အခန်းကြီး - ၂၇
1 တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
2 မိမိ၌ ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ၏။
3 ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
4 ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန်မလိုက်မရှာဘဲ နေ၏။
5 ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ။ ကိုယ်တော် ကျွန်သည် မြို့တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊
6 ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။
7 ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း။
8 တရံရောအခါ ဒါဝိဒ်နှင့် သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။
9 ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ၍ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။
10 အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။
11 ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ၍ သိတင်းကြားပြောမည့်သူမရှိစေခြင်းငှါ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာ မပေး။ ဒါဝိဒ်သည် ဖိလိတ္တြိပည်၌နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။
12 အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ်ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိတ်စကားကို ယုံလျက်ဆို၏။
အနက်ဖွင့်ချက်။
၂၇:၁ ဖိလိတ္တိပြည်။ ဒါဝိဒ်သည် ဒုတိယအကြိမ်အဖြစ် ဖိလိတ္တိပြည်တွင် ခိုလှုံရန် ရှာဖွေသည်။
27:1 the land of the Philistines. For the second time David seeks
refuge in Philistia.
၂၇:၃ ဂါသ်။ ဒါဝိဒ်သတ်ခဲ့သော ဂိုလျတ်သည် ဂါသမြို့မှ ဖြစ်သည်။ ဤအကြိမ်တွင် အာခိရှသည် ဒါဝိဒ်ကို စစ်သားငှားအဖြစ် ငှားရမ်းရန် အသင့်ဖြစ်သည်။
27:3 Gath. Goliath, whom David killed, was from Gath. This time
Achish is ready to hire David as a mercenary.
၂၇:၅ တော်ဝင်မြို့။ ဂါသသည် ပြည်ထောင်စုငါးခု (ပင်တာပိုလစ်) ဖွဲ့စည်းထားသော မြို့-ပြည်နယ်ငါးခုအနက် တစ်ခုဖြစ်သည်။
27:5 the royal city. Gath is one of the five
city-states which formed a union (Pentapolis).
၂၇:၆ ဇိခက်လဂ်။ ယုဒပြည်တောင်ပိုင်းရှိ မြို့တစ်မြို့ဖြစ်ပြီး၊ ပထမဦးစွာ သမောင်အနွယ်သို့ ခွဲဝေပေးခဲ့သော်လည်း နောက်ပိုင်းတွင် ဖိလိတ္တိများထံ ဆုံးရှုံးခဲ့သည်။ ဤလက်ဆောင်အတွက် အကျိုးဆက်အနေဖြင့်၊ အာခိရှသည် ဒါဝိဒ်အား ယုဒပြည်ကို တိုက်ခိုက်ရန် မျှော်လင့်သည်။
27:6 Ziklag. A town in southern Judah first allotted
to the tribe of Simeon but later lost to the Philistines. In return for this
gift, Achish expects David to make raids against Judah.
၂၇:၇ အချိန်။ ဒါဝိဒ်သည် ရှောလသေဆုံးသည်အထိ ဇိခက်လဂ်တွင် နေထိုင်သည်။
27:7 the time. David lives in Ziklag until the death
of Saul.
၂၇:၈ ဂေရှုရိလူမျိုး၊ ဂိဇရိလူမျိုး၊ နှင့် အာမလက်လူမျိုး။ ယုဒပြည်နှင့် ရန်လိုသော လူမျိုးများ (၁၅:၂)။
27:8 Geshurites, the Girzites, and the Amalekites. Peoples hostile to the land of
Judah (15:2).
၂၇:၉ အသက်ရှင်သူ။ အကြောင်းအမှုကို အခန်းကဏ္ဍ ၁၁ တွင် ဖော်ပြထားသည်။ ဒါဝိဒ်သည် ဖိလိတ္တိများအား သူ၏တိုက်ခိုက်မှုများသည် ယုဒပြည်ကို ဆန့်ကျင်သည်ဟု ယုံကြည်စေလိုပြီး ဆန့်ကျင်သက်သေထွက်ဆိုနိုင်သူမရှိစေရန် အသက်ရှင်သူများကို မထားခဲ့ပါ။
27:9 alive. The reason is given in v. 11. David wants the
Philistines to believe that his raids are against Judah, so he leaves no person
alive who could witness to the contrary.
၂၇:၁၀ ကေနိလူမျိုး။ မောရှေ၏ယောက္ခမသည် ဤလူမျိုးနှင့် ဆက်စပ်နေပြီး၊ ၎င်းတို့သည် ယေရမေလလူမျိုးများနှင့်အတူ ယုဒမျိုးနွယ်နှင့် ယခုဆက်စပ်နေသည်။
27:10 Kenites. Moses’ father-in-law was related to
these people who, together with the Jerahmeelites, are now attached to Judah.
No comments:
Post a Comment