Thursday, January 22, 2026

အခန်း (၈) “မင်းကိုချစ်တယ်” ဟုပြောရန်နည်းလမ်း (၃) သွယ်


လူတို့သည် တစ်ယောက်နှင့်တစ်ယောက်မတူခြားနားကြသည်၊ ထိုကြောင့် တူညီသောအရာတစ်ခုကို ကွဲပြားစွာ မကြာခဏမြင်တတ်ကြ သည်။ စိတ်အမြင်ခြားနားချက် (၃) မျိုးရှိသည်။ တချို့လူတို့သည် အမြင် အာရုံပို၍ ထက်သန်သဖြင့် တွေ့မြင်သောအရာများဖြင့် သူတို့အား သြဇာ သက်ရောက်စေသည်။ တချို့မှာ အကြားအာရုံပို၍ထက်သန်သဖြင့် ကြား သောအသံများဖြင့်သြဇာသက်ရောက်စေသည်။ လူတချို့တို့မှာမူ ထိတွေ့ ခြင်းအာရုံ ပို၍ထက်သန်သဖြင့် ကိုင်တွယ်မှုဖြင့် သြဇာသက်ရောက်စေ သည်။ လူတို့သည် ဤအာရုံ (၃) ပါးဖြင့် သြဇာသက်ရောက်မှုရှိသည်မှာ မှန်သော်လည်း လူအများ၏အတွေ့အကြုံအရ တစ်ပါးသည် ပို၍ ထက် သန်စိုးမိုးခြင်းရှိသည်။

သာဓက

အမြင်အာရုံထက်သန်သော ယောက်ျားသည် ၎င်း၏ဇနီးသည် အား လှပပြီး ဆွဲဆောင်မှုရှိသည့်ဝတ်စားမှုကို နှစ်သက်ပြီး အမြင်အာရုံ ထက်သန်သည့်ဇနီးသည်သည် သူမ၏ ယောက်ျားနှင့်အတူရှိနေရန် နှစ် သက်ပြီးအိမ်တွင်လိုလေသေးမရှိပျော်ရွှင်စေရန်ပြုစုထားရှိသည်။အကြား အာရုံထက်သန်သည့်မိန်းမသည်လင်ယောက်ျားငြိမ်သက်နေလျှင်နေမထိ ထိုင်မထိဖြစ်လျက် စကားပြောနေလိုသော ဆန္ဒရှိသည်။ အကြားအာရုံ ထက်သန်သည့်ယောက်ျားသည် ချစ်ပွဲဝင်စဉ် သာယာသောတေးသီချင်း သံကို နားဆင်ရန် နှစ်သက်သည်။ ထိတွေ့မှုအာရုံကြီးသော ယောက်ျား သည် လမ်းလျှောက်စဉ် မိမိဇနီးလက်ကိုကိုင်လိုသည်။ ထိတွေ့ အာရုံ ထက်သန်သည့် မိန်းမမှာ သူ့အဖေါ်၏ ယုယမှုကိုင်တွယ်မှုကို အဆက် မပြတ်အလိုရှိသည်။

သမ္မာကျမ်း၏ (၆၆) ခုသောစာအုပ်တွင် တစ်ခုမှာအလွန်လှပ သော မေတ္တာဘွဲ့သီချင်းဖြစ်သည်။ ၎င်း၏စာသားများတွင် ရင်းနှီးသော အတွင်း ချစ်အကြောင်းများ ဖေါ်ပြထားသည်။ ရှောလမုန်မင်းကြီးသည် သူ၏ချစ်သူ ရှုလမိတ်သတို့သမီးနှင့် ချစ်ကျွမ်းဝင်မှု၏ အတွင်းပိုင်းအတိုင်း အတာကို ဖေါ်ပြရာ၌ “သင်၏မျက်နှာကိုမြင်ရပါစေ--- သင်၏မျက်နှာ လည်းလှ၏” (ရှောလမုန် ၂း၁၄)။ တစ်ချိန်တည်း၌ပင် သူမ၏ အသံကို ကြားနာလိုသောကြောင့် “သင်၏စကားသံကို ကြားပါရစေ၊ သင်၏စကား သံသည်ချို၏။”

အခြားတစ်ဘက်၌လည်း ဇနီးသည်သည် ထိတွေ့မှု၏ တွေ့ကြုံခံ စားမှုကိုလိုလားသဖြင့် ကျေနပ်စွာဖြင့် ဤသို့ပြော၏။ “သခင်၏ လက်ဝဲ လက်သည် ငါ့ခေါင်းကိုထောက်မလျက် လက်ယာလက်သည် ငါ့ကိုဖက် လျက်နေတော်မူပါစေ။” (ငယ် ၆) ဟုဆိုသည်။ ထိုနောက်ပိုင်း၌လည်း သူမသည် ထိုစကားကိုပင် နှစ်သက်ဝမ်းမြောက်စွာဖြင့် ပြန်လည်ပြောဆို ပါသည်။ (ရှောလမုန်သီချင်း ၈း၃)။ ရှေးခေတ်နှင့်ယခုခေတ်လူများသည် မတူညီသည့် ခြားနားသောချစ်ခြင်းအမျိုးမျိုးတို့ဖြင့် ဖေါ်ထုတ်ကြ၏။

အကယ်၍ ကျွန်ုပ်၏ ခင်ပွန်းသည် ကျွန်ုပ်နှင့်အကြိုက်ချင်းမတူ၊ သူ့ကိုကျွန်ုပ်ကဲ့သို့ပြုမူရန် မျှော်လင့်သော် ကျွန်ုပ်တို့သည် အဆက်မပြတ် ပြဿနာများရှိမည်သာဖြစ်သည်။ ဤအချက်ကို အကြည့်အာရုံထက်သန် သောဇနီးနှင့် ထိတွေ့မှုအာရုံပြင်းထန်သောယောက်ျားတို့နှစ်ဦးဖြင့် ပုံပမာ ဆောင်ကြည့်ပါစို့။ ယောက်ျားသည် တစ်ရက်တာ၏ ဖိစီးမှုများအပြီး အိမ် သို့ ပြန်လာသည်။ အိမ်ရှေ့တံခါးဝတွင် ဇနီးသည်ကိုတွေ့ဆုံခဲ့သည်။ ဇနီး သည်သည် လင်ယောက်ျားကိုတွေ့မြင်ရသဖြင့် ဝမ်းသာလျက်ရှိသည်။ သို့သော် ထိတွေ့မှုအာရုံထက်သန်သည့် လင်ယောက်ျားအတွက် တွေ့မြင် ခြင်းသည် လုံလောက်မှုမရှိပါ။ ထိတွေ့မှုသည်သာ သူ့အတွက်ချစ်ခြင်း ဖြစ်သည်။ သူမကို ဖက်ရမ်းကာ နမ်းရှုပ်လိုက်သည်။ သို့သော် သူမထံမှ တုံ့ပြန်မှုကားမရှိ၊ ထို့ကြောင့် သူသည် စိုးရိမ်မှုဖြစ်စေသည်သာမက စိတ် ဆိုးအောင်ဖြစ်စေသည်။

မိမိအိမ်၏နွေးထွေးမှုအောက်သို့ ပြန်လည်ရောက်ရှိသဖြင့် လင် ယောက်ျားသည် စိတ်အေးလက်အေးဖြင့် ကုတ်အင်္ကျီကိုချွတ်၊ ဖိနပ်ကို ကန်ထုတ်၊ ခြေကိုစားပွဲပေါ်တင်ကာ အနားယူတော့သည်။ “အိမ်ကိုပြန် ရောက်တာအလွန်ကောင်းတယ်လို့ခံစားရတယ်” စိတ်ထဲတွင် ရွတ်ဆိုမိ သည်။ သို့သော် သူသည် ဇနီးသည်၏ဧည့်ခန်းကို သေချာသပ်ရပ်စွာဖြင့် ပြင်ဆင်ထားသည်ကို သတိမပြုမိခဲ့ပါ။ အမြင်အာရုံထက်သန်သောသူမ သည် ရှုပ်နေသောအခန်းကိုတွေ့လိုက်သော် တုန်လှုပ်ချောက်ချားပြီး သူတို့နှစ်ဦးဒုတိယ မသာယာသောဖြစ်ပျက်မှုနှင့် ကြုံတွေ့ရပြန်သည်။

အိပ်ရာဝင်သည့်အခါ လင်ယောက်ျားသည် ဇနီးသည်အား ဖက် ရမ်းရန်လက်လှမ်းလိုက်ပါသည်။ လိင်ဆက်ဆံရန်ဖြစ်စေ၊ မဆက်ဆံရန် ဖြစ်စေ၊ သူမအား ပွေ့ဖက်စေလိုသည်။ သို့သော် သူမသည် ပွေ့ဖက်ခြင်းခံ ရန်အလိုမရှိပါ။ သူမသည် သူနှင့်အတူရှိခြင်းကိုသာ နှစ်သက်လိုလား သည်။ သူ၏ချစ်ဇာတ်လမ်းကိုမူ မလိုလား။ ထို့ကြောင့် သူမသည် ကုတင် အခြားတစ်ဖက်သို့ရွေ့သွားရာ ထိုညနေခင်းတွင် တတိယတိုက်ပွဲဆင်နွှဲခဲ့ ကြလေတော့သည်။

ဤနေရာတွင် သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသော်လည်း အမြဲပဋိပက္ခဖြစ်ခြင်းအကြောင်းမှာ တစ်ဦးနှင့်တစ်ဦး မတူကြခြင်းကြောင့်ပင် ဖြစ်သည်။ ဤကဲ့သို့ပြဿနာကို ဘယ်ကဲ့သို့ အဖြေရှာမည်နည်း။

ပထမအချက်မှာ သင်၏ ပေါင်းဖေါ်ဖက်ကို မည်သူမည်ဝါဖြစ် သည်ကို သက်သေအထောက်အထားဖြင့် ဖေါ်ထုတ်ပါ။ သူသည် အမြင် အာရုံ၊ အကြားအာရုံ (သို့မဟုတ်) ထိတွေ့မှုအာရုံ၊ မည်သည့်အာရုံတွင် ထက်သန် မှုဖြစ်သနည်း။ သူမသည် တွေ့၊ ထိ၊ ကြားနာခံစားသော သူမ ဖြစ်သလော။ ဘယ်ကဲ့သို့သိနိုင်မည်နည်း။ အပြောအဆိုကို နားထောင် ခြင်းဖြင့်သိနိုင်သည်။ အမြင်အာရုံထက်သန်သောသူသည် “ငါမြင်တယ်၊ ငါတွေ့ တယ်” “ရှင်းတယ်” ဟုဆိုသည်။ အကြားအာရုံထက်သန်သူသည် “မင်းပြောတာငါကြားတယ်” “မင်းပြောတာနားဝင်ချိုတယ်" ထိတွေ့မှု တွင် အာရုံထက်သန်သူသည် “ငါ့အထင်တော့ ဒီလိုလုပ်ရင်ကောင်းမယ်” ဟုပြောမည်။ သို့သော် ပြောဆိုခြင်းထက် ပြုမူခြင်းသည် ပို၍အရေးကြီး ပါသည်။ ပညာရှိသော ခင်ပွန်းသည်သည် ပေါင်းဖေါ်ဖက်၏အမူအရာ၊ လှုပ်ရှားတုံ့ပြန်မှုတို့ကို လေ့လာပြီး အချိန်ယူကာ ခွဲခြမ်းစိတ်ဖြာကြည့် မည်ဖြစ်သည်။ စိစစ်လေ့လာခြင်းဖြင့် ပေါင်းဖေါ်ဖက်သည် မည်သူ မည်ဝါ ဖြစ်ကြောင်းသိရှိရန် သော့ချက်ပင်ဖြစ်သည်။

ဒုတိယအချက်မှာ သင့်ခင်ပွန်း၏မတူညီမှုကို လက်ခံပါ။ လူ၏ သဘာဝသည်မတူလျှင် ငြင်းပယ်ရန် အစဉ်အလာဖြစ်သည်။ တချို့သော သူတို့မှာမူ မိမိ၏ပေါင်းဖေါ်ဖက်၏ ပြုမူကျင့်ကြံမှုများသည် မျှော်လင့် တောင့်တသောစိတ်ဖြင့် ပြောင်းလဲသွားပါစေဟုဆန္ဒရှိသည်။ တချို့မှာ ဖိအားပေး ပြောင်းလဲရန် ကြိုးစားအားထုတ်သည်။ ထိုသို့ကြံရွယ်ပြုလုပ် ခြင်းသည် အောင်မြင်မှုမရရှိနိုင်ပါ။ အရေးကြီးသည့်အချက်တစ်ခုကို သတိရရန်အချက်မှာ လူတစ်ဦးနှင့်တစ်ဦးတသီးတခြားဖြစ်မှုသည် ဘုရား သခင်၏အဖိုးထိုက်သောဆုကျေးဇူးဖြစ်သည်။ (ဆာလံ ၁၃၉း၁၆)။ ကျွန်ုပ် တို့လည်း လေးစားသင့်သည်။ ခွန်အားသုံးမှုသည် ဆိုးယုတ်ခြင်းဖြစ်ပြီး ၎င်း၏အရင်းအမြစ်ကား မာနဖြစ်သည်ကိုလည်း သိရမည်။ မိမိတို့ခင်ပွန်း ၏မတူညီချက်များကို ငြင်းဆန်မည့်အစား လက်ခံသင့်သည်။ ဆန့်ကျင် ဘက်ပြုလုပ်မည့်အစား ပူးပေါင်းဆောင်ရွက်ရန်သင့်သည်။

ဘုရားသခင်သည် ချစ်သူတို့၏အကောင်းဆုံးစံပြဖြစ်သည်။ မတူ သောသူတို့ကို နည်းအမျိုးမျိုးဖြင့် မိမိ၏မပြောင်းလဲသောအချစ်ကို ပြသ တော်မူသည်။ ပေတရုသည် အမိ၏ဝမ်းတွင်းကပင် ခြေမစွမ်းသောသူ အား ပြုစုရာတွင် “ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါ့တို့အား မျှော်ကြည့်လော့ ဟုဆိုသည်။ (တမန် ၃း၄)။ ထိုချစ်မေတ္တာအကြည့်သည် ရောဂါကို ပျောက်ကင်းစေသောခွန်အားနှင့် လှုပ်ရှားသောအကြည့်ဖြစ်သည်။ လက် သေနေသောသူကို သခင်ယေရှုသည် ချစ်ခြင်းဖြင့် ယုယစွာပြုစုပြီး ထိုသူ အား “သင်၏လက်ကိုဆန့်လော့” ဟုမိန့်တော်မူသည်။ (မဿဲ ၁၂း၁၃)။ သူ၏ အသံတွင် ချစ်ခြင်းဖြင့်ခွန်အားနှင့်လှုပ်ရှားသောရောဂါပျောက် ကင်းသည့် လှုပ်ရှားမှုသြဇာသံပါသည်။ အမိဝမ်းတွင်းမှ မျက်မမြင်သော သူကိုပြုစုရာ၌ ခရစ်တော်သည် စိုးရိမ်ယုယသောစိတ်ဖြင့် “ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်ကိုဖွင့်တော်မူသည်” (ယော ၉း၆)။ သူ၏တို့ထိခြင်း၌ ခွန်အားဖြင့် လှုပ်ရှားတော်မူသည်။ ရောဂါကို ပျောက်ကင်းစေခဲ့သည်။ အကယ်စင်စစ် ဘုရားသခင်သည် မတူညီသောသူတို့ကို နည်းအမျိုးမျိုး ဖြင့် ၎င်း၏ချစ်ခြင်းကိုပြသခဲ့ရာ ကျွန်ုပ်တို့သည်လည်း ထိုနည်းတူပြုလုပ် ရန် သင်ကြားသင့်သည်။

တတိယအချက် (agape) အချစ်စည်းမျဉ်းကို အသုံးပြုပါ။ ဂရိ လူမျိုးတို့သည် အချစ်ဆိုသည့်စကားလုံးကို အမျိုးမျိုးအသုံးပြုသည်။ အချစ်ကို အမြင့်ဆုံးဖေါ်ပြသည့်စကားလုံးမှာ (agape) ဖြစ်သည်။ ဤ စကားလုံးသည် ဘုရားသခင်၏ ကိုယ်ကျိုးစွန့်သည့် ကျွန်ုပ်တို့ကိုချစ်သော အချစ်ကို ဖေါ်ပြပြီး အောင်မြင်သောထိမ်းမြားခြင်းအတွက် လိုအပ်သော ချစ်ခြင်း၏အရည်အသွေးကိုဖေါ်ပြသည်။

သင်၏ပေါင်းဖေါ်ဖက်ကို ကိုယ်နှင့်အမျှချစ်လော့။ ဤစည်းမျဉ်း အရ “သင့်ခင်ပွန်း၏ လိုအင်ဆန္ဒကို မိမိအထက်တွင် ဦးစားပေးပါ” ဟု ဆိုသည်။ ဤသဘောတရားကို (ရောမ ၁၅း၁-၃) တွင် ဖေါ်ပြထားသည်။ “သို့ဖြစ်၍ ငါတို့သည် ကိုယ်အလိုသို့မလိုက် အားနည်းသောသူတို့၏ အား နည်းခြင်းကိုသည်းခံရကြမည်။ ထိုသို့ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင် သောသူ၏အကျိုးကိုထောက်၍ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏ အလိုသို့လိုက်ကြကုန်အံ့။ အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလို သို့မလိုက်” (ရောမ ၁၅း၁-၃)။

ဤ (agape) စည်းမျဉ်းအတိုင်းကျင့်သုံးပါက ထိတွေ့မှုတွင် ထက် သန်သောယောက်ျားသည် မြင်တွေ့ခြင်းတွင် ထက်သန်သောဇနီးသည် ကို ပျော်ရွှင်စေရန် မိမိခံစားမှုထက် သူမ၏တွေ့မြင်ခြင်းကို ဦးစားပေးပြီး မြင်တွေ့ခြင်း၌ အာရုံထက်သန်သောဇနီးသည်လည်း ထိတွေ့ခြင်းအာရုံ ရှိသောယောက်ျားအား မိမိကိုယ်ထက် ဦးစားပေးပြုစုမည်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးနှစ်ယောက်သည် အိမ်၌စစ်မြေပြင်တွင် တစ်ဦးနှင့် တစ်ဦးအလိုကို တစ်ဝက်ကျော်တွင် အလျှော့ပေးပြီး ရင်ဆိုင်ရမည်ဖြစ် သည်။ သို့ဖြစ်မှသာ ဇနီးသည်သည် လင်ယောက်ျား၏ ပွေ့ဖက်ခြင်းကို လက်ခံပြီး လင်ယောက်ျားသည်လည်း စားပွဲပေါ်ခြေတင်တော့မည် မဟုတ်ပါ။ ဤကဲ့သို့ဖြင့်ပေါင်းဖေါ်ဖက်နှစ်ဦး၏အတွေ့အကြုံတွင် “ပထ မကိုယ်” သည် “ဒုတိယကိုယ်” နှင့် တွေ့ဆုံပြီး နှစ်ကိုယ့်တစ်စိတ် ဖြစ်စေ လေတော့သည်။ သူတို့နှစ်ဦး၏အချစ် ပွေ့ဖက်မှုတွင် ငြိမ်သက်ခြင်းရှိမည် ဖြစ်၏။

ဤအရာများသည် နှလုံးသားကိုဖွင့်သောသော့ချက် (၃) ချောင်း ဖြစ်သည်။ တွေ့မြင်သည့်သော့၊ ကြားနာသည့်သော့၊ ခံစားသည့်သော့တို့ ဖြစ်သည်။ သင်၏ခင်ပွန်းသည်၏ မေတ္တာနှင့်တော်သော သော့ကား အဘယ်သော့နည်း။ ပေါင်းဖေါ်ဖက်သည် မည်သူမည်ဝါဖြစ်သည့်အပေါ် မူတည်သည်။ ပထမ--- သင်၏ ပေါင်းဖေါ်ဖက်သည် မည်သူဖြစ်သည်ကို စိစစ်လေ့လာပါ။ ထိုနောက် သူ့အားအရှိအတိုင်းလက်ခံပါ။ သူ့ဆန္ဒအလို သို့လိုက်ပြီး (agape) စည်းမျဉ်းကိုအသုံးပြုပါ။

ပြန်လည်ဆုံဆည်းခြင်း

လောက၏ချစ်သူကဲ့သို့ပင် ကောင်းကင်၏ချစ်သူလည်း ထိုနည်း တူဖြစ်သည်။ စာအားဖြင့် ဖေါ်ပြသောအချစ်ရေးတွင် သူမအား တွေ့နိုင်၊ ကြားနိုင်၊ စမ်းသပ်ခံစားနိုင်သည်။ ဝိညာဉ်တော်ချစ်ပုံပြင်၌ တစ်နေ့ကြ သော် ကောင်းကင်သည် ဘုန်းတော်ဖြင့် ထွန်းတောက်ပြီး သခင်ယေရှု သည် သူ့ကိုချစ်သောသူများထံသို့ ပြန်လာမည်ဖြစ်သည်။ သူ့ကိုတွေ့ မြင်မည်၊ သူပြောသံကို ကြားမည်။ သူ၏ချစ်ခြင်းနှင့် တန်ခိုးကိုလည်း ခံစားရမည်။ ထိုနေ့သည် ကျွန်ုပ်တို့အတွက် အကြီးကျယ်ဆုံးသောနေ့ ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ကာလအစဉ်အဆက် အကြီးမြတ်ဆုံး သောချစ်သူ သခင်ယေရှုခရစ်နှင့်တွေ့ဆုံမည်ဖြစ်သောကြောင့်ပင် ဖြစ် သည်။ ကျွန်ုပ်တို့ကိုချစ်သောသူ၏အချစ်သည် မည်သည့်ယောက်ျား၏ အချစ်ထက် ပို၍သန်မာပြီး မည်သည့်မိန်းမ၏ အချစ်ထက်ပို၍ ကြွယ်ဝ သည်။

ကောင်းကင်သို့ပြန်လည်မတက်ကြွမီ သူသည် ကတိပေးထားခဲ့ သည်။ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည် သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။” (ယော ၁၄း၂-၃)။ သူသည် ဘုန်းကျက်သရေနှင့် တစ်ဖန်ပြန်ပေါ်ထွန်းလာသောအခါ သူ၏ လူတို့သည် အာရုံရှိသမျှတို့ဖြင့် အထိန်းအကွပ်မရှိ၊ ပြည့်လျှံဖြိုးဝေ သော အချစ်ဖြင့် သူ့အပေါ်သို့ ရွာချလေတော့မည်။ ထိုတန်ခိုးတော်နှင့် ပြည့်ဝသောနေ့တွင် သူ့ကိုမြင်ရ၊ ကြားရ၊ ထိတွေ့ခံစားရပြီး ထာဝရအစဉ် အမြဲ အတူတကွစံမြန်းနေထိုင်ရမည်ဖြစ်သည်။

ဤကဲ့သို့ ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်းသည် ဖြစ် လိုသော ဆန္ဒသက်သက်မဟုတ်ပါ။ အမှန်တကယ် ဖြစ်မည့်အရာဖြစ် သည်။ ကျမ်းစာတော်မြတ်ထဲတွင် အကြိမ်ပေါင်း (၂၀၀၀) ထက်မနည်း ဖေါ်ပြထားရှိပါသည်။ ဆာလံဆရာသည် ဤကဲ့သို့ ကြိုတင်ဟောထားခဲ့ သည်။ “ငါတို့ ဘုရားသခင်သည် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ၊ ရှေ့တော်၌မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုးသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။” (ဆာလံ ၅၀း၃)။ တမန်တော်ပေါလုကလည်း “သခင် ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ် တော်တိုင်ဆင်းသက်တော်မူ၍။” (၁သက် ၄း၁၆)။ တမန်တော် ပေတရု ဟောကြားသည်မှာ “လူအချို့တို့သည် နှေးခြင်းကို မှတ်သည်အတိုင်း ထာဝရဘုရားသခင်သည် ကတိတော်အရာမှာ နှေးတော်မမူ၊ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလို တော်ရှိ၍ --- သူခိုးသည် ညအခါလာသကဲ့သို့ ထာဝရ ဘုရားသခင်၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓါတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။” (၂ပေ ၃း၉၊၁၀)။ ကောင်းကင် တမန်သည်လည်း ၎င်းအတိုင်း ပြောဆိုသည်။ “ထိုယေရှုသည် သင်တို့ မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည် နည်းတူ တစ်ဖန်ပြန် ကြွလာတော်မူလတ္တံ့ဟုပြောဆို၏။” (တမန် ၁း၁၁) ထိုနောက် တစ်ဖန် ခရစ်တော်ကိုယ်တိုင် “ငါတစ်ဖန်ပြန်လာမည်။” (ယော ၁၄း၃)။ ခရစ် တော်သည် အမှန်ကိုသာပြောဆိုသည်။ ကတိတော်ကိုအမြဲ တည်စေ တော်မူ၏။

နိမိတ်လက္ခဏာများ

သခင်ယေရှု ဒုတိယအကြိမ်ကြွလာတော်မူခြင်းအရာသည် သိပ် မဝေးသောအချိန်တွင်ဖြစ်မည်။ စူးစမ်းသိရှိလိုသော ဆန္ဒရှိသော တပည့် တော်များသည် နိမိတ်လက္ခဏာပြရန် တောင်းဆိုလာသောအခါ ကယ် တင်ရှင်သည် ၎င်းတို့၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။ သူ၏အဖြေ များသည် မဿဲ ၂၄ နှင့် လုကာ ၂၁ တို့တွင် မှတ်တမ်းတင်ထားသည်။ သမ္မာကျမ်းသည်လည်း နောက်ဆုံးကာလ၌ ဖြစ်ပျက်မည့်အရာများကို ဖေါ်ပြထားသည်ကိုတွေ့ရသည်။

ရုပ်ပိုင်းဆိုင်ရာလောကဓာတ်လောကတွင် “အရပ်ရပ်တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။” (မဿဲ ၂၄း၇) ဟုဆိုထားသည်။ ၁၉၈၀ ခုနှစ်တွင် လူသန်း ပေါင်း (၄၅၀) သည် အစာငတ်မွတ်ကြသည်ဟု တွက်ချက်ထားသည်။ သက္ကရာဇ် (၂၀၀၀) သို့ရောက်ရှိသော် လူပေါင်းသန်း (၇၅၀) အထိရောက် ရှိမည်ဟုဆိုသည်။ ကာလနာကပ်ရောဂါများသည် တစ်ခုမပျောက်ကွယ် မည် နောက်တစ်ခုပြန်လည်ပေါ်ပေါက်လာသည်။ ၁၉၉၀ ခုနှစ်တွင် AIDS ရောဂါ (၁၁) သန်းဖြစ်ခဲ့သည်။ ရာစုနှစ်အကုန်တွင် သန်းပေါင်း (၄၀) အထိ ရောက်ရှိမည်ဟု ခန့်မှန်းသည်။

ခရစ်တော်သည် ဘာသာရေးနှင့်လူမှုရေးနယ်ပယ်တွင် နိမိတ် လက္ခဏာများအကြောင်းပြောသည်။ “လူမျိုးအပေါင်းတို့အား သက်သေ ဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီ နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။သို့ပြီးမှအဆုံးသည်ဖြစ်လတ္တံ့”(ငယ် ၁၄)။ အခြားတစ်ဘက်၌လည်း “မတရားသော အမှုတို့သည် များ ပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။” (ငယ် ၁၂)။ ချစ်ခြင်းမေတ္တာခေါင်းပါးခြင်းအကြောင်းကို တမန် တော်ပေါလုကလည်း မီးမောင်းထိုးပြသည်။ “ဘုရားသခင်ကို နှစ်သက် သည်ထက် မကောင်းသော စိတ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ။” (၂တိ ၃း၄) တွင် ပြောဆိုထားရှိသည်ကိုလည်း တွေ့ရသည်။ ဤကဲ့သို့ သောအရာသည် လူသားတို့အပေါ် ချစ်ခြင်း၊ အိမ်ထောင်မိသားစုအပေါ် ချစ်ခြင်းလည်းသက်ရောက်မှုရှိသည်။ “မိဘစကားကို နားမထောင်သော သူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ--ကိုယ်အိန္ဒြေကို မချုပ် တည်းနိုင်သောသူ၊ ပြင်းထန်သောသူ။” (ငယ် ၂၊၃) ဤကဲ့သို့သော သူများ ဖြစ်ကြသည်ကိုတွေ့မြင်ကြရမည်။ဤလူ့ဘောင်အဖွဲ့အစည်း၏ ဆိုးသွမ်း မှုများသည် “နောင်ကာလ” ၏သက်သေများပင်ဖြစ်သည်။ (ငယ် ၁)။

ထိုနောက် ငွေကြေးလောကတွင်လည်း နိမိတ်လက္ခဏာများ ပေါ် ထွက်လာသည်ကိုတွေ့ရမည်။ စီးပွားရေးကျဆင်းမှုသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်သောအရာဖြစ်သဖြင့် ခေါင်းဆောင်အချို့သည် စီးပွားရေးအသစ် ပြန်လည် ထူထောင်ရန် စိုင်းပြင်းလျက်ရှိသည်။ နိုင်ငံတကာအခြေအနေ များနည်းတူ လူများတွင်လည်း ချမ်းသာကြွယ်ဝသူများသည် ပို၍ကြွယ်ဝ လာလေ၊ ဆင်းရဲသူများသည်ပို၍ ဆင်းရဲမွဲတေခြင်းသို့ ရောက်ကြပြီး ဆူကြုံနိမ့်မြင့်သည်၊ အလွန်ကွာဟနေတော့သည်။ သမ္မာကျမ်းသည် သူဌေးသူကြွယ်များ၏ အချုပ်အတည်းမရှိ စည်းကမ်းမဲ့ ဖြုန်းတီးမှုကို လည်းကောင်း၊ ဆင်းရဲသူတို့၏ ဒုက္ခတွင်း၌ ငိုကြွေးသံကိုလည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်သူများကို တရားစီရင်မည်ကိုလည်းကောင်း၊ ဖိနှိပ်ခြင်းခံရ သူတို့အား ဆုလာဘ်ပေးမည်ကိုလည်းကောင်း ခရစ်တော်ကြွလာသည့် အခါဖြစ်မည်ဟု ဖေါ်ပြထားသည်။ (ယာကုပ် ၅း၁-၇)။ ဤစီးပွားရေး ပြဿနာများသည်သခင်ဘုရားကြွလာတော်မူချိန်ရောက်လုနီးပြီဆိုသည့် လက္ခဏာများပင်ဖြစ်သည်။

“လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက် ပြုကြ လိမ့်မည်” (လုကာ ၂၁း၁၀) တွင် နိုင်ငံရေးလက္ခဏာများကို ဖေါ်ပြထား သည်။ နိုင်ငံရေးမသမာမှုများ၊ စစ်ပွဲများ၊ ရောဂါပိုးနှင့်အဏုမြူစစ် စသည် တို့ကို ကြိုတင်မြင်ခဲ့ပြီး “မြေကြီးပေါ်မှာဖြစ်လတ္တံ့သောဘေးများကို မြော် ၍ ကြောက်လန့်ကြမည်ဖြစ်သည်။ ထိုသို့ဖြစ်သောအခါ “သင်တို့ကို ရွေး နုတ်သော အချိန်ကာလရောက်လုနီးသည်ကိုထောက်သဖြင့် မြော်ကြည့် ၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။” ထို့နောက် ကယ်တင်ခြင်း ပုံကိုဖေါ်ပြရာ၌ “ထိုအခါ လူသားသည် ကြီးစွာသော တန်ခိုးတော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။” (ငယ် ၂၆၊၂၇၊၂၈)။

တစ်ဘက်၌ ဤလက္ခဏာများသည် ခရစ်တော်ကြွလာခြင်းသည် ဖြစ်လုဆဲဆဲဖြစ်ပြီး အခြားတစ်ဘက်၌မူ ခရစ်တော်ပေါ်ထွက်လာမည့် အချိန်ကိုကား ကျွန်ုပ်တို့မသိရှိပါ။ သို့ဖြစ်ပါသောကြောင့် “သင်တို့အရှင် သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” ကျွန်ုပ်တို့၏ တာဝန်သည် “ပြင်ဆင်လျက်နေကြ ရမည်သာဖြစ်သည်။ (မဿဲ ၂၄း၄၂၊၄၄)။

သူ့ကိုကြည့်မြင်၊ ကြားနာ၊ ခံစားကြပါလော့

ခရစ်တော်ဒုတိယအကြိမ် ကြွလာတော်မူခြင်းသည် လျှို့ဝှက် သော သိမ်းဆည်းသယ်ဆောင်ခြင်းမဟုတ်ပါ။ မျက်မြင်ပေါ်ထွက်လာ ခြင်းဖြစ်ပြီး လူတိုင်းတွေ့မြင်ရမည်ဖြစ်သည်။ သခင်ယေရှုသတိပေးသည် မှာ “ထိုအခါ သူတစ်ပါးက ဤအရပ်၌ခရစ်တော်ရှိသည်၊ ထိုအရပ်၌ခရစ် တော်ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။” (ငယ် ၂၃)။ ဘာကြောင့်လဲ အဘယ်ကြောင့်ဆိုသော် သူကြွလာတော်မူခြင်းသည် လျှို့ဝှက်ပြီ လူ အနည်းငယ်သာမြင်ရမည့်အရာမဟုတ်ပါ။ “လျှပ်စစ်သည် အရှေ့မှပြက် ၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသားသည် ကြွလာတော်မူ လတ္တံ့။” (ငယ် ၂၇)။ “ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွကြွလာတော်မူ သည်ဖြစ်၍----- ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့် မည်။” (ဗျာ ၁း၇)။ အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ အာဖရိက၊ စမိုယာ ဂါယာနာ၊ မြန်မာဘယ်နိုင်ငံ၌နေထိုင်သည်မဆို မျက်စိတိုင်းမြင်တွေ့ရ မည်ဖြစ်သည်။

ခရစ်တော်၏ကြွလာခြင်းအမှုသည်လည်း လူတိုင်းကြားကြရမည် ဖြစ်သည်။ သူ၏ကြွလာတော်မူခြင်းသည် ကြွေးကြော်သံဖြင့် ကြေညာ မည်ဖြစ်သည်။ “ဘုရားသခင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ဆင်းသက်တော်မူ၍” ကမ္ဘာတစ်ဘက်စွန်းမှ အခြား တစ်ဘက်စွန်းတိုင်အောင် ကြားကြရမည်ဖြစ်သည်။ ထိုကြွေးကြော်သံ သည် အသက်ရှင်နေသောသူများကြားရပြီး ပဲ့တင်သံကို သေလွန်သော သူများကြားကြရမည်။ “ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထ မြောက်ကြ လိမ့်မည်။” (၁သက် ၄း၁၆)။

ထို့အပြင် သခင်ယေရှု၏ ဒုတိယကြွလာတော်မူခြင်းသည် တန်ခိုး တော်နှင့်ပြည့်ဝမည်ဖြစ်၍ လူတိုင်းတန်ခိုးတော်ကို ခံစားရမည်။ “လူသား သည် ကြီးစွာသော တန်ခိုးတော်အာနုဘော်ကို ဆောင်လျက်” ကြွလာ မည်။ (မ ၂၄:၃ဝ)။ ကောင်းကင်သည် နေအစင်းတစ်ထောင်ထက် ကျော် လွန်သော ကြီးကျယ်ခမ်းနားသည့် တန်ခိုးတော်ဖြင့် တောက်ပထွန်းလင်း လျက် သန်းပေါင်းများစွာသောလတို့၏ ကျက်သရေတို့နှင့်လည်းကောင်း၊ သန်းထောင်ပေါင်းများစွာသောကောင်းကင်တမန်များ၏ အလွန်တောက် ပသောအလင်းဖြင့် လည်းကောင်းဖြစ်လိမ့်မည်။ လူသားတိုင်းသည် သူ၏ တန်ခိုးတော်အရှိန်ကို ခံစားကြရမည်။ အဘယ်ကဲ့သို့သော နေ့ဖြစ်မည် နည်း။ ကျွန်ုပ်တို့တွေ့မြင်ရမည်၊ ကြားရမည်၊ ကြီးကျယ်ခမ်းနားသော တန်ခိုးတော်ကို ခံစားကြရမည်ဖြစ်သည်။

အိမ်ထောင်စု (၂) စု

ကမ္ဘာမြေကြီးသည် အဆုံးသတ်တော့မည်။ ခေတ်အဆက်ဆက် တို့၏အထွတ်အထိပ်ဖြစ်မည်။ လောက၌အရာခပ်သိမ်းတို့သည် ရပ်တန့် ကာနေမည်။ ဘဏ်တိုက်များအားလုံးဘာမျှမရှိတော့ပြီ။ အဘယ်ကြောင့် ဆိုသော် ငွေကြေးသည် တန်ဖိုးမရှိတော့သည့်အတွက်ကြောင့်ဖြစ်သည်။ ကပွဲရုံများသည်လည်း သီချင်းသံများ ဆိတ်ငြိမ်လျက် ဆွဲဆောင်မှုမရှိ တော့ပြီ။ အရက်ဆိုင်များသည်လည်း မည်သူမျှမရှိ၊ အရက်ဝယ်သော သူတို့လည်း မရှိတော့ပြီ။ ပြည့်တန်ဆာအခန်းများတွင်လည်း မည်သူမျှ မရှိ၊ သူတို့တတွေအလုပ် လက်မဲ့ဖြစ်ကုန်ကြပြီ။

ထိုကြောက်မက်ဖွယ်ကောင်းသောနေ့ရက်တွင် အိမ်ထောင်စုနှစ် ခုသာရှိတော့မည်။ သခင်ယေရှုကိုလက်မခံသောသူတို့သည် ကယ်တင် ရှင်ထံမှထွက်ပြေးကုန်ကြမည်။ တောင်များနှင့်ကျောက်များကို ခေါ်ပြီး “ငါတို့အပေါ်သို့ကျပါ။ ထီးနန်းပေါ်မှာထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏အမျက်တော်ကိုကာကွယ်၍ ငါတို့ကိုဖုံးအုပ်ပေးကြပါ။” (ဗျာ ၆း၁၆)။

သခင်ယေရှုကိုလက်ခံသောသူတို့သည် ၎င်းထံတော်သို့ပြေးသွား ကြမည်။ ဟေရှာယနှင့်အတူ ဤသီချင်းကိုသီဆိုကြမည်။ “ဤအရှင်ကား၊ ငါတို့မြော်လင့်သောငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော် မူလိမ့်မည်။” (ဟေရှာယ ၂၅:၉) တမန်တော်ယောဟန်နှင့်အတူ “ယေရှု ကြွလာတော်မူပါ။”(ဗျာ ၂၂း၂ဝ) ဟုသီဆိုမည်။ အိမ်ထောင်စုနှစ်ခုတည်း သာရှိမည်။ စာတန်၏အိမ်ထောင်နှင့် ဘုရားသခင်၏ အိမ်ထောင်စုဖြစ် သည်။ သင်နှင့်ကျွန်ုပ်သည် တစ်ဘက်၌ရပ်နေမည်ဖြစ်သည်။ ဘယ်ဘက်

၌ဖြစ်မည်နည်း။

ကျွန်ုပ်တို့ကောင်းကင်သို့နှလုံးသားဖြင့် မော်ကြည့်ပြီး “ချစ်လှပါ သော ကိုယ်တော်၊ ကျွန်တော်မကိုချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မအတွက် ပြန်လာမည့်ကောင်းသော သတင်းအတွက်လည်း ဝမ်းမြောက်ပါပေ၏။ ကိုယ်တော်ကိုချစ်တယ်၊ ကိုယ်တော်နှင့်အတူ နေလို ပါတယ်၊ ကိုယ်တော်ကိုတွေ့မြင်လိုပါတယ်၊ ကိုယ်တော်အသံကိုကြားလို ပါတယ်၊ ကိုယ်တော်ရဲ့ ဘုန်းတော်ကိုလည်း ဝင်စားလိုပါတယ်။ ကိုယ် တော်နှင့်အတူ ထာဝရနေရန် ကျွန်တော်/မကို အဆင်သင့်ဖြစ်စေရန် ပြုလုပ်တော်မူပါ။”

No comments:

Post a Comment