Thursday, January 22, 2026

အခန်း (၂၄) စည်းကမ်း၏ လျှို့ဝှက်ချက်


ယနေ့မိဘများအနေဖြင့် ကိုင်တွယ်ရန် စိတ်ထိခိုက်လွယ်ဆုံး သော နယ်ပယ်သည် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်၏။ မျက် မှောက်ခေတ် ရောင်စုံဒဿနိကဗေဒတွေးခေါ်မှုများရှိသော်လည်း သမ္မာ ကျမ်းစာတော်မြတ်၏လမ်းညွှန်မှုကား၊ မိဘများသည် မိမိ၏ကလေးများ အား စည်းကမ်းထိန်းသိမ်းရန် အဖဘုရားသခင်အလိုရှိခြင်းပင် ဖြစ်၏။ မိဘများသည် ကြိမ်လုံးကို အသုံးပြုရန် ကြိမ်ဖန်များစွာအကြံပေးခဲ့သည်။ သာဓကဖြင့် ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက် ၏။ “သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” (သု ၁၃:၂၄)။ ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုး ပွားတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကိုအရှက်ခွဲတတ် ၏။” (သု ၂၉း၁၅)။

မှတ်ရန်အရေးကြီးသည့်အချက်မှာ ကျမ်းအသုံးအနှုန်းဖြင့် ခေါ် သော “ကြိမ်လုံး” သည် လက်တွေ့သိရှိရန် အသုံးပြုသည့် “ကြိမ်လုံး” အမြဲမဟုတ်ပါ။ ဝိညာဉ်ရေးကြိမ်လုံးသည် စည်းကမ်းကိုပုံဆောင်သည်။ ကြိမ်လုံးအမျိုးမျိုးရှိသကဲ့သို့ စည်းကမ်းလည်း ပုံစံအမျိုးမျိုးရှိ၏။ အခြေ အနေအမျိုးမျိုးနှင့် စိတ်နေစိတ်ထားအမျိုးမျိုးရှိသော ကလေးများသည် ကြိမ်လုံးအမျိုးမျိုးလိုအပ်မည်ဖြစ်၏။

စည်းကမ်းအမျိုးအစား (၄) မျိုး

ဝိုင်းပယ်ထားခြင်း

Jack သည် နိုင်ထက်စီးနင်းပြုတတ်သူတစ်ဦးဖြစ်၏။ သူအပြင် ထွက်ကစားတိုင်း ရန်ပွဲနှင့်အဆုံးသတ်ခဲ့ရ၏။ မိဘများနှင့်တစ်ဖန်ပြန်ပြီး စကားမများရန် ဝိုင်းပယ်သည့်အစီအမံကို အသုံးပြုလျှင် ကောင်းမည်ဖြစ် ၏။ နောက်လာမည့်ကစားချိန်တွင်မူ သူ့အား ၎င်း၏အခန်းနံရံ (၄) ခု ထဲတွင် (၃)-(၄) ရက်ခန့်ပိတ်ထားကာ မိမိကိုယ်ကိုပြန်လည်အကဲဖြတ်ပြီး မှန်သည့် ဆုံးဖြတ်ချက်ကိုချနိုင်ရန်ဖြစ်၏။

ကောင်းကင်ဘုံရှင်ကျွန်ုပ်တို့၏ဖခမည်းတော်သည် အနိုင်ကျင့်သူ ရှင်ပေါလုအပေါ် ဤနည်းကို ကျင့်သုံးခဲ့သည်။ သူသည် ငယ်ရွယ်နုနယ် သည့် ရှေးဦးခရစ်ယာန်များအား နှိပ်စက်ညှဉ်းပန်းကာ အကြီးအကျယ် ပျက်စီးခြင်းများ ဖန်တီးပြုလုပ်နေစဉ် ဒမာသက် (Damacus) လမ်းပေါ်၌ ခရစ်တော်သည် သူနှင့်တွေ့ဆုံပြီး ယုဒအိမ်တွင် ကြင်နာယုစွာဖြင့် (၃) ရက်သီးခြား ပိတ်ထားလိုက်သည်။ လောကနှင့်အဆက်ဖြတ်ပြီး အမှောင် မျက်ကန်းဘဝဖြင့် (၃) ရက်ရှိနေစဉ် မိမိကိုယ်ကို လေးနက်စွာပြန်လည် ဆန်းစစ်ရသော အချိန်ရခဲ့သည်။ အစာရှောင်ဆုတောင်းလျက် ဘုရားသ ခင်၏ သည်းခံခွင့်လွှတ်သည် လက်တော်ဖြင့် တို့ထိခြင်းကိုခံရ၍ အမှား များမှ နောင်တရကာ အပြစ်မှ ခွင့်လွှတ်ခြင်းကိုခံရလေ၏။ ထိုနောက်သူ သည် အသစ်သောစိတ်သဘောထားကို တွေ့ကြုံခံစားရပြီး အသက်တာ အသစ်ဖြင့် အပ်နှံခြင်းကိုပြုလေတော့သည်။ (တမန် ၉း၁-၁၀)။



အခွင့်အရေးများပိတ်ပင်တားဆီးခြင်း

ဤနေရာတွင် ကလေး (သို့မဟုတ်) လူငယ်တန်ဖိုးထားနှစ်သက် သည့်အရာကို မိဘများက ပိတ်ပင်တားဆီးခြင်းဖြစ်သည်။ Janieဆိုသည့် မိန်းကလေးငယ်သည် မိမိ၏ရောင်စုံခဲတံဖြင့် စာအုပ်တွင် ရေးခြယ်မည့် အစား အိမ်နံရံပေါ်ရေးဆွဲမှုများပြုလုပ်ပါက ၎င်း၏ရောင်စုံခဲတံများကို (၂-၃) ရက် ခန့်သိမ်းဆည်းထားလျှင် သင်ခန်းစာရနိုင်မည်ဖြစ်၏။ John သည် တီဗွီ ဇာတ်လမ်းများကို ကြိုက်နှစ်သက်ခြင်းဖြစ်ရာ ၎င်း၏ တီဗွီ ကြည့်ရှုခွင့်ကို (၃) ရက်ခန့် ပိတ်ပင်လိုက်သော် အခြားဘယ်အရာမှ မတတ်နိုင်သည်များကို ပြုလုပ်နိုင်မည်ဖြစ်၏။

ဘုရားသခင်သည် သူ၏စကားကို နားမထောင်သောမောရှေ အပေါ် ဤနည်းကိုအသုံးပြုသည်။ မောရှေ၏အလိုလားဆုံးသော ဆန္ဒမှာ ကတိတော်ရှိသည့်နိုင်ငံတော်သို့ ဝင်ရန်ဖြစ်၏။ သို့သော် သူသည် ၎င်း၏ မိဘဖြစ်သည့် ဘုရားသခင်၏ စကားကို နားထောင်ခြင်းမပြု၊ ဂုဏ်သိက္ခာ ကျဆင်းအောင်ပြုလုပ်သည့်အတွက် ခါနာန်ပြည်ထဲသို့ဝင်ရန် ငြင်းဆန် ခြင်းအပြစ်ဒဏ်ကို ကျခံခဲ့ရသည်။ မောရှေသည် ၎င်းပြစ်ဒဏ်ချမှတ်ချက် ကို ပြန်လည်ပြင်ဆင်ရန် တောင်းပန်သောအခါ ဘုရားသခင်သည် ချစ်နှစ် သက်စွာဖြင့် “တန်တော့၊ ဤအမှုနှင့်ဆိုင်သောစကားကို နောက်တစ်ဖန် မလျှောက်နှင့်” ဟု ခိုင်မြဲစွာ ပြန်ပြောလေ၏။ (တရား ၃း၂၆)။



အကျိုးဆက်ကိုခံစားခြင်း

ဤနည်းဖြင့် မိဘများသည် ၎င်း၏ ကလေးများအပြုအမူများကို ဝင်ရောက်တားဆီးခြင်းမပြုဘဲ ၎င်းတို့ပြုလုပ်သော အကျိုးဆက်ကို ခံစား စေရန်ဖြစ်၏။

Bob ဆိုသည့် လူငယ်သည် အမြဲတန်း နောက်ကျတတ်သည်။ နေ့တိုင်း ကျောင်းကားကို အချိန်မီအောင် အမြဲတွန်းအားပေးရသည်။ ယနေ့သူအား ဤသို့ပြော၏။ “သားရေ၊ မနက်ဖြန်ငါမင်းကို ဆူဆူပူပူ မလုပ်တော့ဘူး။ မင်းကျောင်းကားကို အမီလိုက်နိုင်ဖို့ ပြင်ဆင်တာ မင်း တာဝန်ပဲ ကျောင်းကား မမီရင်တော့ မင်းတာဝန်ပဲ မင်းအကျိုးဆက်ကို ခံရမယ်” မျှော်မှန်းထားသည့် အတိုင်းပင် သူသည် နောက်နေ့၌လည်း စိတ်သဘောပြောင်းလဲခြင်းမရှိ၊ သို့သော် မိခင်သည် ဘာမျှမပြောဘဲ နေ၏။ ထိုနောက် Bob သည် ကျောင်းကားမမီဘဲ နောက်ကျကျန်ခဲ့၏။ ထိုနေ့၌သူသည် သင်္ချာဖြေရန်စာမေးပွဲ ရှိကြောင်း၊ ၎င်းအားကျောင်းသို့ ပို့ပေးရန် မိခင်အား တောင်းပန်ပူဆာတော့သည်။ ၎င်း၏အပြစ်ကိုခံရန် ကျိုးကြောင်းဆီလျော်သော “ကြိမ်လုံး” မှာ သူ၏ တောင်းဆိုမှုကို ချစ်ခင် နှစ်သက်စွာဖြင့် ငြင်းဆန်ရန်ဖြစ်၏။ သူသည် ယနေ့သင်ခန်းစာကိုရလျှင် နောက်နေ့တွင် သူ၏စိတ်သဘောထားပြောင်းလာမည်သာဖြစ်၏။

ကောင်းကင်ရှိဖခမည်းတော်သည် ဒါဝိဒ်မင်းကြီးအား ဤနည်း ဖြင့် အသုံးပြုခဲ့သည်။ ဘုရင်သည် ကြောက်မက်ဖွယ်ကောင်းလှသော ပြစ်မှားမှုနှင့်လူသတ်မှုကြီးကို ကျူးလွန်ပြီးနောက် နောင်တတရားရရှိ ကာ အပြစ်လွှတ်ခြင်းကိုလည်း ရရှိသည်။ (ဆာလံ ၅၁း၃၂)။ သို့သော် အပြစ်၏ သဘာဝအကျိုးဆက်များကား နောင်တွင် လိုက်လာသည်။ သူ၏သားများသည် ရိုသေ သမှုနှင့်ချုပ်တည်းခြင်းများကို စွန့်ပယ်ခဲ့သည်။ အာမနုန်သည် တာမာကို မတရားပြုကျင့်၏။ အဗရှလုံသည် အာမနုန် ကိုလုပ်ကြံရာ၌ အဓိကဇာတ်ကောင်ဖြစ်၏။ သူ၏ဖခင်ကြီး၏ငြင်းပယ်မှု တို့ကို အလွန်ခံပြင်းသဖြင့် အဗရှလုံသည် သူ၏ဖခင်အား ထကြွပုန်ကန် လေတော့သည်။ ရှင်ဘုရင်သည် ထွက်ပြေးတိမ်းရှောင်စဉ် ပုန်ကန်ထကြွ သောသားတော်သည် “ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ခမည်း တော်၏ကိုယ်လုပ်တော်တို့ရှိရာသို့ဝင်လေ၏” ထိုနောက်သူသည် တိုက်ပွဲ ၌ကျဆုံးသွားလေတော့၏။ (၂ရာ ၁၁- ၁၈)။ ဘုရားသခင်သည် ဒါဝိဒ်၏ အပြစ်ကို ဖြေလွှတ်သော်လည်း ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အပြစ်၏အကျိုးဆက်များကိုမူ အဘယ်သို့သော နိမိတ်လက္ခဏာမျိုးနှင့်မျှ တားဆီးခြင်းမပြု၊ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သို့ငြားသော်လည်း ကောင်းကင်ရှိ၎င်း၏ဖခင်မှာ သူ့အား ချစ်၏၊ ကာကွယ်၏၊ စောင်မ ထောက်ပံ့၏၊ နောက်ဆုံး၌ ထီးနန်းကိုပင် ပြန်လည်ပေးအပ်ခဲ့လေသည်။



ခန္ဓာကိုယ်ကိုရိုက်နှက်ပြစ်ဒဏ်ပေးခြင်း

မိဘများသည် ဤဆုံးမနည်းကို ပထမဦးစွာအသုံးပြုတတ်ကြ သည်။ ဤသို့ဖြစ်မည့်အစား နောက်ဆုံး၌သာအသုံးပြုသင့်သည်။ ဤ ဆုံးမနည်းကို ကလေးငယ်များအတွက်သာ ခြိုးခြံစွာဖြင့် အသုံးပြုသင့် သည်။ ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းကို ကလေး၏သိက္ခာကို စောင့်ထိန်း သောအားဖြင့် နှစ်ကိုယ်ကြား သီးသန့်ပြုလုပ်သင့်သည်။

ရိုက်နှက်ခြင်းဖြင့် ပြစ်ဒဏ်ပေးရာ၌ မိဘများသည် လက်သင့်ရာ လက်နက်ကို အသုံးပြုတတ်သဖြင့် ကလေး၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဖြစ်ပေါ်စေတတ်သည်။ ရိုက်နှက်အပြစ်ဒဏ်ပေးခြင်းအမှုကို သင့်လျော် သော ပစ္စည်းများကို အသုံးပြုသင့်သည်။ ၎င်းအပြင် သင့်လျော်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ်၌သာ ကျင့်သုံးသင့်သည်။ မိဘသည် ထိုပြစ်ဒဏ်ကို ပေးသည့်အခါ တည်ငြိမ်မှုနှင့်ချုပ်တည်းမှုရှိရမည်။ စိတ်ချ ရသောစည်းမျဉ်းကား “စိတ်ဆိုးပြီး ဒေါသအမျက်ထွက်နေသော် စောင့် ဆိုင်းပါ။”

ဤ “ကြိမ်” လုံးသည် အခြားသော ကြိမ်လုံးများနည်းတူ မေတ္တာ ဖြင့်အသုံးပြုရမည်ဖြစ်၏။ ဓမ္မဟောင်းကျမ်းရေးပုဂ္ဂိုလ် ဤသို့ဆိုသည်။ “လှံတံတော်နှင့် တောင်ဝှေးတို့သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။” (ဆာလံ ၂၃း၄)၊ ဓမ္မသစ်ကျမ်းသည်လည်း ဤသို့အတည်ပြုပြောဆိုသည်။ “ထာဝရဘုရားသခင်သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏” (ဟေဗြဲ ၁၂း၆)။ မျက်မှောက်ခေတ် စာပေပညာရှင်တစ်ဦးက ဤသို့ အကြံပေးသည်။ “သင်၏အသိစိတ်မရှင်းဘဲ ဆုံးမရန်လက်ကို မမြှောက်နှင့်၊ သင့်ဆုံးမမှု အပေါ် ကောင်းချီးချပေးရန် ဘုရားသခင်ထံဦးညွှတ်တောင်းခံခြင်းမပြုဘဲ လက်ကိုမမြှောက်နှင့်၊ သင်၏ ကလေးစိတ်တွင် မေတ္တာကိန်းအောင်းရန် အားပေးပါ။”

Terry ဆိုသည့် သူငယ်သည် အလွန်အတင့်ရဲပြီး နားကောက် သည်၊ ဆုံးမရန်နည်းလမ်းကုန်ဆုံးသည့်အခါ ဖခင်ဖြစ်သူသည် သီးခြား အခန်းတွင်းသို့ခေါ်ဆောင်သွားပြီး “ကြိမ်” စာကျွေးရန် ဆုံးဖြတ်လိုက် သည်။ စည်းကမ်းချိုးဖေါက်ခြင်းကြောင့် ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဖခင်ကရှင်းပြပြီး သင့်လျော်စွာဖြင့် ရိုက်ဆုံးမလိုက်သည်။ Terry အငို တိတ်သည့်အခါ ဖခင်ဖြစ်သူသည် သားကိုဖက်ယမ်းပြီး သူ့အားဤကဲ့သို့ ဆုံးမရသည်မှာ ကိုယ်တိုင်နာကျင်မှုခံရကြောင်း၊ သူ့အားချစ်ကြောင်းနှင့် အတူတကွဒူးထောက်ကာ အနာဂတ်ကာလတွင် ဘုရားသခင်လမ်းပြရန် တောင်းခံ၏။ ထိုသို့သော မိဘသည် ကလေးအား ဤသို့ပြောရာသက် ရောက်၏။ “မင်းကိုဆုံးမရသော်လည်း ငါမင်းကိုချစ်တုံးပါပဲ။”

အလွန်အတင့်ရဲပြီး ဆိုးသွမ်းသော ယုဒဘုရင်မနာရှေအပေါ် ဘုရားသခင်သည် ဤသို့သောအပြစ်ဒဏ်ခတ်မှုကို ပြုတော်မူ၏။ ဤဆိုး သွမ်းသော ဘုရင်ငယ်သည် ဘုရားသခင်၏လူတို့အား ရုပ်ပုံကိုးကွယ်ခြင်း၊ မိမိ သားတို့ကိုမီးပူဇော်ခြင်း၊ ကာလဗေဒင်ကိုကြည့်တတ်ခြင်း၊ ပြုစား သောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်ခြင်း၊ စုန်းနှင့်နတ်ဝင်တို့ကို အခွင့်ပေးခြင်း စသည့်မကောင်းမှုကို အခြားသောသူများထက် “သာ၍ဆိုး သောအမှုကိုပြုစေ၏” (၆ရာ ၃၃း၉)။ ထိုကြောင့် သူ့အားဘုရားသခင် ဆုံးမတော်မူ၏။ အာရှုရိဘုရင်သည် စစ်ချီ၍ မနာရှေကို ဆူးတော၌ဖမ်းမိ ကာ သံကြိုးနှင့်ချည်နှောင်ပြီး ဗာဗုလုန်မြို့သို့ ခေါ်ဆောင်သွားလေ၏။ သို့သော် သူသည် ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးခံစားရသော် နောင်တရပြီး ဘုရားသခင်အား တောင်းပန်သောအခါ ချစ်ဖွယ်ကောင်းလှသော ဘုရား သခင်သည် ဆုတောင်းစကားကို နားထောင်၍ သူအုပ်စိုးသည့် ယေရှုရှ လင်မြို့သို့ တစ်ဖန်ပို့ဆောင်နန်းပြုစေတော်မူခဲ့သည်။ (ငယ် ၁- ၂၀)။



ကောင်းကင်ရှိမိဘများ

လောကရှိအိမ်ထောင်တွင် ကလေးတိုင်းသည် စည်းကမ်းကို ခြားနားစွာတုံ့ပြန်ကြသည်။ အချို့မှာအပြုသဘောဆောင်သည့် ကောင်း သောတုံ့ပြန်မှုကြောင့် မိဘများအတွက်သာမက လောကပါ ကောင်းချီး မင်္ဂလာရရှိပြီး အချို့မှာမူ အနုတ်သဘောဆောင်သည့်တုံ့ပြန်မှုကြောင့် မိမိ၏ အိမ်ထောင်စုအပေါ် အရှက်တကွဲဖြစ်ရသည်သာမက လူ့အဖွဲ့ အစည်းကိုပါ ကျိန်ခြင်းမင်္ဂလာကို ရရှိစေခဲ့သည်။ ကောင်းကင်၌ရှိသော မိဘဘုရားသခင်သည်လည်း ဤသို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပါ သည်။ သူ၏သားသမီးများဖြစ်သည့် ကျွန်ုပ်တို့တစ်ဦးချင်း၏ လိုအပ်ချက် များနှင့်အညီ ချစ်ခင်ယုယစွာဖြင့် သွန်သင်ခြင်း၊ လမ်းညွှန်ခြင်း၊ ပြုပြင် ခြင်း၊ သည်းခံခြင်းတို့ဖြင့် လုပ်ဆောင်ပေးလျက်ရှိပါသည်။ အပြုသဘော ဆောင်သည့်တုံ့ပြန်မှုဖြင့် ဘုရားသခင်၏ စရိုက်နှင့်တူသည့်အတိုင်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခွင့်ပေးသောသူသည် ကောင်းကင်၏ ဝမ်း မြောက်ခြင်းများစွာဖြင့် ချီးမြှင့်ခြင်းကို ခံရမည်ဖြစ်၏။ အပျက်သဘော ဆောင်သည့်တုံ့ပြန်မှုဖြင့် စာတန်၏ စရိုက်နှင့်တူသောဖွံ့ဖြိုးမှုကို ပြုသော သူသည် ငရဲ၏မီးလျှံထဲ၌ ပြစ်ဒဏ်ကိုခံရမည်ဖြစ်၏။ ခရစ်တော်ပြော သည်မှာ “ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်းဆပ်ပေး မည်။ (ဗျာ ၂၂း၁၂)။

ကိုယ်တော်မကြွလာမီ အမှုတိုင်းကို စစ်ဆေးဆုံးဖြတ်ချက်ချမှတ် ပေးပြီးဖြစ်၏။ ဘုရားသခင်၏ မိန့်မှာမှုများနှင့် တောင်းပန်မှုများ၏ တုံ့ပြန် မှုတို့ကို ကောင်းကင်ရှိမိဘများသည် စစ်ဆေးပြီးလျှင် အမိန့်ဒီဂရီကို ဤသို့ချမှတ်၏။ “မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ဖြောင့် မတ်သော သူသည် ဖြောင့်မတ်စေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်း စေဦး” (ငယ် ၁၁)။



ကောင်းကင်၌မြင်ကွင်း

သခင်ယေရှုကောင်းကင်မှ ကြွဆင်းလာသည့်အခါ သေလွန်သော ဘုရားသခင်၏သားသမီးတိုင်း အာဗေလမှ နောက်ဆုံးသန့်ရှင်းသူအထိ ရှင်ပြန်ထမြောက်လာမည်ဖြစ်၏။ (၁သက် ၄း၁၆)။ အသက်ရှင်လျက်ရှိ သော ဘုရားသခင်၏ သားသမီးများသည်လည်း “ခဏချင်းတွင် မျက်စိ တစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (၁ကော ၁၅း၅၂)။ တစ်ဆက်တည်းမှာပင် စာတန်၏ ကလေးများသည် ဘုရားသခင်၏ ဘုန်းတော်ကို မခံနိုင်သဖြင့် လဲကာသေဆုံးကြပြီး (၂ သက် ၁း၇-၉)။ သေလွန်သည့် ဒုစရိုက်သားတို့သည် ဆက်လက်သေနေဦး မည်ဖြစ်၏။ (ဗျာ ၂၀:၅)။

ထိုနောက် ဘုရားသခင်၏အိမ်ထောင်စုဝင်တို့သည် တန်ခိုးတော် ရှိရာသို့ လေဟာပြင်ခရီးစဉ်ကို စတင်လေတော့သည်။ နှစ်ပေါင်း (၁၀၀၀) တစ်ထောင်တိုင်၊ ကောင်းကင်၌ပျော်ရွှင်စွာအနားယူလျက်ရှိစဉ် (ငယ် ၄) စာတန်နှင့် ၎င်း၏ကောင်းကင်တမန်တို့သည် မည်သူကိုမျှ လှည့်ဖြားရန် မရှိ၊ အလုပ်လက်မဲ့ဖြင့် ဘောင်ခတ်ထားခြင်းခံရ၏။ နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသည့်နောက် ဘုရားသခင်၏ အိမ်ထောင်စုသည် တန်ခိုးတော်နှင့် ပြည့်ဝသော ယေရုရှလင်မြို့သစ်နှင့်အတူ ကောင်းကင်မှကြွဆင်းလာကာ ကောင်းကင်၏ ပြဇာတ်မြင်ကွင်းသည် ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်ရှိ လေတော့၏။

ကောင်းကင်နှင့်မြေကြီးစပ်ကြား၌ ခရစ်တော်သည် ရပ်လျက် စာတန်၏ကလေးတိုင်းကို အသက်ရှင်ပြန်ထမြောက်ရန် ခေါ်လျက်ရှိ၏။ ချက်ချင်းပင် ဘုရားသခင်၏ချစ်ခြင်းကို ငြင်းဆန်သည့်ပုန်ကန်သူတိုင်း၊ ဘုရားသခင်၏စကားကို နားမထောင်သောသူတိုင်း၊ ဘုရားသခင်၏ဆုံးမ သွန်သင်မှုကို ငြင်းဆန်သောသူတိုင်း ဖန်ဆင်းရှင်ရှေ့တော်တွင် ရပ်လျက် ရှိကြ၏။ စာတန်သည် သူ၏မရေမတွက်နိုင်သော နောက်လိုက်များကို တွေ့သည့်အခါ သူသည် စိတ်လှုပ်ရှားလာသည်။ ကြွဆင်းလာသော မြို့တော်ကိုလက်ညွှန်ပြကာ စစ်ကြေညာချက် ထုတ်ပြန်ဟစ်ခေါ်လိုက် လေ၏။ သူ၏ စစ်သူရဲများ၊ ဗိုလ်ချုပ်များကို ရည်မှတ်ပြီး လက်နက်များ တပ်ဆင်ကာ နည်းဗျူဟာကို ခင်းကျင်းပြသနေ၏။ ထိုနောက်စာတန်၏ အမိန့်ပေးသည်နှင့် တစ်ပြိုင်နက်တပ်မကြီးသည် မြို့တော်ကို သိမ်းပိုက် ရန် ချီတက်လာလေ၏။ (ငယ် ၅-၉)။

ရုတ်တရက်ဘုရားသခင်၏ အမိန့်သံ ပေါ်ထွက်လာလေသည်။ “ရပ်” တရားစီရင်ရာနေ့သည် ရောက်လာပြီး ထိုမြင်ကွင်းကိုယောဟန် ဖေါ်ပြပုံကို နားထောင်ပါ။ “တစ်ဖန်တုံဖြူသောပလ္လင်ကြီးကို ပလ္လင်ပေါ်မှာ ထိုင်နေတော်မူသောသူကိုလည်းကောင်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှာပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ထီးနန်းရှေ့မှာရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်း ဖွင့်ထား၏။ သေလွန်သောသူတို့ သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးသားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။” (ဗျာ ၂၀း၁၁-၁၃။

ထိုကြောက်မက်ဖွယ်ကောင်းသောနေ့တွင် ဤကမ္ဘာဂြိုဟ်ပေါ်ရှိ

ယောက်ျား၊ မိန်းမတိုင်းသည် ပထမနှင့်နောက်ဆုံးအကြိမ်ဘုရားသခင်၏ ရှေ့တော်တွင် ရပ်ရမည်ဖြစ်၏။ ဘုရားသခင်၏အိမ်ထောင်စုသည် မြို့ တွင်းမှ အပြင်ဘက်ကိုကြည့်နေကြပြီး စာတန်၏ လူတို့သည် မြို့ပြင်မှ မြို့တွင်းသို့ ဝင်ရန် တောင့်တလျက်ကြည့်နေကြ၏။ သင်နှင့်ကျွန်ုပ်သည် ဤအုပ်စု (၂) ခုတွင် တစ်ခုမဟုတ်အခြားတစ်ခုတွင် ပါဝင်မည်ဖြစ်၏။



မီးလျှံ

ဆိုးယုတ်သောသူတို့သည် ကြောက်ရွံ့ခြင်းရှိကြ၏။ သန့်ရှင်း သော ဘုရားသခင်ရှေ့တော်ဝယ် ၎င်းတို့သည် ခံနိုင်ရည်မရှိပါ။ အသက် ရှင်ခြင်း ထက်သေခြင်းကို လိုလားကြသည်။ ဘုရားသခင်၏ကရုဏာ တော်ဖြင့် ၎င်း၏ ဆန္ဒရှိသည့်အတိုင်း ခွင့်ပြုလိုက်သည်။ “ထိုအခါ ဘုရား သခင်အထံတော် ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။” (ဗျာ ၂၀း၉)။

မီးလောကတစ်ခုလုံးမီးလောင်လျက်ရှိ၏။ “ထိုနေ့၌ မိုးကောင်း ကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောက ဓါတ်သည် ပူအားကြီး၍ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီး ပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။” (၂ပေ ၃း၁၀)။ ကမ္ဘာပေါ်ရှိ ဘဏ်တိုက်များအားလုံး နိုင်ငံတကာတို့၏ ကြွယ်ဝ ချမ်းသာမှု၊ အရက်ဆိုင်များ၊ ပျော်ပွဲရွှင်ပွဲဇာတ်ရုံများ၊ အားလုံးမီးစာများ ဖြစ်ကြမည်ဖြစ်၏။

ငရဲမီးသည် ယခုလောင်ကျွမ်းနေခြင်းမရှိပါ။ ငရဲမီးသည် ထိုအချိန် ၌လောင်နေမည်ဖြစ်၏။ ငရဲဆိုသည့်နေရာလည်း ယခုမရှိသေး။ သို့သော် တစ်ကမ္ဘာလုံးသည် ငရဲပြည်ဖြစ်လိမ့်မည်။ မီးသည် တစ်နေရာ၌သာ လောင်ကျွမ်းခြင်းမဟုတ်ပါ။ လောကတစ်ခုလုံး မီးလျှံများနှင့် လောင် ကျွမ်းနေမည်ဖြစ်၏။ မီးသည် စာတန်ကို လောင်ကျွမ်းမည်ဖြစ်၏။ “သူတို့ ကိုလှည့်ဖြားသောစာတန်ကိုလည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ချပစ် လျှင်” မီးလျှံသည် စာတန်၏ နောက်လိုက်များကိုလည်း လောင်ကျွမ်းစေ မည်ဖြစ်၏။" အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ချပစ်လေ ၏။” (ဗျာ ၂၀း၁ဝ၊၁၅)။

မီးသည် မည်မျှကြာအောင် လောင်နေမည်နည်း။ (ဗျာ ၁၄း၁၁) တွင် “ကမ္ဘာအဆက်ဆက်” ဟု ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ ကမ္ဘာ အဆက်ဆက်ဆိုသည်မှာမည်မျှကြာမည်နည်း။သမ္မာကျမ်းထဲ၌ “ထာဝရ” အစဉ်အမြဲဆိုသည်မှာ ကြာသင့်သလောက် ကြာမည်ကိုဆိုလိုသည်။ ဒံယေလသည် ဒါရိမင်းကြီးအား နှုတ်ရာ၌ဤသို့ဆို၏။ “အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲရှင်ပါစေ” (ဒံ ၆:၂၁) ဟုဆို၏။ သို့သော် ဒါရိမင်း ကြီးယနေ့သက်တော် ထင်ရှားခြင်းမရှိတော့ပြီ။ ယောနသည် ငါး၏ ဝမ်း ဗိုက်အတွင်း၌ “အစဉ်အမြဲပိတ်ထား” သည်ဟုဆို၏။ (ယောန ၂း၆)။ သို့သော် ငါး၏ဝမ်းထဲတွင် သုံးရက်သာနေရသည်။ (ယောန ၁း၁၇)။ ထာဝရမီးဆိုသည်မှာလည်း မီးစာရှိသည့်အထိ လောင်ကျွမ်းမည်ဖြစ်၏။ မီးစာကုန်သွားသောအခါ လောင်စာမရှိတော့သဖြင့် မီးငြိမ်းသွားမည်ဖြစ် ၏။

လူတို့ကို ထာဝရမီးလောင်ကျွမ်းစေခြင်းအမှုသည် ချစ်ဖွယ် ကောင်းသည့် ဘုရားသခင်၏ စရိုက်နှင့် အလွန်ဆန့်ကျင်လျက်ရှိ၏။ အကြောင်းမှာ အကယ်၍ လူတစ်ဦးအား အဆုံးမရှိလောင်ကျွမ်းစေခဲ့ သော် ဘုရားသခင်သည် ထိုလူမသေအောင် အစဉ်မပြတ်နိမိတ်လက္ခဏာ ပြုထားရမည်ဖြစ်၏။ အမှန်စင်စစ်အားဖြင့် ဘုရားသခင်သည် မီးလျှံတွင်း ၌ သေကြေပျက်စီးမည့်အစား ထာဝရအသက်ကိုသာပေးရန် အလိုရှိ သည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” ဆိုသည်မှာ အမှန်တရားပင်ဖြစ်၏။ (၁ယော ၄း၈)။ သူဖန်ဆင်းထားသော သတ္တဝါ များကို ထာဝရညှဉ်းပန်းနှိပ်စက်ခြင်းကို ပြုမည်မဟုတ်ပါ။



အလဲအလှယ်ပြုလုပ်ခြင်း

မီးလျှံသည် အလွန်ပြင်းထန်သည့် ခန္ဓာကိုယ်နာကြည်းမှုကို ဖြစ် စေမည်။ သို့သော် အဆိုးဆုံးသောနာကြည်းမှုသည် ခန္ဓာကိုယ်၌မဟုတ်ဘဲ အလွန်ပြင်းသောစိတ်ဝိညာဉ်သောကဝေဒနာဖြစ်၏။ လူသည် စာတန်၏ အိမ်ထောင်စုကို စွန့်ခွာပြီး ဘုရားသခင်၏ အိမ်တော်သို့ ဝင်ရောက်ရန် ချစ်လှစွာသောကောင်းကင်ဘုံရှိ အဖဘုရားသခင်၏ များစွာသော ဖိတ် ကြားခြင်းတို့ကို ခေါင်းမာစွာဖြင့် ငြင်းဆန်ခဲ့သည်ကို ပြန်လည်သတိရပါ။ ယခုပြင်းပြသော စိတ်သောကဝေဒနာကြောင့် ဘုရားသခင်အား လက် ဆန့်၍ရှာသည့်အခါ မတွေ့သောခံစားချက်သည် ငရဲ၏ အဆိုးဆုံးအပိုင်း ဖြစ်၏။ အမျိုးသမီးတစ်ဦးအား မိမိ၏အပြစ်နှင့်ပြည့်ဝသော အသက်တာ ကိုစွန့်ပြီး ခရစ်တော်ထံအပ်နှံရန် တောင်းပန်မှုများကို ငြင်းဆန်ခဲ့ပြီး ဘုရားသခင်နှင့် ထာဝရခွဲခွာရပြီးဖြစ်ကြောင်း သိရှိသည့်အခါ ထိုအရာ သည် ငရဲ၏အဆိုးယုတ်ဆုံးအပိုင်းပေတည်း။

သို့သော် ထိုပြင်းပြသောစိတ်သောကဝေဒနာကို သခင်ယေရှုကပ် တိုင်ပေါ်၌ လူတိုင်းအတွက် ပြင်းထန်စွာခံစားရသောအခါ မဖေါ်ပြနိုင် သည့် နာကျင်မှုကြောင့် မည်သူမျှခံစားရတော့မည်မဟုတ်ပါ။ ငရဲ၌အပြစ် သားတစ်ဦး ခံစားရမည့်ဝေဒနာထက်၊ အဆထောင်ပေါင်းများစွာ မြှောက် ခြင်းထက် ဆိုးသောခံစားမှုကို ကရာနီကုန်းပေါ်ရှိ ကပ်တိုင်ပေါ်တွင် ခရစ်တော်တွေ့ကြုံခံစားခဲ့ရသည်။ ကပ်တိုင်ပေါ်၌ တွဲလွဲဆွဲနေစဉ် ကယ် တင်ရှင်သည် အဖခမည်းတော်နှင့်အဆုံးအစွန်သောခွဲခွာခြင်းကို ခံစားခဲ့ရ သည်။ ထိုကြောင့် သူသည် ဤသို့ဆို၏။ “အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ် ဘုရားသခင်၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မဿဲ ၂၇း၄၆)။ ကောင်းကင်၌ သူနှင့်အတူပျော်ရွှင်စွာစံစားစေခြင်းငှာ သင်နှင့် ကျွန်ုပ်အတွက် ငရဲကိုခံစားရသည်။ အံ့ဖွယ်ကောင်းလှသောအလဲအလှယ် ပါတကား။ အဆုံးအစွန်မရှိ၊ တိုင်းတာ၍မရနိုင်သည့် နက်နဲလှသောအချစ် ပါတကား။



ဘုရားသခင်၏မျက်ရည်

တစ်ခါတစ်ရံလူတို့သည် ဤကဲ့သို့မေး၏။ အကယ်၍ သူသည် ချစ်ဖွယ်ကောင်းလှသော ကယ်တင်ရှင်ဖြစ်ပါက အဘယ်ကြောင့် မီးကို အသုံးပြုပြီး ပျက်စီးရပါသနည်း။ ထိုမေးခွန်း၏အဖြေကို (မဿဲ ၂၅း၄၁) တွင် သခင်ယေရှုပေးခဲ့သည်။ ထာဝရမီးသည် စာတန်နှင့်၎င်း၏ ကောင်း ကင်တမန်များအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်ဟုဆိုသည်။ ငရဲမီး သည် လူများအတွက် ပြင်ဆင်ထားခြင်းမဟုတ်ပါ။ စာတန်နှင့်၎င်း၏ အပေါင်းအသင်းများအတွက် ဖန်တီးထားခြင်းဖြစ်၏။ ဘုရားသခင်၏ စီမံ ကိန်းသည် စာတန်နှင့်အပြစ်ကိုဖျက်ဆီးပြီးလျှင် ချစ်ခြင်း၊ ငြိမ်သက်ခြင်း နှင့် ဖြောင့်မတ်ခြင်း စသည်ဖြင့် ကမ္ဘာသစ်တွင် ထာဝရတည်ထောင် ဖွဲ့စည်းရန်ဖြစ်၏။ သို့သော် ယောက်ျားတစ်ဦးတစ်ယောက်သည် စာတန် နှင့်ချစ်ကျွမ်းဝင်ပြီး အပြစ်ပြုရန် နှစ်သက်သော် စာတန်နှင့်အပြစ်ကို ဘုရားသခင်ဖျက်ဆီးသည့်အခါ ထိုအပြစ်သားသည်လည်း ဘုရားသခင် အခြားရွေးချယ်စရာလမ်းမရှိဘဲ ဖျက်ဆီးပစ်ရမည်သာဖြစ်လေ၏။ မိန်းမ တစ်ဦးသည် စာတန်နှင့်ခွဲခွာ၍မရ၊ စာတန်၏အသက်တာကို ဖက်ယမ်း လျက်ရှိသော် ဘုရားသခင်သည် စာတန်ကိုဖျက်ဆီးသောအခါ သူသည် အခြားရွေးချယ်စရာမရှိဘဲ စာတန်နှင့်အတူ ထိုမိန်းမကို ဖျက်ဆီးရမည် သာဖြစ်၏။

သို့သော် မီးလျှံသည် အပြစ်သားအား လောင်ကျွမ်းနေစဉ် ချစ်လှ စွာသောဘုရားသခင်၏ မျက်လုံးဝယ် မျက်ရည်များ ယိုစီးလျက်ရှိ၏။ လူများ လောင်ကျွမ်းနေစဉ် ဘုရားသခင်သည် ငိုကြွေးနေ၏။ သူ၏ နှလုံး သားငိုသံကို နားထောင်ပါ။ “အိုဧဖရိမ်၊ ငါသည်သင့်ကို အဘယ်ကဲ့သို့ စွန့်နိုင်မည်နည်း။ အိုဣသရေလ၊ သင့်ကိုအဘယ်သို့အပ်နှံနိုင်မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန်ကြင်နာသောစိတ်ရှိ၏။ ပြင်းစွာအမျက် ထွက်သည့်အတိုင်း မပြုလို” (ဟောရှေ ၁၁း၈)။ မျက်ရည်များကြားမှ ဤသို့မေး၏။ “ငါ့စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက် မပြုသေးသော အရာတစ်စုံတစ်ခုရှိသလော။” (ဟေရှာယ ၅း၄)။ ငိုကြွေးလျက်ရှိစဉ် နှလုံးသား၏ခေါ်သံမှာ “ငါမင်းကိုချစ်တုန်းပဲ”



သင့်အတွက်ပြင်ဆင်ပြီ

ကောင်းသောသတင်းမှာ ဘုရားသခင်သည် သူ့အားခေါင်းမာစွာ ဖြင့် မယုံကြည်၊ နားမထောင်သောသူတို့ကို ဆန္ဒမရှိဘဲနှင့် ပြစ်ဒဏ်ခတ် ရသည် နည်းတူ သူ့အားယုံကြည်ပြီး နားထောင်သောသူအပေါင်းတို့ကို ဆန္ဒရှိစွာဖြင့် ဆုချီးမြှင့်မည်ဖြစ်၏။ ပြာပုံထဲမှ ဖန်ဆင်းရှင်သည် “ကောင်း ကင်သစ်နှင့် မြေကြီးသစ်” ကို ဖြစ်စေ၏။ (ဗျာ ၂၁း၁)။ ထိုနောက် ယေရု ရှလင်မြို့သစ်သည် ကြွဆင်းလာခြင်းပြီးဆုံး၍ ဖန်ဆင်းခြင်းအရာခပ်သိမ်း တို့၏ ထိန်းချုပ်ရာဗဟိုဌာနမြို့တော်ဖြစ်လေ၏။ တစ်ချိန်တစ်ခါ၌ အပြစ် နှင့်ကျိန်ဆဲခြင်းခံရသော ဂြိုဟ်သည် ဘုရားသခင် “လူတို့နှင့်အတူကိန်း ဝပ်တော်မူမည်” ဖြစ်၍ စကြဝဠာတစ်ခုလုံး၏ ထီးနန်းထားရာနေရာ ဖြစ်မည်ဖြစ်၏။

ယေရုရှလင်မြို့သစ်၏ ကြီးကျယ်ခမ်းနားမှုသည် ဖေါ်ပြ၍မရနိုင် ပါ။ ၎င်း၏ ခမ်းနားကြီးကျယ်မှုကို (ဗျာ ၂၁) တွင် အနည်းငယ်တွေ့မြင်နိုင် သည်။ မြို့တော်သည် စတုရန်းပုံသဏ္ဌာန်ရှိပြီး တစ်ဖက်လျှင်မိုင်ပေါင်း (၁၄၀၀) ခန့်ရှိသည်။ တံခါး (၁၂) ပေါက်၊ တစ်ဖက်လျှင် (၃) ပေါက်ရှိပြီး တံခါးတစ်ချပ်စီ၌ ဧရာမပုလဲလုံးဖြင့် ပြုလုပ်ထားသည်။ တန်ဖိုးမဖြတ်နိုင် သည့် ကျောက်မျက်ရတနာများသည် နေရာအနှံ့တွင်ရှိ၏။ လမ်းတိုင်း သည် ရွှေဖြင့်ခင်းသဖြင့် ရွှေသည် အလွန်များပြားလှ၏။ မှန်ကဲ့သို့ကြည် လင်သော အထူးရွှေအမျိုးအစားဖြစ်၏။ မြို့တော်သည် လျှပ်စစ်မီးကိုသုံး ရန်မလို၊ အဘယ်ကြောင့်ဆိုသော် “ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ ကိုလင်းစေ၍” (ဗျာ ၂၁း၂၃)။ လျှပ်စစ်မီးမလုံလောက်မှုကိုလည်း ခံစားရမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် “သိုးသငယ်သည်လည်း ထိုမြို့၏ဆီမီးဖြစ်၏။” (ငယ် ၂၃)။ မြို့ဖြစ်ငြားသော်လည်း ဘုရားရှိခိုး ကျောင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှင့်သိုးသငယ်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်တော်မူ၏” (ငယ် ၂၂)။ မပြောနိုင်လောက်သော ရင်လှိုက်သည်းဖိုဖြစ်ရသည့် ဝမ်းမြောက်ခြင်းကား အဖခမည်းတော်နှင့် မျက်နှာချင်းဆိုင်ဝတ်ပြုကိုးကွယ်ရခြင်းပင်ဖြစ်၏။

တန်ခိုးတော်နှင့်ပတ်လည်ဝန်းရံလျက်ရှိပြီး ခရစ်တော်ပြောသည် မှာ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏” (ယော ၁၄း၂) ဟုဆို၏။ အလွန်အံ့သြဖွယ်ကောင်းသည့်အချက်ပင် ဖြစ်၏။ ငရဲသည် စာတန်နှင့် သူ၏ ကောင်းကင်တမန်များအတွက် ပြင်ဆင်ထားရာ ကောင်းကင်သည် သင်နှင့်ကျွန်ုပ်အတွက် အသင့်ပြင်ထားပြီး ဖြစ်၏။ မြေကြီးသစ်နှင့်ယေရုရှလင်မြို့သစ်သည် သင်နှင့်ကျွန်ုပ်အတွက် အသင့် ပြင်ဆင်ထားပြီဖြစ်၏။ သခင်ယေရှုခရစ်သည် ပုလဲတံခါးဝတွင် ကျွန်ုပ် တို့ကိုကြိုဆိုသည့်အခါ ထိုအမှန်တရားကို တစ်ဖန်ပြန်လည်ပြောဆိုမည် ဖြစ်၏။ “ငါ့ခမည်းတော်ထံကောင်းချီးမင်္ဂလာကိုခံသောသူတို့ ကမ္ဘာဦးက ပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့။” (မဿဲ ၂၅း၃၄)။ မယုံနိုင်လောက်အောင်ပင်ဖြစ်၏။ သင့်အတွက် ပြင်ဆင်ထား ပြီးဖြစ်၏။



လျှို့ဝှက်ချက်

ထိုကြောင့် စည်းကမ်း၏ လျှို့ဝှက်ချက်ကား အဘယ်အရာနည်း။ ချစ်ခြင်းမေတ္တာပင်ဖြစ်၏။ ကလေး၏စိတ်နေသဘောထားနှင့် လိုအပ် ချက်ပေါ်တွင် မူတည်ပြီး စည်းကမ်းကို အသုံးပြုရမည်ဖြစ်သော်လည်း ၎င်း၏ ရည်ရွယ်ချက်မူကား ပြောင်းလဲခြင်းမရှိပါ။ ချစ်ခြင်းမေတ္တာသာ လျှင်အမြဲဖြစ်ရမည်ဖြစ်၏။ စည်းကမ်း၏ အမှန်ရည်ရွယ်ချက်ကား စည်း ကမ်းလိုက်နာတတ်ရန် ဖြစ်သင့်သည်။ ၎င်း၏ရည်မှန်းချက်ပန်းတိုင်သည် လူနှင့်ဘုရားသခင်၏ ကောင်းမြတ်သောပုံပမာများကို ကလေးသူငယ် များ လိုက်လျှောက်တတ်ရန်နှင့် တပည့်တော်ဖြစ်လာရန် ရည်သန်ခြင်း ပင်ဖြစ်လေသည်။

အကောင်းဆုံးသောကြိုးပမ်းမှုသည် တစ်ခါတစ်ရံ ဆုံးရှုံးခဲ့သော် လည်း စည်းကမ်းထိန်းသိမ်းမှု၏ အောင်မြင်သောရလဒ်ကို မြင်ရပြီး သူငယ်သည် မွန်မြတ်သော အသက်တာဖြင့် လောကကိုသော်လည်း ကောင်း၊ မိမိ၏အိမ်ထောင်စုကိုသော်လည်းကောင်း၊ မိမိကိုယ်ကိုသော် လည်းကောင်း ဖွံ့ဖြိုးတိုးတက်စေပြီး ကောင်းချီးမင်္ဂလာကို ယူဆောင်လာ သည့်အခါ ပြောမတတ်လောက်အောင်ပင်ဖြစ်သည့် ပီတိကျေနပ်မှုကို ခံစားရရှိပါသည်။

ထိုနည်းတူ ဘုရားသခင်နှင့်လည်း ဤကဲ့သို့ဖြစ်၏။ မည်သည့် နည်းဖြင့် စည်းကမ်းထိန်းသိမ်းရန် အသုံးပြုသော်လည်း သူ့အားထကြွပုန် ကန်ကာ သူ၏စကားကို နားမထောင်သော သူ၏ ကလေးများအား ဆုံးမ သွန်သင်သော ရည်ရွယ်ချက်မှာ အမြဲတည်လျက် ပြောင်းလဲခြင်းမရှိပါ။ အချိန်တိုင်း၌သော် လည်းကောင်း၊ အခြေအနေအမျိုးမျိုး၌ သော်လည်း ကောင်း စည်းကမ်း၏ လျှို့ဝှက်ချက်သည် ချစ်ခြင်းမေတ္တာပင် ဖြစ်၏။ သူ၏တပည့်ဖြစ်ရန်၊ သူနှင့်တူရန်၊ သူ၏ပမာဏကို ပုံဆောင်ရန်၊ သူ့ နောက်သို့လိုက်ရန် သူသည် တောင့်တလိုလားလျက်ရှိသည်။

ကံမကောင်း၍ တစ်ခါတစ်ရံ အောင်မြင်မှုမရှိငြားသော်လည်း သူသည် မိမိ၏သားသမီးတစ်ယောက်စီအတွက် တန်ဖိုးမဖြတ်နိုင်သည့် ရွေးချယ်ခြင်း တန်ခိုးကိုပေးထားကာ ဘယ်သောအခါမျှ ထိုပေးထားသော လွတ်လပ်စွာ ရွေးချယ်မှုကို ချိုးဖေါက်မည်မဟုတ်ပါ။ သို့သော်အောင်မြင် မှုရရှိသည့်အခါ၌ သူ၏ စိတ်ကို ပြင်းပြသောပီတိဖြင့် ဝမ်းသာရပါသည်။ အကျွန်ုပ်တို့သည် အသက်တာ၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အောင် မြင်၍ နောက်ဆုံး၌ “ကြီးစွာသောဆင်းရဲဒုက္ခထဲကထွက်မြောက်” (ဗျာ ၇း၁၄)။ ကျော်လွှားကာ သူ၏မေတ္တာတော်တွင် သစ္စာရှိလျက်နေပါက သူသည် ကျွန်ုပ်တို့အတွက် လျာထားသည့် သဘောတူညီမှုကို မေတ္တာ တော်နှင့် ပြည့်လျှံလျက်နေသော နှလုံးသားမှ “ငါ့ခမည်းတော်ထံ ကောင်း ချီးမင်္ဂလာကို ခံရသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သော နိုင်ငံကိုလာ၍ အမွေခံကြလော့။” (မ ၂၅း၃၄)။ ချစ်ခြင်းမေတ္တာသည် အနိုင်ရမည်။ ချစ်ခြင်းမေတ္တာသည်သာလျှင် အမြဲအနိုင်ရ၏။



No comments:

Post a Comment