Thursday, January 22, 2026

အခန်း (၁ဝ) ဆီလျော်မှုမရှိသည့်စုံတွဲ (ရှံဆုန်နှင့်ဒေလိလ)



သမိုင်း၏ မှတ်တမ်းတစ်လျှောက်တွင် ရှံဆုန်၏ခွန်အားနှင့် ရဲစွမ်း သတ္တိများသည် ရှေးဟောင်းဒဏ္ဍာရီပုံပြင်ကဲ့သို့ ဖြစ်သည်။ လက်ဗလာ သက်သက်ဖြင့် ခြင်္သေ့ကိုသတ်နိုင်သည့် ဤလူသန်ကြီးသည် အများသူ ငါ၏နှုတ်တွင် လည်းကောင်း၊ သူ့လူမျိုးတို့အတွက်လည်းကောင်း ဝါကြွား စရာပင်ဖြစ်သည်။ ထိုထက်မက သူသည် ဖိလိတ္တိလူမျိုးများအတွက် ကြာ ပွတ်ဖြစ်ပြီး ဣသရေလ လူမျိုးတို့၏ ရန်သူများအတွက် ကြောက်မက်ဖွယ် ကောင်းသောသူတစ်ဦးဖြစ်သည်။ သူသည် ခွန်အားကြီးသော်ငြားလည်း အလွန်လေးနက်သည့် အားနည်းချက်များရှိသည်။ တစ်ခုကား၊ မိန်းမ လိုက်စားခြင်းဖြစ်သည်။

အိမ်ထောင်ပြုရန် အချိန်ရောက်သည့်အခါ ရှံဆုန်သည် ဘုရား သခင်၏သွန်သင်မှုကို ညစ်ညူးစေသည်။ ဣသရေလလူမျိုးတို့၏ တရား စီရင်ထုံးအရ “သူတို့နှင့်စုံဘက်ခြင်းမပြု၊ သင်၏သားသမီးကို သူ၏သား နှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း၊ ထိမ်းမြား ပေးစားခြင်းမပြုရ၊ အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းကပ်စေဘဲ၊ အခြားတစ်ပါးသောဘုရားသခင်အား ဝတ်ပြုစေခြင်း ငှာသွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်း ဖျက်ဆီးတော်မူလိမ့်မည်။” (တရားဟော ၇း၃-၄)။



ဣသရေလနှင့်ဖိလိတ္တိလူမျိုး

ရှံဆုန်သည် တိမနက်မြို့ကို သွားလည်ပြီး ဖိလိတ္တိအမျိုးသမီး တစ်ဦးကို မြင်ပြီးချစ်ခဲ့သည်။ အိမ်သို့ပြန်လာပြီး မိမိ၏မိဘများကို ဤကဲ့ သို့ပြောသည်။ “တိမနက်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက် ကိုမြင်ခဲ့ပြီး ကျွန်ုပ်ကြင်ဘက်ဖြစ်ဖို့ရာတောင်း၍ပေးပါ” ဟုပြောသည်။ (သူကြီး ၁၄း၂)။ သူ့မိဘများသည် အံ့သြပြီး “ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း၊ သင်၏ညီအစ်ကိုတို့၏သမီး ငါတို့အမျိုးသား ချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှမရှိသလော့” ဟုပြန်မေးသည်။ (ငယ် ၃) ခေါင်းမာသော လူငယ်၏အဖြေကား၊ “ထိုမိန်းမကိုတောင်း၍ ပေးပါ။ အလွန်နှစ်သက်ပါသည်။” (ငယ် ၄)။

သူ၏အိမ်ထောင်ပြုခြင်းသည် ချက်ချင်းအချည်းနှီးအရာပင် ဖြစ်ခဲ့ သည်။ သတို့သားသည် စကားထာဖွဲ့လိုက်သည်။ ဖိလိတ္တိလူတို့သည် သတို့သမီးထံမှ စကားဝှက်အဖြေရရှိရန် မိမိ၏လင်ယောက်ျားကို ဖိအား ပေးခဲ့သည်။ သတို့သားသည်သစ္စာဖောက်မှုကိုသိရှိသည့်အခါ မိဘအိမ်သို့ ဒေါသအမျက်ထွက်ကာ ပြန်သွားခဲ့သည်။ ဒေါသအမျက်ပြေပြီး ပြန်သွား သည့်အခါ သူ၏လက်ထပ်မင်္ဂလာပွဲတွင် သတို့သားအရန်ဖြစ်သူ ၎င်း၏ သူငယ်ချင်းကို သူ၏မယားနှင့် ထိမ်းမြားပေးလိုက်ကြောင်း သိလိုက်ရ သည်။

ထိုနောက် ရှံဆုန်သည် ဖိလိတ္တိအမျိုးသမီးတစ်ဦးကို ထပ်တွေ့ရှိ သဖြင့် အခြေအနေပို၍ဆိုးလာတော့သည်။ တစ်ဖန် ရှံဆုန်သည် ဂါဇမြို့ သို့သွားပြီး ပြည့်တန်ဆာမိန်းမတစ်ဦးကို တွေ့ခဲ့သည်။ သို့သော် သူ၏ ရန်သူများသူ့အား ဖမ်းဆီးရန် မြို့ကိုဝန်းရံထားသောအခါ ရှံဆုန်သည် ညသန်းခေါင်အချိန်၌ထပြီး မြို့တံခါးရွက်၊ တံခါးတိုင်၊ ကန့်လန့်ကျင်တို့ကို ပခုံးပေါ်တင်ပြီး ထမ်းသွားလေသည်။

သို့သော် သူသည် အချိန်၏သွန်သင်မှုကို နာခံခြင်းမရှိပါ။ ရှုပ်ထွေး မှုအပျော်အပါးလိုက်စားခြင်းတွင် စိတ်ပါသည်ဖြစ်၍ သူသည် တတိယ ဖိလိတ္တိမိန်းမ၏ရင်ခွင်ထဲသို့ ကျရောက်ပြန်သည်။ သူမသည် စောရက် ချိုင့်တွင်နေထိုင်ပြီး ၎င်း၏နာမည်ကားဒေလိလဖြစ်သည်။ သူမနာမည်၏ အဓိပ္ပါယ်မှာ မြူဆွယ်ခြင်းဖြစ်သကဲ့သို့ နာမည်နှင့်အညီ နေထိုင်သူဖြစ် သည်။ ရှံဆုန်သည် ဖိလိတ္တိမိန်းမများကို စွဲမက်သည့် ရောဂါစွဲကပ်နေပြီး ဖြစ်သည်။ တစ်ခါပြီးတစ်ခါ သူသည် မှားသောမိန်းမနှင့် ချိတ်မိသည်။ သူသည် ကျေနပ်မှုမရှိသည့်အသက်တာတွင် နေထိုင်ပြီး ပျက်စီးခြင်းလမ်း မကြီးပေါ် မောင်းနှင်နေသူတစ်ဦးဖြစ်သည်။

အတိဒုက္ခသို့ပို့ဆောင်သောလမ်း

ဖိလိတ္တိမင်းတို့သည် ဒေလိလနှင့်ဆက်သွယ်မှုရှိသည်ကို သိရ သဖြင့် စိတ်တက်ကြွလှုပ်ရှားလာကြသည်။ မြူဆွယ်သူမထံသို့ လာ ရောက်ကာ၊ သူမအား ငြင်းဆန်လာရန် အလွန်ခက်ခဲသည့်အရာကို ကမ်း လှမ်းခဲ့သည်။ ငွေဆယ်တပိဿာ၊ ငွေသား ၅၅ဝဝ၊ ကျွန် ၂၇၅ ယောက်၏ တန်ဖိုး၊ “ရှံဆုန်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့် တည် သနည်း။ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှာ အဘယ်သို့တတ်နိုင်မည် နည်းဟု သူ့အား ချော့မော့၍ စူးစမ်းပါ” (သူကြီး ၁၆း၅)။ မကြာမီ ဒေလိလ သည် ဖြားယောင်းသွေးဆောင်မှုလုပ်ငန်းစတင်တော့သည်။ ရှံဆုန်သည် လည်း လိုက်လျောကစားသည်။ ရှံဆုန်သည် သူ့အား တစ်ခါမျှမသွေ့ ခြောက်သောလျှော်ကြိုးစိမ်း ခုနစ်စင်းဖြင့်လည်းကောင်း၊ မသုံးဖူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင်လည်းကောင်း၊ သူဆံပင်ခုနစ်စု တို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားလျှင်လည်း ကောင်း၊ သူ၏ခွန်အားလျော့၍ အခြားသူများနည်းတူဖြစ်မည်ဟု ကျီစား ၍ မုသားသုံးခဲ့သည်။

သူမသည် ၎င်း၏ မြူဆွယ်မှုဖြင့် ဖိအားပေးလာသည်။ “သင်သည် ငါ့ကိုချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း” (ငယ် ၁၅)။ ထိုသို့နေ့စဉ်နေ့တိုင်းဒေလိလသည် ပူဆာသည့်အခါ ရှံဆုန်၏ ခုခံအားသည် ပြိုကျသွားလေတော့သည်။ နောက်ဆုံး၌ သူ၏ လျှို့ဝှက် ချက်ကို ဖွင့်ပြောလိုက်လေသည်။ “ငါ့ဆံပင်ကိုရိတ်လျှင် ငါ၌ခွန်အား လျော့၍ အခြားသောသူကဲ့သို့ဖြစ်လိမ့်မည်ဟု ပြောဆို၏” (ငယ် ၁၇)။ ဒေလိလသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သူ၏ခေါင်းကို သူမ၏ ဒူးပေါ်တင်၍ အိပ်စေပြီး လူတစ်ယောက်ကိုခေါ်၍ သူ၏ဆံပင်ခုနစ်စုတို့ ကို ရိတ်စေပြီးမှ သူမ၏ လူမျိုးတို့ကိုခေါ်၏။ “ရှံဆုန်ဖိလိတ္တိလူတို့သည် သင့်ကိုတိုက်လာကြသည်ဟုဆို၏။” (ငယ် ၂၀)။

ခုခံနိုင်စွမ်းမရှိဘဲ သူ့အားအလွယ်တကူဖမ်းဆီးလိုက်သည်။ သူ၏ မျက်စိကိုဖေါက်၊ သံကြိုးနှင့်ချည်နှောင်ပြီး အကျဉ်းချထားလိုက်သည်။ တစ်ချိန်တစ်ခါကလူသန်ကြီးသည်ယခုရဲတိုက်အမှောင်တွင်းထဲ၌အကျဉ်း သမားတစ်ဦးဖြစ်နေလေပြီ။ သူ၏မျက်စိ၊ ဆံပင်၊ ကျန်းမာရေး၊ ခွန်အား ယောက်ျားပီသမှု၊အမှားအမှန်ဝေဖန်ခွဲခြားမှု၊ အားလုံးဆုံးရှုံးခဲ့၏။ မကြာမီ လောက၏ အသက်ကိုပါ ဆုံးရှုံးတော့မည်ဖြစ်သည်။ ကောင်းကင်၏ ထာဝရအသက်ကိုပင် ဆုံးရှုံးလုမတတ်ဖြစ်သည်။ ရှံဆုန်နှင့်ဒေလိလတို့၏ စုံဘက်မှုသည် အတိဒုက္ခသို့ ပို့ဆောင်သောဆေးညွှန်းတစ်လက်ပင် ဖြစ် ပေတော့သည်။

ဆီလျော်မှုမရှိခြင်း

ဖိလိတ္တိမိန်းမကိုကိလေသာစွဲလမ်းခြင်း၏ပေးဆပ်မှုသည်အဘယ် မျှအထိ တန်ဖိုးကြီးပါသနည်း။ မှားသောမိန်းမနှင့် သဘောတူတွေ့ဆုံ ခြင်း၏ စိုးရွံ့ဖွယ်ကောင်းသည့်အဖိုးအခကား အဘယ်မျှနည်း။ မဖြစ်နိုင် သည့်အချက်တစ်ခုသည် ဣသရေလနှင့် ဖိလိတ္တိတို့သည် တစ်ဦးနှင့် တစ်ဦးအတွက် ဖန်တီးထားခြင်းမဟုတ်ကြောင်းပင် ဖြစ်သည်။ သူတို့ သည် တန်ဖိုးခြင်းမတူညီ၊ ဘာသာအယူအဆမတူ၊ အတွေးအခေါ်ခြားနား သည်ဖြစ်သဖြင့် တစ်ဦးနှင့် တစ်ဦးဆီလျော်မှုမရှိပါ။ နှုတ်တော်ထွက်တွင် အကျိုးသက်ရောက်မှုရှိသော မေးခွန်းကို မေးထားသည်။ “လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဖေါ်၍ ခရီးသွားနိုင်သလော” (အာမုတ် ၃း၃)။ အောင်မြင်သော ထိမ်းမြားခြင်းသည် ပေါင်းဖေါ်ဖက်နှစ်ဦး၏ ခပ်သိမ်း သော အရာအမျိုးမျိုးနယ်ပယ်တွင် ဆီလျော်မှုရှိရန် လိုအပ်ပါသည်။ အရေးကြီးဆုံးနယ်ပယ်မှာဘာသာရေးအသက်တာ၏ နယ်ပယ်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ဝိညာဉ် ရေးဖြင့် ချုပ်ကိုင်ထားခြင်းကြောင့်ဖြစ်သည်။ စာတန်၏ နတ်ဆိုးဝိညာဉ် သို့တည်းမဟုတ် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်နှစ်ခုတို့အနက် တစ်ခုအောက်တွင် ရှိမည်ဖြစ်သည်။ ကြင်ဖက်နှစ်ဦးသည် ဆန့်ကျင်သည့် ဝိညာဉ်များနှင့် အတူတကွနေထိုင်လျှင် ပဋိပက္ခဖြစ်မည်၊ ရှုပ်ထွေးမှု လည်း ဖြစ်ရန်သေချာသည်။

ထို့ကြောင့် ဓမ္မဟောင်းကျမ်းတွင် ဖေါ်ပြထားသည်နည်းတူ ဓမ္မ သစ်ကျမ်းတွင်လည်းဘုရားသခင်၏မိန့်မှာချက်သည် အလွန်ရှင်းပါသည်။ “မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံ နိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင် မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း” (၂ကော ၆း၁၄၊၁၅)။ ရှံဆုန်နှင့်ဒေလိလတို့ ၏ ပေါင်းဖေါ်ခြင်းသည် ကြီးစွာသောအတိဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်။

သာယာလှပသောဧဒင်ဥယျာဉ်အတွင်း၌ ငြိမ်သက်ခြင်းနှင့်ပြည့်ဝ လျက်ရှိသည်။ ခြောက်ရက်မြောက်သောနေ့၌ ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကို သူနှင့်ပေါင်းဖက်လိုက်သည်။ (က ၂း၁-၃)။ ထို့ ကြောင့် ထိမ်းမြားခြင်းသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး သတ္တမနေ့သည် လည်း ဖြောင့်မတ်ခြင်းတရားဖြစ်သည်။

ကမ္ဘာမြေကြီးပေါ်သို့ အပြစ်ဝင်ရောက်ပြီးနောက် ဝတ်ပြုခြင်းအမှု တွင် လိုသည့်အရာများကို ဘုရားသခင်သည် ထပ်မံပေါင်းထည့်လိုက် သည်။ သခင်ယေရှု၏သတ္တမနေ့အပြင် လူသည် ခရစ်တော်၏ အသွေး တော်ကိုလည်း သစ္စာရှိရန် လိုအပ်သည်။ အာဒံသည် သိုးသငယ်ကိုသတ် ပြီး ကရာနီ၏သိုးသငယ်ဖြစ်သည့် သခင်ယေရှုခရစ်မှ ကယ်တင်ခြင်းကို ရယူရန်ဖြစ်သည်။ သို့သော် အာဒံနှင့်ဧ၀တို့၏ သားဦးနှစ်ယောက်တို့မှ ဝတ်ပြုခြင်းစနစ်နှစ်မျိုးပေါ်ထွက်လာခဲ့သည်။ အာဗေလသည် ဖြောင့်မှန် ခြင်းအတွက် ရပ်တည်ပြီး ကာဣနသည် မှားယွင်းသောအရာအတွက်

ရပ်တည်ခဲ့သည်။ (မ ၄း၁-၅)။

နှစ်ရာစုများတစ်ခုပြီးတစ်ခု ကျော်လွန်ကုန်ဆုံးခဲ့ရာ လူတို့သည် မှားယွင်းသောလမ်းကို လိုက်လျှောက်ကြသဖြင့် ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သောလမ်းကိုပြသရန် ဣသရေလလူမျိုးတို့ကို ရွေးချယ်လိုက် သည်။ နိမိတ်လက္ခဏာများဖြင့် အဲဂုတ္တုကျွန်ဘဝမှ လွတ်မြောက်ခဲ့ပြီး ခရစ်တော်သည် သူ၏လူမျိုးကို သိနာတောင်သို့ ခေါ်ဆောင်လာခဲ့သည် ထိုနေရာတွင် ခရစ်တော်သည် ဣသရေလအမျိုးကို လူမျိုးအဖြစ်လည်း ကောင်း၊ ဝတ်ပြုကိုးကွယ်သည့်စနစ်ကိုလည်းကောင်း၊ ဥပဒေသများကို လည်းကောင်း ဖွဲ့စည်းတည်ထောင်လိုက်သည်။ ထိုနေရာတွင် “သတ္တမ နေ့ကိုသန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။” (ထွက် ၂၀း၈) ဟု မိန့်ကြားခဲ့သည်။ “အောက်မေ့လော့” ဆိုသည်မှာ ယခင်ကရှိ သောအရာကို ပြန်လည်သတိရရန် ပြောဆိုခြင်းပင်ဖြစ်သည်။ မောရှေ၏ အရှေ့ နှစ်ပေါင်း၂၅ဝဝ ခန့်တွင် အာဒံနှင့်ဧဝအား ပေးခဲ့ပြီးဖြစ်သည်။

သို့သော် ဣသရေလလူမျိုးတို့သည် ဤအမှန်တရားကို ကိုင်စွဲ လျက် သတ္တမနေ့တွင် ကောင်းကင်ရှိ ဘုရားသခင်အား ဝတ်ပြုနေစဉ် အမျိုးသားများသည် မှားယွင်းစွာဖြင့် နေကို ကိုးကွယ်လျက်ရှိသည်။ ထိုကြောင့် ဘုရားသခင်သည် သူ၏ လူမျိုးများကို ပြင်းထန်စွာသတိပေး လိုက်သည်။ “နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသောငါတားမြစ်သမျှ အခြားတစ်ပါးသော ဘုရားသခင်ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်” (တရား ၁၇း၃၊၅) ဘုရားသခင်၏ အမျက်ဒေါသကို ခံရမည်ဖြစ်သည်။

အိမ်ထောင်ပြုခြင်း

ဣသရေလလူမျိုးတို့သည် ဖြောင့်မှန်သောတရားတွင် တည်ရှိနေ သရွေ့ လုံခြုံမှုရှိမည်ကိုသိသဖြင့် စာတန်သည် “ရှံဆုန်” နှင့် “ဒေလိလ” တို့ိနှစ်ဦးအတူတကွစုံဖက်ရန်အတွက် အစီအစဉ်ရေးဆွဲခဲ့သည်။ အမှန် တကယ်ပင်ဖြစ်ခဲ့သည်။ တောလည်ရာကျမ်း ၂၅း၁ တွင် ဝမ်းနည်းဖွယ် ပုံပြင်ကို တွေ့ရသည်။ “ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌နေ သောအခါ တချို့သောသူတို့သည် မောဘမိန်းမတို့နှင့် မတရားသော မေထုန်ကို ပြုကြ၏” ဘုရားသခင်ကတိပေးသောပြည်၏ နယ်စပ်တွင် ရောနှောရှုပ်ထွေးခြင်းနှင့် ဖရိုဖရဲဖြစ်ကုန်လေတော့သည်။ သို့သော် ဤ အရာသည် အိမ်ထောင်ရေးဘေးဆိုးကြီးဖြစ်သည်သာမက ကြီးစွာသော ဝိညာဉ်ရေးအတိဒုက္ခပင်ဖြစ်သည်။ “ထိုမိန်းမတို့သည် မိမိတို့ဘုရားသခင် ရှေ့မှာယဇ်ပူဇော်ရာပွဲသို့ ဣသရေလလူတို့ကို ခေါ်သွားသဖြင့် ယောက်ျား တို့သည် ယဇ်သားကိုစား၍ ထိုဘုရားသခင်ရှေ့မှာ ဦးချကြ၏။ ထိုသို့ဣသ ရေလအမျိုးသားတို့သည် ဗာလပေဂုရဘုရားသခင်ကို ဆည်းကပ်သော ကြောင့် ထာဝရဘုရားသခင်သည် အမျက်ထွက်တော်မူ၏။” (တောလည် ၂၅း၂၊၃)။ အမှားနှင့်အမှန်အိမ်ထောင်ပြုခြင်း၊ သတ္တမနေ့နှင့် ဝတ်ပြုခြင်း တို့ပေါင်းစည်းခြင်း၊ စက်ဆုပ်ဖွယ်ရာစုတ်ပဲ့ခြင်း၊ ဝမ်းနည်းဖွယ်ရာ ဝမ်း နည်းခြင်းပင်ဖြစ်လေတော့သည်။

အချိန်များကုန်လွန်သွားပြီးနောက် လူငယ်ယောရှိမင်းသည် ဤ ကြောက်မက်ဖွယ် အပြစ်ကျူးလွန်မှုကို ရင်ဆိုင်ခဲ့သည်။ ဗာလဘုရား သခင်၏ယဇ်ပုရောဟိတ်တို့ကိုလည်းကောင်း၊ “ဗာလဘုရားသခင်၊ နေလ ရာသီစောင့်အစရှိသော မိုးကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏” ၎င်း အပြင် “နေရထားတို့ကိုလည်းကောင်း မီးရှို့တော်မူ၏။” (၄ရာ ၂၃:၅၊၁၁)။

ဤဆိုးသွမ်းမှုမျိုးကို ယေဇကျေလကိုယ်တိုင် တွေ့မြင်ခဲ့သည်။ “ထာဝရဘုရားသခင်၏ အိမ်တော်အတွင်း တံတိုင်းထဲသို့ဆောင်သွား၍ ဗိမာန်တော်တံခါးဝ၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ လူနှစ်ကျိပ် ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာ ပြုလျက်၊ အရှေ့မျက်နှာ၌ နေကိုကိုးကွယ်ကြ၏။” (ယေဇ ၈း၁၆)။ မယုံနိုင်ဖွယ်ဖြစ်ရပ်ပင်။ ဘုရားသခင်၏လူမျိုး၊ ဘုရားသခင်၏ ဗိမာန် တော်အတွင်း လူရိုင်းများနေကို ကိုးကွယ်သည့်အမှုကို ပြုလုပ်နေသည်။ ဘုရားသခင်သည် ၎င်းတို့၏ ပြုမူခြင်းကို “စက်ဆုပ်ရွံရှာဖွယ်အမှု” ဟု ဆိုသည်။ (ငယ် ၁၆၊၁၇)။ ဤကဲ့သို့သောကိုးကွယ်ခြင်းကြောင့် သူတို့ကို ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရခြင်းဖြစ်သည်။ (၆ရာ ၃၆း ၁၄-၂၁)။

မှတ်သားရန် အရေးကြီးသောအချက်မှာ အမှန်နှင့်အမှား အတူ တကွ စုံဖက်သော် ၎င်းတို့၏ အိမ်ရာသည် ရှုပ်ထွေးခြင်းဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်၏အနက်အဓိပ္ပါယ်သည် ရှုပ်ထွေးခြင်း ပင်ဖြစ်သောကြောင့်တည်း။ အမှန်မှာ အမှန်နှင့်အမှားသည် အတူတကွ ပျော်ရွှင်စွာ ပေါင်းဖက်နေထိုင်၍မရခြင်းဖြစ်သည်။ ရှံဆုန်နှင့်ဒေလိလတို့ ၏စုံဖက်မှုသည်အတိဒုက္ခဘေးဆိုးဆိုက်ရန်ဆေးညွှန်းတစ်ခွက်ဖြစ်သည်။

မပြေလည်မှုဖြစ်ခြင်း

တစ်နေ့သောအခါ၌ ဗက်လင်မြို့ငယ်တွင် ကလေးငယ်တစ်ဦးဖွား မြင်ခဲ့သည်။သူ့ကိုယေရှုဟုခေါ်သည်။ ယေရုရှလင်မြို့တွင် အပ်နှံ၊ အဲဂုတ္တု ပြည်သို့ ပြည်နှင်ဒဏ်ခံရ၊ နာဇရက်မြို့ တွင် ကြီးပြင်းလာပြီး ယုဒ၊ ရှမာရိ၊ ဂါလိလဲပြည်တို့တွင် ကယ်တင်ရှင်သည် ခရစ်ယာန်သာသနာပြုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။ သူသည် ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုသောသူ ဖြစ် သည်။

ထိုစဉ်အချိန်၌ အစိုးရမင်းသည် ရောမတို့ဖြစ်သည်။ ၎င်းတို့သည် နေကိုကိုးကွယ်သောအမှားကို ပြုလုပ်သည်။ ရောမအင်ပါယာ (Empire) အတွင်း နေကိုအသွင်အမျိုးမျိုးဖြင့် ကိုးကွယ်ကြသည်။ ထို့အပြင် ရောမ တို့သည် နေများကို ဂြိုဟ်များ၏မည်ဖြင့် မှည့်ခေါ်ပြီး နေကိုကိုးကွယ် သော ဂိုဏ်းများနှင့်အညီ နေကိုထင်ပေါ်သောနေရာတွင်ထားကာ ပထမ နေ့အဖြစ် (dies Solis) နေ, နေ့မှ (Sunday) တနင်္ဂနွေနေ့ဟူ၍ဖြစ်လာ သည်။

သို့သော် သခင်ယေရှု၏ထုံးစံသည် မည်သို့နည်း။ လုကာ ၄း၁၆ တွင် “ထုံးစံတော်ရှိသည်အတိုင်း သတ္တမနေ့၌ တရားဟောနေရာသို့ဝင်၍ ကျမ်းစာကိုဖတ်ရှုခြင်းငှာ ထတော်မူ၏” ဟု ဆိုထားသည်ကိုတွေ့ရသည်။ အမှားနှင့် ဘယ်ကဲ့သို့မျှသက်ဆိုင်မှုမရှိပါ။ ဖြောင့်မတ်ခြင်းကို ပြောကြား သည်၊ ဖြောင့်မတ်သည့်အသက်တာကို လိုက်လျှောက်သည်။ အဘယ် ကြောင့်ဆိုသော်သူသည် ဖြောင့်မတ်ခြင်းတရားဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ “ငါသည် အမှန်တရားလည်းဖြစ်၏။” (ယော ၁၄း၆)။

ဆီလျော်မှုမရှိသည့်စုံတွဲ (ရှံဆုန်နှင့်ဒေလိလ)

အမှားနှင့်အမှန်သည် တစ်ခုနှင့်တစ်ခုဆီလျော်မှုမရှိသဖြင့် ရောမ သည်လည်း သခင်ယေရှုနှင့် မကြာခဏပဋိပက္ခဖြစ်ပေါ်ခဲ့သည်။ ဗက်လင် မြို့မှ ကရာနီကုန်းအထိ ရောမတို့သည် ကယ်တင်ရှင်ကို ပင်ပန်းနွမ်းလျ အောင် အထပ်ထပ်နှောင့်ယှက်ခဲ့သည်။ ငယ်ရွယ်စဉ်ကလေးဘဝ၌ ရောမ ဘုရင်ဟေရုဒ် မင်းကြီးသည် သူကိုသေစေရန် ဝရမ်းစာထုတ်ပြီး အရွယ် ရောက်လူလား မြောက်လာသည့်အခါ မြို့ဝန်ပိလတ်မင်းသည် သူ့ကို သေမိန့်ချလိုက်သည်။ ယုဒလူမျိုးတို့၏ မုန်းတီးမှုနှင့် အယူသီးမှုကို တုံ့ပြန် သောအားဖြင့် ရောမသူရဲတို့သည် သူ့အား သံနှင့်ရိုက်နှက်ခြင်း၊ ရောမလှံ နှင့် ၎င်းအားထိုးနှက်ခြင်း၊ ရောမကပ်တိုင်ဖြင့် ၎င်းအား အကျိုးယုတ် အရှက်ကွဲစေခဲ့သည်။

သို့သော် ပြန်လည်ရှင်ပြန်ထမြောက်သောနံနက်ခင်း၌ ရောမ၏ တန်ခိုးအာဏာသည် ခရစ်တော်၏ တန်ခိုးအောက်မှ ဦးညွှတ်အရှုံးပေးခဲ့ရ သည်။ ရောမ၏တံဆိပ်သည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲခဲ့လေပြီ။ အင်ပါ ယာတပ်သားများသည် သေသောသူများကဲ့သို့ လဲကျပြီး လူနှင့်နတ်ဆိုး များ ကြောက်ရွံ့မှုကြီးစွာဖြင့် ထွက်ပြေးကုန်ကြလေ၏။ သခင်ယေရှုသည် အောင်မြင်သူအဖြစ် ပြန်လည်ရှင်ပြန်ထမြောက်လာခဲ့ပြီ။

အပေးအယူမရှိ

ရှင်ပြန်ထမြောက်တော်မူပြီး ရက်ပေါင်း (၄၀) လွန်သော် ခရစ် တော်သည် ကောင်းကင်နိုင်ငံသို့ ပြန်လည်ကြွမြန်းတော်မူသည်။ သူ၏ အသင်းတော်သည် ကမ္ဘာမြေပေါ်တွင် သတ္တမနေ့ကို ဆက်လက်ဂုဏ်ပြု လိုက်လျှောက်သည်။ တချို့သောသူတို့ပြောသည်မှာ ပြန်လည်ထမြောက် ခြင်းကို ဂုဏ်ပြုသောအားဖြင့် ဓမ္မသစ်ကျမ်းသည် သတ္တမနေ့ကို တနင်္ဂနွေ နေ့သို့ ပြောင်းရွှေ့လိုက်သည်ဟုဆိုသည်။ သို့သော် အသင်းတော်သည် ထိုသို့သော ပြောင်းရွှေ့ခြင်းကိုပြုရန် အခွင့်အာဏာမရှိပါ။ ထိုသို့သော ပြောင်းလဲခြင်းကို သတ္တမနေ့၏သခင်ဖြစ်သူ ခရစ်တော်သာလျှင် ပြောင်း ပိုင်ခွင့်ရှိသည်။ သို့သော် ခရစ်တော်ဤကဲ့သို့ ပြောသည်ကို မှတ်ပါ။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။” (မဿဲ ၅း၁၇)။

အကယ်၍ထိုကဲ့သို့သောအပြောင်းအလဲကို ပြုလုပ်မည်ဆိုသော် သမ္မာကျမ်းတွင် မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ သော မှတ်တမ်းကားမရှိ။ တနင်္ဂနွေနေ့တွင် ဝတ်ပြုခြင်းအကြောင်း ဖေါ်ပြချက် သုံးချက်ကို ဓမ္မသစ်ကျမ်းတွင် တွေ့ရှိရသည်။ ပထမအချက် မှာ ယောဟန် ၂၀း၁၉ တွင် တွေ့ရှိနိုင်သည်။ တပည့်တော်များသည် စုရုံး လျက်ရှိနေကြသည်။ ထိုသို့စုရုံးနေခြင်းသည် ဝတ်ပြုကိုးကွယ်ရန်မဟုတ်၊ လုံခြုံရေးအတွက် ဖြစ်သည်။ သူတို့သည် “ယုဒလူတို့ကို ကြောက်၍ တံခါး များကို ပိတ်ထားလျက်” ရှိသည်ဟု ဖေါ်ပြထားသည်။

ဒုတိယအချက်မှာ တမန်တော် ၂၀:၇ တွင် တွေ့ရှိနိုင်သည်။ ဤ နေရာတွင် “ပထမနေ့၌ မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ” ဟု ဖေါ် ပြထားသည်။ ပေါလုသည် နောက်တစ်နေ့ ခရီးထွက်ရန်ရှိသည့်အတွက် ညဦးယံဝတ်ပြုခြင်းသည် သန်းခေါင်တိုင်အောင် ဟောပြောသည်ဟု တွေ့ ရှိရသည်။ ကျမ်းစာတော်အရ ညသည် နေ့မတိုင်မီအချိန်ဖြစ်သည်။ နေဝင် ချိန်တွင်စတင်သည်။ (က ၁း၅။ ဝတ် ၂၃:၃၂။ မာကု ၁း၃၂)။ ထိုကြောင့် ၎င်းဝတ်ပြုပွဲသည် စနေနေ့တွင် စသည့်ဝတ်ပြုပွဲဖြစ်သည်။ ရှေးအသင်း တော်တွင် မုန့်ဖဲ့ခြင်းအမှုသည် အရေးပါသောအရာမဟုတ်ပါ။ မည်သည့် နေရာ၊အချိန်မဆိုပြုလုပ်နိုင်သည်။ သတ္တမနေ့နှင့်ဘယ်ကဲ့သို့မျှဆက်စပ်မှု မရှိပါ။ (တမန် ၂း၄၆)။

နောက်ဆုံး ၁ကော ၁၆း၂ တွင် တွေ့ရှိနိုင်သည်။ အမှန်မှာ စည်းဝေးကျင်းပသည်ကို ဖေါ်ပြထားခြင်းမရှိပါ။ ယေရုရှလင်မြို့ရှိ ဆင်းရဲ သော သန့်ရှင်းသူများအတွက် ပေါလုသည် အလှူခံရန်အတွက် တိုက် တွန်းပြောဆိုနေခြင်းဖြစ်သည်။ “ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာမရှိစေခြင်းငှာ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိဥစ္စာတစ်ဖို့ကိုထုတ်၍ စုထားကြလော့။” ယုံကြည်သူတိုင်းသည် မိမိတစ်ဦးချင်း လှူဒါန်းစရာများကို အိမ်တွင် စုထားရမည်ဖြစ်ကြောင်း ဖေါ်ပြထားခြင်းသာဖြစ်သည်။

အမှန်မှာဓမ္မသစ်အချိန်ရှိ ခရစ်ယာန်များသည် သတ္တမနေ့၏ ဖြောင့်မတ်ခြင်းတရားကို နာခံကြသည်။ ပေါလုသည်လည်း သူ၏သခင် ယေရှုခရစ်နည်း “မိမိထုံးစံရှိသည်အတိုင်း ထိုတရားဟောနေရာသို့ဝင်၍ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှော သဖြင့် (တမန် ၁၇:၂) တွင် ဖေါ်ပြထားသည်။ တမန်တော်ဝတ္ထု ၁၈း၄ တွင် “ပေါလုသည်လည်း သတ္တမနေ့မပြတ်တရားဟောနေရာ၌ ဆွေးနွေး ဟောပြော၍ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ ၏။” ဟု ဖေါ်ပြထားသည်ကိုလည်း တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မသစ် ကျမ်းတွင် သတ္တမနေ့နှင့်တနင်္ဂနွေနေ့သည် သီးခြားစခန်းဖြစ်ကြောင်းကို ဖေါ်ပြ ထားသည်။ ရုပ်ပွားပုံကိုးကွယ်သူတို့သည် နေကိုတနင်္ဂနွေနေ့တွင် ကိုးကွယ်ဝတ်ပြုသည်။ ခရစ်ယာန်များသည် သားတော်ကိုသတ္တမနေ့တွင် ဝတ်ပြု ကိုးကွယ်သည်။ စေ့စပ်ဆွေးနွေးပြီး အပေးအယူ လုပ်ရန်မရှိ။ အခြားနည်းနှင့်ဖေါ်ပြရသော် ရှံဆုန်သည် ဣသရေလတပ်စခန်းတွင် ရှိ သည်၊ ဒေလိလသည် ဖိလိတ္တိ၏ တပ်စခန်းတွင်ရှိသည်။ တစ်ဦးနှင့်တစ် ဦးမတွေ့ဆုံမီ တစ်ဦးနှင့် တစ်ဦးပေါင်းဖေါ်ဖက်မဟုတ်။

အခြားလက်ထပ်ပွဲတစ်ခု

ဤသီးခြားခြားနားခြင်းသည် စာတန်ကို အမျက်ဒေါသထွက်စေခဲ့ သည်။ ထိုကြောင့် သူသည် အခြားလက်ထပ်ပွဲတစ်ခုကို စီမံရေးဆွဲလေ သည်။ ရှေးဣသရေလအမျိုးကို ပျက်စီးစေခြင်းငှာပြုသကဲ့သို့ ဝိညာဉ်ရေး ဣသရေလအမျိုးတို့ကိုလည်း ပျက်ပြုန်းစေခြင်းငှါ လက်ထပ်ပွဲတစ်ခုကို တီထွင်ဖန်တီး လိုက်သည်။ ရှံဆုန်နှင့်ဒေလိလတို့၏ ပေါင်းဖက်ခြင်းသည် ကြီးစွာသောအတိ ဒုက္ခဖြစ်ရန် ဆေးညွှန်းတစ်လက်ဖြစ်သည်ကို စာတန် သိသည်။

ခရစ်တော်၏တပည့်တော် (၁၂) ပါးသေဆုံးကုန်ကြပြီး ၂ရာစုတွင်

ခရစ်ယာန်များသည် သခင်ယေရှုရှင်ပြန်ထမြောက်ခြင်း အခမ်းအနားကို တနင်္ဂနွေနေ့တွင် စတင်ပြုလုပ်သည်။ တစ်ချိန်တည်းမှာပင် ရုပ်ပွားပုံများ ကို ကိုးကွယ်သောသူတို့သည် ခရစ်ယာန်များအဖြစ် ပြောင်းလဲလာကြပြီ ၎င်းတို့၏နေကို တနင်္ဂနွေနေ့တွင် ကိုးကွယ်သည့်အမွေကိုလည်း တစ်ပါး တည်းယူဆောင်လာခဲ့သည်။ ဤသဘောတရားနှစ်ခု တွေ့ဆုံပေါင်းဖက် လိုက်သည့်အခါ သဘောတရားအသစ်တစ်ခု မွေးဖွားလာလေသည်။ ဤ သဘောမှာ ခရစ်တော်သည် (sun) နေဖြစ်ခြင်းပေတည်း။ ခရစ်ယာန်များ သည် သားတော်ဖြစ်သည့် (son) ခရစ်တော်ကို ရုပ်ပွားပုံကိုးကွယ်သူများ ၏ (sun) နေနေ့တွင် ဝတ်ပြုကိုးကွယ်ရန်ဟူသောသဘောဖြစ်သည်။

ထိုနောက်နှစ်ရာစု (၃) စုတိုင် ခရစ်ယာန်များသည် ဘွဲ့နှင်းအခမ်း အနားနှစ်ခုတွင် စုရုံးစည်းဝေးကြသည်။ ဥပုသ်၏ဖြောင့်မတ်ခြင်းတရား ကို ထိမ်းသိမ်းရန် သတ္တမနေ့၌ ဘုရားသခင်ကို ဝတ်ပြုခြင်းနှင့် ထမြောက် ခြင်းကို ကျင်းပလိုသောဆန္ဒဖြင့် ရုပ်ပွားပုံကိုးကွယ်သူတို့နှင့် ပေါင်းဖက် ပြီး တနင်္ဂနွေနေ့၊ နေနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းတို့ဖြစ်သည်။ တဖြည်း ဖြည်းသတ္တမနေ့ဝတ်ပြုပွဲများသည် လျော့နည်းလာပြီး နေနေ့၊ ဝတ်ပြုပွဲ များတိုးပွားလာသည်။ ရှံဆုန်နှင့် ဒေလိလတို့တစ်ဦးနှင့်တစ်ဦး ဖက်ရမ်း ကြလေပြီ။

ထိုနောက် (Constantine) ဘုရင်ရောက်လာသည်။ ဤပါးနပ် သော နိုင်ငံရေးသမားသည် ညှဉ်းပန်းနှိပ်စက်ခြင်းသည် အသင်းတော်ကို ပို၍ တိုးပွားလာစေကြောင်းကို လေ့လာသိရှိသည်။ ခရစ်ယာန်များကို သတ်လေ၊ ပို၍တိုးပွားလေဖြစ်၏။ ထိုကြောင့် သူသည် လက်တွေ့ကျ သည့် အတွေးအခေါ်ကိုကျင့်သုံးရန် လက်ခံလိုက်သည်။ “သူတို့ကိုမနိုင် လျှင် သူတို့နှင့်ပူးပေါင်းဆိုသည့်အတိုင်း ၎င်း၏အင်ပါယာ (Empire) ကို နိုင်ငံရေးအပေးအယူ စေ့စပ်မှုဖြင့် ပေါင်းစည်းသိမ်းသွင်းမည်ဟု ဆုံးဖြတ် သည်။ မကြာမီ ဘုရင်မင်းမြတ်သည် ခရစ်ယာန်ဘာသာတရားကို လက်ခံ လိုက်သည်။ ခရစ်ယာန်များ အလွန်ဝမ်းမြောက်လာကြသည်။ ၃၂၁၊ မတ်လ (၇) နေ့တွင် (Constantine) သည် ပထမဦးဆုံး (Sunday Law) တနင်္ဂနွေနေ့ဝတ်ပြုခြင်း သူနှင့်ဆိုင်သည့် ဥပဒေကိုထုတ်ပြန်လိုက်သည်။ နယ်တွင်လယ်ယာစိုက်ပျိုးရေးကို ခွင့်ပြုသော်လည်းမြို့များတွင် အလုပ်ရုံ များအားလုံး “ကြည်ညိုလေးမြတ်ဖွယ်ကောင်းသောနေနေ့ (day of the sun)” တွင် အနားယူရန် တရားသူကြီးများအား အမိန့်ဆင့်ဆိုထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ ထိုကြောင့် အင်ပါယာဘုရင်မင်းမြတ်ကြီးသည် လက်ထပ်ပွဲကို ကမကထပြုပြီး ရှံဆုန်နှင့်ဒေလိလကို ပေါင်းစည်းစုံဖက် လိုက်လေသည်။

ဖိတ်ခေါ်ခြင်း

Constantine ကျော်လွန်ပြီး အနှစ်တစ်ရာ့ငါးဆယ်ခန့်လောက် တွင် ရောမအင်ပါယာကြီးသည် ပြိုကွဲခဲ့လေသည်။ အင်ပါယာကြီးသည် ဂုဏ်သိက္ခာကုန်ဆုံးသွားသည့်အခါ အသင်းတော်သည် တန်ခိုးအာဏာကို ရယူလိုက်သည်။ ထိုနောက် နှစ်ပေါင်းတစ်ထောင်၌ အသင်းတော်သည် ဥရောပတိုက်ကို အုပ်စိုးလေတော့သည်။ ပုပ်ရဟန်းမင်းကြီးစကားပြော လျှင် ဘုရင်မင်းမြတ်တို့သည် ဦးညွှတ်ကာ အရိုအသေ ပြုကြရလေသည်။ ဝမ်းနည်းဖွယ်ကောင်းသည့်ဝေဖန်သုံးသပ်ချက်မှာ အမှားကိုအမှန် ပြုလုပ် မည့်အစား အမှားကို အမှန်ပြုလုပ်ခြင်းပင်ဖြစ်သည်။ ခွဲခွာမည့်အစား အသင်းတော်သည် ပေါင်းဖက်ခြင်းကို ကောင်းချီးပေးခဲ့သည်။ ထို့အပြင် အသင်းတော်သည် ပေါင်းဖက်ခြင်းကို အပြည့်အဝ တာဝန်ယူကြောင်း လူသိ ရှင်ကြားထပ်တလဲလဲ “စနေနေ့၏ သိက္ခာရှိသောအခမ်းအနားကို တနင်္ဂနွေနေ့သို့ပြောင်းလဲလိုက်သည်" ဟု ကြေညာခဲ့သည်။ ရှံဆုန်နှင့်ဒေ လိလသည် အတူတကွဆက်လက်ထားရှိနေခြင်းပင်ဖြစ်သည်။

အမှားနှင့်အမှန်အတူတကွပေါင်းဖက်နေလျှင် ၎င်းတို့၏ အိပ်ရာ သည် ဗာဗုလုန်ဖြစ်သည်ဟု ကျွန်ုပ်တို့လေ့လာတွေ့ရှိပြီးဖြစ်သည်။ သူတို့ ၏ပေါင်းဖက်မှုသည် ရှုပ်ထွေးခြင်းဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏ စီရင်ချက်သည် “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ” (ဗျာ ၁၈း၂)။

ခရစ်တော်၏ အဆောတလျင် ဖိတ်ကြားခြင်းကို ကျွန်ုပ်တို့ နား ထောင်ကြည့်ကြပါစို့ “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့် လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ် အံ့သောငှါ သူ၏အထဲကထွက်ကြလော့။” (ဗျာ ၁၈:၄)။ ကျွန်ုပ်တို့နေထိုင် သည့်ကာလတွင် ဝိညာဉ်ရေးရှုပ်ထွေးမှုများအကြားမှ ခရစ်တော်ခေါ် သည့် “ငါ၏လူမျိုး” ရှိနေသေး၏။ ဗာဗုလုန်မှထွက်ရန် ခေါ်သောသူတို့ သည် ဤသူများဖြစ်သည်။ သူ၏လူမျိုးတိုင်းသည်လည်း ၎င်း၏ခေါ်သံကို ကြားရပြီး ချစ်လှစွာသောဖိတ်ခေါ်ခြင်းကို လက်ခံမည်ဖြစ်သည်။ “သိုး များကို ထုတ်ခေါ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏ စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။” (ယော ၁၀း၄)။ ရှံဆုန်အသစ်

ရှံဆုန်သည် ၎င်း၏ဝိညာဉ်ရေးဗာဗုလုန်အတွင်း၌ နေထိုင်လျက်ရှိ သည်။ ဖိလိတ္တိတို့၏ ရဲတိုက်အောက်တွင်းနက်တွင် လျောင်းလျက်နေ သည်။ စာတန်သည် သူ့အား အရူးလုပ်ပြီး ကျရှုံးစေခဲ့သည်။ သူ့ကိုချည် နှောင်ပြီး မျက်လုံးများကိုလည်း ဖေါက်လိုက်သည်။ ထိုနောက် သူ့အား ခြိမ်းခြောက်လိုက်ပြီး ပြက်ရယ်ပြုသည်။ သို့သော် ကယ်တင်ရှင်သည် ရှံဆုန်အား ကြည့်ရှုတော်မူသည်။ ရှံဆုန်အား ချစ်မြဲပင်ရှိ၏။ သနားကြင် နာခြင်းစိတ်ဖြင့် မျက်ရည်ကျတော်မူသည်။ ယုယခြင်းဖြင့် သူ့အား တမ်းတလွမ်းဆွတ်သည်။ သူ့အတွက် နှလုံးသွေးယိုစီးခဲ့သည်။ အဘယ်မျှ ကြင်နာတတ်ပြီး ချစ်ဖွယ်ကောင်းလှသောဘုရားသခင်ပေတည်း။

သူ၏မှောင်သောညများနှင့် ဆိတ်ငြိမ်သောနှလုံးသား၌ ရှံဆုန် သည် သူ၏ရွေးနုတ်ရှင်ငိုကြွေးနေသည်ကို မြင်ရသည်။ သူ၏ယုယပွတ် သပ်မှုကို ခံစားရပြီး ဖြည်းညင်းသောလေသံဖြင့် “ငါမင်းကိုချစ်တယ်” ဟုပြောဆိုသည်ကိုကြားရသည်။ တဖြည်းဖြည်းထိုအပြစ်သားသည် သူ၏ ကယ်တင်ရှင်ယုယစွာဖြင့် ခေါ်သောအသံကို တုံ့ပြန်လာသည်။ လျှို့ဝှက် နက်နဲစွာဖြင့် သူ၏ခေါင်းတွင် အရာတစ်ခုစတင်ဖြစ်ပေါ်လာသည်။ သူ၏ စိတ်တွင်း၌ တွေ့ကြုံခံစားရသောအရာသည် စိတ်သစ်၊ ဝိညာဉ်သစ်နှင့် သက်ဆိုင်သည်။ အသစ်သောဆန္ဒ၊ အသစ်သောမေတ္တာ၊ အသစ်သော စိတ်လှုပ်ရှားမှုနှင့် အသစ်သော ဆုံးဖြတ်ချက်များဖြစ်ပေါ်လာစေသည်။

စိတ်တွင်းလျှို့ဝှက်ချက်များသည် ပြင်ဘက်နိမိတ်လက္ခဏာများ ဖြင့် ပူးတွဲပါလာသည်။ “သူ၏ ဆံပင်ရိတ်သောနောက် တစ်ဖန်ပေါက်ပြန် သောအခါ” (သူကြီး ၁၆:၂၂) အတွင်းအပြင် ရှံဆုန်သည် လူသစ်ဖြစ် လာသည်။ အပြစ်၏ကျေးကျွန်မဟုတ်တော့ပြီ။ မတရားသောမေထုန်ကို မှီဝဲခြင်းမရှိတော့ပြီ။ ဒေလိလကိုလည်း စွဲမက်ခြင်းမရှိတော့ပြီ။

ထိုသို့သော နိမိတ်လက္ခဏာကို လူတို့၏ နှလုံးသားတွင် ယနေ့ ဘုရားသခင်ပြုလုပ်လိုသည်။ Constantine နှင့်ခွဲခွာ၍ ခရစ်တော်နှင့် ပြန် လည်ပေါင်းစပ်ရန် ဖိတ်ခေါ်လျက်ရှိသည်။ ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့် တစ်ဦး ဆီလျော်မှုမရှိပါ။ အမှန်နှင့်အမှားခွဲခြားရန် ကျွန်ုပ်တို့ကို တိုက် တွန်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာနှစ်ခုသည် ပျော်ရွှင်စွာ အတူတကွ နေထိုင်နိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ရောမ၏ နေနေ့ (တနင်္ဂနွေနေ့) ကို ငြင်းဆန်ပြီး ခရစ်တော်၏ ဥပုသ်ကိုလက်ခံရန် ဤအရာနှစ်ခုသည်လည်း ပြန်လည်သင့်မြတ်ခြင်းမရှိနိုင်ပါ။ ရှံဆုန်နှင့် ဒေလိလတို့ကိုကွဲကွာရန် ကျွန်ုပ်တို့အား အကူအညီ တောင်းခံလျက်ရှိ သည်။

ရှံဆုန်၏ဆုတောင်းချက်

သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင် ရွက်ရန် ခွန်အားကိုလိုအပ်သည်။ ထိုနည်းတူ ရှံဆုန်လည်း ခွန်အားလိုအပ် သည်။ သူဆုတောင်းသည့်အခါ၌ ရရှိခဲ့သည်။ ရှံဆုန်အား ရဲတိုက်တွင်းမှ ပြက်ရယ်ပြုရန်ထုတ်ဆောင်သွားသောအခါ ရှံဆုန်သည် စိတ်ဆုံးဖြတ် ထားပြီးဖြစ်သည်။ မျက်စိများကင်းမဲ့လျက် ကောင်းကင်သို့ မော်ကြည့်ပြီး နောင်တရသော နှလုံးသားဖြင့် ဤသို့ ငိုကြွေးတောင်းလျှောက်၏။ “အို အရှင်၊ ထာဝရဘုရားသခင် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ ယခုတစ် ကြိမ်သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားသခင်ဟု ထာဝရဘုရား သခင်အား ဆုတောင်းပြီ။” (ငယ် ၂၈)။

ရုတ်တရက်ဘုရားသခင်၏ တန်ခိုးသည် ရှံဆုန်၏ ခွန်အားနှင့် ပေါင်းလိုက်သည့်အခါ ဇရပ်ကြီးသည် ပြိုလဲကျလေတော့သည်။ ဖိလိတ္တိ မင်းနှင့် လူပေါင်းသုံးထောင်သည် ဖိလျက်သေကြေပျက်စီးကြကုန်လေ သည်။ ဖိလိတ္တိတို့၏ နိုင်ငံရေးရပိုင်ခွင့်များသည် ခြေဖျက်ခြင်းခံရလေပြီ။ အံ့ဩဖွယ်ရာ အံ့သြခြင်းသည် ရှံဆုန်၏ ဆုတောင်းသံကို ဘုရားသခင် နားထောင်တော်မူခြင်းပင်ဖြစ်သည်။

ဘုရားသခင်သည် သင်နှင့်ကျွန်ုပ်၏ဆုတောင်းသံကိုလည်း နား ညောင်းတော်မူဆဲပင်ဖြစ်သည်။ အမှောင်ဆုံးသောည၊ အနက်ဆုံးသော ရဲတိုက်တွင်းမှထွက်ပေါ်လာသည့် မှေးမှိန်သောအသံကို နားထောင်တော် မူသည်။ အလွန်တရာစိတ်ဆင်းရဲနာကျင်မှုနှင့်ခါးသီးသော မျက်ကန်းမှုမှ ကျွန်ုပ်တို့၏ စိတ်ထက်သန်သောဆုတောင်းပြုမှုကိုလည်း နားညောင်း တော်မူမည်။ အိမ်ထောင်ရေးအသက်တာ၊ လိင်မှုကိစ္စ၊ ကိုယ်ရေးကိုယ် တာကိစ္စများအတွက် သန့်ရှင်းအောင်မြင်မှုရရှိစေရန် စိတ်၏ ဆန္ဒကို လည်း ဘုရားသခင်၏ နားထောင်လျက်ရှိသော နားသည် အစဉ်ကြား လျက်ရှိသည်။ ချစ်မေတ္တာအတွက် လိုလားတောင့်တသောစိတ်၊ ဝိညာဉ် ရေးအသက်တာတွင် သစ္စာရှိရန် ဆန္ဒတို့သည်လည်း ဘုရားသခင်ရင်ခွင် တွင်ရှိမည်သာပင်။ လန်းဆန်းဖွယ်ကောင်းသည်မှာ ရှံဆုန်၏ဆုတောင်း ပြုမှုကို နားညောင်းသော ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်း ကိုဖြေကြားရန် အဆင်သင့်ရှိနေခြင်းပင် ဖြစ်သည်။





No comments:

Post a Comment