- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၁၂) အကျိုးသက်ရောက်သည့်ဆက်သွယ်ရေး လျှို့ဝှက်ချက် (၃) ရပ်
ယနေ့အိမ်ထောင်ရေးပြဿနာကပ် (၇၀) ရာခိုင်နှုန်းခန့်သည် ဆက်သွယ်ရေးတွင် ဗဟိုပြုသည်ဟု တွက်ချက်ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ နောက်ဆုံး ဇနီးမောင်နှံနှစ်ဦးတို့သည် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ပြောဆိုနေကြဆဲဖြစ်လျှင် ဤပြဿနာများကို ဖြေရှင်းရန်မဖြစ်နိုင်ပါ၏လော။ လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေကြည့် ကြပါစို့။
ထိရောက်သည့်ဆက်သွယ်ရေးလျှို့ဝှက်ချက်များ
ခံစားချက်များမျှဝေပါ။
ပထမအကျိုးသက်ရောက်သည့် ဆက်သွယ်ရေးလျှို့ဝှက်ချက်မှာ ခံစားချက်များကို မျှဝေခံစားရန်ဖြစ်သည်။ ထိုသို့ပြုရန် ဆက်သွယ်ရေး အဆင့် (၅) ဆင့်ရှိသည်ဟု John Powell ဖွင့်ဆိုထားသည်။
လူစိမ်းအဆင့်။ ဤအဆင့်သည် အနိမ့်ဆုံးအဆင့် (၅) သမားရိုးကျစကား ပြောသည့်အဆင့်ဖြစ်သည်။ “နေကောင်းလား” “ကောင်း ပါတယ်” အပေါ်ရံအဆင့်၊ လူစိမ်းအဆင့်ဟု သတ်မှတ် နိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူစိမ်းများသာ ဤသို့ ပြောဆိုသည်။ ရိုးရိုးသာမန်ပရမ်းပတာပြောခြင်း ဖြစ်သည်။
အသိအကျွမ်းအဆင့်။ အဆင့် (၄) သူတို့နှစ်ဦးသည် အခြားသူများ အကြောင်း အသိခြင်းဖလှယ်သည့် အဆင့်ဖြစ် သည်။ “ဦးလုံးနှင့်မပုတို့ ကွာရှင်းတော့မယ်လို့ ကြားတယ်” သိကျွမ်းသည့်အဆင့်ဟု ဆိုမည်။ ရှောင်တခင်သိကျွမ်းသည့်အဆင့်တွင် သူတစ်ပါး ၏အကြောင်းကိုသာပြောပြီး မိမိတို့အကြောင်း ကို ပြောဆိုဝေငှခြင်းမရှိပါ။
မိတ်ဆွေအဆင့်။ အဆင့် (၃) ကို မိတ်ဆွေအဆင့်ဟု ခေါ်ကြပါစို့။ ဤအဆင့်တွင် ပေါင်းဖေါ်ဖက်နှစ်ဦးသည်
ကောင်းသောသူငယ်ချင်းနှစ်ဦးကဲ့သို့ မိမိတို့၏သဘောထားများကို ဆွေး နွေးရန် ဆန္ဒရှိသည်။ “တို့ဒီညအိမ်မှာ အတူနေရင်ကောင်းမယ်ထင်တယ်” သူတို့နှစ်ဦးသည် တန်ဖိုးထားမှု၊ သဘောထားစီရင်ဆုံးဖြတ်ချက် စသည် တို့ကို တစ်ဦးနှင့်တစ်ဦးဖလှယ်ရန် ဆန္ဒရှိသည်။ ဤအရာသည် အခြေခံ သဘောမျှဖြစ်ပြီး ၎င်းတို့၏အမှန်ခံစားချက်များကိုမူ လျှို့ဝှက်စွာ ထားရှိ ဆဲပင်ဖြစ်သည်။ ကံဆိုးစွာဖြင့် စုံတွဲအများစုသည် ဤအဆင့်ထက် ကျော် လွန်ခြင်းမရှိပါ။
စစ်မှန်သောချစ်သူအဆင့်။ ဤဒုတိယအဆင့်တွင် စစ်မှန်သည့် ဆက် သွယ်ရေးစတင်ဖြစ်ပေါ်သည်။ ကြင်ဖက်နှစ်ဦးသည် ၎င်းတို့၏ ‘အူ’တွင် ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများကို ဖေါ်ပြသည့် အဆင့်ဖြစ်သည်။ “ငါကဗျာလိုပဲ ခံစားရတယ်။ မင်းကထွက်သွားပြီး ဒီကလေးနဲ့ညတိုင်းချန် ထားခဲ့တယ်။” ဤနေရာတွင် လင်ယောက်ျားနှင့် မယားတို့အတွင်းစိတ် ကို မျှဝေကြသည်။ “စိတ်ဆိုးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ရှုပ်ထွေးခြင်း၊ စိတ် လှုပ်ရှားခြင်း” မည်သည့်အရာမဆိုဖြစ်နိုင်သည်။ ဤအဆင့်ကို စစ်မှန် သည့်ချစ်သူများအဆင့်ဟု ဆိုနိုင်သည်။ ဤအဆင့်၌သာလျှင် ချစ်ခြင်း သည် အလှအပတန်ဆာဆင်နိုင်သည်။ ဤအဆင့်၌ အကြောင်းအရာများ သာထည့်တွက်ရမည်မဟုတ်၊ ခံစားချက်များသည်လည်း အလွန်အရေး ကြီးသည်။ “ဦးခေါင်း”၏ အလုပ်သာမဟုတ်၊ “နှလုံး” ၏ အလုပ်လည်း ဖြစ်သည်။ ဆွေးနွေးခြင်းထက် ကျော်လွန်သည်။ အပြန်အလှန်ပြောဆို ခြင်းဖြစ်သည်။
စူပါချစ်သူများအဆင့်။ အဆင့် (၁) သည် အထွတ်အထိပ်ဆက်သွယ်ရေး အဆင့်ဖြစ်သည်။ အလွန်ဖြစ်ခဲသည့် နောက်ဆုံး ရင်းနှီးမှုအတွေ့အကြုံများဖြစ်သည်။ ဤအဆင့်
ကို စူပါချစ်သူများအဆင့်ဟု ခေါ်နိုင်မည်လား။ အတွင်းစိတ်၏ခံစားချက် များ၊ နက်ရှိုင်းလှသော အတွေးများ၊ နှလုံးသားချင်းတစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက်တို့ကို ပေးဆပ်ခဲ့သည့်မမေ့နိုင်သောအချိန်များဖြစ်သည်။
ကျွန်ုပ်တို့ အမှန်တကယ်ခံစားချက်များကို ထုတ်ဖေါ်ပြောဆိုရန် လွယ်ကူသည့်အလုပ်မဟုတ်ပါ။ အလိုအလျောက် ထွက်ပေါ်လာခြင်း လည်းမဟုတ်ပါ။ သည်းခံခြင်းနှင့် လုံ့လဝီရိယတို့ဖြင့် စွဲမြဲစွာသင်ယူရရှိရန် လိုအပ်သောကျွမ်းကျင်မှုဖြစ်သည်။ ကျွန်ုပ်တို့၏ အတွင်းစိတ်နှင့် ခံစား ချက်များကို ဖေါ်ပြဝေငှရန် သတ္တိရှိမှသာလျှင် ကျွန်ုပ်တို့၏ ဆက်သွယ် ပြောဆိုခြင်းသည် အဓိပ္ပါယ်ရှိမည်ဖြစ်သည်။
သခင်ယေရှုပင်လျှင် သေရေးရှင်ရေးအချိန်၌ သူ၏ အတွင်းနက် ရှိုင်းသည့်ခံစားချက်များကို သူချစ်သောသူတစ်ဦးနှင့် ဝေငှရန် စိတ်လှုံ့ ဆော်ခဲ့သည်။ သူ၏ အထူးသူငယ်ချင်းသုံးယောက်ကို ခေါ်ဆောင်ပြီး ဤသို့ဆိုသည်။ “ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ် ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍နေကြလော့။” (မဿဲ ၂၆:၃၈)။ အကယ်၍သူသည် မိမိ၏ အတွင်းစိတ်ခံစားမှုကို ထုတ်ဖေါ်ပြရန် လိုအပ် မည်ဟုထင်သော် အမှန်တကယ် ကျွန်ုပ်တို့လည်း ဆက်သွယ်ပြောဆိုရန် လိုအပ်မည်ဖြစ်သည်။
ခံစားချက်များကို “မင်း” (သို့မဟုတ်) “ငါ” ဆိုသည့်စကားလုံး (၂) လုံးကို အသုံးပြုခြင်းဖြင့် ဖေါ်ပြနိုင်သည်။ “မင်း” ဖြင့် အသုံးပြုဖေါ်ပြ ခြင်းသည် အပြစ်တင်ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်။ တစ်ဦး၏ခံစား ချက်ကို အခြားတစ်ဦး၏ ပြုမူချက်အပေါ် အပြစ်တင်ခြင်းဖြစ်သည်။ “မင်း ငါ့ကို အရူးလုပ်တာပဲ။” “မင်းမနီနဲ့အတော်အချိန်ဖြုန်းတာပဲ” ထိုကဲ့သို့ သောပြောဆိုချက်များသည် အမျက်ဒေါသဖြစ်စေသည်။ အဘယ်ကြောင့် ဆိုသော် အပြစ်တင်သည့်လက်ညှိုးညွှန်ပြနေခြင်းကြောင့်ဖြစ်သည်။
အခြားတစ်ဘက်၌ “ငါ” ဖြင့် အသုံးပြုဖေါ်ပြခြင်းဖြစ်သည်။ ဝန်ခံ သည့်ပြောဆိုခြင်းဖြစ်သည်။ ဘယ်သူကြောင့် ခံစားချက်ကို အတိအကျ မပြောသော်လည်း သူခံစားရသည့်အကြောင်းကို ဖေါ်ပြသည်။ ဥပမာဖြင့် ပြရသော် “မောင်ဘနဲ့အတူအချိန်ဖြုန်းလိုက်တာ၊ ငါအတော်ကို ဒေါသ ဖြစ်တယ်လို့ခံစားရတယ်။” “ငါ” အကြောင်းပြချက်ဖြင့် ပြောဆိုခြင်းသည် ကျွန်ုပ်တို့၏ခံစားချက်ကို ထိရောက်စွာ ဖေါ်ထုတ်သော စက်ယန္တရား တစ်ခုဖြစ်သည်။ မိမိရရှိသော အမွေများကိုဖြုန်းတီးပြီး အိမ်သို့ပြန်လာရန် စိတ်ဆုံးဖြတ်လိုက်သည့်သားငယ်သည် အိမ်တွင်းပဋိပက္ခဖြစ်မှုကို ဖြေ ရှင်းရန် “ငါ” ဖြင့် ဖေါ်ပြအသုံးပြုမည်ဖြစ်ကြောင်း စီစဉ်ထားသည်။ “ငါထ၍အဘထံသို့သွားမည်။ အဘ၊ ကျွန်ုပ်သည် ဘုရားသခင်ကိုလည်း ကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ် တော်၏ သားဟူ၍ခေါ်ခြင်းကို မခံထိုက်ပါဟူ၍ ငါပြောမည်ဟု အကြံရှိ သည်။” (လုကာ ၁၅း၁၈၊၁၉)။
တက်ကြွဖျတ်လတ်စွာနားထောင်ခြင်း
အကျိုးသက်ရောက်သည့် ဆက်သွယ်ရေး၏ဒုတိယလျှို့ဝှက်ချက် သည် တက်ကြွစွာနားထောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏အစီအမံတွင် ကျွန်ုပ်တို့သည် ပြောသည်ထက် နားထောင်ရန်ဖြစ်မည်။ လူတစ်ဦးတွင် လျှာတစ်ချောင်းသာရှိပြီး နားမှာနှစ်ဖက်ရှိသည်။ “ငါချစ်သောညီအစ်ကို တို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ၊ စကား ပြောခြင်းငှါလည်းကောင်း၊ အမျက်ထွက်ခြင်းငှါလည်းကောင်း နှေးကြ စေ။” (ယာကုပ် ၁း၁၉) တွင် ယာကုပ်သတိပေးပြောဆိုသည်ကို တွေ့ရ သည်။
တက်ကြွဖျတ်လတ်စွာ နားထောင်ခြင်းကား အဘယ်သို့နည်း။ ပြောဆိုသည့်စကားထက် ပို၍ကြားခြင်းဖြစ်သည်။ စကား၏နောက်ကွယ် တွင် ဖုံးအုပ်လျက်ရှိသော ခံစားချက်ကို သိမြင်နားလည်ရန်ဖြစ်သည်။ Peter Druker ဆိုသည့် လူပြောသည်မှာ “ဆက်သွယ်ပြောဆိုခြင်းတွင် အရေးကြီးဆုံးသောအရာသည် မပြောသည့် စကားကို ကြားခြင်းပင်ဖြစ် သည်” ဟုဆိုသည်။ ဆက်သွယ်ပြောဆိုသည့် သတင်းစကားတစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်သော် ဤကဲ့သို့တွေ့ရသည်။ အကြောင်းအရာတစ် ခုကို ပြောဆိုဖေါ်ပြသည့်အခါ စာလုံးများတွင် ထိရောက်မှု ၇ ရာခိုင်နှုန်း သာရှိသည်။ သတင်းစကား၏ ၃၈ ရာခိုင်နှုန်းသည် ဆက်သွယ်သည့် အသံတွင် ပါဝင်ပြီး ၅၅ ရာခိုင်နှုန်းသည် ကိုယ်ခန္ဓာလှုပ်ရှားမှုဖြင့် ဖေါ်ပြ
သည်ဟုဆိုသည်။
ဤတွေးခေါ်ခံယူချက်ကို မဿဲ (၅) တွင် မှတ်တမ်းတင်ထား သည့် အဖြစ်အပျက်ဖြင့် တိကျပေါ်လွင်စွာဖေါ်ပြထားသည်။ ပေတရုနှင့် အပေါင်းအဖေါ်တို့သည် တစ်ညလုံးငါးမျှားပြီး ဘာမျှရရှိခြင်းမရှိပါ။ ထို နောက် နေ့၏ အလင်းတိတိအချိန်တွင် သခင်ယေရှုသည် ၎င်းတို့၏ ပိုက်ကွန်များကိုချရန် လမ်းညွှန်လိုက်သည်။ ထိုနောက် အံ့သြဖွယ်နိမိတ် လက္ခဏာဖြစ်ပေါ်ခဲ့သည်။ အလွန်များပြားသော ငါးများ ဖမ်းမိခြင်းပင် ဖြစ်သည်။ ပေတရုသည် မိန်းမောတွေဝေလျက်ရှိ၏။ “ယေရှု၏ပုဆစ် တော်ကို ဦးတိုက်၍ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါဟု လျှောက်လေ၏။” (လုကာ ၅း၈)။ သို့သော် ပေတရုသည် ခရစ်တော်အား သူ့ထံမှ အမှန်တကယ်ထွက်သွား ရန် အလိုရှိပါသလား။ ဤကဲ့သို့ဖြစ်ရန် အလိုမရှိပါ။ သူ၏နှုတ်မှ ထွက် သွားရန်ပြောသော်လည်း သူ၏ကိုယ်ခန္ဓာ အမူအရာသည် “ကျွန်ုပ်နှင့် ထာဝရအစဉ်နေတော်မူပါ” ဟု ပြလျက်ရှိသည်။ ခရစ်တော်သည် တက် ကြွဖျတ်လတ်စွာ နားထောင်လျက်ရှိသည်။ ပေတရုထံမှ ထွက်ခွာသွား ခြင်းမရှိပါ။ ခံစားမှုတို့ကို၊ ခံစားချက်များကိုဖေါ်ပြရန် ကျွမ်းကျင်သည့် ပညာသည် အရေးကြီးသကဲ့သို့ နားထောင်ခြင်း၏အတတ်သိပ္ပံကို ပြည့်စုံ အောင် လုပ်ဆောင်ရန်မှာလည်း တန်းတူအရေးကြီးသည်။ အဘယ် ကြောင့်ဆိုသော် ဤအရာများသည် ထိရောက်သည့်ဆက်သွယ်ရေး၏ မရှိ မဖြစ် လိုအပ်သည့်သော့ချက်ပင်ဖြစ်သည်။ ဆက်သွယ်ပြောဆိုခြင်းသည် လည်း ပဋိပက္ခဖြေရှင်းရာ၌ အရေးပါသောအရာဖြစ်သည်။ ဤသော့ ချက်များသည် အိမ်ထောင်၏ လျှို့ဝှက်ချက်များကိုလည်းကောင်း၊ မိဘ ဝတ္တရားများ၏ ထောင်တံခါးကိုလည်းကောင်း ဖွင့်နိုင်သည့်စွမ်းရည်ရှိပြီး လူ့ဘောင်အဖွဲ့အစည်းအားလုံးတွင် ဒုက္ခဆင်းရဲ နာကျင်မှုစသည်များမှ လွတ်ငြိမ်းစေနိုင်သည်။
သို့သော် ဆက်သွယ်ပြောဆိုခြင်းသည် ပဋိပက္ခဖြစ်မှုတို့၏စိန်ခေါ် မှုများကို လုပ်ဆောင်ဖြေရှင်းရာ၌ မရှိမဖြစ်သော အရာများဖြစ်သည် သာမက အိမ်ထောင်ရေးအတွေ့အကြုံပိုမိုရင့်ကျက်တိုးပွားလာရန် ရှာဖွေ သောသူများအတွက်လည်း တန်ဖိုးမဖြတ်နိုင်သည့်အရာ ဖြစ်သည်။ ဤ အချက်နှင့်ပတ်သက်ပြီးအကြောင်းအရာ (၃) ချက်ကို လေ့လာကြည့်ကြ ပါစို့။
ယုံကြည်လက်ခံခြင်း
မည်သူတစ်ဦးတစ်ယောက်မှ ကြင်ဖက်၏ မျှော်မှန်းထားချက်ကို ပြည့်ဝစွာတိုင်းတာရယူခြင်းမရှိနိုင်ပါ။ ကျွန်ုပ်တို့အားလုံးသည် ကန့်သတ် မှု နယ်ပယ်နှင့်ကြီးထွားရန် အခန်းကဏ္ဍလည်း ရှိသည်။ သို့သော် ကြီး ထွားမှုကို ပြစ်တင်ဝေဖန်သည့်သဲမြေသည် ပုပ်ပျက်စေခဲ့သော်လည်း ယုံကြည်လက်ခံသော မြေသြဇာသည် ကြီးထွားအောင် ကူညီသည်မှ အသက်တာ၏ နိယာမပင်ဖြစ်သည်။ များစွာသောကြင်ဖက်တို့သည် ဝေဖန်ခြင်းနှင့်ငြင်းဆန်မှုကိုပါ ဆက်သွယ်ပြောဆိုပြီး ပေါင်းဖေါ်ဖက်၏ အနုတ်လက္ခဏာပြသောကြီးထွားမှုနှုန်းကို အံ့သြကြသည်။ အခြားတစ် ဘက်၌ ယုံကြည်လက်ခံခြင်းဖြင့် ဆက်သွယ်ပြောဆိုခြင်းသည် မိမိကိုယ် ကို တန်ဖိုးရှိရန် ပြုစုပျိုးထောင်ပြီး အပေါင်းလက္ခဏာရှင်သန်ကြီးထွားရန် ပတ်ဝန်းကျင်ကိုလည်း ဖန်တီးသည်။
Johnny Lingo ဆိုသည့် ရုပ်ရှင်ကားတွင် Mahana သည် တန်ဖိုး မရှိသလောက် ၎င်းကိုထင်မြင်ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှုဓလေ့တွင် ဖခင်တစ်ဦးသည် မိမိ၏သမီးကို လက်ထပ်ရန် နွားသုံးလေးကောင် ပေးရုံမျှနှင့်ရရှိနိုင်ရာ Mahana ၏ ဖခင်မှာမူ ဘာကိုပဲရရှိသည်ဖြစ်စေ၊ ၎င်း၏သမီးကို စွန့်လွှတ်ရန် အဆင်သင့်ပင်ရှိသည်။ ထိုနောက် လူတိုင်း အံ့ဩသည်မှာ Johnny Lingo ဆိုသည့် ချမ်းသာကြွယ်ဝ၊ ရုပ်လှသော ယောက်ျားသည် နွားရှစ်ကောင်ဖြင့် Mahana ၏ လက်ကို တောင်းခံခြင်း ပင်ဖြစ်သည်။ ဤအရာသည် ၎င်းတို့နေထိုင်သည့်ကျွန်းတွင် အမြင့်ဆုံး ပေးရသောခန်းဝင်ပစ္စည်းများဖြစ်သည်။ Johnny နှင့် ၎င်း၏ဇနီးသည်တို့ ပျားရည်ဆမ်းခရီးမှပြန်လာသည့်အခါ ရွာသူရွာသားများသည် အံ့အားသင့် ပြီးနေကြသည်။ Mahana သည် လှပခြင်း၊ တည်ငြိမ်ခြင်း၊ ဆွဲဆောင်မှု ရှိခြင်းတို့၏ ပုံရိပ်ဖြစ်နေသည်။ ထိုနောက် Johnny သည် ၎င်း၏လျှို့ဝှက် ချက်ကို ထုတ်ဖေါ်ပြောဆိုလိုက်သည်။ ခန်းဝင်ပစ္စည်း၏ တန်ဖိုးသည် သတို့သမီး၏ တန်ဖိုးကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။ Mahana သည် ရွာသားများ၏ မျက်စိရှေ့တွင် တန်ဖိုးအရှိဆုံး အမျိုးသမီးဖြစ်ကြောင်း သိရှိသည့်အခါ သူသည် မျှော်မှန်းမှု၏ အမြင့်ဆုံးအဆင့်သို့ တက်သွား လေတော့သည်။
နှစ်သက်သဘောတူခြင်း
လူသားတိုင်းတွင် တန်ဖိုးရှိသည့်နှစ်သက်ဖွယ်ကောင်းသောအရာ တစ်မျိုးမျိုးရှိမည်ဖြစ်သည်။ ဤကဲ့သို့နှစ်သက်ဖွယ်ရာများကို အိမ်ထောင် ဖက်တိုင်းမှ လိုက်လျောညီထွေတန်ဖိုးထားကြောင်း ပြောဆိုသင့်သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် ကောင်းချီးနှစ်ဆရရှိသည်။ နားထောင်သော သူသည် မိမိ၏ တန်ဖိုးမှာတက်လာသည့်အကျိုးကို ခံစားရရှိစဉ် ပြောဆို ဆက်သွယ်သော သူသည် အိမ်ထောင်ဖက်၏ အဖိုးထိုက်မှုကို ပိုမိုတိုး တက်၍ ခိုင်မာတောင့်တင်းစေသည့် အတွေ့အကြုံကို ရရှိမည်ဖြစ်သည်။
ရှုလမိတ်သတို့သမီး၏ နှစ်သက်ဖွယ်ကောင်းသောအရာများကို ရှောလမုန်မင်းကြီးသည် သတိကြီးစွာဖြင့် ဂရုစိုက်အမွှမ်းတင်ပြောဆို သည်ကို လှပသည့်ကျမ်းဝင်သီချင်းတွင် ဖေါ်ပြထားသည်။
“သင်သည် အဆင်းလှပေ၏။
ငါချစ်သောနှမ၊ အလွန်လှပေ၏။
ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့်ပြည့်စုံ၏။
နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့်တူ၏။
ရင်သားနှစ်ဖက်တို့သည်
နှင်းတော၌ကျက်စားသောဒရယ်သားငယ်အမွှာနှင့်တူကြ၏။
ငါချစ်သောနှမ၊
သင်သည် အပြစ်တစ်စုံတစ်ခုမျှမရှိ။
တစ်ကိုယ်လုံးလှပေ၏။” (ရှောလမုန်သီချင်း ၄း၁၊၃၊၅၊၇)။
ထိုနောက်ရှုလမိတ်သည် ဤကဲ့သို့ မေးခွန်းထုတ်လိုက်သည်။
“သင်ချစ်ရာသခင်သည်
အခြားတစ်ပါးသောချစ်ရာသခင်ထက်
ဘယ်သို့သာသနည်း။” (၅း၉)။
ဤမေးခွန်းသည် ၎င်းချစ်သူကို အသစ်ပြန်လည်တန်ဖိုးဖြင့် အကဲ
ဖြတ်ရန် စိန်ခေါ်လိုက်သဖြင့် သူမသည် ချီးမွမ်းသီချင်းကို ဖွင့်ဆိုလိုက် လေသည်။
“ငါချစ်ရာသခင်သည်၊
ဖြူသောအဆင်း၊
နီသောအဆင်းနှင့်ပြည့်စုံ၍၊
လူတစ်သောင်းတို့တွင်၊
အထွတ်အမြတ်ဖြစ်တော်မူ၏။
ဦးခေါင်းတော်သည်
ရွှေစင်နှင့်တူ၏။
မျက်စိတော်တို့သည်၊
နို့၌ချိုးလျက်၊ မြစ်ရေပေါ်မှာ
ပျံ့ပျံ့ကြွကြွဝပ်သော၊
ချိုးနှင့်တူ၏။
ပါးတော်တို့သည် နံ့သာတော၊
မွှေးကြိုင်သောပန်းတောကဲ့သို့လည်းကောင်း၊
နှုတ်ခမ်းတော်တို့သည်၊
ပကတိမုရန်ဆီယိုသောနှင်းပွင့်ကဲ့သို့လည်းကောင်း၊
ဖြစ်ကြ၏။
နှုတ်တော်သည် အလွန်ချိုပေ၏။
တစ်ကိုယ်လုံး၌ချစ်ဖွယ်သောတန်ခိုးတော်
အပေါင်းနှင့်ပြည့်စုံတော်မူ၏။" (ရှောလမုန် ၅း၁၀-၁၃၊၁၆)။
ကြင်နာမြတ်နိုးခြင်း
အိမ်ထောင်မကျမီ ချစ်ကြောင်းဖေါ်ညွှန်းပြောဆိုခြင်းသည် လို သည်မရှိ၊ အမြဲပိုလျှံလျက်ရှိသည်။ သို့သော် အိမ်ထောင်ကျပြီးနောက် အလွန်ရှားပါးလာသည်မှာ ထုံးစံအတိုင်းဖြစ်သည်။ အိမ်ထောင်ဖက်တိုင်း သည် ချစ်ကြောင်းမကြာခဏပြောဆိုရန် တာဝန်အဖြစ်ထားသင့်သည်။
ချစ်တေးကို ပြန်လည်ဆန်းစစ်ကြည့်သော် အချစ်သည် အလွန် ပေါများစွာဖေါ်ပြထားသည်ကို တွေ့ရသည်။ “ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။” (ရှော ၁း၁၅) ဟု ယောက်ျားက ပြောဆိုခဲ့သည်။ ထိုနောက်ဇနီးသည်၏ တုံ့ပြန်မှုမှာ “ငါချစ်သောသခင် သည် အဆင်းလှ၍ ချစ်ဖွယ်သောလက္ခဏာနှင့် ပြည့်စုံတော်မူ၏။” (ငယ် ၁၆)။ သတိထားရန် တန်ဖိုးရှိသည့်အချက်တစ်ခုမှာ ၎င်းတို့တစ်ဦးနှင့် တစ်ဦး ချစ်ခင်မြတ်နိုးသော အသုံးအနှုန်းများဖြင့် ခေါ်ကြခြင်းပင်ဖြစ် သည်။ ယောက်ျားသည် “ငါချစ်သောနှမ” ဟုလည်းကောင်း၊ မိန်းမသည် “ငါချစ်သောသခင်” ဟူ၍လည်းကောင်း တစ်ယောက်နှင့်တစ်ယောက် ခေါ်ကြသည်ကိုတွေ့ရ၏။
ယောက်ျားနှင့်မိန်းမနှစ်ဦးစလုံး၏ ခန္ဓာဗေဒဖွဲ့စည်းပုံတွင် အရေး ကြီးသည့်၊ နီးနီးကပ်ကပ် ပေါင်းစပ်စည်းလုံးသည့် အထူးအင်္ဂါအစိတ် အပိုင်းနှစ်ခုရရှိသည်။ လျှာနှင့်နားသည် အမြဲလို လျစ်လျူရှုထားခြင်းကို ခံရသည်။ ဤအင်္ဂါအစိတ်အပိုင်းနှစ်ခုသည် နှစ်ဦးကို တစ်ဦးတည်း၊ တစ် သွေးတစ်ကိုယ်တစ်စိတ်ဖြစ်စေရန် အလွန်ခွန်အားနှင့်ပြည့်ဝသော အင်္ဂါ အစိတ်အပိုင်းဖြစ်သည်။
ထူးခြားသည့် မြင်ကွင်း
ဆက်သွယ်ပြောဆိုခြင်းသည် အိမ်ထောင်၏ ဆက်လက်ရှင်သန် ရေးအတွက် သေရေးရှင်ရေးဖြစ်သကဲ့သို့ အသင်းတော်၏ဆက်လက်ရှင် သန်ရေးအတွက်လည်း အလွန်အရေးကြီးလှပါသည်။ လွန်ခဲ့သည့်အနှစ် (၂၀၀၀) ခန့်တွင် အသင်းတော်အတွင်း ထူးခြားသည့်ဆက်သွယ်ရေး မြင်ကွင်းတစ်ခုတွေ့ကြုံခဲ့ရသည်။ ယုံကြည်သူများတစ်စုတစ်စည်း၊ တညီ တညွတ်တည်းဖြင့် ဆုတောင်းလျက် ကတိတော်ရှိသည့် ဝိညာဉ်တော် တန်ခိုးကိုစောင့်နေစဉ်။ “ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍ ထိုသူတို့ နေထိုင်သော အိမ်ကို ဖြည့်လေ၏။ ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၏။ ထိုသူအသီးသီးတို့အပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်းတို့ သည်လည်း သန့်ရှင်းသောဝိညာဉ်တော် ဟောပြောသောအခွင့်ကို ပေး တော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြော
ကြ၏။” (တမန် ၂း၂-၄)။
မြို့တွင်းသို့လျင်မြန်စွာသတင်းပျံ့နှံ့သွားခဲ့ရာ လူအပေါင်းတို့သည် လာရောက်ကြည့်ရှုကြလေသည်။ ဤသို့ လာရောက်ကြည့်ရှုကြသောသူ တို့သည် ယေရုရှလင်မြို့တွင် နှစ်စဉ်ကျင်းပသောပင်တေကုတ္တေပွဲသို့ လာ ရောက်သော “ကောင်းကင်အောက်တွင် ရှိလေသမျှသော လူမျိုးထဲက တရားကိုရိုသေသောယုဒလူတို့” ဖြစ်သည်။ (တမန် ၂း၅)။ ၎င်းတို့ စုရုံး လာသည့်အခါ အံ့သြစွာဖြင့် ရပ်လျက်ရှိ၏။ “လူအများသည် စုဝေးလာကြ လျှင် အသီးသီး အခြားခြားသော မိမိတို့ဘာသာစကားဖြင့် တမန်တော်တို့ ဟောပြောသည်ကို ကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။” (တမန် ၂း၆)။
ပထမဦးဆုံးကျင်းပသည့် ပင်တေကုတ္တေပွဲတွင် လူထုသည် နား မလည်သော ဘာသာစကားဖြင့် ပြောဆိုခြင်းမဟုတ်ပါ။ နားလည်သော ဘာသာစကားဖြင့် ပြောနေခြင်းဖြစ်သည်။ ထိုသို့ပြောသော စကားသည် အပြည်ပြည်အရပ်ရပ်မှလာသောသူများသိရှိနားလည်ပြောဆိုသည့်လူမျိုးစု အသီးသီး၏ဘာသာစကားဖြစ်သည်။ မှတ်တမ်းအရ “လူအပေါင်းတို့ သည် အံ့သြမိန်းမောတွေဝေလျက်ရှိနေကြ၏” ဟုဆိုသည်။ “ငါတို့သည် အသီးအသီး မွေးဖွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား၊ အဘယ်သို့နည်း။” “ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့သြဖွယ် သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်။” (ငယ် ၇၊၈၊၁၁)။
ဘုရားသခင်သည် အဘယ်ကြောင့် ပညာမရှိသောတပည့်တော် များအား ၎င်းတို့၏ အချိန်ကာလတွင် ပြောဆိုသောဘာသာစကားများကို ပြောရန် ဘာသာစကား နိမိတ်လက္ခဏာတန်ခိုးကို ပေးတော်မူသနည်း။ ရည်ရွယ်ချက်အကြောင်းနှစ်ရပ်မှာ အသင်းတော်၏ အသစ်အချိန်ကာလ၊ ဝိညာဉ်တော်ကာလရောက်ရှိခြင်းနှင့် သခင်ယေရှုခရစ်၏ ဧဝံဂေလိ သတင်းစကားကို လောကလူမျိုးအပေါင်းတို့အား အကျိုးသက်ရောက် သည့်ဆက်သွယ်ရေးဖြင့် လျင်မြန်စွာ ပြောကြားနိုင်ခြင်းငှါ အသိပေးနှိုး ဆော်ခြင်းပင်ဖြစ်သည်။
ဆက်သွယ်ရေးပြဿနာ
ပင်တေကုတ္တေပွဲကျော်လွန်ပြီး (၂၅) နှစ်ခန့်တွင် ကောရိန်သု အသင်းတော်တွင်ဆက်သွယ်ရေးပြဿနာပေါ်ပေါက်လာခဲ့သည်။ပင်တေ ကုတ္တေပွဲတွင် ပြောကြားသောဘာသာစကားများသည် ကြားနာသူများ နားလည်ကြရာ ကောရိန်သုတွင်ပြောသော စကားများသည် နာကြားသူ များနားမလည်သည့် ဘာသာစကားသံများဖြစ်သည်။ ကောရိန်သုအသင်း တော်၏အတွေ့အကြုံသည် ယနေ့ကြားနေရသော “ဘာသာစကားဆု ကျေးဇူး” (glossolalia) နည်းတူ ဖြစ်သည်။
နားလည်သဘောပေါက်ခြင်းအမှု
ပေါလုပြောသည့်အတိုင်း အသင်းတော်သည် နိုင်ငံရပ်ခြားသား များ စုစည်းရာ ဟူ၍ ဖြစ်လာခဲ့သည်။ “ဘာသာစကား၏ အနက်ကို ငါနားမလည်လျှင် ပြောသောသူအား ငါသည် လူရိုင်းဖြစ်လိမ့်မည်။ ပြော သောသူသည်လည်း ငါ့အား လူရိုင်းဖြစ်လိမ့်မည်” ထိုနောက် နားထောင် သောသူသည် “သင်၏ စကားကိုနားမလည်သောကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်းသို့လိုက်၍အာမင်ဟု အဘယ်သို့ဝန်ခံနိုင်မည်နည်း။ ဧည့်သည် များမည်ကဲ့သို့ပြောမည်နည်း။” မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင် သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည်မဟုတ်လော့။” (၁ကော ၁၄း၁၁၊၁၆၊၂၃)။
ရှုပ်ထွေးခြင်းအမှု
သူတို့ပြောသောစကားသည် သံစုံတီးဝိုင်းတွင် အသံညီမှုမရှိသံ များနှင့်တူသည်။ နားဝင်ချိုသာခြင်းမရှိ “လေထဲတွင်ပြောနေသကဲ့သို့” ဖြစ်သည်။ (၁ကော ၁၄း၉)။
ထိုကြောင့် ပေါလုသည် ၁ကော ၁၂၊၁၃၊၁၄ တို့တွင်ပါသည့်
အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည်။ သူသည် အရေးကြီး သည့် ဘာသာရေးတွေးခေါ်ချက် (၃) ခုကို ဖေါ်ပြသည်။ (၁)။ ဝိညာဉ်ဆု ကျေးဇူး၌ လျှာသည် နောက်ဆုံးတွင်ရှိသည်။ (၁ကော ၁၂း၂၈)။ (၂)။ ယုံကြည်သူအားလုံးသည် ဘာသာစကားကိုမပြော၊ အဘယ်ကြောင့်ဆို သော် သူတို့အားလုံးသည် တူညီသောဆု ကျေးဇူးကိုမရရှိခြင်းကြောင့် ဖြစ်သည်။ လူတိုင်းသည် တမန်တော်မဖြစ်ကြောင်း၊ ရှေ့ပြေးအတိတ် လက္ခဏာများမပြုလုပ်ကြောင်းနှင့် ဘာသာစကားကို မပြောကြောင်းကို အကျိုးသက်ရောက်မှုရှိသောမေးခွန်းကိုအသုံးပြုခြင်းဖြင့်သူပြသခဲ့သည်။ (၃)။မည်သည့်မယုံကြည်သူအား မည်သည့်ဆုကျေးဇူးကို ပေးမည်မှာ ဝိညာဉ်တော်သည် အဆုံးအဖြတ်ပေးသည်။ တစ်ယောက်သောသူအား ပညာတရား၊ အခြားသူတစ်ယောက်အား အနာကို ငြိမ်းစေသောအခွင့်၊ ပုရောဖက်ပြုနိုင်သောအခွင့်၊ အမျိုးမျိုးဘာသာစကားကို ပြောနိုင်သော အခွင့်စသည်တို့ကို ဝိညာဉ်တော်အားဖြင့်ပေးတော်မူ၏။ (ငယ် ၈-၁၀)။ ဝိညာဉ်တော်တစ်ပါးတည်းသာ လူအသီးသီးတို့အား အသီးသီးသော ဆု ကျေးဇူးများကို “အလိုတော်ရှိသည်အတိုင်း ဝေငှ၍ပေးတော်မူ၏။” (ငယ် ၁၁)။
ထိုသို့ဘာသာရေးအတွေးအခေါ်များကို ပေါလု ဖေါ်ပြပြီးနောက် လက်တွေ့လုပ်ဆောင်ရန် ညွှန်ကြားလိုက်သည်။ ၁ကော ၁၄း၂၇၊၂၈ တွင် အချက်သုံးချက်ကို အတိအကျမှာထားလိုက်သည်။ (၁)။ မည်သည့်ဘုရား ကျောင်းဝတ်ပြုပွဲတွင်မဆို ဘာသာစကားပြောမည့်သူ အများဆုံး (၃) ယောက်ထက်မကျော်ရ။ “အခြားသော ဘာသာစကားဖြင့် ဟောပြော သောသူရှိလျှင် နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ် စေ--- ဟောပြောစေ။” (ငယ် ၂၇)။ ပရိသတ်အားလုံးဘယ်သောအခါမျှ မပြောရ။ (၂)။ ဤနှစ်ဦးသုံးဦးသည် တစ်ချိန်တည်းအတူတကွ မပြောဆို ရ။ “တစ်ယောက်နောက် တစ်ယောက်ပြော၍” ဟု ညွှန်ပြထားသည်။ (ငယ် ၂၇)။ (၃)။ တစ်ယောက်သောသူသည် အနက်ကိုဖေါ်ပြစေ။” (ငယ် ၂၇)။ အခြားသူများနားလည်ရန်၊ ဘာသာပြန်ဆိုရန်ဖြစ်သည်။ “စကား ပြန်မရှိလျှင် ဟောပြောသူသည် တိတ်ဆိတ်စွာနေ၍ မိမိအားလည်း ကောင်း၊ ဘုရားသခင်အားလည်းကောင်း ပြောစေ” (ငယ် ၂၈)။ သို့သော် သူသည် ဘုရားကျောင်းတွင် တိတ်ဆိတ်စွာနေရမည်။
၁ကောရိန်သုဩဝါဒစာအခန်း (၁၃) တွင် ဘာသာရေး အတွေး အခေါ် အပြန်အလှန်ပြောဆိုခြင်း၏ ဗဟိုသော့ချက်ကို တွေ့ရမည်ဖြစ် သည်။ အရှုပ်အရှင်းကိုဖြေရှင်းရန် အဖြေရှိခြင်းကြောင့် ဖြစ်သည်။ ကော ရိန်သုအသင်းတော်၏ ဆက်သွယ်ရေးပြဿနာကို ဖြေရှင်းရန် သော့ချက် ကား ချစ်ခြင်း၏တန်ခိုးအရှိန်ဖြစ်သည်။ ယုံကြည်သူများ၏ မိုက်မဲစွာ မပီကလာပြောဆိုခြင်း၊ ကျယ်ကျယ်လောင်လောင်ငြင်းခုံခြင်း၊ သဘော ထားကွဲလွဲခြင်းများကို ကျော်လွန်အောင် လမ်းညွှန်ပြီး ပေါလုသည် ပြဿနာဖြေရှင်းမှုအထွတ်အထိပ်သို့ ပို့ဆောင်ပြောဆိုသည်မှာ “သာ၍ မြတ်သောလမ်းကို ငါပြဦးမည်။” (၁ကော ၁၂း၃၁) ဟုဆိုသည်။ ထို နောက်သူသည် မဖေါက်ပြန်မပျက်စီးနိုင်သောချစ်မေတ္တာ ဆာလံသီချင်း သံသည် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
သူသည် ချစ်မေတ္တာ၏မြင့်မြတ်သောအရာဖြင့် စတင်လေသည်။ မေတ္တာသည် ကောင်းကင်တမန်သီချင်းထက်ပို၍ ချိုသာခြင်း၊ ပုရောဖက် ဉာဏ်ထက်သာခြင်း၊ သိပ္ပံအတတ်အမျိုးမျိုးတို့၏ လျှို့ဝှက်ချက်ထက် နက်ရှိုင်းခြင်း၊ တောင်များကိုရွေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးထက် ခွန်အားကြီးခြင်း၊ သူတစ်ပါးကိုကျွေးမွေး၍ ရှိသမျှကို စွန့်ကြဲခြင်းနှင့် ခန္ဓာကိုယ်ကိုမီးရှို့ခြင်းထက် သာ၍ကြီးမြတ်ကြောင်းကိုဖေါ်ပြသည်။
ထိုနောက်ချစ်မေတ္တာ၏ ပင်ကိုယ်အရည်အချင်းများကို ဖေါ်ပြ သည်။ “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကျေးဇူးပြုတတ်၏၊ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ၊ မလျောက်ပတ်စွာ မကျင့် တတ်၊ ကိုယ့်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ အမှန်တရား၌ ဝမ်းမြောက်တတ်၏၊ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ် ၏၊ ယုံတတ်၏၊ မြော်လင့်တတ်၏၊ သည်းခံတတ်၏။” (၁ကော ၁၃း၁-၇)။
နောက်ဆုံးပေါလုသည် ချစ်မေတ္တာ၏ တည်မြဲခြင်းသဘောကို အလေးပေးဖေါ်ပြသည်။ ပုရောဖက်ဉာဏ်သော်လည်းကောင်း၊ ဘာသာ စကားသော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း ကွယ် ပျောက်သွားမည်ဖြစ်သည်။ သို့သော်မေတ္တာသည် ဖေါက်ပြန်ခြင်းသဘော နှင့်အစဉ်ကင်းလွတ်၏။" (ငယ် ၈)။ တန်ခိုးကြီးသည့်အရာသုံးခု ကျန်ရှိ သည်။ “ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်းဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်းမေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။” (ငယ် ၁၃)။
ချစ်မေတ္တာ၏တန်ခိုး
နောက်ဆုံးအကျိုးထိရောက်မှုရှိသော ဆက်သွယ်ရေး၏ လျှို့ဝှက် ချက်ကား၊ ချစ်ခြင်းမေတ္တာ၏ တန်ခိုးအရှိန်ပင်ဖြစ်သည်။ ထိုသို့သော ချစ်ခြင်းမေတ္တာသည် နေရာတိုင်းတွင် နိမိတ်လက္ခဏာပြမည်သာဖြစ်၏။ အရပ်ထဲ၌လည်းကောင်း၊ ဘုရားဝတ်ပြုကျောင်း၌လည်းကောင်း၊ အိမ်၌ လည်းကောင်း ပို၍ပြသမည်ဖြစ်သည်။ ဤချစ်မေတ္တာသည် ဆက်သွယ် ရေးကို ခွန်အားတိုးစေ၏။ ပြဿနာများကို ဖြေရှင်းပေး၏။ ဆက်ဆံရေး ကို ကြွယ်ဝခိုင်မြဲစေ၏။
သို့သော် ထိုကဲ့သို့သောချစ်မေတ္တာတန်ခိုးကို ဘယ်မှာရရှိနိုင်မည် နည်း။ ၁ကော ၁၂း၃၁ အရ ဝိညာဉ်တော်၏ ဆုကျေးဇူးအထွတ်အမြတ်ဆုံး သောဆုကျေးဇူးဖြစ်သည်ဟုညွှန်ပြထားသည်ကိုတွေ့ရသည်။ ဝိညာဉ် ၏ အသီးများဖြစ်သည်။ (ဂလာတိ ၅း၂၂)။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်အတွက် (၁ယော ၄း၈)။ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ် တို့၏ အသက်တာတွင်းသို့ ဝင်ရောက်ရန် အခွင့်ပေးလိုက်သော် သူ၏ချစ် မေတ္တာတန်ခိုးကိုလက်ခံရရှိမည်ဖြစ်သည်။ဤမေတ္တာတော်ကိုဆုတောင်း ၍ တောင်းလျှောက်ပါက ကျွန်ုပ်တို့ လက်ခံရရှိမည်သာဖြစ်သည်။
မဿဲ ၁၈း၁၉၊၂ဝ တွင် သခင်ယေရှု ရေးဆွဲသည့်ပုံကို ကျွန်ုပ် အလွန်နှစ်သက်သည်။ “တစ်ဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင် တောင်း သမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော် သည် ပေးတော်မူလတ္တံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏ နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့ အလယ်မှာ ငါရှိသည်ဟုမိန့်တော်မူ၏။” ကျွန်ုပ်ငယ်ရွယ်စဉ် ဘုရားဝတ်ပြု ကျောင်းတွင် လူအနည်းငယ်သာ တက်ရောက်လျှင် တရားဟောဆရာ ကြီးသည် ဤကျမ်းပိုဒ်ကိုဖတ်ပြီး နှစ်သိမ့်အားယူခဲ့သည်။ သို့သော် ဤကျမ်းပိုဒ်သည် ဘုရားဝတ်ပြုကျောင်း၌သာ ကန့်သတ်ပြောဆိုခြင်း မဟုတ်၊ အိမ်၌လည်းထိုနည်းတူ သက်ရောက်မှုရှိသည်။ ယောက်ျားနှင့် မယားသည် “လူနှစ်ဦး” မဟုတ်ပါ၏လော့။ မိဘနှင့် ကလေးသည် “လူနှစ်ဦး” မဟုတ်ပါ၏လော့။
မည်သည့် “လူနှစ်ဦး” မဆို ဤချစ်ခြင်းမေတ္တာ၏ တန်ခိုးကို တောင်းခံပါက သူတို့လက်ခံရရှိမည်မှာအမှန်ပင်။ ထိုနောက် ကျွန်ုပ်တို့၏ ဆုတောင်းချက်သည် “မေတ္တာတော်ရှင်ဘုရားသခင်၊ အရှင်ဘုရားသခင် ၏ ချစ်မေတ္တာတန်ခိုးတော်ကို ကျွန်ုပ်တို့အားပေးသနားတော်မူပါ။ တစ်ဦး နှင့်တစ်ဦး ပြောဆိုရာ၌လည်းကောင်း၊ တစ်ဦး၏စကားကို တစ်ဦးက နားထောင်ရာ၌လည်းကောင်း ဤချစ်မေတ္တာကို ဆက်သွယ်ပြောဆို တတ်အောင် သွန်သင်တော်မူပါ။ ဤမေတ္တာကိုလည်း အခြားသူများနှင့် ဝေငှနိုင်ရန် မစတော်မူပါ။ သခင်ယေရှု၏နာမတော်မြတ်၌ တောင်း လျှောက်အပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment