Saturday, May 23, 2026

ယေရမိအနာဂတ္တိကျမ်း ၃၁


အခန်းကြီး - ၃၁

1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။
တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။
ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။
ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။
ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။
10 
အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
11 
အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။
12 
ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။
13 
ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။
14 
ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
15 
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
16 
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
17 
သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
18 
ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။
19 
ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။
20 
ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
21 
လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလသတို့သမီးကညာ၊ ပြန်လာလော့။ သင်၏ နေရာ ဤမြို့များသို့ ပြန်လာလော့။
22 
အိုဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည်။
23 
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည်။
24 
ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။
25 
ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ၏။
26 
ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။
27 
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည်။
28 
ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ၏။
29 
ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ ဟု မဆိုရကြ။
30 
လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည်။
31 
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်
32 
ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
33 
နောက်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
34 
ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
35 
နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊
36 
ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
37 
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
38 
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှ စ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
39 
ဂါရက်တောင်ကို လွန်၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။
40 
အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင် အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့် တရှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့် မည်။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။

အနက်ဖွင့်ချက်။

၃၁: ထိုအချိန်တွင်။ အခန်း ၃၀ မှ ပရောဖက်ပြုချက်များကို ဆက်လက်ပြောဆိုသည်။ အချို့သည် ယုဒ၏ပြန်လည်ထူထောင်ရေးတွင် တစိတ်တပိုင်းဖြည့်ဆည်းခဲ့သည် (၂၅:၁၁-၁၂ ကိုကြည့်ပါ) အချို့သည် အချိန်ကုန်ဆုံးချိန်တွင်သာ ဖြည့်ဆည်းခံရမည်။ အနွယ်အားလုံး။ အနွယ်တဆယ့်နှစ်နွယ်စလုံး (၃၀: ကိုကြည့်ပါ)

31:1 same time. Continues the prophecies from chap. 30. Some were fulfilled, if partially, in Judah’s restoration (see 25:11–12). Some will only be fulfilled at the end of time. all the families. All 12 tribes (see 30:3).

 

၃၁: ဓားကို လွတ်မြောက်သူများ ... တော၌ ကျေးဇူးတော်။ အကျဉ်းသားဘဝမှ အနည်းငယ်သာ လွတ်မြောက်မည်ဖြစ်ပြီး ထွက်မြောက်ရာခရီးတွင် သိနာတောင်ပေါ်တွင် လှည့်လည်သွားလာခဲ့သောလူများကဲ့သို့ ဘုရားသခင်က ကယ်တင်မည် (ဟေရှာ ၄၀:-၄၊ ၁၀-၁၁ ကိုကြည့်ပါ)

31:2 survived the sword … grace in the wilderness. A remnant will survive captivity and, like the people who sojourned on Sinai after the exodus, will be delivered by God (see Is. 40:3–4, 10–11).

 

၃၁: မေတ္တာရှင်သန်ခြင်း။ ဘုရားသခင်၏ဝိသေသလက္ခဏာ (: ကိုကြည့်ပါ)

31:3 lovingkindness. Characteristic of God (see 2:2).

 

၃၁: ပြန်လည်တည်ဆောက်မည်။ စစ်ပွဲကြောင့် ပြိုပျက်နေသောမြေကို နေထိုင်ရာနေရာအဖြစ် ပြန်လည်ပြင်ဆင်မည်။ အပျိုစင်။ ဘုရားသခင်ထံ သန္နိဋ္ဌာန်ချထားသော ဣသရေလ (: ကိုကြည့်ပါ) တံပိုးများနှင့် အကများ။ ဘဝ၏ကောင်းမွန်မှုအတွက် ဝမ်းမြောက်ခြင်း၏ပုံရိပ်။

31:4 rebuilt. Land desolated by war will be made habitable. virgin. Israel, when committed to God (see 2:2). tambourines … dances. An image of rejoicing for life’s goodness.

 

၃၁: စပျစ်နွယ်ပင်များ။ ၎င်းတို့၏အသီးသည် တန်ဖိုးရှိသော အရသာတစ်မျိုးဖြစ်ပြီး ပေါများစွာ ရရှိနိုင်မည်။ ရှမရိတောင်များ။ ပရောဖက်ပြုချက်များတွင် မြောက်ပိုင်းဣသရေလပါဝင်သည်။

31:5 vines. Their fruit, a valued delicacy, will be abundantly available. mountains of Samaria. The prophecies include northern Israel.

 

၃၁: အော်ဟစ် ... ဇိအုန်သို့တက်သွားရန်။ ယေရုဆလင်မြို့တွင် ဘုရားသခင်ကို ဝတ်ပြုရန် ဝမ်းမြောက်သောဖိတ်ခေါ်သံ (၃၀: ကိုကြည့်ပါ)

31:6 cry … go up to Zion. Joyful summons will call people to worship God in Jerusalem (see 30:3).

 

၃၁: ယာကုပ် ... လူမျိုးများ၏ထိပ်သီး။ ဣသရေလ၊ အထူးသဖြင့် မြောက်ပိုင်းနိုင်ငံတွင် အသုံးပြုသောဝေါဟာရဖြစ်ပြီး ၎င်း၏ပြန်လည်ထူထောင်ရေးကို ယေရမိ ၃၁:-၁၄ တွင်တွေ့ရသည်။ ၎င်းသည် စာသားအတိုင်း ဖြည့်ဆည်းခံရခြင်းမရှိခဲ့ပေ (၃၀: ကိုကြည့်ပါ)

31:7 Jacob … chief of the nations. Israel; a term used particularly in the northern kingdom (see Amos 6:1), whose restoration is seen in Jer. 31:7–14. This never received a literal fulfillment (see 30:3).

 

၃၁: မြောက်ပိုင်းနိုင်ငံ။ ဣသရေလသည် ဘီစီ ၇၂၂ တွင် ပြည်နှင်ခံရသော အာရှုရိ (:၁၈ ကိုကြည့်ပါ) ကမ္ဘာမြေ၏အဆုံးများ။ ဣသရေလပြန့်ကျဲနေသောနေရာ။ နောက်ဆုံးစုဝေးမှုတွင် ဘုရားသခင်၏တပည့်များသည် နေရာအနှံ့မှလာမည်။ မျက်မမြင်နှင့် ခြေဆွံ့သူများ။ ၎င်းတို့ကို ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် ရွေးချယ်မည်မဟုတ်။ လူအုပ်ကြီး။ ကယ်တင်ခံရသူများသည် များပြားလိမ့်မည်။

31:8 north country. Assyria, where Israel was exiled in 722 B.C. (see 3:18). ends of the earth. Where Israel was scattered. In the final gathering, God’s followers will come from everywhere. blind … lameThey will not be chosen because of physical strength. great throngThe saved will be many.

၃၁: ငိုကြွေးခြင်း။ သက်သာရာရခြင်းနှင့် ကျေးဇူးသိတတ်ခြင်းဖြင့် (ဧဇရ :၁၂-၁၃ ကိုကြည့်ပါ) ဖြောင့်တန်းသောလမ်း။ ဘုရားသခင်က ပြင်ဆင်ထားသည် (ဟေရှာယ ၄၀:- ကိုကြည့်ပါ) ဖခင်။ :၁၉ ကိုကြည့်ပါ။ ဧဖရိမ်။ :၁၅ ကိုကြည့်ပါ။

31:9 weepingWith relief and gratitude (see Ezra 3:12–13). straight way. Prepared by God (see Is. 40:3–4). Father. See 3:19. Ephraim. See 7:15.

 

၃၁:၁၀ နားထောင်ကြလော့၊ အိုလူမျိုးများ။ လူမျိုးများသည် ဘုရားသခင်က ၎င်း၏လူမျိုးကို အပြစ်ပေးသည်ကို သက်သေခံခဲ့ပြီး၊ ယခုတွင် ၎င်းတို့၏ဘဏ္ဍာများ ပြန်လည်ရောက်ရှိသည်ကို မြင်ရန် ဖိတ်ခေါ်ခံရသည် (:၁၈-၁၉ ကိုကြည့်ပါ)

31:10 Hear … O nations. The nations witnessed God punishing His people; now they are summoned to see the return of their fortunes (see 6:18–19).

 

၃၁:၁၁ ရွေးနှုတ်ခြင်းနှင့် ပိုင်ရှင်ကယ်တင်ခြင်း။ ဘုရားသခင်သည် ရုသ :၂၀ တွင်ဖော်ပြသော ဆွေမျိုးကယ်တင်သူကဲ့သို့ ဣသရေလကို ၎င်းတို့၏အကျဉ်းသားဘဝမှ ကယ်တင်ခဲ့သည်။

31:11 redeemed … ransomed. God, like a kinsman redeemer (see Ruth 2:20), rescued Israel from their captivity.

 

၃၁:၁၂ ရွှင်လန်းခြင်းသည် ယခုဗာဗုလုန်မှ ရွေးနှုတ်ခြင်းနှင့်အတူ လိုက်ပါလာမည်။ ဆုလာဘ်အဖြစ် ပွဲတော်တစ်ခုကို ပြင်ဆင်ထားသည်။

31:12 Rejoicing will accompany the redemption, now from Babylon. A feast is laid in celebration.

 

၃၁:၁၃ အပျိုစင်၊ လူငယ်များ၊ သက်ကြီးရွယ်အိုများ။ ဝမ်းနည်းခြင်းကဲ့သို့ ဝမ်းမြောက်ခြင်းသည် အားလုံးပါဝင်သည်။

31:13 virgin … young men … the oldRejoicing is as universal as sorrow was before.

 

၃၁:၁၄ ယဇ်ပုရောဟိတ်များအတွက် ပေါများခြင်း။ ယဇ်ပူဇော်သက္ကာများကို ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ ယဇ်ပုရောဟိတ်များသည် ၎င်းတို့၏အပိုင်းကို ရရှိမည် (ဝတ်ပြုရာ :၃၁-၃၄ ကိုကြည့်ပါ)

31:14 priests with abundance. Abundant sacrifices will again be offered, of which priests had their portion (see Lev. 7:31–34).

 

၃၁:၁၅ ရာမ။ ၄၀: ကိုကြည့်ပါ။ ငိုကြွေးခြင်း။ အကျဉ်းသားဘဝသို့ သွားရာလမ်းသည် ရာမမှတစ်ဆင့်ဖြတ်သွားသည်။ ရာခေလသည် လမ်းစဉ်တွင် သေဆုံးသွားသော သားသမီးများအတွက် ငိုကြွေးသည်။ ရာခေလ။ ယောသပ်နှင့် ဗင်္ယာမိန်၏မိခင်၊ ဣသရေလလူမျိုး၏မိခင်။

31:15 RamahSee 40:1. Lamentation. The route to captivity went through Ramah. Rachel weeps for the children perishing in the process. Rachel. Mother of Joseph and Benjamin, mother of nation Israel.

 

၃၁:၁၆-၁၇ ငိုကြွေးခြင်းမှ ရပ်တန့်ပါ။ ... သားသမီးများ ပြန်လည်ရောက်ရှိမည်။ ဘုရားသခင်သည် ရာခေလကို နှစ်သိမ့်ပေးသည်၊ အကြောင်းမှာ ဘဏ္ဍာများ ပြန်လည်ပြောင်းပြန်ဖြစ်လိမ့်မည်။

31:16–17 Refrain … from weeping … children shall come back. God comforts Rachel, for fortunes will be reversed.

 

၃၁:၁၈၁၉ ဧဖရိမ်။ ယောသပ်၏ ဒုတိယသား၊ မြောက်ပိုင်းဣသရေလအတွက် အသုံးပြုသောအမည်။ ငါဆုံးမခံရပြီ။ ဣသရေလ၏ ဝမ်းနည်းမှုကို ပုံဖော်သည်။ လေ့ကျင့်မထားသော နွားထီး။ ထိန်းမနိုင်သော ဣသရေလသည် ပြတ်သားသော ဆုံးမမှုလိုအပ်သည်။ ငါ့ကို ပြန်လည်ထူထောင်ပေးတော်မူပါ။ အပြစ်မည်မျှပင်ကြီးမားစေကာမူ ဘယ်သောအခါမှ မကြားမထားသော အသနားခံချက် (ဆာလံ ၅၁ ကိုကြည့်ပါ) ပေါင်ကို ရိုက်လိုက်သည်။ ရှက်ကြောက်မှုနှင့် ဝမ်းနည်းမှု၏ အမူအရာ။

31:18–19 Ephraim. Joseph’s second son, and the name used for northern Israel. I was chastisedEnvisages Israel’s sorrow. untrained bullIsrael, when uncontrolled, needs decisive discipline. Restore meA plea that will never go unheard, no matter how great the sin (see Ps. 51). struck … the thigh. A gesture of shame and sorrow.

 

၃၁:၂၀ ငါ၏ချစ်သားတော်။ :၁၉ ကိုကြည့်ပါ။ ငါအလွန်သတိရ၏။ ဣသရေလ၏အခြေအနေသည် ဘုရားသခင်ကို ဝမ်းနည်းစေသည်။ သနားကရုဏာပြုမည်။ နောင်တရခြင်းဖြင့် ခွင့်လွှတ်မှုရရှိနိုင်သည်။

31:20 My dear sonSee 3:19. I earnestly remember. Israel’s condition has grieved God. have mercy. Forgiveness is available upon repentance.

 

၃၁:၂၁၂၂ လမ်းညွှန်တိုင်များ။ သိမ်းသွားခြင်းမှ ပြန်လည်လမ်းကို ညွှန်ပြသည်။ နောင်တမရသောသမီး။ နောင်တမရသော ဣသရေလ (၁၄:၁၇ ကိုကြည့်ပါ) အသစ်သောအရာကို ဖန်ဆင်းခဲ့သည်။ ဘာဗုလုန်မှ ပြန်လည်ထူထောင်ခြင်းသည် ဘုရားသခင်၏ တန်ခိုးကြီးသောလုပ်ဆောင်မှုဖြစ်ပြီး၊ နောက်ဆုံးပြန်လည်ထူထောင်ခြင်းသည် ပို၍ထူးခြားသည် (ဟေရှာယ ၄၂: ကိုကြည့်ပါ)

31:21–22 signpostsFor the way back from captivity. backsliding daughterUnrepentant Israel (see 14:17). created a new thing. Restoration from Babylon is a powerful act of God, even more so the final restoration (see Is. 42:9).

 

၃၁:၂၃၂၆ ဤစကားကိုသုံးမည်။ ယုဒပြည် ပြန်လည်ထူထောင်ရာတွင် လူများသည် ဘုရားသခင်ကို ထပ်မံချီးမွမ်းကြမည်။ တရားမျှတမှု၏အိမ်။ ယေရုဆလင်မြို့။ သန့်ရှင်းသောတောင်။ ဗိမာန်တော်တောင်။

31:23–26 use this speechPeople will praise God again, at the restoration of Judah. home of justice. Jerusalem. mountain of holiness. Temple mount.

 

၃၁:၂၄၂၅ ယုဒပြည်တွင် လူဦးရေပြန်လည်နေထိုင်လာမည်။ လူများသည် သာမန်ဘဝများကို နေထိုင်နိုင်မည်။

31:24–25 Judah will again be populated. People can live ordinary lives.

 

၃၁:၂၆ နိုးလာသည်။ ပရောဖက်ပြုသော အိပ်မက်မှ။

31:26 awoke. From a prophetic dream.

 

၃၁:၂၇ လူမျိုးနှင့် တိရစ္ဆာန်မျိုးစေ့ကို ကြဲမည်။ ပြည်တွင် လူဦးရေပြန်လည်နေထိုင်လာမည်။

31:27 sow … seed of man … beast. The land will again be populated.

 

၃၁:၂၈ ချိုးဖျက်  ဒုက္ခပေးသည်။ ယုဒနှင့် ဣသရေလသည် ဘုရားသခင်၏ တရားစီရင်မှုအဖြစ် ဖျက်ဆီးခံခဲ့ရသည် (:၁၀ ကိုကြည့်ပါ) တည်ဆောက်  စိုက်ပျိုးမည်။ ယခုဘုရားသခင်သည် နိုင်ငံကို ပြန်လည်တည်ဆောက်မည်။

31:28 pluck … afflict. Judah and Israel have suffered destruction as God’s judgment (see 1:10). build … plantNow God will rebuild the nation.

 

၃၁:၂၉၃၀ အဘများသည် စပျစ်သီးချဉ်ကို စားခဲ့ပြီး  သားများ၏သွားများ ချဉ်သွားသည်။ ယခုမျိုးဆက်သည် ယခင်မျိုးဆက်များ၏ အပြစ်များအတွက် တရားစီရင်ခံရသည်ဟု ယုံကြည်သော စကားပုံ (ယေဇကျေလ ၁၈: ကိုကြည့်ပါ) မိမိအပြစ်။ လူများသည် တာဝန်သည် သူတို့အပေါ်တွင်ရှိသည်ကို သိရှိလာမည်။

31:29–30 fathers have eaten … set on edge. A proverb echoing the current generation’s belief that they were judged for the previous generations’ sins (see Ezek. 18:2). own iniquityPeople will realize that the responsibility is their own.

 

၃၁:၃၁၃၄ ပဋိညာဉ်သစ်။

31:31–34 The new covenant.

 

၃၁:၃၁ ရက်ကာလများလာလိမ့်မည်။ မေရှိယခေတ်။ ပဋိညာဉ်သစ်။ ခရစ်တော်၏အသွေးဖြင့် အတည်ပြုရမည့် ပဋိညာဉ်တစ်ခု။ ပဋိညာဉ်သစ်နှင့်ပတ်သက်ပြီး နောက်ထပ်အချက်များအတွက် မဿဲ ၂၂:၃၆၄၀၊ လုကာ ၂၂:၂၀၊ ၂ကောရိန္သု :၃၊ ဟေဗြဲ :၁၃၊ ၁၃:၂၀ ကိုကြည့်ပါ။ ဣသရေလ  ယုဒ။ တစ်နိုင်ငံလုံးနှင့်အတူ။

 31:31 days are coming. Messianic age. new covenantA covenant to be ratified by the blood of Christ. For more on the new COVENANT, see Matt. 22:36–40; Luke 22:20; 2 Cor. 3:3; Heb. 8:8–13; 13:20Israel … JudahWith the whole nation.

 

၃၁:၃၂ အဘများနှင့်ချုပ်ဆိုခဲ့သော ပဋိညာဉ်။ တိရစ္ဆာန်ယဇ်ပူဇော်မှုများဖြင့် ကယ်တင်ရှင်၏သေခြင်းကို ပုံစံပြသည့် သိနာတောင်တွင်ချုပ်ဆိုသော ပဋိညာဉ်။ သူတို့ဖောက်ဖျက်ခဲ့သည်။ ဘုရားသခင်၏လူများသည် ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းကြောင့် သိမ်းသွားခြင်းခံရသည် (:၂၅ ကိုကြည့်ပါ) ခင်ပွန်း။ : ကိုကြည့်ပါ။

31:32 covenant … with their fathersThe covenant at Sinai, in which animal sacrifices typified the death of the Redeemer. they brokeGod’s people were taken to captivity because of breaking the covenant (see 7:25). husband. See 2:2.

 

၃၁:၃၃ ငါထည့်ပေးမည်။ သန့်ရှင်းသောဝိညာဉ်အားဖြင့်။ ငါ၏ပညတ်တရားကို  သူတို့၏စိတ်နှလုံးပေါ်တွင်။ ၎င်းသည် အမြဲရှိသင့်သည့်နေရာ (ဒုတိယသြဝါဒကျမ်း ၃၀:မိက္ခာ : ကိုကြည့်ပါ) ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သောဘဝကို ဖြစ်ပေါ်စေရန်။ သူတို့၏ဘုရား  ငါ၏လူများ။ ပဋိညာဉ်ပုံစံ (:၂၃ ကိုကြည့်ပါ)

31:33 I will put. Through the Holy Spirit. My law … on their hearts. Where it was always meant to be (see Deut. 30:5–6; Mic. 6:6–8), to enable a life in harmony with God’s will. their God … My people. The covenant formula (see 7:23).

 

၃၁:၃၄ ထပ်မံ၍  အိမ်နီးချင်းကို မသင်ပြရ။ အကြောင်းမူကား လူတိုင်းသည် ဘုရားသခင်ကို ချစ်ပြီး နာခံမည်။

31:34 No more … teach his neighbor. For every one will love and obey God.

 

၃၁:၃၅၃၇ ဣသရေလသည် ဘုရားသခင်၏ကတိများ၏ ယုံကြည်စိတ်ချရမှုကို အာမခံခံရသည်။ သဘာဝဥပဒေများသည် ပြောင်းလဲခြင်းမရှိသကဲ့သို့၊ ဘုရားသခင်သည် ဣသရေလကို စွန့်လွှတ်မည်မဟုတ်။ ကောင်းကင်ကို မည်သူမျှ တိုင်းတာနိုင်ခြင်းမရှိသကဲ့သို့၊ ဘုရားသခင်သည် သူ၏လူများကို မေ့လျော့နိုင်မည်မဟုတ်။

31:35–37 Israel is assured of the reliability of God’s promises: as the laws of nature do not alter, so God will not forsake Israel. As no one can measure the heavens, so God cannot forget His people.

 

၃၁:၃၈၄၀ ယေရုဆလင်မြို့ကို ပြန်လည်တည်ဆောက်မည်၊ အဆုံးသတ်ကာလတွင် ယေရုဆလင်သစ်လည်း ဖြစ်မည်။ မြို့တဝိုက်ရှိ နေရာများကို ပြန်လည်တည်ဆောက်မှု၏ ပြည့်စုံမှုကို မီးမောင်းထိုးပြရန် ဖော်ပြထားသည်။ ချိုင့်ဝှမ်း။ ဟိန္နုံချိုင့်ဝှမ်းကို ရည်ညွှန်းပြီး ၎င်းကို သန့်ရှင်းစေမည် (:၃၁ ကိုကြည့်ပါ)

31:38–40 Jerusalem will be rebuilt, as will the New Jerusalem at the end of time. Places around the city are enumerated to highlight the completeness of rebuilding. valley. Refers to the Valley of Hinnom, which will be cleansed (see 7:31).

No comments:

Post a Comment