Thursday, January 22, 2026

အခန်း (၁) ဒါဟာအချစ်လား


    “ကျွန်တော့်နာမည်က Randy ပါ။ လွန်ခဲ့တဲ့ (၃) ပတ်လောက်က ကျွန်တော်ရေးလိုက်တဲ့စာနဲ့ ကျွန်တော့်ကို မှတ်မိမယ်လို့ ထင်တယ်။ ဘယ်လိုဖြစ်ကုန်ပြီလဲဆိုတာသိစေချင်လို့ ဒီစာကိုရေးလိုက်တာပါ” ဟု လူငယ်တစ်ယောက်သည် AnnLanders ဆိုသည့် အမေရိကန်ကော်လံ စား သတင်းထောက်ထံ စာရေးလိုက်သည်။ ဆက်လက်ပြီး-

“ကျွန်တော်တကယ်ပဲ ချစ်နေပြီးလို့ထင်ခဲ့တာ မှတ်မိမယ်ထင် တယ်။ Dottie ကို ကျွန်တော့်ရဲ့အကောင်းဆုံးလက်စွပ်နဲ့ ကျွန်တော့်ကိုယ် ပိုင်အမှတ်အသားလက်ကောက်ကို ပေးချင်နေတာ။ ဗက်လင်တိုင်နေ့မှာ သူ့ကိုကျွန်တော်က $ 50 တန် နှလုံးသားပုံသကြားလုံးအထုပ်ကလေးကို တော့ဝယ်ပေးဖို့ဆန္ဒရှိတယ်။ ကျွန်တော်တကယ်ပဲ ရူးလို့မတတ်ပါဘဲဗျာ။ ကျွန်တော့်ခေါင်းက ကြက်မွေးလိုပဲ ပေါ့ပါးနေသလိုခံစားရတယ်။ Dottie ကို ကြည့်လိုက်ရင် ကျွန်တော့်ဒူးတွေက ပျော့ခွေလုမတတ်ဘဲ၊ မူးလဲ တော့မလိုဖြစ်တယ်။ ချွေးသီးတွေထွက်ပြီး အင်္ကျီတစ်ခုလုံးစိုရွှဲကုန်တာပဲ၊ အစားပျက်ပြီး စားစရာတွေကိုတောင် ကြည့်ချင်စိတ်မရှိဘူး။ ကျွန်တော့် အမေက မင်းတော့တော်တော် အခြေအနေဆိုးနေပြီး ဆရာဝန်ကိုခေါ် လိုက်တယ်။

“နောက်ဆုံးတော့ အချစ်မဟုတ်ဘူးခင်ဗျ။ တုပ်ကွေးဖြစ်နေ တယ်” Randy က တုပ်ကွေးဖြစ်တာကို အချစ်လို့ထင်ခဲ့တယ်။ ထိုနည်းတူ လူအတော်များများဟာ အချစ်လို့ထင်ခဲ့တာ အမှန်တော့ အခြစ်ဖြစ်နေ တယ်။

အချစ်ဆိုတာဘာလဲ

အချစ်ဆိုတာဘာလဲ။ ရယ်ဖို့ကောင်းသည့်မျိုးမတူသောအရာများ စုပေါင်းလျက် လူ့ခန္ဓာကိုယ်ကိုလိမ်ညာရန် ရည်ရွယ်ကာ ၎င်း၏စက်ဆုပ် ရွံ့ရှာဖွယ်တပ်မက်မှုပါသောစိတ်ဖြင့် မူးယစ်စေပြီး တွန်းလှန်နိုင်သည့် တန်ခိုး” ဟု ရယ်မောစရာကောင်းသည့်အနက်ပြန်ဆိုချက်ကို ကျွန်ုပ်တွေ့ ခဲ့သည်။ ဒါဟာ တကယ်ပဲ အချစ်ဖြစ်နိုင်မလား။ နောက်တစ်ခုက “အချစ် ဆိုတာ တစ်ခါမှမခံစားခဲ့ဖူးတဲ့ ခံစားချက်တစ်ခုကို ခံစားရတော့မယ်လို့ ခံစားရတဲ့ခံစားချက်” ဘာပဲဖြစ်ဖြစ် ဒါဟာအမှန်တကယ်အချစ်မဟုတ်ပါ။

ရှေးရောမလူမျိုးများက သူတို့ကိုးကွယ်ရာ နတ်ဘုရားသခင်အား လုံးရဲ့ ဗိမာန်ရှိတယ်။ Jupiter ကောင်းကင်၏ နတ်ဘုရားသခင်၊ Bachus အရက်စပျစ်ရည်နတ်ဘုရားသခင်၊ Diana လနတ်ဘုရားသခင်၊ Naptune ပင်လယ်သမုဒ္ဒရာနတ်ဘုရားသခင်၊ Mar စစ်နတ်ဘုရားသခင်၊ Minera ပညာဉာဏ် နတ်ဘုရားသခင်၊ ထိုနောက် သူတို့ရဲ့အချစ်ဘုရားသခင်က Cupid ဖြစ်တယ်။ ဒီဝလုံးလုံးယောက်ျားလေးဟာ မျက်နှာဖုံးဝတ်ထားပြီး တောင်ပံများရှိတယ်။ သူက လေးနဲ့မြားကိုကိုင်ပြီး ပျံတတ်တယ်။ ရွှေထိပ် ဖူးနဲ့တပ်ထားတဲ့မြားနဲ့ သူပစ်လိုက်ရင် ထိတဲ့လူဟာ ပထမဦးဆုံးတွေ့တဲ့ လူနဲ့ အမူးအရူးချစ်တော့တာပဲ။ ဒါဟာလဲ အချစ်စစ်လား။

အတိုဆုံးနဲ့အနက်ရှိုင်းဆုံးသောအချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျမ်းစာထဲမှာတွေ့နိုင်တယ်။ အင်္ဂလိပ်လိုစာလုံး (၃) လုံးပဲရှိတယ်။ “God is Love” ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ယော ၄း၈)။ “အဲဒီလိုမျိုးအချစ်မဟုတ်ဘူးလေ” လို့ တစ်ယောက်သော သူက ကန့်ကွက်တယ်။ စိတ်ကူးယဉ်အချစ်၊ ဖက်တာနမ်းတာလိုမျိုးအချစ်” ကိုပြောပါ၊ ဟုတ်ပါတယ်။ အဲဒီလိုအချစ်အကြောင်းမျိုးပဲ ပြောနေတာပါ။ မိဘများက ကလေးကိုချစ်တဲ့အချစ်၊ ဇနီးမောင်နှံအချစ်၊ ယောက်ျားလေး၊ မိန်းကလေးတစ်ဦးနဲ့ တစ်ဦးချစ်တဲ့အချစ်၊ အချစ်စစ်အချစ်မှန်အားလုံး ဟာ ဘုရားသခင်ထံမှလာတယ်။ နူးညံ့သိမ်မွေ့တဲ့စိတ်လှုပ်ရှားမှု၊ စိတ် ဆန္ဒရှိလိုမှု၊ ပွတ်သပ်ယုယနမ်းရှုတ်တဲ့ အရည်အချင်း၊ ဒါတွေအားလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ဖန်ဆင်းရှင်ရဲ့အရင်းအမြစ် ဖြစ်တယ်။ အကယ်၍ အချစ်က ဘုရားသခင်ထံမှလာမယ် ဘုရားသခင်က အမြစ်မြဲ အောင်စိုက်ထားခဲ့ပြီးဖြစ်တယ်။ သူဟာ ချစ်ခြင်းဆိုရင် ဘုရားသခင်ရှေ့ မှာလည်း စိတ်သက်သာစေတဲ့အရာဖြစ်နိုင်ရမယ်။

ဒါပေမယ့်၊ ဘုရားသခင်ကကောင်းတဲ့အရာလုပ်တိုင်း စာတန်က လည်း အတုအယောင်များကိုဖန်တီးတတ်တယ်။ အချစ်ရဲ့အတုအယောင် ကတော့ တပ်မက်မှုပါသော ဖုံးလွှမ်းစေတဲ့ အလွဲစွဲလမ်းခြင်းအချစ်ပဲ ဖြစ် တယ်။ မေးစရာရှိတာကတော့ အတုအယောင်နဲ့အစစ်ကို ဘယ်လိုခွဲခြား သိနိုင်မှာလဲဆိုတဲ့မေးခွန်းပဲ။ ခြားနားချက်တချို့ကို လေ့လာကြည့်ကြပါ စို့။

တပ်မက်မှုပါသောစွဲလမ်းခြင်းအချစ်

တပ်မက်မှုပါသော စွဲလမ်းတဲ့အချစ်မျိုးဟာ ခံစားချက်နဲ့ထိန်းချုပ် တယ်။ သို့သော် စစ်မှန်တဲ့အချစ်ဟာ စည်းမျဉ်းများနဲ့ထိန်းချုပ်တယ်။ တပ်မက်မှုပါသော စွဲလမ်းချစ်ဟာ ခံစားချက်နဲ့လွှမ်းခြုံတယ်။ ပြဿနာ က ကျွန်တော်တို့ခံစားချက်တွေဟာ မတည်တံ့ဘူး။ အလွယ်တကူပြောင်း လဲတတ်တယ်။ ဒီနေ့ငါပျော်တယ်၊ ဒါကြောင့်သူ့ကိုနမ်းတယ်၊ နောက်နေ့ ငါတစ်မျိုးကြီးခံစားရတယ်။ ဒါကြောင့် သူ့ကိုကန်ထုတ်တယ်။ အဲဒါအချစ် မဟုတ်ဘူး။

စစ်မှန်တဲ့အချစ်ဟာ ခံစားချက်ရှိတယ်။ နူးညံ့သိမ်မွေ့ တဲ့ခံစား ချက်ကို ယုယကြင်နာတဲ့ဘုရားသခင်က လူသားတို့ရဲ့နှလုံးသားထဲကို ထည့်သွင်းထားတယ်။ ဒါပေမယ့်လို့၊ ချစ်ခြင်းဆိုတာ ခံစားချက်နဲ့ပဲ ဖွဲ့ စည်းထားတာမဟုတ်။ ခံစားချက်နဲ့စည်းမျဉ်း ပေါင်းစပ်ထားတယ်။ ဒါ့ အပြင် စစ်မှန်တဲ့ အချစ်ဟာ ခံစားချက်များနဲ့ ထိန်းချုပ်ထားခြင်းမဟုတ် ပါ။ ခံစားရတဲ့ အရာအားလုံးကိုမလုပ်ပါ။ အဲဒီလိုဖြစ်မယ့်အစား စစ်မှန်တဲ့ အချစ်ဟာ စည်းမျဉ်းဘောင်အထဲမှာ ချုပ်ထိန်းထားရှိခြင်းပဲဖြစ်တယ်။

အချစ်ကို အကောင်းဆုံးရုပ်လုံးဖော်ရေးသားထားတာ ကျမ်းစာ တော်မြတ်ထဲမှာတွေ့ရတယ်။ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ။ မာန်မာန မရှိ။ မလျောက်ပတ်စွာမကျင့်တတ်။ အဆိုးကိုအနိုင်မယူတတ်။ မတရား သောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်။ အမှန်တရားနှင့်အတူ ဝမ်းမြောက် တတ်၏။ ခပ်သိမ်းသောအရာကို ခံတတ်၏။ ခပ်သိမ်းသောအရာကို ယုံ တတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာ ကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏။” ၁ကော ၁၃း၄-၇။

တပ်မက်မှုပါသောအချစ်သည် မျက်စိမရှိ၊ သို့သော် စစ်မှန်တဲ့ချစ် ခြင်းဟာ မြင်နိုင်၏။ စစ်ဆေးနိုင်၏။ Cupid နည်းတူ တပ်မက်မှုပါသော အချစ်သည် မျက်စိကန်းသည်။ မမြင်နိုင်၊ တွေ့မြင်လိုသော စိတ်လည်း မရှိ၊ မိန်းကလေး တစ်ယောက်က သူ့ရဲ့ယောက်ျားဖေါ်ဟာ မူးယစ်ဆေးစွဲ နေတာကိုသိလျက် လက်ထပ်ဖို့ ဆက်လက်စီစဉ်နေရင် Cupid ဟာ သူမကိုဒဏ်ရာပေးလိုက်ပြီးဖြစ်တယ်။ ယောက်ျားလေးတစ်ယောက်က သူ့ရဲ့မိန်းမဖေါ်တစ်ယောက်ဟာ အခြားယောက်ျားများနဲ့ ကြာပေးပြီး မြူနေတာကိုသိလျက် ဆက်လက်ပြီး ချစ်ရေးဆင်နွှဲနေမယ်ဆိုရင် တပ် မက်မှုပါသောစွဲလမ်းတဲ့အချစ်ဟာ သူ့မျက်စိကိုကန်းစေပြီ။ သခင်ယေရှု မေးသည်မှာ “မျက်စိရှိလျက်ပင်မမြင်” (မာကု ၈း၁၈) ဖြစ်နေသလား။ စစ်မှန်တဲ့အချစ်ဟာ နောင်အလားအလာရှိတဲ့ ကြင်ဖေါ်ရဲ့အားနည်းချက်၊ အားသာချက်တို့ကို မျက်စိကိုအသုံးပြုပြီး တွေ့မြင်စစ်ဆေးဖို့အသုံးပြုနိုင် ရမှာဖြစ်တယ်။ ခက်ခဲတဲ့မေးခွန်းတွေကို မေးနိုင်ရမယ်၊ စစ်ဆေးနိုင်ရ မယ်။

တပ်မက်မှုပါသော အချစ်သည် အလျင်စလို ကတိုက်ကရိုက်ပြု လုပ်တတ်တယ်။ သို့သော် စစ်မှန်တဲ့အချစ်ဟာ အချိန်ယူရတယ်၊ အသက် တာမှာ အစဉ်အမြဲတန်ဖိုးရှိတဲ့အရာဟူသရွေ့ အချိန်ယူရမှာဖြစ်တယ်။ အကြမ်းဆောက်ထားတဲ့တဲကို ညတွင်းချင်းဆောက်လုပ်နိုင်တယ်။ ဒါပေ မယ့် မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အိမ်ကို ဆောက်ချင်ရင် အချိန်ယူရမှာဖြစ် တယ်။ အပင်စိုက်ရင် ရှင်သန်ကြီးထွားလာအောင် ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ရေလောင်းပြီး ပြုစုပျိုးထောင်ရမယ်။ စစ်မှန်တဲ့အချစ် ဟာ အပင်ပျိုဖြစ်တယ်။ နူးညံ့သိမ်မွေ့ပြီး အလွန်အဖိုးထိုက်တဲ့အပင် ဖြစ် တယ်။ တပ်မက်မှုပါသောအချစ်သည် ကတိုက်ကရိုက်ပြုတတ်ပြီး ဒီနေ့ မြင် နောက်နေ့ချစ်ရေးဆို၊ နောက်တစ်နေ့ လက်ထပ်၊ “မြင်မြင်ချင်းချစ်” တဲ့အချစ်။ “ပါပီခွေးကလေးအချစ်” ဖြစ်တယ်။ လူတစ်ယောက် မှတ်ချက် ချတာကတော့ “ပါပီခွေးကလေးအချစ်မျိုးဟာ ခွေးကြီး ဖြစ်လာတတ် တယ်” ဒီပါပီအချစ်က ကတိုက်ကရိုက်ဖြစ်နေတဲ့အချိန်မှာ စစ်မှန်တဲ့ အချစ်ဟာ အချိန်ယူနေရတယ်။ သိရန်အချိန်နဲ့ရှင်သန်ကြီးထွားရန် အချိန် ဖြစ်တယ်။ လူတစ်ယောက်ကို အမှန်သိဖို့ဟာ အချိန်ယူရတယ်။ ဖြတ် လမ်းမရှိဘူး။ ဆက်ဆံရေးရှင်သန်ကြီးထွားရန် အချိန်ယူရတယ်။ ဘုရား သခင်သည် ချစ်သူစုံတွဲနှစ်ဦးကို ကြီးပွားရန်အလိုရှိတယ်။ (ဧဖက် ၄း၁၅)။

တပ်မက်မှုပါသောအချစ်သည် အပြင်ပန်းအရာများကိုသာ အာရုံ

စွဲလမ်းတယ်။ သို့သော် စစ်မှန်တဲ့အချစ်ဟာ အတွင်းဘက်အရာများ နှင့်သာစိတ်ဝင်စားမှုရှိတယ်။ “ပါပီအချစ်” ဟာ ကိုယ်ကာယအချိုးကျပုံ ကို စွဲလမ်းပြီးဖက်ရှင်၏ ကျေးကျွန်ဖြစ်တယ်။ တပ်မက်မှုပါသော လိင်ဆွဲ ဆောင်မှုနဲ့ မူးယစ်နေတတ်တယ်။ တပ်မက်မှုပါသော အချစ်စိုးမိုးနေရင် လိင်ဆက်ဆံမှုဟာ တန်ခိုးအရှိန်နဲ့ လွှမ်းမိုးအုပ်ချုပ်တော့တယ်။ စစ်မှန်တဲ့ အချစ်ဟာ ကိုယ်ကာယအလှကို ကြိုက်နှစ်သက်တယ်။ သင့်လျော်တဲ့ ဖက်ရှင်ကိုလည်း တန်ဖိုးထားတယ်။ ထိမ်းမြားလက်ထပ်ခြင်းရဲ့ ဘောင် အတွင်းနီးစပ်ရင်းနှီးဆက်ဆံမှုကို ကြိုဆိုတယ်။ သို့သော် ဒီအရာများဟာ စစ်မှန်တဲ့အချစ်ရဲ့သက်ဆိုင်မှုအကြီးဆုံး မဟုတ်ပါ။ စစ်မှန်တဲ့အချစ်ဟာ ကိုယ့်အဖေါ်ရဲ့ကိုယ်ရည်ကိုယ်သွေးအရည်အချင်းနဲ့ ဘယ်ကဲ့သို့လူစားမျိုး ဖြစ်ကြောင်း ပို၍သက်ဆိုင်တယ်။ အချစ်သည် အကျင့်ဓလေ့ကိုလည်း ကောင်း၊ ဆိုးသွမ်းသော အပြစ်အနာတို့ကိုလည်းကောင်း၊ အထူးကောင်း မြတ်တဲ့အကျင့်၊ ကောင်းမွန်တဲ့ အရည်အချင်းများကိုလည်းကောင်း၊ စစ် ဆေးတယ်။ စစ်မှန်တဲ့အချစ်ဟာ အကျင့်စရိုက်ကိုလည်းကောင်း၊ အတွင်း စိတ်ကိုလည်းကောင်း အာရုံစိုက်သတိပြုတယ်။ ဘုရားသခင်ထံမှလာတဲ့ ဒီအချစ်ဟာဘုရားသခင်လူကိုကြည့်သလိုကြည့်တယ်။ “လူသည် အဆင်း သဏ္ဌာန်ကို ကြည့်တတ်၏။ ဘုရားသခင်မူကား၊ နှလုံးကို ကြည့်တတ် သည်” (၁ရာ ၁၆:၇)။ ကျွန်ုပ်တို့က လူ့ရဲ့စိတ်နှလုံးကို မကြည့်တတ်တဲ့ အတွက် ကိုယ်ကာယအလှအပထက် အကျင့်စရိုက်ရဲ့အလှအပကို ပိုပြီး ဦးစားပေးရမယ်။

တပ်မက်မှုပါသောအစွဲချစ်ခြင်းဟာ ကလေးဆန်တယ်။ စစ်မှန်တဲ့ အချစ်က ရင့်ကျက်ပြီး ပြည့်ဖြိုးစုံလင်တယ်။ ကလေးဆန်တဲ့အချစ်က တစ်ကိုယ်ကောင်းဆန်တယ်။ ဒီ “ပါပီအချစ်” က “ငါ့ကိုပေး” ဆိုပြီး လိုချင် တာပဲသိတယ်။ အခြားသူကိုထည့်မတွက်ဘူး။ မိမိကိုယ်ကို အဓိကထား တယ်။ စစ်မှန်တဲ့အချစ်က အခြားသူကိုဗဟိုပြုတယ်။ မိမိအဖေါ်ရဲ့ ပျော် ရွှင်ကောင်းစားခြင်းကို စိတ်ဝင်စားတယ်။ တပ်မက်မှုပါသော အချစ်ဟာ ကလေးဆန်ပြီး တာဝန်မယူဘူး။ “မနက်ဖြန်” ဆိုတဲ့ စကားကို ငါနား မလည်ဘူး။ အခုပဲ ငါ့ကိုပေးပါ၊ နောင်ဖြစ်မဲ့အကျိုးဆက်ကို မစဉ်းစားဘဲ အခုပဲ နှစ်ခြိုက်ကျေနပ်ခြင်းကို လိုလားတယ်။ တစ်ဖက်မှာကတော့ စစ်မှန်တဲ့ အချစ်က မနက်ဖြန် နောင်တရမဲ့အလုပ်ကို ဒီနေ့ပျော်ပါးဖို့ချုပ် တည်းတယ်။ တပ်မက်မှုပါသောအချစ်က “သူငယ်လို စကားပြော၏၊ သူငယ်လိုစိတ်ထင်၏၊ သူငယ်လိုကြံစည်၏။” သို့သော် စစ်မှန်တဲ့အချစ် က “သူငယ်အရာကို ငါပယ်ရှား၏” ဟု ဆိုတတ်ကျင့်ကြံတယ်။ (၁ကော ၁၃း၁၁)။

တပ်မက်မှုပါသောအချစ်က လူသားတို့ရဲ့ ထောင်ချောက်တွင်း နက်စစ်မှန်တဲ့အချစ်က ဘုရားသခင်ရဲ့သန့်ရှင်းတဲ့ လှေကားဖြစ်တယ်။ တစ်ခုက အောက်ဆင်းတယ်။ အခြားတစ်ခုကတော့ အပေါ်သို့ ပို့ဆောင် တယ်။ တပ်မက်မှုပါသောအချစ်က မျက်စိဖုံးထားတဲ့လူတွေကို တွင်းနက် ထဲချသလို စစ်မှန်တဲ့အချစ်ဟာ မျက်စိပွင့်သူတွေတက်တဲ့ လှေကားဖြစ် တယ်။ တစ်နည်းအားဖြင့်ပြောရရင် “Fall in Love” အချစ်တွင်းထဲ ကျတာမဟုတ်၊ “Climb in Love” အချစ်ထံသို့တက်တာ။ စစ်မှန်တဲ့ အချစ်က မတော်တဆဖြစ်ပေါ်လာတာမဟုတ်၊ ခွန်အားစိုက်ထုတ်မှုပါဝင် တယ်။ စဉ်းစားဆင်ခြင်ရမယ်၊ ကြိုးစားလုပ်ဆောင်ရမယ်၊ ကြင်နာယုယ မယ်၊ ဒါကြောင့် တပ်မက်မှုပါသောအချစ်ဟာ တွင်းနက်ဖြစ်ပြီး စစ်မှန်တဲ့ အချစ်က ထာဝရလှေကားဖြစ်တယ်။ လူတိုင်းက ဝမ်းနည်းဖွယ်ကောင်း တဲ့ ဆုံးရှုံးမှုနဲ့ အောင်မြင်ခြင်းရဲ့ ပျော်ရွှင်မှုကို လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့်ရှိတယ်။

မြင့်မြတ်ဆုံးသောချစ်သူ

စစ်မှန်တဲ့အချစ်အားလုံးဟာ ဘုရားသခင်ထံမှလာတယ်။ ဒါပေ မယ့် ခရစ်တော်က အချစ်ကိုတီထွင်တာမဟုတ်၊ သူသည် အချစ်ကိုနူးညံ့ သိမ်မွေ့ဆုံး သရုပ်ဖေါ်ဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ သူသည် ချစ်သူများကို ဖန်ဆင်းရုံမက သူကိုယ်တိုင်က ကမ္ဘာ့အမြင့်မြတ်ဆုံးသော ချစ်သူဖြစ် တယ်။ လွန်ခဲ့တဲ့ (၁၉) ရာစုက သူဒီလောကကိုလာပြီး ချစ်တဲ့အသက်တာ နဲ့နေထိုင်သွားခဲ့တယ်။ ကလေးသူငယ်များကို ဖက်ရမ်းနမ်းရှုပ်ပြီး ကောင်း ချီးပေးခဲ့တယ်။ သတို့သမီးကို ပြုံးပြပြီး သတို့သားနဲ့အတူ ဝမ်းမြောက် တယ်။ လူနာများကို ရောဂါပျောက်ကင်းစေပြီး သေသူများကို ရှင်ပြန်ထ မြောက်စေတယ်။ လူငယ်များကို သွန်သင်ပြီး သက်ရွယ်ကြီးသူတို့ကို နှစ်သိမ့်ပေးတယ်။ ယောက်ျားများကို စိန်ခေါ်ပြီး မိန်းမများနဲ့ငိုကြွေးခဲ့ တယ်။ ငတ်မွတ်သူတို့ကို အစာကျွေးပြီး ပင်ပန်းနွမ်းနယ်သူတို့ကို အား ပေးခဲ့တယ်။ သူသည် ချစ်ခြင်းနဲ့အသက်ဖြစ်တယ်။

သူအသက်ရှင်စဉ်မကဘဲ သေတဲ့အခါမှာလည်း ယေရှုခရစ်သည် သူရဲ့ချစ်ခြင်းမေတ္တာကို ပြခဲ့တယ်။ စိုးရွံ့ထိတ်လန့်တဲ့ညတစ်ညမှာ သူဟာ ဂေသရှေမန်ဥယျာဉ်တွင်းသို့ဝင်ခဲ့တယ်။ တစ်ယောက်တည်းဒူးထောက် ဆုတောင်းခဲ့တယ်။ “ဤခွက်သည် အကျွန်ုပ်မှလွန်သွားနိုင်လျှင် လွန်သွား ပါစေသော။ သို့သော် အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ် တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေ”ဟုဆုတောင်းခဲ့တယ်။(မဿဲ၂၆း၃၉) လောကအပြစ်ရဲ့ အလေးသည် သူ့အပေါ် ဖိစီးကျရောက်လာတဲ့အခါ စာတန်က “ကပ်တိုင်ကို ဘာကြောင့်သွားရမှာလဲ၊ ကောင်းကင်ကို ဘာ ကြောင့် မပြန်တာလဲ၊ ယုဒက သင့်ကိုအပ်နှံလိမ့်မယ်။ ပေတရုက သင့်ကို ငြင်းဆန်လိမ့်မယ်။ သင့်တပည့်တွေဟာလဲ သင့်ကို စွန့်ပယ်ထွက်ပြေး ကြမယ်။ သင်ကယ်တင်မဲ့အပြစ်သားတွေဟာ သင့်ကို ကျိန်ဆဲလိမ့်မယ်။ ဘာကြောင့် ကရာနီကိုသွားမှာလဲ။ ကောင်းကင်ရဲ့တန်ခိုးတော်သို့ပြန်ပါ။” သို့သော် ချစ်ခြင်း က နားထောင်ရန်ငြင်းဆန်ခဲ့တယ်။

ချစ်ခြင်း၏ညှဉ်းပန်းနှိပ်စက်မှု

ဦးခေါင်းခွံအရပ်ဟုခေါ်သော ဂေါလဂေါသနေရာကို ရောက်တဲ့ အခါ နှလုံးသားကင်းမဲ့တဲ့ စစ်သားတွေဟာ ခရစ်တော်ကို ကပ်တိုင်မှာ သံနှင့်ရိုက်ခတ်ပြီး မြေကြီးတွင်းထဲကို စိုက်ထည့်လိုက်တယ်။ သူခေါင်း ပေါ်မှာ ဆူးသရဖူကို ဆောင်းပေးထားလျက်ရှိတယ်။ သူ၏ကျောပြင်မှာ လည်း ရက်စက်တဲ့ကြာပွတ်ရိုက်ချက်ဒဏ်ကြောင့် သွေးများယိုစီးလျက်ရှိ တယ်။ သူ့ရဲ့ လက်နဲ့ခြေထောက်တွေကို သံချေးတက်လျက်ရှိတဲ့သံတွေနဲ့ ရိုက်ဖေါက်ခြင်း ခံခဲ့ရတယ်။ ချစ်ခြင်း၏ နှိပ်စက်ညှဉ်းပန်းမှုကို ကပ်တိုင် ပေါ်မှာ ခရစ်တော်ခံစားနေရတယ်။

သို့သော် ကိုယ်ခန္ဓာနာကျင်မှုက ခရစ်တော်ကိုနှောင့်ယှက်နေတာ မဟုတ်ပါ။ ထိုနာကျင်မှုကို ခံစားရတဲ့အချိန်မှာ ပိုပြီးနာကြည်းစေတဲ့အရာ က စိတ်ဝိညာဉ်ရဲ့ နာကျင်မှုပဲဖြစ်တယ်။ ယုဒသည် သူရဲ့အလွန်ဆိုးရွားတဲ့ ရာဇဝတ်မှုအပြစ်ကိုသိတဲ့အခါ အလွန့်အလွန်ကြောက်ရွံ့စေမှုဖြစ်စေခဲ့ပြီး မိမိရဲ့အသက်ကိုသေကြောင်းကြံရန် ဖြစ်စေခဲ့တယ်။ ဒါကတော့ လူတစ် ယောက်ရဲ့ဆိုးရွားသောအပြစ်တစ်ခုသာဖြစ်တယ်။ သခင်ယေရှုကပ်တိုင် ပေါ်၌ရှိစဉ် နှစ်ရာပေါင်းများစွာအချိန်က လောကနိုင်ငံအရပ်ရပ်မှာရှိတဲ့ ယောက်ျား၊ မိန်းမ၊ ကလေးများအားလုံးရဲ့ စိုးရွံ့ဖွယ်ကောင်းတဲ့အပြစ်တွေ ကို ခံယူသယ်ဆောင်နေရတယ်။ ထိုသို့သောအလွန်ဆိုးရွားတဲ့အပြစ်၏အ ခကို ဘယ်လိုမှဖေါ်ပြလို့ရမှာမဟုတ်သလို နားလည်နိုင်မှာလည်းမဟုတ် ပါ။ အသတ်ခံရတဲ့လူများနဲ့ လူသတ်သမားတို့ရဲ့အော်သံများက ကပ်တိုင် ပေါ်ရှိခရစ်တော်ကို အမြောက်ဗုံးများလို ပစ်ခတ်တိုက်ခိုက်လေတော့ တယ်။ ကာလအဆက်ဆက်ကစစ်ပွဲများမှ သေလုနီးရှိတဲ့ အပြစ်သားများ ရဲ့အော်သံများ၊ သူတို့ကို သေအောင်ညှဉ်းပန်းသူတို့ရဲ့အပြစ်များဟာ ခရစ် တော်၏စိတ်ကို ပင်ပန်းနွမ်းလျအောင် ဖြစ်စေခဲ့တယ်။ ပြိုပျက်ခဲ့သော အိမ်ထောင်များမှ စိတ်ဆိုးနေတဲ့ကလေးများ၊ ရက်စက်တဲ့မိဘများ၊ နှလုံး သားကင်းမဲ့တဲ့အပြစ်ရှိခင်ပွန်းများ၊ ဆဲဆိုနေသည့်ဇနီးသည်များ သူတို့ အားလုံးရဲ့ငိုကြွေးသံတွေဟာ သခင်ယေရှု၏ စိတ်ကို ပြင်းထန်စွာနာကျင် စေခဲ့တယ်။ သူတစ်ပါး၏ ယောက်ျား၊ မိန်းမကိုပြစ်မှားသူတို့ရဲ့ စိုးရိမ် ကြောင့်ကြမှု၊ လိမ်ညာသူများရဲ့ပြင်းထန်စွာခံစားမှု၊ ခိုးသားတို့ရဲ့စိတ်မလုံ တစ္ဆေခြောက်သကဲ့သို့ ခံစားချက်တွေအားလုံး၊ ယေရှု၏ သတိမချွတ်စိတ် ကို ရိုက်ပုတ်ပစ်ခတ်တော့တယ်။ အပြစ်သည် သူ့ရဲ့စိတ်နှလုံးကို ခွဲလိုက် တယ်။

ထိုနောက် ထူးဆန်းဖွယ်ကောင်းဆုံးသောအရာ ဖြစ်ပေါ်ခဲ့တယ်။ လူများ အားလုံးရဲ့အပြစ်သည် ကျွန်ုပ်ကယ်တင်ရှင်ကို သူ၏ခမည်းတော် နဲ့အဆက်ဖြတ်လိုက်တယ်။ အလျင်ကတစ်ခါမှ မခံစားခဲ့ရတဲ့ စိုးရွံ့ထိတ် လန့်ခြင်းကို ခံစားခဲ့ရတယ်။ ခမည်းတော်မှ တဖြည်းဖြည်းပျောက်သွား သလို သူခံစားရတယ်။ ခမည်းတော်ထံရောက်အောင် ကြိုးစားအားထုတ် သော်လည်း အလဟဿပဲ။ နောက်ဆုံးပင်ပန်းခြင်းများစွာနဲ့ “အကျွန်ုပ် ဘုရားသခင်၊ အကျွန်ုပ်ဘုရားသခင်၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ် တော်မူသနည်း” ဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏” ဟုဆို၏။ (မဿဲ ၂၇း၄၆)။ ခမည်းတော်သည် ကပ်တိုင်နားမှာ လောကသားတို့ရဲ့ ဝေဒနာကို ခံစားနေရတဲ့သားတော်ရဲ့ ဘေးမှာရှိနေတယ်။ သို့သော် သူ့ ကိုယ်ကိုထင်ပြနိုင်ခြင်းမရှိပါ။ “ဘုရားသခင်သည် ခရစ်တော်ထဲ၌ ရှိနေ လျက် လောကသားများ၏ အပြစ်ကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေတော်မူ၏” (၂ကော ၅း၁၉)။

ကျယ်လောင်စွာမိုးခြိမ်းတယ်။ လျှပ်စစ်လက်တယ်။ မှောင်မိုက် ဟာ မြေကြီးကို လွှမ်းခြုံတယ်။ စာတန်က “သင်ဆက်သွားအုံးမှာလား” အကယ်၍ သင်္ချိုင်းကိုသွားမယ်ဆို ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး” လို့ခြိမ်းခြောက်တယ်။ သို့သော် ယေရှုသည် ပျောက်ဆုံးနေတဲ့လူသားများ ၏အိမ်ထောင်စုကို တွေ့မြင်တဲ့အခါ သူ့ရဲ့ စိတ်ကိုဆုံးဖြတ်လိုက်တယ်။ ကရာနီကုန်းကို ဆက်သွားမယ်။ ချစ်ခြင်းမေတ္တာအတွက် သူအသေသတ် ခြင်းကိုခံယူခဲ့တယ်။

အလဲအလှယ်ပြုလုပ်ခြင်း

သခင်ယေရှုအဘယ်ကြောင့် ကပ်တိုင်ကိုသွားရသလဲ။ ချစ်ခြင်း ကြောင့်ပင်။ ခင်ဗျားနဲ့ကျွန်တော်အတွက် ချစ်ခြင်းကြောင့်ပဲ။ ကျွန်ုပ်တို့က ညှဉ်းပန်းခြင်းကိုခံပြီး သေသင့်တယ်။ ဘာကြောင့်လဲဆိုတော့ “အပြစ်ရဲ့ အခကသေခြင်း” ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ (ရောမ ၆း၂၃)။ အဲဒါက ထာဝရသေခြင်း၊ သင်္ချိုင်းကိုကျော်လွန်ပြီး မျှော်လင့်ချက်မရှိဘူး။ သို့သော် “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင် သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏။” (ယော ၃း၁၆)။

နားမလည်နိုင်သောအတွေးမှာ ခရစ်တော်သည် ကျွန်တော်တို့နဲ့ နေရာခြင်း လဲလှယ်ခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့က သူ့ရဲ့ထာဝရ အသက်မှာ ဝမ်းမြောက်ဖို့အတွက် သူဟာ ကျွန်တော်တို့ရဲ့ ထာဝရသေ ခြင်းကို ခံယူခဲ့တယ်။ “ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင် စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ကျ၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။' ကိုယ့်အဆွေ တို့အဖို့အလို့ငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သော မေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယော ၁၅း၁၃)။ ဒါဟာ၊ သမိုင်းမှာ အချိုသာဆုံးသောအချစ်မေတ္တာပုံပြင်ဖြစ်တယ်။

၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှာ သူ့ရဲ့ဖခင် George ကွယ်လွန်သွားတဲ့အတွက် Edward 8 က အင်္ဂလန်နိုင်ငံ၊ နန်းမွေဆက်ခံဖို့ ဘိသိက်ခံယူရန်ဖြစ်တယ်။ ဒါပေမယ့်၊ ဘုရင်မင်းမြတ်ကWallis Worfield Simpon ဆိုသူနဲ့ ချစ်ကျွမ်းဝင်တာကို ဗြိတိသျှအစိုးရက သဘောမတူဘဲ ဆန့်ကျင်ဘက်ပြုတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ တော်ဝင်သွေး မပါဘဲ သာမန်မျိုးရိုးမှ ဆင်းသက်ခဲ့တဲ့အတွက်ဖြစ်တယ်။ ဒါ့အပြင် သူမက(၂) ကြိမ် အိမ်ထောင်ကျပြီး အိမ်ထောင်ပျက်ခဲ့သူလည်းဖြစ်တယ်။ သူမဟာ ဘုရင်မြတ်ရဲ့ အချစ်နဲ့မထိုက်တန်ဘူးလို့ သူတို့က ယူဆတယ်။ သို့သော်လည်း ဘုရင်ကြီးကဒီသာမန်မျိုးရိုးသူကိုပဲစွဲလမ်းပြီး သူမအတွက် ဘာကိုပဲ စွန့်လွှတ်ရပါစေ။ စွန့်လွှတ်မယ်။ သူ့အတွက်ဆိုဘယ်အရာမဆို လုပ်မယ်လို့ ဆုံးဖြတ်တယ်။ ဒီလိုနဲ့ဒီဇင်ဘာ (၁၁) ရက်နေ့၊ နန်းသက် (၁) နှစ်မပြည့်မီ ဘုရင်ဟာ နိုင်ငံတော်အာဏာနဲ့ ထီးနန်းရဲ့ဘုန်းကိုစွန့်ပြီး အဲဒီအမျိုးသမီးနဲ့ လဲလှယ်လိုက်တယ်။

Edward သည် အင်္ဂလန်နိုင်ငံရဲ့ထီးနန်းကိုစွန့်လွှတ်ပြီး Wallis Simpson ကို “ငါမင်းကိုချစ်တယ်” လို့ပြောလိုက်တဲ့အတွက် နာမည်ကြီး တဲ့ ချစ်သူတစ်ယောက်ဖြစ်လာတယ်။ ထိုနည်းတူ၊ သခင်ယေရှုလည်း ကောင်းကင်ထီးနန်းကိုစွန့်ပြီး မထိုက်တန်၊ သူ့ကိုမချစ်တဲ့ယောက်ျား၊ မိန်းမများကို “ငါမင်းတို့ကိုချစ်တယ်” လို့ ပြောခြင်းဖြင့် သူဟာ နာမည် ကျော်စောဆုံးလောကရဲ့ ချစ်သူဖြစ်ခဲ့တယ်။ ယုံနိုင်ဖွယ်မရှိတဲ့ အချစ်ပုံ ပြင်ပါတကား။

အဖြေ

လောကတစ်ဝန်းရှိ လူတို့ကိုကပ်တိုင်ရဲ့ ပုံပြင်က ညှို့ယူဖမ်းစားခဲ့ တယ်။ အလွှာအသီးသီးက ယောက်ျား၊ မိန်းမ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ၊ စာတတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ အားလုံးဟာ ဒီအချစ်ပုံပြင်ကို နားထောင်ပြီး “အို၊ ငါယေရှုကိုဘယ်လောက်ချစ်သလဲ” ဆိုပြီး ကြွေးကြော်မှာဖြစ်တယ်။

အဓိကမေးခွန်းက “ဒါဟာစစ်မှန်တဲ့ အချစ်လား” ဆိုတာပဲ။ ပေတရုလို ကျွန်တော်တို့လည်း ခရစ်တော်ရဲ့ ထက်မြက်စူးရှတဲ့ အသံကို ကြားရန် လိုအပ်တယ်။

“ယေရှုက၊ ယောန၏သားရှိမုန် ဤသူတို့သည် ငါ့ကိုချစ်သည် ထက် သာ၍ငါ့ကိုချစ်သလော” လို့မေးတော့-

“ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ် တော်သိတော်မူ၏” လို့ ပြန်လျှောက်ခဲ့တယ်။

“တစ်ဖန်၊ ယေရှုက ယောန၏သားရှိမုန် သင်သည် ငါ့ကိုချစ် သ လောဟု ဒုတိယအကြိမ်မေးပြန်တယ်။

“ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ် တော် သိတော်မူ၏” လို့ပြန်ဖြေတယ်။

“တစ်ဖန် ယေရှုက ယောန၏သားရှိမုန် သင်သည်ငါ့ကို ချစ်သ လောလို့ တတိယအကြိမ်မေးပြန်တယ်။

“ငါ့ကိုချစ်လား” လို့ (၃) ကြိမ်တိုင်ယေရှုက ပေတရုကိုမေးတဲ့ အတွက် သူ “စိတ်နာ” ခဲ့တဲ့အတွက်

“ပေတရုသည် စိတ်နာသဖြင့် သခင်၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို သိတော်မူ၏။ (ယော ၂၁း၁၅-၁၇)။ ဟု ပြန်ပြောလိုက်

တယ်။

သင်သည် ယေရှုကို အမှန်တကယ်ချစ်သလား။ သင့်အချစ်ဟာ စစ်မှန်တဲ့အချစ်လား (သို့မဟုတ်) အတုအယောင်လား။ အစစ်နဲ့အတုခွဲ ခြားတာကို ဘယ်လိုပြောမလဲ။ အဖြေက ရိုးရိုးလေးပါ။ သို့သော် အလွန် နက်ရှိုင်းတယ်။ ခရစ်တော်က ကျွန်တော့်ကို ချစ်တာ စစ်မှန်တဲ့အချစ်ဖြစ် လို့ သူ့အသက်ကိုကျွန်တော်အတွက်ပေးခဲ့တယ်။ သူ့ကိုကျွန်တော်ချစ်တဲ့ အချစ်ဟာ စစ်မှန်တဲ့အချစ်ဖြစ်ရင် သူ့ကိုကျွန်တော့်ရဲ့ အသက်ပေးမယ်။

ယနေ့၊ ကျွန်တော်တို့ဟာ ကရာနီကို အသစ်တစ်ဖန်သမိုင်းရဲ့အကြီးဆုံး သောအချစ်ပုံပြင်ဟု စဉ်းစားကြည့်ကာ ရိုးဖြောင့်တဲ့စိတ်နဲ့ ခေါင်းငုတ်ပြီး “သခင်ဘုရား၊ ကျွန်တော်အတွက် အသက်ကိုပေးခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်လည်း သင့်ကိုချစ်တဲ့အတွက် ကျွန်တော့်အသက် ကို အခုသင့်အားပေးမယ်။



No comments:

Post a Comment