၈။ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်
ဆုတောင်းခြင်းဖြင့် အစပြုရန်
ဣသရေလလူမျိုးပြည့်တန်ဆာ ဖြစ်လာသည့် အကြောင်းကို ယေဇကျေလ အနာဂတ္တိကျမ်းတွင် ဖော်ပြသည်။ ပတ်ဝန်းကျင်နိုင်ငံ၏ ထုံးတမ်းစဉ်လာ ယုံကြည်ခြင်း “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို လက်မခံခြင်း၊ နာခံမှု မရှိခြင်း၊ လက်ခံသွန်သင်ခြင်းဖြင့် ဘုရားကို ဆန့်ကျင်ပုန်ကန် ကြပါသည်။ ထိုသို့ သမ္မာတရားတွင် ဆန့်ကျင်ပုန်ကန်လိုသော စိတ်သဘောဖြင့် ရောနှောသည့် အယူဝါဒကို “အဆိပ်အတောက် စပျစ်ရည်” ဟုခေါ်ပါသည်။
“ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုနာခံမှုမရှိသော ပတ်ဝန်းကျင်နိုင်ငံများ၏ စက်ဆုပ်ရွံရှာဖွယ် အမှုဖြင့် ဣသရေလအမျိုးမှားယွင်းကြသည်။ ထိုသို့ မှားယွင်းမှုမှ စတင်၍ ပြည့်တန်ဆာဘ၀သို့ တဖြည်းဖြည်း ကူးပြောင်းသွားပြီး လျှင် သူမဆီ၌ စွဲကပ်သော ရောဂါကို သယ်ဆောင် ဖြန့်ဖြူးသူ ဖြစ်လာသည်။ စားသုံးသူ ဘ၀မှ ထုတ်လုပ်သူ ဖြစ်လာပါသည်။ ဘုရားသခင်ကို ကိုးစားသောလူမျိုးမှ လောကီဘုရင်များကို ကိုးစားခြင်းဖြင့် ဘုရားသခင်ကို ပုန်ကန်သော လူမျိုးဖြစ်လာသည်။
ဘုရားသခင်၏ ဘုန်းတော်ကာကွယ်မှု မရှိသောအချိန်မှစ၍ ရွှေငွေအရောင်အဆင်း အမျိုးမျိုးဖြင့် ဆင်ယင်ကြသည်။ မိမိတို့၏ ထင်ပေါ်ကြော်ကြားမှုကို ဦးစားပေးခြင်းဖြင့် တဖြည်းဖြည်း ဘုရားဂုဏ်တော်ကို ချီးမွမ်းမှု မရှိသောလူမျိုးဖြစ်လာသည်။ နောင်တအပြန်လမ်း မရှိသော ဘုရားသခင်၏ သတို့သမီးသည် ပြာမှုန့်အဖြစ်သို့ ပို့ဆောင်မည့် ဝိညာဉ်ရေးစနစ် ကျော့ကွင်းဖြင့် လှည့်စားခံရသည်။
ယေဇကျေလ အနာဂတ္တိကျမ်း ၁၆း၃၇ လှည့်စားခြင်းခံရသောသူ၊ သစ္စာပျက်သောသူအတွက် ကရုဏာ မကုန်ခန်းတတ်သော ဘုရားသခင်၏ နောက်ဆုံးသတင်းစကားများမှာ။ “သင့်ကိုချစ်သော ရည်းစားရှိသမျှတို့နှင့် သင်ချစ်သောသူ၊ မုန်းသောသူအပေါင်းတို့ကို ငါစုဝေးစေမည်။ သင့်တစ်ဘက်ပတ်လည်၌ အဝတ်အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌အဝတ် အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။”
ဝတ်ပြုရာကျမ်း ၁၈း၂၆-၃၀ ဣသရေလလူမျိုး ကျရောက်သွားနိုင်သော ကျော့ကွင်း၏ အန္တရာယ်ကို ဘုရားသခင်သည် ပုရောဖက်များဖြင့် အထပ်ထပ်မှာ ထားခဲ့ပါသည်။ “သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တစ်ဖန်ညစ်ညူးခြင်းကို ခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှာ၊ ကိုယ်အမျိုးသားဖြစ်စေ၊ သင်တို့တွင် တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံရှာဖွယ်အမှုတို့ကို မပြုရ။ သင်တို့ရှေ့၌ ရှိသော ပြည်သားတို့သည်။၊ ထိုသို့သော ရွံရှာဖွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။ ထိုသို့သော ရွံရှာဖွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။ သို့ဖြစ်၍ သင်တို့ရှေ့၌ ပြုဖူးသော ထိုရွံရှာဖွယ်ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍ ကိုယ်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။”
ရာဇဝင်ချုပ်ဒုတိယစောင် ၃၆း၁၄ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုလက်မခံခြင်း၊ နာခံမှုမရှိခြင်း ဖြင့် ဆန့်ကျင်ပုန်ကန်ကြသော ခါနာန်တိုင်းပြည်၏ အကျင့်ဓလေ့နှင့် ဝိညာဉ်ရေးစနစ်ကို မယုံကြည်၊ မပတ်သက်ကြရန်၊ ဘုရားသခင် သေသေချာချာ မှာထားခဲ့ပါသည်။ သို့သော် “ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တစ်ပါးအမျိုးသား ရွံရှာဖွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာ၀ရဘုရားသန့်ရှင်းစေတော်မူသော ဗိမာန်တော်ကိုညစ်ညူးစေကြ၏။”
ပတ်ဝန်းကျင်နိုင်ငံများ၏ ယုံကြည်သက်ဝင်မှုမှ ဝေးဝေးရှောင်နေရန် ဘုရားသခင် ဆင့်ဆိုထားပါသည်။ ယနေ့ခရစ်ယာန်အသင်းတော်သည်လည်း ရှေးခေတ်ဣသရေလ လူမျိုး၏ အမှားမျိုးကို ထပ်ပြီး ကျူးလွန်နေကြပါသည်။ ကောရိန်သုအသင်းသူ အသင်းသားများ ဘုရားသခင် ထံ၌ သတို့သမီးကဲ့သို့ အကြွင်းမဲ့ ဆက်ကပ် ထားကြရန် ရှင်ပေါလုတောင်းဆိုပါသည်။ သန့်ရှင်းစင်ကြယ်သည့် အသင်းတော်တွင် ရှင်ပေါလုစိုးရိမ် ပူပန်ခဲ့သည်အတိုင်း “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုလက်မခံ၊ နာခံမှု မရှိသော ဖောက်ပြန်မှုသည် အသင်းတော်အတွင်းဝင်ရောက်လာပါသည်။ သမ္မာတရားတွင် ဆန့်ကျင်ပုန်ကန်လိုသော
စိတ်သဘောဖြင့် ရောနှောသည့် အယူဝါဒသည် အသင်းတော်အတွင်း စတင်ရောက်ရှိလာပါသည်။
ဘုရားသခင် ရွေးချယ်သော ရှေးခေတ်ဣသရေလလူမျိုးများ ကျရောက်ခဲ့သည့် ကျော့ကွင်းအတွင်းသို့ ခရစ်ယာန်များ ထပ်ပြီးကျရောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဗိမာန်တော်တွင် ရွံရှာဖွယ်အရာကြီး “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို နာခံမှု မရှိသော သူသည် ဝင်ထိုင်ပြီး ကြီးစိုးနေပါသည်။ ဘုရားသခင် ကဲ့သို့ ဆိုလျက် ထပ်ပြီးဝါကြွားပါသည်။
ပထမရာစုခေတ်ဦး ခရစ်ယာန်အသင်းတော်သည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုနာခံမှု မရှိခြင်းဖြင့် ဆန့်ကျင်ပုန်ကန်ပြီး ဗာဗုလုန် (ပျက်စီးခြင်း) ကို သန္ဓေတည်ခြင်း ဖြစ်သည်။ ကျမ်းစာတွင် အသင်းတော်ကို အမျိုးသမီးဖြင့် ပုံဆောင်သည်။ သခင်ခရစ်တော်၌ သစ္စာစောင့်သိရိုသေသော အသင်းတော်ကို ဖြူစင်သန့်ရှင်းသော အမျိုးသမီးဖြင့် ပုံဆောင်သည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို နာခံမှု မရှိခြင်းဖြင့် ဆန့်ကျင်ပုန်ကန်သော အသင်းတော်ကို ပြည့်တန်ဆာ မိန်းမဖြင့် ပုံဆောင်သည်။
ဗျာဒိတ်ကျမ်း ၁၇း၁ တွင် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုနာခံမှုမရှိခြင်းဖြင့် ဆန့်ကျင်ပုန်ကန်သော အသင်းတော် အကြောင်း ဘုရားသခင် ဖော်ပြပါသည်။ “ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင် တစ်ပါးသည် လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည့်တန်ဆာကြီး ၌စီရင်ခြင်း အမှုကို ငါပြမည်။”
ရှေးဦးခရစ်ယာန်အသင်းတော် ပြည့်တန်ဆာ ဘ၀သို့ ကျရောက်စေသော ကျော့ကွင်း အကြောင်းကို ဖော်ပြသည်။
ဗျာဒိတ်ကျမ်း ၁၇း၅ တွင် သူမ၏ နာမည်ကို နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏ အမိ၊ ဟုခေါ်ဆိုထားပါသည်။ ဓမ္မဟောင်းကျမ်းတွင် ဗာဗုလုန်နိုင်ငံကို ပြည့်တန်ဆာမကြီးဟု ခေါ်ဆိုခြင်း မရှိပါ။
“ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို လက်မခံ၊ နာခံမှု မရှိခြင်းဖြင့် ဖောက်ပြန်သော ခေတ်ဟောင်း ဣသရေလလူမျိုးကို
ခေါ်ဆိုခြင်းဖြစ်သည်။ ဗျာဒိတ်ကျမ်းတွင် ခေတ်ဟောင်းဣသရေလလူမျိုးနည်းတူ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုလက်မခံ၊ နာခံမှု မရှိခြင်းဖြင့် ဖောက်ပြန်သော (ခေတ်သစ်ဣသရေလ) ခရစ်ယာန် အသင်းတော်ကို ခေါ်ဆိုခြင်းဖြစ်သည်။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇ တွင် ပြည့်တန်ဆာဖြစ်လာသော ခေတ်သစ်ဣသရေလ ခရစ်ယာန်အသင်းတော်၏ ဝတ်ပြုကိုးကွယ်မှု ဟန်ပန်လက္ခဏာများကို ဖော်ပြထားပါသည်။ ရေအပေါ်မှာ ပြည့်တန်ဆာမကြီးထိုင်နေခြင်းသည် မည်သည့် အရာကို ပုံဆောင်သနည်း။
ဗျာဒိတ်ကျမ်း ၁၇း၁၅ တွင် ဖောက်ပြန်သော ခရစ်ယာန်အသင်းတော်သည် ကမ္ဘာတစ်ဝန်းတွင် ဩဇာတိက္ကမကြီးမားသော အသင်းတော်ဖြစ်သည်။ “ယခုမြင်၍ ပြည့်တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။”
ကျမ်းစာတွင်ရေကို အသီးသီး ဘာသာစကားပြောသော လူအမျိုးမျိုး အစုစုကို ပုံဆောင်ပါသည်။ ထိုသူများထံသို့ ကောင်းကင်တမန် သုံးပါးသတင်းကြွေးကြော် ဟောပြောရမည့် လူအမျိုးမျိုးအစုစုဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၇း၂ ဒုတိယကောင်းကင်တမန်သတင်းစကားသည် ဗာဗုလုန်အတွင်းမှ ထွက်ကြရန် ခရစ်ယာန်အားလုံးကို သတိပေးခြင်းဖြင့် ကရုဏာအရှင်ဘုရားသခင် ညင်သာစွာ ခေါ်ခြင်းဖြစ်သည်။ ထွက်ခွာသင့်သော အကြောင်းမှာ “လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ။”
ဗျာဒိတ်ကျမ်း ၁၇း၄ ဗာဗုလုန်မှ ထွက်ဖို့ သတိပေးရသည့် အကြောင်းမှာ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ဆန့်ကျင်ပုန်ကန်သော အယူဝါဒ အန္တရာယ်ဖြင့် မူးယဇ်စေသော အသင်းတော် စနစ်မှ ထွက်ခွာရမည်။ “ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်းနှင့် လည်းကောင်း ပြည့်သော ရွှေဖလားကို ကိုင်လျက် ရှိ၏။” ထိုမိန်းမနှစ်သက်၍ ရွေးချယ်သော အရောင်
မှာ ခရမ်းရောင်ဖြစ်သည်။ အပြာရောင်ကို အနီရောင်ဖြင့် နှော၍ ဖြစ်ပေါ်လာသော ခရမ်းရောင်ဖြစ်ပါသည်။
တောလည်ရာကျမ်း ၁၅း၃၈-၄၁ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုနာခံခြင်းသည် အပြာရောင် သင်္ကေတဖြင့် ပုံဆောင်သည်။ ကျမ်းစာတွင် “သူတို့ အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့်ချည်တွဲရကြမည်။ ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သောအခါ၊ ထာ၀ရဘုရားပညတ်တော်မူသမျှတို့ကို အောက်မေ့၍ ကျင့်ကြမည် အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဥာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်၊ မမှီဝဲ၊ ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဖို့ သန့်ရှင်းမည် အကြောင်း ထိုသို့ ပြုရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာ၀ရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။”
ဗျာဒိတ်ကျမ်း ၁၇း၄ “ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုဆန့်ကျင်ပုန်ကန်သော အသင်းတော်သည်။ ထိုမိန်းမသည် အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။”
ဗျာဒိတ်ကျမ်း ၁၇း၆ ဘုရားသခင်ကို ကိုးစားသင့်သော လူမျိုးသည် လောကီဘုရင်ကို ကိုးစားခြင်းဖြင့် ဘုရားသခင်ကို ပုန်ကန်၍ လူ့အသက်ကို သတ်သောလူမျိုးဖြစ်လာသည်။ “ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့်ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။”
ဗျာဒိတ်ကျမ်း ၁၇း၁၆ ဘုရားသခင်၏ ဘုန်းတော်ကာကွယ်မှု မရှိသော အချိန်မှ စ၍ ရွှေငွေ အရောင်အဆင်း အမျိုးမျိုးဖြင့် ဆင်ယင်သော်လည်း ပျက်စီးဆုံးရှုံးခြင်းတွင် လမ်းဆုံးပါသည်။ “ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည့်တန်ဆာကို မုန်း၍ သူ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏ အဝတ်တန်ဆာကို ချွတ်၍ သူ၏ အသားကို ကိုက်စားလိမ့်မည်။”
ဗျာဒိတ်ကျမ်း ၁၇း၄ ထိုသို့ မှားယွင်းခြင်းမှ စ၍ ပြည့်တန်ဆာဘ၀သို့ တဖြည်းဖြည်း ကူပြောင်းသွားပြီးလျှင် သူမဆီ၌ စွဲကပ်သော ရောဂါကို သယ်ဆောင်ဖြန့်ဖြူးသူ ဖြစ်လာသည်။ “စက်ဆုပ်ရွံရှာဖွယ်သောအရာနှင့် လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်းနှင့်လည်းကောင်း ပြည့်သော ရွှေဖလားကို ကိုင်လျက်ရှိ၏။”
ထိုပြည့်တန်ဆာ မိန်းမကြီး၏ လက်ထဲတွင် မည်သည့်အရာကိုင်ထားသနည်း။
၁။ ရွှေဖလားကိုင်ထားပါသည်။ ဖလားထဲတွင် မည်သည့်အရာပါသနည်း။
၂။ စပျစ်ရည်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာဖြင့် သူမဘာလုပ်မည်နည်း။ ဗျာဒိတ်ကျမ်း ၁၇း၂ “လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ။
၃။ မတရားသော မေထုန်၏ စပျစ်ရည်ဖြင့် လူအမျိုးမျိုးတို့သည် သောက်၍ အရူးဖြစ်ကြ၏။
ယေရမိ အနာဂတ္တိကျမ်း ၅၁း၇ “ဗာဗုလုန်မြို့သည်။ ထာ၀ရဘုရားကိုင်တော်မူ၍ မြေကြီးတစ်ပြင်လုံးကို ယစ်မူးစေသော ရွှေဖလားဖြစ်၏။ ထိုဖလား ၌ ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍ အရူးဖြစ်ကြ၏။” ထိုစပျစ်ရည်ကို သောက်သောသူများသည် လောဘ၊ ဒေါသ၊ မောဟ အရူးဖြစ်ကြ၏။
၄။ လူအမျိုးမျိုးတို့သည် သောက်ပြီး ရူးကြပါသည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုနာခံမှုကင်းမဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်သဘော မရှိသော ဘာသာရေးစနစ်ဖြစ်သည်။
မည်သည့်အကြောင်းကြောင့် ဗာဗုလုန်ကျရှုံးသနည်း။
ပထမကောင်းကင်တမန် သတင်းစကားကို လက်မခံခြင်းမှ ပျက်စီးခြင်း အမှုအစပြုလာသည်။ ပထမကောင်းကင်တမန်၏ သတင်းစကားမှာ ဘုရားသခင်ကို
ကြောက်ရွံရိုသေပါ။ ဘုရားသခင်ကို ချီးမွမ်းပါ။ ဘုရားသခင်ကို ကိုးကွယ်ပါ ဖြစ်ပါသည်။
၁။ သခင်ခရစ်တော်တစ်ကြိမ်တည်း အသက် စတေးခံခြင်းဖြင့် ခေတ်အဆက်ဆက်တွင် ရှိသော လူသားအားလုံးအတွက် လုံလောက်ပါသည်။
၂။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” သာလျှင် မြေမှုန့်မှ ရွှေစင်ကဲ့သို့သော စာရိတ္တကို ပုံဖော်ပေးနိုင်သည့် ဝိညာဉ်ရေး စနစ်ဖြစ်ပါသည်။
၃။ ဘုရားသခင် ကျေးဇူးတော်သည် အသက်တာအဟောင်းကို ပြောင်းလဲပေးသော လက်ဆောင်ဖြစ်ပါသည်။ ထိုကြောင့် သခင်ခရစ်တော်အသွေးတော်ဖြင့်သာ ဖြောင့်မတ်ခြင်း ရှိနိုင်သည်။
၄။ ခရစ်ယာန်များသည် ဘုရားသခင်၏ ဂုဏ်တော်နှင့် ဘုန်းတော်ကို အလင်းရောင်ပြန်ခွင့် ရသည့် လူတစ်စု ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၄း၈ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ငြင်းဆန်သောကြောင့် ဗာဗုလုန် ကျဆုံးခြင်းဖြစ်သည်။ ဖောက်ပြန်သော အယူဝါဒဖြင့် ဟောပြောစည်းရုံးပြီး မိမိ၏ ရောဂါကို ကူးစက်စေသည်။ စာတန်၏ စိတ်သဘောနှင့် ဝိညာဉ်ရေးစနစ်ကို ကိုယ်စားလှယ်ဝါဒ ဖြန့်သူ ဖြစ်လာပါသည်။ “ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲ ပြီဟု လိုက်၍ ပြောဆို၏။”
စာတန်၏သဘောတရားဩဝါဒသည် မတရားသော မေထုန်၏ အဆိပ်အတောက်စပျစ်ရည် ဖြစ်သည်။
ဗာဗုလုန်မြို့ကြီး၏ အနက်အဓိပ္ပါယ်မှာ ပြိုလဲပြီးပျက်စီးခြင်း ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၈း၂-၃ ထိုကြောင့် ကရုဏာ တံခါး ပိတ်ချိန်အထိ စာတန်စတင်ခဲ့သော သဘောတရား ဩဝါဒ အန္တရာယ်ကို သတိထားရန် ကောင်းကင်တမန်သုံးပါး
သတင်းစကားဖြင့် ဘုရားသခင် သတိပေးသည်။ “သူသည် ကျယ်သော အသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်း ဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ် စည်းစိမ်ကြွယ်၀ခြင်း အားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။”
ဗာဗုလုန်သည် “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကိုလက်မခံဘဲ မိမိကိုယ်ပိုင်သဘောတရားကို ပြဌာန်းခြင်း ဖြစ်သည်။ ခရစ်တော်၏ ကောင်းမြတ်သော ကြားဖျန်ဖြေခြင်း အမှုတော်ကို ငြင်းပယ်ပြီး မိမိကိုယ်ပိုင် ဖြောင့်မတ်ခြင်းကို ကိုးစားခြင်း ဖြစ်သည်။ ကျမ်းစာမှ သွန်သင်ချက်အားလုံးကို လူသား၏ ထုံးတမ်းစဉ်လာဖြင့် ရောနှောသော သဘောတရားဖြစ်သည်။
တရားဟောရာကျမ်း ၇း၂၅-၂၆ ဘုရားသခင် ရှေ့တွင်ညစ်ညူးပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဩဝါဒသည် ဗာဗုလုန်၏ အဆိပ်အတောက် စပျစ်ရည်ဖြစ်သည်။ သမ္မာကျမ်းစာမှ ဝိညာဉ်ရေးစနစ်ဖြင့် ခပ်ဆင်ဆင်တူသော ဆင်းတူတော်ကို ထုလုပ်ပြီး ကိုးကွယ်မှု ဖြစ်ပါသည်။ “သူတို့ထုသော ရုပ်တုဆင်းတု ဘုရားများကို မီးရှို့ရမည်။ ရုပ်တုဆင်းတု၌ ပါသော ရွှေငွေကို မတပ်မက်ရ။ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏။ သင်၏ ဘုရားသခင် ထာ၀ရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိန်အပ်သော အရာဖြစ်မည်ဟု စိုးရိမ်စရာ ရှိ၏။ ထိုသို့သော အရာကို သင်သည် အကြွင်းမဲ့စက်ဆုပ်ရွံရှာ ရမည်။ ကျိန်အပ်သော အရာပင်ဖြစ်ပေ၏။”
စက်ဆုပ်ရွံရှာ ဖွယ်အရာများမှာ
တရားဟောရာကျမ်း ၂၇း၁၄-၁၅ “ထိုအခါ လေဝိသားတို့သည် ကြီးသော အသံနှင့် ဣသရေလအမျိုးသား အပေါင်းတို့အား ဟစ်ကြော်ရသော စကားဟူမူကား၊ ထာ၀ရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမား လက်နှင့် ထုလုပ်သော ရုပ်တု၊
သွန်းသော ဆင်းတုကိုလုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။”
ပထမကျောက်ပြားအပေါ်တွင် ပါသော ပညတ်တရားမှာ။
ထွက်မြောက်ရာကျမ်း ၂ဝး၄-၆ “အထက်မိုးကောင်းကင်၌ လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ် ၌ လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌ လည်းကောင်း၊ ရှိသော အရာနှင့် ပုံသဏ္ဌန်တူအောင်၊ ရုပ်တုတင်းဆင်းတုကို ကိုယ့်အဖို့ မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ငါထာ၀ရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား၊ ငါ့ကို မုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သော ဘုရား၊ ငါကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။” “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို စိတ်နှလုံး အကြွင်းမဲ့ နာခံရမည်။
ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာများမှာ
၁။ ပညတ်တော်ကို အသိအမှတ်မပြု၊ နာခံဆောင်ရွက်မှု မရှိခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
တရားဟောရာကျမ်း ၁၈း၉-၁၂ “သင်၏ ဘုရားသခင် ထာ၀ရဘုရားပေးတော်မူသော ပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌ နေသော လူမျိုးတို့ ပြုတတ်သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။ သင်တို့တွင် မိမိသားသမီးကို မီးဖြင့် ပူဇော်သောသူ ဖြစ်လတ္တံသောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့် ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောလူ၊ လူသေကို မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ ထိုသို့ ပြုတတ်သော သူ အပေါင်းတို့ကို ထာ၀ရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်သော အမှုများတို့ ကြောင့်
သင်၏ဘုရားသခင် ထာ၀ရဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။”
၂။ ပညတ်တော်ကို၊ နာခံဆောင်ရွက်လိုသော သဘောမရှိဘဲ ဆုတောင်းခြင်း အမှုသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
သုတ္တံကျမ်း ၂၈း၉ “တရားမနာ၊ လွှဲသွားသော သူသည် ဆုတောင်းသော်လည်း သူ၏ ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။”
၃။ မိမိ၏ ဖြောင့်မတ်ခြင်း အမှုကို ဘုရားလက်ခံသည်ဟု ယူဆခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
ရှင်လုကာခရစ်ဝင် ၁၆း၁၅ “ယေရှုကလည်း၊ သင်တို့သည် လူများ ရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးကိုသိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသော အရာသည် ဘုရားသခင် ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။”
၄။ လူ့သဘောဖြင့် အထွတ်အမြတ်ထားခြင်းသည် ဘုရားသခင် ရှေ့တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
ယေရမိ အနာဂတ္တိကျမ်း ၁၃း၂၆-၂၇ “ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှာ၊ သင်၏ အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။ သင်၏မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန်၏ ညစ်ညူးခြင်း၊ တောင်ပေါ်၌ လည်းကောင်း၊ လယ်ပြင်၌ လည်းကောင်း၊ ပြုသော စက်ဆုပ်ရှာဖွယ်တို့ကို ငါသိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာ၀ရဘုရား မိန့်တော်မူ၏။”
၅။ အသစ်သော အသက်တာကြီးထွားရန် ပြုပြင်ပြောင်းလဲပေးသော သန့်ရှင်းသော ဝိညာဉ်တော်ကို ငြင်းပယ်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပါသည်။
၆။ တားမြစ်ထားသော အပင်၏အသီးကို စားခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
တရားဟောရာကျမ်း ၁၄း၃ “စက်ဆုပ်ရွံရှာဖွယ်သော အရာကို သင်တို့မစားရ”
၇။ သားသမီးတို့ကို ယဇ်ပူဇော်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
ယေရမိအနာဂတ္တိကျမ်း ၃၂း၃၅ “သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှာ၊ ဟိန္နုံသား၏ ချိုင့်၌ ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ၊ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ်သောအမှုကို ငါမမှာထား၊ ငါအလျှင်အလို မရှိဘဲ ပြုကြပြီဟု ထာ၀ရဘုရား မိန့်တော်မူ၏။”
၈။ ဘုရားသခင်၏ ဂုဏ်တော်ကို နားလည်မှု လွဲမှားခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
ယေဇကျေလ အနာဂတ္တိကျမ်း ၂၂း၂ “အချင်းလူသား၊ လူ့အသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြလော့။”
၉။ သန့်ရှင်းသူ၏ အသွေးကိုသွန်းခြင်းသည် စက်ဆုပ်ရွံရှာဖြစ်ပါသည်။
၁၀။ “နေ” ကိုးကွယ်သော အမှုသည် အကြီးဆုံး စက်ဆုပ်ရွံရှာ ဖွယ်အမှုဖြစ်သည်။
ယေဇကျေလ အနာဂတ္တိကျမ်း ၈း၁၆-၁၇ “ထာ၀ရဘုရား၏ အိမ်တော်အတွင်း တံတိုင်းထဲသို့ ဆောင်သွား၍ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့ မျက်နှာပြုလျက်၊ အရှေ့မျက်နှာ၌ နေကိုကိုးကွယ်ကြ၏။ တစ်ဖန်တုံ အချင်းလူသား၊ ထိုအမှုကို မြင်ပြီလော။ ယုဒအမျိုးသည်း ဤအရပ်၌ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုသောအပြစ်ပေါ့သလော။ သူတို့သည် အဓမ္မအမှုဖြင့် တစ်ပြည်လုံးကို ပြည့်စေ၍ ငါ၏ အမျက်ကို အထပ်ထပ်နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်း၀၌ ကပ်၍ကိုင်ကြ၏။”
ဘာသာရေးခေါင်းဆောင် ၂၅ ယောက်ဖြင့် ဗာလဘုရားကို ဗာလမ်၏ လမ်းစဉ်အတိုင်းကို ကိုးကွယ်ကြသော ရာဇဝင်သမိုင်း ဖြစ်သည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို လက်မခံခြင်း၊ နာခံမှုမရှိခြင်းဖြင့် ဆန့်ကျင်ပုန်ကန်ကြပါသည်။ မိမိအတ္တအပေါ်အခြေခံသော လမ်းစဉ်ဖြစ်သည်။ စာတန်၏ ဝါဒသဘောတရားကို လက်တွေ့ကျင့်သုံးခြင်း ဖြစ်သည်။ “နေ”နေ့တွင်
သင်းဖွဲ့ပေါင်းစည်းခြင်း ဖြစ်သည်။ “နေ”ကိုးကွယ်ခြင်း၊ ဆင်းတုကိုးကွယ်ခြင်း၊ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို လက်မခံခြင်း၊ နာခံမှု မရှိခြင်းဖြင့် ဆန့်ကျင့်ပုန်ကန်မှု ဖြစ်သည်။
ယေဇကျေလ အနာဂတ္တိကျမ်း ၉း၁၀၆ “ဖျက်ဆီးသော လက်နက်ကို အသီးသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ ဆောင်ခဲ့ကြလော့ဟု ကျယ်သော အသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။ ထိုအခါ လူခြောက်ယောက်တို့သည် အသီးသီး ကွယ်မျက်စရာလက်နက်ကို ကိုင်လျက်၊ တစ်ယောက်သည်လည်း ပိတ်အဝတ်ကို ဝတ်၍ နံပါး၌ မင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါး လမ်းဖြင့် ဝင်၍ ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကိန်းဝပ်ရာ ခေရုဗိမ်မှ အိမ်တော် တံခါးခုံကို တက်၍ ပိတ်အဝတ်ကို ဝတ်လျက်။ နံပါး၌ မင်းအိုးပါသောသူကို ခေါ်၍၊ ထာ၀ရဘုရားက ယေရုရှလင်မြိုကအလယ်၌ လျှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသော သူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍ လည်းကောင်း၊ အခြားသော သူတို့အားလည်း ထိုသူနောက်မြို့ထဲ၌ လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။ အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာ ရှိသော အသက်ကြီးသူတို့ကို ရှေးဦးစွာ သတ်ကြ၏။”
ယေရမိအနာဂတ္တိကျမ်း ၁၇း၂၇ “သို့မဟုတ်၊ ဥပုသ်နေ့၌ ဝန်ကိုထမ်းရွက်၍ ယေရုရှလင်မြို့တံခါးများသို့ မဝင်။ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ သင်တို့သည် ငါစကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။”
“လူသည် ဗာဗုလုန်၏ စပျစ်ရည်ဖြင့်ယစ်မူခြင်း မရှိလျှင် နှုတ်ကပတ်တော်တွင် ဖော်ပြထားသော အမှန်တရားကို သဘောပေါက်ကာ ပြောင်းလဲကြလိမ့်မည်။ သို့ရာတွင် မည်သည့် အရာယုံကြည်ရမည်ကို ဝေခွဲခြင်းငှာ မတတ်နိုင်လောက်အောင် ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များသည် ရှုပ်ထွေးနေ
ပါသည်။ နောင်တမရခြင်း အပြစ်သည် အသင်းတော် တံခါး၀တွင် စုပုံနေပါသည်။” (မျက်မှောက်ကာလမှ ထာ၀ရကာလသို့၊ စာမျက်နှာ ၄၁၆)
“ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” ကို ရှင်ဘုရင် (နဂါး)၊ ဘာသာရေး (ပြည့်တန်ဆာ)၊ လောဘအခြေခံသော (မိစ္ဆာပုရောဖက်) ကမ္ဘာ့ညီလာခံဖြင့် သင်းဖွဲ့ပြီးပုန်ကန်ကြပါသည်။
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် ၂း၈-၁၂ “ပယ်ရှင်းခြင်းသို့ ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော် အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ ထိုအဓမ္ဓလူ၏လာခြင်း အကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသားနှင့် စပ်ဆိုင်သော ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအမျိုးမျိုးနှင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ ရောက်သောသူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မတရား၌ မွေ့လျော်သော သူအပေါင်းတို့သည်၊ တရားရှုံးခြင်းသို့ ရောက်မည် အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှာ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။
“ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်” တွင် မွေ့လျော်သော စိတ်သဘောကို မခံယူကြ။ မိမိ၏ အာရုံငါးပါးလမ်းညွှန်ချက်ကို ယုံကြည်ကြသော သူဖြစ်ပါသည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နာခံလိုသော စိတ်သဘောလည်း မရှိကြ။ ဒုတိယကောင်းကင်တမန် သတင်းစကားသည် လူတိုင်း နောင်တရှိစေရန် သတိပေးသော အချိန်ဖြစ်သည်။ ဗာဗုလုန်မှ ထွက်ရန် ခေါ်သံသည် ပြန်လည်ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွင် နိုးကြားပါဝင်ရန် ဖြစ်သည်။
သမ္မာတရားနှင့် အကျွန်ုပ်တို့၏ အသက်တာကိုက်ညီမှု မရှိလျှင် ပြုပြင်ပြောင်းလဲ ကြရန် ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။ ခရစ်တော်၏ စရိုက်လက္ခဏာနှင့် တူညီမှုမရှိလျှင် ပြန်လည် ပြုပြင်ရန် အားပေးခြင်း ဖြစ်သည်။ “ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်”ကို ဆန့်ကျင်သော မိမိစိတ်၏ အလိုနောက်သို့ လိုက်တတ်သော ဝိညာဉ်ရေးစနစ်မှ ပြန်လာဖို့ ဖိတ်ခေါ်သည်။
သမ္မာတရားတွင် ဆန့်ကျင်ပုန်ကန်လိုသော စိတ်သဘောဖြင့် ရောနှောသည့် စက်ဆုပ်ရွံရှာဖွယ်သော အယူဝါဒလွတ်မြောက်နိုင်ကြပါစေ။
အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်ပြီး ရူးကြပါသည်။
ကောရိန္တုအသင်းသူ အသင်းသားများ ဘုရားသခင်ထံ၌ သတို့သမီးကဲ့သို့ အကြွင်းမဲ့ ဆက်ကပ်ကြရန် ရှင်ပေါလုတောင်းဆိုသကဲ့သို့ ထပ်လောက်သတိပေးခြင်းဖြင့် ပြုပြင်ကြရန် တောင်းဆိုပါရစေ။
ဘုရားသခင် ပြင်ဆင်ထားသော ကောင်းချီးမင်္ဂလာသည် မိတ်ဆွေကိုယ်တိုင် ပိုင်ဆိုင် နိုင်ပါစေ။ အာမင်။
No comments:
Post a Comment