- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၅) မခွဲခွာနိုင်သည့်ချစ်သူများ
၁၉၃၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်ဖြစ်သည်။ ၎င်းနေ့၌ Carib- bean ကျွန်းစုတွင်ရှိသည့် လှပသော Barbados ကျွန်းပေါ်တွင် သား ယောက်ျားကလေးတစ်ယောက် မီးရှို့သန့်စင်ဖွားမြင်ခဲ့သည်။ သူ၏မိဘ များသည် တိမောသေ (Timothy) ဟု ကျမ်းစာ၌မွန်မြတ်သောနာမည်ကို မှည့်ပေးလိုက်သည်။ ကလေးငယ်တစ်နှစ်အရွယ်ရောက်သော် မိဘများ သည် တောင်အမေရိကတိုက်ရှိ British Guiana နိုင်ငံသို့ပြောင်းရွှေ့သွား ခဲ့သည်။ အရွယ်ရောက်လာသည့်အခါ ထက်မြက်သောလူငယ်လေးသည် အိမ်နီးချင်း Trinidad ကျွန်းရှိ Caribbean Union College တွင် ပညာဆည်းပူးရန် သွားရောက်ခဲ့သည်။ ထိုနေရာတွင် သူသည် ၎င်းနိုင်ငံ သူ Thelda ဆိုသည့် အမျိုးသမီးနှင့်တွေ့ဆုံခဲ့သည်။ ခင်မင်မြတ်နိုးခြင်းနှင့် ချစ်ခြင်းသည် သူငယ်နှစ်ဦးတို့၏ အသက်တာကို ဖြည်းညင်းစွာဖြင့် ရစ်ပတ်ချည်နှောင်လာခဲ့တော့သည်။
စိတ်မချမ်းသာဖွယ်ရာဖြစ်ရပ်
တိမောသေ (Tim) သည် သမားတော်ကြီးတစ်ဦးဖြစ်ရန် ရည်ရွယ် သည်။ မကြာမီမှာပင် အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့သွားပြီး Michigan ပြည်နယ်ရှိ Andrews တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ထိုနောက် California ပြည်နယ်ရှိ Loma Linda ဆေးတက္ကသိုလ်ကြီးတွင် ဆက် လက်ပညာဆည်းပူးသည်။ဒုတိယနှစ်ဆေးကျောင်းသားအဖြစ်သို့ ရောက် သော် သူသည် မျှော်လင့်ခြင်းကြီးစွာရှိသည့်အချိန်၊ မမျှော်လင့်သော ကံဆိုးမိုးမှောင် ကျရောက်လာခဲ့သည်။ ၁၉၅၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့ ည၊ အဝေးပြေး လမ်းမကြီး (၁ဝ) ပေါ်တွင် သူမောင်းနှင်လာသည့်ကားကို အရမ်းမဲ့မောင်းလာသောကားတစ်စီးဝင်ရောက်တိုက်ခိုက်ခြင်းကို ခံလိုက် ရပြီး လမ်းမကြီးဘေးသို့ လွင့်စင်သွားခဲ့သည်။
နောက် (၄၈) နာရီတွင် Tim သည် သတိရတစ်ချက်မရတစ်ချက် နှင့် မြောလျက်ရှိသည်။ သူ၏အခြေအနေတည်ငြိမ်လာသည့်အခါ မည်မျှ အန္တရာယ်ရှိသည်ကို တွေ့ရှိလာရသည်။ သူ၏ကျောရိုးအဆစ် (၉၅) နှင့် (၉၆) တွင် ကျိုးသွားကြောင်း တွေ့ရှိရသည်။ သူ၏လည်ပင်းအောက်ပိုင်း သေပြီး မလှုပ်မရှားနိုင်တော့ပါ။ တစ်သက်လုံးလှည်းဘီးပေါ်နေထိုင်သွား ရတော့မည် ဖြစ်သည်။
ဆေးရုံပေါ်ရှိ ကုတင်ပေါ်တွင် လူငယ်သည် လေးနက်သည့် မေးခွန်းများကိုရင်ဆိုင်ရပြီ။ သူ၏အသက်တာ၊ သူ၏ရည်ရွယ်ချက်၊ သူ၏ အနာဂတ် ဘယ်ကဲ့သို့လျှောက်လှမ်းရမည်နည်း။ အဖြေမရှိသည့်ကြောက် ရွံ့ဖွယ်ကောင်း သောမေးခွန်းများနှင့် လုံးပန်းနေရသည်။ ဆေးရုံတက်ပြီး (၂) လကြာသော် သူ့အား New York မြို့ရှိ (Institute of Rehabilitation Medicine ပြန်လည်ထူထောင်သည့်ဆေးရုံတွင် Dr. Howard A. Rusk ၏ ကြည်နူးအားပေးမှုအောက်တွင် ကုသခြင်းကိုခံယူခဲ့သည်။
နောက် (၁၀) လအတွင်း ထူထောင်ရေးစခန်းတွင် Tim သည် စက်တပ်ဆင်ထားသည့် တွန်းလှည်းကို မောင်းနှင်တတ်ရန် သင်ကြားခဲ့ သည်။ သူ၏လက်ညှိုး၊ လက်ခလယ်နှင့် လက်မကိုလှုပ်ရှားနိုင်ရန် စက် ကိရိယာ အသုံးပြုနည်းကိုလည်း သင်ကြားခဲ့သည်။ ဤစက်ကိရိယာဖြင့် စာရေးနိုင်ပြီး မိမိ၏တယ်လီဖုန်းကိုလည်း ကိုင်တွယ်တတ်လာသည်။ ဤသေးငယ်သည့် တိုးတက်မှုများဖြင့် ခွန်အားရရှိသော်လည်း သူ၏ အသက်တာသည် ဒဏ်ရာ ဒဏ်ချက်များနှင့် ပြည့်ဝလျက်ရှိသည်။
ဆက်ဆံရေးလမ်းညွှန် (၄) ရပ်
ယုံကြည်ခြင်း
ရည်ရွယ်ချက်ပြင်းပြသော ဤလူငယ်သည် သိမ်းကျုံးပျက်စီး သည့် ဘေးဆိုးကြီးဆိုက်ရောက်မှုကို ရင်ဆိုင်ရန် ကြိုးပမ်းရုန်းကန်စွမ်း ဆောင်နိုင်သည့်အရာကား အဘယ်နည်း။ ပထမအချက်ကား၊ ဘုရား သခင်ကိုယုံကြည်ခြင်းပင်ဖြစ်သည်။ Tim သည် ခက်ခဲတဲ့မေးခွန်းများကို ဘုရားသခင်အား မေးရန်ရှိသည်မှာ မှန်ပေ၏။ မတော်တဆဖြစ်ပွားခဲ့ သည့်အချိန်တွင် ဘုရားသခင် ဘယ်မှာရှိပါသနည်း။ အဘယ်အကြောင်း ကြောင့် ဤကဲ့သို့ဖြစ်ရန် ခွင့်ပြုသနည်း။ ဤကဲ့သို့သောဘုရားသခင်ကို ဆက်လက်ကိုးစားနိုင်ဦးမည်လော။
တွေ့ကြုံခံစားချက်အရ Tim သည် ဆာလံဆရာကဲ့သို့ စိတ်ပျက် ခြင်းချိုင့်ဝှမ်းထဲသို့ ဆင်းသက်ပြီး ငိုကြွေးနိုင်သည်။ “သူတစ်ပါးတို့က သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြ သဖြင့် ငါ့မျက်ရည်သည် နေ့ညဉ့်မပြတ်ငါစားစရာဖြစ်၏” (ဆာလံ ၄၂း၃)။ ထို့နောက် သူသည် ဆာလံဆရာနှင့်အတူပင် ယုံကြည်ကိုးစားခြင်း အထွတ်အထိပ်သို့တက်ပြီး သီဆိုနိုင်မည်။ “အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ် ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့၊ ငါ့ကိုကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းပြုရလေအံ့သတည်း။” (ငယ် ၁၁)။ ပျက်စီးမှု ဘေးဆိုးကြီးကို ခံစားရသော်လည်း ဘိုးဘေးယောဘကဲ့သို့ ပြောဆိုနိုင်မည်။ သို့သော် လည်း ငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။” (ယောဘ ၂၃း၁၀)။ ထိုကဲ့သို့ကျွန်ုပ်တို့ ပြောနိုင် မည်လော။ ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားရတဲ့အခါ ဘုရားသခင်ကို ဆက်လက်ယုံကြည်နိုင်ဦးမည်လော။ ဘေးဒုက္ခနှင့် ရင်ဆိုင်ရတဲ့အခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ဆက်လက်ခိုင်မြဲစွာ ရှိဦးမည်လော။ အဖြေမရှိတဲ့မေးခွန်းများနှင့် ကြုံတွေ့ရတဲ့အခါ ဘုရားသခင်ကို ဆက် လက်ယုံကြည်ကိုးစားဦးမည်လော။
စိတ်ခွန်အား
အခြားသော Tim ၏ ခွန်အားသည် ၎င်း၏ စိတ်ဓါတ်ကြံ့ခိုင်မှုပင် ဖြစ်သည်။ မိမိကိုယ်ကိုယုံကြည်ခြင်းပင်ဖြစ်သည်။ သူသည် လည်ပင်းမှ အောက်ပိုင်းသေငြားသော်လည်း အထက်ပိုင်းကောင်းမွန်စွာ အလုပ်လုပ် နိုင်သည်။ သူ၏စိတ်သည် ကြည်လင်ပြီး ဦးနှောက်သည်လည်း သတိရှိ စွာဖြင့် ဖျတ်လတ်လျက်ရှိသည်။
လူ၏ စိတ်သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတွင် အလွန် အံ့သြဖွယ်ကောင်းသောအရာတစ်ခုဖြစ်သည်။ လူ၏ဦးနှောက်နှင့် ယှဉ်နိုင်သည့် ကွန်ပျူတာတစ်ခုကို တည်ထောင်မည်ဆိုပါက ၎င်း၏ စက် ပစ္စည်းများသိုလှောင်ထားရှိရန် အမေရိကန်နိုင်ငံရှိ Empire State အဆောက်အဦ (၃) ဆ လောက်ရှိမည်ဖြစ်သည်ဟုဆိုသည်။ ၎င်းစက်ကို လည်ပတ်ရန် Niagara ရေတံခွန်မှ စွမ်းအားကို အသုံးပြုရမည်ဖြစ်ပြီး စက်အေးရန်အတွက် Niagara ရေတံခွန်မှကျဆင်းသည့်ရေပမာဏကို လိုအပ်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိရေဒီယို၊ တီဗွီအသံလွှင့်ရုံများ အတွက် အသုံးပြုတဲ့လျှပ်စစ်အားကိုလည်း ယူသုံးရမည်ဖြစ်သည်။ ဤ အရာသည် ဦးနှောက်၏တန်ခိုးပင်ဖြစ်သည်။
ကျမ်းစာထဲတွင် လူသားများ၏စိတ်ကို ဘုရားသခင်တန်ဖိုးဖြတ် သည့် အံ့သြဖွယ်ကောင်းသောအပိုဒ်တစ်ပိုဒ်ရှိသည်။ ရေလွှမ်းမိုးပြီး နောက် ပထမဦးဆုံး မိုးမျှော်တိုက်ကြီးတည်ဆောက်နေစဉ် ဘုရားသခင် သည် ဤကဲ့သို့ပြောဆိုခဲ့၏။ “ထာဝရဘုရားသခင်က၊ ကြည့်ရှုလော့။ လူတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိသည်ဖြစ်၍ သူတို့သည် ဤအမှု ကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြ လိမ့်မည်။” (က ၁၁း၆)။ “ဘယ်အရာမဆိုလုပ်နိုင်သည်” ယောက်ျား၊ မိန်းမတို့၏ဦးနှောက် ဉာဏ်စွမ်းရည်တန်ခိုးကို ဘုရားသခင် ဤကဲ့သို့ဖေါ် ပြခြင်းပင်ဖြစ်သည်။
Tim စိတ်ဆုံးဖြတ်လိုက်သည်။ ဆေးဆရာဝန်ကြီးဖြစ်မည်။ အကယ်၍ တက္ကသိုလ်က သူ့ကိုပြန်လက်ခံမယ်ဆိုပါက သူ၏ရည်ရွယ် ချက်ကို ရရှိအောင်ပညာဆက်သင်မည်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကန့် သတ်မှုရှိသော်လည်း သူ၏ဦးနှောက်ကို အသုံးပြုမည်ဖြစ်သည်။ ဤအရာ သည် စိတ်ဓါတ်ခွန်အားပင်ဖြစ်သည်။
တချို့သောသူများသည် ငွေကြေးမရှိသည့်အတွက် အမြင့်ဆုံးသို့ တက်ရောက်နိုင်စွမ်းမရှိဟုဆိုသည်။ ထိုသို့သောသူတို့သည် ခြေမရှိသော် ဘယ်ကဲ့သို့ပြုလုပ်မည်နည်း။ တချို့သောသူများသည် အခွင့်အရေးမရှိ သည့်အတွက် ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင်ဟုဆိုသည်။ ထိုသို့ သောသူတို့သည် လက်မရှိသော် ဘယ်ကဲ့သို့ပြုလုပ်မည်နည်း။ ဝိညာဉ်ခွန် အားဖြင့် မှုတ်သွင်းရေးသားချက်မှာ “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူ သော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” (ဖိ ၄း၁၃)။
