Thursday, January 22, 2026

အခန်း (၂) ချစ်သူများချိန်းတွေ့ခြင်း


“Keturah ရေ၊ ဒီလာခဲ့။ အဖေဖြစ်သူက သူ့သမီးကို ခေါ်လိုက် တယ်။ “မင်းနဲ့ပေးစားမယ့်ယောက်ျားနဲ့လာတွေ့ပါ။ ငါသူ့ကိုကြိုက်တယ်။ မင်းလဲသူ့ကို တကယ်ချစ်နိုင်မယ်လို့ထင်တယ်။” သမ္မာကျမ်းခေတ်အချိန် မိဘတွေက သူတို့ရဲ့သားသမီးများအတွက် အိမ်ထောင်ဖက်ရှာတဲ့နည်း ဖြစ်တယ်။ အရှေ့တိုင်းဘက်မှာ ဒီနေ့အထိ ဒီဓလေ့ထုံးစံတွေကို ပြုလုပ် တာတွေ့ရတယ်။ အဲဒီလိုလူ့အဖွဲ့အစည်းမှာ ချစ်သူတွေ၊ ချိန်းတွေ့ခြင်း ဟာ မဆီမဆိုင်တဲ့အလုပ်တစ်ခုပဲ ဖြစ်တယ်။ ဒါပေမယ့် အနောက်တိုင်း ယဉ်ကျေးမှုမှာ လူငယ်တွေက မိမိတို့ရဲ့ကြင်ဖက်ကို ကိုယ်တိုင်ရှာကြတဲ့ အခါ ရွေးချယ်မှုအတွက် သူတို့ကို ကူညီရမှာဖြစ်တယ်။ ချစ်သူတို့တစ်ဦး နှင့်တစ်ဦး အကျွမ်းတဝင်ဖြစ်ဖို့နဲ့ အကဲဖြတ်နိုင်ဖို့၊ တစ်ယောက်နဲ့ တစ် ယောက်နီးကပ်ဖို့၊ အခွင့်အလမ်းများရှိဖို့လည်းလိုအပ်တယ်။



ချစ်သူများချိန်းတွေ့ခြင်းလမ်းညွှန်

မိတ်ဖွဲ့ခြင်း။


နှစ်ဦးအတူတကွတန်ဖိုးရှိတဲ့ အချိန်များများယူပါ။ တန်ဖိုးရှိတဲ့ အရာဟူသရွေ့ အချိန်လုယူရစမြဲပါ။ ဒီလိုအရေးကြီးတဲ့ ဆက်ဆံမှုကို ဖန် တီးတဲ့အခါပိုပြီးအချိန်ယူရမှာဖြစ်တယ်။ အချိန်အရေအတွက် အတူတကွ ရှိတဲ့ အချိန်ရဲ့တန်ဖိုးက ပိုအရေးကြီးတယ်။ ချစ်သူများချိန်းတွေ့တဲ့အခြေ အနေ အမျိုးမျိုးရှိတယ်။ ပြပွဲပြိုင်ပွဲများသို့ အတူတကွသွားရောက်ကြည့်ရှု ခြင်း၊ ဥပမာ- ဘောလုံးပွဲ၊ Concert show ပွဲများနဲ့ဧည့်ခံပွဲများသို့ သွား ရောက် ခြင်းမျိုး။ အတူတကွလှုပ်ရှားမှုတွင် ပါဝင်ရန် ချိန်းဆိုခြင်း၊ ဥပမာ- လမ်းလျှောက်ခြင်း၊ တောစခန်းထွက်ခြင်း၊ အားကစားလှုပ်ရှားခြင်းမျိုး ဖြစ်တယ်။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအကျွမ်းတဝင် ရှိဖို့ စကားပြောရန် ချိန်းဆိုခြင်းမျိုးပဲဖြစ်ဖြစ်၊ တစ်ဦးနဲ့တစ်ဦး ပိုမိုသိရှိလာ ရန် အချိန်ယူဖို့လိုတယ်။



လုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပါ

ပတ်ဝန်းကျင်က နှစ်ယောက်သားစကားပြောဖို့ အဆင်ပြေတဲ့ နေရာမျိုး လိုအပ်တယ်။ တစ်ခါတစ်ရံ အများပြည်သူနဲ့ဆိုင်တဲ့နေရာမျိုး၊ တစ်ခါ တစ်ရံကျတော့ နှစ်ဦးသားတို့အတွက်သာ ကိုယ်ပိုင်နေရာမျိုး လည်း လိုအပ်ပါတယ်။ သို့သော် နှစ်ဦးနှစ်ယောက်တို့အတွက် လွတ်လပ် မှုလိုအပ်သော်လည်း လျှို့ဝှက်မှုကိုတော့ ရှောင်ကြဉ်ရမယ်။ အနီးအနား မှာ အခြားသူများရဲ့ လုံခြုံမှုကိုရယူရင် မမှားပါဘူး။ စိတ်ချလုံခြုံတဲ့ ပတ်ဝန်းကျင်ဆိုတာ စိတ်ချယုံကြည်ရတဲ့ ဧည့်ခံမှုအဆင့်လည်း ပါဝင် တယ်။ သင့်လျော်တဲ့သီချင်းများကို လိမ္မာစွာရွေးချယ်ပါ။ တချို့သော သီချင်းများက ကောင်းတဲ့အပြုအမူများကို ဖြစ်စေသလို တချို့သော သီချင်းများက မသင့်လျော်တဲ့ တပ်မက်မှုပါသော နှိုးဆွမှုကို ဖန်တီးစေ တယ်။ ထိုနည်းအတူ ရုပ်ရှင်များကြည့်တဲ့အခါ သေချာစွာ ရွေးချယ်ပါ။ တချို့ရုပ်ရှင်များက ဧည့်ခံမှုအတွက် အလွန်ကောင်းသလို တချို့ ရုပ်ရှင် များက မတော်လျော်တဲ့ အရာများပြုလုပ်ဖို့ တွန်းအားပေးတယ်။ သင့် လျော်တဲ့အဝတ်အစားဆင်ယင်မှုလည်း အရေးကြီးပါတယ်။ ဘာကြောင့် လဲ ဆိုတော့ ဝတ်ဆင်မှုဟာ ညဆင်နွှဲမည့်ပွဲအတွက် ကြေညာမှုတစ်ခု ဖြစ်တယ်။ နှုတ်ထွက်စကားတော်ရဲ့ သတိပေးချက်က “သတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့၊ သင်တို့ရန်သူတည်းဟူသော စာတန်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည် ရှာဖွေလျက်ရှိ၏” ဟုဆိုသည်။



လိင်ဆက်ဆံမှုများ

လိင်ဆက်ဆံတဲ့အပြုအမူများကို ငြင်းဆန်ပါ။ အခုခေတ်မှာ အိမ် ထောင်မကျမီ လိင်ဆက်ဆံမှုပြုခြင်းက အလွန်ရေးပန်းစားတယ်။ ချိန်း တွေ့သူနှစ်ဦးတို့သည်လည်း ဤကဲ့သို့လုပ်ဖို့ ဖိအားအလွန်များတယ်။ တချို့က “လူတိုင်းလုပ်နေတဲ့ဥစ္စာပဲဟာ” လို့ပြောတယ်။ တချို့ကလည်း “မင်းငါ့ကို ချစ်တယ်ဆို၊ သက်သေပြလေ” လို့ပြောတယ်။ တချို့ကျတော့ ဒီလို စိန်ခေါ်တယ်။ “မင်းဟာ သာမန်လူတစ်ဦးလို ပြည့်စုံရင် တစ်ပွဲ လောက်ပဲအကဲစမ်းရအောင်” ဒါပေမယ့် ဒီလိုလုပ်တာက စွန့်စားမှုရှိ တယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်၊ ကင်ဆာရောဂါ၊ လိင်ဆက်ဆံမှုဖြင့် ကူးစက်တဲ့ AIDS ရောဂါ၊ ဒီရောဂါတွေရရှိနိုင်တယ်။

တချို့သောသူများအတွက် အိမ်ထောင်မကျမီ လိင်ဆက်ဆံမှုပြု လုပ်ခြင်းက တစ်ဦးနဲ့တစ်ဦးရိုသေသမှုမရှိအောင် တွန်းအားပေးတယ်လို့ ဆိုတယ်။ သူမနဲ့ပျော်ပါးမယ်၊ လေးစားသမှုတော့မရှိ၊ တကယ်အိမ်ထောင် ပြုမယ်လို့ ပြောတဲ့အခါ လူကမသိကျိုးနွံပြုလုပ်တတ်တယ်။ အကယ်၍ သူတို့နှစ်ဦးက ဆက်ပြီး အိမ်ထောင်ပြုတယ်ဆိုရင်လည်း အိမ်ထောင် မကျခင်လိင်ဆက်ဆံမှုဟာ သူတို့နှစ်ဦးကို ခိုးယူတိုက်ခိုက်လိုက်ပြီးလို့ တွေ့ရှိခံစားရမယ်။ ဘာကြောင့်လဲဆိုတော့သူတို့တစ်ဦးနဲ့တစ်ဦးရဲ့တန်ဖိုး ကြီးတဲ့လျှို့ဝှက်ချက်ကလေးများနဲ့ ပျားရည်စမ်းခရီးရဲ့ အနှစ်သာရဟာ အဓိပ္ပါယ်ကင်းမဲ့သွားခြင်းကြောင့်ပဲ ဖြစ်တယ်။ တချို့သော သူတို့သည် အိမ်ထောင်မကျမီ ကြိုတင်လိင်ဆက်ဆံမှုကြောင့် အပြစ်ရှိတယ်လို့ မလုံ မလဲခံစားရတယ်။ ဒီလိုပြုလုပ်ခဲ့တဲ့အရာက စက်ဝိုင်းလိုတစ်ခါပြန်လည် ပတ်တတ်တယ်။ ထိမ်းမြားလက်ထပ် ပြီးတော့ သစ္စာဖောက်ပြီး ပြန်လည် ပြုကျင့်တတ်တယ်။ ဖန်ဆင်းရှင်ဘုရားသခင်က စစ်မှန်တဲ့အချစ်ကို ဖန် ဆင်းတဲ့ဘုရားသခင်ဖြစ်တဲ့အတွက် အရာခပ်သိမ်းကိုသိတယ်။ ဒါကြောင့် သူ့ရဲ့မိန့်မှာချက်က “သူ့မယားကို မပြစ်မှားနှင့်” လို့ သတိပေးခဲ့တယ်။ (ထွက် ၂၀း၁၄)။

လိင်ဆက်ဆံမှုကို ရှောင်သင့်သည်သာမက အဲဒီလိုဆက်ဆံဖို့ ပို့ ဆောင်တဲ့လုပ်ရပ်အားလုံးကိုလည်း ရှောင်ရှားသင့်တယ်။ လွန်ကျူးစွာ နမ်းခြင်း၊ ဖက်ခြင်း၊ ပွတ်သပ်အသားယူခြင်းဟာ အန္တရာယ်ကျော့ကွင်း နယ်မြေထဲသို့ တွန်းပို့သလိုဖြစ်တယ်။ စုံတွဲတိုင်းဟာ ယုံကြည်ချက်များ နှင့် ထားရှိရသည့် ‘စံ’ အဆင့်ကျင့်ဝတ်များနှင့်အညီ ကျင့်ဝတ်လမ်းညွှန် များ ထားရှိလိုက်နာသင့်သည်။ တရပ်တကျေးသို့ ရောင်းစားခြင်းခံရတဲ့ လူငယ်ယောသဟာ အကောင်းဆုံးပုံသက်သေဖြစ်တယ်။ စုံစမ်းခြင်းခံရ တဲ့အခါ သူငြင်းဆန်ခဲ့တယ်။ “အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း” ဟု ဆိုသည်။ (က ၃၉း၈၊၉)။



ဆက်သွယ်ခြင်း

တန်ဖိုးရှိတဲ့မေးခွန်းများကိုသာမေးပါ။ တချို့ချိန်းတွေ့သူများက အလွန်စကားများတယ်။ တချို့ကတော့ ရှက်ပြီး ငြိမ်နေတတ်တယ်။ တချို့ကတော့ ပြောဆိုလုပ်ဆောင်မှုမှားပြီး မိတ်ပျက်မှာကို အလွန်စိုးရိမ် တဲ့အတွက် စိတ်တုန်လှုပ်လျက်ရှိတယ်။ သို့သော် ချိန်းတွေ့ခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် ပိုမိုသိကျွမ်းဖို့ဖြစ်တဲ့အတွက် စကားမပြော ဘဲနဲ့တော့မဖြစ်ဘူး။ အကျိုးရှိထိရောက်စွာ ဆက်သွယ်မှုက အပြန်အလှန် ပြောပြီး အပြန်အလှန် နားထောင်ခြင်းပင် ဖြစ်တယ်။ စကားပြောဖို့ ကြောက်တယ်လို့ခံစားရတဲ့ လူတွေအဖို့ မေးခွန်းမေးတတ်တဲ့ပညာကို သင်ယူရမယ်။ အကြောင်းကတော့ ကိုယ်က မေးခွန်းထုတ်နေရင် အခြား သူက စကားပြောနေရမှာဖြစ်တယ်။ ကောင်းတဲ့ ရင်းနှီးစွာစကားပြောဆို မှုကို ဖန်တီးပေးတဲ့လျှို့ဝှက်ချက်က လိမ္မာပါးနပ်စွာ မေးခွန်းမေးခြင်းပင် ဖြစ်တယ်။ “ဟုတ်တယ်” “မဟုတ်ဘူး” လို့အဖြေရတဲ့ မေးခွန်းမျိုးဟာ ညံ့ဖျင်းတဲ့မေးခွန်းမျိုးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဆက်ပြီးစကား ပြောဖို့ အားပေးရန် မတတ်စွမ်းနိုင်တဲ့အတွက် ဖြစ်တယ်။ ကောင်းတဲ့ မေးခွန်းဆိုတာ သူတစ်ဦးတစ်ယောက်ကို မိမိကိုယ်ရဲ့အကြောင်းကို ဖေါ် ပြနိုင်လောက်အောင် မေးခြင်းပဲဖြစ်တယ်။ ဥပမာ- “မင်းဒီ (Show) ကိုကြိုက်သလား” လို့မေးမယ့်အစား “ဒီ (Show) ကိုမင်းဘယ်လိုထင်မြင် သလဲ” (သို့မဟုတ်) “သီဆိုတီးမှုတ်တဲ့ လက်စွမ်းလက်စဘယ်လိုမြင်သ လဲ” စသည်ဖြင့် မေးခွန်းများကိုမေးသင့်သည်။

ချိန်းဆိုတွေ့ဆုံကြတဲ့အခါ တစ်ဖက်သူက ဘယ်သူလဲ၊ ဘယ်ကဲ့ သို့ လူမျိုးဖြစ်ဖို့ မျှော်လင့်သလဲဆိုတဲ့အချက်များကို ဆွေးနွေးပြောဆိုသင့် တယ်။ ပညာရေး၊ နေထိုင်မှုစနစ်၊ ကြိုက်နှစ်သက်သည့်အရာများ၊ ရည်မှန်းချက်များ၊ အိမ်ထောင်မိသားစုများအကြောင်း ပြောနိုင်တယ်။ အသေးအဖွဲများကို ပုံချဲ့ဖို့မလိုအပ်ပါ။ သုတ္တံကျမ်းရဲ့နောက်ဆုံးပိုင်းမှာ ဖေါ်ပြထားတဲ့မြင့်မြတ်ပြီး သီလနဲ့ပြည့်စုံတဲ့ မိန်းမအကြောင်းကို “ပညာ စကားကိုပြောတတ်၍ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏” (သု ၃၁း၂၆) မှာဖေါ်ပြထားတယ်။

နားထောင်စဉ် သင်ယူမှတ်သားပါ။ သေချာစွာနားထောင်ပြီး လုံ လောက်အောင်လေ့လာမယ်ဆိုရင် မိမိရဲ့အပေါင်းဖေါ်က အမှန်တကယ် ဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်တယ်။ သခင်ယေရှုပြောချက်အရ “စိတ် နှလုံး အပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” (လုကာ ၆း၄၅) ဟု ဆို တယ်။ ပညာသတိရှိစွာနဲ့ နားထောင်တဲ့လူက အကဲဖြတ်ပြီး ဒီမေးခွန်းကို ဖြေနိုင်မယ်။ “ဒီလူဟာ ငါ့ကိုလိုက်ရှာတဲ့ လူစားမျိုးပဲလား” ဒါမှမဟုတ်ရင် မီးနီပြနေသလား။ ဟုတ်ခဲ့ရင် မီးစိမ်းပြပြီး တစ်နေ့ထိမ်းမြားလက်ထပ် ထီးနန်းကို ပို့ဆောင်မှာဖြစ်တယ်။

အသိတရားနဲ့ ချိန်းတွေ့ခြင်းရဲ့ ကောင်းကျိုးများစွာရှိတယ်။ တစ် ယောက်နဲ့ တစ်ယောက်ပိုမိုသိရှိလာရန် အခွင့်အရေး ဖန်တီးပေးတယ်၊ တစ်ဖက်သောသူနားလည်ပြီး အကဲဖြတ်နိုင်တယ်၊ မိတ်ဖွဲ့ခြင်း ပိုမိုနက် ရှိုင်း လာစေနိုင်တယ်၊ ထိုနောက် အသက်တာရဲ့မိတ်ဆွေအဖြစ် နောက် ဆုံးရွေးချယ်သမှုပြုနိုင်တယ်။

ထာဝရမေတ္တာရှင်

ကျွန်ုပ်တို့ချစ်ရဆုံးချစ်သူ ယေရှုကိုလည်း သူ့ကိုပိုမိုသိရှိရန် လို လားပါတယ်။ ဒါကြောင့် သူက ကျွန်ုပ်တို့နဲ့ချိန်းတွေ့ဖို့ ဖိတ်ခေါ်တယ်။ သူဟာ ကျွန်ုပ်တို့နဲ့နီးစပ်လိုသလို ကျွန်ုပ်တို့ကိုသူနဲ့နီးစပ်ဖို့ လိုလားတောင့် တပါတယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့က သူ့အကြောင်း လေးနက်တဲ့ မေး ခွန်းတွေမေးတယ်။ သူဟာ၊ အမှန်တကယ် သက်ရှိပုဂ္ဂိုလ်လား၊ ကိုယ်ပိုင် ရင်းနှီးစွာဆက်ဆံမှုကို ဂရုပြုသလား၊ ဘာကြောင့် သူဟာ အဝေးကြီးမှာ ရှိနေတယ်လို့ ထင်ရသလဲ၊ အမှန်တကယ်ရှိသလား၊ ဘုရားသခင်နဲ့အမှန် တကယ်အကြောင်းကို စဉ်းစားတဲ့အခါ ဟေရှာယရဲ့စိတ်နှလုံးကို နှိုးဆော် တိုက်တွန်းတဲ့မေးခွန်းကို သတိရပါ။ “အထက်သို့ မျှော်ကြည့်လော့၊ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း” (ဟေရှာ ၄၀း၂၆)။

မိုးတိမ်များကင်းရှင်းတဲ့ညမှာ ကောင်းကင်ကို မျှော်ကြည့်ရင်း ထောင်ပေါင်းများစွာသော ကြယ်များကိုမြင်ရကြတယ်။ ဒါဟာ၊ နဂါးငွေ့ ကြယ်တန်းရဲ့တစ်စိတ်တစ်ဒေသ ဖြစ်တယ်။ ကျွန်တော်တို့ နေထိုင်တဲ့ နေရဲ့လည်ပတ်မှုစနစ်မှာ ဂြိုဟ် (၉) လုံး၊ လ (၃၂) လုံး၊ လအရံကြယ်ပွင့် (၁၆၀၀) ရှိပြီး စကြဝဠာကြီးရဲ့ များစွာသော စနစ်များရဲ့တစ်ခုသော စနစ်သာဖြစ်တယ်။ စကြဝဠာကြီးဟာ ဘယ်လောက်ကြီးကျယ်သလဲ။ တစ်ဖက်စွန်း မှအခြားတစ်ဖက်စွန်းအထိ အလင်းနှစ်ပေါင်းတစ်သိန်းရှိ တယ်။ အလင်းရဲ့ အမြန်နှုန်းက တစက္ကန့်ကို ၁၈၆,၂၈၂ မိုင်သွားတယ်။ တစ်နှစ်အတွက် မိုင်ပေါင်း ၅၈၇၄ ဘီလီယံမိုင်သွားတယ်။ ဒါကြောင့် အလင်းမိုင်တစ်သိန်း ဆို ၅၈၇၄၅၈ တြိလီယံမိုင်ဖြစ်တယ်။ ထူးဆန်းအံ့သြ ပြီး ယုံနိုင်ဖွယ်မရှိတဲ့ စိတ်ကူးယဉ်အရာပဲ၊ ဒါပေမယ့် ဒါက၊ စကြဝဠာ တစ်ခုရဲ့ အရွယ်အစားပဲ ရှိသေးတယ်။ အားကြီးတဲ့မှန်ပြောင်းများမှ သန်း ပေါင်းများစွာသောစကြဝဠာတွေကို မြင်နိုင်တယ်။

မရေမတွက်နိုင်တဲ့နေ့များ၊ စနစ်များ၊ စကြဝဠာများက အဆုံး အစွန်မရှိတဲ့လေဟာနယ်ထဲမှာ ဖြစ်ပေါ်လာခြင်းဟာ မတော်တဆဖြစ် ပေါ်လာခြင်းလား၊ မရေမတွက်နိုင်တဲ့ဂြိုဟ်များဟာ ၎င်းတို့၏သတ်မှတ် ထားတဲ့ စက်ဝိုင်းအတွင်း ရုန်းရင်းဆန်ခတ်မှုမရှိဘဲ စနစ်တကျလည်ပတ် နေခြင်း၊ ဒီအရာခပ်သိမ်းဟာ မဟာဉာဏ်တော်နဲ့ပြည့်စုံတဲ့ ဗိသုကာဆရာ တစ်ဦးရဲ့ စကားပြောဆိုနေခြင်းမဟုတ်ပါလား။ “ဘုရားတစ်ဆူသည် ကောင်းကင်ဘုံမှာရှိတော်မူ၏” (ဒံ ၂း၂၈) လို့ ဒံယေလရဲ့စကားက အမှန်ပဲဖြစ်တယ်။ “ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အား ဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်နှင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် တစ်စုံတခုမျှမပေါ် ဘဲမနေရ” (ဟေရှာယ ၄၀း၂၆)မှာ တွေ့နိုင်တယ်။

သို့သော် အံ့ဖွယ်တကာအံ့ဖွယ်ရာက ဤကြီးမြတ်တဲ့ဖန်ဆင်းရှင်၊ ထာဝရပိုင်ရှင်ဟာ လူသားများရဲ့ ချစ်မေတ္တာကို လိုလားတောင့်တနေခြင်း ပဲဖြစ်တယ်။ “ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ ၏” (ဟေရှာယ ၅၇း၁၅)။ သူဟာ ကျွန်ုပ်တို့နဲ့နီးကပ်သည်ထက် နီးကပ်ဖို့ ဆန္ဒရှိတယ်။ သူဟာ ကျွန်ုပ်တို့နဲ့အချိန်မရွေး နံနက်၊ မွန်းတည့်၊ ည၊ ချိန်း တွေ့လိုတဲ့ဆန္ဒရှိတယ်။ ကျွန်ုပ်တို့နဲ့ဘယ်အချိန်၊ ဘယ်နေရာမဆို၊ သူနဲ့ တစ်ဦးချင်းရှိနိုင်တဲ့နေရာမှာ ဆုံတွေ့လိုတယ်။ တစ်ခါတစ်ရံကျွန်တော် တို့က အလုပ်များပြီး သူနဲ့တွေ့ဆုံဖို့မေ့နေတယ်။ ဒါပေမယ့်၊ သူက ကျွန်တော်တို့ဟာ သူ့မေတ္တာတော်ရဲ့ ပြုစုခံသူများဖြစ်တဲ့အတွက် ဘယ် တော့မှမေ့နိုင်မယ် မဟုတ်ပါ။

ဝမ်းမြောက်စွာနားထောင်ခြင်း

သခင်ယေရှုခရစ်ဟာ ကျွန်တော်တို့စတင်စကားပြောဖို့ မစောင့် ပါ။ သူ၏နှုတ်ထွက်စကားတော်ဖြစ်တဲ့ သမ္မာကျမ်းစာက စတင်ပြောဆို နေခြင်းပဲ ဖြစ်တယ်။ ရှေးခေတ်ယုဒအမျိုးအနွယ်များကို ဆိုဆုံးမတဲ့အခါ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့်သင်တို့သည် ကျမ်းစာ ကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။” (ယော ၅း၃၉)။ ဒါကြောင့် ကျမ်းစာသည် သခင်ယေရှုရဲ့ သက်သေဖြစ်တဲ့ အတွက် ၎င်းကိုဖတ်လျှင် သခင်ယေရှုရဲ့စကားကို ကြားနေရခြင်းပဲဖြစ် တယ်။

ကျမ်းစာသည် အနှစ် (၁၅ဝဝ) ကျော်ကာလ၊ ကျမ်းရေးပုဂ္ဂိုလ် (၄ဝ) ကျော်တို့ရဲ့ စာအုပ်ပေါင်း (၆၆) အုပ်ကို စုပေါင်းထားခြင်းဖြစ်တယ်။ ဒီကျမ်းရေးပုဂ္ဂိုလ်တွေဟာ အလုပ်အကိုင်အမျိုးမျိုးနဲ့ အလွှာအသီးသီးက ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါဝိဒ်က ရှင်ဘုရင်၊ ပေတရုကတံငါသည်၊ မောရှေ က သူ့လူမျိုးကိုကယ်တင်သူ၊ မဿဲက အခွန်ခံ၊ ပေါလုက ပညာတတ်၊ အာမုတ်ကလယ်သမား၊ လုကာက ဆရာဝန်အသီးသီးဖြစ်ကြတယ်။ ဒါပေမယ့်၊ သူတို့ရဲ့ရေးသားချက်တွေဟာ ကိုက်ညီမှုရှိတယ်။ ဘာကြောင့် လဲဆိုတော့ သူတို့အားလုံးဟာ ဝိညာဉ်တော်၏ တိုက်တွန်းမှုကိုခံရတဲ့ အတွက်နဲ့ အဲဒီဝိညာဉ်တော်ဟာ သခင်ယေရှုရဲ့ သန့်ရှင်းတဲ့ဝိညာဉ်တော် ဖြစ်လို့ပဲ ဖြစ်တယ်။ (၂ပေ ၁း၂၁)။

ကျမ်းစာသည် ခရစ်တော်ရဲ့မေတ္တာစာ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အသက်တာအခြေအနေဘယ်လိုပဲရှိနေပါစေ၊ စာအုပ်ကိုဖွင့်ပြီး ဖတ်လိုက် ရင် “မင်းကိုချစ်တယ်” ဆိုတဲ့ နူးညံ့တဲ့အသံကို ကြားရတယ်။ ဝမ်းနည်းတဲ့ အခါ ယောဟန် ၁၄ ကိုကြည့်ပါ။ စိတ်ပင်ပန်းတဲ့အခါ မဿဲ ၆း၂၅-၃၄ နှစ်သိမ့်မှုကို ရရှိနိုင်တယ်။ စိတ်ပျက်အားလျော့တဲ့အခါ ဟေရှာယ ၄၀ က ခွန်အားရရှိမှာဖြစ်တယ်။ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရတဲ့အခါ (ဟေဗြဲ ၁၂:၁- ၁၂) ကိုစဉ်းစားဆင်ခြင်ပါ။ မိတ်ဆွေများကွယ်လွန်ရုပ်သိမ်းခြင်းခံရ တဲ့အခါ (၁ကော ၁၅) ကို မျှော်လင့်နှစ်သိမ့်ခြင်းရယူပါ။ အပြစ်ပြုလုပ်မိတဲ့ အခါ ခွင့်လွှတ်ခြင်းကို ကမ်းလှမ်းတဲ့ခေါ်သံကို ဆာလံ (၅၁) မှာ တွေ့နိုင် တယ်။ ကြောက်ရွံ့ထိတ်လန့်ပြီး အထီးကျန်တဲ့အခါ ဆာလံ (၂၃) ကို စဉ်း စားမိတယ်။ ခရစ်ယာန်များရဲ့ အာမခံချက်ကို လိုလားတောင့်တတဲ့အခါ ရောမ (၈) ကို လေ့လာနိုင်တယ်။ ကျွန်ုပ်တို့လိုအပ်တဲ့အရာခပ်သိမ်းကို ခရစ်တော်ရဲ့မေတ္တာ စာထဲမှာ အကုန်ဖြည့်ဆည်းထားတယ်။



ပြန်လည်ပြောဆိုခြင်း

ယေရှုရဲ့နီးစပ်မှုရပြီး သူ့ရဲ့နှုတ်ထွက်စကားတော်ကို နားထောင် ခြင်းနဲ့ သူ့ရဲ့ “ငါမင်းကိုချစ်တယ်” ဆိုတဲ့ နူးညံ့ချိုသာတဲ့စကားကို ကြားရ တဲ့အခါ သူ့ကိုစကားပြန်လည်ပြောလိုတဲ့ ဆန္ဒရှိတယ်။ သူ့ကိုလည်း “ကျွန်တော်လည်း ချစ်ပါတယ်သခင်” လို့တိုက်တွန်းပြောဆိုဖို့ ဆန္ဒဖြစ် ပေါ်လာတယ်။ အဲဒါက၊ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ပဲ။ ဆုတောင်း ချက်ဆိုတာ ဘုရားသခင်ကို မိတ်ဆွေတစ်ဦးက အခြားတစ်ဦးကို စကား ပြောသလိုပြောခြင်းပဲဖြစ်တယ်။

သူဟာ၊ ကျွန်တော်တို့ရဲ့ချစ်သူဖြစ်တဲ့အတွက် ကျွန်တော်တို့ပြော လိုတဲ့စကားကို ရေးသားဖို့မလိုဘူး။ ဝေါဟာရအသုံးအနှုန်းနဲ့ သဒ္ဒါကျမ်း ကို မေ့လိုက်နိုင်တယ်။ လျစ်လျူရှုလိုက်လို့ရတယ်။ သူက၊ ဒို့သူငယ်ချင်းပဲ ဖြစ်တာ။ ဒို့ရဲ့သူငယ်ချင်းဖြစ်တဲ့အတွက် အခြားလူတစ်ဦးရေးထားတဲ့ စာသားတွေကို ဖတ်ပြပြီး စကားပြောနည်းကို အသုံးမပြုလိုပါ။ ဘယ် ချစ်သူမှ ဒီနည်းကိုလက်ခံမှာမဟုတ်။ ဒါကြောင့် ကိုယ့်စကားနဲ့ပဲ နှလုံး သားချင်း၊ချစ်သူချင်းစကားပြောသလို ရင်ဖွင့်ပြောဆိုကြမယ်။ ကျွန်တော် တို့ရဲ့ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ နာကြည်းမှုနဲ့ရုန်းကန်မှု၊ မျှော်လင့်ချက် နဲ့အိပ်မက်များ၊ သူ့ကိုပြောပြမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့လိုအပ်ချက် အားလုံးကိုလည်း ပြောပြမယ်။ ဥစ္စာပစ္စည်းနဲ့ငွေရေး၊ ကြေးရေး၊ ကာယ၊ ဥာဏ၊ မိတ်သဟာယ၊ စိတ်လှုပ်ရှားမှုများနဲ့ ဝိညာဉ်ရေးပါမကျန် အားလုံး ပြောပြမှာဖြစ်တယ်။

တစ်ခါတစ်ရံ လွန်ခဲ့တဲ့ကျွန်ုပ်တို့ရဲ့အားနည်းချက်များ၊ မှားယွင်း ချက်များကို ပြန်လည်ကြည့်တဲ့အခါ အပြစ်ရဲ့ဝန်ထုပ်ကြီးနဲ့ ဖိစီးမှုခံစားရ သလိုဖြစ်ပေါ်လာတတ်တယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်း အတွက် ဆုတောင်းဖို့လိုအပ်လာတယ်။ သူဟာ၊ ကျွန်တော်တို့ကို အမြဲ ခွင့်လွှတ်မယ် ဆိုတဲ့အသိတရားက အလွန်ကောင်းတယ်၊ နှစ်သိမ့်ရာရ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ခံရမယ့် ဒဏ်ကို ကရာနီ ကုန်းပေါ်မှာ သူညှဉ်းပန်းမှုကို ခံခဲ့ပြီးဖြစ်တဲ့အတွက် သူ့ရဲ့ဖိတ်ခေါ်သံကို နားထောင်ပါ။ “လာကြ၊ တရားစီရင်ကြကုန်အံ့။ သင်တို့၏အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါကဲ့သို့ နီသော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။ (ဟေရှာ ၁း၁၈)။ သူ့ရဲ့ကတိ တော်က “ကျွန်ုပ်တို့ကို တစ်ဖန်သနား၍--- အကျွန်ုပ်တို့အပြစ်အလုံးစုံ တို့ကို နက်သောပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်” (မိက္ခာ ၇း၁၉)။ ဒါဟာ အချစ်ပဲ။

“အာမင်” ညီအစ်ကို

“အာမင်” လို့ အမြဲခေါ်တဲ့ညီအစ်ကိုအကြောင်း ကြားဖူးသလား၊ ဘုရားဝတ်ပြုကျောင်းထဲမှာ သူ့ရဲ့အာမင်ခေါ်သံနဲ့ တရားနာသူတွေကို လန့်နိုးစေပြီး စိတ်ညစ်ဖို့ကောင်းအောင်ဖြစ်စေတာ ကြားဖူးသလား။ တစ်နေ့သေအခါမှာ “အာမင်” ညီအစ်ကိုက နေထိုင်မကောင်းဖြစ်လို့ ဆေးပေးခန်းကိုသွားတယ်။ ဆရာဝန်ရုံးခန်းထဲကိုဝင်တာနဲ့ သမားတော် ကြီးက ဘုရားသခင် ဝတ်ပြုကျောင်းမှာ “အာမင်” ဆိုတဲ့ အသံနဲ့ဆူညံ အောင် လုပ်တဲ့လူကို ဒဏ်ပေးမယ်ဆိုပြီး စောင့်ဆိုင်းနေတဲ့အချိန်မှာ ပျင်းရိဖွယ်ကောင်းတဲ့ ပထဝီ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ပေးလိုက်တယ်။

ရုတ်တရက်ဆိုသလို လူနာစောင့်ခန်းထဲမှာ “အာမင်၊ အာမင်” ဆိုတဲ့အသံဆူညံပြီး ထွက်ပေါ်လာတယ်။

ပျင်းရိဖွယ်ကောင်းတဲ့ ပထဝီဝင်စာအုပ်ထဲမှာ “အာမင်” ခေါ်စရာ ဘာများရှိမှာလဲလို့ ဒေါသထွက်နေတဲ့ ဆရာဝန်က မေးလိုက်တယ်။ “ဒေါက်တာခင်ဗျား၊ အခုပဲ ကျွန်တော်ဖတ်မိတာက ပစိဖိတ်ပင်လယ် သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာက ပေပေါင်း ၃၉,ဝဝဝ နက်တယ်။ အဲဒါ (၇) မိုင်ကျော်လောက်ရှိတယ်။ ကျွန်တော်ရဲ့အပြစ်များအားလုံးကို အဲဒီပင် လယ် အနက်ထဲကို ပစ်ချလိုက်မယ်လို့ ကတိရှိတယ်။ အဲဒါ (၇) မိုင်နက် တယ်ခင်ဗျား၊ အာမင်၊ အာမင်” ကျွန်တော်တို့ရဲ့အတိတ်က အပြစ်တွေ အကြောင်း ပြန်ပြောရင် ကျွန်ုပ်တို့လည်း “အာမင်” လို့ အော်ပြောနိုင်မှာ ပါ။

ကျွန်ုပ်တို့ရဲ့ အတိတ်ကာလက အဖြစ်အပျက်များကိုပဲ ဘုရား သခင်နဲ့ ပြောဆိုဖို့မသင့်ပါ။ ပစ္စုပ္ပန်လက်ရှိ အချိန်ကာလအကြောင်းကို လည်းပြောရန် နှစ်သက်တော်မူတယ်။ နေ့စဉ်နဲ့အမျှ အရက်သေစာဖြစ် စေ၊ လက်ဖက်ဆေးရွက် ဖြစ်စေ၊ တရားဝင်/မဝင်တဲ့ဆေးဖြစ်စေ၊ လိမ် လည်သည်ဖြစ်စေ၊ ခိုးဝှက်သည် ဖြစ်စေ၊ လောဘ (သို့မဟုတ်) လောင်း ကစားခြင်းဖြစ်စေ၊ ညစ်ညမ်းခြင်း စသည်ဖြင့် ဘယ်အရာကိုမဆို အကယ် ၍ သခင်ယေရှုအနီးသို့ ရောက်ရှိပြီး သူ့ကိုပြောပြမယ်ဆိုရင် သူနားထောင် ပြီး ကူညီမှာဖြစ်တယ်။ “ထိမိ၍လဲခြင်းနှင့်ကင်းလွတ်စေမည်” (ယုဒ ၂၄) “ငါတို့အား အောင်မြင်ခြင်းအခွင့်ကိုပေး” မယ်။ (၁ကော ၁၅း၅၇)။



သင့်လမ်းပြ

ကျွန်ုပ်တို့ရဲ့အနာဂတ်က ဘယ်လိုရှိသလဲ။ နေ့စဉ် သခင်ယေရှုနဲ့ နှစ်ယောက်ထဲအတူ အချိန်ယူပြီးကျွန်ုပ်တို့ရဲ့အတိတ်နဲ့ပစ္စုပ္ပန်အကြောင်း ကိုပဲ မပြောဘဲ၊ အနာဂတ်အကြောင်းကိုလည်း ပြောသင့်တယ်။ ခရစ် တော်က ကျွန်တော်တို့ရဲ့ အနာဂတ်နယ်ပယ်အားလုံးကို စိတ်ဝင်စား တယ်။ ကျွန်ုပ်တို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာကိစ္စ များ၊ အချစ်ရေး ကိစ္စရပ်များအားလုံးပါတယ်။ သူ့နောက်ကိုလိုက်ဖို့ ဆန္ဒ ရှိမယ်ဆိုရင် ကျွန်ုပ်တို့အတွက် သူလမ်းပြဖြစ်မယ်။ ဒီနေရာမှာ ချိန်းတွေ့ ခြင်းရဲ့ နောက်ဆုံးအဓိက အချက်ကို ရောက်ရှိပြီးဖြစ်တယ်။ ဘုရားသခင် ကို လမ်းညွှန်မှုအတွက် ဆုတောင်းပါ။

ဣဇာက်သည် အိမ်ထောင်ပြုဖို့ အချိန်ရောက်သော် ခါနာန်ပြည် မှာ အိမ်ထောင်ဖက် မယားရွေးချယ်ဖို့ သင့်လျော်တဲ့သူမရှိတဲ့အတွက် အာဗြဟံက မေသောပေါတာမိတိုင်းသူပြည်သူအမျိုးသားချင်းတို့ထံ သွား ပြီး ဣဇာက်အတွက် မယားကိုရွေးချယ်ရန် ကျွန်ယုံတော်ကိုခေါ်ပြီး ခိုင်း စေလိုက်တယ်။ သူကိုယ်တိုင် ကျွန်ယုံတော်ကို မိမိတိုင်းနိုင်ငံရှိ ဘုရား သခင်ကိုကြောက်ရွံ့တဲ့ အမျိုးသမီးကို ဣဇာက်အတွက် ကြင်ဖက်ပြုရန် ရွေးချယ်ဖို့ တာဝန်ပေးလိုက်တယ်။ အလွန်ပင် လေးနက်ပြီး ကြီးလေးတဲ့ တာဝန်ပင်ဖြစ်တယ်။

ထိုကျွန်ယုံတော်သည် မေသောပေါတာမိတိုင်း၊ နာခေါ်မြို့ကို ရောက်တော့၊ အမျိုးသမီးများရေခပ်တဲ့တွင်းအနားမှာ အနားယူရန် ရပ် နားခဲ့တယ်။ ထိုနောက် သူသည်ဒူးထောက်ပျပ်ဝပ်လျက် လက်နှစ်ဖက်ကို မြှောက်ကာ ဤကဲ့သို့ဆုတောင်းခဲ့တယ်။ “အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသခင်၊ ယနေ့အကျွန်ုပ်အကြံကို ထမြောက် စေ” ဖို့ဆုတောင်းခဲ့တယ်။ နှလုံးတုန်ပြီး ရင်ခုန်စေတဲ့ပုံပြင်ကို ကမ္ဘာဦး ကျမ်း (၂၄) မှာ မှတ်တမ်းတင်ထားတယ်။ မှတ်တမ်းအရ ဆုတောင်း မဆုံးမီ ရေဗက္ကာသည် ပေါ်ထွက်လာတယ်လို့ ဆိုတယ်။ (က ၂၄း၁၅)။ ဘုရားသခင်က သူဆုတောင်းချက်ကို အဖြေပေးခဲ့ခြင်းဖြစ်တယ်။

မှန်ပါတယ်၊ အာဗြဟံရဲ့ ကျွန်ယုံတော်ကဆုတောင်းခဲ့တယ်။ သို့ သော် ဣဇာက်ကလည်း ဆုတောင်းလျက်ပင်ရှိတယ်။ (က ၂၄း၆၃)။ သူ့ရဲ့ ဆုတောင်းချက်ကိုလည်း ဘုရားသခင် နားညောင်းတော်မူတယ်။ သတင်း ကောင်းက ဘုရားသခင်က မပြောင်းလဲဘူး။ ဆုတောင်းသံကို နှစ်သက်ပြီး ဆုတောင်းခြင်းကိုလည်းနားညောင်းနေဆဲပင်ဖြစ်တယ်။ ကျွန်ုပ်တို့ဘုရား သခင်သည် နောင်ကာလမှာ ကျွန်ုပ်တို့ကိုထာဝရအသက်ပေးရန် စိတ်ဝင် စားသည်သာမက ယခုဒီမှာလည်း ပြည့်စုံတဲ့အိမ်ထောင်စုကို ဖန်တီးပေးဖို့

ဆန္ဒရှိကြောင်း သိရှိရခြင်းမှာ အလွန်ပင်စိတ်အားတက်စရာပင် ဖြစ် တယ်။

သူသည် ကျွန်ုပ်တို့ရဲ့ အချစ်ရေး၊ ထိမ်းမြားလက်ထပ်ရေး၊ အိမ် ထောင်ရေးအားလုံးအတွက် သက်ဆိုင်ဆက်စပ်ပြီး စိတ်ဝင်စားတယ်။ သူချစ်တဲ့အတွက် စောင်မယုယမယ်။

လောကချစ်သူကို “မင်းကိုချစ်တယ်” လို့ပြောရတာ၊ စိတ်လှုပ်ရှား တာအမှန်ပဲ။ ကျွန်ုပ်တို့ရဲ့ကောင်းကင်ရှိချစ်သူနဲ့ ဆက်သွယ်ပြီး အဖိုးတန် လှတဲ့ “ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏” (ယေရမိ ၃၁း၃) ဆိုတဲ့စကား များကိုကြားရတာ စိတ်ပျော်ရွှင်ကြည်လင်စေပါတယ်။ လောကချစ်သူနဲ့ နီးစပ်အောင်ပြုလုပ်ပြီး အဓိပ္ပါယ်ရှိတဲ့ဆက်ဆံမှုက ရွှင်လန်းအားရစေပါ တယ်။ သို့သော် ထာဝရချစ်သူဖြစ်တဲ့ ယေရှုနဲ့နီးစပ်ပြီး ဝိညာဉ်ရေးဆက် ဆံမှုဟာ ပို၍စိတ်ကျေနပ်မှုရရှိမှာဖြစ်တယ်။ သူသည် အခြားသူတစ်ဦးထံ သို့ လမ်းပြပို့ဆောင်ရန် စိတ်ဆန္ဒရှိတယ်ဆိုတာ အမြဲသတိရပါ။

No comments:

Post a Comment