Thursday, January 22, 2026

အခန်း (၁၁) ဘယ်သူ “ဆရာ” လဲ


တစ်ရံရောအခါ ခွန်အားဖြင့် စိုးမိုးလိုသော လင်ယောက်ျားတစ်ဦး သည် အရာခပ်သိမ်းသူပြီးမှပြီးမယ်။ “ငါဆရာပဲ” ဟု မိမိကိုယ်ကိုယုံကြည် လျက် ထိုသို့ဖြစ်ကြောင်း သက်သေပြရန် ဉာဏ်ဆင်ပြီး ကြံစည်ဖန်တီး လိုက်သည်။ သူသည် နေ့တိုင်းမိမိ၏ ဇနီးသည်ကို ရိုက်လေတော့သည်။ တစ်နေ့ပြီးတစ်နေ့ ဤမိန်းမသည် မျက်ရည်မစဲ ငိုကြွေးနေရသည်။ ထိုနောက် သူမသည် ခံနိုင်စွမ်းမရှိတော့ဘဲ ကြင်နာစိတ်ရှိသည့် အိမ်နီး ချင်းအား မိမိစိတ်ခံစားရသည့်အတိုင်း ပြောလိုက်သည့်အခါ ချက်ချင်းပင် သူမအား အကြံကောင်းပေးလိုက်သည်။

“သူ့ကို ရုတ်တရက် အံ့အားသင့်အောင်လုပ်ပါ” ဟု အကြံပေး သည်။ “တံခါးနားမှာတုတ်တစ်ချောင်းထားပါ။ သူမင်းကိုမရိုက်ခင်သူ့ကို ရိုက်ပါ။”

“ဟာ၊ ဘယ်ဖြစ်မှာလဲ၊ ငါအဲဒီလိုကြံစည်ရင် သူငါ့ကိုသတ်မယ်” ဟု ဇနီးဖြစ်သူက ပြန်ပြောသည်။

“သူရဲဘောကြောင်လိုက်တာ၊ ဘာပဲဖြစ်ဖြစ်လေ မင်းကိုသေ အောင် ရိုက်သတ်မှာပဲဟာ” ဟု ပြန်ပြောလိုက်သည်။

ကြေမွအောင်ထုထောင်းခြင်းခံရသောမိန်းမသည် ဖြစ်တန်ရာ၏ ဟု အတန်ကြာစဉ်းစားပြီးနောက် အကြံပေးသည့်အတိုင်း စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ကြောက်ရွံ့စွာဖြင့် တုတ်ကိုပြင်ဆင်ပြီး စိုးရိမ်မှုကြီးစွာဖြင့် တံခါးဘေးတွင် ထားလိုက်သည်။ လင်ယောက်ျားအနီး သို့ ရောက်ရှိလာကြောင်းသိရှိသည့်အခါ သူမသည် တုန်တုန်ယင်ယင်ဖြင့် နေရာယူလိုက်ပြီး တံခါးပွင့်သည်နှင့်တစ်ပြိုင်နက် တုတ်ကိုမြှောက်လိုက် သည်။

“ဦးစီး”

အံ့အားသင့်ပြီး ကြောက်ရွံ့စွာဖြင့် ယောက်ျားသည်လှည့်၍ ထွက် ပြေးလေ၏။ မိန်းမလည်း အံ့အားသင့်ပြီး ပျော်ရွှင်စွာဖြင့် ယောက်ျား နောက်ကိုလိုက်လေတော့သည်။ သူတို့နှစ်ဦးသည် အိမ်ကိုလည်ပတ်ပြီး ပြေးနေစဉ် အကြံပေးခဲ့သော အိမ်နီးချင်းမှာ စိတ်လှုပ်ရှားကြည်နူးစွာဖြင့် ကြည့်နေလေ၏။ ယောက်ျားသည် မောလာသည့်အခါ အိမ်တွင်းသို့ပြေး ဝင်လေ၏။ မိန်းမသည်လည်း အနောက်မှ အပူတပြင်း နောက်သို့ လိုက် ဝင်ခဲ့၏။ ဧည့်ခန်းမမှတစ်ဆင့် အိမ်ခန်းထဲသို့ ဝင်ပြေးလေ၏။ ထိုနောက် လုပ်မိလုပ်ရာကုတင်အောက်သို့ဝင်ပုန်းနေ၏။ မိန်းမသည်လည်း အရာ ခပ်သိမ်းချုပ်ထိန်းလိုက်နိုင်ကြောင်း သိရှိသည့်အခါ ခွန်အားအလွန်တက် လာလေ၏။ ကုတင်အောက်တွင်ဝပ်လျက်ရှိသောယောက်ျားကို တုတ်နှင့် ထိုးနှက်လျက် ယောက်ျားကို ဤကဲ့သို့ပြော၏။ “မောင်မင်းကြီး၊ ထွက်ခဲ့၊ ထွက်ခဲ့။ မင်းကိုကောင်းကောင်း ရိုက်နိုင်အောင်ထွက်ခဲ့။ ငါအရိုက်ခံခဲ့ရ တာကြာပြီ။ အခုငါ့ရိုက်ဖို့အလှည့်ရောက်ပြီး” ဟုပြောဆိုသည်။

နောက်ဆုံးယောက်ျားသည် အသံပေါ်ထွက်လာ၏။ “မိန်းမ၊ မင်း ကို ငါတစ်ခုပြောမယ်။ ငါဟာ ဒီအိမ်မှာဦးစီးပဲ။ ငါပြောတာ ဥပဒေပဲ။ မင်းအခု ငါ့ကိုထွက်ခဲ့လို့ပြောနေတယ်။ မင်းသိထားဖို့က ငါကဦးစီးပဲ။ ငါပြောတာက “ငါထွက်လာပြီး” ဘယ်ကဲ့သို့ဦးစီးဖြစ်ပါသနည်း။

လေ့လာရန်အရေးကြီးသည့်အချက်မှာ ကျမ်းစာတော်မြတ်တွင် မည်သည့်နေရာတွင်မျှ ယောက်ျားကိုခွန်အားဖြင့်စိုးမိုးရန် ဖေါ်ပြထားခြင်း မရှိပါ။ ကျမ်းစာတော်မြတ်တွင် ယောက်ျားကို ဦးခေါင်းဟုဆိုသည်။ “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် ခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။” (ဧဖက် ၅း၂၃)။ အိမ်ထောင်၏ခေါင်း အခန်းကဏ္ဍကား အဘယ်နည်း။



လင်ယောက်ျား၏အခန်းကဏ္ဍ

အထောက်အပံ့ပေးသူ

ဦးစွာသူသည် အထောက်အပံ့ပေးသူဖြစ်သည်။ ပထမဦးစွာသူ သည် ငွေကြေးထောက်ပံ့သူဖြစ်သည်။ တချို့အိမ်များတွင် ပေါင်းဖေါ်ဖက် နှစ်ဦးစလုံးပင် ဝင်ငွေရှာသူများဖြစ်သော်လည်း အိမ်ထောင်၏ငွေရေး ကြေးရေး လိုအပ်ချက်များကို ရှာဖွေပံ့ပိုးရန်မှာ ယောက်ျား၏ တာဝန်သာ ဖြစ်သည်။ ထိုကဲ့သို့ပံ့ပိုးသူများကို ကျမ်းစာမှထောက်ခံပြီး ပျက်ကွက်သူ ကို “မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည် ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသောသူထက်သာ၍ ယုတ်မာ ၏။” (၁တိမော ၅:၈)။

ထိုနောက် သူသည် အိမ်ထောင်၏လုံခြုံရေးအတွက် ကာကွယ် ပေးသည်။ ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်သကဲ့သို့ လောကအိမ် ထောင်၏ လုံခြုံမှုအတွက် ကာကွယ်ပေးသည်။ (ဧဖက် ၅း၂၃)။ အပြင် ဘက် လုံခြုံရေးထက် အိမ်ထောင်၏ အတွင်းရေးလုံခြုံမှုလိုအပ်ချက်ကို ပံ့ပိုးရန်ဖြစ်သည်။ ထိုကြောင့် ဦးခေါင်းသည် ပိုင်ဆိုင်မှုအသိတရားကို ပေးပြီး လုံခြုံမှုအတွက် ဆောင်ရွက်သည်။ ဦးဆောင်မှုနှင့် လမ်းညွှန်မှု အသိတရားကိုလည်းပေးသည်။ အာဗြဟံအကြောင်းကို ဘုရားသခင်ပြော ကြားရာ၌ “အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရားသခင်၏ တရားလမ်းသို့လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြံလိမ့်မည်။ သို့ဖြစ်၍ ကတိတော်ရှိသည့်အတိုင်း ထာဝရဘုရား သခင်သည် အာဗြဟံ၌ပြုရသောအခွင့်ရှိလိမ့်မည်ဟု အကြံတော် ရှိ၏။” (က ၁၈း၁၉)။ အတိုချုပ်ပြောရလျှင် ဦးခေါင်းသည် မိမိ၏ဇနီးနှင့် ကလေး များကြီးပွားဖွံ့ဖြိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။



ကြီးမြတ်သောချစ်သူ

သူသည် အိမ်ထောင်၏ ရုပ်ဝတ္ထုပစ္စည်းများ၊ လိုအပ်ချက်များကို ရှာဖွေပြုစုပေးသည့် ဦးခေါင်းဖြစ်သည်သာမက လင်ယောက်ျားသည် အိမ်ထောင်၏ စိတ်အတွင်းဆုံး ရင်းနှီးကျွမ်းဝင်ပျော်ရွှင်မှုလိုအပ်ချက်များ ကိုလည်းဖြည့်ဆည်းပေးရန်ဖြစ်သည်။ အိမ်ထောင်တိုင်း၏ အမြင့်မားဆုံး သော လိုအပ်ချက်သည် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။

လူသားတို့၏အမြင်မှာ မိန်းမသည် ပို၍ချစ်ဖွယ်ကောင်းသောသူ ဖြစ်သည်ဟု မြင်ရသော်လည်း ဘုရားသခင်၏ အမြင်မှာ ယောက်ျားသည် ပို၍ကြီးမြတ်သောချစ်သူဖြစ်သည်။ “အချင်းယောက်ျားတို့၊ ခရစ်တော် သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။” (ဧဖက် ၅:၂၅)။ သူသည် မိမိ၏ဇနီးကို ချစ်သည့်အတွက် ဘယ်သောအခါမျှ မတရားပြုကျင့်မည်မဟုတ်ပါ။ ဇနီးသည်၏ ရုပ်ခန္ဓာ ကိုယ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း နာကျင်မှုသင့်စေမည် မဟုတ်ပါ။

အသင်းတော်သည် ခရစ်တော်အား အကျိုးယုတ်ဂုဏ်လျော့စေ သော်လည်း ခရစ်တော်သည် အသင်းတော်ကို ဘယ်သောအခါမျှ မတော် မတန် မတရားပြုကျင့်ခြင်းအလုပ်ကို မလုပ်ပါ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အသင်းတော်ကိုချစ်ခြင်းကြောင့်လည်းကောင်း၊ အသင်းတော်သည် ၎င်းနှင့်သက်ဆိုင်၍လည်းကောင်း၊ “ကိုယ်တော်မြတ် ၏အင်္ဂါဖြစ်ကြခြင်း” ကြောင့်လည်းကောင်းဖြစ်သည်။ (ဧဖက် ၅း၃၀)။ အသင်းတော် ထိခိုက်နစ်နာသူတိုင်းသည်လည်း ထိခိုက်ခံစားရသည်။ (အသင်းတော်) သူတို့၏ ပူပင်သောကမှု၌ သူသည်လည်း ဝေမျှခံစားရ သည်။ “တမန်တော်ပေါလုသည် ဤကဲ့သို့ဆိုသည်။ “ကိုယ်အသားကိုမုန်း သောသူတစ်ယောက်မျှမရှိ၊ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေး ပြုစုတော်မူသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေး ပြုစုတတ်ကြ၏။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းကိုချစ်ကြရမည်။” (ဧဖက် ၅း၂၈၊၂၉)။

လင်ယောက်ျား၏အချစ်သည် ပို၍ခွန်အားရှိသင့်သည်။ အဘယ် ကြောင့်ဆိုသော် သူသည် ခရစ်တော်ကို ပုံဆောင်သည့်အတွက်ကြောင့် ဖြစ်သည်။ အသင်းတော်သည် ခရစ်တော်ကိုချစ်သောအချစ်သည် ကြီး မြတ်သော်လည်း အသင်းတော်ကို ခရစ်တော်ချစ်သောအချစ်သည် ပို၍ ကြီးမြတ်၊ ပို၍ချိုသာ၊ ပို၍ပြည့်ဝ၊ ပို၍ချမ်းသာကြွယ်ဝသည်။ မိမိကိုယ်ကို ငြင်းဆန်သောအချစ်၊ မိမိကိုယ်ကိုအပ်နှံ၍ချစ်သောအချစ်၊ ချစ်သောသူ တစ်ဦးအတွက် မိမိအသက်ကိုစွန့်လွှတ်ရန် စိတ်ဆန္ဒရှိသောအချစ်ဖြစ် သည်။ ဤဘုရားသခင်၏ပုံသက်သေကိုဆောင်ပြီး ကျမ်းစာတော်မြတ် တွင် ဤကဲ့သို့ ပြောဆိုသည်ကိုတွေ့ရ၏။ “အချင်းယောက်ျားတို့၊ ခရစ် တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ် ခင်ပွန်းကိုချစ်ကြလော့။” (ဧဖက် ၅း၂၅)။

ယဇ်ပုရောဟိတ်မင်းကြီး

သို့သော် ဦးခေါင်းသည် ပို၍မြင့်တက်လာရဦးမည်။ သူသည် ရုပ်ဝတ္ထုနှင့်စိတ်၏ လိုအပ်ချက်များဖြည့်ဆည်းပေးရုံမက အိမ်ထောင်စု၏ ဝိညာဉ်ရေးလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ သူသည် ချစ်သူ၊ ထောက်ပံ့သူဖြစ်သည်သာမက သူသည် ကြားဝင်ဖျန်ဖြေသူလည်း ဖြစ်သည်။

ကရာနီမတိုင်မီကာလ၌ တဲတော်အတွင်းရှုပ်ထွေးရစ်ပတ်၍ နား လည်ရန်ခက်သောဝတ်ပြုကိုးကွယ်သည့်စနစ်ရှိသည်။ ပဋိညာဉ်သေတ္တာ တော်၊ တရားဟောစင်မြင့်၊ ရှေ့တော်မုန့်၊ ရွှေဖြင့်ပြုလုပ်သောဖရောင်း တိုင်ခုံ၊ ထီးနန်း၊ အမွှေးအကြိုင်များနှင့်ပြည့်လျက်ရှိသည်။ ၎င်းအပြင် ယဇ်ပူဇော်ခြင်း၊ ပုရောဖက်များနှင့်ယဇ်ပုရောဟိတ်မင်းတို့လည်း ရှိသေး သည်။

သို့သော် ကပ်တိုင်ပေါ်၌ ခရစ်တော်သည် “အမှုပြီးပြီ” ဟု ကြွေး ကြော်လိုက်သည့်အခါ ဗိမာန်တော်အတွင်းရှိ ကန့်လန့်ကာသည် အထက် စွန်းမှ အောက်စွန်းသည့်တိုင်စုတ်ပြဲခဲ့ရာ ထိုစနစ်တစ်ခုလုံး ပြိုကွဲခဲ့လေ သည်။ ယနေ့ ရှေ့တော်မုန့်၊ ထီးနန်း၊ အမွှေးနံ့သာ၊ ယဇ်ပူဇော်ခြင်း၊ ယဇ်ပုရောဟိတ် စသည့်အရာများ မလိုအပ်တော့ပြီ။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ပြီး ယုံကြည်သူတိုင်းသည် မိမိ ကိုယ်အတွက် ယဇ်ပုရောဟိတ်ဖြစ်သည်။ “မင်းစည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။” (၁ပေ ၂း၉)။ “ထိုကြောင့် လူတိုင်းသည် ရဲရင့်သော စိတ်နှင့် တရားဟောစင်မြင့်သို့ တိုးဝင်ချဉ်းကပ်” နိုင်ခွင့်ရှိပြီဖြစ်သည်။ (ဟေဗြဲ ၄း၁၆)။ ထိုကြောင့် ဘုရားသခင်၏ မိသားစုအိမ်ထောင်တွင်းဇနီး သည်သည်ယဇ်ပုရောဟိတ်မ၊ ကလေးသူငယ်များသည်လည်း ယဇ်ပုရော ဟိတ် (သို့မဟုတ်) ယဇ်ပုရောဟိတ်မင်းဖြစ်၏။ အိမ်ထောင်၏ဦးစီးအနေ ဖြင့် လင်ယောက်ျားသည် ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်သတည်း။ နံနက် တိုင်း၊ ညနေတိုင်း သူသည် အိမ်ထောင်မိသားစုကို စုရုံးစေပြီး ဆုတောင်း ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းယဇ်ကို ပူဇော်ရလေသည်။ တစ်နည်းအား ဖြင့်ဖေါ်ပြရသော် လင်ယောက်ျားသည် အိမ်တွင် မိမိအိမ်ထောင်စုဝင်များ ကို နံနက်၊ ညဝတ်ပြုရန်စုရုံးပြီး အိမ်ထောင်၏ ဝိညာဉ်ရေးခေါင်းဆောင် ဖြစ်ရမည်။ သီချင်းဆိုနေစဉ်၊ နှုတ်တော်ထွက်ကို လေ့လာစဉ်၊ ဆုတောင်း နေစဉ်သူတို့သည် မိသားစု၏ ထီးနန်းကို တည်ဆောက်လျက်ရှိသည်။ ဤထီးနန်းသည် သစ်သား၊ ကျောက်သားတို့နှင့် ပြုလုပ်သည့်ထီးနန်း မဟုတ်။ ချီးမွမ်းခြင်း၊ ဆုတောင်းခြင်း၊ လေ့လာခြင်းဖြင့် ပြုလုပ်သော ဝိညာဉ်တော်ထီးနန်းဖြစ်သည်။ အိမ်ထောင်ဦးစီးအနေဖြင့် မိမိအိမ်ကို ဘုရားသခင်၏အိမ်တော်အဖြစ် ပြုလုပ်ရန် လင်ယောက်ျားတွင် အာဏာ ပေးထားခြင်းခံရသည်။ ယဇ်ပုရောဟိတ်မင်းအနေဖြင့် သူ၏ အိမ်ထောင် ကို ဘုရားသခင်၏အိမ်ထောင်ဖြစ်စေနိုင်သည်။



မယား၏ အခန်းကဏ္ဍ

တန်းတူညီတူဖြစ်ခြင်း

ယောက်ျား၏ အခန်းကဏ္ဍသည် ထိုကဲ့သို့ဖြစ်သော် မယား၏ အခန်းကဏ္ဍကား အဘယ်သို့နည်း။ ယောက်ျားသည် ဦးခေါင်းဖြစ်သကဲ့ သို့ မယားသည် နှလုံးသားဖြစ်သည်။ ဤအရာနှစ်ခုသည် ခန္ဓာကိုယ်ကို ချုပ်ထိန်းသည့်ဗဟိုအချက်အချာမဟုတ်ပါ၏လော။ အပြစ်ကင်းစင်သည့် ကမ္ဘာတွင် ဘုရားသခင်သည် ပထမဦးဆုံးမိန်းမကို ယောက်ျား၏နံရိုးမှ ထုတ်ယူဖန်ဆင်းခဲ့သည်။ (က ၂း၂၁၊၂၂)။ အာဒံ၏ဦးခေါင်းမှ အရိုး (သို့ မဟုတ်) ခြေထောက်မှအရိုးကို ထုတ်ယူခြင်းမပြုဘဲ နံဘေးမှ အရိုးကို ယူပြီး အသုံးပြုခဲ့သည်။

ဘုရားသခင်၏ မဟာစီမံချက်သည် ယောက်ျားနှင့်မိန်းမတို့သည် တန်းတူညီတူ တစ်ဦးနှင့်တစ်ဦးယှဉ်တွဲကာ ရပ်တည်ရန်ဖြစ်သည်။ စိတ် ဝင်စားဖွယ်ကောင်းသည့် လေ့လာချက်တစ်ခုမှာ ဘုရားသခင်သည် လူ သားကိုမိမိ၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းရန် ဆန္ဒရှိသည်။ သူ၏ စွမ်းရည် နှင့် အရည်အသွေးသည် လူတစ်ဦးတည်းတွင်ပြုလုပ်ရန်မဖြစ်နိုင်ကြောင်း ကို တွေ့ရှိရသည်။ ထိုကြောင့် ဤအရာများကို ယောက်ျားနှင့်မိန်းမတို့ နှစ်ဦးအား ဖြန့်ဝေလိုက်သည်။ ဤကဲ့သို့ “အဖိုနှင့်အမ” တို့ကို ပေါင်းစပ် လိုက်သည့်အခါမှသာလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ရုပ်လုံးပေါ် လာတော့သည်။ (က ၁း၂၇)။

အကျိုးအကြောင်းအားလျော်စွာ လင်နှင့်မယားနှစ်ဦးတို့၏အမြင် ခြင်းတူညီစုစည်းမှုရှိမှသာလျှင် ဘုရားသခင်၏ စိတ်သဘောကို စတင်နား လည်မည်ဖြစ်သည်။ ကြင်ဖက်နှစ်ဦးသည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့် အညီ ပြုလုပ်ထားရာ စဉ်းစားရန်ဦးနှောက်၊ ပြုလုပ်ဖန်တီးရန် စိတ်တို့ကို အိမ်ထောင်မိသားစုရင်ဆိုင်ရသောပြဿနာများ၏အဖြေရှာခြင်း၊သဘော ထားဖလှယ်ခြင်း၊အမှားအမှန်စိစစ်ခြင်းတို့ကိုနှစ်ဦးအတူတကွလုပ်ဆောင် သင့်သည်။ တစ်ဦး၏ သဘောထားကို အခြားတစ်ဦး၏ သဘောထား ကဲ့သို့ တန်ဖိုးရှိအကျွမ်းဝင်ကြောင်း မြတ်နိုးအလေးထားသင့်သည်။ ဆွေး နွေးခြင်းကို နှစ်ဦးစလုံး၏ ပွင့်လင်းသောစိတ်ဖြင့် တစ်ဦး၏ ပြောဆိုခြင်း ကို အခြားတစ်ဦးမှ နားထောင်ရန် အဆင်သင့်ရှိကာ၊ ရိုးသားတက်ကြွစွာ ဝန်ခံပြီး အပြန်အလှန်ပြောဆိုခြင်းကို ပို၍ကောင်းသော ထင်မြင်စိတ်ကူး ချက်များကို ရွေးချယ်ခြင်းဖြင့် အဆုံးသတ်သင့်သည်။

အပြန်အလှန်ဝန်ခံခြင်းသည် စည်းမျဉ်းကို ပေါလုမှ၎င်း၏ ကျော် ကြား သောလက်ထပ်ခြင်းအကြောင်းစာတမ်းတွင် ဖေါ်ပြထားသည်။ ဧဖက် ၅ တွင် တွေ့ရှိနိုင်သည်။ ဤအကြံပေးချက်ကို လူအများက အခန်း ငယ် (၂၂) မှစတင်ဖတ်ကြားကြသည်။ “အချင်းမိန်းမတို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့” အမှန်မှာ (အခန်းငယ် ၂၁) မှစတင် ဖတ် ကြားရန်သင့်သည်။ “အချင်းချင်းတစ်ယောက်အောက် တစ်ယောက် ကိုယ်ကိုနှိမ့်ချလျက်နေကြလော့။” (ငယ် ၂၁)။ စုံတွဲများသည် ဤနေရာမှ စတင်ရမည်။ လင်ကမယားကို၊ မယားကလင်ကို ဝန်ခံရမည်။ အခန်းငယ် ၂၁ မအောင်မြင်မှသာလျှင် အခန်းငယ် ၂၂ သို့သွားရန် လိုအပ်သည်။ အဘယ်ကြောင့် မအောင်မြင်သင့်ပါသနည်း။

ကျိုးနွံခြင်း

သို့သော် အပြစ်နှင့်ပြည့်ဝသော ဤလောကတွင် တစ်ခါတစ်ရံ လင်မယားစုံတွဲတို့သည် ဘုရားသခင်မှ လမ်းညွှန်ပြသော “စံ” ကိုရရှိရန် မလွယ်ကူလှပါ။ ဤအချက်ကိုကြိုမြင်ထားရာ ဘုရားသခင်သည် အိမ် ထောင်တွင်း၌ ရှုပ်ထွေးမှုကို ကာကွယ်ရန် ဆေးညွှန်းတစ်ဖုံဖေါ်စပ်ထား သည်။ ဤအစီအစဉ်သည် က ၃း၁၆ တွင် ပထမဦးဆုံးဖေါ်ပြထားရှိပြီး ပေါလုသည် ဧဖက် ၅း၂၂ တွင် တစ်ဖန်ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ “အချင်းမိန်းမတို့ ဘုရားသခင်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့။” လင်မယားနှစ်ဦးသည် “စံ” နမူနာသဘောကို အတူတကွဘေးချင်းယှဉ်ပြီး “ဘေးတိုက်” နည်း ဖြင့် မရရှိပါက လင်ယောက်ျား၏ ဦးဆောင်မှုဖြင့် “ထိပ်တိုက်” နည်းဖြင့် စီမံပြုလုပ်နိုင်မည်ဖြစ်၏။

သို့သော်ကံဆိုးသည်မှာနှစ်ရာစုနှစ်များကျော်လွန်ခဲ့ရာယောက်ျား များသည် ဤကြိုတင်စီမံထားသည့် ဝန်ခံကျိုးနွံမှုကို နိုင်ထက်စီးနင်းမှု အဖြစ်သို့ ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ပြုလုပ်ခြင်း၏ အကျိုး ဆက်မှာ မိန်းမများသည် ကြီးစိုးအုပ်ချုပ်မှု၊ ပိတ်ပင်တားမြစ်မှု၊ စိတ်ဓါတ် ပျက်ပြားမှုများကိုခံစားရသည်။ ခရစ်ယာန်များ၏ အတွေးအခေါ်အယူ အဆတွင် ဇနီးသည်သည် ဘယ်သောအခါမျှ အဖိုးလျော့ကျခြင်းမရှိပါ။ သူမကိုရိုသေရန်၊ ဂုဏ်ပြုချီးကျူးရန်သာရှိသည်။ (၁ပေ ၃း၇)။

ဧဖက် ၅း၂၂ တွင်ဖေါ်ပြထားသည့်ဝန်ခံကျိုးနွံမှုသည် အသက်တာ တစ်လျှောက်လိုက်နာရန် စီမံထားခြင်းမဟုတ်၊ အကြင်လင်မယားအဖြစ် အိမ်ထောင်၏ဘောင်အတွင်း၌သာ ကျင့်သုံးရန်ဖြစ်ကြောင်း သတိပြုရန် အရေးကြီးသည်။ လူ့ဘောင်အဖွဲ့အစည်းတွင် မိန်းမ၏အဆင့်ကို ကန့် သတ်ထားခြင်းမရှိပါ။ မိန်းမများသည် ယောက်ျားများကို ဝန်ခံကျိုးနွံရ မည်ဟု သွန်သင်ထားခြင်းမရှိပါ။ ကျိုးနွံမှုသည် မိမိ၏လင်ယောက်ျားကို သာလျှင် ကန့်သတ်ထားသည်။

မိန်းမများသည် အဆင့်အတန်းနိမ့်ပြီး ယုတ်ညံ့သည်ဟု ဆိုရိုး စကားကို ဧဝံဂေလိတရားသည် ၎င်းအဆိုသည် ဖျက်ဆီးရန် ရှာဖွေသည်။ လိင်တန်းတူညီတူရှိမှုစည်းမျဉ်းကို ပုံချဲ့သည်။ ဘုရားသခင်အရှေ့နှင့် ကပ် တိုင်ခြေရင်းတွင် “ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်း သည် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏” (ဂလာတိ ၃း၂၈) ဟုကြေညာထား သည်ကို တွေ့ရသည်။

ဧဖက် ၅း၂၂ ၏ထိုးနှက်မှုကို လေ့လာရန် အရေးကြီးသည့်အချက် မှာ..အခန်းငယ် ၂၅ ၏ ချစ်မေတ္တာဘောင်အတွင်းသာ လုပ်ဆောင်နိုင်ရန် သတ်မှတ်ခြင်းဖြစ်သည့်အချက်ပင်ဖြစ်သည်။ လင်ယောက်ျားသည် မိမိ၏ မယားကိုနက်ရှိုင်းစွာချစ်သောကြောင့် သူမအတွက် အသက်စွန့်ရန်ပင် ဝန်မလေးပါ။ သူမသည်လည်း ၎င်းအားယုံကြည်ကိုစားရန် သတ္တိရှိလေ ၏။

ထို့ပြင် ဤဝန်ခံကျိုးနွံမှုကို လင်ယောက်ျားက ဘယ်သောအခါမျှ အမိန့်ဖြင့် အသုံးပြုရန်မဟုတ်ပါ။ မယား၏စိတ်စေတနာအလျောက် လုပ် ဆောင်ရန်သာဖြစ်သည်။ ပြဿနာဖြစ်ပေါ်ပါက ဖြေရှင်းရန် နည်းလမ်း သုံးမျိုး ရွေးချယ်နိုင်သည်။ (၁)။ လင်ယောက်ျားနည်းဖြင့်ဖြေရှင်းခြင်း။ (၂)။ မယား၏ နည်းဖြင့်ဖြေရှင်းခြင်း။ (၃)။ နှစ်ဦးနှစ်ဘက်မှတစ်ဝက်စီ အလျော့ပေးပြီး ကြားတွင် ဆုံတွေ့ခြင်းဖြင့် ဖြေရှင်းခြင်း။

လှပတင့်တယ်ခြင်း

လင်ယောက်ျားသည် လုံခြုံမှုကိုပေးရန် တာဝန်ရှိသကဲ့သို့ မယား

သည်လည်း လှပတင့်တယ်မှုကိုပေးရန် သူမ၏အခွင့်အရေးသာဖြစ်၏။ အိမ်ကို လောက၏ပျော်မွေ့ဖွယ်ရာကောင်းကင်ဘုံအသွင်သို့ဖြစ်ရန် ဂရု စိုက်ပြုပြင်လုပ်ဆောင်ခြင်းဖြင့် လှပမှုကိုဖေါ်ထုတ်နိုင်သည်။ ရိုးရိုးစင်း စင်းဖြစ်သော်လည်း မိသားစုအတွက် လှပပြီး ကောင်းကင်တမန်များ အတွက် ဆွဲဆောင်မှုဖြစ်စေရမည်။

သို့သော် အိမ်၏အလှအပထက်ကျော်လွန်ပြီး မိမိကိုယ်၏လှပမှု ကိုဖေါ်ထုတ်ရန် ဂုဏ်ရှိရမည်။ သူမ၏ဖေါ်ရွေမှု၊ ဝတ်စားမှု၊ စိတ်ထား ကောင်းမြတ်မှု၊ အကျင့်သီလကောင်းမှုစသည်တို့ဖြင့် သူမသည် ငြိမ်သက် မှု၏ပုံရိပ်ကိုလည်းကောင်း၊ ဂုဏ်သရေရှိခြင်းကိုလည်းကောင်း၊ ရောင့်ရဲ တင်းတိမ်မှု သဘောကိုလည်းကောင်း၊ သန့်ရှင်းသည့်အသိုက်အဝန်းကို လည်းကောင်း ဖန်တီးဖေါ်ထုတ်နိုင်မည်ဖြစ်သည်။

မိန်းမတို့၏ လှပတင့်တယ်ခြင်းသည် အတွင်းမှလာသည်။ မယုံ ကြည်သောလင်ယောက်ျားကိုပင် ယူထားသောခရစ်ယာန်လင်မယားများ အကြောင်းကို ပေါလုဤကဲ့သို့ပြောဆိုသည်။ “နှုတ်ထွက်တရားတော်ကို နားမထောင်သော ယောက်ျားတချို့ရှိလျှင် ထိုသူတို့သည် တရားမနာ သော်လည်း သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါ မည်အကြောင်းရှိ၏” (၁ပေ ၃း၂)။ ထိုနောက်အတွင်း၏ လှပတင့်တယ်မှု ကို ဆက်လက်ဖေါ်ပြသည်။ “သင်တို့၌ တန်ဆာဆင်ခြင်းမူကား၊ ဆံပင် ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော၊ နူးညံ့ ခြင်းသဘောတည်းဟူသော မဖေါက်ပြန် မပျက်စီးတတ်သော တန်ဆာ ဆင်ခြင်းရှိသောစိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။” (၁ပေ ၃:၃၊၄) ဟု ဆိုသည်။

တြိဂံ

ထိုကြောင့် မည်သူသည် “ဗိုလ်” (သို့မဟုတ်) ဆရာဖြစ်သနည်း။ ဘုရားသခင်၏အိမ်ထောင်စုတွင် ဗိုလ်ကျမည့်သူမရှိပါ။ လင်ယောက်ျား သည် ဦးခေါင်းဖြစ်ပြီး မယားသည် နှလုံးသားဖြစ်သည်။ ဦးခေါင်းနှင့် နှလုံးသည် အတူတကွအလုပ်လုပ်ဆောင်ရမည်။ “သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ မိန်းမသည် လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။” (ဧဖက် ၅း၃၃)။

အိမ်ထောင်တွင် ‘ဗိုလ်’ ကျမည့်သူမရှိသော်လည်း သခင်ကား ရှိ၏။ အိမ်ထောင်၏ ဆာလံသီချင်းကား ဤကဲ့သို့ဖြင့် အစပြုသည်။ “ထာဝရဘုရားသခင်သည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။” (ဆာလံ ၁၂၇း၁)။ ဗိုလ်ကျ စိုးမိုးမည့်သူမရှိသော်လည်း သခင်ယေရှုတည်းဟူသောသခင်ကား ရှိသင့် သည်။ သူမရှိလျှင် လင်ယောက်ျားနှင့်မယားသည် “ထောင့်” တစ်ခုသာ ဖြစ်ပြီး စာတန်နှင့်၎င်း၏ကောင်းကင်တမန်များသည် ကစဉ့်ကလျားဖြစ် ရန်နှင့် ရှုပ်ထွေးအောင် ပြုလုပ်ဖန်တီးတော့သည်။ သို့သော် ခရစ်တော်ကို ဖိတ်ကြားခဲ့သော် သူသည် “ထောင့်” ကို တြိဂံခဲ့သည်။ ထိုနောက်စာတန် သည် အပြင်ဘက်၌ နှင်ထုတ်ခြင်းခံရလေသည်။

ခရစ်တော်သည် အိမ်ထောင်တိုင်း၏အောင်မြင်မှုရရှိရန် လိုအပ် သည့် တတိယပုဂ္ဂိုလ်ဖြစ်သည်။ သူလာသည့်အခါ ကောင်းကင်၏ မွှေး ကြိုင်သော ရနံ့တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်ကိုပါ ယူဆောင် လာသည်။ သူလာသည့်အခါ ကောင်းကင်တမန်များနှင့်အတူ လာပြီး အိမ်တိုင်းသည် လောကကောင်းကင်ဘုံအိမ်ဖြစ်ရန် ချစ်ခြင်း၊ ဝမ်းမြောက် ခြင်းနှင့် ငြိမ်သက်ခြင်းကိုပါယူဆောင်လာသည်။ သို့သော် ကျွန်ုပ်တို့၏ ဖိတ်ကြားခြင်းကိုမခံရဘဲ သူသည် ဘယ်သောအခါမျှလာမည်မဟုတ်ပါ။

သက်တံ

မုန်တိုင်း၏အမျက်ဒေါသသည် ချုပ်ငြိမ်းလေပြီ။ မုန်တိုင်းလည်း ငြိမ်သက်ပြီး ကျော်လွန်ခဲ့လေပြီ။ ထိုနောက် အိမ်ထောင်၏ဖခင်ကို ဘုရား သခင်ကပြောသည်မှာ“ဘုရားသခင်ကလည်းသင်သည် သားမယားချွေးမ တို့နှင့်တကွ သင်္ဘောထဲကထွက်ဆင်းလော့။” (က ၈း၁၅) နောဧနှင့်မိမိ၏ အိမ်ထောင်စုသည် ကြောက်ဖွယ်သောရှုခင်းများကိုကြည့်စဉ် ကြမ်းတမ်း ခက်ထန်သောတောင်များ၊ အကျည်းတန်သည့်အရိုးစုများ၊ ပြောင်သလင်း ဖြစ်သော အရပ်ဒေသများကို တွေ့မြင်ခဲ့ကြသည်။ အိမ်မရှိ၊ ယာမရှိ၊ အလုပ်မရှိသော ဖရိုဖရဲဘေးဆိုးဒုက္ခနှင့် ၎င်းတို့သည် ရင်ဆိုင်ရကြသည်။ မဖေါ်ပြနိုင်သောဒုက္ခပေတည်း။

ထိုနောက် သူတို့ဘာကိုလုပ်ကြသလဲ။ “ထိုအခါ နောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။--- နောဧသည်လည်း ထာဝရ ဘုရားသခင်အဖို့ ယဇ်ထီးနန်းကိုတည်ပြီးမှ--- မီးရှို့ သောယဇ်ကိုပူဇော် လေ၏။” (က ၈း၁၈-၂၀)။ ကျွန်ုပ်တို့စိတ်ကူးဖြင့် သူတို့အား ကြည့်ရှုသော် ဖခင်၊ သား၊ မယား၊ ချွေးမတို့သည် အိမ်ထောင်စု၏ ထီးနန်းရှေ့တွင် စုရုံးလျက် အတူတကွ သီဆိုဆုတောင်းချီးမွမ်းခြင်းပြုလုပ်နေသည်ကို မြင်ရ၏။

ရုတ်တရက်သူတို့သည် အလွန်ခမ်းနားဝင်းတောက်သည့် ဘုရား သခင်၏ရောင်စုံသက်တံကို မြင်တွေ့ရသည်။ ဖြည်းညင်းစွာဖြင့် သူတို့ သည် ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် ကာကွယ်ခြင်းကို ခံစားရသည်။ လေးနက်တည်ငြိမ်ကြည်လင်စွာဖြင့် သူတို့သည် ဘုရားသခင်၏အဖိုးတန် လှသောကတိတော်ကို ကြားရသည်။ “မိုးတိမ်၌ သက်တံရှိသည်ကို ငါ ကြည့်ရှုသဖြင့် ဘုရားသခင်နှင့်မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်းတို့စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက် မေ့မည်။” (က ၉း၁၆)။ တိတ်ဆိတ်စွာဖြင့် ကြောက်ရွံ့ခြင်းသည် ယုံကြည် ခြင်းသို့နေရာပေးခဲ့၏။ အနာဂတ်ကို ယုံကြည်စိတ်ချစွာဖြင့် ရင်ဆိုင်နိုင် တော့မည်ဖြစ်သည်။

ယနေ့အိမ်၏ ရှုခင်းသည် ကြောက်ဖွယ်ရာဖြစ်ချေနိုင်၏။ အိမ်မရှိ၊ အလုပ်မရှိ၊ စားစရာမရှိ၊ မတော်လျှင်လည်းချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းလည်း ရှိမည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည် အတူ တကွ ဒူးထောက်ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး အပြစ်ဝန်ချတောင်းပန်ခြင်းဖြင့်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦးခွင့်လွှတ် ခြင်းဖြင့်လည်းကောင်း အထက်သို့ မျှော်ကြည့်ပါက ကျွန်ုပ်တို့လည်း ဘုရားသခင်၏ ရောင်စုံသက်တံကို မြင်ရကြမည်ဖြစ်သည်။ ဘုရားသခင် ၏ကာကွယ်မှု၏ ငြိမ်သက်ခြင်းကို ခံစားရမည်။ အဖိုးထိုက်သောသူ၏ ကတိတော်ကိုလည်း ကြားရမည်ဖြစ်သည်။ “ကြောက်ရွံ့ခြင်းမရှိနှင့်၊ ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုချစ်သည့်အတွက် သင့်ကိုကြည့်ရှု စောင်မမည်။ ကျွန်ုပ်တို့သည်လည်း အနာဂတ်ကို ယုံကြည်စိတ်ချစွာဖြင့် ရင်ဆိုင်နိုင်တော့မည်ဖြစ်သည်။



No comments:

Post a Comment