- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၁၃) ဘုရားသခင်စုံဖက်သောအရာကို
လှပတင့်တယ်သော ဧဒင်ဥယျာဉ်တွင် တည်ငြိမ်ခန့်ညားသည့် တောင်တန်းနှင့်လွင်ပြင်များ၊ စိမ်းလန်းဝေဆာလျက်ရှိသော သစ်ပင်ကြီး များနှင့်ကြည်လင်သည့် စမ်းချောင်းများကို ဖြတ်ကျော်တိုက်ခတ်သည့် လေ၊ ရေတို့၏သာယာဖွယ်အသံများ၊ ငှက်ကလေးများ၏နားဝင်ချိုသည့် တွန်မြည်သံများ၊ ပန်းအလှတို့၏ သင်းကြိုင်သည့်ရနံ့များတို့၏ အထူးခမ်း နားထည်ဝါသည့်အရာများအကြားတွင် အံ့ဩဖွယ်ကောင်းဆုံးမှာ ဘုရား သခင်သည် ပထမဦးဆုံးလက်ထပ်မင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ သဘာဝ၏တေးသံများနှင့် ကောင်းကင်တမန်တို့၏ သီချင်း အထက်ဝယ် ဘုရားသခင်၏ သာယာနာပျော်ဖွယ်သောအသံသည် ပေါ် ထွက်လာသည်။ “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သား တစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” (မဿဲ ၁၉း၅)။
လျှို့ဝှက်ချက်
ပထမစုံတွဲကို ဘုရားသခင်ပေးသည့်ကောင်းချီးမင်္ဂလာတွင် စုံတွဲ တိုင်းအပေါ် ဘုရားသခင်၏ကောင်းချီးမင်္ဂလာသက်ရောက်ရန် ကြေညာ လိုက်ခြင်းဖြစ်သည်။ “ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ် တည်းဖြစ်ရလိမ့်မည်” (ငယ် ၅) နှစ်ရာပေါင်းများစွာကျော်လွန်ပြီးသည့် နောက် ခရစ်တော်သည် ထိုအခမ်းအနားကို မှတ်ချက်ပေးပြောဆိုရာ၌ “ထိုကြောင့်လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။”
(ငယ် ၆) ဟုဆိုသည်။
ဤအရာသည် အိမ်ထောင်ပြုခြင်း၏ လျှို့ဝှက်ချက်ဖြစ်သည်။ အခမ်းအနားအစတွင် ပေါင်းဖေါ်ဖက်နှစ်ဦးသည် ထီးနန်းရှေ့သို့ သွား ရောက်ပြီး အခမ်းအနားပြီးဆုံးသည့်အခါ တစ်ဦးအနေဖြင့် ပြန်လည် ထွက်ခွာသွားသည်။ “နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။" (ငယ် ၆)။ ဘယ်ကဲ့သို့ဖြစ်နိုင်မည်နည်း။ အကျော်ကြားဆုံးသော ခရစ်ယာန်အတွေး အခေါ်ပညာသည် ပေါလုသည် အံ့ဩစွာဖြင့်ရပ်ကာ ဤကဲ့သို့ကြေညာ လိုက်သည်။ “ဤအရာသည် အလွန်နက်နဲသောအရာဖြစ်ပေ၏” (ဧဖက် ၅း၃၂)။ ခရစ်ယာန်များ၏ အတွေ့အကြုံတွင် လျှို့ဝှက်နက်နဲသောအရာ မြောက်မြားစွာရှိသည်။ ဖန်ဆင်းခြင်း၊ လူဇာတိကိုခံယူခြင်း၊ ပြောင်းလဲ ခြင်း၊ အတွေးအခေါ်များ စသည်တို့ဖြစ်သည်။ လျှို့ဝှက်နက်နဲသည်။ ကျွန်ုပ်တို့ရှင်းပြ၍ နားမလည်နိုင်ပါ။ သို့သော် တွေ့ကြုံခံစားရပါသည်။ အိမ်ထောင်ပြုခြင်းအရာသည် လျှို့ဝှက်နက်နဲသောအရာပင် ဖြစ်၏။
ဘုရားသခင်သည် သုံးပါးတစ်ဆူချစ်ခြင်းအမှု၌ ပေါင်းစည်းသကဲ့ သို့ အိမ်ထောင်ပြုခြင်းအရာ၌လည်း တစ်ဦးတည်းဖြစ်မှုသည် ချက်ချင်း ဖြစ်ပြီး စဉ်ဆက်မပြတ် ကြာရှည်စွာတည်ရှိမည်ဖြစ်သည်။ အိမ်ထောင်ပြု သောနေ့၌ပင် ဘုရားသခင်၏ကြေညာခြင်းဖြင့် သူတို့သည် တစ်ဦးတည်း ဖြစ်လေ၏။ သို့သော် ရက်များ၊ နှစ်များကျော်လွန်သည့်အခါ တစ်ဦးနှင့် တစ်ဦး ညှိနှိုင်းခြင်းဖြင့် တပေါင်းတစည်းတစ်ဦးတည်း ဖြစ်လေ၏။ ဤ ပေါင်းစည်းခြင်းသည် လုပ်နည်းကိုင်နည်း အစီအစဉ်နှင့် ဖြစ်ပေါ်လာ သည့်အကျိုးရလဒ်ဖြစ်၏။
တည်မြဲခြင်း
အိမ်ထောင်ပြုခြင်းအရာကို အတည်ပြုပြီးသည်နောက် ခရစ် တော်သည် ကွာရှင်းခြင်းကို ချက်ချင်းပင် ပြစ်တင်ဝေဖန်ပြောဆိုလိုက် သည်။ “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲ ခွာစေနှင့်” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၁၉း၆)။ ကမ္ဘာဦးကျမ်းမှ Revelation ကျမ်းအထိ ကျမ်းစာတော်မြတ်၏ ဗဟိုသတင်းစကားမှာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဖြစ်သည်။ နှုတ်ထွက် စကားတော်တွင် ဘုရားသခင်မနှစ်သက်သောအရာတချို့ရှိသည်။ ထိုသို့ သောအရာမှာ လင်မယားကွာရှင်းခြင်းပင်ဖြစ်သည်။ “ကိုယ်စိတ်သဘော ကိုချုပ်တည်းကြလော့၊ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။” (မာလခိ ၂း၁၅၊၁၆)။ “မယားကိုစွန့်ခြင်း အမှုကို ငါမုန်းသည်” ဟု ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားသခင် မိန့်တော်မူ၏။ အဘယ်အကြောင်း ကြောင့်ဘုရားသခင်မုန်းတော်မူသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အိမ်ထောင်ပြုခြင်းအမှု တည်မြဲခြင်းကို ဆန့်ကျင်သည့်အတွက်ကြောင့် ဖြစ်သည်။
“သေသည့်တိုင်မခွဲခွာနှင့်” ဆိုခြင်းသည် ဘုရားသခင်၏ အစီအမံ ဖြစ်သည်။ စာတန်သည် အချိန်အခါတိုင်းလိုပင် အခြားသောအစီအစဉ် များရှိသည်။ စာတန်သည် အိမ်ထောင်ကွဲများနှင့် နှလုံးသားကြေကွဲခြင်း အရာများတွင် အထူးပြုသည်။ သူသည် ပစ်ပယ်ခြင်းခံရသော ကြင်ဖက်၏ အလွန်တရာ စိတ်ဆင်းရဲနာကျင်စွာခံစားရသည့် ဒဏ်ရာဒဏ်ချက်တို့ကို နှစ်သက်ဝမ်းမြောက်သည်။ ချစ်လှစွာသောမိဘနှစ်ပါး ရန်ဘက်ပြုတိုက် ခိုက်ခြင်းဖြင့် ကလေးများ၏ စိတ်တွင်းသို့ စိမ့်လာသည့်ခံစားရသော စိတ် လှုပ်ရှားမှုတို့ကို သူသည် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သူသည် မုန်းတီး ခြင်းကိုဖေါ်ပြသည်။ ထိုအရာသည် ချစ်ခြင်း၏ဆန့်ကျင်ဘက်၊ ဘုရား သခင်၏ စာရိတ္တပင်မဟုတ်ပါ၏လော။
ဖါရိရှဲများသည် လင်မယားကွာရှင်းခြင်းနှင့်ပတ်သက်သည့် အပြန် အလှန်ဆွေးနွေးပြောဆိုကြစဉ် ကိုယ်တော်က အလွန်ပြင်းထန်စွာဖြင့် ဤသို့ဆိုသည်။ ‘ငါ့ပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်သောသူသည် မိမိမယားကို ပြစ်မှား၏။” မဿဲ ၁၉း၉။ ထိုကြောင့် ဘုရားသခင်၏စိတ်တွင် လိင်မှုကိစ္စသစ္စာဖေါက်မှုမှတစ်ပါး အိမ်ထောင်ကို ကွာရှင်းရန် ဘယ်အကြောင်းမှ လက်ခံနိုင်ခြင်းမရှိပါ။
ထိမ်းမြားခြင်းအမှုသည် ဥပဒေအကျိုးသက်ရောက်သည့် ခိုင်လုံ ချက် (၂) ခုရှိသည်။ လောကတွင် မှတ်ပုံတင်ပြီး ကောင်းကင်တွင် မှတ် တမ်းတင်ထားသည်။ ကွာရှင်းခြင်းလည်း ဤကဲ့သို့သက်သေအထောက် အထား ၂ ခု ရှိရမည်။ လောကတွင် အသိအမှတ်ပြုခြင်းနှင့် ကောင်းကင် တွင် တရားဝင်အသိအမှတ်ပြုခြင်းဖြစ်သည်။ ကောင်းကင်၏ လက်ခံခြင်း အကြောင်းတစ်ခုတည်းသာရှိသည်ကို သခင်ယေရှုပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤလောက၏ တရားရုံးမှ ပယ်ဖျက်ခြင်းသည် ကောင်းကင် တရားရုံး၏အသိအမှတ်ပြုခြင်းမရှိသော် ဤကွာရှင်းခြင်းသည် တရားဝင် ပါ၏လော့ဟု မေးစရာအကြောင်း ဖြစ်လာမည်။
အသက်တာ၏နယ်ပယ်အသီးသီးတွင် မသိဘဲ အပြစ်ကျူးလွန်မှု များအတွက် ဘုရားသခင်သည် တာဝန်ကျခံရန်မပြုပါ။ “ဘုရားသခင် သည် မိုက်မဲသောအချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း” (တမန် ၁၉း၃ဝ)။ သို့သော် သူသည် ဘုရားသခင်၏ အလိုတော်ကို သိရှိနားလည် သောအခါ ၎င်းနေ့ရက်မှစပြီး ဘုရားသခင်၏အလိုတော်အတိုင်း သဘော ကိုက်ညီစွာ ဆောင်ရွက်ရန် တောင်းခံမည်ဖြစ်သည်။ ကယ်တင်ခြင်းကို အလေးအနက်ထားသောသူတို့အတွက် ဘုရားသခင်၏ သတင်းစကားမှာ “သွားလော့၊ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်” (ယော ၈း၁၁)။ ရောဂါပျောက်ကင်းခြင်း
ကွာရှင်းခြင်း၏ နာကျင်သော ခံစားချက်များကို သူတစ်ဦးတစ် ယောက်သည် ဘယ်ကဲ့သို့ သက်သာပျောက်ကင်းမှု ရရှိနိုင်မည်နည်း။ ပထမအချက်မှာ မပြီးပြတ်သော ဝိညာဉ်ရေးကိစ္စရပ်များကို ဂရုပြုလိုက် နာဆောင်ရွက်ရန်သင့်သည်။ အိမ်ထောင်ပျက်ပြယ်ကွာရှင်းမှုတွင် မည် သည့်အခန်းကဏ္ဍပါဝင်သည်ဖြစ်စေ၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို လက်ခံရယူရန် ရှာဖွေသင့်သည်။ “လာကြ၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှနီသော်လည်း သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။” (ဟေရှာ ၁း၁၈)။ ကျွန်ုပ်တောင်းလျှောက်သော် ဘုရားသခင်သည် ခွင့်လွှတ်မည် သာဖြစ်သည်။
ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကို စိတ်ချစွာလက်ခံရရှိကြောင်း သိရှိသည့်အခါ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ခွင့်လွှတ်ရန် အခြေခံသတ္တိကို ရရှိမည်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်ကိုလည်း ခွင့်လွှတ်ပါက အပြစ်ဝန်ထုပ် ကြီးသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး စိတ်သန့်စွာဖြင့် နေနိုင် မည်ဖြစ်သည်။ ရရှိသောအကျိုးကျေးဇူးသည် အတွင်းစိတ်၏ တည်ငြိမ် ခြင်းပင် ဖြစ်သည်။ “ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ် ရာသို့ရောက်လျှင် ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့ တော်၌ ငြိမ်သက်ခြင်းကိုခံစားကြ၏။” (ရောမ ၅း၁)။
ခွင့်လွှတ်ခြင်းသည် အခြားအတိုင်းအတာတစ်ခု ရှိသေးသည်။ အကယ်၍ ကြင်ဖက်ဟောင်းသည် ပြစ်မှုကျူးလွန်သူဖြစ်ပါက ၎င်းတို့ အတွက်ပါထည့် တွက်ရန်သင့်သည်။ တစ်ခါတစ်ရံခွင့်လွှတ်ရန် အလွန် တရာပင် ခဲယဉ်းသည်။ သို့သော် သခင်ယေရှု ကျွန်ုပ်တို့ကို သတိပေး သည်မှာ “သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုမလွှတ်လျှင် သင်တို့ အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူ။” (မဿဲ ၆း၁၅)။
ထိုနောက် ကျွန်ုပ်တို့သည် အကောင်းမြင်ဝါဒဖြင့် ဆက်လက် စီစဉ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ ကျိုးပဲ့သည့်အသက်တာ၏ အစအနများကိုကောက်ယူပြီး ရှေ့သို့ဆက်သွားရန် လိုအပ်မည်။ ပေါလု နည်းတူ ကျွန်ုပ်တို့ ပြောဆိုသင့်သည်မှာ “ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း ငါပြုသောအမှုတစ်ခုကား၊ နောက်ကျ သောအရာတို့ကို မမှတ်ဘဲ ရှေ့၌ရှိသောအရာတို့ကို ကမ်းလှမ်း၍ ယေရှု ခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင် သောဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။” (ဖိလိပ္ပိ ၃း၁၃၊၁၄)။ ပန်းတုံးတိုင်အသစ်နှင့် လုပ်ဆောင်ရန် လမ်းညွှန်အသစ်တို့ကို ရှာဖွေသင့် ပြီး အနာဂတ်ကို ယုံကြည်စွာဖြင့် ရင်ဆိုင်ရန်ဖြစ်သည်။ ဤနေရာတွင် ဤစာအုပ်၏အခန်း (၄) တွင် ဖေါ်ပြထားသော “တစ်ကိုယ်ရေ” များ၏ အခက်အခဲလမ်းညွှန်သည် အထောက်အကူဖြစ်နိုင်ပါသည်။
တစ်ခါတစ်ရံရုန်းကန်မှုသည် လွှမ်းခြုံဖိစီး၍ ကျွန်ုပ်တို့၏ နာကျင် ခံစားမှုကို ဘယ်သူမျှမခံစားရဟု ထင်မြင်သည့်အခါ ဘုရားသခင်လည်း မျှဝေခံစားသည်ကို သတိရပါ။ သူသည်လည်း ခွဲခွာခြင်း၏ နာကျင်မူကို တွေ့ကြုံခံစားရသည်။ သူချစ်လှစွာသောဣသရေလလူမျိုးသည် သူ့အား ငြင်းဆန်ပြီး “ကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိ ပါ။” သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့ ၏ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေ” ဟု ပြောဆိုကြ၏။ (ယော ၁၉း၁၅။ မဿဲ ၂၇း၂၅)။ သခင်ယေရှုမျက်ရည်ကျတော်မူသည်။ ဝိညာဉ် တော်တည်းဟူသော တစ်ပါးတည်းသော လက်ဦးဆရာကို ကျွန်ုပ်အား နှစ်သိမ့်စေခြင်းငှာ စေလွှတ်မည်ဖြစ်သည်။
အိမ်ထောင်ပြုခြင်းဖြင့် ဆွေမျိုးတော်စပ်သူများ
အိမ်ထောင်ပြိုပျက်ရန် အစွမ်းသတ္တိရှိသော ပုံသဏ္ဌာန်အမျိုးမျိုး ဆောင်သည့်လူမျိုးရှိသည်။ ဤကဲ့သို့သောသူထဲတွင် အိမ်ထောင်ပြုခြင်း ဖြင့် ဆွေမျိုးတော်စပ်သူများဖြစ်သည့် ယောက်ဖ၊ ယောက်မတို့လည်း ပါဝင်သည်။ တချို့သောယောက်ဖ၊ ယောက်မတို့သည် ၎င်းတို့၏ ကောင်း သောအကြံဉာဏ်များနှင့် ထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိရန် လို အပ်သည်။ တချို့တို့မှာ ကြိုတင်ကြံစည်ထားခြင်း မရှိသော်လည်း တာဝန် မကင်းဖြစ်၏။ ရည်ရွယ်ချက်သည် ဥပါဒ်မဖြစ်သော်လည်း ဖြစ်ပေါ်လာ သည့်အကျိုးရလဒ်သည် ဘေးဒုက္ခဖြစ်စေသည်။
ဧဒင်ဥယျာဉ်တွင် ဘုရားသခင်ပေးသောမိန့်မှာချက်ကို ပြန်လည် ကြည့်ကြပါစို့၊ “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ (က ၂း၂၄)။ တစ်ခါတစ်ရံပေါင်းဖေါ်ဖက်နှစ်ဦးတို့သည် “စွန့်” ရန် ပျက်ကွက်သည့်အတွက် “မှီဝဲ” ရန်လည်းမဖြစ်တော့ပြီ။ ဤ “စွန့်” ခြင်းသည် အမှန်တကယ် ရုပ်ပိုင်းဆိုင်ရာစွန့်လွှတ်ခြင်းဖြစ်သည်။ အိမ်ထောင်ကျစအကြင် လင်မယားအသစ်စက်စက်နှစ်ဦးသည် လွတ် လပ်စွာအိမ်ထောင်ခွဲနေသင့်သည်။ မည်မျှပင်နှိမ့်ချသော အဆောက်အဦ၊ အိမ်ဖြစ်စေ၊ ပြတ်သားထူးခြားသောအကျိုးကျေးဇူးကားရှိ၏။ ထိုနေရာ တွင် အုပ်စိုးရန်ဘာမျှမရှိသော်လည်း ယောက်ျားသည် ဘုရင်၊ မိန်းမသည် မိဖုရားဖြစ်သည်။ ဤလွတ်လပ်သည့်နေရာတွင် ၎င်းတို့နှစ်ဦးသည် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေသိရှိရန်လိုအပ်သည်။
ထိုသို့ “စွန့်” ခြင်းအရာသည် ရုပ်ပိုင်းသာမက စိတ်ပိုင်းလည်း ပါဝင်သင့်သည်။ သူတို့သည် လွတ်လပ်စွာ စဉ်းစားသင့်သည်။ ဖြစ်လေ့ ဖြစ်ထရှိသော၊ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာပါက အမေထံပြန် ပြေးရန်မရှိ။ ဖြစ်လေ့ဖြစ်ထရှိသောပြဿနာများ ပေါ်ထွက်လာပါက ဖေဖေထံပြေးပြီး ကြားဝင်ဖျန်ဖြေပေးရန် ရှာဖို့နေရာမရှိ။ ၎င်းတို့နှစ်ဦး သည် ဘုရားသခင်၏ ကြည့်ရှုမှုအောက်တွင် စိတ်ပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ အချည်းနှီးဖြစ်ခြင်းတို့ကို ရင်ဆိုင်ပြီး အဖြေရှာရမည်သာဖြစ်သည်။ တစ်ခါ တစ်ရံအကြံဉာဏ်တောင်းခံနိုင်သော်လည်း ဆုံးဖြတ်ချက်သည် ၎င်းတို့ ကိုယ်တိုင်ပြုလုပ်ချမှတ်ရမည်ဖြစ်သည်။
အသက်အရွယ်ကြီးရင့်လာသည့်အခါ အိမ်ထောင်တွင် ဆုံးရှုံးမှု၊ ဝမ်းနည်းမှုများနှင့် ကြုံတွေ့ရင်ဆိုင်လာသည့်ယောက်ဖ၊ ယောက်မတို့ကို ပြုစုစောင့်ရှောက်ရန် လိုအပ်လာနိုင်ဖွယ်ရှိသည်။ ထိုသို့သောအမှု၌ ဆွေ မျိုးတော်စပ်သူ၏အိမ်၌ ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် နေမည့်အစား မိမိတို့အိမ်၌ နေထိုင်စေပြီး မိမိတို့၏အစီအမံအောက်တွင် နေထိုင်ရန် ပို၍ ကောင်းသည်။ ထိုကဲ့သို့လုပ်ဆောင်ရန် စဉ်းစားပါက အကြင်လင်မယား နှစ်ဦးသည် အပြန်အလှန် သဘောတူညီမှုကိုရရှိရန် သေချာစွာပြုလုပ်ရ မည်။
တတိယလူ
မကြာခဏဆိုသလို မယားကွာရှင်းမှု၏အရင်းအမြစ်ကား “တတိ ယ” လူပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လုပ်ငန်း၌သော်လည်းကောင်း၊ ကြေးစားအလုပ်၌သော်လည်းကောင်း ရင်းနှီးစွာဆက်ဆံရသဖြင့် လိင်မှု ကိစ္စ၌ နီးနီးကပ်ကပ်ပေါင်းစပ်စည်းလုံးလာရန် ဖြစ်နိုင်သည့်အစွမ်းသတ္တိ ရှိသည်ကို သတိထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချစ်၍ မွေးထားသောတိရစ္ဆာန်ကလေးသည် အရွယ်ရောက်ပြီး ဧရာမကြီးသော ယုတ်ညံ့သည့်လူ့တိရစ္ဆာန်ကြီးဖြစ်လာကာ အိမ်ထောင်ရေးကို သတ်ရန် အကြောင်းဖြစ်လာနိုင်သည်။ ပညတ်တရားဆိုသည်မှာ “သတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့၊ သင်တို့၏ရန်သူတည်းဟူသော စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည် ရှာဖွေလျက်ရှိ၏။” (၁ပေ ၅း၈)။
လူသားများအတွက် ဘုရားသခင်၏အကြံအစည်မှာ ယောက်ျား တစ်ယောက်၊ မိန်းမတစ်ယောက်ဖြစ်သည်။ ဤအရာကိုဧဒင်ဥယျာဉ်တွင် ရှင်းလင်းစွာပြသခဲ့သည်။ ဖန်ဆင်းရှင်သည် ဤဂြိုဟ်ပေါ်တွင် လူဦးရေ များပြားရန် အလိုရှိသော်လည်း (က ၁း၁၈) ဖန်ဆင်းပြီးကာစ လူသည် မိန်းမတစ်ဦးထက်မက ယူရန်ခွန်အားနှင့် ပြည့်စုံသော်လည်း ဘုရားသခင် သည် အာဒံကို (ဧဝ) မိန်းမတစ်ဦးတည်းသာပေးခဲ့သည်။ စစ်မှန်သည့် အချစ်နှင့် ပျော်ရွှင်မှုအများဆုံးကို တစ်လင်တစ်မယားစနစ်ဖြင့်သာ ရရှိ သည်ကို သူသိရှိတော်မူသည်။
အာဗြဟံသည် သူ့အချိန်အခါတွင် လူ့အဖွဲ့အစည်းမှလက်ခံသည့် အခြားနည်းကို သူအသုံးပြုခဲ့သည်။ သူ့မယား၏အကူအညီဖြင့် မယား ငယ်ကိုသူယူခဲ့သည်။ သို့သော် သူ့အိမ်သည် စစ်မြေပြင်ဖြစ်ရန် အချိန် မကြာပါ။ (က ၁၆။၂၁) ဟာဂရနှင့် စာရဲတို့မှ ဆင်းသက်လာသော မျိုးဆက်များ၏ တိုက်ပွဲမှာ (Arab- Isreal) ဆက်ဆံရေး၌ ယနေ့အထိ နှစ်ပေါင်းများစွာ ကျော်လွန်ခဲ့သော်လည်း ရှိဆဲပင်ဖြစ်သည်။ ရှောလမုန် မင်းကြီးသည်လည်း သူ၏ကြေကွဲဝမ်းနည်းမှုကို ဖြစ်စေခဲ့သည်။ တော်ဝင် မယားငယ်များလည်း ထားရှိခဲ့သည်။ (၃ရာ ၁၁) သူသည် အသိတရား ပြန်လည်ဝင်လာသည့်အခါ “မမြဲမှုသက်သက်၊ မမြဲမှုသက်သက်ခပ်သိမ်း သောအရာတို့သည် မမြဲမှုသက်သက်ဖြစ်ကြ၏။” (ဒေသနာ ၁း၂) ဟုဆို သည်။
အိမ်ထောင်ရေးဆက်လက်ရှင်သန်ရန်
လိုအပ်သည့်အစိတ်အပိုင်း (၂) ခု
လူ၏စိတ်ဆန္ဒ
အိမ်ထောင်ကိုဖျက်ရန် ခွန်အားအကြီးဆုံးသောသူများသည် အိမ် ထောင်ဖက်နှစ်ဦးသာလျှင် ဖြစ်သည်။ ဘယ်သူဘယ်လိုပဲပြောပြော၊ ၎င်း တို့အိမ်ထောင်၏ သေရေးရှင်ရေးအတွက် အဆုံးအဖြတ်ပေးရန် ၎င်းတို့ သာလျှင် လုပ်ဆောင်ရမည်ဖြစ်သည်။ အိမ်ထောင်ကိုဖွဲ့စည်းတည်ထောင် ရန် အရာနှစ်ခုလိုအပ်သည်ကို ဖေါ်ပြပြီးဖြစ်သည်။ ၎င်းတို့မှာလူနှင့်ဘုရား သခင်တို့ဖြစ်သည်။ အိမ်ထောင်ကိုဖျက်ဆီးရန် အစိတ်အပိုင်း (၂) ခု လိုအပ်သည်ကိုလည်း သိရှိပြီးဖြစ်သည်။ လူနှင့်ဘုရားသခင်ဖြစ်သည်။ ထိုနည်းတူ အိမ်ထောင်ရေးဆက်လက်ရှင်သန်ရန် အစိတ်အပိုင်း (၂) ခု လိုအပ်သည်ဖြစ်ရာ ၎င်းတို့သည် လူနှင့်ဘုရားသခင်သာလျှင်ဖြစ်သည်။
လူတွင်ပါဝင်သည့်အစိတ်အပိုင်းသည် စိတ်ပါဝင်စားမှု အလိုဆန္ဒ ဖြစ်သည်။ တချို့သောအိမ်ထောင်ဖက်များသည် အိမ်ထောင်ရေး ဆက် လက်ရှင်သန်ရန် စိတ်အလိုဆန္ဒမရှိဘဲ အိမ်ထောင်ပြုခဲ့ကြသည်။ သူတို့ သည် ဤကဲ့သို့သဘောထားရှိသည်။ “စမ်းကြည့်ကြတာပေါ့၊ အလုပ်ဖြစ် ရင် အတူနေတာပေါ့၊ အလုပ်မဖြစ်ရင် သွားကြတာပေါ့ဗျာ။” ဤကဲ့သို့ သော ထင်မြင်ယူဆချက်ဖြင့် အိမ်ထောင်ရေးသည် တည်တံ့ခိုင်မြဲရန် အခွင့်အလမ်းမရှိပါ။ အလုပ်ဖြစ်ရန်လည်း စိတ်ဆန္ဒအလိုမရှိပါ။ ချုပ် နှောင်ခြင်း၊ လွှဲအပ်ခြင်းလည်းမရှိပါ။ တချို့သော အိမ်ထောင်ဖက်မှာမူ “အလုပ်ဖြစ်ရမယ်၊ ဘယ်လိုပဲစိန်ခေါ်မှုတွေရှိရှိ၊ နည်းလမ်းရှာဖွေပြီး ဖြေရှင်းမယ်” ဟု စိတ်ဆန္ဒရှိသည်။ ယုံကြည်မှု၊ အပ်နှံမှု၊ စိတ်ဝင်စားမှုဖြင့် စတင်ခဲ့ကြသည်။
အိမ်ထောင်တည်တံ့ခိုင်မြဲရန် ကြင်ဖက်နှစ်ဦးသည် စိတ်ဆန္ဒအလို ရှိရန်ဖြစ်သည်။ ဤစာအုပ်တွင်ဖေါ်ပြထားသည့် စည်းမျဉ်းများလက်တွေ့ ဆောင်ရွက်ရန် ကြင်ဖက်နှစ်ဦးသည် စိတ်ဆန္ဒအလိုရှိရမည်။ တစ်ဦးနှင့် တစ်ဦးချစ်ရန်နှင့် ဆက်လက်ချစ်နေရန် စိတ်ဆန္ဒအလိုရှိရမည်။ လူတစ်ဦး တစ်ယောက်သည် ချစ်ခြင်းဆိုသည်မှာ “နာမ်” အရာတစ်ခု၏ “အမည်” သက်သက်မဟုတ်၊ “ကြိယာ” “ပြုလုပ်သည့်” စာလုံးလည်းဖြစ်ကြောင်း ညွှန်ပြထားသည်။ အနက်အဓိပ္ပါယ်ကိုသာ ဖေါ်ပြရန်မဟုတ်၊ လုပ်ဆောင် ရမည့်အရာဖြစ်သည်။ ပေါင်းဖေါ်ဖက်နှစ်ဦးသည် “မင်းကိုချစ်တယ်” လို့
ဆက်လက်ပြောနိုင်ရန် စိတ်ဆန္ဒအလိုကို အသုံးပြုရန်လိုအပ်မည်။
လူသားတို့၏ စိတ်အလိုဆန္ဒသည် အတိုင်းအဆ အကန့်အသတ် မရှိပါ။ ဘုရားသခင်ကိုယ်တိုင်ပင် ဤကဲ့သို့မြွက်ဆိုခဲ့သည်။ ဗာဗုလုန်ရဲ တိုက်တည်ဆောက်ရန် စုရုံးနေသော အပြစ်သားများ၏ အစွမ်းသတ္တိကို ဘုရားသခင် ဤကဲ့သို့ ဖေါ်ပြသည်။ “ယခုကြံစည်သမျှတို့ကို အဆီး အတားမရှိ၊ သူတို့ပြုကြလိမ့်မည်” ဟုဆိုသည်။ (က ၁၁း၆) သခင်ယေရှု ကလည်း ဤအချက်ကို ထပ်မံအတည်ပြုသည်။ ယုံကြည်ခြင်းမုန်ညင်း စေ့ခန့်မျှလောက်သာရှိလျှင် တောင်ကိုနေရာမှ ရွေ့ရန်အခက်အခဲမရှိဟု ဆိုရာ၌ “သင်တို့မတတ်သော အမှုမရှိ” (မဿဲ ၁၇:၂၀) ဟုဆိုသည်။ အကန့်အသတ်မရှိသော စွမ်းရည်ပါတကား။ လက်ထပ်မင်္ဂလာနေ့တွင် “ဟုတ်ကဲ့” ဟုဝန်ခံပြောဆိုခဲ့သည်။ နေ့စဉ်ပြောဆိုရန် လိုအပ်သည်မှာ “လုပ်မည်” ဟူသောစိတ်ဆန္ဒပင်ဖြစ်သည်။
အနန္တတန်ခိုး
အိမ်ထောင်ရေးဆက်လက်ရှင်သန်ရန် အစိတ်အပိုင်း (၂) ခု လို အပ်သည်ကို ဖေါ်ပြပြီးဖြစ်သည်။ ဒုတိယမရှိမဖြစ်သောအရာသည် ဘုရား သခင်၏ တန်ခိုးပင် ဖြစ်သည်။ လူသား၏ အလိုဆန္ဒတစ်ခုတည်းဖြင့် အောင်မြင်မှုမရရှိနိုင်ပါ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ရေးမြစ်ရေစီးချောင်းတွင် ကြင်ဖက်နှစ်ဦးသည် အလွန်သန် သောစာတန်တန်ခိုး၏ ရေစီးချောင်းကိုဆန်၍ လှော်ခတ်ရသောကြောင့် ဖြစ်သည်။ များမကြာမီ ပေါင်းဖေါ်ဖက်နှစ်ဦးသည် လက်ပန်းကျပြီး မော ပန်းလာတော့သည်။ ၎င်းတို့၏ အလိုအပ်ဆုံးအရာသည် တတိယလူ၏ တန်ခိုးပင်ဖြစ်သည်။ ၎င်းတွင်ရှိသော ဝိညာဉ်ရေးတန်ခိုးသည် စာတန် ထက် သာလွန်ကြီးမြတ်သည်။ ထိုတတိယလူသည် သခင်ယေရှုပင် ဖြစ် သည်။
ခရစ်တော်သည် အိမ်ထောင်တည်တံ့ခိုင်မြဲစွာရှိခြင်းကို နှစ်သက် လိုလားသည်။ လက်ထပ်ခြင်းအမှုသည် သူ၏ပထမဦးဆုံးလက္ခဏာပြု သည့်အရာဖြစ်သည်။ ကျွန်ုပ်တို့၏ လက်ထပ်ခြင်းအမှုသည်လည်း ကာန ၌မင်္ဂလာစုံတွဲကဲ့သို့ သူ့အားလက်ထပ်မင်္ဂလာပွဲနေ့၌ (သို့မဟုတ်) နေ့စဉ် ဖိတ်ကြားခဲ့သော် သူသည် ကျွန်ုပ်တို့၏ လက်ထပ်ခြင်းအမှုကို နိမိတ် လက္ခဏာပြုသည့်အရာဖြစ်စေမည်။ နေ့စဉ်နံနက်နှင့် ညနေတိုင်းတွင် အတူတကွဒူးထောက် ဆုတောင်းရန်ဖြစ်သည်။ အကယ်၍ ပေါင်းဖေါ် ဖက်တစ်ဦးသည် ထိုကဲ့သို့ ဆုတောင်းရန်စိတ်ဝင်စားမှုမရှိခဲ့သော် အခြား တစ်ဦးမှာတစ်ယောက်တည်းသာ ပြုလုပ်နိုင်သည်။
ယနေ့အိမ်ထောင်များကိုကယ်ရန် ဘုရားသခင်တွင် အကန့် အသတ်မရှိ၊ တန်ခိုးရှိတော်မူသည်။ “ဤအမှုကိုလူမတတ်နိုင်၊ သို့သော် လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည် ဟု မိန့်တော်မူ၏။” (မဿဲ ၁၉း၂၆)။ “ဘုရားသခင်တတ်နိုင်တော် မမူသောအမှုမရှိ” ဟု ဆိုသည်ကိုလည်း တွေ့ရသည်။ (လုကာ ၁း၃၇)။ “လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်” (လုကာ ၁၈း၂၇) ကာလအစဉ်အဆက် ထင်ပေါ်လျက်ရှိသည်မှာ “ဘုရားသခင် ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲခွာစေနှင့်” ဆိုသည့် အချက်မှာယနေ့ထက်တိုင် တည်လျက်ရှိသည်။ (မဿဲ ၁၉း၆)။ လူ၏ အလိုဆန္ဒနှင့် ဘုရားသခင်၏တန်ခိုးတည်းဟူသော သော့နှစ်ချောင်းသည် အကန့်အသတ်မရှိဂိတ်တံခါးများကို ဖွင့်နိုင်သည့်အစွမ်းသတ္တိရှိပါသည်။
ပြန်လည်အပ်နှံခြင်း
ဧဒင်ဥယျာဉ်တွင် အခြားသောပေါင်းစပ်ခြင်းတစ်ခုလည်း ဖြစ်ပေါ် ပြီးပြည့်စုံခဲ့သည်။ ဖန်ဆင်းခြင်းအရာပြီးသည်နောက် အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့သည်။ ဖန်ဆင်းရှင် သခင်ယေရှုခရစ်ကိုယ်တော်တိုင် (ယော ၁း၁-၃) သတ္တမနေ့ဥပုသ် (က ၂း၁-၃) ကိုဖွဲ့စည်းတည်ထောင်သော အခမ်းအနားကိုကျင်းပခဲ့သည်။အလွန်နှစ်ခြိုက်ထည်ဝါသောဧဒင်ဥယျာဉ် ထဲတွင် ကယ်တင်ရှင်နှင့်ဥပုသ်နေ့သည်ထာဝရမေတ္တာကြိုးနှင့်ချည်နှောင် ပြီး ထိမ်းမြားလိုက်ခြင်းပင်ဖြစ်သည်။ နှစ်ရာပေါင်းများစွာတစ်လျှောက် လူတို့သည် ၎င်းအရာနှစ်ခုကိုခွဲခွာရန် ကြိုးစားကြသည်။ သို့သော် နှုတ် တော်ထွက်၏ သက်သေခံချက်မှာ ၎င်းတို့သည် ပေါင်းစည်းခဲ့သည်။ ပေါင်းစည်းနေသည်။ ဆက်လက်ပြီး ထာဝရပေါင်းစည်းနေဦးမည် ဖြစ် သည်။ “ထိုကြောင့် ဘုရားသခင်ဖက်စပ်၍ ပေါင်းစည်းထားသောအရာကို လူမခွဲခွာစေနှင့်။”
နှစ်အချိန်ကာလများစွာကျော်လွန်ခဲ့သော် လောကရှိ လူတို့သည် ဧဒင်ဥယျာဉ်၌ ကျင်းပခဲ့သောအခမ်းအနားကို မေ့ပျောက်ခဲ့ရာ တစ်ဖန် ပြန်လည်အပ်နှံသည့် ဝတ်ပြုပွဲကို သိနာတောင်တွင် ပြုလုပ်ခဲ့သည်။ ထို နေရာတွင် ခရစ်တော်သည် ဘုန်းတန်ခိုးနှင့် ထွက်ပေါ်လာသည်။ ဣသ ရေလလူမျိုးများတောထဲလှည့်လည်သည့်ကာလတစ်လျှောက် သူတို့အား ပြုစုစောင့်ရှောက်သောသူသည် ခမည်းတော်ဘုရားသခင်မဟုတ်၊ သား တော်ပင်ဖြစ်သည်။ မောရှေသည် ၎င်း၏နာမည်ကိုမေးသော် “ငါဖြစ်သည် အတိုင်းငါဖြစ်၏” (က ၃း၁၄) ဟုဖြေကြားခဲ့သည်။ ဖါရိရှဲများသည် ၎င်း၏ ဘာသာတရားအမှု၌ မေးမြန်းသည့်အခါ “ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီငါဖြစ်၏။” (ယော ၅း၅၈)။ ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်း တို့၏ ထာဝရ “ငါ” သည် သခင်ယေရှုခရစ်ပင်ဖြစ်သည်။
သိနာတောင်ပေါ်တွင် ကယ်တင်ခြင်းစီမံကိန်းကို ထပ်မံပြော သောသူသည် ခရစ်တော်ပင်ဖြစ်သည်။ အထူးဂရုစိုက်ပြုလုပ်ထားသော ဝတ်ပြုခြင်းအမှုနှင့် ပူဇော်သကာပွဲများတွင် သူသည် ဣသရေလအမျိုးတို့ အား ကယ်တင်ခြင်းသည် သိုးသငယ်၏ အသွေးတော်ဖြင့်သာရရှိသည့် ဖြောင့်မတ်ခြင်းတရားဖြစ်ကြောင်းကို သွန်သင်ပြသနေခြင်းဖြစ်သည်။ (ဝတ် ၄း၃၂-၃၅)။
သိနာတောင်တွင် ဒုတိယအရေးကြီးဆုံးသော ဓမ္မသြဝါဒသဘော သည် တစ်ဦးတစ်ယောက်သောသူသည် ခရစ်တော်၏ အသွေးတော်ဖြင့် ကယ်တင်ခြင်းရရှိခဲ့သော် သူသည် သခင်ယေရှု၏ပညတ်တရားကို စောင့် ကြပ်နားထောင်ရမည်သာဖြစ်သည်။ (ထွက် ၂၀း၁-၁၇)။ ဥပုသ်နေ့သည် ထိုပညတ်တရား၏ အလယ်ဗဟိုတွင်တည်ရှိရာ ကယ်တင်ခြင်းအဖြစ် ထင်ပေါ်သောနိမိတ်လက္ခဏာအဖြစ် ရပ်တည်လျက်ရှိသည်။ (ထွက် ၃၁း၁၃)။ သိနာတောင်တွင် ကယ်တင်ရှင်နှင့် ဥပုသ်နေ့သည် တစ်ဖန်ပြန် လည်ပေါင်းစည်းအပ်နှံသည့်အခမ်းအနားကျင်းပခဲ့သည်။
အရိပ်
တချို့သောသူတို့သည် ကရာနီကုန်းပေါ်တွင် ကွာရှင်းခြင်းဖြစ်ခဲ့ သည်ဟုဆိုကြသည်။ (ကောလောသဲ ၂း၁၃-၁၇) ကိုသက်သေပြကြသည်။ “သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ် သောဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍ လက်ဝါးကပ် တိုင်မှာ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီး--- ထို ကြောင့် စားသောက်ခြင်းအမှုပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကိုစောင့် ခြင်းအမှုတွင် သင်တို့ကို ဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့ သည် နောက်ဖြစ်လတ္တံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား၊ ခရစ်တော်၏ကိုယ်ဖြစ်၏။
သို့သော် ဤအပိုဒ်သည် အပတ်စဉ်သတ္တမဥပုသ်ပညတ်တရား အကြောင်းရည်ညွှန်းပြောဆိုခြင်းမရှိပါ။ ဝတ်ပြုရာကျမ်းတွင် ဖေါ်ပြထား သော နှစ်စဉ်ပွဲနေ့ဥပုသ်များကိုပြောဆိုနေခြင်းဖြစ်သည်။ ကယ်တင်ရှင်၏ အရိပ်အဖြစ်ဖေါ်ပြသည့်စနစ်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ဤကပ်တိုင် ၏ အရိပ်ကို ဣသရေလအမျိုးတို့၏ တဲတော်တွင်း ဝတ်ပြုပွဲများ၌ ရေးဆွဲ ထားသည်။
တဲတော်တွင်း၌ နေရာသုံးနေရာ ပိုင်းခြားထားရှိသည်။ ဝင်းခြံ အတွင်း၌အင်တုံနှင့် ကြေးဝါယဇ်ပလ္လင်ထားရှိသည်။ သန့်ရှင်းရာဌာန၌ မီးခုံ၊ မီးခွက်၊ ရှေ့တော်တည်သောမုန့်၊ နံ့သောပေါင်းရှို့ရာ ရွှေယဇ်ပလ္လင် ရှိသည်။ အသန့်ရှင်းဆုံးဌာနတွင် သက်သေခံချက်သေတ္တာ၊ တရားဟော စင်မြင့်၊ ၎င်းတို့ကို လွှမ်းခြုံထားသော ရွှေကောင်းကင်တမန်၏ တောင်ပံ အောက်တွင်ရှိကာ ရောင်ခြည်ဖြင့် ခရစ်တော်ကို မျက်မြင်ဖေါ်ပြလျက် တည်ရှိနေသည်။ ယဇ်ပုရောဟိတ်တို့သည် နေ့စဉ်ပြုလုပ်ရမည့် ယဇ်ပူ ဇော်ပွဲများကိုလည်းကောင်း နှစ်စဉ်ပူဇော်ပွဲများကို ယဇ်ပုရောဟိတ်နှင့် ယဇ်ပုရောဟိတ်မင်းကြီးတို့မှလည်းကောင်း ကြီးမှူးကျင်းပပြုလုပ်ကြ သည်။
နေ့စဉ်အပြစ်သားများသည် ပူဇော်သကာယဇ်များကို ယူဆောင် လာကြသည်။ ၎င်းနောက် ဝင်းအတွင်း၌ နောင်တရရှိသောအပြစ်သား သည် အပြစ်ကင်းမဲ့သောသိုးသငယ်ပေါ်လက်တင်ကာ မိမိအပြစ်များဖေါ် ပြဝန်ခံလျက် ခရစ်တော်ကိုပုံဆောင်သည့် အပြစ်ကင်းမဲ့သော အစားထိုး ယဇ်ကောင်ကိုသတ်ရသည်။ ထိုနောက်ယဇ်ပုရောဟိတ်သည် သိုးသငယ် ၏ အသွေးကို သယ်ဆောင်ပြီး သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းအမှုကို ပြုသည်။
နှစ်စဉ်တစ်နှစ်လျှင်တစ်ကြိမ် အပြစ်ဖြေရာနေ့ကို ကျင်းပပြုလုပ် သည်။ အထူးဝတ်ပြုပွဲအစီအစဉ်ဖြင့် သန့်ရှင်းဆုံးသောဌာန၌ ကျင်းပရာ တစ်နှစ်လုံး ပြုခဲ့သမျှသောအပြစ်များ ဖြေလွှတ်ခဲ့သည်ကိုပုံဆောင်သည်။ ထိုနေ့ရက်သည် (၇) နှစ်လပိုင်း၏ (၁၀) ရက်နေ့ဖြစ်သည်။ ထိုနေ့ထူးနေ့ မြတ်ကို ဥပုသ်နေ့ဟုခေါ်ဆိုသည်။ “သတ္တမလ၊ ဒဿမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။--- ထိုနေ့၌ ဘယ်အလုပ်ကိုမျှမလုပ်ရ။ --- ထိုနေ့၌ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာ ကျင့်ရသောနေ့ဖြစ်၏။” (ဝတ် ၂၃:၂၇၊၂၈၊၃၂)။
ဝတ်ပြုရာကျမ်းတွင် ဓမ္မစည်းဝေးပွဲတော်ခုနစ်မျိုးကို ဖေါ်ပြထား သည်။ ပသခါပွဲတော်၊ တဆေးမပါသောမုန့်ကို စားရသောပွဲတော်၊ ကောက်သစ်စားပွဲတော်၊ ပင်တေကုတ္တေပွဲတော်၊ တံပိုးခရာပွဲတော်၊ အပြစ်ဖြေရာနေ့၊ တဲတော်၏ပထမနှင့်နောက်ဆုံးရက်များ၊ တဲတော်ပွဲများ ဖြစ်သည်။ ဤပွဲတော်ရက်များသည် သန့်ရှင်းသည့်အနားရက်များဖြစ်ပြီး သန့်ရှင်းသည့်ဥပုသ်နေ့များဟုခေါ်သည်။ ၎င်းနေ့များသည် ငြိမ်ဝပ်စွာ နေပြီး ဘုရားဝတ်ပြုခြင်းအမှုကို ပြုရသောနေ့များဖြစ်သည်။ တစ်နှစ် လျှင် တစ်ကြိမ်သာဖြစ်ပြီး ခရစ္စမတ်ပွဲ (သို့မဟုတ်) Easter ပွဲကဲ့သို့ဖြစ် သည်။ ဤဥပုသ်များသည် ကယ်တင်ရှင်၏ ပုံရိပ်စနစ်နှင့်သက်ဆိုင်ပြီး ကပ်တိုင်တွင် ပြီးဆုံးသွားခဲ့လေပြီဖြစ်၏။
ကွာရှင်းခြင်းမရှိ
ထိုကဲ့သို့သောပွဲတော်များကို နှစ် (၁၅၀၀) ကျော် ပြုလုပ်ပြီး နောက်ခရစ်တော်တည်းဟူသော ဘုရားသခင်၏သိုးသငယ်သည် ကရာနီ ကုန်းပေါ်ရှိ ကပ်တိုင်၌ စတေးခံခဲ့ရသည်။ သူအသက်ထွက်ချိန်တွင် “အမှု ပြီးပြီ” ဟု ကြွေးကြော်ခဲ့သည်။ (ယော ၁၉း၃ဝ)။ ချက်ချင်းပင် တဲတော် အတွင်း၌ရှိသော ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင် အောင် စုတ်ပြဲခဲ့လေသည်။ (မဿဲ ၁၇:၅၁) ဝတ်ပြုကိုးကွယ်ရာ စနစ် တစ်ခုလုံးပြီးဆုံးသွားခဲ့လေပြီ။ ခရစ်တော်ယူဆောင်သွားပြီး ကပ်တိုင်၌ ရိုက်ထားလိုက်ပြီးဖြစ်သည်။ (ကောလောသဲ ၂း၁၄)။
ထိုကြောင့် ယနေ့ကျွန်ုပ်တို့သည် သက်သေခံချက်သေတ္တာနှင့် ကရုဏာ--- ထီးနန်းများကို မလိုအပ်တော့ပြီ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ကျေးဇူးတော်သည် ကရုဏာကိုပေးနိုင်လေပြီ။ ရှေ့တော် မုန့်ကိုမလိုတော့ပြီ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် အသက် မုန့်ဖြစ်၏။ (ယော ၆း၄၈)။ ဖယောင်းတိုင်မီးမလိုတော့ပြီ။ အဘယ် ကြောင့်ဆိုသော် ယေရှုသည် ဤလောက၏ အလင်းဖြစ်တော်မူသည်။ (ယော ၉း၅)။ ကျွန်ုပ်တို့သည် နံ့သာဆီမွှေးကို မလိုတော့ပြီ။ အဘယ် ကြောင့်ဆိုသော် ခရစ်တော်သည် မွှေးကြိုင်သောအနံ့ဖြစ်၏။ (ဧဖက် ၅း၂)။ နှစ်စဉ်ကျင်းပပူဇော်သော ဥပုသ်များမလိုတော့ပြီ။ အဘယ်ကြောင့် ဆိုသော် ခရစ်တော်သည် ကျွန်ုပ်တို့၏ ပသခါပွဲဖြစ်ပြီး (၁ကော ၅း၇)။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ ပင်တေကုတ္တေပွဲဖြစ်၏။ (တမန် ၂း၁-၄)။ သိုးသငယ်ကို မလိုအပ်တော့ပြီ။ သခင်ယေရှုသည် သိုးသငယ်ဖြစ်၏။ (ယော ၁း၂၉)။ ပလ္လင်မလိုတော့ပြီ။ ကရာနီသည် ထီးနန်းဖြစ်၏။ (၁ပေ ၂း၉)။ ယဇ်ပုရောဟိတ်မလိုတော့ပြီ။ ခရစ်တော် သည် ယဇ်ပုရောဟိတ်မင်းကြီးဖြစ်၏။ (ဟေဗြဲ ၄း၁၄)။
ထိုကြောင့် ကရာနီတွင် ပယ်ဖျက်လိုက်သည့် ဓမ္မသတ်ထုံးကျမ်း သည် နှစ်စဉ်ကျင်းပသည့် ဥပုသ်ပွဲများဖြစ်ပြီး ပတ်စဉ်ကျင်းပသည့် ဥပုသ် မဟုတ်ပါ။ ဥပုသ်နေ့ကိုကပ်တိုင်တွင် ပယ်ဖျက်မည့်အစား ခရစ်တော် သည်အတည်ပြုခဲ့သည်။ ဖန်ဆင်းခြင်းအမှုပြီးဆုံးသည့်နောက် ဖန်ဆင်း ခြင်းအရာတို့အပေါ် အောက်မေ့သတိရစေရန် ဥပုသ်နေ့တွင် ငြိမ်သက်စွာ နေတော်မူသည်။ ထိုနည်းတူ ကယ်တင်ခြင်းအလုပ် ပြီးဆုံးသည့်အခါ ကယ်တင်ခြင်းအရာကို အောက်မေ့သတိရစေရန် ဥပုသ်နေ့တွင် တစ်ဖန် ငြိမ်ဝပ်စွာနေတော်မူမည်။ ကရာနီတွင် ကွာရှင်းခြင်းမရှိပါ။
အခမ်းအနားကျင်းပခြင်း
ကယ်တင်ရှင်နှင့် ၎င်း၏ဥပုသ်သည် ထာဝရအစဉ်ပေါင်းစည်းလေ ပြီ။ ဧဒင်တွင်မဟုတ်၊ သိနာတွင်မဟုတ်၊ ကရာနီတွင်မဟုတ် ဇိအုန် တောင်ပေါ်တွင်ဖြစ်သည်။ “ထိုနောက်မှ ငါကြည့်လျှင် သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး ၌အက္ခရာတင်သော သူတစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့် အတူရှိကြ၏။---- သူတို့သည် အသစ်သောသီချင်းကို ဆိုကြ၏။” (ဗျာ ၁၄း၁၊၃)။ အောင်မြင်ခြင်းသီချင်း အခမ်းအနား ကြွေးကြော်သံပင်ဖြစ်၏။
ကယ်တင်ရှင်ရှေ့တွင် ရပ်လျက်ရှိသော သန့်ရှင်းသူများသည် မည်သူများဖြစ်ကြသနည်း။ ၎င်းတို့၏ အရည်အချင်းများကို အခန်းငယ် (၄) မှ စတင်ပြီး အငယ် ၁၂ တွင် အထွတ်အထိပ်သို့ရောက်ရှိသည်။ “ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံ စရာအကြောင်းရှိ၏။" (ဗျာ ၁၄း၁၂)။ သူတို့သည် ခရစ်တော်၌ ယုံကြည် ခြင်းဖြင့်ကယ်တင်ခြင်းကိုရရှိပြီးပညတ်တရားများကိုလည်းစောင့်ရှောက် သောသူများဖြစ်ကြသည်။ သူတို့သည် ဥပုသ်စောင့်ရှောက်သူများဖြစ် ကြသည်။ သားရဲနှင့် သူ၏တံဆိပ်ကို အောင်မြင်ပြီး ထီးနန်းပေါ်တွင်ထိုင် လျက် ကိုယ်တော်နှင့် အတူစိုးစံလျက်နေ၏။ (ဗျာ ၂၀း၄)။ ကယ်တင်ရှင် နှင့် ဥပုသ်သည် ထာဝရ အစဉ်ပေါင်းစည်းလျက်ရှိပြီ။
လက်ချင်းယှက်လျက်၊ ဘေးချင်းယှဉ်လျက် အချိန်ကာလ၏စင်္ကြံ တစ်လျှောက် အတူတကွ လျှောက်လှမ်းရသောအခွင့်ရှိ၏။ ထိုထက်ပို သည်မှာ ထာဝရလမ်းပေါ်သို့လျှောက်နိုင်ရန် စုံတွဲတိုင်း၏ အခွင့်အရေး ဖြစ်နိုင်၏။ ထိုမြို့တော်၏ လမ်းမများပေါ် သင်၏အိမ်ထောင်မိသားစုဝင် များနှင့်အတူတကွ လမ်းလျှောက်သည်ကို စဉ်းစားကြည့်ပါ။ “လူသတ္တဝါ အပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှာ လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်းလာကြလိမ့်မည်ဟု ထာဝရဘုရားသခင် မိန့်တော်မူ၏။” (ဟေရှာ ၆၆း၂၃)။ မည်မျှပင် ကြီးကျယ်သည့်အခမ်းအနားဖြစ်ပါသနည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment