- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
အခန်း (၁၅) အချစ်ရေ၊ ငါကိုယ်ဝန်ရှိပြီ
“အချစ်ရေ၊ ငါကိုယ်ဝန်ရှိပြီ” ဆိုသည်မှာ တချို့သောစုံတွဲများ အတွက် သတင်းကောင်းဖြစ်သည်။ သို့သော် တချို့စုံတွဲတို့အတွက်မှာမူ မကောင်းသတင်းဖြစ်၏။
လက်မထပ်ရသေးသည့်မိန်းကလေးတစ်ဦးသည်မိမိ၏ယောက်ျား သူငယ်ချင်းအား ရှုပ်ထွေးသောအကြည့်ဖြင့် “အချစ်ရေ၊ ငါကိုယ်ဝန်ရှိပြီ” ဟုပြောရာ၌ မကောင်းသတင်းပင်ဖြစ်သည်။ “ငါတို့လက်ထပ်ပြီးတဲ့အထိ စောင့်ပါအုံးလား” ဆိုသည့်မှန်ကန်သောအဖြေကို ပေးနိုင်စွမ်းသတ္တိမရှိ ခြင်းကြောင့် ညပေါင်းများစွာ၊ မျက်ရည်ပေါင်းများစွာဖြင့် ခေါင်းအုံးပေါင်း များစွာတို့ကို စိုခဲ့ရလေပြီ။ “အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” (က ၃၉း၉)။
“အချစ်ရေ၊ ငါတော့ကိုယ်ဝန်ရှိပြီ၊ ဘာလုပ်ရမလဲ” တစ်ခါတစ်ရံ မြန်ဆန်သည့်အဖြေကား “ကိုယ်ဝန်ဖျက်ချလိုက်ပေါ့” ဤအဖြေသည် အကောင်းဆုံးအဖြေဖြစ်ပါသလား။ အသစ်သော အသက်စတင်လေပြီ။ အသက်ပေးပိုင်သည့် ဘုရားသခင်၏ မိန့်မှာချက်သည် “သူအသက်ကို မသတ်ရ” (ထွက် ၂၀း၁၃)။ မုဒိမ်းမှု၊ သွေးနီးလွန်းသူများ၊ အိမ်ထောင်ပြုမှု တားမြစ်ချက်ကို ကျူးလွန်မှု၊ သားအိမ်ချို့တဲ့မှု (သို့မဟုတ်) မိခင်၏ အသက်ကိုစိုးရိမ်ဖွယ် အန္တရာယ်ရှိခြင်းအမှုတို့မှတစ်ပါး ကိုယ်ဝန်ဖျက်ချ ခြင်းသည် ခရစ်ယာန်အတွက် ဥပဒေအကျိုးသက်ရောက်မှုရှိသော ရွေး ချယ်မှုမဟုတ်ပါ။ ထိုထက်မက ကျွန်ုပ်တို့သတိပြုရမည်မှာ တရားမဝင် ကိုယ်ဝန်ဆောင်ပြီး မွေးဖွားလာသောကလေး အတော်များများသည် ဤကမ္ဘာလောကကို ကောင်းမြတ်သော ကောင်းချီးမင်္ဂလာဖြစ်စေသည် ကိုလည်း သိရှိသင့်သည်။
“အချစ်ရေ၊ ငါတော့ကိုယ်ဝန်ရှိပြီ" ကလေးမလိုချင်သော အိမ် ထောင်ရှင်အတွက် မကောင်းသတင်းပင်ဖြစ်သည်။ မိန်းမက “ငါကိုယ်ဝန် ရှိပြီ” ဟု ငိုပြောရာ ယောက်ျားက “လာပြန်ပြီနောက်တစ်ယောက်” ဟု ပြန်အော်လေ၏။ ထိုအိမ်ထောင်ရှင်နှစ်ဦးသည် “Family Planning Program" သားဖွားခြားသည့် အစီအစဉ်ကျင့်သုံးရန်လိုမည်။
တချို့သောသူများသည် သားဖွားခြားအစီအစဉ်၏ ကျင့်ထုံးကို မေးခွန်းထုတ်ကြသည်။ ထိုကဲ့သို့သော အစီအစဉ်သည် ပြစ်မှုကျူးလွန်ရာ မရောက်၊ အဘယ်ကြောင့်ဆိုသော် အသက်သတ်ခြင်း မဟုတ်သည့် အတွက်ကြောင့်ဖြစ်သည်။ အသက်စတင်ဖြစ်ပွားရာကို ကာကွယ်ပေး ခြင်းဖြစ်သည်။ ထိုထက်မက သားဖွားခြားခြင်းအစီအစဉ်သည် မိဘများ ကို လိုအပ်သောကလေး အရေအတွက်နှင့် အရည်အချင်းကို အကန့် အသတ်ပြုလုပ်နိုင်ခြင်းဖြစ်သည်။ မိဘများသည် မိမိတို့၏ကလေးများပြု စုပျိုးထောင်မှုကို ဘုရားသခင်ထံတွင် အစီရင်ခံရမည်ဖြစ်သည့်အတွက် ဤကမ္ဘာလောကကြီးအဟောင်းတွင် လိုအပ်သလောက်သာ ယူဆောင် လာပြီး ကမ္ဘာမြေကြီးအသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်ဖြစ် သည်။
သို့သော် ကလေးလိုလားစောင့်စားနေသော အိမ်ထောင်သည်များ အတွက် “အချစ်ရေ၊ ငါကိုယ်ဝန်ရှိပြီ” ဆိုသည့်စကားမှာ အလွန်ကောင်း သောသတင်းထူးသတင်းမြတ်ဖြစ်သည်။ ယောက်ျားသည် မိမိ၏ချစ်ဇနီး ကို ထပ်တလဲလဲနမ်းရှုပ်ကာ “မိန်းမရေ၊ သေချာရဲ့လား” ဟုမေး၏။ ၎င်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် “ငါတို့ကလေးရတော့မယ်ဟေ့” ဟု ကြေညာလေတော့သည်။
အံ့သြဖွယ်လက္ခဏာ
ကိုယ်ဝန်ဆောင်ခြင်းအမှုသည် မဖြစ်မနေပါဝင်ရမည့်အရာနှစ်ခု လိုအပ်သည်။ ယောက်ျား၏ သုတ်ပိုးနှင့် မိန်းမ၏သန္ဓေသားဥဖြစ်သည်။ တစ်လလျှင် တစ်ကြိမ်မိန်းမ၏သားဥသည် သားအိမ်ပြွန်မှထွက်လာပြီး ထိုသားဥသည် သားအိမ်အတွင်းသို့ရောက်ရှိလာသည်။ သားဥအောင်ရန် အတွက် ပြင်ဆင်မှုပြုရာတွင် သားအိမ်တွင်းသို့ သွေးများသိုလှောင်လာရ လေသည်။ သားဥသည် သားဖွားရန်မအောင်သော် ထိုသွေးများသည် မလိုအပ်တော့သည့်အတွက် အပြင်သို့သွန်လိုက်ရသည်။ ဤအခြင်းအရာ သည် မိန်း တို့၏လစဉ်ဓမ္မတာလာခြင်းပင်ဖြစ်သည်။
လိင်ဆက်ဆံသည့်အခါ ယောက်ျား၏ကိုယ်မှများစွာသော သုတ် ပိုးများသည် သားအိမ်ပြွန်မှတစ်ဆင့် သားအိမ်တွင်းသို့သန္ဓေသားဥများကို လိုက်လံရှာဖွေရန် ခရီးဆန့်လာသည်။ အချိန်ကိုက်ညီမှုရှိပါက သုတ်ပိုး သည် သားဥနှင့်ဆုံပြီး သားပေါက်ရန် သားအိမ်အတွင်းသို့ ဝင်ရောက်နေ ရာယူလေတော့သည်။ သိုလှောင်ထားသည့်သွေးများသည် သန္ဓေတည် ရန် အသုံးပြုရသဖြင့် လစဉ်သွေးဆင်းခြင်းဓမ္မတာသည် ရပ်ဆိုင်းသွား တော့သည်။ ထိုနောက် ကိုယ်ဝန်တည်ပြီးဖြစ်၍ အသစ်သောအသက်တစ် ချောင်းစတင်လေတော့၏။
မိန်းမ၏သန္ဓေသားဥသည် မည်မျှကြီးပါသနည်း။ ဝါကျ၏နောက် ဆုံး၌ပိတ်သည့် အစက်ကလေးထက်ငယ်သည်။ ယောက်ျား၏ သုတ်ပိုး သည် မည်မျှရှည်သနည်း။ တစ်လက်မကို အစိတ်အပိုင်း ၅၀ဝ ပိုင်းလိုက် သော် အဖြေကိုရရှိမည်ဖြစ်သည်။ မေးရန်မေးခွန်းသည် ဤမျှသေးငယ် သောအဏုမြူအစပျိုးပြီး ဘယ်ကဲ့သို့နှလုံး၊ အဆုတ်၊ ဦးနှောက်နှင့် သားဖွားအင်္ဂါများ ဖြစ်ပေါ်လာနိုင်သနည်း။ ကံ၏ရလဒ်ကြောင့် ဖြစ်ပါ သလား။
ဤအရာသည်ရှေ့ပြေးအတိတ်လက္ခဏာဖြစ်သည်။ ဘုရားသခင် ၏ အံ့သြဖွယ်လက္ခဏာဖြစ်သည်။ “ထာဝရဘုရားသခင်သည် ဘုရား သခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏အရှင် ဖြစ်တော်မူ၏။” (ဆာလံ ၁၀၀း၃)။ မိခင်များသည် ကလေးကိုမပြုလုပ်၊ ဘုရားသခင်သာလျှင် ကလေးများပြုလုပ်သည်။ မိဘများသည် သူ၏ဖန်ဆင်းခြင်း အံ့ဖွယ် လက္ခဏာအဖြစ်သာ အသုံးပြုခြင်းဖြစ်သည်။
သန့်ရှင်းစေခြင်း
ဒါဝိဒ်မင်းကြီးသည် စိုးရွံ့ထိတ်လန့်စွာဖြင့်ရပ်လျက် “ကိုယ်တော် သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍ အမိဝမ်းထဲမှာ အကျွန်ုပ် ကို ဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါ ၏။ ပြုပြင်တော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ် စိတ်ဝိညာဉ်သည် အမှန်သိပါ၏။ မစုံလင်သေးသော အကျွန်ုပ် အလုံး အထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ--- အိုဘုရား သခင်၊ အကျွန်ုပ်၌ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြ ပါ၏။ အလွန်များပြားပါ၏။” (ဆာလံ ၁၃၉း၁၃-၁၇)။
သန္ဓေတည်ခြင်းသည် သန့်ရှင်းသောအရာဖြစ်သည့်အတွက် လိင် ဆက်ဆံမှုသည်လည်း သန့်ရှင်းသောလုပ်ဆောင်မှုတစ်ခုပင်ဖြစ်၏။ ဤ အချက်ကို ထပ်လောင်းပြောဆိုသင့်သည်။ သန္ဓေတည်ခြင်းသည် လျှို့ ဝှက်သည့်သန့်ရှင်းသည့်အမှုဖြစ်သဖြင့် လိင်ဆက်ဆံခြင်းသည် သန့်ရှင်း သည့် လုပ်ရပ်တစ်ခုပင်။ ညစ်ညူးသည်မဟုတ်၊ စင်ကြယ်သည်။ ရွံရှာ ဖွယ်မဟုတ်၊ သန့်ရှင်းသည်။ လူသားတို့၏အမှုကိစ္စသာမဟုတ်၊ ဘုရား သခင်၏အမှုလည်း ပါဝင်သည်။ ထိုကြောင့် ဘုရားသခင်သည် အချိန်ယူ ကာ ၎င်း၏ပညတ်တရားဆယ်ပါးတွင် ဤဆက်ဆံမှု၏ သန့်စင်ရေး အတွက် ကာကွယ်ရန် ထည့်သွင်းထားခြင်းဖြစ်သည်။
လိင်မှုဆက်ဆံရေးကိစ္စသည် သန့်ရှင်းသည့်အရာဖြစ်သဖြင့် သန့် ရှင်းခြင်း၏စက်ဝိုင်းအတွင်း၌သာ ပြုကျင့်သင့်သည်။ တီဗွီရုပ်ရှင်မင်းသား တို့၏ လှည့်လည်ရောင်းချရန် ကုန်စည်မဟုတ်ပါ။ မိခင်၊ ဖခင်၊ ခရစ်ယာန် ပညာရှင်၊ ဧဝံဂေလိဓမ္မဆရာတိုင်း သွန်သင်ပြောကြားရမည့်အရာဖြစ် သည်။ လိင်မှုကိစ္စ၏သန့်ရှင်းခြင်းအတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါ။
ပို၍ကြီးကျယ်သောအံ့ဖွယ်လက္ခဏာ
လူတို့၏သန္ဓေတည်ခြင်းအမှုသည် အံ့သြဖွယ်ကောင်းသည့်နိမိတ် လက္ခဏာပင်ဖြစ်သည်။ သို့သော် သန္ဓေတည်ခြင်းအမှုထက် သာ၍ကြီး ကျယ်သောအံ့ဖွယ်လက္ခဏာလည်းရှိသည်။ ပထမမွေးဖွားခြင်းသည် ရုပ် ခန္ဓာကိုယ်တွင်ဖြစ်၍ ကြီးသောလျှို့ဝှက်ချက်ဖြစ်၏။ သို့သော် ဒုတိယ မွေးဖွားခြင်းသည် ဝိညာဉ်ရေးဖြစ်သဖြင့် သာ၍ကြီးမြတ်သော လျှို့ဝှက် ချက်ပင်ဖြစ်၏။ တစ်ဖန်မွေးဖွားသော ခရစ်ယာန်များကို ပေတရုပြော သည်မှာ “သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖေါက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူ သော အသက်ရှင်၍အစဉ်အမြဲတည် တော်မူသောဘုရားသခင်၏ နှုတ် တော်ထွက်အားဖြင့် ဖွားသောကြောင့်” (၁ပေ ၁း၂၃) ဟုဆိုသည်။
ဘုရားသခင်သည် စကားကြမ်းတမ်းစွာ ဆဲဆိုပြောတတ်သည့် တံငါသည်ရှိမုန်ပေတရုကဲ့သို့သောလူကို ဆွဲဆောင်စွမ်းရှိသည့် ဓမ္မဆရာ အဖြစ် ပြောင်းလဲလိုက်ခြင်းသည် ပို၍ကြီးမြတ်သောအံ့ဖွယ်လက္ခဏာကို ပြုလုပ်ခြင်းဖြစ်၏။ မာဂဒလမာရိကဲ့သို့သော မကောင်းမှု၌ ကျင်လည် သည့်မိန်းမကို ပြည့်တန်ဆာမဘဝမှ သစ္စာရှိယုံကြည်သူအဖြစ် ပြောင်းလဲ လိုက်ခြင်းသည် ပို၍ကြီးသောလျှို့ဝှက်ချက်ကို ပြုလုပ်လိုက်ခြင်းပင် ဖြစ် သည်။
အသစ်ပြန်လည်မွေးဖွားခြင်းသည် အဘယ်ကြောင့် ပို၍ကြီးသော အံ့ဖွယ်လက္ခဏာဖြစ်ပါသနည်း။ ပထမမွေးဖွားခြင်းသည် ရုပ်ခန္ဓာကိုယ် ကို ရရှိပြီး ဒုတိယမွေးဖွားခြင်းသည် ထာဝရအသက်ကိုရရှိခြင်းကြောင့် ဖြစ်သည်။ ပထမမွေးဖွားခြင်းသည် အသက်ရှင်ရန် အနှစ် (၇ဝ) သို့မဟုတ် (၁ဝဝ) အထိ နေခွင့်လက်မှတ်ရသော်လည်း ဒုတိယမွေးဖွားခြင်းသည် နှစ်ပေါင်း သန်း(၇၀) မှ နှစ်သန်းပေါင်း (၁၀၀) ထာဝရအသက်ရှင်နေထိုင် ရန် လက်မှတ်ကိုရရှိခြင်းဖြစ်သည်။
လိုအပ်ချက် (၂) ရပ်
ပထမမွေးဖွားခြင်း၌ အရာနှစ်ခုလိုအပ်သည်။ မိန်းမ၏သန္ဓေသား ဥနှင့် ယောက်ျား၏သုတ်ပိုး၊ ဒုတိယမွေးဖွားခြင်း၌လည်း အရာနှစ်ခုလို အပ်သည်။ သခင်ယေရှု ယောဟန် ၃း၅ တွင် ဖေါ်ပြထားသည်။ “ယေရှု ကလည်း ရေနှင့်ဝိညာဉ်တော်မမွေးဖွားသောသူမည်သည်ကား၊ ဘုရား သခင်၏ နိုင်ငံတော်သို့မဝင်ရဟု ငါအမှန်အကန်ဆို၏။” (ယော ၃း၅)။ ထိုကြောင့် အသစ်မွေးဖွားခြင်း၏လိုအပ်ချက်နှစ်ခုကား ရေနှင့်ဝိညာဉ် တော်ဖြစ်သည်။ ဝိညာဉ်တော်ဖြင့်မွေးဖွားခြင်းသည် ပြောင်းလဲခြင်းဖြစ် ၏။ ရေဖြင့်မွေးဖွားခြင်းသည် ဗတ္တိဇံခံယူခြင်းဖြစ်၏။
ရုပ်ခန္ဓာကိုယ်မွေးဖွားခြင်းသည် ဘုရားသခင်၏ကျေးဇူးတော်ဖြစ် သည်။ သို့သော် ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သော်လည်း လိုအပ်ချက် နှစ်ခုရှိရန် တရားဥပဒေပြုထားသည်။ သုတ်ပိုးရှိရမည်။ သန္ဓေသားဥရှိရ မည်။ ဤအရာနှစ်ခုသည် ဆုံစည်းကြရမည်။ ဝိညာဉ်တော်ဖြင့် မွေးဖွား ခြင်းသည်လည်း ဘုရားသခင်ထံမှ ဆုကျေးဇူးဖြစ်၏။ ဘုရားသခင်ထံမှ ဆုကျေးဇူးဖြစ်သော်လည်း လိုအပ်ချက်နှစ်ခုကို တရားဥပဒေပြုထား သည်။ ပြောင်းလဲခြင်းရှိရမည်။ ဗတ္တိဇံကိုခံယူရမည်၊ ဤအရာနှစ်ခုသည် ဆုံစည်းကြရမည်။
သန္ဓေသားဥရှိပြီး သုတ်ပိုးမရှိလျှင် ရုပ်ခန္ဓာကိုယ်မရှိနိုင်ပါ။ သုတ် ပိုးရှိပြီး သန္ဓေသားဥမရှိလျှင် လောကအသက်မရှိနိုင်ပါ။ ထိုနည်းတူ၊ ဗတ္တိဇံခံယူပြီး ပြောင်းလဲခြင်းမရှိလျှင် ထာဝရအသက်မရရှိနိုင်ပါ။ ပြောင်း လဲခြင်းရှိပြီး ဗတ္တိဇံခံယူခြင်းအမှုကိုမပြုလျှင် ထာဝရအသက်ရမည် မဟုတ်ပါ။ သခင်ယေရှုသည် လေးနက်ပြတ်သားသည်။ ဝိညာဉ်တော်နှင့် ရေမပါလျှင် “ဘုရားသခင်၏ နိုင်ငံတော်သို့မဝင်ရ” (ယော ၃း၅) ဟု ဆိုသည်။
လုပ်နည်းစနစ်နှင့် အနက်အဓိပ္ပါယ်
အဘယ်ကြောင့် ထိုအရာနှစ်ခုသည် လိုအပ်ပါသနည်း။ တစ်ခု သည် အခြားတစ်ခု၏ပုံဆောင်ပြီး အခြားတစ်ခုမှာ တစ်ခု၏အနက် အဓိပ္ပါယ်ကိုပေးခြင်းကြောင့်ဖြစ်သည်။ မကြာခဏနှုတ်တော်ထွက်တွင် ဘုရားသခင်သည် “အတွင်း၊ အပြင်” ဆိုသည့်ဥပဒေသကို အသုံးပြုသည်။ အရာတစ်ခုသည် အတွင်း၌တွေ့ကြုံခံစားမှုရှိလျှင် အပြင်ဘက်တွင် သက် သေပြသည်။ ထိုအတွင်းပြောင်းလဲမှုသည် အပြင်ဗတ္တိဇံဖြင့် သက်သေပြ သည်။ ဗတ္တိဇံအပြင်၏ပုံစံသည် ပြောင်းလဲခြင်းအတွင်း၏ သင်္ကေတ ဖြစ် သည်။
ရောမ ၆း၃-၅ တွင် ဗတ္တိဇံခံယူခြင်းသည် ယေရှု၏သေခြင်း၊ မြှုပ်နှံခြင်း၊ ထမြောက်ခြင်းတို့အတွက် အခမ်းအနားဆင်ယင်ကျင်းပခြင်း သာမဟုတ်ပါ။ ကျွန်ုပ်တို့အပြစ်ကို သေခြင်း၊ အသက်တာအဟောင်းကို ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်း၊ အသစ်သောအသက်တာ၌ ထမြောက် ခြင်းတို့သည် မှန်ကန်ကြောင်း အခိုင်အမာပြသည်။ ထိုကြောင့် ဗတ္တိဇံခံယူ ခြင်းသည် ကျွန်ုပ်တို့၏ပြောင်းလဲခြင်းကို ပြင်ပလူထုအား ကြေညာခြင်း ဖြစ်သည်။ ရေဖြင့်ဗတ္တိဇံအပြင်တွင် ခံယူခြင်းသည် ဝိညာဉ်တော်ဖြင့် အတွင်းဘက်တွင် ဗတ္တိဇံခံယူခြင်းဖြစ်သည်။
ဗတ္တိဇံခံယူခြင်းသည် ပြောင်းလဲခြင်း၏ ပုံသဏ္ဌာန်ကိုဆောင် သည့်အတွက် ကလေးသူငယ်များအတွက်မဟုတ်ပါ။ အဘယ်ကြောင့်ဆို သော် ကလေးသူငယ်တို့သည် နားလည်နိုင်ခြင်းမရှိသည်သာမက ပြောင်း လဲခြင်း၏ အတွေ့အကြုံကိုလည်း ခံစားနိုင်မည်မဟုတ်ပါ။ လူတစ်ဦး သည် မိမိအသက်တာနေထိုင်မှုစနစ် ပြောင်းလဲခြင်းအတွေ့အကြုံကို ရွေး ချယ်နိုင်သည့်အသက်အရွယ်အထိရှိသင့်သည်။သခင်ယေရှုသည် ကလေး သူငယ်များကို ဘယ်သောအခါမျှဗတ္တိဇံကိုမပေးပါ။ ၎င်းတို့ကိုကောင်းချီး မင်္ဂလာကိုသာပေးသည်။ (မာကု ၁ဝး၁၃-၁၆)။
ဗတ္တိဇံခံယူခြင်းသည် သေခြင်း၊ မြှုပ်နှံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း ကိုပုံဆောင်သည့်အတွက် ရေ၌နှစ်ခြင်းဖြင့်သာပြုရမည်။ လုပ်နည်းစနစ် သည် အဓိပ္ပါယ်ဖေါ်ဆောင်ခြင်းကို ပြသည့်အတွက်ဖြစ်သည်။ ကျမ်းစာ တော်မြတ်တွင် လူများကိုရေဖြင့် ဖျန်းခြင်းအမှုကို ဘယ်သောအခါမျှ မဖေါ်ပြထားပါ။ နှစ်ခြင်းဆရာယောဟန်သည် ရေများရာအရပ်ကို ဗတ္တိဇံ ပေးရန် ရွေးချယ်ခဲ့သည်။ (ယော ၃း၂၃) ကျမ်းစာတွင် သုံးသောစနစ်ကို တမန်တော်ဝတ္ထု ၈း၃၈၊၃၉ တွင် ရှင်းလင်းစွာဖေါ်ပြထားသည်။ ဗတ္တိဇံခံ ယူသောသူသည် ရေထဲသို့ဆင်းပြီး တစ်ဖန်ရေထဲကထွက်လာသည်ဟု ဖေါ်ပြထားသည်။
ကြီးမြတ်သောပုံပမာ
သတိရဖွယ်ကောင်းသော လူငယ်တစ်ဦးအကြောင်းကို တမန် တော် ဝတ္ထုအခန်း (၉) တွင် ဖေါ်ပြထားသည်။ ၎င်းလူငယ်သည် ပညာ စွမ်းရည်သြဇာရှိသည်သာမက ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးလည်း ဖြစ် သည်။ အနာဂတ်ကိုပိုင်သူတစ်ဦးဖြစ်သည်။ ကျမ်းမှတ်တမ်းအရ “ရှောလု သည် သခင်ဘုရား၏တပည့်တစ်ဘက်၌ ခြိမ်းခြောက်၍ အသေသတ်ခြင်း ငှာ ပြင်းစွာအသက်ရှုသဖြင့်” (တမန် ၉း၁) ဟုဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သူသည် ခရစ်ယာန်များကို တိုက်ခိုက်နေသည်သာမက မိမိ၏ စိတ်
ကိုပါတိုက်ခိုက် နေခြင်းဖြစ်၏။
သို့သော် ဘုန်းတန်းခိုးနှင့် ပြည့်စုံပြီး မမေ့နိုင်သောနေ့တစ်နေ့၌ ရှောလုသည် သူ၏ကယ်တင်ရှင်နှင့်တွေ့ဆုံခဲ့သည်။ ဒမာသက်လမ်းမကြီး ပေါ်တွင် ဘာသာရေးဟန်ပြနှင့် နိုင်ငံရေးဂုဏ်ဖြင့် လျှောက်လှမ်းနေစဉ် ကောင်းကင်မှထွန်းတောက်သောအလင်းသည် သူ့အား မြေကြီးပေါ်သို့ ရုတ်ခနဲ ရိုက်ချလိုက်သည်။ ထိုအလင်းသည် သာမန်အလင်းမဟုတ်ပါ။ ထိုအလင်းထဲတွင် ရှောလုသည် ဤလောက၏အလင်းဖြစ်သူ သခင် ယေရှုကိုမြင်ခဲ့သည်။ (ငယ် ၁၇)။ ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် ကျိုးနွံခြင်း ဖြင့် အသက်တာ၏ အရေးကြီးဆုံးသောမေးခွန်းကိုမေးသည်။ “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” (ငယ် ၅)။ ရှောလုသည် သုံးရက်တိုင် မျက်စိမမြင်ခြင်း၊ နောင်တရခြင်း၊ အပြစ်ဝန်ခံခြင်းနှင့် နှလုံးသားရှာဖွေ ခြင်း၊ အစာရှောင်ဆုတောင်းခြင်းဖြင့် နေ့စဉ်အာနနိ၏လက်သည် သူ့ပေါ် တွင် တင်ကျရောက်သည်ကို ခံစားရသည်။ ထိုခဏ၌အံ့ဖွယ်လက္ခဏာ ဖြစ်ပေါ်လာသည်။ ရှောလု၏ မျက်စိမှငါးအကြေးကွာကျသကဲ့သို့ဖြစ်၏။ ထုံးတမ်းဓလေ့သည် အမှန်တရားကို အညံ့ခံခဲ့ပြီ၊ ပုန်ကန်မှုသည် ပြောင်းလဲမှုဖြင့် ကျော်လွှားပြီး ရုန်းကန်မှုသည် ကျိုးနွံမှုသို့ရောက်ရှိပြီ။ ဝါကြွားခြင်းသည် ငြိမ်သက်ခြင်းကို အရှုံးပေးခဲ့ပြီ၊ ဘာသာရေးကို ရွေးနုတ် သူက အနိုင်ယူပြီး စာတန်၏ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော် အား လမ်းဖယ်ပေးရပြီ။ တမန်တော်ဝတ္ထု ၉း၁၇ တွင် ရှောလုသည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်ရှိသည်” ဟုဖေါ်ပြထားသည်။ သူသည်အသစ်သောသူဖြစ်လေပြီ။ သူ၏အသက်တာသည်လည်း ပြောင်း လဲခဲ့လေပြီ။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံကိုခံခဲ့ရလေပြီ။
ဘုရားသခင်၏အစီအမံတွင် လူတစ်ဦးသည် ဝိညာဉ်တော်၏ ဗတ္တိဇံကိုအတွင်း၌ခံယူခဲ့သော် သူသည် အပြင်ဘက်တွင် ရေ၌ဗတ္တိဇံကို ခံယူရမည်။ ထိုကြောင့်ရှောလုသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ နှုတ်တော်ထွက်တွင် “မျက်စိမြင်ပြန်သဖြင့် ထ၍ဗတ္တိဇံကိုခံပြီးလျှင်” ဟု ဖေါ်ပြထားသည်ကိုတွေ့ ရသည် (ငယ် ၁၈)။ ထိုခဏ၌ပင် ရှောလုသည် ဘုရားသခင်၏အိမ်ထောင်တွင် မွေးဖွားခဲ့လေ ပြီ။ သန္ဓေသားဥနှင့်သုတ်ပိုးတို့သည် သူ၏ခန္ဓာကိုယ်ကို မွေးဖွားပေးသကဲ့ သို့ ဝိညာဉ်တော်နှင့်ရေသည် သူ့အား ဝိညာဉ်မွေးဖွားခြင်းကိုပေးခဲ့ပြီ။ ထိုအရာသည် ခရစ်တော်ပေးခဲ့ ခြင်းအရာမဟုတ်ပါ၏လော။
ကျွန်ုပ်သည် ကျမ်းအပိုဒ်တမန် ၉း၁၈ ကိုနှစ်သက်သည်။ ရှောလု သည် ချက်ချင်းပင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သည်ဟု ဖေါ်ပြထားသည်။ သူသည် “ယဇ်ပုရောဟိတ်မင်းကြီးနဲ့ တိုင်ပင်ကြည့်အုံး မယ်” ဟု မပြောပါ။ “ငါ့အလုပ်အကိုင်ဘယ်လိုဖြစ်မလဲ” ဟု လည်း မစိုး ရိမ်ပါ။ ရှောလုသည် တစ်ခုတည်းကိုသာမေးသည်။ “ကိုယ်တော်၊ ကျွန်ုပ် ဘာလုပ်ရမလဲ” (ငယ် ၆)။ ထိုနောက်သူသည် ဘုရားသခင်၏အလိုတော် နောက်သို့ လိုက်နာဆောင်ရွက်ခဲ့လေသည်။
အကောင်းဆုံးပုံသက်သေ
ရှောလုသည် ကောင်းသောပုံသက်သေ ဖြစ်သည်။ သို့သော် အကောင်းဆုံးပုံသက်သေမှာ သခင်ယေရှုသာလျှင်အမြဲဖြစ်၏။ နာဇရက် တွင် အလုပ်များစွာလုပ်ဆောင်ပြီးနောက် တစ်ရက်သော် သူသည် ၎င်း၏ လက်သမားအလုပ်ရုံကိုပိတ်၊ မိခင်မာရိကိုနှုတ်ဆက်ကာ ဂါလိလဲမှယော် ဒန်သို့ နှစ်ခြင်းခံယူရန် လျှောက်လှမ်းလာခဲ့သည်။
သခင်ယေရှုသည် အဘယ်ကြောင့် ဗတ္တိဇံခံယူသည့်ထုံးနည်း နိဿယဝတ်ကိုပြုတော်မူသနည်း။ သူ့တွင်ဆေးကြောရန် အပြစ်မရှိဘဲ လျက် အဘယ်ကြောင့်ယောဟန်ကို ၎င်းအားနှစ်ခြင်းပေးရန် အမိန့်ချ မှတ်ခဲ့ပါသနည်း။၎င်း၌အသက်တာအဟောင်းနဲ့အသစ်လဲလှယ်ရန်လည်း မရှိပါ။ သို့နှင့် အဘယ်ကြောင့် ရေနှစ်ခြင်းကိုခံရမည်နည်း။ ပြောင်းလဲရန် လည်းမလို၊ ထိုကြောင့်ဘယ်ကဲ့သို့သောအကြောင်းကြောင့် ဗတ္တိဇံခံယူရန် တောင်းဆိုပါသနည်း။ ယောဟန်သူ့အားမေးမြန်းသည့်အခါ “ယေရှုက လည်း အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။” (မဿဲ ၃း၁၅) ဟုဆိုသည်ကို တွေ့ရှိရသည်။
သန့်ရှင်းသောမြင်ကွင်းကိုရှုစားကြည့်ပါလေ။ ဖန်ဆင်းရှင်သည် ဖန်ဆင်းသူထံမှ နှစ်ခြင်းကိုခံယူရသည်။ ယောဟန်သည် ကယ်တင်ရှင်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ရေထဲသို့နစ်လိုက်ပြီး တစ်ဖန်ဖြည်းညင်းစွာ ရေထဲမှ ဆွဲတင်လိုက်သည်။ ရွေးနုတ်သူသည် ရွေးနုတ်ခြင်းကို လိုအပ် သောသူ လက်မှနှစ်ခြင်းမင်္ဂလာခံယူခြင်းကို ကောင်းကင်တစ်ခုလုံးသည် အံ့သြစွာဖြင့် ကြည့်ရှုလျက်ရှိသည်။
သူ၏အမိန့်တော်နှင့်အညီ ရေတွင် နှစ်ခြင်းခံယူသောသူသည် ဝိညာဉ်တော်အားဖြင့် နှစ်ခြင်းကိုလည်း ခံယူရမည်ဖြစ်၏။ “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော် အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍” (ငယ် ၁၆)။ အံ့ဩဖွယ်အကောင်း ဆုံးအံ့သြခြင်းပင်။ ယေရှုသည် ကျွန်ုပ်တို့၏ ပုံသက်သေဖြစ်၏။ ရေနှင့် ဝိညာဉ်နှစ်ရပ်လုံးတွင် နှစ်ခြင်းကို ခံယူခဲ့လေပြီ။ ကျွန်ုပ်လည်း ယေရှုကဲ့သို့ လိုက်လျှောက်လိုပါ၏။ သင်သည်လည်း ဤကဲ့သို့ဆန္ဒရှိပါ၏လော။
ထိုနောက် အရာတစ်ခုဖြစ်ပျက်ခဲ့သည်။ ကောင်းကင်မှအသံသည် “ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟု ထွက်ပေါ် လာသည်။ ထိုအသံသည် သင်နှစ်ခြင်းခံယူသည့်အခါ ထွက်ပေါ်လာဦး မည်။ သင်သည် ရေနှင့်ဝိညာဉ်ဖြင့် အသစ်မွေးဖွားခြင်းကို ခံယူသည့်အခါ ထိုအသံသည် တစ်ဖန်ထွက်ပေါ်လာမည်။ သင်သည် ဘုရားသခင်၏ အိမ်ထောင်စုဝင်အဖြစ် မွေးဖွားသည့်မင်္ဂလာအချိန်တွင် ထိုအသံထွက် ပေါ်လာမည်။ “ဤသူသည်၊ ငါ၏ချစ်သား၊ ငါချစ်၏။ ဤသူမသည် ငါ၏ ချစ်သမီး၊ ငါချစ်၏” ထိုအချိန်သည် အဘယ်မျှမင်္ဂလာရှိသောနေ့ဖြစ်မည် နည်း။
အခမ်းအနားကျင်းပခြင်း
အသက်၊--- အလွန်အဖိုးထိုက်သည့် ကျေးဇူးတော်ပါတကား။ ခေတ္တရပ်နားပြီး ဘုရားသခင်ကိုချီးမွမ်းကြပါစို့။ အသက်၊--- အလွန်လျှို့ ဝှက်နက်နဲသည့်အရာပါတကား။ ဖခင်၏သုတ်ပိုး၊ မိခင်၏ သန္ဓေသားဥ အပေါင်းဘုရားသခင်၏အံ့ဖွယ်လက္ခဏာပင်ဖြစ်၏။--- အသက်၊ ပြဿနာ များနှင့်ပြည့်ဝသော်လည်း ဆုပ်ကိုင်ထားပြီး ပျော်ရွှင်စွာအသုံးပြုကြပါစို့၊ ဘုရားသခင်ကို ကျေးဇူးတင်သည့်အခမ်းအနားကို ကျင်းပကြပါစို့၊ ယနေ့ ပင်စတင်ကြပါစို့။
ထာဝရအသက် အလွန်တင့်တယ်ပြီး ကြင်နာတတ်သော ဆု ကျေးဇူးပါတကား။ ဘုရားသခင်ကိုချီးမွမ်းကြပါစို့။ ထာဝရအသက်အဆုံး စွန်သော လျှို့ဝှက်နက်နဲမှုပါတကား။ ဝိညာဉ်တော်နှင့်ရေအပေါင်း ဘုရား သခင်၏ လက္ခဏာပင်ဖြစ်၏။ ထာဝရအစဉ်အမြဲတည်သောအသက်--- စိန်ခေါ်မှုများနှင့်ပြည့်ဝသော်လည်း ဆုပ်ကိုင်ထားကြပါစို့၊ တွေ့ကြုံခံစား ကြပါစို့။ ပျော်ရွှင်စွာအသုံးပြုကြပါစို့၊ ဘုရားသခင်ကို ကျေးဇူးတင်သည့် အခမ်းအနား ကျင်းပကြပါစို့။ အဘယ်ကြောင့် ယနေ့တွင် စတင်ကျင်းပ နိုင်ခြင်းမရှိပါသနည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment