၇။
နက်နဲသောဗာဗုလုန်မြို့ကြီး
(ပျြအနမပ Bဘေပူသည အ့န Gမနအေ)
ဆုတောင်းခြင်းဖြင့်
အစပြုရန်
စာတန်၏
ယုံကြည်မှုစနစ် ထွန်းကား လွှမ်းမိုးသော ကမ္ဘာအရပ်ရပ်သို့ ကျွန်တော်တို့ သွားပြီး
သခင်ခရစ်တော်၏ ယုံကြည်မှုစနစ်ကို ဟောပြောရန် ကောင်းကင်တမန်စေခိုင်းခြင်း
ဖြစ်ပါသည်။ ဖန်ဆင်းရှင် သခင်ခရစ်တော်ကို ဝတ်ပြုကိုးကွယ်သော သက်သေဝန်ခံချက်မှာ
သတ္တမနေ့ဥပုသ်သင်္ကေတအမှတ်အသားဖြင့် ဖော်ပြရမည်။ မိမိ၏ သက်သေဝန်ခံချက်
မလွဲမှားစေဖို့ ကျမ်းစာကိုသေသေချာချာ လေ့လာပြီး နာခံသင့်ပါသည်။
ဒီနေ့တရားဟောချက်တွင် ဒုတိယကောင်းကင်တမန် သတင်းစကား၏ အစပိုင်းကို လေ့လာပါမည်။
ဗျာဒိတ်ကျမ်း ၁၄း၈ “ဗာဗုလုန်” ၏ အနက်အဓိပ္ပါယ်မှာ
ပြိုလဲပျက်စီခြင်း ဖြစ်ပါသည်။ (ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်) ကို လက်မခံခြင်း၊ နာခံမှု မရှိခြင်းဖြင့် ဆန့်ကျင်ပုန်ကန်မှုမှာ “ဗာဗုလုန်” ဖြစ်ပါသည်။ “ကောင်းကင်တမန်တပါးကလည်း၊
ဗာဗုလုန်မြို့ ကြီးပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော
စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု
လိုက်၍ ပြောဆို၏။”
ဗာဗုလုန်ပြိုလဲ
ပျက်စီးခြင်းသို့ ပို့ဆောင်သော အကြောင်းရင်းမှာ မိမိ၏ နှလုံးသား၌
ဆန့်ကျင့်ပုန်ကန်လိုသော စိတ်သဘော (မတရားသော မေထုန်) ကိုလူအများ လက်ခံလာအောင်
လုပ်ဆောင်ခြင်းသည် ဗာဗုလုန်ကိုပြိုလဲ ပျက်စီးခြင်းသို့ ပို့ဆောင်ခြင်း ဖြစ်ပါသည်။
(သမ္မတရားကို ဆန့်ကျင်လိုသော စိတ်သဘောနှင့် ရောနှောသည့် အယူပါဒ)ကို
စာတန်အသုံးချခြင်းဖြင့် ပြိုလဲပျက်စီးခြင်း အရင်းအမြစ်ဖြစ်လာသည်။ အသီးသီး
ဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား စာတန်သည် “အဆိပ်အတောက်တည်းဟူသော
စပျစ်ရည်” ဖြင့်မှားယွင်းစေသည်။ ဒုတိယကောင်းကင်တမန် သတင်းစကား အသေးစိတ်ကို
ဆက်လက်ပြီး လေ့လာကြပါစို့။
၁။ “ဗာဗုလုန်မြို့ကြီး” အနက်အဓိပ္ပါယ်ကို
လေ့လာမည်။
၂။ “အဆိပ်အတောက်
တည်းဟူသော စပျစ်ရည်” အဓိပ္ပါယ်ကို
လေ့လာမည်။
၃။ “မတရားသော
မေထုန်” အဓိပ္ပါယ်ကို
လေ့လာမည်။
ယနေ့လေ့လာမည့်
အကြောင်းအရာများသည် ကမ္ဘာဦးကျမ်းအခန်းကြီး ၁၁ တွင်ဖော်ပြထားသော ဗာဗုလုန်မဟုတ်ပါ။
(ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်)
ကိုဆန့်ကျင်ပုန်ကန်သည့် စာတန်စတင်ခဲ့သော (သမ္မာတရားကို ဆန့်ကျင်ပုန်ကန်လိုသော
စိတ်သဘောဖြင့် ရောနှောသည့် အယူဝါဒ)ကို အမှုဆောင်ပေးသည့် ခေတ်သစ်ဗာဗုလုန်ကို
ဆိုလိုခြင်း ဖြစ်ပါသည်။
နေဗုခဒ်နေဇာမင်း
ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သော ဗာဗုလုန်မြို့တော်သည် ယေရုရှလင်မြို့တော်နှင့်အတူ
ခေတ်ပြိုင်တည် ရှိခဲ့သော မြို့တော်ဖြစ်သသည်။ (ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကို အန်တုသော မြို့တော်၊ ဆိုင်ပြိုင်သော
မြို့တော်၊ ပုန်ကန်သော မြို့တော်၊ ဆန့်ကျင်သောမြို့တော်၊ ထာ၀ရဘုရားကို ဆန့်ကျင်၊
အန်တု၊ ပုန်ကန်သော ဝိညာဉ်ရေးစနစ်တစ်ခု ဖြစ်ပြီး ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း
ဆိုသည့် အနက်အဓိပ္ပါယ်ကို ပုံဆောင်ပါသည်။
ဗျာဒိတ်ကျမ်း ၁၃း၂
(ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကို
ဆန့်ကျင်ပုန်ကန်သော နိုင်ငံတော်နှင့် ဘာသာရေးကို ရောနှောသော စနစ်ဖြစ်ပါသည်။
ထိုစနစ်၏ ပုံဏ္ဌာန်ကို ကျမ်းစာတွင် ဖော်ပြထားသည်မှာ “ထိုသို့ ငါမြင်သော သားရဲသည်
ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ ဖြစ်၏။ သူ၏ နှုတ်သည်လည်း
ခြင်္သေံ့နှုတ်ကဲ့သို့ ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို လည်းကောင်း၊
ကြီးစွာသော အာဏာစက်ကို လည်းကောင်း၊ သားရဲ၌ အပ်ပေး၏။”
ထိုစာတန်၏
ဝိညာဉ်ရေးစနစ်ကို တိတိကျကျပုံဖော်ရန် မလွယ်ပါ။ ကျမ်းစာတွင် ထိုစနစ်ကို
သတ္တဝါအမျိုးမျိုးဖြင့် ပုံဆောင်ကြောင်းတွေ့ရသည်။
ဒံယေလအနာဂတ္တိကျမ်းတွင်
ဆင်းတုအရုပ်တစ်ဆူကို နေဗုခဒ်နေဇာမင်းကြီး တည်ထောင်ကိုးကွယ်စေသည့် သမိုင်းမှ
စတင်သော ဗာဗုလုန်ဖြစ်ပါသည်။ လူသား၏ နောက်ခံသမိုင်းကို မည်သူထိန်းချုပ်ထားပါသည်
ဆိုသော သဲလွန်စ
(ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်) ကို ဖော်ပြခြင်း ဖြစ်ပါသည်။
ဒံယေလအနာဂတ္တိကျမ်း
၄ မှာ နေဗုခဒ်နေဇာမင်းကြီး လူစိတ်ပျောက်သွားသော အကြောင်းရင်းကို ဖော်ပြထားပါသည်။
ထာ၀ရဘုရားကို ကြောက်ရွံ့ရိုသေရမည့် လူသား၏ စိတ်သဘောထားအမှန် ပျောက်ကွယ်သောအခါ
သားရဲ၏ စိတ်သဘောဖြစ်ပေါ်လာပြီ။ ရူးသွပ်ခြင်းကို တွေ့ရပါသည်။
ဒံယေလအနာဂတ္တိကျမ်း
၃ (ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကို
ဆန့်ကျင်ပုန်ကန်သော စိတ်သဘောဖြင့် သားရဲ၏ ဆင်းတုကို တည်ထောင်ကိုးကွယ်စေသော
အထောက်အထားဖြစ်ပါသည်။
ဒံယေလအနာဂတ္တိကျမ်း
၅ တွင် “ဗာဗုလုန်” ၏ အနက်အဓိပ္ပါယ်မှာ
ပြိုလဲပျက်စီးခြင်း ဖြစ်ပါသည်။
(ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကို နာခံမှုဖြစ်စေသော
သတင်းစကားများမှာ ထာ၀ရဘုရားကို ကြောက်ရွံရိုသေကြလော့။ ထာ၀ရဘုရားကို
ချီးမွမ်းကြလော့။ ထာ၀ရဘုရားကို ကိုးကွယ်ကြလော့ဟု ပထမကောင်းကင်တမန်ဖြင့် ဘုရားသခင်
ဆင့်ဆိုတော်မူသည်။
ဘုရားသခင်
ပေးသနားသော လူ့စိတ်သဘောမရှိသူသည် သားရဲသတ္တဝါ၏ သဘာ၀သို့ ရောက်ရှိခြင်း ဖြစ်ပါသည်။
သားရဲသည် (ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကို
ဆန့်ကျင်သော ဘာသာရေးစနစ်ကို ပုံဆောင်ပါသည်။
ထွက်မြောက်ရာကျမ်း
၁၉း၄-၆ ပြိုလဲပျက်စီးခြင်း ဖြစ်သော “ဗာဗုလုန်” ၏ အနက်အဓိပ္ပါယ် အစမူလကို နားလည်ရန်
ဓမ္မဟောင်းကျမ်ကို ပြန်လေ့လာရမည် ဖြစ်ပါသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးနှင့်
ထိမ်းမြားလက်ထပ်ခဲ့သော အကြောင်း ပုံပမာမှ စတင်ကြပါစို့။ “ငါသည် အဲဂုတ္တုလူတို့၌
ပြုသော အကြောင်း၊ သင်တို့ကို ရွှေလင်းတ အတောင်ဖြင့် ထမ်း၍ ကိုယ်အဖို့ သိမ်းယူသော
အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို
အမှန်နားထောင်၍ ငါပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသော လူမျိုးတာတို့ထက် သင်တို့သည်
ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။
သင်တို့သည်လည်း မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး
ဖြစ်ရကြလိမ့်မည်ဟူသော အမိန့်တော်ကို
ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏”
ထွက်မြောက်ရာကျမ်း
၁၉း၇၊ ၈ ဣသရေလလူမျိုးများ လိုလိုလားလား လက်ခံခဲ့သော စိတ်သဘောဖြင့် တုံ့ပြန်မှုမှာ
အားရစရာကောင်းလှသည်။ “မောရှေသည် ပြန်လာ၍ လူတို့တွင fအသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊
ထာ၀ရဘုရားမှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။ လူအပေါင်းတို့ကလည်း
ထာ၀ရဘုရား မိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီတညွတ်တည်း
ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏ စကားကို ထာ၀ရဘုရားအား ပြန်လျှောက်လေ၏။”
ဣသရေလလူမျိုးများနှင့်
ဘုရားသခင် ထိမ်းမြားလက်ထပ်ထားကြောင်း ပဋိညာဉ်ပြုထားပါသည်။ ထိမ်းမြားမင်္ဂလာ
ဆက်ဆံရေးတွင် မည်သူသည် အမျိုးသား နေရာတွင် ရပ်တည်သနည်း။ ဘုရားသခင်သည်
အမျိုးသားနေရာတွင် ရပ်တည်ပါသည်။ ဣသရေလလူမျိုးများမှာ သတို့သမီး နေရာဖြစ်ပါသည်။
ထွက်မြောက်ရာကျမ်း
၂ဝး၁၊ ၂ ထိမ်းမြားလက်ထပ်ထားခြင်းသည် တစ်ဦးကို တစ်ဦး ယုံကြည်စိတ်ချစွာ
ပေါင်းသင်းနေထိုင်ကြောင်း ဖော်ပြသော သင်္ကေတဖြစ်ပါသည်။ “ထိုအခါ ဘုရားသခင်
မိန့်တော်မူသော စကားများ ဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ
ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာ၀ရဘုရား ဖြစ်၏။” ပြုထားခဲ့သော
ပဋိညာဉ်ကြောင့် ဘုရားသခင်ကို စိတ်နှလုံ အကြွင်းမဲ့ ချစ်ပါမည်ဟု သတို့သမီးဘက်မှ
လိုက်နာရန် ပညတ်တော် ဆယ်ပါးကို ပေးထားသည်။
ယေရမိအနာဂတ္တိကျမ်း
၃၁း၃၁-၃၂ ဣသရေလလူမျိုးထံမှ နာခံခြင်းကိုလည်း ဘုရားသခင် မျှော်လင့်တော်မူသည်။
ဝိညာဉ်ရေးအရ ထိမ်းမြားထားသော ချစ်ခြင်း မေတ္တာဆိုင်ရာ ပညတ်တော် ဖြစ်ပါသည်။ “ထာ၀ရဘုရားမိန့်တော်မူသည်ကား၊
ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌
ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊
ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ်တရားကို
သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏” ဣသရေလူမျိုးများသည် အရင်ဘုရားသခင်ပေးသော ပဋိညာဉ်တရားကို
သူတို့သည် ဖျက်ကြပါသည်။
ယေဇကျေ
အနာဂတ္တိကျမ်း ၁၆း၈ စိတ်ရှည်သည်းခံခွင့်လွှတ်တတ်သော ဘုရားသခင်၏
ကျေးဇူးကရုဏာတော်ကြောင့် “တစ်ဖန်ငါသည် လျှောက်သွား၍ သင့်ကို မြင်သောအခါ၊ သင်၌
ချစ်လိုဖွယ်သောအချိန် အရွယ်ရှိသောကြောင့်၊ ငါသည် ကိုယ်အဝတ်စွန်းကို ဖြန့်၍ သင်၌
အချည်းစည်း ရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍ သင်နှင့်
ပဋိညာဉ်ဖွဲ့သဖြင့် သင်သည် ငါ၏ ခင်ပွန်းဖြစ်လေ၏။”
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၂ တခြားဘုရားနောက်သို့ ဣသရေလလူမျိုးလိုက်သွားခြင်းသည်
မှားယွင်းမှုဖြင့် သစ္စာပျက်ခြင်း ဖြစ်ပါသည်။ “အချင်းလူသား ယေရုရှလင်မြို့သည်
မိမိ၌ စက်ဆုပ်ရွံရှာဖွယ်သောအမှုအရာတို့ကို သိမည်အကြောင်း ပြုလော့။”
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၁၄ ဘုရားသခင်၏ ကျေးဇူးကရုဏာတော်ဖြင့် ချမ်းသာကြွယ်၀လာသော
ဣသရေလလူမျိုးများအတွက် “ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသောကြောင့် သင်သည် လှသော
အဆင်းနှင့် စုံလင်၍ အတိုင်းတိုင်း အပြည်ပြည်၌ ကျော်စောလေ၏။”
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၁၅ ချမ်းသာကြွယ်၀သော်လည်း ဘုရားသခင် ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဥာဏ်တော်ကို မေ့လျော့ကြပါသည်။ “သို့ရာတွင် သင်သည်ကိုယ်လှသော
အဆင်းကို ကိုးစား၍ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည့်တန်ဆာ လုပ်၍ခရီးသွားသော
သူအပေါင်းတို့နှင့် မတရားသော မေထုန်ကို အနှံ့အပြားပြုသဖြင့်၊ ယောက်ျားတိုင်း
အခွင့်ရ၏။”
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၁၇ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော စိတ်သဘောဖြင့် သားရဲ၏
ဆင်းတုကို တည်ထောင်ကိုးကွယ်ပါသည်။ “ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊
ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင်၊ သူတို့နှင့်မှားယွင်းလေပြီတကား။”
ယေဇကျေ
အနာဂတ္တိကျမ်း အခန်းကြီး ၂၃ တစ်ခန်းလုံးကို ဖတ်ပါ။ ယေဇကျေလ အနာဂတ္တိကျမ်း ၁၆
နှင့်တူပါသည်။
ယေဇကျေလ
အနာဂတ္တိကျမ်း ၂၃း၄၀ မိမိ၏ နှလုံးသား၌ ဆန့်ကျင်ပုန်ကန်လိုသော စိတ်သဘောကို
လူအများလက်ခံလာအောင် လုပ်ဆောင်သည်။ “ထိုမှတစ်ပါး သင်သည် တမန်တို့ကို စေလွှတ်၍၊
ဝေးသောအရပ်မှ ယောက်ျားတို့ကို ခေါ်၍ သူတို့
သည်လာကြ၏။ သူတို့အဖို့ သင်သည် ရေချိုးခြင်း၊
မျက်စိ၌ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင်။”
ရှောလမုန်မင်းသည်
သားရဲ၏ ရုပ်ပွားတော် ဖြစ်လာပါသည်။ ဣသရေလလူမျိုးပြိုလဲပျက်စီးခြင်း
ပုံရိပ်အစဖြစ်ပါသည်။
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၂၆ (ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်)
ကိုကျောခိုင်းပြီး လောကီအတတ်ပညာများကို ကိုးစားလာပါသည်။ “ဆူဖြိုးသောသင်၏
အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း၍ ငါ့အမျက်ကို နှိုးဆော်လျက်၊ မတရားသော
မေထုန်အမှုတို့ကို များပြားစေ၏။”
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၂၈ မတရားသော မေထုန်အမှုများပြား လာသည်သာမက အနူရောဂါကဲ့သို့
ကူးစက်တတ်သော အစွမ်းရှိသည်။ “သင်သည် ကိလေသာစိတ် မပြေသောကြောင့်။
အာရှုရိလူတို့နှင့် မှားယွင်းလေ၏။ ထိုသို့မှားယွင်းသော်လည်း စိတ်မပြေနိုင်။”
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၂၉ ပြိုလဲပျက်စီးခြင်း ခရီးဆုံးခန်းတိုင်အထိ မတရားသော
မေထုန်အမှုတို့ကို လောကီဘုရင်များနှင့်လည်း ထပ်ပြီးမှားယွင်းပြန်ပါသည်။ “ထိုမှတစ်ပါး၊
ခါနာန်ပြည်မှသည် ခါလဒဲပြည်တိုင်အောင် မတရားသော မေထုန်အမှုတို့ကို
များပြားစေသော်လည်း စိတ်မပြေနိုင်။” မတရားသော မေထုန်အမှုကို ဗာဗုလုန်နိုင်ငံ
(ပြိုလဲပျက်စီးခြင်း) ခရီးဆုံးသည်အထိ အထပ်ထပ်မှားယွင်းပါသည်။
ယေဇကျေလ
အနာဂတ္တိကျမ်း ၁၆း၃၂ အသက်ငယ်စဉ် အချိန် လက်ထပ်ထိမ်းမြားထားသော လင်ယောက်ျားကို
မေ့ထားခြင်း ကြောင့်ဖြစ်သည်။ “ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏
ကိုယ်စားလက်ခံ၍ မျောက်မထားသော မိန်းမနှင့်တူ၏။”
ယေဇကျေလ အနာဂတ္တိကျမ်း ၂၃း၃၈၊ ၃၉ စာတန်မှ စတင်ခဲ့သော (ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်)ကို ဆန့်ကျင်ရေးသည် မိမိစိတ်သဘောအတိုင်း ကိုယ့်အလိုသို့ လိုက်ပြီး ကိုယ့်စကားကို ပြောခြင်းဖြင့် သတ္တမနေ့ဥပုသ်အနှစ်သာရမှ လမ်းလွဲမှု ဖြစ်ပါသည်။ “ထိုမှတစ်ပါး ငါ၌ပြုသော အမှုဟူမူကား၊ ထိုနေ့ချင်းတွင် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြပြီ။ ကိုယ့်သားသမီးတို့ကို ရုပ်တုရှေ့တွင် သတ်ပြီးမှထိုနေ့ချင်းတွင် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှာ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ပြုကြပြီ တကား။”
ဘုရားသခင်နှင့်
လူသား၏ဆက်ဆံရေး သင်္ကေတဖြစ်သော သတ္တမနေ့ဥပုသ် ကို မတရားသော မေထုန်မှ ဖျက်ဆီးခြင်း
ဖြစ်သည်။
(ဘုရားသခင်ပြဌာန်းတော်မူသော
အလိုတော်နှင့် အနာဂတံသဉာဏ်တော်) ကိုဆန့်ကျင်ပုန်ကန်သော ဣသရေလလူမျိုး၏
မဟာမိတ်ညီအစ်ကိုမောင်နှမတွေ လည်းရှိကြောင်း ကျမ်းစာထဲတွင်
ယေဇကျေလအနာဂတ္တိကျမ်း
၁၆း၄၈ (ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဉာဏ်တော်)
ကိုဆန့်ကျင်ပုန်ကန်သော ဣသရေလ လူမျိုး၏မဟာမိတ် ညီအစ်ကိုမောင်နှမတွေလည်း ရှိကြောင်း
ကျမ်းစာထဲတွင် “ငါအသက်ရှင်သည်အတိုင်း၊ သင်သည်ကိုယ့်သားသမီးတို့နှင့်
တကွပြုသကဲ့သို့၊ ညီမ သောဒုံနှင့် သူ၏သမီးတို့သည် မပြုကြ။”
ယေဇကျေလအနာဂတ္တိကျမ်း
၂၃း၃၂-၃၄ စာတန်သည် သမ္မာတရားကို ဆန့်ကျင်ပုန်ကန် လိုသော စိတ်သဘောဖြင့် ရောနှောသည့်
အယူဝါဒ “အဆိပ် အတောက် တည်းဟူသော စပျစ်ရည်” ဖြင့် ဣသရေလကို မှားယွင်းစေပါသည်။ “အရှင်
ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ သင့်အစ်မသောက်သောခွက်၊ ကျယ်၍ စောက် သောခွက်ကို
သင်သောက်ရမည်။ ထိုခွက်၌များစွာဝင်သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့
ခြင်းနှင့်ပျက်ချော်ခြင်းကိုခံရမည်။ သင့်အစ်မရှမာရိသောက်သောခွက်၊
မှိုင်တွေစေသောခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ၀ရလိမ့်မည်။
ထိုခွက်ကို သောက်၍ စုတ်ပြီးမှ ခွက်ခြမ်းကိုကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကိုဆွဲဖြတ်ရလိမ့်မည်၊
ငါပြောပြီဟု အရှင်ထာ၀ရဘုရားမိန့်တော်မူ၏။”
ယေဇကျေလအနာဂတ္တိကျမ်း ၁၆း၃၉ “အဆိပ်အတောက် တည်းဟူသော စပျစ်ရည်” ကြောင့် (ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကိုဆန့်ကျင်ပုန်ကန်မှုတွင် နောင်တမရ သောကြောင့်။ “သင့်ကိုသူတို့ လက်သို့ငါအပ်သဖြင့်၊ သူတို့သည် သင်၏ကုဋီတိုက်ကို ဖျက်၍၊ သင်၏မြင့်သောအရပ် တို့ကိုဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကိုချွတ်၍ လှသောတန်ဆာတို့ကိုလုယူပြီးလျှင် သင့်ကိုအဝတ်မပေး၊ အချည်းစည်းရှိစေခြင်းငှာ ပစ်ထားကြလိမ့်မည်။” ဣသရေလကိုးစားသော လောကီဘုရင်များသည် မိမိတို့၏အဝတ်ကိုချွတ်ပြီးအရှက်ခွဲကြ လိမ့်မည်။
ယေဇကျေလအနာဂတ္တိကျမ်း
၇း၁-၄ ဘုရားသခင် ရွေးချယ်ထားသော သတို့သမီးအဖြစ်မှ ပြည့်တန်ဆာဖြစ်လာပြီး
အရှက်ဖြင့်ဇာတ်သိမ်းရမည့် အကြောင်းကို ဘုရားသခင် အသိပေးခြင်းဖြစ်ပါသည်။ “နောက်တစ်ဖန်
ထာ၀ရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ အရှင်ထာ၀ရဘုရား သည်
ဣသရေလပြည်သားတို့ကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့် တို့သည်
ဆုံးခြင်းသို့ရောက်ကြ၏။ သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့
ငါ၏အမျက်ကိုငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့် အလျောက်ငါစီရင်မည်။ သင်
ပြုမိသမျှသောရွံရှာဖွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ ငါသည်နှမြော
စုံမက်ခြင်းမရှိဘဲ သင့်အကျင့်တို့၏ အကျိုးအပြစ်ကိုဆပ်ပေးမည်။ သင်ပြုမိသော
ရွံရှာဖွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာ၀ရဘုရား ဖြစ်ကြောင်းကို
သင်သိရလိမ့်မည်။”
ယေဇကျေလအနာဂတ္တိကျမ်းအခန်းကြီး
၈-သည် အလွန်ရွံစရာကောင်းသော အခန်းကြီးဖြစ်ပါသည်။
ယေဇကျေလအနာဂတ္တိကျမ်း
၈း၁၅၊၁၆ ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၈-သည် အလွန်ရွံစရာကောင်းသော
အခန်းကြီးဖြစ်ပါသည်။ “အချင်း လူသား၊ ထိုအမှုကိုမြင်ပြီလော။ တစ်ဖန်လှည့်၍
သွားဦးလော့။ ထိုမျှမက သာ၍ ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်မည်ဟု
မိန့်တော်မူလျက်၊ ထာ၀ရဘုရား၏ အိမ်တော်အတွင်း တံတိုင်းထဲသို့ဆောင်သွား၍
ဗိမာန်တော်တံခါး၀၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ လူနှစ်ကျိပ်ငါးယောက်တို့သည်
ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာပြုလျက်၊ အရှေ့မျက်နှာ၌
နေကိုကိုးကွယ်ကြ၏
ယေဇကျေလအနာဂတ္တိကျမ်း ၈း၁၇၊ ၁၈ ယနေ့သခင်ခရစ်တော်နှင့် သစ္စာ ထားလျက် (ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဉာဏ်တော်) ကိုဝန်ခံပြီးမှ ကိုယ့်အလိုသို့လိုက်ပြီး ကိုယ့်စကားကိုပြောခြင်းဖြင့် စိတ်သဘော ဖောက်ပြန်သော ခရစ်ယာန်များနှင့် အလားသဏ္ဌာန်တူပါသည်။ “တစ်ဖန်တုံ အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုသော အပြစ်ပေါ့သလော။ သူတို့သည် အဓမ္မအမှုဖြင့် တစ်ပြည်လုံးကိုပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခတ် ကိုလည်း မိမိတို့နှာခေါင်း၀၌ ကပ်၍ ကိုင်ကြ၏။ ထိုကြောင့် ငါသည် နှမြောစုံမက်ခြင်း မရှိဘဲ ငါ၏အမျက်ကိုလွှတ်လိုက်မည်။ သူတို့သည် ကျယ်သောအသံနှင့် အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည်နားမထောင်ဟု မိန့်တော်မူ၏။”
သခင်ခရစ်တော်၏
သတို့သမီးအဖြစ်မှ စာတန်၏ ဘာသာရေးစနစ်နောက်သို့ လိုက်ပြီး (ဗာဗုလုန်)
ပြိုလဲပျက်စီးခြင်းခရီးကို အဆုံးတိုင်လိုက်သွားခြင်းဖြစ်ပါသည်။ သစ္စာရှိတည်ကြည်သော
ယေရုရှလင်မြို့သား အနည်းငယ်ကျန်ရှိ ပါသည်။ ထို့ကြောင့် ယေရုရှလင်မြို့မပျက်မီ
လူနှစ်စုကိုခွဲခြားပေးသောတရားကို ဘုရားသခင်သည် ဟောပြောရန် စေခိုင်းခြင်းဖြစ်ပါသည်။
ယေဇကျေလအနာဂတ္တိကျမ်း
၉း၁-၄ ဘုရားသခင်ကရုဏာတံခါးမပိတ်မီ လူနှစ်စုကို ခွဲခြားပေးသော ကောင်းကင်တမန်
သုံးပါးသတင်းစကားကို ကျယ်လောင်စွာ ဟောကြရမည်။ “ဖျက်ဆီးသော လက်နက်ကို
အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ ဆောင်ခဲ့ကြလော့ဟု
ကျယ်သောအသံနှင့်ခေါ်တော် မူသည်ကို ငါကြား၏။ ထိုအခါ လူခြောက်ယောက်တို့သည်
အသီးအသီးကွပ်မျက်စရာ လက်နက်ကိုကိုင်လျက်၊ တစ်ယောက်သည်လည်း ပိတ်အဝတ်ကိုဝတ်၍ နံပါး၌
မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍ ကြေးဝါပလ္လင်
အနားမှာရပ်နေကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကိန်းဝပ် ရာခေရုဗိမ်မှ
အိမ်တော်တံခါးခုံသို့ တက်၍ ပိတ်အဝတ်ကိုဝတ်လျက် နံပါး၌မင်အိုး ပါသောသူကိုခေါ်၍၊
ထာ၀ရဘုရားက ယေရုရှလင်မြို့အလယ်၌လျှောက်သွားလော့။ မြို့ထဲ၌ပြုသမျှသော
စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသော သူတို့၏နဖူးကို
ထိုးမှတ်လော့ ဟူ၍လည်းကောင်း။”
ယေဇကျေလအနာဂတ္တိကျမ်း
၉း၅-၇ ဗျာဒိတ်ကျမ်းတွင် သတိပေးထားသော စကားနှင့်တူနေပါသည်။ နဖူးတွင် တံဆိပ်ခတ်ခြင်း
အကြောင်းဖြစ်ပါသည်။ နေ ကိုးကွယ်သော လူစုနှင့် နဖူးတွင် တံဆိပ်ခတ်ခြင်း
ခံရသောလူစုကို ခွဲခြားခြင်းဖြစ်ပါ သည်။ “အခြားသောသူတို့အားလည်း
ထိုသူနောက်မြို့ထဲ၌လျှောက်သွား၍ ဒဏ်ခတ် ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။
အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။
သို့ရာတွင်၊ အမှတ်ပါသောသူကို
မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌
အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာ ရှိသော
အသက်ကြီးသူတို့ကို ရှေးဦး စွာသတ်ကြ၏။ တစ်ဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍
ကွပ်မျက်သော သူအသေကောင်တို့နှင့် တံတိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု
မိန့်တော်မူသည် အတိုင်း သူတို့သည်ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။”
ဗျာဒိတ်ကျမ်း ၁၇း၅
ဗျာဒိတ်ကျမ်းတွင်အသုံးပြုစကားဖြစ်သော နဖူးတွင် တံဆိပ်ခတ်ခြင်းအကြောင်းသည်
ဓမ္မဟောင်းကျမ်းမှ ဝေါဟာရဖြစ်ပါသည်။ “နဖူး၌ အက္ခရာ တင်သောဘွဲ့မူကား၊ နက်နဲသောအရာ၊
ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာ တို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သော
အရာတို့၏အမိပေတည်း။”
ဗျာဒိတ်ကျမ်း ၁၇း၁
(ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဉာဏ်တော်) ကို
ဆန့်ကျင်ပုန်ကန်သော ခေတ်သစ်ဣသရေလ သိမှတ် စေရန်။ “ဖလားခုနစ်လုံးရှိသော
ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တစ်ပါးသည်လာ ပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ၊
ရေအပေါ်မှာထိုင်သော ပြည့်တန်ဆာကြီး၌ စီရင်ခြင်းအမှုကိုငါပြမည်။”
သခင်ခရစ်တော်၏
ဝိညာဉ်ရေးစနစ်သည် ရွေးချယ်ထားသော ခရစ်ယာန်များကို မြေမှုန့်အဖြစ်မှ
ထာ၀ရမီးခံနိုင်သော ရွှေစင်စာရိတ္တအဖြစ် ထုတ်လုပ်ပေးသည့် စနစ်ဖြစ်ပါသည်။ စာတန်၏
ဘာသာရေးစနစ်မှာ ရွေးချယ်ထားသော ခရစ်ယာန်များ ကို မြေမှုန့်မှပြာမှုန့်ဖြစ်စေသော
ဘာသာရေးစနစ်ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၁၇း၁၅
(ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဉာဏ်တော်)
ကိုဆန့်ကျင်ပုန်ကန်မှုကို ကမ္ဘာအရပ်ရပ်တွင် လက်ခံကြ ပါသည်။ “ယခုမြင်၍
ပြည့်တန်ဆာထိုင်သောရေကား၊ အသီးသီးဘာသာစကားကို ပြောသော
လူအမျိုးမျိုးအစုစုဖြစ်သတည်း။”
ဗျာဒိတ်ကျမ်း ၁၇း၂
ကမ္ဘာအရပ်ရပ်တွင် စာတန်၏ဘာသာရေးစနစ်ဩဇာ လွှမ်းမိုးမှုဖြစ်သည်။ အုပ်ချုပ်သူ
ဘုရင်များနှင့်လည်း မတရားသော မေထုန်ကိုပြုကြ ပါသည်။ “လောကီရှင်ဘုရင်တို့သည်
မတရားသောမေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီး သားတို့သည် သူ၏မတရားသော မေထုန်၏
စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆို လျက်”
ဗျာဒိတ်ကျမ်း ၁၇း၅
လောကီရှင်ဘုရင်များနှင့် မှားယွင်းသော ခေတ်သစ်မိခင် ဣသရေလ၌ သမီးများလည်း ရှိပါသည်။
“နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏
အမိ၊ မြေ၌စက်ဆုတ် ရွံရှာဖွယ်သော အရာတို့၏ အမိပေတည်း။”
ဗျာဒိတ်ကျမ်း ၁၇း၄ ဖောက်ပြန်သော ခေတ်သစ်မိခင်
ဣသရေလသည် ခေတ်ဟောင်းဣသရေသနည်းတူ ဝတ်စားဆင်ယင်ကြသည်။ မာနအလွန်ကြီးသည့်
ကမ္ဘာ့ဝိညာဉ်ရေး စနစ်တစ်ခုဖြစ်လာသည်။ “ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို
ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။
စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်းနှင့်
လည်းကောင်း၊ ပြည့်သောရွှေဖလားကို ကိုင်လျက် ရှိ၏။”
ဗျာဒိတ်ကျမ်း ၁၇း၆
ဖောက်ပြန်သော ခေတ်ဟောင်း ဣသရေလကဲ့သို့ စနစ်မတူသော ပုရောဖက်အမှန်များကို
သတ်ဖြတ်ကြသည်။ “ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏
အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။”
ထိုမိန်းမသည်
ဗာဗုလုန်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်း တွင် ဖော်ပြသော
ဗာဗုလုန်သည် သုံးပါးပေါင်းစပ်၍ အလွန်ရွံရှာဖွယ်ကောင်းသော စာတန်၏ ဝိညာဉ်ရေးစနစ်ကို
ကျင့်သုံးသည့် အသင်းတော်တစ်ပါးဖြစ်သည်။
ထိုစနစ်ကြီးသည်
ယေဇဗေလနှင့် ပုံသဏ္ဌာန်တူပါသည်ဟု ကျမ်းစာတွင် ဖော်ပြထားပါသည်။ အရာရာကို
ချုပ်ကိုင်ခြယ်လှယ်သည်။ အာဏာကို စွဲကိုင်သည်။ အဓိကအခန်း ကဏ္ဍမှဦးဆောင်ပြီး သူမ၏
မကောင်းသော ဩဇာအာဏာကို နိုင်ငံအနှံ့သွတ်သွင်းပါသည်။
နှစ်ခြင်း
ဆရာယောဟန်၏ ခေါင်းကိုဖြတ်ပြီး အသတ်ခံရသော ပုံပမာကို ကြည့်ပါ။
ရှင်ဘုရင်အမိန့်ပါဝင်သည်။ မိခင်၏ အကြံဖြစ်သည်။ သမီးသည် မိခင်၏ အကြံစည်ကို
အကောင်အထည် ဖော်ဆောင်ပေးသူဖြစ်သည်။
ဗျာဒိတ်ကျမ်းတွင်
ညစ်ညူးသော ဝိညာဉ်သုံးပါးသည် အလွန်ရွံရှာဖွယ်ကောင်းသော စာတန်၏ (ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကိုဆန့်ကျင်ပုန်ကန်သော
စနစ်ဖြစ်သည်။
ဗျာဒိတ်ကျမ်းတွင်
ဖော်ပြထားသော အလွန်ရွံရှာဖွယ်အရာသည် ဧလိယတွေ့ကြုံခဲ့ရသည့် သင်ခန်းစာ၊ နှစ်ခြင်း
ဆရာယောဟန်တွေ့ကြုံခဲ့ရသော သင်ခန်းစာများကို တင်ကူးဖော်ပြထားသည့်
အနာဂတ္တိစကားဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၆း၁၉
နောက်ဆုံးကာလတွင် ပုရောဖက်နှစ်ပါးတွေ့ကြုံခဲ့ရသော သင်ခန်းစာမျိုး
ပြန်ရောက်လိမ်မည်။ ညစ်ညူးသော ဝိညာဉ်သုံးပါးနှင့် ဧဝံဂေလိလုပ်ငန်းကို
ဧလိယကိုတာဝန်ခံ လှုပ်ရှားသူများ၏ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ တိုက်ပွဲဖြစ်သည်။ “မြို့ကြီးသည်
သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည်
ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို
အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည်
ကွယ်ပျောက်ကြ၏။”
ဗျာဒိတ်ကျမ်း
၁၆း၁၃၊ ၁၄ နောက်ဆုံးကာလတွင် ကမ္ဘာအရပ်ရပ်၌တွေ့ကြုံရမည့် ဣသရေလလူမျိုး၏ (ဘုရားသခင်
ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကို ဆန့်ကျင်ပုန်ကန်သော
ပုံပမာဖြစ်ပါသည်။ သို့ပြီးမှ အဆုံးသည် ရောက်လာပါလိမ့်မည်။ ဗာဗုလုန်တွင်
ပေါင်းစပ်ထားသော ကဏ္ဍသုံးပိုင်း။ “ထိုအခါ၊ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏
ခံတွင်းထဲက လည်းကောင်း၊ မိစ္ဆာပုရောဖက်၏ ခံတွင်းထဲက လည်းကောင်း၊ ဖားကောင်ကဲ့သို့
ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။ နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏
ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင် ရှိသော
ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏
နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးကြ၏။”
တတိယကောင်းကင်တမန်သတင်းစကားတွင်
အသေးစိတ်ဖော်ပြထားပါသည်။
နဂါးသည် ရောမ၏
အုပ်ချုပ်မှုစနစ်၊ သားရဲ-ဥပဒေပြဌာန်းပိုင်သော ဘုရင်ဖြစ်သည်။
ပြည့်တန်ဆာမင်းကြီးသည်
ဖောက်ပြန်သော ခေတ်သစ်မိခင် ဣသရေလဖြစ်သည်။
ခေတ်သစ်မိခင်
ဣသရေလတွင် သမီးဖြစ်သော ဖောက်ပြန်သည့် ပရိုတက်စတင့် မိစ္ဆာပုရောဖက်ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၇း၁၆
နောက်ဆုံးကာလတွင် အဓိက အခန်းကဏ္ဍမှ ဦးဆောင်မည့် မဟာမိတ်အဖွဲ့ ဖြစ်သည်။ ပြည့်တန်ဆာ၏
စနစ်ကို တခြားရှင်ဘုရင်များ နှစ်သက်ပါသလား။ ကျမ်းစာထဲမှာ ကြည့်ကြပါစို့။ “ယခုမြင်သော
ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည့်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို
ဖျက်ဆီးလိမ့်မည်။ သူ၏ အဝတ်တန်ဆာကို ချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။”
ပြည့်တန်ဆာ၏
စနစ်ကိုမနှစ်သက်သော လောကီဘုရင်များကို ဖြိုချဖျက်ဆီးရန် ဘုရားသခင် အခွင့်ပေးမည်။
ဗျာဒိတ်ကျမ်း
၁၈း၁-၅ ပြည့်တန်ဆာ၏ စနစ်ကို မနှစ်သက်သော လောကီဘုရင်များကို ဖြိုချဖျက်ဆီးရန်
ဘုရားသခင် အခွင့်ပေးမည်။ “ထိုနောက်မှ ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော
တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့်
မြေကြီးထွန်းလင်းလျက် ရှိ၏။ သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊
ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ၊ နတ်ဆိုးနေရာ ဖြစ်လေပြီ၊ ညစ်ညူးသော
ဝိညာဉ်မျိုး၏ တွင်း ဖြစ်လေပြီ၊ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုးမှီခိုရာ
ဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော
စပျစ်ရည်ကို သောက်ကြပြီ၊ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို
သူနှင့်ပြုကြပြီ၊ လောကီကုန်သည် တို့သည် သူ၏ ကာမဂုဏ်စည်းစိတ်ကြွယ်၀ခြင်း အားဖြင့်
ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။ အခြားသော ကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏
အပြစ်တို့ကို ဆက်ဆံခြင်းနှင့် လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်
လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။ သူ၏အပြစ်တို့သည်
ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသော အမှုတို့ကို ဘုရားသခင်
သတိရတော်မူပြီ။”
ဘုရားသခင်ရွေးချယ်ထားသော
ကျန်ကြွင်းသူ၏နဖူးတွင် (ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်အနာဂတံသဥာဏ်တော်)
ကိုဝန်ခံသည့် ဘုရားသခင်၏ တံဆိပ်ရေးမှတ်ထားသည်။ ဘုရားသခင်၏ သင်္ကေတအမှတ်အသား
မရှိသောသူများကို ဘုရားသခင်၏ ဘုန်းတော်မီးသည် အပြစ်ကို ဝါးမြိုခြင်းနှင့်အတူ ဖျက်ဆီးလိမ့်မည်။
ကရုဏာမေတ္တာ ပြည့်စုံသော ဘုရားသခင်သည် ဒုတိယကောင်းကင်တမန် သတင်းစကားဖြင့်
သတိပေးပါသည်။
ဤသတင်းစကားကို
ခရစ်ယာန်များသည် ကောင်းကင်တမန်နှင့် လက်တွဲပူးပေါင်း၍ ကရုဏာတံခါး ပိတ်သောအချိန်အထံ
ဟောပြောရမည်။ “ဗာဗုလုန်” ၏ အနက်အဓိပ္ပါယ်မှာ
ပြိုလဲပျက်စီးခြင်း ဖြစ်ပါသည်။ (ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့်
အနာဂတံသဥာဏ်တော်) ကို လက်မခံခြင်း၊ နာခံမှုမရှိခြင်း ဖြင့် ဆန့်ကျင်ပုန်ကန်မှုမှာ “ဗာဗုလုန်မြို့ကြီး၏
နက်နဲမှု” ဖြစ်ပါသည်။
စာတန်မှ စတင်ခဲ့သော
(ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်နှင့် အနာဂတံသဥာဏ်တော်) ကိုဆန့်ကျင်ရေးသည်
မိမိစိတ်သဘောအတိုင်း ကိုယ့်အလိုသို့လိုက်ပြီး ကိုယ့်စကားကို ပြောခြင်းဖြင့်
သတ္တမနေ့ဥပုသ်အနှစ်သာရမှ လမ်းလွဲမှု ဖြစ်ပါသည်။ ထာ၀ရဘုရားကို ဆန့်ကျင်၊ အံတု၊
ပုန်ကန်သော ဝိညာဉ်ရေးစနစ်သည် ဆုံးရှုံးပျက်စီးခြင်း ဆိုသည့် အနက်အဓိပ္ပါယ်ကို
ပုံဆောင်ပါသည်။
ဘုရားသခင်ရဲ့
ခေါ်တော်မူခြင်းကို သင်လက်ခံပြီးလား။ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ မိတ်ဆွေ။
No comments:
Post a Comment