အခန်းကြီး
- ၁၅
ဘုရားသခင်၏ဝိညာဉ်တော်သည်
ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊
2 အာဇရိသည်
အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန်
အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌
နေလျှင်၊ နေစဉ် ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော် မူမည်။
ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။
3 ကြာမြင့်သောကာလပတ်လုံး၊
ဣသရေလ အမျိုး၌ မှန်သော ဘုရားမရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ်မရှိ။
တရားလည်းမရှိဘဲ နေ၍၊
4 ဘေးရောက်သဖြင့်၊
သူတို့သည် ဣသ ရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ
အတွေ့ခံတော်မူ၏။
5 ရှေးကာလ၌
ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည်
အလွန်ဆင်းရဲခြင်းကို ခံရကြ၏။
6 တနိုင်ငံနှင့်တနိုင်ငံ၊
တမြို့နှင့်တမြို့ထကြ၍၊ ဘေး အမျိုးမျိုးအားဖြင့်၊ ဘုရားသခင်ဆုံးမတော်မူ၏။
7 သင်တို့မူကား
အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟာ
မြွတ်ဆို၏။
8 ထိုစကားနှင့်
ပရောဖက်ဩဒက်၏ အနာဂတ္တိ စကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ ရောက်၍၊
ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော
မြို့တို့၌၎င်း၊ စက် ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော်
ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင် လေ၏။
9 ယုဒအမျိုးနှင့်
ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊
ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏
ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသား
အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။
10 အာသမင်းနန်းစံဆယ်ငါနှစ်၊
တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊
11 ဆောင်ခဲ့သော
လက်ရဥစ္စာထဲကနွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
12 ဘိုးဘေးတို့၏
ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊
13 ဣသရေလအမျိုး၏
ဘုရားသခင် ထာဝရဘုရား ကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ် မည်သည်ကား၊
အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊
14 ကြွေးကြော်သံ၊
တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို ၍
ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။
15 ယုဒလူအပေါင်းသည်
ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊
စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကိုရှာသောကြောင့်
အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
16 အာသမင်းကြီး၏
အဘွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊မိဖုရား
အရာကိုနှုတ်၍၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ
မီးရှို့တော်မူ၏။
17 မြင့်သောအရပ်တို့ကို
ဣသရေလပြည်၌ မပယ် ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသ စိတ်နှလုံးသည်
စုံလင်ခြင်းရှိ၏။
18 ခမည်းတော်လှူသောဥစ္စာ၊
ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထား
တော်မူ၏။
19 နောက်တဖန်နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။
အနက်ဖွင့်ချက်။
၁၅:၁ အာဇရိယ။ ဤပရောဖက်၏ အမည်သည် “ထာဝရဘုရားသည် ငါ၏မိတ်ဆွေ” ဟု အဓိပ္ပာယ်ရသည်။ သူသည် သမ္မာကျမ်းစာတွင် ဤကျမ်းပိုဒ်တွင်သာ ဖော်ပြထားသည်။ အခန်းငယ် ၂–၇ သည် ပရောဖက်ပိုဒ်များစွာနှင့် ဆင်တူသည် (ဟော ၃:၄၊ ဇာ ၈:၉–၁၁)။
15:1 Azariah. This
prophet’s name means “the Lord is my helper.” He is mentioned only in this
passage in the Bible. Vv. 2–7 are similar to several prophetic passages (Hos.
3:4; Zech. 8:9–11).
၁၅:၃ သင်ကြားပို့ချသော ယဇ်ပုရောဟိတ်။ သမ္မာကျမ်းစာပါ ယဇ်ပုရောဟိတ်များ၏ အရေးကြီးသော တာဝန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူများထံ သင်ကြားပေးရန်ဖြစ်သည် (ဧဇ ၇:၁၀၊ မာလ ၂:၇)။
15:3 a teaching priest. An
important duty of biblical priests was to teach God’s word to the people (Ezra
7:10; Mal. 2:7).
၁၅:၈ ဩဒက်အမည်ရှိ ပရောဖက်။ အာဇရိယသည် ဩဒက်၏သားဖြစ်ပြီး ၎င်း၏ဖခင်ထံမှ သတင်းစကားကို ပေးပို့သည်။
15:8 Oded the prophet. Azariah
was Oded’s son and he delivers a message from his father.
၁၅:၉ ရှိမောန်။ ဤအနွယ်သည် ယုဒနှင့် ဗင်္ယာမိန်အနွယ်အချို့နှင့်အတူ တောင်ပိုင်းဘုရင်စည်းနယ်ကို ဖွဲ့စည်းသည်။
15:9 Simeon. This
tribe together with Judah and some clans of Benjamin constituted the southern
kingdom.
၁၅:၁၆ မာခါ။ ဘုရင်အာသာ၏ အဖွားဖြစ်သူသည် အဗရှလုံ၏ မြေးဖြစ်သည်။ သူမ၏ ရုပ်တုကိုးကွယ်မှုဖြင့် ယုဒပြည်တွင် ဘာသာရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ရန် ကြိုးစားခဲ့သည်။ အာရှရွာ။ ချစ်ခြင်း၊ စစ်ပွဲနှင့် မွေးဖွားမှုဆိုင်ရာ ကာနာန်နတ်ဘုရားမ။ ကိဒရုန်မြစ်ကြောင်း။ ၎င်းသည် ယေရုဆလင်မြို့နံရံ၏ အရှေ့ဘက်တွင် တည်ရှိသည်။
15:16 Maachah. King
Asa’s grandmother was Absalom’s granddaughter. Through her idolatry she
attempted to counteract the religious reform in Judah. Asherah. A
Canaanite goddess of love, war, and fertility. the Brook Kidron. It
was located just east of Jerusalem’s city wall.
No comments:
Post a Comment