အခန်းကြီး
- ၁၂၈
ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော် သို့
လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
2 ထိုသို့ပြုလျှင်
သင်သည် မိမိလက်နှင့် လုပ် ဆောင်၍ရသော အစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍
ကောင်းစားရလိမ့်မည်။
3 သင်၏မယားသည်
သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည်
သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
4 ထာဝရဘုရားကို
ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည်။
5 ထာဝရဘုရားသည်
ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို
တသက်လုံးမြင်ရလိမ့်မည်။
6 မိမိသားသမီးတို့၌
ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း
ရှိပါစေသော။
အနက်ဖွင့်ချက်။
၁၂၈ — ထာဝရဘုရားကို ကြောက်ရွံ့သောသူ၏ မိသားစုဆိုင်ရာ ကောင်းချီးများ
ပညာရပ်ဆိုင်ရာဆာလံ (ဆာ ၁၁၂ နှင့် ၁၂၇ ကဲ့သို့)။ ထာဝရဘုရားကို ကြောက်ရွံ့သောသူအားလုံးအတွက် ကောင်းချီးစကားဖြင့် အစပြုကာ (၁၊ ၄ တွင် နှစ်ကြိမ်ဖော်ပြ)၊ ဘုရားသခင်၏လမ်းတော်၌ လျှောက်သောသူများ၏ သာယာဝပြောမှုကို ရှင်းပြပြီး (၂-၃)၊ ယဇ်ပုရောဟိတ်ဆိုင်ရာ ကောင်းချီးမင်္ဂလာဖြင့် အဆုံးသတ်ထားသည် (၅-၆)။ ဤကဗျာကို လက်ထပ်မင်္ဂလာဆုတောင်းသီချင်းဟု ခေါ်ဆိုနိုင်သည်၊ အကြောင်းမှာ မင်္ဂလာဆောင်များတွင် မကြာခဏအသုံးပြုလေ့ရှိသောကြောင့်ဖြစ်သည်။
128—The Family Blessings of a Man Who Fears the Lord
Wisdom psalm (like Ps. 112 and 127) which begins with a
blessing for everyone who fears the Lord, a phrase stated twice (vv. 1, 4), and
continues with an explanation of the prosperity of those who walk in God’s ways
(vv. 2–3), and culminates with application of the priestly blessing (vv. 5–6).
This poem may be called a marriage prayer, because it is often used at
weddings.
No comments:
Post a Comment