- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၂၂) သင့်ရင်သွေးရတနာ
သူငယ်အကြောင်းနှင့်ပတ်သက်ပြီး ညွှန်ပြသည့်အရာအားလုံး သည် သာမန်ကလေးတစ်ယောက်မဟုတ်ကြောင်းကို သက်သေပြနေ သည်။ မြုံနေသောမိခင်၏ဝမ်း၌ ပဋိသန္ဓေစွဲယူရရှိရန် အထူးကောင်းချီး မင်္ဂလာကို ခံစားရရှိခဲ့သည်။ မွေးဖွားလာမည့်အကြောင်း ကြေညာရန် အထူးကောင်းကင်တမန်တစ်ပါးကို ဤကမ္ဘာမြေပေါ်သို့ စေလွှတ်ခဲ့သည်။ ၎င်း၏မိခင်သည် သူငယ်အား ပြုစုစောင့်ရှောက်ရန်၊ ဆောင်ရန်၊ ရှောင်ရန် တို့အတွက် အထူးညွှန်ကြားချက်များလက်ခံရရှိခဲ့သည်။ သူသည် ထူးကဲ သည့်သန္နိဌာန်ကို ခံယူရမည်။ နာဇရိ လူဖြစ်ရမည်ဟူသော အဓိဌာန် ပြုခြင်းကို ခံယူရမည်ဖြစ်သည်။ သူ၏လူများကို ကယ်တင်ရန် အထူး တာဝန်ကိုပေးအပ်ခြင်းခံရသောသူဖြစ်၏။
တာဝန်ယူမှု
မာနော်၏ဇနီးသည်သည် မိခင်တစ်ဦးဖြစ်လာမည်ကို သိရှိသော အခါ အလွန်ဝမ်းမြောက်ခြင်းနှင့်ပြည့်လျှံလျက်ရှိသည်။ သို့သော် သူမ၏ လင်ယောက်ျားအား ထိုသတင်းကောင်းကို ပြောကြားခဲ့ရာ ဝမ်းမြောက် ခြင်းရှိသော်လည်း စိတ်တွင်း၌ကျေနပ်မှုမရှိချေ။ သူသည် သတင်းယူ ဆောင်လာသော ကောင်းကင်သားနှင့် ကိုယ်တိုင်ပြောကြားလို၏။ ထို ကြောင့် သူသည် ဤကဲ့သို့ဆုတောင်း၏။ “အိုဘုရားသခင်၊ အကျွန်ုပ်သည် ဖွားမြင်လတ္တံ့သောသူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန် တော်သည် တစ်ဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရားသခင် အား တောင်းလျှောက်ခဲ့သည်။” (တရား ၁၃း၈)။
မာနော်သည် ဖခင်ဝတ်ကိုလေးနက်စွာခံယူသူတစ်ဦးဖြစ်ကြောင်း ချီးကျူးခြင်းခံရသူဖြစ်မည်။ သူ၏တွေးခေါ်မှုသည် မိဘဝတ်သည် မိခင် တစ်ဦးတည်း၌သာ ပြုရမည့်အလုပ်မဟုတ်ဟု ခံယူသည်။ ဖခင်၏တာဝန် ဝတ္တရားလည်းဖြစ်သည်ဟု ခံယူသည်။ အကျိုးဖြစ်ပေါ်မှုအကြောင်း ကြောင့် သူသည် မိဘဝတ်ကိုပြုရန် ကိုယ်တိုင်ပါဝင်နိုင်ခွင့်ကို အစဦးက ပင် တောင်းခံခဲ့ပါသည်။ ဤဖခင်၏ ပါဝင်ပတ်သက်မှုကို ဘုရားသခင် သည် နှစ်သက်တော်မူ၍ ကောင်းကင်တမန်ကို ပြန်လည်စေလွှတ်တော် မူခဲ့သည်။ မိန်းမသည်လည်း မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍ စိတ်လှုပ်ရှားခြင်းဖြင့် လင်ယောက်ျားအား “တစ်နေ့က လာရောက်သော သူသည် ပြန်ရောက်ပြီး” ဟုဆို၏။ (တရား ၁၃း၉)။ ထိုနောက် မာနော် သည် ကောင်းကင်တမန်နှင့် စကားပြောလေတော့သည်။
ယနေ့လူ့ဘောင်အဖွဲ့အစည်းတွင် အရေးကြီးဆုံးသော လိုအပ် ချက်သည် ပါဝင်ပတ်သက်မှု၊ စိုးရိမ်ပူပန်မှုရှိသော မိဘများဖြစ်သည်။ များ စွာသော အတွဲများသည် မိဘဝတ်ကိုပြုခြင်းအမှုသည် လိမ်ညာခြင်း၊ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို အဟန့်အတားဖြစ်ခြင်းဟု မြင်ကြ သည်။ ဤစိန်ခေါ်မှုသည် အလုပ်လုပ်သောမိခင်တစ်ဦးအား ပို၍အကျပ် ရိုက်စေပါသည်။
သို့သော် ဖခင်နှင့်မိခင်တိုင်းသိရှိရန် လိုအပ်သည့်အချက်မှာ မွေး ကင်းစကလေးတစ်ဦးကို လူလားမြောက်သည့်အထိ ပြုစုပျိုးထောင်ခြင်း၊ သူငယ်သည် ဤအသက်တာ၌ နေရာမှန်ကို ရရှိရန်ပြုစုခြင်း၊ ထိုနောက် ထာဝရအသက်၏ချမ်းသာသုခကို နှစ်သက်ပျော်မွေ့မှုကိုပေးခြင်း စသည် တို့ကိုရရှိအောင် ဆောင်ရွက်ခြင်းသည် မွန်မြတ်သောကိုးစားဂုဏ်ပြုခြင်း ပင်ဖြစ်သည်။
မိဘတို့၏ကြည့်ရှုစောင့်ရှောက်ခြင်း
မျက်မှောက်ခေတ်ဆေးသိပ္ပံပညာများ ရှာဖွေတွေ့ရှိခြင်း မပြုမီ မိဘတို့ ကြည့်ရှုစောင့်ရှောက်ခြင်း၏ အရေးကြီးပုံကို သမ္မာကျမ်းစာတော် မြတ်တွင် ရှင်းလင်းစွာဖေါ်ပြထားသည်။ ဤမိခင်လောင်းကား၊ ထာဝရ ဘုရားသခင်ညွှန်ကြားသည်မှာ “သို့ဖြစ်၍သတိပြုလော့၊ စပျစ်ရည်ကို မသောက်နှင့်။ သေရည် သေရက်ကို မသောက်နှင့်၊ မစင်ကြယ်သော အစာကိုမစားနှင့်” (တရား ၁၃း၄)။
ယနေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မမွေးသေးသည့် ကလေးငယ်တို့၏ ကိုယ်ကာယလိုအပ်ချက်များကို ဖြည့်စွက်ဖို့အာရုံစိုက် သတိရှိရန် လိုအပ်သည်။ ကောင်းသောအာဟာရစားသုံးခြင်း၊ သေရည် သေရက်၊ ဆေးလိပ်၊ မူးယစ်ဆေးစသည်တို့ကို ရှောင်ရှားခြင်း စသည့် အကြောင်းအရာများသည် ကောင်းသောမိဘများ၏ ကျင့်ဝတ်အစိတ် အပိုင်းများဖြစ်သည်။ မိခင်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းအရေး ကြီးပုံကို လူ့အဖွဲ့အစည်းများမှ သတိပြုလာကြသည်။ မိခင်၏စိတ်တည် ငြိမ်မှုသည် ကလေး၏ကိုယ်ရည်ကိုယ်သွေးကို သက်ရောက်မှုပြုသည်။
သို့သော် ထိုထက်လွန်သော် မမွေးသေးသောကလေးသည် မိခင် ၏ ဝိညာဉ်ရေးဆိုင်ရာ တွေ့ကြုံခံစားမှုများဖြင့် သြဇာသက်ရောက်ခြင်း ခံရသည်။ ဘုရားသခင်နှင့်သော်လည်းကောင်း၊ စာတန်နှင့်သော်လည်း ကောင်း သူမ၏ ထိတွေ့ဆက်သွယ်မှုသည် သန္ဓေသားအပေါ် သြဇာ သက်ရောက်မှုရှိသည်။ ကောင်းသောကိုယ်ကျင့်သိက္ခာ၏ တန်ဖိုးကို ဂရု ပြုလေးစားခြင်း (သို့မဟုတ်) ပမာမထားခြင်းသည် သူငယ်စိတ်ပေါ်တွင် စွဲငြိစေမည်ဖြစ်သည်။ သူမသည် အလိုဆန္ဒရှိပါက “အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။” (လုကာ ၁း၁၅)။
မာနော်နှင့်ဇနီးသည် မိမိတို့၏ရင်သွေးငယ်ကလေးသည် ၎င်းတို့ ၏ ထူးကဲသောရတနာဖြစ်သည်ကို သိရှိမှတ်ယူသည်။ သူငယ်သည် ကံကြမ္မာကိုဖန်တီးသူ၊ ရည်ရွယ်ချက်ရှိသူတစ်ဦးဖြစ်၏။ ဤလေးနက် သောအချက်ကို သတိပြုခြင်းဖြင့် မမွေးမီနှင့်မွေးဖွားပြီးနောက် လေ့ကျင့် မှုတို့အပေါ် သြဇာသက်ရောက်စေသည်။ ဘုရားသခင်ပေးသည့် ကံကြမ္မာ ကို အထူးသိရှိရန် မိဘနှစ်ပါးသည် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီးတစ်နှစ် သူငယ်အား လှုံ့ဆော်တိုက်တွန်းအားပေး လျက်ရှိလေ၏။
ပြိုင်ဘက်ကင်းခြင်း
ရှံဆုန်သည် ကြီးပြင်းလာရာ သူသည် သာမန်လူငယ်မဟုတ်၊ ထူး ခြားသည်ကို လူတိုင်းသိရှိကြ၏။ အရပ်အမောင်း၊ ဖောင်းကားစူထွက် လျက်ရှိသောလက်မောင်းသား၊ ဆုပ်ကိုင်သည့်လက်အား၊ ရှည်လျားသော ခြေလှမ်း စသည်တို့သည် ပြိုင်ဘက်မရှိကြောင်း မငြင်းဆန်နိုင်သော သက်သေများ ဖြစ်သည်။ ဤသူငယ်သည် အနာဂတ်ရှိသူ၊ တာဝန်နှင့် ကံကြမ္မာဖန်တီးသူ ဖြစ်သည်မှာ ထင်ရှား၏။
သူ၏မွေးဖွားခြင်းကို မည်သည့်ကောင်းကင်တမန်မှ ကြေညာ ခြင်းမပြုသော်လည်း ကလေးတိုင်းပဋိသန္ဓေစွဲယူခြင်းအမှုသည် သန့်ရှင်း သည့်လက္ခဏာနှင့် နက်နဲသော လျှို့ဝှက်ချက်ဖြစ်၏။ ကလေးတိုင်းသည် ထူးကဲသည့်ရတနာများဖြစ်၏။ သူငယ်သည် ခွန်အားကြီးခြင်း၊ အသိ ဉာဏ်ပညာထက်မြက်ခြင်း၊ ထူးချွန်သည့်ပါရမီရှင် စသည်တို့မဖြစ်သော် လည်း သူငယ်တိုင်းသည် ထူးကဲသောရတနာများဖြစ်သည်မှာမလွဲပင်။
ယောက်ျားလေးတိုင်း၊ မိန်းကလေးတိုင်းသည် မတူသောသီးခြား အမှတ်ကိုယ်စီရှိ၏။ ဤကမ္ဘာဂြိုဟ်ပေါ်ရှိ သန်းထောင်ပေါင်းငါးရာကျော် လူများသည် အသံတူ၊ လက်ဗွေတူ၊ မျက်နှာတူ၊ ကိုယ်ရည်ကိုယ်သွေးမတူ မရှိ၊ အမြွှာပူးမှလွဲပြီး DNA တူသည်မရှိပါ။
ဆာလံဆရာသည် ဤထူးဆန်းလှသောအတွေးဖြင့် အံ့သြလျက် ဤကဲ့သို့ဆို၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ကပ်ကိုပင် ဖန် ဆင်း၍ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။ မထင်ရှားသောအရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း၍ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူ သောအခါ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏။ မစုံလင်သေးသောအကျွန်ုပ်၏ အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီ ကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင် မှတ်သားလျက် ရှိကြ ပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။” (ဆာလံ ၁၃၉း၁၃-၁၇)။
မိမိကိုယ်ကိုတန်ဖိုးထားခြင်း
ကလေးများ၏ထူးခြားမှုကိုသိရှိရန် မိဘများ မည်ကဲ့သို့ကူညီမည် နည်း။ သူတို့၏ကံကြမ္မာကို ဖြည့်ဆည်းပေးရန် မည်ကဲ့သို့ကူညီမည်နည်း။ အကြောင်းအရာ (၆) ချက်ကို အောက်တွင်ဖေါ်ပြထားသည်။
သင်၏ကလေးကိုလက်ခံပါ။
အချိန်မတန်မီမွေးဖွားခြင်း၊ လိင်၊ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ဇနီး၊ ယောက်ျား၏ မုန်းတီးသောလက္ခဏာအသွင်နှင့်တူခြင်း စသည်တို့သည် တစ်ခါတစ်ရံ ကလေးကို ငြင်းပယ်သော အကြောင်းအရာများဖြစ်သည်။ ကလေးသူငယ်ပင်လျှင် ၎င်းတို့ကိုလက်ခံခြင်းနှင့် ငြင်းပယ်ခြင်းကို ခွဲခြား သိရှိနိုင်သောစွမ်းရည်ရှိသည်။ ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ မိဘများသည် လောကတွင် တန်ဖိုးအကြီးဆုံးဖြစ်သည်ဟု ယူဆသဖြင့် မိဘများသည် ၎င်းတို့ ကလေးအပေါ် ထင်မြင်ချက်သည် ကလေးများ မိမိကိုယ်ကို ဘယ်ကဲ့သို့ မြင်သည့်အပေါ် သြဇာသက်ရောက်မှုရှိမည် ဖြစ်၏။ အကယ်၍ သူငယ်သည် ငြင်းပယ်ခြင်းကို ခံစားရသော် သူ၏ အသက်တာတစ်လျှောက် စိတ်တွင်အမာရွတ်ကျန်ခဲ့မည်ဖြစ်၏။ များစွာ သောရာဇဝတ်ကောင်များသည် ဤအချက်ကို သက်သေခံသည်။ ထိုကြောင့် သူငယ်သည် ၎င်းအားလက်ခံကြောင်းသိရှိရန်မှာ မိဘနှစ်ပါး နှင့်ကလေး၏ ရှေ့ရေးကောင်းစားမှုအတွက် သေရေးရှင်ရေးကဲ့သို့ အရေး ကြီးလှပါသည်။ ကလေးသူငယ်များသည် မိမိကိုယ်ကို တန်ဖိုးရှိကြောင်း ခံစားခြင်း၊ မိဘများလည်း ၎င်းတို့၏သားသမီးများကို အထူးတန်ဖိုးထား ရှိရန် အလွန်အရေးကြီးသည်။
သင့်ချစ်ခြင်းကိုဖေါ်ပြပါ
များစွာသောကလေးသူငယ်တို့သည် ချစ်ခင်ယုယခြင်းကင်းမဲ့စွာ ဖြင့် ကြီးပြင်းလာကြသည်။ သတိရသင့်သည့်အချက်မှာ သူငယ်တိုင်း၏ အရေးကြီးဆုံးသောလိုအပ်ချက်မှာ ချစ်ခြင်း၊ တန်ဖိုးထားခြင်း၊ စိတ်ရွှင် လန်းစေခြင်းတို့ဖြစ်၏။ သို့သော် တချို့သောမိဘများသည် ဤအချစ်ကို ပိုင်ဆိုင်လျက်ပင် မိမိတို့၏ ကလေးများအားဖေါ်ပြရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ မိဘတို့သည် မိမိ၏ကလေးသူငယ်အား အထူးပျော်ရွှင်လန်း ဆန်းမှုခံစားစေရန် အရေးကြီးဆုံးသောအရာသည် ၎င်းတို့အပေါ်ချစ်ခြင်း ဖေါ်ပြရန်ဖြစ်သည်။
“မင်းကိုချစ်တယ်” ဆိုသည့် တန်ဖိုးရှိလှသောစကားကို မိမိတို့ ကလေးများအား ထပ်တလဲလဲပြောရန်ဖြစ်သည်။ မဿဲ ၁၃:၃၃ တွင် သခင်ယေရှုသည် တဆေးနှင့် ပုံပမာပြထားသည်။ “အခြားသောဥပမာ စကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့် သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။” (မဿဲ ၁၃း၃၃)။ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မသိမြင်နိုင်ဘဲ တဆေးသည် မုန့်အတွင်းသို့ ထိုးဖေါက်စိမ့်ဝင်ကာ အသွင်သဏ္ဌာန်ပြောင်းစေခဲ့ပါသည်။
အချစ်၏တန်ခိုးသည် ထိုကဲ့သို့ပင်ဖြစ်၏။
ကလေးများနှင့်အတူတကွအချိန်ကိုအသုံးပြုပါ
ယနေ့လောက၌ အလုပ်ခွင်သည် မိဘနှစ်ပါး၏ ကလေးအပေါ် ထားရှိရမည့်အာရုံစိုက်မှုနှင့် အချိန်ပေးမှုကို ယှဉ်ပြိုင်လုယူနေသည်။ ကလေးနှင့်အတူနေရန် အချိန်မရှိခြင်းကြောင့် များစွာသောကလေးများ ထာဝရပျောက်ဆုံးခြင်းကို ခံရသည်။ တန်ဖိုးရှိသော အရာတိုင်းသည် အချိန်ယူဆောင်ရွက်ရ၏။ ကလေးနှင့်အပြုသဘောဆောင်သည့် ဆက် ဆံမှုရရှိရန်အတွက် တန်ဖိုးရှိသည့်အချိန်ကိုလိုအပ်သည်။ ကလေးနှင့် အတူ စကားပြောရန်၊ နားထောင်ရန်၊ သီချင်းဆိုရန်၊ စာဖတ်ရန်၊ ဆုတောင်းရန်၊ ကစားရန်အချိန်ယူရမည် ဖြစ်သည်။ မိဘများသည် ကလေးများ၏ အကောင်းဆုံးမိတ်ဆွေဖြစ်ရမည်။ ထိုကဲ့သို့မိတ်ဆွေဖြစ် ရန် ပေါင်းဖေါ်တတ်ရမည်။ ကလေးနှင့်အတူ တန်ဖိုးရှိသည့်အချိန်ကို အသုံးပြုခြင်းသည် “မင်းဟာငါ့အတွက် အထူးဖြစ်တယ်” ဟု ပြောဆိုခြင်း ကိုပြသသင့်သည်။
ကလေး၏ခွန်အားများကို ပိုမိုလေးနက်အောင်ပြုလုပ်ပါ
ကလေးတိုင်း၌ ခွန်အားနှင့်အားနည်းချက်ဟူ၍ နှစ်မျိုးစလုံးရှိ၏။ ဝမ်းနည်းစွာဖြင့် တချို့ကလေးများသည် ၎င်းတို့၏ အားနည်းချက်ကိုသာ ထောက်ပြခြင်းကိုခံရသည်။ တချို့သောကလေးများမှာ အမည်ဆိုးဖြင့် သမုတ်ခြင်းကိုခံရသည်။ “ငထုံ” “ငအ” “ဦးနှောက်မရှိတဲ့ကောင်” “ဘာမှ အသုံးမကျတဲ့ကောင်” စသည့်နာမည်များဖြင့် ခေါ်ဝေါ်ခြင်းကိုခံရသည်။ မိဘများသည် ထိုကဲ့သို့ ခေါ်ဝေါ်ပြောဆိုမှု အမြဲပြုလုပ်ပါက မကြာမီ ကလေးသည် ထိုသို့ ယုံကြည်သွားမည်ဖြစ်၏။ အလိုအလျောက်ပြည့်စုံ သွားသည့်အနာဂတ်စကား ဖြစ်သွားပေမည်။ ထိုသို့ပြောမည့်အစား ကလေးများ၏အားသာချက်များကို အလေးပေးပြောဆိုသင့်သည်။ တန် ဖိုးထားကြောင်းကိုဖေါ်ပြရမည်။ “မင်းလက်တွေဟာ၊ အလွန်ကျွမ်းကျင် တာပဲ၊ ငါသဘောကျပြီကွ” ကလေးတိုင်းသည် ပန်းနှင်းဆီချုံကဲ့သို့ဖြစ်၏။ ဆူးများရှိသကဲ့သို့ ပန်းပွင့်များလည်း ရှိ၏။ အချိန်ယူကာ နှင်းဆီပန်းရနံ့ကို နမ်းရှုပ်ကြည့်ကြပါစို့။ “သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ် သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း-----နှလုံးသွင်းကြလော့” (ဖိလိပ္ပိ ၄း၈)။
မတူညီသောကလေးသူငယ်များသည် ပညာသင်ကြားရေး၊ စက်မှု လက်မှုနည်းပညာ စသည့်နယ်ပယ်တို့တွင် မတူညီသည့်အားသာချက်၊ အားနည်းချက်များရှိသဖြင့် မိဘများသည် ၎င်းတို့၏ ကျွမ်းကျင်မှုကို တိုး တက်ဖွံ့ဖြိုးစေရန် အခွင့်အရေးများ ဖန်တီးပေးသင့်သည်။ ကျွန်ုပ်တို့ အလိုရှိသည့်ပုံစံ အတိုင်းတမင်သက်သက် အဓမ္မတိုက်တွန်းသွေးဆောင် ရန် ရှောင်ရှားသင့်သည်။ ထိုသို့ပြုလုပ်မည့်အစား ကလေးသူငယ်တိုင်း၏ အရည်အသွေးပုံစံအတိုင်း ကျွမ်းကျင်မှုရရှိစေရန် စိတ်ရှည်စွာဖြင့် လမ်း ညွှန်ပြသရမည်။
သင့်ကလေးအပေါ်ယုံကြည်မှုပြပါ
တစ်လောကလုံးက သူတို့ကိုသံသယမျက်လုံးဖြင့် မျက်မှောင် ကြုတ်ကြည့်သော်လည်း ကျွန်ုပ်တို့ကလေးများကို ယုံကြည်ခြင်းအပြုံး များပေးသင့်သည်။ သူတို့ကိုယုံကြည်ကြောင်း၊ သူတို့၏ ကြိုးပမ်းမှုများကို ထောက်ပံ့ကြောင်းနှင့် ၎င်းတို့၏အောင်မြင်မှုများကို မျှော်လင့်စောင့်စား ကြောင်း သူတို့အား အသိပေးသင့်သည်။ Fanny J. Crossby သည် ငယ်စဉ်ကလေးဘဝမှစပြီး မျက်စိကွယ်ခဲ့သည်။ သို့သော် သူမ၌ယုံကြည် ခြင်းကို အားပေးသောမိခင်ရှိသည်။ ထိုသို့သော အကျိုးတရားကြောင့် ဤမျက်မမြင်အမျိုးသမီးသည် ဓမ္မတေးသီချင်းပေါင်း (၆ဝဝဝ) ကို ကျွန်ုပ် တို့မျက်စိဖြင့် ကြည့်ကာသီဆိုနိုင်သည်။ ၎င်းတို့ကိုအကောင်းဆုံးခွန်အား ပေးနိုင်သည့် ကျမ်းပိုဒ်များသင်ကြားပေးခြင်းဖြင့် အဖိုးမဖြတ်နိုင်သည့် အမွေကိုပေး၏။ “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောခရစ်တော်အား ဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။” (မဿဲ ၁၉း၂၆)။ “ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့် ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင် ကြ၏။” (ရောမ ၈း၃၇)။
ဘုရားသခင်ရှေ့တော်၌ သင့်ကလေးများ၏တန်ဖိုးကိုသင်ပြပါ
လူတိုင်းသည် ဘုရားသခင်အတွက် ရွှေထက်အဖိုးထိုက်သည်။ (ဟေရှာယ ၁၃း၁၂)။ သူငယ်တိုင်းကို ဘုရားသခင်က “ငါမြတ်နိုးရာဖြစ် သောကြောင့် အသရေရှိပြီ၊ ငါလည်းချစ်၏” ဟုဆို၏။ (ဟေရှာယ ၄၃း၄)။ ထိုကြောင့် သူတို့ကို ဘုရားသခင်က တန်ဖိုးထားကြောင်း သွန်သင်ပေးရ မည်။ ကလေးတို့သည် သူတို့၏တန်ဖိုးကို မေးခဲ့သော် လက်ကိုကိုင်ဆွဲ ကာ ကရာနီကုန်းသို့ခေါ်ဆောင်သွားပါလေ။ သူတို့သည် ကပ်တိုင်ကို ကြည့်စဉ် ယော ၃း၁၆ ကိုဖတ်ခိုင်းပါ။ “သူအပေါင်းတို့” ဆိုသည်မှာ သင့်အားဆိုလိုပါသည်။ ဘုရားသခင်၏ မျက်မှောက်ဝယ် သင်သည် “အထူးဖြစ်သည်။”
လူသတ်မှု
တချို့သောမိဘများသည် ၎င်းတို့မျိုးဆက်များ၏တန်ဖိုးကို သတိ
ပြုမိသော်လည်း မိမိတို့၏ ကလေးများကို တန်ဖိုးမထားသော မိဘများ လည်းရှိ၏။ တစ်အိမ်ထဲတွင်နေသော မိခင်နှစ်ဦး ရှိသည်။ ၎င်းမိခင်နှစ်ဦး သည် (၃) ရက်ကြာပြီး ကလေးကိုယ်စီ ဖွားမြင်ခဲ့သည်။ တစ်ညသောအခါ ၌ သတိမရှိသော မိခင်သည် မိမိကလေးကို အိပ်စဉ် ဖိမိ၍ သေဆုံးခဲ့၏။ ညသန်းခေါင်ယံ အချိန်၌ လူသတ်မှုကျူးလွန်ခဲ့ကြောင်း သိရှိသည့်အခါ သူမသည် ကလေးခြင်းဖလှယ်လိုက်သည်။ မိုးလင်းသည့်အခါ အခြား သောမိန်းမသည် သေနေသောကလေး၏မျက်နှာကိုမြင်သော် ၎င်း၏ ကလေးမဟုတ်ကြောင်း သိရှိသွားသဖြင့် ပြင်းထန်သော အငြင်းပွားမှု ဖြစ်လေတော့သည်။
ဣသရေလဘုရင်ဖြစ်သည့် တရားသူကြီးရှေ့ဝယ်ရပ်လျက် သူတို့ ၏ အငြင်းပွားမှုသည် ပိုမိုပြင်းထန်လာလေသည်။ မိခင်တစ်ဦးက “သေသောသူငယ်သည် သင့်သား၊ ရှင်သောသူငယ်သည် ငါ့ကလေး” ဟု ဆို၏။ အခြားတစ်ယောက်ကလည်း “ရှင်တဲ့ကလေးက ငါ့ကလေး၊ သေ နေတဲ့ကလေးက မင်းကလေးပဲ” ဟုငြင်းခုံနေကြသည်။ (၃ရာ ၃း၂၂)။ ပညာရှိသောမင်းကြီးသည် ထားကိုယူဆောင်လာရန် အမိန့်ပေးပြီး ရှင် သောကလေးကို (၂) ပိုင်းပိုင်းစေပြီး တစ်ယောက်တစ်ခြမ်းပေးရန် အမိန့် ပေး၏။ (ငယ် ၂၅)။ အသက်ရှင်သောကလေး၏ မိခင်သည် မိမိသားကို အလွန်သနားသဖြင့် သူငယ်ကိုမသတ်ပါနှင့်။ ဤမိန်းမအားပေးတော်မူပါ” ဟု တောင်းပန်လေ၏။ အခြားမိန်းမက “ငါမပိုင်စေနှင့်၊ သင်လည်းမပိုင် စေနှင့်၊ ခွဲပါလေစေ” ဟုဆို၏။ (၃ရာ ၃း၂၆)။ ချစ်ခြင်းသည် မိခင်အစစ် အမှန်ကို ဖေါ်ပြလေပြီ။ ထိုနောက် တရားသူကြီးသည် သူငယ်ကို မိမိ၏ မိခင်ထံသို့ ပြန်လည်ပေးအပ်လိုက်လေ၏။
အလွန်ကြင်နာမှုကင်းမဲ့သောမိခင်ပါတကား။ သူမ၏ကလေးကို သတ်သည်သာမက အခြားသောကလေးကိုပါ သတ်ရန်အလိုရှိသည်။ ယနေ့တွင်လည်း အပြစ်ကင်းမဲ့သောကလေးများ၏အသက်များကို ဖျက်
ဆီးသောမိခင်၊ ဖခင်များလည်းရှိ၏။
တချို့သောမိဘများသည် ကိုယ်ဝန်ဖျက်ချခြင်းဖြင့် မမွေးသေး သောကလေးများ၏အသက်ကိုယူခြင်း၊ တချို့များမှာ AIDS ကဲ့သို့ ကူး စက်သောရောဂါများဖြင့် သူငယ်တို့၏ အသက်ကိုလည်း ဖျက်ဆီးကြ၏။ တချို့မိခင်များသည် ကိုယ်ဝန်ရှိစဉ် အန္တရာယ်ဖြစ်စေသည့် ဆေးဝါးများ သုံးစွဲခြင်းဖြင့် သားအိမ်ပျက်ခြင်းကို ဖြစ်ပေါ်စေသည့်အကြောင်းဖြစ်၏။ တချို့မှာမူ ကိုယ်ထိလက်ရောက် မတော်မတရားပြုခြင်းဖြင့် သူငယ်၏ အသက်ကို ဆုံးရှုံးစေသည်။ တချို့မိဘများသည် စိတ်ထိခိုက်အောင်ပြု လုပ်ခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုတန်ဖိုးထားမှုအား ဖျက်ဆီးလိုက် ခြင်းဖြင့်လည်းကောင်း၊ လိင်မှုဆိုင်ရာ မတရားပြုကျင့်ခြင်းဖြင့်လည်း ကောင်း ကလေးသူငယ်တို့၏အပြစ်ကင်းမဲ့သောအသက်တာကို ပျက်စီး ခြင်းနှင့် အနာဂတ်တွင် လိင်မှုဆိုင်ရာလုပ်ဆောင်ချက်များကို ပျက်စီးရာ သို့ပို့လိုက်လေ၏။
တရားရုံးခန်း
ဣသရေလဘုရင်ဖြစ်သောလောက၏တရားသူကြီးရှေ့တွင် မိခင် နှစ်ဦးစီရင်ခြင်းခံရန် ထွက်လာရသကဲ့သို့ စကြဝဠာကြီး၏ဘုရင်ဖြစ်သော ကောင်းကင်နိုင်ငံ၏ တရားသူကြီးရှေ့တွင် ဖခင်နှင့်မိခင်တိုင်းသည် တစ် နေ့နေ့တွင် မိမိကလေးများအား မည်ကဲ့သို့သွန်သင်ဆုံးမခဲ့ကြောင်းကို အဖြေပေးရမည်ဖြစ်၏။ ရှောလမုန်မင်းကြီး၏ တရားစီရင်ချက်ချသည့် တရားခွင်မြင်ကွင်းကို စဉ်းစားကြည့်ကြပါစို့။ မိခင်တစ်ဦးမှာ ဝါကြွားခြင်း ဖြင့် လမ်းပေါ်တွင် လျှောက်နေစဉ် အခြားတစ်ဦးမှာ အရှက်တရားဖြင့် ခေါင်းကိုငုံ့လျက်ရှိ၏။ ထိုနည်းတူ နောက်ဆုံးသောတရားစီရင်သောနေ့ ရက်တွင် မိမိတို့၏ကလေးများကို အရေးစိုက်ကာ ကြည့်ရှုစောင့်ရှောက် သောမိဘများအား ချီးကျူးခြင်းကိုခံရမည်ဖြစ်ပြီး အလေးမထားဂရုမစိုက်
သောမိဘများအား ရှုတ်ချပြစ်တင်ခြင်းခံရမည်သာဖြစ်၏။
သို့သော် မိခင်၊ ဖခင်များသာ တရားစီရင်ခြင်းကိုခံရမည်မဟုတ်၊ ယောက်ျားတိုင်း၊ မိန်းမတိုင်းသည် ဘုရားသခင်၏ရှေ့တော်တွင် ရပ်ရမည် ဖြစ်၏။ “အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သော အကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီး ခံခြင်းငှာ ခရစ်တော်၏ တရားထီးနန်းရှေ့၌ ပေါ်လာရကြမည်။” (၂ကော ၅း၁၀)။
ဘုရားသခင်၏တရားစီရင်ခြင်းအဆင့်နှစ်ဆင့်ရှိသည်။ ခရစ်တော်
ကြွလာသည့်အခါ အမှုဆုံးဖြတ်သည့်တရားစီရင်ခြင်းနှင့် ခရစ်တော်မကြွ လာမီ အကြိုစုံစမ်းစစ်ဆေးသည့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ဘုရား သခင်သည် တရားစီရင်သည့်ရက်ချိန်းပေးပြီဖြစ်၏။ “အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ” (တမန် ၁၇း၁၁)။ သူပြန်လည်ကြွလာမည့်အချိန်နာရီကိုကား အဘယ်သူ မျှမသိ၊ ကောင်းကင်တမန်မသိ၊ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော် မူ၏။” (မဿဲ ၂၄း၃၆)။ သို့သော် ခရစ်တော်မကြွလာမီ အကြိုစုံစမ်းစစ် ဆေးသည့် တရားစီရင်ခြင်းသည် ယခုအချိန်ဖြစ်သည်။ ၎င်းတရားစီရင် ခြင်းသည် ၁၈၄၄ ခုနှစ်တွင် စတင်ခဲ့ပြီးဖြစ်၏။
နေ့စွဲများ
ဓမ္မသစ်ကျမ်းသင်္ချာအနည်းငယ်လေ့လာကြည့်ကြပါစို့။ ဒံယေလ ကျမ်းအခန်းကြီး (၈) နှင့် (၉) တွင် သမ္မာကျမ်းစာတော်မြတ်တွင် အရှည် ဆုံးသော အနာဂတ်စကားများတွေ့ရှိနိုင်သည်။ “ယခင်ပြောသောသူက ရက်ပေါင်း နှစ်ထောင့်သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်း ရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ပြောဆို ၏။” (ဒံယေလ ၈း၁၄)။ ကြိုတင်ဟောထားချက်စကား၌ တစ်ရက်ကို တစ်နှစ်ပုံဆောင်သဖြင့် (ယေဇကျေလ ၄း၆)။ နှစ်ပေါင်း ၂၃ဝဝ ဖြစ် ကြောင်းတွေ့ရှိရသည်။ ဒံယေလသည် ဤမြင်ကွင်းကြောင့် စိတ်ပင်ပန်း လျက်ရှိစဉ် ဘုရားသခင်သည် ဂါဗြေလကိုစေလွှတ်ပြီး မြင်ကွင်း၏ အနက်အဓိပ္ပါယ်ကို ရှင်းလင်းဖေါ်ပြစေခဲ့ သည်။ (ဒံ ၉း၂၀-၂၂)။
ထိုကြိုတင်ဟောထားချက်စကား၏ စချိန်သည် ယေရုရှလင်မြို့ ကို တစ်ဖန်ပြန်လည်တည်ဆောက်ရန် အမိန့်ရှိသည်နေ့မှစခြင်းဖြစ်၏။ (ဒံ ၉း၂၅)။ ပေရသိဘုရင်အာတာဇေရဇ် (၁) သည် ၄၅၇ ဘီစီ ဆောင်းဦး ကာလတွင် အရေးပါဆုံးသော အမိန့်ပြန်တမ်းကို ထုတ်ပြန်လိုက်သည်။ ဤအချက်ကို ဧဇရမှတ်စာ (၇) တွင် မှတ်တမ်းတင်ထားရှိသည်။ ခရစ် တော်မပေါ်ထွန်းမီ နှစ်ပေါင်း (၄၅၇) နှစ်နှင့် ခရစ်တော်ပေါ်ထွန်းပြီး နောက် နှစ်ပေါင်း (၁၈၄၃) ခုနှစ်၊ ၃ခုပေါင်း ၂၃ဝဝ ဖြစ်သည်။ ဤအမိန့် ပြန်တမ်းသည် ၄၅၇ ဆောင်းဦးတွင် စတင်ချမှတ်သဖြင့် ၁၈၄၄ ခု၊ ဆောင်းဦးပေါက်သည့်အချိန်တွင် ကုန်ဆုံးမည်ဖြစ်၏။
ထိုနှစ်၌သန့်ရှင်းရာတဲတော်ကို ဆေးကြောရန် စတင်ပြီဖြစ်၏။ သမ္မာကျမ်းစာတော်မြတ်တွင် သန့်ရှင်းရာတဲတော်နှစ်ခုရှိကြောင်း ဖေါ်ပြ ထား၏။ လောက (သို့မဟုတ်) ဣသရေလအမျိုးတို့၏ တဲတော် (ထွက် ၂၅း၈) နှင့် ကောင်းကင် (သို့မဟုတ်) ခရစ်ယာန်များ၏ သန့်ရှင်းရာတဲ တော် (ဟေဗြဲ ၈း၁၊၂) တို့ဖြစ်သည်။ ၁၈၄၄ ခုနှစ်တွင် ဆေးကြောသော သန့်ရှင်းရာတဲတော်သည် ပထမဖေါ်ပြထားသော တဲတော်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ယုဒလူတို့၏ တဲတော်သည် ကပ်တိုင်အချိန်၌ ကုန်ဆုံးခဲ့ပြီဖြစ်ခြင်းကြောင့် ဖြစ်၏။ (မဿဲ ၂၇:၅၀၊၅၁။ ကောလောသဲ ၂း၁၄)။ ၁၈၄၄ ခုနှစ်၊ လှုပ်ရှားမှုသည် ဒုတိယတဲတော်နှင့်ပတ်သက်သည်။
အပြစ်ဖြေခြင်း
ဒုတိယတဲတော်သည် ဘယ်ကဲ့သို့ဆေးကြောမည်နည်း။ လောက ၏ တဲတော်သည် ကောင်းကင်တဲတော်ကို နားလည်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခုသည် အခြားတစ်ခု၏ ပုံပမာဖြစ်ခြင်း ကြောင့်ဖြစ်သည်။ (ဟေဗြဲ ၈း၁၅)။ အခန်းကြီး (၁၃) တွင် ဣသရေလ အမျိုးတို့၏တဲတော်သည် အပိုင်း (၃) ပိုင်းရှိသည်ကို လေ့လာတွေ့ရှိ သည်။ အပြင်ဘက်ပရဝဏ်၊ သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးသော ဌာနတို့ဖြစ်ကြသည်။ နေ့စဉ်နေ့တိုင်း အပြစ်သားတစ်ဦးသည် သိုးသငယ် တစ်ကောင်ကို ယူဆောင်လာကာ တဲတော်၏ဝန်းအတွင်းအပြစ်များကို ဝန်ချတောင်းပန်ပြီး အပြစ်ကင်းမဲ့သည့်သတ္တဝါကို သတ်လိုက်ရသည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် သတ္တဝါ၏အသွေးကို သန့်ရှင်းရာဌာနသို့ သယ်ဆောင်သွားသည်။ ပုံပမာအားဖြင့် အပြစ်သားမှအပြစ်သည် သိုးသ ငယ်ထံသို့ပြောင်းရွှေ့သွားကာ တစ်ဖန် သိုးသငယ်မှတဲတော်၏ သန့်ရှင်း ရာဌာနသို့ ရောက်ရှိသွား၏။ ဤကဲ့သို့ ပြောင်းရွှေ့ခြင်းသည် နေ့စဉ်နေ့ တိုင်းတစ်နှစ်လုံးပြုလုပ်ဆောင်ရွက်လျက်ရှိ၏။
တစ်နှစ်လျှင် တစ်ကြိမ်တဲတော်ကို ဆေးကြောရသည်။ ပုံပမာ အားဖြင့် ဘုရားသခင်၏ လူတို့အပြစ်အားလုံးကို သန့်ရှင်းရာဌာနမှဆေး ကြောခြင်းဖြင့် ဖယ်ရှားရသည်။ ဤနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီး သည် အပြစ်ဖြေရန် တဲတော်၏အသန့်ရှင်းဆုံးသောဌာနသို့ ဝင်ရောက် သောအပြစ်ဖြေရာနေ့ဖြစ်၏။ ဆိတ်နှစ်ကောင်ကို သယ်ဆောင်လာပြီး ဘုရားသခင်၏ဆိတ်ကို ရွေးချယ်လိုက်သည်။ ဣသရေလအမျိုးအားလုံး တို့၏ ဝန်ချတောင်းပန်သောအပြစ်ကို ဘုရားသခင်၏ စိတ်ပေါ်သို့ သက်ရောက်စေပြီး ၎င်းဆိတ်ကိုသတ်ကာ သွေးများကို ကရုဏာပလ္လင် ပေါ်သို့ ဖျန်းခြင်းဖြင့် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို ရရှိကြောင်း ဖေါ်ပြ သည်။ ထိုနောက် အခြားဆိတ်ကိုယူကာ ဣသရေလအမျိုးတို့၏ အပြစ် ကို ဦးခေါင်းပေါ်သို့ တင်လျက် ထိုဆိတ်ကို တောအရပ်သို့ အစဉ်အမြဲ နှင်ထုတ်လိုက်လေသည်။
အပြစ်ဖြေရာနေ့သည် ဆေးကြောရာနေ့ ဖြစ်သည့်အတွက် အထွတ်အမြတ်ဖြစ်သောနေ့ဖြစ်သည်။“သတ္တမလဆယ်ရက်နေ့၌ အလုပ် ကို အလျှင်းမလုပ်ရ၊ ခြိုးခြံစွာကျင့်လျက် နေရကြမည်။--- ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကိုစင်ကြယ်စေခြင်းငှာ အပြစ်ဖြေခြင်းကို ပြုရမည်။” (ဝတ် ၁၆း၂၉၊၃၀)။ ထိုထက်မက ထိုနေ့သည် တရားစီရင်သော နေ့ဖြစ်သဖြင့် လေးနက်တည်ကြည်သောနေ့ဖြစ်၏။ သတ္တမလ၊ ဒဿမ နေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။--- ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်း ခြင်းကိုခံရမည်။” (ဝတ် ၂၃:၂၇၊၂၉)။
မည်သည့်ဣသရေလလူမဆို အပြစ်ဖြေရာအမှုနှင့် နောင်တ တရားဝတ်၌ပါဝင်ရန် ငြင်းဆန်ခြင်းဖြင့် ဝိညာဉ်ရေး၌ စိတ်ဝင်စားမှုမရှိ၊ လျစ်လျူရှုသောသူကို အသင်းတော်တွင် အသင်းဝင်အဖြစ်နှင့် နိုင်ငံ သားအဖြစ်တို့မှ ပြစ်ဒဏ်ခတ်အဖြစ် သိမ်းယူခြင်းကို ခံရမည်ဖြစ်၏။ ထိုနေ့သည် ဣသရေလ လူမျိုးတို့၏ တရားစီရင်ရာနေ့ဖြစ်၏။
တရားစီရင်ခြင်း
ဤဣသရေလသန့်ရှင်းရာတဲတော်သည် ခရစ်ယာန်တဲတော်ကို ညွှန်ပြသော ဘုရားသခင်၏ပုံပမာစာအုပ်ဖြစ်။ (ဟေဗြဲ ၈း၅)။ လောကတဲ တော်တွင် နေရာအပိုင်းအခြား (၃) ခုရှိသည်နည်းတူ ခရစ်တော်၏ ကယ် တင်ခြင်း အမှုတော်၌ ရုပ်လက္ခဏာအသွင် (၃) ခုရှိသည်။ ခရစ်ယာန်တို့ ၏ တဲတော် ပရဝဏ်အတွင်းသည် ဤလောကဖြစ်၏။ ခရစ်ယာန်တို့၏ ကြေးနီပလ္လင်သည် ကရာနီကုန်းဖြစ်၏။ ထိုနေရာတွင် အေဒီ (၃၁) နွေဦး ပေါက်အချိန်၌ ခရစ်တော်တည်းဟူသော ယဇ်ပုရောဟိတ်သည် ခရစ် တော်တည်းဟူသော သိုးသငယ်ကို ပူဇော်ပြီး အပြစ်ဖြေရာအတွက် အဖိုး ထိုက်သောအသွေးတော်ကို မြေကျစေခဲ့သည်။ ခရစ်ယာန်တို့၏ သန့်ရှင်း ရာအရပ်သည် ကောင်းကင်နိုင်ငံ ဖြစ်သည်။ ထိုနေရာသို့ ခရစ်တော်သည် အေဒီ (၃၁) နှစ်၌ တက်ရောက်သွားတော်မူခဲ့ပြီး လူသားတို့၏အပြစ်များ အတွက် ကရာနီ၏ ချီးကျူးခံထိုက်သော အမွှေးနံ့သာတိုင်ကို ပူဇော်ကာ ယဇ်ပုရောဟိတ်မင်းကြီး၏အမှုကို စတင်ဆောင်ရွက်ခဲ့လေပြီ။
အသန့်ရှင်းဆုံးနေရာသည်လည်း ကောင်းကင်၌ရှိ၏။ ၁၈၄၄ ခုနှစ် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သည့် ခရစ်တော်သည် ပြန်လည် မကြွလာမီအကြိုတရားစီရင်ခြင်းအမှုကို သန့်ရှင်းရာတဲတော်ဆေးကြော ခြင်းဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်၏။ လောကတွင် အပြစ်ဖြေရာနေ့ သည် လူအပြစ် (သို့မဟုတ်) သူ၏နာမည်ကို ပယ်ရှားခြင်းဖြစ်သကဲ့သို့ ကောင်းကင် နိုင်ငံရှိအပြစ်ဖြေရာနေ့သည်လည်း အကြိုတရားစီရင်ခြင်း ဖြစ်ကာ အပြစ်များကို ဖယ်ရှားပြီး ကယ်တင်ခြင်းရရှိသည့်စီရင်ချက် (သို့မဟုတ်) ကျွန်ုပ်တို့ နာမည်များကို ဖယ်ရှားကာ ရှုတ်ချခြင်း စီရင်ချက် ကို ချမှတ်မည်ဖြစ်၏။
သတိထားရန် စိတ်ဝင်စားသည့်အထူးအချက်ကား၊ ကောင်းကင် ၌ တရားစီရင်ခြင်းအမှုကို ၁၈၄၄ ခုနှစ်တွင် စတင်သည့်တစ်ချိန်ထဲ၌ပင် လောကတွင်ရှိသည့် ကျန်ကြွင်းသောအသင်းတော်၏ အမှုကို “ဘုရား သခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသော အချိန် ရောက်လာပြီ” (ဗျာ ၁၄း၇)။ သတင်းစကားအများသိရှိရန် ထုတ်ပြန်ကြေ ညာလိုက်လေသည်။
မြင်ကွင်း
ဒံယေလသည် ခရစ်တော်မကြွလာမီ အကြိုတရားစီရင်ခြင်းကို မြင်ကွင်း၌ တွေ့မြင်ခဲ့သည်။ ဘုရားသခင်သည် တရားသူကြီးအဖြစ် ဆောင်ရွက်ကြသည်။ “ထိုအခါ၊ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကို တည် ထားလျက်ရှိ၍ အသက်ကြီးသောသူတစ်ဦးသည် ထိုင်နေတော်မူ၏။--- ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ထီးနန်းအောက်၌ မီးစက်လှည်းဘီးရှိ၏။ (ဒံ ၇း၉)။ မရေတွက်နိုင်သောကောင်းကင်တမန်တို့သည် သက်သေအဖြစ် ရပ်လျက်ရှိ၏။ “ကုဋေသင်္ချေမကရှေ့တော်၌ စောင့်၍နေကြ၏။” ထို နောက် ဒံယေလသည် သက်သေခံအထောက်အထားကို မြင်တွေ့၏။ “တရားစီရင်ခြင်းငှာပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။” (ဒံယေ လ ၇း၁၀)။
တရားဥပဒေကိုချိုးဖေါက်ခြင်းသည် တရားစီရင်ရာ အဓိပ္ပါယ် သက်ရောက်စေသည်။ တရားဥပဒေသည် ပညတ်တော်ဆယ်ပါး ဖြစ် သည်။ “သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်သောသူက လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။--- လွှတ်ခြင်းတရားအတိုင်း စီရင် ခြင်းကိုခံရလတ္တံ့သောသူကဲ့သို့ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော။” (ယာကုပ် ၂း၁၁၊၁၂)။
တရားလိုရှေ့နေလည်းရှိရဦးမည်။ ထိုသူသည် အခြားသူမဟုတ် စာတန်ကိုယ်တိုင်ပင်ဖြစ်၏။ “အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ်အပြစ်တင်သောရန်သူ” (ဗျာ ၁၂း၁၀) ကို ဘုရားသခင်က “အောက်သို့ချလေပြီ။”
ကောင်းသောသတင်းမှာ ခုခံကာကွယ်ရန် ထင်ရှားကျော်ကြား သော အကြံပေးပုဂ္ဂိုလ်ရှိခြင်းပင်ဖြစ်သည်။ “တစ်စုံတစ်ယောက်သောသူ သည် မကောင်းမှုကိုပြုမိလျှင် ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ် တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ ၏။” (၁ယော ၂း၁)။ ၁၈၄၄ ခုနှစ်စသည်တွင် ဒံယေလသည် ခရစ်တော် နေရာယူနေသည်ကို မြင်ခဲ့၏။ “ထိုညအခါ ငါသည် အာရုံပြု၍ လူသားနှင့် တူသောသူတစ်ဦးသည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသောသူ၏ အထံ တော်သို့ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။” (ဒံ ၇း၁၃)။
စီရင်ချက်
သန့်ရှင်းသောစိတ်ကူးဖြင့် ကောင်းကင်၏တရားစီရင်ရန် ရုံးခန်း အတွင်းလုပ်ဆောင်ချက်များကို အာရုံပြုကြပါစို့။ ဦးဘိုးမိုက်သည် ယေရှု ရှင်အားလက်ခံရန် ငြင်းဆန်ခဲ့ပြီး စာတန်၏ အိမ်ထောင်စု၌နေရန် ရွေးချယ်လိုက်သည်။ တရားစီရင်ရာ၌ ၎င်း၏အမည်ကို ခေါ်သည့်အခါ တရားစွဲဆို သူစာတန်က “ဦးဘိုးမိုက်ဟာငါ့လူပဲ၊ ငါ့အိမ်ထောင်စုကို သူ ရွေးချယ်ခဲ့တယ်။ ငါက ငရဲပြည်ကို သွားမှာဖြစ်လို့ သူလည်းငါ့နောက်ကို လိုက်ရမယ်” ဟု ပြောဆို၏။ ဝမ်းနည်းစွာဖြင့် ခရစ်တော်သည် မှတ်တမ်း များကို စစ်ဆေးကြည့်ရှုကာ “ဦးဘိုးမိုက်သည် ကျွန်ုပ်၏ကယ်တင်ခြင်းကို ငြင်းဆန်ခဲ့တယ်။ သူဟာ ငါနဲ့မဆိုင်ဘူး” ဟုဆို၏။ ထိုကြောင့် တရား သူကြီးသည် အပြစ်ရှိကြောင်းစီရင်ချက် ချမှတ်လိုက်လေသည်။ အပြစ် ဒဏ်သည် ငရဲမီးဖြစ်ပြီး ထာဝရသေခြင်းပင်ဖြစ်လေ၏။
ထိုနောက် ဦးဘိုးကောင်းနာမည်ခေါ်လိုက်သည်။ ထုံးစံအတိုင်း တရားစွဲဆိုသည့်စာတန်က ဦးဘိုးကောင်း၏ အပြစ်များကို ဖေါ်ပြကာ သူ၏ လူဖြစ်ကြောင်း တရားသူကြီးမင်းအား လျှောက်ထားလေ၏။ သို့သော် ခရစ်တော်သည် ဦးဘိုးကောင်း၏ရှေ့နေအဖြစ် မှတ်တမ်းများကို ကိုင်ဆောင်ကာ ဤသို့ဆို၏။ “မှန်ပါပေတယ်။ ဦးဘိုးကောင်းက အပြစ် သားဖြစ်တယ်။ သို့သော် သူက ကျွန်ုပ်ကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ တယ်။ ဒါကြောင့် သူဟာ ငါနဲ့ဆိုင်တယ်” ဟု လျှောက်တင်၏။ ထိုနောက် တရားသူကြီးမင်းသည် အပြစ်မရှိကြောင်း စီရင်ချက်ချလိုက်လေသည်။
စာတန်သည် ပြင်းထန်စွာ ကန့်ကွက်လေ၏။ သိက္ခာကျသည့် အတင်းအဖျင်းများဖြင့် သူ၏စွပ်စွဲချက်များကို တိုးမြင့်ပြောဆိုကာ စီရင် ချက်ကိုအယူခံဝင်ခဲ့လေသည်။ ရုတ်တရက် ချစ်ဖွယ်ကယ်တင်ရှင်ယေရှု သည် သံဖြင့် ရိုက်ဖေါက်ခံခဲ့ရသောလက်ကိုမြောက်ကာ “အဘခမည်း တော်၊ သူ့အတွက် ကျွန်ုပ်၏အသွေးကို သွန်းလောင်းခဲ့ပြီ” ခေတ္တတိတ် ဆိတ်ငြိမ်သက်လျက်ရှိ၏။ စီရင်ချက်သည်အတည်ဖြစ်၏။ “အပြစ်မရှိ” ဆုလာဘ်သည် ထာဝရ အသက်ဖြစ်ပြီး ကောင်းကင်၌ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိလေပြီ။
မိခင်နှစ်ဦးသည် လောကတရားသူကြီးဖြစ်သည့် ဣသရေလ ဘုရင် ရှောလမုန်မင်းကြီးရှေ့တော်၌ ရပ်ခဲ့ရသည်နည်းတူ မိခင်၊ ဖခင် တိုင်း၊ ယောက်ျား၊ မိန်းမတိုင်း၊ ယောက်ျားလေး၊ မိန်းကလေးတိုင်းသည် တစ်နေ့ကျသော် ကောင်းကင်နိုင်ငံ၏ဘုရင်၊ ဘုရားသခင်တရားသူကြီး ရှေ့ဝယ် ရပ်တည်ရမည်ဖြစ်၏။ မိခင်နှစ်ဦးတို့သည် တစ်ဦးမှာသေခြင်းနှင့် အခြားတစ်ဦးမှာ အသက်ရှင်ခြင်း ခြားနားသည့် စီရင်ချက်အသီးသီးရရှိ သည်နည်းတူ လူတိုင်းတစ်ဦးစီ ထာဝရသေခြင်းအပြစ်ဒဏ်စီရင်ချက်၊ သို့တည်းမဟုတ် ထာဝရအသက်ရှင်ခြင်းစီရင်ချက်ကို ခံရကြမည်ဖြစ်၏။
“သင်သည် ထူးကဲသောသူဖြစ်၏”
အိမ်ပြန်သည့်မြင်ကွင်းကို စဉ်းစားကြည့်ကြပါစို့။ မိခင်တစ်ဦး သည် သင်္ချိုင်းလမ်းသို့ ဦးတည်ကာ လျှောက်လှမ်းနေစဉ် အခြားတစ်ဦးမှာ အောင်ပွဲခံရန်လမ်းသို့ ပြေးသွားလျက်ရှိသည်။ မိမိ၏ကလေးငယ်ကို ကြပ် တည်းစွာ ပွေ့ဖက်ကာ ထပ်တလဲလဲ နမ်းရှုပ်လျက်ရှိ၏။ သူမ၏ ဝမ်း မြောက်ခြင်းသည် တိုင်းတာ၍မရ၊ အဆုံးအစွန်လည်းမရှိပါ။ ပျော်ရွှင်ခြင်း နှင့် ပီတိဖြစ်မှုသည် အတိုင်းထက်အလွန် ကန့်သတ်မှုကင်းမဲ့လျက်ရှိ၏။
တစ်ရက်ပြီးတစ်ရက် မိမိရင်ဝယ်သားကို ပျောက်ဆုံးလုနီးပါးဖြစ် ခြင်းကို ပြန်လည်စဉ်းစားသည့်အခါ သူ့အား မိမိရင်ဝယ်ကြပ်တည်းစွာ ဖက်ရမ်းလျက်ထားရှိ၏။ သူ့အားကျွေးမွေးပြုစုခြင်း၊ ယုယစွာပြုစုခြင်း၊ လွှဲခပ်အိပ်ခြင်းစသည်အမှုတို့ကို ပြုလုပ်လျက် ချစ်ခင်ကြင်နာစွာဖြင့် ကလေး၏ နားဝယ် ဖြည်းညင်းစွာ “မင်းကိုငါချစ်တယ်၊ မင်းဟာ ငါ့ အတွက် ထူးကဲတဲ့သူဖြစ်တယ်” ဟုဆို၏။ သင်၏ကလေးကို ထိုကဲ့သို့ သောချစ်ဖွယ်ကောင်းသည့်စကားကို အဘယ်ကြောင့် ယနေ့မပြောဘဲနေ သနည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment