Wednesday, May 20, 2026

ရာဇဝင်ချုပ် ဒုတိယစောင်- ၂၅

 အခန်းကြီး - ၂၅

အာမဇိသည် သက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။
3 အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ ၏။
4 သားအတွက်အဘသည် အသေမခံရ။ အဘ အတွက် သားသည် အသေမခံရ။ လူတိုင်း မိမိအပြစ် ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေး ထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲ နေ၏။
5 အာမဇိမင်းသည် ယုဒလူတို့ကို စုဝေးစေ၍ ယုဒ လူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။ အသက် နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သောစစ်သူရဲ ကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ ၏။
6 ခွန်အားကြီးသော ဣသရေလသူရဲတသိန်းကို လည်း ငွေအခွက်တထောင်နှင့်ငှါး၏။
7 သို့ရာတွင် ဘုရားသခင်၏လူတယောက်သည် လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကိုမလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်း ဟူသောဧဖရိမ် အမျိုးသား အပေါင်းတို့နှင့်အတူ ရှိတော်မမူ။
8 မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက်ခြင်းငှါ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော် မူမည်။ ဘုရားသခင်သည် မစခြင်းငှါ၎င်း၊ နှိမ့်ချခြင်းငှါ ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊
9 အာမဇိက၊ ဣသရေလတပ်ကိုငှါး၍ ငွေအခွက် တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရား သခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။
10 ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်တွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊မိမိတို့ နေရာ သို့ပြန်သွားကြ၏။
11 အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့် ကို တပ်ချီသဖြင့်၊ စိရတောင်သားတသောင်းကို လုပ်ကြံ လေ၏။
12 ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင် ဘမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ၏။
13 ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွား ကြ၏။
14 အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရား တို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေ ခြင်းငှါ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာ ပေါင်းကို မီးရှို့လေ၏။
15 ထာဝရဘုရားသည် အာမဇိကို အမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရား တို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင်၊
16 ရှင်ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက်က၊ မင်းကြီး သည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှု ကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
17 ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသ ရေလရှင်ဘုရင်ယေဟု သားဖြစ်သော ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
18 ဣသရေလရှင်ဘုရင်ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗ နုန်သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ၏။
19 သင်ကငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟု ဆိုလျက်၊ ဝါကြွားချင်သော စိတ်မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
20 ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။
21 ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊
22 ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
23 ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒ ရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို၊ ဧဖရိမ်တံ ခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။
24 ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံသော သူအချို့တို့ကို၎င်း၊ ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။
25 ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသားအာ မဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
26 အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစ အဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27 အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက်၊ သူ၏တဘက်၊ ယေရု ရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊
28 မြင်းပေါ်၌ တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ် ကြ၏။

အနက်ဖွင့်ချက်။

၂၅:၁–၂၈ ဤအခန်းသည် အမာဇိယ၏ အုပ်ချုပ်မှုကို ဖော်ပြပြီး၊ ရာဇဝင်ချုပ် ၁၄ နှင့် အပြိုင်ဖြစ်သည်။

25:1–28 The chapter describes the reign of Amaziah, and it parallels 2 Kin. 14.

 

၂၅:၂ သစ္စာစိတ်ဖြင့်မဟုတ်။ ဟေဗြဲစာသားတွင် “စိတ်နှလုံးအပြည့်ဖြင့်မဟုတ်” ဟု ဆိုသည်။ အမာဇိယ၏ အုပ်ချုပ်မှုသည် ယောရူကဲ့သို့ သစ္စာရှိမှုနှင့် သစ္စာမဲ့မှု ကာလများအဖြစ် ပိုင်းခြားထားသည်။

25:2 not with a loyal heart. The Hebrew text says “not with a whole heart.” Amaziah’s reign, like Joash’s, is divided into periods of fidelity and infidelity.

 

၂၅:၄ မောရှေ၏ စာအုပ်ရှိ ပညတ္တိကျမ်း။ ၆:၁၆ မှတ်ချက်ကို ကြည့်ပါ။ သူ၏အပြစ်အတွက်။ အပြစ်မရှိသူသည် အခြားသူ၏ ပြစ်မှုအတွက် အပြစ်ပေးခံရမည်မဟုတ် (တရား ၂၄:၁၆)။ ဤမူသည် ပရောဖက်များမှတစ်ဆင့် ထပ်မံအတည်ပြုခဲ့သည် (ယေဇ ၁၈)။

25:4 the Law in the Book of Moses. See note on 6:16. for his own sin. An innocent person should not be punished for the offense of another (Deut. 24:16). This principle is reaffirmed by the prophets (Ezek. 18).

 

၂၅:၅ နှစ်ဆယ်နှစ်။ ဟေဗြဲစစ်သားများ၏ အနိမ့်ဆုံးအသက်။

25:5 twenty years old. The minimal age of Hebrew soldiers.

 

၂၅:၆ တစ်ထောင်။ ကြီးမားသော စစ်တပ်ယူနစ်တစ်ခု။ အလျှတစ်ရာ။ အနီးစပ်ဆုံး တန်ခွဲခန့် (၃.၄ တန်)။

25:6 thousand. A large military unit. one hundred talents. About 3 3/4 tons (3.4 t).

 

၂၅:၇ ဘုရားသခင်၏လူ။ ဘုရားသခင်ကို ယုံကြည်ရန် လူများကို တိုက်တွန်းသော ပရောဖက်အတွက် သာမန်အမည်တစ်ခု (၈:၁၄)။ ဧဖရိမ်။ အမာဇိယသည် ယုဒပြည်နှင့် နယ်နိမိတ်ထိစပ်နေသော နယ်မြေမှ စစ်သားငှားရမ်းသည်။ ဤလုပ်ရပ်များသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုကင်းမဲ့ခြင်းကို ဖော်ပြသည် (၁၆:၂–၉)။

25:7 a man of God. A common designation for a prophet who called on people to trust in God (8:14). Ephraim. Amaziah hires mercenary troops from territory bordering with Judah. These acts implied his lack of trust in God (16:2–9).

 

၂၅:၉ အလျှတစ်ရာ။ အနီးစပ်ဆုံး တန်ခွဲခန့် (၃.၄ တန်)။

25:9 the hundred talents. About 3 3/4 tons (3.4 t).

 

၂၅:၁၁ ဆားချိုင့်ဝှမ်း။ သေမင်းပင်လယ်တောင်ဘက်တွင် တည်ရှိသည်။

25:11 the Valley of Salt. Located south of the Dead Sea.

 

၂၅:၁၂ ကျောက်ဆောင်။ ဟေဗြဲအမည်မှာ ဆလာ ဖြစ်ပြီး၊ ယနေ့ဂျော်ဒန်နိုင်ငံရှိ ပေတရာအဖြစ် လူသိများသည်။

25:12 the rock. The Hebrew name is Sela, known today as Petra, in the country of Jordan.

 

၂၅:၁၄ သူ၏ဘုရားများအဖြစ် တည်ထောင်ခဲ့သည်။ အောင်မြင်သော ဣသရာအမျိုးသားဘုရင်တစ်ပါးသည် ရှုံးနိမ့်ခဲ့သော နိုင်ငံ၏ ဘုရားများကို ကိုးကွယ်ခြင်းသည် သမ္မာကျမ်းစာတွင် ဤနေရာတွင် ထူးခြားသည်။

25:14 set them up to be his gods. Worship by a victorious Israelite king of the gods of a defeated kingdom is unique in this place in the Bible.

 

၂၅:၁၈ အာရဇ်ပင်။ ဘုရင် ၁၄:၉ မှတ်ချက်ကို ကြည့်ပါ။

25:18 the cedar. See note on 2 Kin. 14:9.

 

၂၅:၁၉ ဧဒုံလူမျိုး။ သေမင်းပင်လယ်အရှေ့တောင်ဘက်တွင် နေထိုင်သော ဧသောမှ ဆင်းသက်လာသူများ။

25:19 the Edomites. The descendants of Esau who lived southeast of the Dead Sea.

 

၂၅:၂၁ ဗက်ရှေမြှေ့။ ဖိလိတ္တိနယ်နှင့် နယ်နိမိတ်တွင်ရှိသော မြို့တစ်မြို့။

25:21 Beth Shemesh. A town located on the border with Philistia.

 

၂၅:၂၃ လေးရာကျူးဘစ်။ အနီးစပ်ဆုံး ၆၀၀ ပေ (၁၈၀ မီတာ)။

25:23 four hundred cubits. About 600 feet (180 m).

 

၂၅:၂၄ ဩဘဒ်ဧဒုံ။ ဗိမာန်တော်၏ သိုလှောင်ရုံကို ယုံကြည်စွဲကိုင်ထားသော လေဝိသားမိသားစုတစ်ခု။

25:24 Obed-Edom. A Levitical family into whose care the temple storehouse was entrusted.

 

၂၅:၂၇ လာခိရှ်။ ယေရုဆလင်မြို့အနောက်တောင်ဘက်တွင် ရှိသော ခံတပ်မြို့တစ်မြို့။

25:27 Lachish. A fortified city southwest of Jerusalem.

 

၂၅:၂၈ ယုဒမြို့။ ဒါဝိဒ်မြို့အတွက် နောက်ပိုင်းအမည်တစ်ခု (၄ ရာ ၁၄:၂၀)။

25:28 the City of Judah. A later name for the City of David (2 Kin. 14:20).



No comments:

Post a Comment