Tim သည် ဘုရားသခင်နှင့် မိမိကိုယ်ကိုယုံကြည်သည်သာမက မိမိ၏မိသားစုပေါ်မှာလည်း ယုံကြည်မှုကို ရယူပါသည်။ ဧဝံဂေလိဓမ္မ ဆရာဖခင်ကြီးသည် သူ့နားတွင် ဆက်လက်ရပ်တည်လျက် ခရစ်ယာန် မိခင်ကြီးမှာလည်း ဒုတိယအကြိမ်ပုခက်ကို လွှဲပေးခဲ့ပါသည်။ မိမိ၏အိမ် ထောင်စုဝင်များသည် အနားတွင် ရပ်တည်ခြင်းဖြင့်လည်းကောင်း၊ ဆု တောင်းခြင်းဖြင့်လည်းကောင်း ထောက်ပံ့နေစဉ် သစ္စာရှိသောသူငယ်ချင်း များသည်လည်း တိုက်တွန်းအားပေးမှုများ ပြုလျက်ရှိသည်။
လှုပ်ရှား (အကောင်အထည်ဖေါ်) ဆောင်ရွက်ခြင်း
ယုံကြည်ခြင်းရှိသည်မှာ အလွန်ကောင်းသည်။ သို့သော် ဘယ် သောအခါမှ လုံလောက်မှုမရှိပါ။ ယုံကြည်ခြင်းသည် လူကိုလှုပ်ရှားမှုပြု စေရမည်။ အစပြန်လည်ကောက်နိုင်မည်ဟု ယုံကြည်သဖြင့် Tim သည် Loma Linda တက္ကသိုလ်သို့ ဆေးပညာဆက်လက်ဆည်းပူးရန် ပြန်လည် တက်ခွင့်တောင်းခံလိုက်သည်။ သက်ဆိုင်ရာတက္ကသိုလ်ကျောင်းအရာရှိ များသည် လေးနက်သောမေးခွန်းများနှင့် ရင်ဆိုင်လေရတော့သည်။ သူ လိုက်နိုင်မည်လော။အလွန်အားနည်းသောသူတစ်ယောက်သည်ပြင်းထန် ကျပ်တည်းသည့် ဆေးတက္ကသိုလ်၏ ဒဏ်ကို ခံနိုင်မည်လော။ အရည် အချင်း အစွမ်းအစရှိသည့် ကျောင်းသားများပင်လျှင် မပြည့်စုံသည့် အတွက် ကျရှုံးကြသည်။ နောက်ဆုံး၌ တက္ကသိုလ်ကသူ့အား ပညာဆက် လက်သင်ကြားရေးအတွက် ခွင့်ပြုရန်ဆုံးဖြတ်လိုက်သည်။
Tim သည် မိမိ၏တွန်းလှည်းနှင့် သူငယ်ချင်းများနဲ့ အတူ ဘယ် အရာနှင့်မျှမတူသည့် စွန့်စားမှုကို ပြုလုပ်ရန် ကျောင်းဝင်းအတွင်းသို့ ရောက်ရှိလာသည်။ စာပေပညာသင်ကြားသည့် အခက်အခဲများနှင့်သာ လုံးပန်းရသည် မဟုတ်ဘဲ ကျောင်းဝင်းအတွင်းရှိ စာသင်ခန်းတစ်ခုနှင့် တစ်ခုသို့သွားရန် မိမိ၏တွန်းလှည်းကို ရွေ့လျားစေရန် ကာယခွန်အား လည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ သူ၏အားနည်းမှုဖြင့် ရင်ဆိုင်ရ သောအခက်အခဲများမှ ဖြစ်ပေါ်လာသည့်စိတ်၏ လှုပ်ရှားပင်ပန်းမှုနှင့် လူများနှင့်ဆက်ဆံရသည့် လူမှုရေးဖိစီးမှုတချို့တို့မှာ ကူညီကြသော် လည်း တချို့တို့မှာ ကူညီဖွယ်မရှိသည်တို့ဖြင့် ရင်ဆိုင်ကိုင်တွယ်နေရ သည်။
သို့သော် သူ၏ယုံကြည်ခြင်းသည် အသီးအပွင့်များဖြစ်ထွန်းလာခဲ့ လေပြီ။ အရှုံးမပေးသောလုံ့လဖြင့် လုပ်ဆောင်သည်၊ ကျက်မှတ်သည်၊ ရုန်းကန်ခဲ့သည်။ ထိုနောက် ၁၉၆၃ ခု၊ ဇွန်လ (၃) ရက်နေ့သို့ရောက်ရှိ လာသည်။ Loma Linda တက္ကသိုလ်၏ဘွဲ့ယူသည့်အခမ်းအနားတွင် Tim သည် မတ်တတ်ရပ်သြဘာပေးခြင်းကို ခံခဲ့ရသည်။ ယခု Tim သည် ဆရာဝန် Timothy Greaves, M.D ဖြစ်လေပြီ။
နောက်လေးနှစ်တွင် သူသည် ရောဂါဗေဒပညာကို အထူးပြု ဆည်းပူးလေ့လာခဲ့သည်။ ယနေ့ Los Angeles ကုတင် ၁၅ဝဝ ရှိ Medical Center of the University of Southern California ဆေးရုံကြီးတွင် Dr. Greaves ကိုတွေ့ ဆုံနိုင်မည်ဖြစ်သည်။ သူသည် Cytology (ကလပ် စည်းဖွဲ့စည်းတည်ရှိ လုပ်ဆောင်မှုများနှင့် ပတ်သက်သောပညာ) ဌာန တွင် လက်ထောက်ညွှန်ကြားရေးမှူး Pathology ဌာနတွင်တွဲဘက် ပါမောက္ခအဖြစ်လည်းကောင်း အမှုထမ်းဆောင်နေသည်။ သူသည် အောင်မြင်ခြင်း၏ ရုပ်ပုံအကျဉ်းချုပ်ဖြစ်သည်။
သစ္စာရှိခြင်း
ထိုအတောအတွင်း Thelda သည်လည်း အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ Andrew တက္ကသိုလ်တွင် ပညာသင်ကြားပြီး နောက် Illinois ပြည်နယ်ရှိ Hinsdale School of Nursing သူနာပြု ကျောင်းတွင် သူနာပြုသင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ချော မောလှပသော ဤအမျိုး သမီးငယ်အား နှစ်သက်သူအများကို ဆွဲဆောင် နိုင်ခဲ့သည်။ သို့သော် သူမ၏ စိတ်ထဲတွင် မေးခွန်းကြီးတစ်ခုရှိသည်။ Timothy နှင့်ဘယ်ကဲ့သို့လုပ်သင့်သလဲဆိုသည့်မေးခွန်းပင်ဖြစ်သည်။
သူမ၏ဦးနှောက်သည် စစ်မြေပြင်ဖြစ်ချေပြီ။ တစ်ဘက်မှာသူမ၏ နက်ရှိုင်းသောအတွင်းစိတ်တွင် Timothy ကို ချစ်မြဲပင်၊ အခြားတစ်ဘက် မှာ သူ၏ ဒုက္ခိတဘဝနှင့် မည်သို့မျှ လက်ထပ်နိုင်မည်မဟုတ်ကြောင်း သူမ အသေအချာသိသည်။ တစ်ပြိုင်တည်းတွင် မတော်တဆမှုမဖြစ်မီ Timothy အား ကတိပြုထားခြင်းကို စောင့်ထိန်းရန် သူမမှာတာဝန်ရှိသေး သည်ဟု ခံစားရသည်။ သူ့ကိုပစ်ထားပြီး အခြားတစ်ယောက်နှင့်အိမ် ထောင်ပြုခဲ့သော် သူမ၏ ပျော်ရွှင်မှုအတွက် စိတ်သက်သာရာရမည်ဟု မထင်ပါ။ ထိုသို့ပင်သူမ၏စိတ်၌ ပဋိပက္ခဖြစ်ပွားလျက်ရှိနေသည်။
၁၉၆၉ ခုနှစ်၊ မတော်တဆဖြစ်မှု (၁၀) နှစ်လွန်ခဲ့သော် ချစ်သူ နှစ်ဦးပထမဦးဆုံးအကြိမ်ပြန်လည်တွေ့ ဆုံခဲ့ကြသည်။ ဤတွေ့ဆုံခြင်း သည် စိတ်ရုန်းရင်းခတ်မှုနှင့် လွှမ်းခြုံလျက်ရှိသည်။ ၁၉၇ဝ ခုနှစ်အတွင်း၌ Thelda သည် (orthopaedic) အရိုးနှင့်သက်ဆိုင်သည့် သူနာပြုအလုပ် ကို ဆောင်ရွက်ခဲ့သည်။ မသန်စွမ်းသူများကို ကျွမ်းကျင်စွာကိုင်တွယ် တတ်သောပညာကို သူမရရှိခဲ့သည်။ ထိုထက်မက အိမ်ထောင်ဖက်ရှိ သောသူများနှင့်လည်း ဆုံတွေ့ခဲ့ရသည်။ တချို့မှာအိမ်ထောင်မကျမီ ကံဆိုးမိုးမှောင်ဒုက္ခရောက်ခဲ့သော်လည်း လင်ခန်းမယားခန်းကိစ္စရပ်များ တွင် ပျော်ရွှင်မှုရှိကြောင်းကို သူမလေ့လာတွေ့ရှိရသည်။ ဤအတွေ့ အကြုံများသည် သူမအတွေးများကို မြင်ကွင်းအသစ်ဖွင့်ပေးလိုက်သည်။
ချစ်ခြင်း
တဖြည်းဖြည်း Thelda ၏ မေးခွန်းများသည် အဖြေအဖြစ် ပြောင်းလဲခဲ့ပြီး နောက်ဆုံးသူမသည် ဆုံးဖြတ်ချက်ကို ချလိုက်သည်။ အကယ်၍ Tim သည် သူမအား ချစ်ခွင့်ပန်ခဲ့သော် သူ့ကိုလက်ခံလက်ထပ် မည်ဟု ဆုံးဖြတ်လိုက်သည်။ အချစ်ရေလှိုင်းကြီးများသည် သူတို့နှစ်ဦး၏ နှလုံးသားတို့ကို ရိုက်ခတ်လျက်ရှိရာ Tim သည် ရှိသမျှခွန်အားကို စုဆောင်းပြီး ချစ်ခွင့်တောင်းခံရာ Thelda သည်လည်း ရှိသမျှ သတ္တိများ စုဆောင်းပြီ လက်ခံလိုက်သည်။ ၁၉၈၀ ခုနှစ်တွင် သူတို့နှစ်ဦးသား စေ့စပ် ကြောင်းလမ်း ပြုလိုက်သည်။
နောက်တစ်နှစ်အကြာ ၁၉၈၁ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် Tim နှင့် Thelda သည် California ပြည်နယ် Loma Linda တွင် တယော သံ၊ စောင်းသံ၊ စန္ဒရားသံတို့နှင့်အတူ တစ်ဦးနှင့်တစ်ဦးသစ္စာဆို ထိမ်းမြား မင်္ဂလာဆောင်ခဲ့လေသည်။ ပန်းဥယျာဉ်တွင် မင်္ဂလာပွဲကျင်းပခဲ့သဖြင့် သဘာဝသည်လည်း ဝမ်းမြောက်စွာဖြင့် ထခုန်လေတော့သည်။ ထွန်းညှိ ထားသော ဖယောင်းတိုင်များ၏ အလင်းထက်၊ ပန်းရနံ့အမွှေးများထက် ချိုသာသောသူတို့နှစ်ဦး၏ တန်ဖိုးကြီးလှသော ကတိစကားမှာ “ကျွန်မ သည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်၊ နောက်တော်သို့မလိုက်ဘဲ ပြန်သွား စေခြင်းငှာမပြုပါနှင့်၊ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသခင်သည် ကျွန်မဘုရားသခင်ဖြစ်ပါ စေ။” (ရုသဝတ္ထု ၁း၁၆)။
အနှစ် (၁၀) ကုန်လွန်ကျော်သွားခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦး၏ ချစ်ခြင်းသည် ဆက်လက်တည်မြဲဆဲပင်ရှိသည်။ သူတို့နှစ်ဦးကို ကျွန်ုပ် ကိုယ်တိုင်သိရှိပါသည်။ Los Angeles ၌ရှိသည့် သာယာလှပသော သူတို့ ၏နေအိမ်၌ ကျွန်တော်သည် ဧည့်သည်ဝတ်ကို ထပ်တလဲလဲခံစားခွင့်ရ သည့်အတွက် အလွန်ပင် ဝမ်းမြောက်မိပါသည်။ သူတို့နှစ်ဦး၏ အပြန် အလှန်သစ္စာ ရှိမှုသည် အားကျဖွယ်ကောင်းလှပါသည်။
မကြာမီက ကျွန်ုပ် (စာရေးသူ) သည် သူတို့နှစ်ဦးနှင့် စကားပြော ဆိုခဲ့သေးသည်။ သူတို့နှစ်ဦးတစ်ယောက်နှင့်တစ်ယောက် အဘယ်မျှချစ် ကြသည်ကို ပြောပြသည်ကို ကျွန်ုပ်နားထောင်လျက်ရှိသည်။ သူမပြောဆို ချက်ကို ကျွန်ုပ်အထူးမှတ်သားမိခဲ့သည်။ “Tim ကျွန်မအတွက် အထူးချစ် နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူဟာ ကျွန်မအတွက် နှောင့်ယှက်မှုတစ်စုံတစ်ရာမဖြစ်ပါ။ လူအများရှေ့လှည်းဘီးကုလားထိုင် ပေါ်သူထိုင်နေစဉ် ကျွန်မသူ့ဘေးမှာ မတ်တတ်ရပ်လျက်ရှိပါတယ်။” ဆက်ပြီးသူမပြောသည်မှာ “ကျွန်မသူ့အပေါ် အမြဲသစ္စာရှိတယ်၊ ဆက်ပြီး လည်း အစဉ်ရှိမှာပါ။” မည်မျှသောချစ်ခြင်း၊ သစ္စာရှိခြင်းဖြစ်ပါသနည်း။
ဤ (၂ဝ) ရာစုချစ်ခြင်းပုံပြင်သည် (၁) ရာစုအချစ်သီချင်းကို ပြန်လည်သတိရစေပါသည်။ “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကျေးဇူးပြု တတ်၏၊ ခပ်သိမ်းသောအရာတို့ကို ဖုံးအုပ်တတ်၏၊ ခပ်သိမ်းသော အရာကိုယုံတတ်၏၊ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏၊ ခပ်သိမ်း သောအရာကိုသည်းခံတတ်၏၊ မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ --- ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။” (၁ကော ၁၃:၄၊၇၊၈၊၁၃)။
ခွဲခွာ၍မရသော ချစ်သူနှစ်ဦး၏ အခြားပုံပြင်တစ်ခုရှိသေးသည်။ ယောက်ျား၏အမည်ကား ပညတ်တရား၊မိန်းမအမည်ကား၊ ကျေးဇူးတော် ဖြစ်သည်။ Tim နှင့် Thelda တို့သည် တစ်ဦးနှင့်တစ်ဦးမတူ ခြားနားကြ သည်။ သို့သော် တစ်ဦးနှင့်တစ်ဦးလိုအပ်သည်။ တစ်ဦးနှင့်တစ်ဦးချစ်ကြ သည်။ ထာဝရချစ်သူများဖြစ်ကြသည်။ ထိုနည်းတူ ပညတ်တရားနှင့် ကျေးဇူးတရားသည် တစ်ဦးနှင့်တစ်ဦးခြားနားသည်။ သို့သော် တစ်ခုနှင့် တစ်ခုအပြန်အလှန်လိုအပ်သည်။ တစ်ဦးနှင့်တစ်ဦးချစ်ကြသည်။ ထာဝရ ချစ်သူများအဖြစ် အတူတကွနေမည်ဖြစ်သည်။ Tim နှင့် Theda တို့၏ အချစ်သည် တန်ဖိုးကြီးလှသောလမ်းညွှန် (၄) ခုဖြစ်သည်။ ယုံကြည်ခြင်း၊ လုပ်ဆောင်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းတို့ရှိသည်နည်းတူ ပညတ်တရား နှင့် ကျေးဇူးတရားဆက်စပ်မှုသည် အစည်းမဖြေနိုင်သည့် ခိုင်မြဲသော စည်းမျဉ်း (၄) ရပ်ဖြင့် ချည်နှောင်ထားသည်။
ပညတ်တရားနှင့်ကျေးဇူးတရားဆက်နွှယ်မှု
ခွန်အားနည်းခြင်း
ဦးစွာပညတ်တရားကို လေ့လာရန်လိုအပ်သည်။ နှုတ်တော်ထွက် (၁ဝ) ပါးအဖြစ် ၎င်းအား (ထွက် ၂၀း၃-၁၇) တွင် ဖေါ်ပြထားသည်ကို တွေ့ရှိနိုင်သည်။ ပထမပညတ်ကား၊ “ငါမှတစ်ပါး အခြားသောဘုရား သခင်ကိုမကိုးကွယ်နှင့်” ဟုဆိုသည်။ ဒုတိယပညတ်သတိပေးသည်မှာ “ရုပ်တု ဆင်းတုကို ကိုယ့်အဖို့မလုပ်နှင့်” တတိယမှာ “သင်၏ဘုရားသခင် ထာဝရဘုရားသခင်၏ နာမတော်ကို လိမ်လည်ပြောဆိုခြင်းနှင့်ဆိုင်၍ မမြွက်ဆိုနှင့်။ စတုတ္ထပညတ်ကား၊ “သတ္တမနေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကိုအောက်မေ့လော့” ဤအကျဉ်းအချက်များသည် ဘုရား သခင်နှင့်ဆိုင်သည့်တာဝန်များဖြစ်သည်။
ကျန်အခြားပညတ် (၆) ခုမှာ လူနှင့်ဆိုင်သောတာဝန်များဖြစ် သည်။ ပဉ္စမပညတ်က “သင်၏မိဘကို ရိုသေစွာပြုလော့” ဆဌမပညတ် က “လူ့အသက်ကိုမသတ်နှင့်” သတ္တမပညတ်က “သူ့မယားကိုမပြစ်မှား နှင့် အဌမပညတ်က “သူ့ဥစ္စာမခိုးနှင့်” နဝမပညတ်က “ကိုယ်နှင့်စပ်ဆိုင် သော သူတစ်ဘက်၌ မမှန်သောသက်သေကိုမခံနှင့်” ဒဿမပညတ်က “ကိုယ်နှင့် စပ်ဆိုင်သောသူ၏ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေနှင့်” ဖြစ်သည်။
ဤပညတ်တရားသည်သခင်ယေရှု၏ပညတ်တရားဖြစ်သည်။ဤ မြင့်မြတ်သော စည်းမျဉ်းများသည် ဧဒင်အရပ်တွင် သိရှိထားခဲ့ပြီး သိနာ တောင်ပေါ်တွင် ခရစ်တော်ကိုယ်တော်တိုင် “ငါ” ဟုကြေညာခဲ့သည်။ (ထွက် ၂ဝ)။ ထိုနောက် တောင်ပေါ်ဒေသနာတရားတော်တွင် အကျယ် တဝင့်ဟောကြားအတည်ပြုလိုက်သည်။ (မဿဲ ၅)။ ယနေ့အထိ လူသား များအတွက် ကောင်းဆုံးကျင့်ဝတ္တရားများဖြစ်သည်။ တမန်တော်ပေါလု သည်လည်း ဤကဲ့သို့ ထောက်ခံပြောဆိုသည်။ “ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။” (ရောမ ၇း၁၂)။
သို့သော် မည်မျှကောင်းသည်ဖြစ်စေ၊ ပညတ်တရားသည် ကျွန်ုပ် တို့အား အပြစ်မှကယ်တင်နိုင်စွမ်းမရှိပါ။ ပညတ်တရားသည် မကောင်းမှု အပြစ်ကို ထင်ရှားစေသော်လည်း ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်ရဟု (ရောမ ၃း၂ဝ) တွင် တွေ့ရှိနိုင်သည်။ “ပညတ်တရား၏အကျင့် အားဖြင့် အဘယ် သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်ရာ” (ဂလာတိ ၂း၁၆)၌လည်း တွေ့ရှိရ သည်။ ဤအချက်သည် ဝိညာဉ်ချစ်ကျွမ်းဝင် ပထမစည်းမျဉ်းဖြစ်သည်။ သခင်ယေရှု၏ပညတ်တရားသည် ကယ်တင်နိုင်စွမ်းမရှိပါ။ ခွန်အားနည်း ခြင်းဖြစ်သည်။
အကယ်၍ သူတစ်ဦးတစ်ယောက်သည် မိမိအသက်တာကို ယနေ့ တစ်ဖန်အသစ်ပြန်လည်စမည်ဆိုပါစို့၊ အပြစ်များနှင့် နစ်မွန်းနေသော လူသား၏ သဘာဝသည် ကယ်တင်ခြင်းခံစားနိုင်ခွင့်ရရှိနိုင်သည့်အထိ ဘုရားသခင်၏ ပညတ်တရားကို ပြည့်စုံစွာ လိုက်လျှောက်နိုင်စွမ်းရှိနိုင် မည်မဟုတ်ပါ။ လွန်ခဲ့သည့်နေ့ရက်၊ လ၊ နှစ်များ၏ကျူးလွန်မှုများ၊ နား ထောင်ရန်ငြင်းဆန်မှုများကား ဘယ်သို့ပြုမည်နည်း။ မည်ကဲ့သို့ပင် ကြိုး စားပါစေ၊ အပြစ်သား တစ်ဦးသည် ကယ်တင်ခြင်းကို အဖိုးအခဖြင့် ဘယ် သောအခါမျှ ရရှိနိုင်မည် မဟုတ်ပါ။
အတိုင်းအဆမရှိတန်ခိုးရှင်
ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ကယ်တင်နိုင်စွမ်းမရှိသည့်အတွက် ကျွန်ုပ်တို့ ကယ်တင်ခြင်းရရှိရန် သခင်ယေရှုအသေခံတော်မူခဲ့သည်။ ဤ လောကဂြိုဟ်ပေါ်တွင် အသက်ရှင်နေထိုင်ခဲ့သော၊ နေထိုင်လျက်ရှိသော၊ နေထိုင်ရန်ရှိသော လူသားများအားလုံးအတွက် ကရာနီကုန်းပေါ်တွင် ခရစ်တော်သည် အသွေးတော်ကို သွန်းလောင်းခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှု ကိုခံပြီး အသက်တော်ကိုစွန့်လွတ်ခဲ့သည်။ သူ၏ထာဝရအသက်ကိုကျွန်ုပ် တို့ဝမ်းမြောက်စွာစိုးစံနိုင်ရန် ကျွန်ုပ်တို့၏သေခြင်းကို သူခံယူလိုက်သည်။
သမ္မာကျမ်း၏ အနှစ်သက်ဆုံးရေပန်းစားသည့်ကျမ်းချက် “ဘုရား သခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက် ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါး တည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ ကို ချစ်တော်မူ၏။” (ယော ၃း၁၆)။ ဤအရာသည် ကျေးဇူးတော်ဖြစ် သည်၊ တန်ခိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘယ်သူမဆို၊ ဘယ်နေ ရာ၌ရှိသည်ဖြစ်စေ၊ အချိန်မရွေးကယ်တင်နိုင်စွမ်းရှိသည်။ ဤချစ်ကျွမ်း ဝင်၏ ဒုတိယစည်းမျဉ်းသည် တန်ခိုးပင်ဖြစ်သည်။ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် ကယ်တင်နိုင်စွမ်းရှိသည်။
ဤအချက်သည် ဧဝံဂေလိတရား၏ ဗဟိုအချက်အချာဖြစ်သည်။ “ယေရှုခရစ်ရွေးနုတ်တော်မူသောအားဖြင့် အဖိုးအခမပေးဘဲ ဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြ၏။”(ရောမ ၃း၂၄)။ ထိုနောက် “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။” (ဧဖက် ၂း၈)။
ကရာနီ၏ ကျေးဇူးတော်သည် အတိုင်းအဆမရှိသော တန်ခိုးနှင့် ပြည့်စုံတော်မူသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောအပြစ်များ၊ ယခုအမှားများနှင့် အနာဂတ်ကျူးလွန်မှုများအားလုံးအတွက် ပါဝင်သည်။ ကောင်းကင်တံခါးဝတွ င်ရပ်ပြီး ဝင်ခွင့်တောင်းသောသူအား အဘယ် အကြောင်းကြောင့် ဝင်ခွင့်တောင်းခံရသနည်းဟုမေးသော် လုံလောက် သည့်အဖြေတစ်ခုတည်းသည် ခရစ်တော်၏အသွေးတော်ပင်ဖြစ်သည်။
အကျိုးသက်ရောက်မှု
သို့သော် ကျွန်ုပ်တို့အမြဲသတိရရှိရန်အချက်မှာ Timနှင့် Thelda သည် မတူညီသော်လည်း ခွဲခြား၍မရသကဲ့သို့ ပညတ်တရားနှင့် ကျေးဇူး တရားသည် ခွဲခြား၍မရသောချစ်သူများဖြစ်သည်။ ကျေးဇူးတော်သည် ဘယ်သောအခါမှ တစ်ပါးတည်းရပ်တည်ခြင်းမရှိပါ။ ယာကုပ်သည် ဤ မေးခွန်းဖြင့် မီးမောင်းထိုးပြလိုက်သည်။ “ငါ့ညီအစ်ကိုတို့ တစ်စုံတစ် ယောက်သော သူက ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောဆိုလျက် အကျင့် ကိုမကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကိုကယ်တင်နိုင်သလော” (ယာကုပ် ၂း၁၄)။ ဤသူသည် ကျေးဇူး တော်ဖြင့် ကယ်တင်ခြင်းရသည်ဟုဆိုသည်။ သို့သော် ပညတ်တရား၏ အလုပ်သက်သေကို ပြနိုင်ခြင်းမရှိပါ။ ထိုသို့သောသူသည် ကယ်တင်ခြင်း မရရှိနိုင်သော ကျေးဇူးတော် အတုအယောင်ဟု ယာကုပ်ပြောဆိုနေခြင်း ဖြစ်သည်။
ထိုနောက် ဤအချက်ကို ပုံပမာအားဖြင့် ရှင်းပြသည်။ အဝတ် အချည်းစည်းရှိ၍ ငတ်နေသောသူတစ်ဦးသည် အကူညီတောင်းခံပါက “ငြိမ်ဝပ်စွာသွားလော့၊ နွေးကြလော့ဟုဆိုလျက် သူတို့ကိုယ်နှင့်တော် လျော်သောအသုံးအဆောင်ကိုမပေးဘဲနေလျှင်အဘယ်အကျိုးရှိသနည်း” ထိုနည်းတူ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်း ရှိသောကြောင့် အသေဖြစ်၏။” (ယာကုပ် ၂း၁၅၊၁၆)။
သဘောတူညီချက်
တမန်တော်ပေါလုသည်ဤဖြောင့်မတ်ခြင်းတရားကို အဖန်တလဲ လဲ သွန်သင်ခဲ့သည်။ “လူမည်သည်ကား၊ ပညတ်တရား၏အကျင့် မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟု ယူရ၏” (ရောမ ၃း၂၈) ဟု ပြောဆိုပြီးသည်နောက် အငယ် (၃၁) တွင် ဤကဲ့သို့ မေးသည်။ “သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရား ကို ပယ်ကြသလော။ အလျင်းမပယ်၊ သာ၍တည်စေကြ၏။” “ယုံကြည် သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်” (ဧဖက် ၂း၈၊၉) တွင် ဖေါ်ပြထားသော်လည်း ငယ် (၁၀) တွင် “ငါတို့သည် ကောင်းသောအကျင့်ကို ကျင့်ရမည်အကြောင်း ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏” ဟု အလေးပေးပြောဆိုထားသည်။ ထို နောက် “တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည် မဟုတ်၊ တရားကိုကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့် မည်” (ရောမ ၂း၁၃) ဟုဆိုသည်ကို တွေ့ရှိရသည်။
ကျွန်ုပ်တို့နှလုံးသွင်းရန် လိုအပ်သည့်အချက်ကား၊ ပညတ်တရား ကို နားထောင်ခြင်းသည် ကယ်တင်ခြင်းမရမီ ပြုကျင့်ခြင်းမဟုတ်ဘဲ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့်သာ ဖြစ်ရမည်ဖြစ်သည်။ ကယ်တင်ခြင်းရရန် ယုံကြည်သည်မဟုတ်၊ သို့သော် ကယ်တင်ခြင်းရရှိပြီးဖြစ်သည့်အတွက် ဖြစ်သည်။ ထိုသို့သော ယုံကြည် ခြင်းသည် “ယုံကြည်နားထောင်ခြင်း” (ရောမ ၁၆:၂၆) သို့တည်းမဟုတ် ယုံကြည်ခြင်းမှရရှိသော နားထောင်ခြင်း (ရောမ ၁း၅) ဖြစ်သည်။
ဤအကျိုးဆက်နားထောင်ခြင်းသည် ပညတ်တရားနှင့် ကျေးဇူး တရားချစ်ကျွမ်းဝင်ဆက်စပ်မှုတွင် အလွန်အရေးကြီးကြောင်း သခင် ယေရှုသဘောတူညီခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် “ငါ့ကိုချစ် လျှင် ငါ့ပညတ်တို့ကိုစောင့်လော့” ဟု မိန့်မှာခဲ့သည်။ (ယော ၁၄း၁၅)။
ပျက်ကွက်မှုနိယာမ
အကျိုးသက်ရောက်မှုစည်းမျဉ်းအရပညတ်တရားရှိလျှင် ကျေးဇူး တရားရှိမည်ဟုဆိုသည်။ အပြန်အလှန်ဆိုလျှင်လည်း မှန်သည်။ ပညတ် တရားမရှိလျှင် ကျေးဇူးတရားလည်းမရှိ၊ ဤသဘာဝကျသည့် ကောက် နုတ်ချက်သည် ပျက်ကွက်မှုနိယာမဟု ဆိုနိုင်သည်။ ထိုကြောင့် စတုတ္ထ အချက်မှာ “ပညတ်တရားမရှိလျှင် ကျေးဇူးတရားပျက်ကွက်သည်။”
အဘယ်အကြောင်းကြောင့် ဤကဲ့သို့ဖြစ်ရသနည်း။ အဘယ် ကြောင့်ဆိုသော် တစ်ခု၏ရှိခြင်းသည် အခြားတစ်ခုရှိကြောင်းကို သက် သေပြခြင်းကြောင့်ဖြစ်သည်။ ယာကုပ်သည် “ကျွန်ုပ်၏ယုံကြည်ခြင်းကို အကျင့်နှင့် ပြမည်” ဟုဆိုသည်။ ထိုနောက် နတ်ဆိုးကို ပုံပမာပြပြီးပြော သည်မှာ “လူများတို့သည် ယုံကြည်သည်ဟုဆိုရာ၌ နတ်ဆိုးများပင် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏” ဟုဆိုသည်။ (ယာကုပ် ၂း၁၈၊၁၉)။ သို့သော် ဤယုံကြည်သောနတ်ဆိုးများသည် ဘယ်သောအခါမှနားထောင်ခြင်းမရှိ ပါ။ ထိုသို့သောသူများနှင့် ဘယ်သူမျှပေါင်းသင်းလိုသည့်ဆန္ဒမရှိပါ။
ထိုကြောင့် ပညတ်တရားနှင့်ကျေးဇူးတရားသည် ခွဲခြား၍မရ သော ချစ်သူများဖြစ်ကြသည်။ လူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ခွဲ၍မရ သကဲ့သို့ပင်ဖြစ်သည်။ “ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့ သို့ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏” (ငယ် ၂၆)။ သုံးကြိမ်တိုင် “အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏” (ငယ် ၁၇၊၂၀၊၂၆) တို့တွင် ဖေါ်ပြထားသည်။ ထိုကြောင့် ပညတ်တရားကို သတ်လိုက်သော်သင်္ဂြိုဟ်ရန် ခေါင်းနှစ်လုံးပြုလုပ်ရမည်သာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤချစ်သူနှစ်ဦးသည် ခွဲခွာ၍မရခြင်းကြောင့်ပင် တည်း။
မေတ္တာတော်လက်
Lars Justinen ပန်းချီဆရာရေးဆွဲထားသည့် ပန်းချီကားချပ် တစ်ချပ်တွင် ကလေးငယ်တစ်ဦးသည် သခင်ယေရှုနားတွင်ရပ်လျက်သံ ဖြင့် ရိုက်ခတ်ထားသောလက်တွင်ရှိသည့် အမာရွတ်ကို သိလိုသောစိတ် ဖြင့် စူးစမ်းလေ့လာပြီး မျက်နှာတော်ကို နူးညံ့သိမ်မွေ့သောအကြည့်ဖြင့် “လက်တွေကဘယ်လိုဖြစ်တာလဲ” ဟုမေးသောကားချပ်တစ်ခုဖြစ်သည်။
မည်ကဲ့သို့သောလက်များသူ့တွင်ရှိမည်နည်း။ လက်သမားရုံးတွင် တည်ငြိမ်သန်မာသောလက်၊ ဖျားနာသောသူများကိုတို့ထိပြီး သေသူကို ရှင်ပြန်ထမြောက်စေသော ရောဂါပျောက်ကင်းစေသည့်လက်၊ မြဲသော လက်ဖြင့် ကြာပွတ်ကိုမြောက်ပြီး ဗိမာန်တော်ထဲမှ ကုန်သည်များအား နှင်ထုတ်သည့်လက်၊ လူထုပရိသတ်ကြီးကိုကျွေးမွေးရန် ငါးနှင့်မုန့်ကို တိုး ပွားအောင် လုပ်ဆောင်သည့် နိမိတ်လက္ခဏာလက်၊ ရက်စက်ကြမ်း ကြုတ်သည့်ဆူးသံဖြင့် အသားများကိုဆုတ်ဖြဲကာ သွေးများယိုစီးနေသော လက်၊ ထိုကလေးနည်းတူ ကျွန်ုပ်တို့သည်လည်း ကြင်နာယုယသော လက်ကို ငေးကြည့်နိုင်မည်လော။
၎င်းလက်များပင်လျှင် ယခုရေးသားရန် အဆင်သင့်ရှိနေပြီ။ ရေး သားသည့်အချက်ကိုသတိချပ်ကြပါစို့။ “ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ် ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာရေးသားထားမည်” (ဟေဗြဲ ၈း၁၀)။ အံ့သြဖွယ်ကောင်းသောအမှန်တရားမှာ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း ရရှိသောမည်သည့်ယောက်ျား၊ မိန်းမမဆို ခရစ်တော်သည် မိမိလက်ကို မိမိ၏အသွေးတော်တွင် နစ်ပြီး သူတို့၏ နှလုံးသားများအပေါ် ပညတ် တရားကို ရေးသားခြင်းပင်ဖြစ်သည်။ ဤကဲ့သို့အက္ခရာတင်ထားသည့် စာ အမှတ်အသားကမ္ပည်းကို မည်ကဲ့သို့မျှ ချေဖျက်နိုင်ခြင်းရှိမည်မဟုတ်ပါ။
သူ့ဥစ္စာကိုခိုးရန်မရှိတော့ပြီ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော် သည် ကျွန်ုပ်တို့စိတ်တွင် “သူ့ဥစ္စာကိုမခိုးနှင့်” ဟုရေးသားခဲ့ပြီ။ သူများ၏ သားသမီးများကို ပြစ်မှားရန် မရှိတော့ပြီ။ အဘယ်ကြောင့်ဆိုသော် ခရစ် တော်သည် ကျွန်ုပ်တို့၏ဦးနှောက်တွင် “သူ့မယားကို မပြစ်မှားနှင့်” ဟု အက္ခရာတင်ထားသည်။ တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ၊ မူးယစ်ဆေးလုံးဝမရှိတော့ပြီ။ အဘယ်ကြောင့်ဆိုသော် “သူ့အသက်ကို မသတ်ရ” ဟု မိမိလက်တော်ဖြင့် ရေးခဲ့ပြီ။ အပြစ်၌ပျော်မွေ့ခြင်းမရှိတော့ ပြီ၊ အဘယ်ကြောင့်ဆိုသော် “ငါမှတစ်ပါး အခြားသောဘုရားသခင်ကို မကိုးကွယ်ရ” ဟု ကယ်တင်ရှင်ရေးသားခဲ့ပြီ။ သတ္တမနေ့ကို ချိုးဖေါက်ရန် မရှိတော့ပြီ။ အဘယ်ကြောင့်ဆိုသော် “သတ္တမနေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့” ဟု မေတ္တာတော်လက်ဖြင့် ရေးသားခဲ့ပြီ။ နားမထောင်ခြင်းလည်း မရှိတော့ပြီ။ အဘယ်ကြောင့်ဆိုသော် “သင်၏ မိဘကိုရိုသေစွာပြုလော့” ဟု လက်တော်ဖြင့် မှတ်ကျောက်တင်ခဲ့ပြီ၊ ဆဲ ရေးပြောဆိုခြင်းမရှိတော့ပြီ၊ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်သည် ကျွန်ုပ်တို့နှလုံးသားပေါ်တွင် “နာမတော်ကို လိမ်လည်ပြောဆိုခြင်းနှင့် ဆိုင်၍ မမြွက်မဆိုရ” ဟု ရေးသားထားခဲ့ပြီ။
တိတ်ဆိတ်လျှို့ဝှက်အံ့သြစွာဖြင့် သခင်ယေရှု၏ပညတ်တော်ကို ကျွန်ုပ်တို့နားထောင်လာခဲ့ပြီ။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၏ ကျေးဇူးတရားတော်ကြောင့်၊ ကယ်တင်ခြင်းကိုရရှိခြင်းကြောင့်ဖြစ်သည်။ ခွဲခွာ၍မရနိုင်
Tim နှင့် Thelda တို့သည် ခွဲခွာ၍မရသောချစ်သူများဖြစ်သည်။ မတော်တဆဖြစ်မှုသည် ၎င်းတို့နှစ်ဦးအား မိတ်မဖျက်နိုင်ခဲ့ပါ။ စိတ်ပျက် ခြင်းလည်း ၎င်းတို့အား မဖျက်ဆီးနိုင်၊ ခန္ဓာကိုယ်တစ်ပိုင်းသေငြားသော် လည်းတားဆီးခြင်းမပြုနိုင်။အခွင့်အရေးမသာသော်လည်းနာကျင်အောင် မပြုနိုင်ပါ။ တစ်ဦးနှင့်တစ်ဦးထံမှ ဖြူစင်သိမ်မွေ့သောမေတ္တာစကားမှာ “မင်းကို ငါချစ်တယ်” ဘုရားသခင်၏အိမ်ထောင်စုဝယ် ၎င်းတို့နှစ်ဦးသည် ထာဝရချစ်သူများဖြစ်ကြပါတော့သည်။
ပညတ်တရားနှင့် ကျေးဇူးတရားသည်လည်း ခွဲခြား၍မရသော ချစ်သူများဖြစ်သည်။ မည်သည့်သဘောတရားရေးရာမှ ခွဲခွာခြင်းမပြုနိုင်၊ မည်သည့် တရားဟောဆရာမှ မခွဲခွာနိုင်၊ မည်သည့်စာရေးဆရာမှ တား ဆီးခြင်းမပြုနိုင်၊ မည်သည့်အပြစ်သားမှခွဲခွာရန်မတတ်စွမ်းနိုင်ပါ။ တစ်ဦး နှင့်တစ်ဦးထံမှ ဖြူစင်သိမ်မွေ့သောမေတ္တာစကားမှာ “မင်းကိုချစ်တယ်” ဘုရားသခင်၏ အိမ်ထောင်စုဝယ် ၎င်းတို့နှစ်ဦးသည် ထာဝရချစ်သူများ ဖြစ်ကြပါတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment