင်းအကျပ် လုပ် ဆောင်တတ်တယ်။
Melancholyက တတိယအမျိုးအစား။ အတွင်းစိတ်လှုပ်ရှားသူ၊ စဉ်းစားတွေးခေါ်သူ၊ အသေးစိတ်ကြည့်တတ်ပြီး ခွဲခြမ်းစိတ်ဖြာတတ်သူ၊ သေချာတယ်၊ စနစ်ကျတဲ့ လူစားမျိုးဖြစ်တယ်။ ဒီလူမျိုးစားက စူးစိုက် လေးနက်မှုရှိတယ်။ လုံ့လဝီရိယရှိတယ်၊ စိတ်ထိခိုက်မှု အလွယ်တကူ ခံစားတတ်တယ်။ ဒါပေမယ့် သူတို့ရဲ့အတွင်းစိတ်အာရုံစိုက်မှုက လွန်ခဲ့တဲ့ အပြစ်ကျူးလွန်မှု အပေါ်စဉ်းစားပြီး အဆိုးမြင်သူတစ်ဦးဖြစ်စေတယ်။ မိမိကိုယ်ကိုလည်း အထင်သေးမှုကို ခံစားရတယ်။
Phlegmatics စိတ်လှုပ်ရှားမှုမရှိတဲ့ မိမိအတွေးနဲ့ ခံစားချက်ကို ဦးစားပေးတဲ့အမျိုးအစား။ သူတို့က လိုက်လျောတတ်တယ်၊ သဘောတူ တယ်၊ ထောက်ခံတယ်ဆိုတဲ့လူမျိုးစား။ ထိပ်တိုက်ရင်ဆိုင်မှုပြုမယ့်အစား မိမိရပိုင်ခွင့်များကို စွန့်လွှတ်မယ်။ ဒီလိုထိရောက်မှုရှိတဲ့ အပေးအယူ သမားတွေကို ဆက်ဆံရေးသမားများကို ခေါ်တယ်။ သံတမန်ရေးရာ ကျွမ်းကျင်မှုကို ပိုင်ဆိုင်သူများဖြစ်တယ်။ ဒါပေမယ့် သူတို့က ဆုံးဖြတ် ချက်မပြတ်သားဘူး။ စတင်လုပ်ဆောင်မှုကိုမပြုဘဲ “ဗိုလ်နေမြဲ၊ ကျားနေ မြဲ” ကို နှစ်သက်သူများဖြစ်တယ်။ စိတ်နေသဘောထားစစ်ဆေးပြီးတဲ့ အခါ ပေါင်းဖေါ်ဖက်နှစ်ဦးဟာ လေးနက်ပွင့်လင်းတဲ့ မေးခွန်းတွေမေးရ မယ်။ ငါ့ရဲ့ချစ်သူရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ငါနဲ့ဘယ်လိုဆက်စပ်မှုရှိ သလဲ။ တို့ဟာ၊ တစ်ယောက်နဲ့တစ်ယောက် တူညီသလား၊ (သို့မဟုတ်) ခြားနားသလား။ ဘယ်လောက်ကွာခြားမှုရှိသလဲ။ ဒီကွာခြားချက်က လက်ခံနိုင်တဲ့အဆင့်ရှိသလား။ သည်းညည်းခံနိုင်ရည်ရှိမှာလား။ သည်းခံ နိုင်ရည်ရှိမှာလား။
တချို့မတူညီတဲ့ ခြားနားခြင်းမျိုးက လက်ခံနိုင်ဖွယ်ရှိတယ်။ Jane ဆိုတဲ့ စိတ်လှုပ်ရှားမှုမရှိဘဲ မိမိအတွေးနဲ့ခံစားချက်ကို ဦးစားပေး သူက Joe ဆိုတဲ့ စိတ်လှုပ်ရှားပြီး လက်တွေ့လုပ်တတ်တဲ့လူကို ကြိုက် နှစ်သက်တယ်။ သူတို့နှစ်ယောက်ရဲ့ ပေါင်းဖက်မှုက ကြီးထွားမှုအတွက် အထောက်အကူ ဖြစ်မယ်လို့မြင်တယ်။ ဒါပေမယ့် သူတို့ သတိထားဖို့ လိုအပ်တယ်။ လက်ထပ်ခြင်းမပြုမီနှစ်ဦးရဲ့ မတူညီတဲ့ဆွဲဆောင်မှုတွေက လက်ထပ်ပြီးတစ်ယောက်နဲ့တစ်ယောက်တွန်းကန်ရန်ဖြစ်စေမဲ့အန္တရာယ် ရှိတာကို သတိပြုရမယ်။ အခြားလက်မခံနိုင်တဲ့ မတူညီတဲ့ကွာခြားချက် တွေလည်းရှိတယ်။ ဒါပေမယ့် ခံနိုင်ရည်ရှိတယ်။ တချို့ကျတော့လည်း သည်းညည်းခံနိုင်တယ်။ စိုးရိမ်ကြောက်ရွံ့မှုနဲ့စိတ်ထိခိုက်လွယ်တဲ့ Mary က ဆူပူကြိမ်းမောင်းတတ်တဲ့ Jack နဲ့ ပြေလည်အောင်ဆက်ဆံဖို့ အခက် ကြုံရတယ်။ အကျိုးအကြောင်းအားလျော်စွာ သူမက အချစ်ရေးကို အဆုံး သတ်ပြတ်တောက်လိုက်တယ်။ နှစ်ရာပေါင်းများစွာက ဆီလျော်မှုရှိပြီး အကျိုးသက်ရောက်မှုမေးတဲ့မေးခွန်းကို ပုရောဖက်တစ်ပါးမေးခဲ့တယ်။ “နှစ်ဦးသဘောမတူလျှင် ပေါင်းဖေါ်၍ ခရီးသွားနိုင်သလော” (အာမုတ် ၃း၃)။
အိမ်ထောင်စု
ပေါင်းဖေါ်ဖက်လောင်းတို့ကို တိုင်းတာတဲ့အခါ သက်ဆိုင်တဲ့ အိမ် ထောင်စုကိုလည်း စစ်ဆေးသင့်တယ်။ ဒါက အကြောင်းအချက်နှစ်ခုရှိ တယ်။ ပထမအချက်က တစ်ဦးတစ်ယောက်က တစ်ယောက်တည်းကို လက်ထပ်တာမဟုတ်။ အိမ်ထောင်တစ်ခုလုံးပါဝင်တယ်။ ဒုတိယအဖေ၊ ယောက္ခမ/ ထီး၊ ဒုတိယအမေ၊ ယောက္ခမ/အစ်မ၊ ယောက်ဖ၊ ယောင်းမ စသည် တို့အိမ်ထောင်စုအသစ်က ကူညီထောက်ပံ့မှု သို့တည်းမဟုတ် တာဝန်မကင်း ဖြစ်နိုင်တယ်။ ဒုတိယအချက်။ ကလေးတွေက မိဘများရဲ့ ပုံသက်သေကို လိုက်တယ်။ အိမ်ဟောင်းရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေ လည်း အိမ်ထောင်စု အသစ်ကို ရောက်သွားတတ်တယ်။ ဒါကြောင့် လက်ရှိအိမ်ထောင်စုက အနာဂတ်အိမ်ထောင်စုရဲ့ ပုံစံဖြစ်နိုင်တယ်။ “ဖအေတူသား” ဆိုတဲ့ ဟုတ်မှန်တဲ့ ဆိုရိုးကို ကျမ်းစာက ထောက်ခံတယ်။ “စကားပုံကိုသုံးတတ်သောသူ အပေါင်းတို့က အမိကဲ့သို့ သမီးဖြစ်၍--- သင်သည် လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ၏ သမီးဖြစ်၏။ လင်နှင့် သားသမီးကို ရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏” (ယေဇကျေလ ၁၆း၄၅)။
ဒါပေမယ့် ခြွင်းချက်လည်းရှိတယ်။ လူငယ်တစ်ယောက်က ၎င်းရဲ့ မိဘများရဲ့ ပုံပမာကိုမလိုက်ဘဲ ဆန့်ကျင်ခြားနားတဲ့ အိမ်ထောင်ကို ပြုစု ပျိုးထောင်နိုင်တယ်။ ဒါကတော့ မလွယ်ကူဘူး။ ဒါပေမယ့် သတိရှိမှု၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီး ဘုရားသခင်ရဲ့အကူအညီနဲ့ဆိုဖြစ်နိုင်တယ်။
ဝိညာဉ်ရေး
ပေါင်းဖေါ်ဖက်လောင်းနှစ်ဦးရဲ့ အရေးကြီးသောစစ်ဆေးချက်က ဝိညာဉ်ရေးပဲဖြစ်တယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ ဒီနေ့လောက ကြီးမှာ ဝိညာဉ်ရေးအားနှစ်ခုရှိတယ်။ အိမ်ထောင်တိုင်းက တစ်ခုမဟုတ် တစ်ခုရဲ့ အောက်မှာထိန်းချုပ်မှုကို ခံရမှာဖြစ်တယ်။ အိမ်ထောင်သစ်တိုင်း က စာတန်ရဲ့ အိမ်ထောင်စု (သို့မဟုတ်) ဘုရားသခင်ရဲ့အိမ်ထောင်စုထဲ ပါဝင်မှာဖြစ်တယ်။ စာတန်က ထိမ်းမြားမင်္ဂလာတိုင်းကို ဝမ်းနည်းပြိုကွဲ တဲ့လမ်းကို ပို့ဆောင်ဖို့နှစ်သက်မှုရှိသလို ခရစ်တော်က လက်ထပ်သူတိုင်း ကို ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို လမ်းညွှန်ပြရန် ဝမ်းသာတယ်။ သို့သော် ပေါင်းဖေါ်ဖက်နှစ်ယောက်စလုံးက သူတို့ရဲ့ အသက်တာကို ကိုယ်တော်လိုအပ်မှသာ အိမ်ထောင်သက် အောင်မြင်မှု က ဖြစ်ပေါ်နိုင်မှာဖြစ်တယ်။
ဒါကြောင့် အရေးကြီးတဲ့မေးခွန်းနှစ်ခုကို ဖြေဖို့လိုမယ်။ ပထမ ကျွန်တော်/မ ရဲ့အသက်တာကို သခင်ယေရှုအားပေးအပ်ပြီးလား။ ဒုတိ ယ။ ကျွန်တော်/မ ရဲ့အဖေါ်က မိမိကိုယ်ကိုခရစ်တော်ကို အပ်နှံပြီလား။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အိမ်ထောင်ဖက်ရွေးချယ်မှုမှန်ကန်ဖို့ အိမ်ထောင်ဖက်လောင်းများသည် မှန်ကန်တဲ့ဝိညာဉ်ရေးအသက်တာကို ရွေးချယ်ရမယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ဖြစ်ဖို့ ဘုရားသခင်ရဲ့အိမ်ထောင်စု ဝင်များဖြစ်ရမယ်။ တတိယမေးခွန်းကို ဆက်မေးဖို့ ဖြစ်တယ်။ ဘုရား သခင်ရဲ့အိမ်ထောင်စုဝင်များဖြစ်လာဖို့ ဘယ်လိုလုပ်ရမှာလဲ။ မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်မှာလဲ။ ဒီမေးခွန်းကိုဖြေဖို့ ယာကုပ်ရဲ့ အတွေ့ အကြုံက အထောက်အကူဖြစ်မယ်။
အသစ်တစ်ဖန်အစပြုခြင်း
ဒုတိယအမြွှာညီနောင် မွေးဖွားလာတဲ့အခါ ယာကုပ်လို့နာမည် ပေးတယ်။ သူ့နာမည်ရဲ့အဓိပ္ပါယ်က “လူလိမ်လူညာ” “လှည့်ဖြားတဲ့လူ” ဖြစ်တယ်။ ဒီအတိုင်းပဲ သက်သေပြခဲ့တယ်။ သူ့အစ်ကိုထံမှ ခိုးယူတယ်။ အသက်ကြီးရင့်ပြီး မျက်စိကွယ်နေတဲ့ အဖေကြီးကို လိမ်ညာခဲ့တယ်။ အဲဒီ နောက်သေခြင်းကနေ လွတ်မြောက်အောင်ထွက်ပြေးရတယ်။ အလွန် ချစ်တဲ့ မိခင်ကြီးနဲ့ထာဝရခွဲခွာခဲ့ရတယ်။
ညမိုးချုပ်တဲ့အထိ ဆက်၍သာပြေးနေတော့တယ်။ အပြင်ဘက် မှာ မှောင်နေပြီးဖြစ်တယ်။ သို့သော် အတွင်းဘက်တွင် ပို၍ မှောင်နေ တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စိတ်က ညဉ့်အချိန်ရောက်နေပြီး ဖြစ်တဲ့အတွက်ပါပဲ။ ယာကုပ်သည်အတိ ဒုက္ခရောက်နေပြီး သူ့ကိုယ်သူ အလွန်စိတ်ပျက်မိတယ်။ မကောင်းမှုပြုလုပ်ခဲ့တဲ့အတွက်နဲ့ သူ့ရဲ့အပြစ် ကြောင့် ပူပင်သောကကို ခံစားနေရပြီးဖြစ်တယ်။ အသစ်ပြန်စဖို့ တောင့် တမိတယ်။ သူဟာ တခြားလူတစ်ယောက်ဖြစ်ရင် ဘယ်လောက်ကောင်း မလဲလို့ ဆန္ဒပြုမိတယ်။
ကျွန်ုပ်တို့လည်း ထိုကဲ့သို့ တစ်ခါတစ်ရံခံစားခဲ့ဖူးသလား။ ကျွန်ုပ် တို့ တည်ငြိမ်တဲ့အချိန်၊ တိတ်ဆိတ်တဲ့အချိန်၊ အိပ်မရတဲ့ညအချိန်၊ တစ်ဦး တည်း ငြိမ်သက်စွာ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်တဲ့အခါ အားလုံးအစက ပြန်လည်စဖို့နက်ရှိုင်းတဲ့ စိတ်ဆန္ဒမဖြစ်ပေါ်လာဖူးလား။ သတင်းကောင်း ကတော့ ဒီလူငယ်က ဘုရားသခင်ကိုစိတ်ပျက်စေခဲ့သော်လည်း ကိုယ် တော်သည် ယာကုပ်ကိုမေ့လျော့စွန့်ပစ်ခြင်းမပြုလုပ်ပါ။ မြေပေါ်မှာလှဲချ ပြီးအိပ်စဉ် မျှော်လင့်ခြင်းရှိတဲ့ အိပ်မက်ကိုမက်ခဲ့တယ်။ မြေကြီးမှ ကောင်း ကင်တိုင်လှေကားကို သူမြင်မက်တယ်။ ဘုရားသခင်ရဲ့ ကောင်းကင် တမန်တွေကို မြင်တယ်။ သူတို့ရဲ့အသံများကိုလည်း ကြားရတယ်။ ဘုရား သခင်ရဲ့ ကတိတော်ကိုလည်း နားထောင်ရတယ်။ ဘုရားသခင်ရဲ့အကန့် အသတ် မရှိတဲ့ချစ်ခြင်းအတွက် အတွင်းစိတ်ကြည်နူးမှုကို ခံစားရတယ်။ နောက်နေ့နံနက်ချိန်မှာ ထွက်ပြေးတိမ်းရှောင်သူသည် ခါရန်အရပ်သို့ခရီး ဆက်ထွက်ခဲ့တယ်။အဲဒီအရပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အနှစ်(၂ဝ)တိုင် ကြာခဲ့တယ်။ ငွေကြေးအရ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သော်လည်း ဝိညာဉ်ရေးအရသူသည် သူဆင်းရဲပင်ဖြစ်တယ်။ သူ့ရဲ့နက်ရှိုင်းတဲ့ အတွင်း ပိုင်းမှာ လူလိမ်လူညာ၊ လှည့်ဖြားသူ၊ မရိုးသားတဲ့ယာကုပ်ဖြစ်မြဲဖြစ်စဉ်ပါ။ အခြားအချိန်များထက် အခုသူဟာ အသစ်ပြန်စရန် လိုအပ်နေပြီးဖြစ် တယ်။
သူရဲ့ယောက္ခမကြီးရဲ့ဉာဏ်ဆင်ထားတဲ့အကြံအစည်တွေကြောင့်
ပင်ပန်းလာတဲ့အခါ ယာကုပ်သည် လာဗန်ထံမှ ထွက်ပြေးလွတ်မြောက်ခဲ့ ပြီး ကလဲ့စားချေမဲ့ အစ်ကိုကို ရင်ဆိုင်ဖို့ ပြင်ဆင်မှုများလုပ်နေတယ်။ သို့သော် စေတမန်ရဲ့ သတင်းဆိုးက “ဧသောလာနေပြီ၊ ရောက်ချိန်မနက် ဖြန်။ တပ်အင်အား---လေးရာ။” ယာကုပ်ထိတ်လန့်တုန်လှုပ်သွားသည်။ စစ်တိုက် ရန်ပြင်ဆင်မှုမရှိလို့ ကောင်းကင်ရဲ့အကူအညီကို လိုမယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူဟာ၊ ဘုရားသခင်နဲ့သင့်မြတ်မှုမရှိဘဲ ဒီအကူ အညီကို ဘယ်လို တောင်းခံလို့ရမှာလဲ။ ဒါကြောင့်သူ့အသက်တာမှာ ပထမဦးဆုံးအကြိမ် ကယ်တင်ခြင်းရဖို့ အလေးအနက် ဖြစ်လာတယ်။ ထိုညမှာပဲ ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ဖို့လုပ်ရန် ဆုံးဖြတ်လိုက် တယ်။ ထိုနောက်အမှောင်ထုထဲမှာ ကယ်တင်ရှင်နဲ့တစ်ဦးတည်းရှိရန် ထွက်သွားတော့တယ်။ နောက်ဆုံးယာကုပ်သည် မှန်ကန်တဲ့ ရွေးချယ်မှု ကို ပြုလုပ်လိုက်ပြီဖြစ်တယ်။
ထိုမေ့ပျောက်နိုင်မှုမရှိတဲ့ညမှာ ယာကုပ်သည် အထူးအဓိပ္ပါယ် ရှိတဲ့ ခြေလှမ်းသုံးလှမ်းကိုလှမ်းခဲ့တယ်။ ပထမခြေလှမ်းက သခင်ယေရှုနဲ့ တွေ့ဆုံခြင်းဖြစ်သည်။ အမှောင်ထုထဲတွင် တစ်ယောက်တည်းရပ်နေစဉ် ဒီထွက်ပြေး တိမ်းရှောင်သူ၏ပခုံးပေါ် လူ့လက်ထိတွေ့မှုကို ခံစားရတယ်။ ရန်သူလို့ ထင်မှတ်ပြီး စတင်တိုက်ခိုက်တော့၏။ သို့သော် ရန်သူမဟုတ် ပါ။ မိတ်ဆွေဖြစ်နေတယ်။ ထိုသူသည် လူတစ်ဦးနှင့်တူသည်ဟု ဆို၏။ (က ၃၂း၂၄) သူသည် ဘုရားသခင်ဖြစ်သည်။ (ငယ် ၃၀) လူ-ဘုရားသခင် ယေရှု ဖြစ်တယ်။ အံ့ဩဖွယ်ကောင်းသောယေရှုသည် ကောင်းကင်ဘုံ ဗိမာန်မှ စကြဝဠာများ၊ ကြယ်များကို ဖြတ်သန်းကျော်လွှားပြီး ပါလတိန တိုင်းရှိ လူတစ်ဦး တစ်ယောက်၏ အသက်တာကို ပြောင်းလဲရန် ဆင်း သက်လာခြင်းဖြစ်သည်။ ခရစ်တော်သည် ယခုလည်း ထိုနည်းတူပင်။ မည်သူမဆိုသူနှင့်တွေ့လိုပါက လာရောက်တွေ့ဆုံမှာဖြစ်တယ်။ ဘယ် အချိန်၊ ဘယ်နေရာမဆိုတွေ့ဆုံမှာ ဖြစ်တယ်။
ရုတ်တရက်ထိုသူသည် စကားစတင်ပြော၏။ “ငါ့ကိုလွှတ်ပါ။ မိုး လည်းလင်းဆဲရှိပြီ” (ငယ် ၂၆) ဟုဆို၏။ ကယ်တင်ရှင်စကားပြောစဉ် အပြစ်သား နားထောင်လျက်ရှိသည်။ ယာကုပ်ရဲ့ ဒုတိယခြေလှမ်းက သခင်ယေရှုရဲ့ပြောတာကို နားထောင်ခြင်းပဲဖြစ်သည်။ ကျွန်ုပ်တို့ကို လည်း ယနေ့ဘယ်ကဲ့သို့ပြောပါသလဲ။ သူ့နှုတ်စကားသည် ကျမ်းစာပင် ဖြစ်သည်။ ကျမ်းစာတော်မြတ်ထဲတွင် ခရစ်တော်သည် ကျွန်ုပ်တို့ကို တိုက်ရိုက်စကားပြောဆိုသည်။ (ယော ၅း၃၉)။
ယာကုပ်က လျင်မြန်စွာ ပြန်ပြောသည်။ “ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းချီးမပေးလျှင် မသွားရဆို၏” (ငယ် ၂၆)။ ဤအရာ သည် ဆုတောင်းခြင်း၊ ယေရှုနှင့်စကားပြောခြင်းပင်ဖြစ်သည်။ ယာကုပ် ၏ ဆုတောင်းခြင်းသည် စိတ်ထက်သန်ပြီး ဇွဲကောင်း၏။ သူအမှန် တကယ်ပဲ တောင်းဆိုနေတယ်။ “အကျွန်ုပ်ကိုကူညီပါ။ အခုပဲကူညီပါ။ ကောင်းချီးပေးပါ။ အသက်တာကိုလည်းပြောင်းလဲပေးပါ။ ကယ်မတော်မူ ပါ။ စိတ်ချပါရစေ။ အကျွန်ုပ်ကို ပြန်လည်မဖြေမကြားချင်း၊ ဒူးထောက်နေ မယ်။” ဤအရာသည် ယာကုပ်၏ တတိယခြေလှမ်းဖြစ်သည်။ သူသည် ယေရှုနှင့် စကားပြောသည်။
အံ့ဖွယ်နိမိတ်
ထိုနောက် အံ့ဖွယ်ကောင်းသော နိမိတ်လက္ခဏာတစ်ခုဖြစ်ခဲ့ သည်။ ယာကုပ်၏အသက်တာပြောင်းလဲခြင်းပင်ဖြစ်သည်။ သူဘယ်လိုမှ ဖေါ်ပြလို့မရ၊ သို့သော် တွေ့ကြုံခံစားရတယ်။ ဘုရားသခင်၏လုပ်ရပ်ဖြစ် သည်။ “သင်၏အမည်ကား အဘယ်သို့နည်း” ဟုကယ်တင်ရှင်မေးသည်။ “ယာကုပ် လူလိမ်လူညာ၊ လှည့်စားသူ” ဟု အပြစ်သားက ဖြေဆိုတယ်။ “မင်းနာမည်ကို ငါပြောင်းလိုက်မယ်။” ကယ်တင်ရှင်ပြောသည်။ “မင်း နာမည်ကို ယာကုပ်လို့မခေါ်ရ၊ ဣသရေလလို့ခေါ်ရမယ်။ မင်းက ဘုရား သခင်နဲ့ လူနဲ့ပြိုင်ပြီး အနိုင်ရတဲ့အတွက်ဖြစ်တယ်။” (ငယ် ၂၈) လို့ပြောဆို ကောင်းချီးပေးခဲ့သည်။
နာမည်အသစ်၊ စရိုက်အသစ်၊ အသက်တာသစ်၊ သူခိုး၊ လူလိမ် လူညာမဟုတ်တော့ပါ။ လှည့်စားသူလည်း မဟုတ်တော့ပြီ။ သူ၏အသက် တာ ပြောင်းလဲခဲ့ပြီ။ ထိုအချိန်နာရီမှာပင် သူသည် ဖြောင့်မတ်သူ၊ ရိုးသားသူဖြစ်ခဲ့ပြီ။ သူ၏စိတ်နှလုံးသည်မဖေါ်ပြနိုင်သောပီတိဝမ်းမြောက် မှုနှင့်လည်းကောင်း၊ နားမလည်နိုင်သောငြိမ်သက်ခြင်းနှင့်လည်းကောင်း ပြည့်ဝလျက်ရှိသည်။ သူသည် ဘုရားသခင်၏ အိမ်ထောင်စုဝင်တစ်ဦး ဖြစ်ခဲ့ပြီ။ သူသည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကိုရခဲ့ပြီ။
ထိုအံ့ဖွယ်ကောင်းသော နိမိတ်လက္ခဏာသည် ယနေ့တစ်ဖန်ဖြစ် လျက်ရှိသည်။ ဘယ်ကဲ့သို့ဖြစ်သလဲ။ လျှို့ဝှက်ချက်သည် လူ၏ ဦးနှောက် ကို ဘုရားသခင်သည် ခွဲစိတ်ကုသခြင်းပင်ဖြစ်သည်။ သူသည် ဝိညာဉ် ရေးခွဲစိတ်မှုပြုသည်။ သူသည် “စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟုဆိုသည်။ (ရောမ ၁၂း၂)။
အံ့သြစွာဖြင့် သူသည် အကျင့်စရိုက်ကိုပြောင်းလဲပြီး တွေးခေါ်မှ ပုံစံကိုပြုပြင်လိုက်သည်။ အံ့သြစွာဖြင့် သူသည် အတွေးအခေါ်သစ်ကို ပေးပြီး နေထိုင်မှုစနစ်သစ်ကိုလည်း ဖန်တီးပေးသည်။ လိုအင်ဆန္ဒအသစ်၊ ကြင်နာခြင်းအသစ်၊ စိတ်နိုးကြွမှုအသစ်၊ ဆုံးဖြတ်ချက်အသစ်များကို လည်း ဝိညာဉ်တော်မှုတ်သွင်းခွန်အားပေးခဲ့တယ်။
ထူးဆန်းအံ့သြစွာဖြင့် ခိုးသူသည် ရိုးသားလာသည်။ လိမ်ညာသူ သည် ဖြောင့်မတ်မှန်ကန်လာသည်။ ညစ်ညမ်းသူသည် သန့်ရှင်းလာ သည်။ မူးယစ်သူသည် မသောက်တော့ပြီ။ ဆေးလိပ်စွဲသူသည် မသောက် တော့။ ဆဲဆိုသူသည် မဆဲတော့ပြီ။ အံ့သြစွာဖြင့် မူးယစ်ဆေးများနှင့် အဆက်ပြတ်ပြီ၊ ညစ်ညမ်းမှုမှ လွတ်ငြိမ်းပြီ၊ လောကပျော်မွေ့ခြင်းမှ အောင်မြင်ပြီ။ ဝါကြွားသူသည် နှိမ့်ချ၏။ ကြမ်းကြုတ်သူသည် ကြင်နာယု ယ၏။ ဂရုမပြုသူသည် စောင့်မတတ်၏။ ဤကဲ့သို့သော တွေ့ကြုံခံစား ခြင်းသည် “စိတ်နှလုံးအသစ်” ဟု ခေါ်သည်။ (ယေဇကျေလ ၃၆း၂၆)။ ဦးနှောက်သည် စာတန်၏ဆိုးသွမ်းသော ဝိညာဉ်၏ချုပ်ထိန်းမှုအောက် တွင်မဟုတ်ဘဲ ယေရှု၏ သန့်ရှင်းသော ဝိညာဉ်တော်အောက်တွင်ရှိသဖြင့် ဦးခေါင်းသည် အမှန်တကယ်အသစ်ဖြစ်လေတော့သည်။
ဘုရားသခင်၏အိမ်ထောင်စု
ယာကုပ်သည် အလွန်တရာပင် သနားဖွယ်ရာဖြစ်၏။ သူသည် အဘယ်ကြောင့် ကြာမြင့်စွာ စောင့်ဆိုင်းနေပါသနည်း။ စိတ်ညစ်ဖွယ် ကောင်းသည့်အနှစ် (၂ဝ)။ ထိုနောက်တစ်ညတည်း၌ပင် အောင်မြင်ခြင်း ကိုရရှိခဲ့သည်။ တစ်နာရီအတွင်း ဘုရားသခင်၏ အိမ်ထောင်စုဝင် ဖြစ်ခဲ့ သည်။ ဘာကြောင့် ဒီလောက်ကြာအောင် စောင့်ဆိုင်းနေပါသလဲ။ ဘာကြောင့် ဆက်လက်စောင့်ဆိုင်းဦးမှာလဲ။ အောင်မြင်ခြင်းကို ယနေ့ ကျွန်ုပ်တို့ရရှိနိုင်တယ်။ ယခုအချိန်နာရီသည် အသက်တာ၏ အကောင်း ဆုံးအချိန်ဖြစ်နိုင်တယ်။
မြင့်မြတ်သော အမှန်တရားသည် အိမ်ထောင်ဖက်လောင်းနှစ်ဦး တို့၏ အသက်တာကို ခရစ်တော်ထံသို့အပ်နှံပါက နေထိုင်မှုအတွေ့အကြုံ အသက်တာသည် ပြောင်းလဲပြီး ဘုရားသခင်၏ အိမ်ထောင်မိသားစုဝင် များဖြစ်လာမည်ဖြစ်ခြင်းတည်း။ သူတို့သည် အိမ်ထောင်ပြုခြင်းအမှု၏ အရေးကြီးသော ဖက်စပ်ခြင်းအရာကိုရရှိပြီးဖြစ်သည်။
အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်တိုင်းသည် ခရစ်တော်နဲ့ စာတန်ကို အနိုင်ရ တိုက်ခိုက်တဲ့စစ် မြေပြင်ဖြစ်ခြင်းကြောင့် ဖြစ်တယ်။ အိမ်ထောင်ဖက်တိုင်းသည် သခင် တစ်ဦး (သို့မဟုတ်) အခြားတစ်ဦး၏ သစ္စာခံစစ်သည်ဖြစ်ရမည်သာ ဖြစ် ၏။ ပေါင်းဖေါ်ဖက်နှစ်ဦးစလုံးသည် စာတန်၏ အစေဖြစ်သော် ထိုအိမ် သည် စာတန်၏ ပိုင်နက်ဖြစ်ပြီး မဆုံးနိုင်သော စိတ်ဆင်းရဲမှုများနှင့် ရင် ဆိုင်ရမည်ဖြစ်သည်။ ပေါင်းဖေါ်ဖက်တစ်ဦးသည် ခရစ်တော်ကို သစ္စာ ခံပြီး အခြားတစ်ဦးမှာ စာတန်ကို သစ္စာခံသော် ပြိုင်ဆိုင်တိုက်ခိုက်မှုသည် မပြတ်စဲဘဲရှိနေမည်။ သို့သော် ဇနီးမောင်နှံ နှစ်ဦးစလုံးသည် သခင်ယေရှု ကို အပ်နှံပါက စာတန်သည် ရှုံးနိမ့်ပြီး အိမ်ထောင်မိသားစုသည် ဘုရား သခင်၏ အိမ်ထောင်မိသားစုဝင်အဖြစ် ပေါ်ထွက်လာမည်။ ထို့နောက် ထိုအိမ်ထောင်သည် ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်းတို့နှင့် ပြည့်ဝ သောနေရာဖြစ်မည်။ ဤအရာသည် ထိမ်းမြားမင်္ဂလာတိုင်း၏ ပန်းတုံး တိုင်မဟုတ်ပါ၏လော။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment