Saturday, May 23, 2026

ယေရမိအနာဂတ္တိကျမ်း ၃၂

 

အခန်းကြီး - ၃၂

1 နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ်၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် လာ၏။
2
 ထိုအခါ ဗာဗုလုန် ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိ သည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။
3
 အကြောင်းမူကား၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင် လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။
4
 ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ်၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။
5
 ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည်။ငါအကြည့်အရှုမလာမှီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
6
 ထိုအခါယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
7
 သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊
8
 ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊
9
 အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။
10
 စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။
11
 ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ၍၊
12
 ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
13
 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
14
 တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ၍၊ ကာလ ကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ထားလော့။
15
 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။
16
 ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊
17
 အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင် သော အရာတစုံတစခုမျှ မရှိပါ။
18
 ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက် ဖြစ်သောသားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော် မူ၏။ အလွန်ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။
19
 ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
20
 အဲဂုတ္တုပြည်၊ ဣသရေလပြည်အစရှိသော လူအမျိုးမျိုးတို့၌ နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိတော်မူ၏။
21
 နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ပြလျက်၊ အားကြီးသော လက်၊ ဆန့်တော်မူသော လက်ရုံး၊ အလွန်ကြောက်မက်ဘွယ်သော အခြင်းအရာနှင့်တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ၍၊
22
 ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူ သောပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည် ကို ပေးသနားတော်မူသဖြင့်၊
23
 သူတို့သည် ဝင်၍သိမ်းယူကြသော်လည်း၊ အမိန့် တော်ကို နားမထောင်၊ တရားတော်လမ်းသို့မလိုက်၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲ နေသောကြောင့်၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ။
24
 ပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့ လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။
25
 ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း၊ အိုအရှင် ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထား ရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ ၏။
26
 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
27
 ငါ ထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါ တို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင် သော အရာတစုံတခုရှိလိမ့်မည်လော။
28
 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့၎င်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့၎င်း ငါအပ်၍၊ သူသည် သိမ်းယူ လိမ့်မည်။
29
 ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည်။
30
 အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သော အရွယ်မှစ၍ ငါ့ရှေ့ မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ။
31
 ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
32
 ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။
33
 သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။
34
 ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုး စေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
35
 သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
36
 သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
37
 ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက် အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
38
 သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည် လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
39
 ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘော ကို ငါပေးမည်။
40
 သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည်။
41
 သူတို့အား ကျေးဇူးပြုခြင်း အမှု၌ငါသည် အားရ ဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။
42
 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည်။
43
 လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
44
 ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကို စီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

အနက်ဖွင့်ချက်။

၃၂: ဆယ်နှစ်မြောက်နှစ်။ ဘီစီ ၅၈၇။

32:1 tenth year. 587 B.C.

 

၃၂: ယေရုဆလင်မြို့ကို ဝိုင်းထားသည်။ နေဗုခနေဇား၏ ယေရုဆလင်မြို့အပေါ် နောက်ဆုံးစစ်ဆင်ရေး။

32:2 besieged Jerusalem. Nebuchadnezzar’s final campaign against Jerusalem.

 

၃၂: ယေရမိသည် ဘာဗုလုန်အောင်မြင်မှုနှင့် ဇေဒကိမင်း၏ ကိုယ်ရေးကိုယ်တာကံကြမ္မာကို အကြိမ်ကြိမ် ပရောဖက်ပြုခဲ့သည် (၂၁:၇၊ ၃၄: ကိုကြည့်ပါ)

32:3–5 Jeremiah had frequently prophesied the imminent Babylonian victory and even the personal fate of Zedekiah (see 21:3–7; 34:2–5).

 

၃၂: ဟာနမေလ။ ယေရမိ၏ဝမ်းကွဲ။ ငါ၏လယ်ကို ဝယ်ပါ။ ရောင်းချရသည့်အကြောင်းရင်းကို မဖော်ပြထားပါ။ မည်သို့ပင်ဖြစ်စေ ဘာဗုလုန်လူများက ၎င်းကို သိမ်းပိုက်မည်။ အာနာသုတ်။ : ကိုကြည့်ပါ။ ပြန်လည်ရွေးယူပိုင်ဆိုင်ခွင့်။ နီးစပ်သူအနေဖြင့် ယေရမိသည် ထိုသို့ဝယ်ယူရာတွင် ဦးစားပေးခံစားခွင့်ရှိသည် (ဝတ်ပြုရာကျမ်း ၂၅:၂၅၃၁ရုသ : ကိုကြည့်ပါ)

32:7 Hanamel. Jeremiah’s cousin. Buy my fieldNo reason for selling is given. In any case the Babylonians will occupy it. Anathoth. See 1:1. right of redemption. As next of kin Jeremiah had priority for such a purchase (see Lev. 25:25–31; Ruth 4:1–2).

 

၃၂: ငါသိသည်။ ဘုရားသခင်က ယေရမိအား လယ်ကိုဝယ်ရန် မိန့်တော်မူခဲ့သည် (အခန်းကြီး ၂၅ ကိုကြည့်ပါ)

32:8 I knew. God had told Jeremiah to buy the field (see v. 25).

 

၃၂: ငါဝယ်လိုက်သည်။ ယုဒပြည်တွင် သာမန်ဘဝသို့ ပြန်လည်ရောက်ရှိမှုကို ကြိုပြသည့် သင်္ကေတလုပ်ဆောင်မှုအဖြစ် (အခန်းကြီး ၁၅၄၄ ကိုကြည့်ပါ) ငွေကို ချိန်တင်သည်။ ငွေစက္ကူများမရှိသောကြောင့် ငွေရေးငွေရင်များ။ဆယ်ခုနှစ် ရှစ်ကယ်  အောင်စခုနစ်အောင်စခန့် (၂၀၀ ဂရမ်)

32:9 I bought. As a symbolic action heralding a return to normal life in Judah (see vv. 15, 44). weighed out … money. Silver pieces, as there were no coins. seventeen shekels. About 7 ounces (200 g).

 

၃၂:၁၀၁၁ မြေဝယ်ယူမှု၏ တရားဝင်လုပ်ငန်းစဉ်အသေးစိတ်။

32:10–11 Details of official transaction of land purchase.

 

၃၂:၁၂ ဘာရုတ်အား ပေးလိုက်သည်။ ယေရမိ၏ စာရေးဆရာ (၃၆: ကိုကြည့်ပါ)ထိန်းသိမ်းရန်အတွက် ပေးထားသည်။

32:12 gave … to Baruch. Jeremiah’s scribe (see 36:4); given for safe-keeping.

 

၃၂:၁၄ မြေအိုး။ စာရွက်စာတမ်းများကို ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်း။

32:14 earthen vessel. The best way of preserving documents.

 

၃၂:၁၅ ထပ်မံပိုင်ဆိုင်ရမည်။ အခန်းကြီး ၉၊ ၄၄ ကိုကြည့်ပါ။

32:15 possessed again. See vv. 9, 44.

 

၃၂:၁၆ ငါဆုတောင်းသည်။ အခန်းကြီး ၁၅၂၅။ ဖျက်ဆီးမှုနီးကပ်လာနေချိန်တွင် ဘုရားသခင်၏ လယ်ဝယ်ရန်အမိန့်ကို ယေရမိသည် အံ့ဩသည်။

32:16 I prayed. Vv. 15–25. Jeremiah is puzzled by God’s order to buy the field, while destruction is imminent.

 

၃၂:၁၇၂၃ ယေရမိသည် ဘုရားသခင်၏ တန်ခိုးကြီးသောလုပ်ဆောင်မှုများနှင့် အတိတ်ကာလ၏ ကျေးဇူးတော်များကို ဖော်ပြသည်။

32:17–23 Jeremiah enumerates God’s mighty acts and goodness in the past.

 

၃၂:၁၈၁၉ ထောင်ပေါင်းများစွာသို့ ကျေးဇူးတော်။ ဘုရားသခင်သည် လူတိုင်းအတွက် ကောင်းမှုကို အလိုရှိသည်။ အပြစ်ကို ဆပ်ပေးသည်။ ဘုရားသခင်၏ တရားမျှတမှုက တောင်းဆိုသည် (ထွက် ၂၀: ကိုကြည့်ပါ) အဘများ  သားသမီးများ။ : ကိုကြည့်ပါ။

32:18–19 lovingkindness to thousands. God desires good for all people. repay the iniquity. Demanded by God’s justice (see Ex. 20:5–6). fathers … children. See 2:9.

 

၃၂:၂၀၂၂ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်များ။ အဲဂုတ္တုပြည်မှ ပိုးကောင်များမှသည် ကာနာန်ပြည်သိမ်းပိုက်ခြင်းအထိ၊ အာဗြဟံအား ပေးထားသော ကတိကို ဖြည့်ဆည်းပေးသည့် ဣသရေလအတွက် ဘုရားသခင်၏ လုပ်ဆောင်မှုများ (က ၁၇: ကိုကြည့်ပါ) နို့နှင့်ပျားရည်။ ကြွယ်ဝမှု (၁၁: ကိုကြည့်ပါ)

32:20–22 signs and wonders. God’s actions on Israel’s behalf, from the plagues in Egypt to the conquest of Canaan, which fulfilled the promise to Abraham (see Gen. 17:8). milk and honey. Abundance (see 11:5).

 

၃၂:၂၃ ပိုင်ဆိုင်ခဲ့ပြီး  နာခံခြင်းမရှိ။ ပဋိညာဉ်၏ ကောင်းချီးများကို ခံစားခဲ့သော်လည်း ပဋိညာဉ်ကို ဖောက်ဖျက်ခဲ့သော ဣသရေလ၏သမိုင်း။

32:23 took possession … not obeyed. Israel’s history of breaking the covenant despite enjoying its blessings.

 

၃၂:၂၄ သင်မိန့်တော်မူခဲ့သည်မှာ ဖြစ်ပေါ်လာပြီ။ လူများစွာမယုံကြည်ခဲ့သော ဘုရားသခင်၏ သတင်းစကားများသည် အမှန်ဖြစ်လာနေသည်။

32:24 What You have spoken has happened. God’s messages, disbelieved by many, were coming true.

 

၃၂:၂၅ လယ်ကွင်းကို ဝယ်ပါ... သို့သော်။ ဘုရားသခင်၏ နာခံမှုပြုပြီးနောက်၊ ယေရမိသည် ပရောဖက်ပြုချက်မည်သို့ဖြစ်လာမည်ကို မြင်ရန်ရုန်းကန်ရသည်။

32:25 Buy the field … yet. Having obeyed God, Jeremiah struggles to see how the prophecy can come true.

 

၃၂:၂၆ ဘုရားသခင်၏ ယေရမိထံသို့ ပြန်ပြောချက်။ သူသည် ယုဒပြည်ကို တရားစီရင်ရန် တန်ခိုးရှိသည် (အခန်းငယ် ၂၇၃၅) သို့သော် သူမကို ပြန်လည်ထူထောင်ရန်လည်း တန်ခိုးရှိသည် (အခန်းငယ် ၃၆၄၄)

32:26 God’s reply to Jeremiah: He has power to judge Judah (vv. 27–35) but also to restore her (vv. 36–44).

 

၃၂:၂၇ အသားရှိသမျှ၏ ဘုရားသခင်။ ဖန်ဆင်းရှင်-ဘုရားသခင်သည် ဘဝအားလုံးကို အုပ်ချုပ်သည်။ အလွန်ခက်ခဲသည်။ တန်ခိုးအာနုဘာဝရှိသော ဘုရားသခင်အတွက် မဖြစ်နိုင်သည့်အရာမရှိ (အခန်းငယ် ၁၇ ကိုကြည့်ပါ၊ ကမ္ဘာဦး ၁၈:၁၄)

32:27 God of all flesh. The Creator-God is in charge of all life. too hardNothing is impossible for the omnipotent God (see v. 17; Gen. 18:14).

 

၃၂:၂၈ ဤမြို့ကို... ခါလဒဲလူမျိုးတို့အား ပေးမည်။ ဘာဗုလုန်လူမျိုးတို့သည် တရားစီရင်ရန် ဘုရားသခင်၏ ကိုယ်စားလှယ်ဖြစ်သည် (၂၁: ကိုကြည့်ပါ)

32:28 give this city … Chaldeans. The Babylonians are God’s agent for judgment (see 21:4).

 

၃၂:၂၉၃၀ မီးရှို့မည်။ ယေရုဆလင်၏ ဖျက်ဆီးခြင်းကို ပရောဖက်ပြုထားသည် (၅၂:၁၂၁၃ ကိုကြည့်ပါ) ဗာလအား မီးရနံ့ပူဇော်ခဲ့သည်။ ရုပ်တုကိုးကွယ်ခြင်း။ တရားစီရင်ခြင်း၏ အကြောင်းရင်းများကို ဖော်ပြထားသည်။ ငယ်ရွယ်စဉ်ကတည်းက ဆိုးယုတ်မှုသာလျှင်။ သိနာတောင်တွင် ပဋိညာဉ်ပြုပြီးနောက် မကြာမီမှစ၍ (ထွက်မြောက်ရာ ၃၂: ကိုကြည့်ပါ)

32:29–30 set fire. Jerusalem’s destruction is prophesied (see 52:12–13). offered incense to Baal. Idol worship. Reasons for judgment are listed. only evil … from their youth. From soon after the covenant was made on Sinai (see Ex. 32:1).

 

၃၂:၃၁ မြို့... စိတ်ဆိုးစေခြင်း။ ဘုရားသခင်၏ နေရာထိုင်ရာ၌ ရုပ်တုကိုးကွယ်ခြင်း။

32:31 city … provocationIdolatry in God’s dwelling place.

 

၃၂:၃၂ ဘုရင်များ... ပရောဖက်များ။ ယုဒပြည်၏ ကံကြမ္မာအတွက် ခေါင်းဆောင်မှု၏ လုံးဝပျက်ကွက်မှုသည် တာဝန်ရှိသည် (:၁၈ ကိုကြည့်ပါ)

32:32 kings … prophets. A total failure of leadership is responsible for Judah’s fate (see 1:18).

 

၃၂:၃၃ နောက်ပြန်လှည့်သည်။ ဘုရားသခင်ကို မထီမဲ့မြင်ပြုသည်။ ၁၈:၁၇ ကိုကြည့်ပါ။

32:33 turned … the back. Showed contempt to God; see 18:17.

 

၃၂:၃၄၃၅ :၃၀၃၁ ကိုကြည့်ပါ။

32:34–35 See 7:30–31.

 

၃၂:၃၆ အခန်းငယ် ၂၆ ကိုကြည့်ပါ။

32:36 See v. 26.

 

၃၂:၃၇ ငါစုရုံးမည်။ ပြန့်ကျဲနေသော လူများကို ၎င်းတို့၏ ပြည်သို့ ပြန်လည်ခေါ်ဆောင်လာမည်။ နိုင်ငံအားလုံးမှ။ ၁၆:၁၅ ကိုကြည့်ပါ။

32:37 I will gatherThe dispersed people will be brought back to their own land. out of all countries. See 16:15.

 

၃၂:၃၈ ငါ၏လူများ... ၎င်းတို့၏ ဘုရားသခင်။ ပဋိညာဉ်ပုံသေနည်း (:၂၃ ကိုကြည့်ပါ)

32:38 My people … their God. Covenant formula (see 7:23).

 

၃၂:၃၉ တစ်စိတ်တစ်ဝိညာဉ်။ ဘုရားသခင်၏ ပညတ်တရားနှင့်အတူ။ လူတိုင်းသည် ဘုရားသခင်ကို နာခံလိမ့်မည် (၃၁:၃၃ ကိုကြည့်ပါ) ငါ့ကိုကြောက်ရွံ့ရိုသေမည်။ ဘုရားသခင်ကို ရိုသေသည်။

32:39 one heart. With God’s law in it. Everyone will obey God (see 31:33). fear Me. Respect God.

 

၃၂:၄၀ ထာဝရပဋိညာဉ်။ ပဋိညာဉ်သစ် (၃၁:၃၃ ကိုကြည့်ပါ) သည် ဘယ်သောအခါမျှ မပျက်ပြယ်ရ။ ထာဝရပဋိညာဉ်နှင့်ပတ်သက်၍ နောက်ထပ်အချက်များအတွက် ကမ္ဘာဦး ၁၇: ကိုကြည့်ပါ။

 32:40 everlasting covenant. The new covenant (see 31:33) will never be broken. For more on the everlasting COVENANT, see Gen. 17:7.

 

၃၂:၄၁ ငါဝမ်းမြောက်မည်။ ဘုရားသခင်သည် သူ၏လူများ၏ ကောင်းကျိုးကို အမြဲရှာဖွေသည်။

32:41 I will rejoice. God always seeks the good of His people.

 

၃၂:၄၂၄၄ အခန်းငယ် ၂၅  ယေရမိ၏ စိုးရိမ်ပူပန်မှုအတွက် အဖြေ။ ဘုရားသခင်သည် ယုဒပြည်ကို တရားစီရင်သကဲ့သို့၊ သူ၏လူများကို ၎င်းတို့၏ ပြည်သို့ ပြန်လည်ရောက်ရှိစေရန် သေချာစေမည်။

32:42–44 Answer to Jeremiah’s apprehension in v. 25: as surely as God is judging Judah, He will ensure His people’s return to their land.

No comments:

Post a Comment