အခန်းကြီး
- ၁၈
ယောရှဖတ်မင်းသည်
ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။
2 နောက်တဖန်ရှမာရိမြို့၊
အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင်အာဟပ်သည်
ယုဒရှင်ဘုရင်ယောရှဖတ်နှင့်၊ သူ၏လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင်၍၊
ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ၊
3 ဂိလဒ်ပြည်ရာမုတ်မြို့သို့
ငါနှင့်အတူ လိုက်မည် လောဟုမေးလျှင်၊ ယောရှုဖတ်က၊ ငါသည် မင်းကြီးကဲ့သို့ ၎င်း၊
ငါသူတို့သည် မင်းကြီး၏လူကဲ့သို့ဖြစ်လျက်၊ မင်းကြီး နှင့်ဝိုင်း၍ စစ်တိုက်မည်ဟု
ပြန်ပြော၏။
4 တဖန်ယောရှဖတ်က၊
ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊
5 ဣသရေလရှင်ဘုရင်သည်
ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည်ရာမုတ်မြို့သို့
စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။
ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက် ကြ၏။
6 ယောရှဖတ်ကလည်း၊
ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံတပါးမျှမရှိသလောဟု မေးသော်၊
7 ဣသရေလရှင်ဘုရင်က၊
ထာဝရဘုရားကို မေးမြန်းရသော သူတယောက်၊ ဣမလသားမိက္ခာ ရှိသေး၏။ သို့ရာတွင်။
ထိုသူကိုငါမုန်း၏။ ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု
ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။
8 ထိုအခါ
ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင် အမြန်ခေါ်ခဲ့ဟု
မိန့်တော်မူ၏။
9 ဣသရေလရှင်ဘုရင်နှင့်
ယုဒရှင်ဘုရင် ယော ရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊
ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင် တို့အပေါ်မှာ ထိုင်၍၊ ပရောဖက်အပေါင်းတို့သည်
ရှေ့တော်၌ ဟောပြောကြ၏။
10 ခေနာနာသားဇေဒကိသည်
သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော် သည် ရှုရိပြည်ကို
မဖျက်ဆီးမှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို
ဆင့်ဆို၏။
11 ပရောဖက်အပေါင်းတို့ကလည်း၊
ဂိလဒ်ပြည် ရာမုတ်မြို့သို့စစ်ချီ၍ အောင်တော်မူပါ၊ ထာဝရ ဘုရားသည်
အရှင်မင်းကြီး၏လက်တော်သို့ အပ်တော် မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
12 မိက္ခာကိုခေါ်သောတမန်က၊
ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။
ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊
13 မိက္ခာက၊
ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ ငါ၏ဘုရားသခင်မိန့်တော်မူသော စကားကိုသာ
ငါပြန်ပြောရမည်ဟုဆို၏။
14 ရှင်ဘုရင်ထံသို့ရောက်သောအခါ၊
ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။
မချီဘဲနေ ကောင်းသလောဟုမေးလျှင်၊ မိက္ခာကစစ်ချီ၍ အောင်တော်မူပါ။ ရန်သူတို့ကို
လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။
15 ရှင်ဘုရင်ကလည်း၊
မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည်
ငါ့အားမဟောမည်အကြောင်း၊ ငါသည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု
မေးသော်၊
16 မိက္ခာက၊
ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ
အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည်
အရှင်မရှိသော ကြောင့်၊ အသီးသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို
လျှောက်ဆို၏။
17 ဣသရေလရှင်ဘုရင်ကလည်း၊
သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟုမင်းကြီးအား
ငါမပြောသလောဟု ယောရှဖတ်အားဆို၏။
18 မိက္ခာကလည်း၊
သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ
ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲ
တော်ဘက်၌ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။
19 ထာဝရဘုရားကလည်း၊
အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ဆုံးစေခြင်းငှါ၊ အဘယ်သူ
သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ
ပြန်လျှောက်ကြ၏။
20 တဖန်ဝိညာဉ်တပါးသည်လာ၍
ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်လျှင်၊
21 ထာဝရဘုရားက၊
အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး
၏ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသားစကားကို ပြော တတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု
ပြန်လျှောက်သော် သင်သည်သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု
မိန့်တော်မူ၏။
22 သို့ဖြစ်၍
ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက် အပေါင်းတို့၌
သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။
23 ထိုအခါ
ခေနာနာသားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကို ပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော် သည်
သင်နှင့်နှုတ်ဆက်ခြင်းငှါ၊ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူသနည်းဟု မေးလျှင်၊
24 မိက္ခာက၊
သင်သည်ပုန်းရှောင်၍နေခြင်းငှါ၊ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု
ဆို၏။
25 ဣသရေလရှင်ဘုရင်က၊
မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊
26 ဤသူကို
ထောင်ထဲမှာလှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမှီတိုင်အောင်၊ ဆင်းရဲစွာ
စားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ ဟု စီရင်၏။
27 မိက္ခာကလည်း၊
မင်းကြီးသည် ငြိမ်စပ်စွာ ပြန်လာရလျှင်၊ ထာဝရဘုရားသည် ငါ့အားဖြင့်မိန့်တော် မမူ၊
အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟုဆို၏။
28 ထိုသို့
ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့
စစ်ချီကြ၏။
29 ဣသရေလရှင်ဘုရင်က၊
ငါသည် ခြားနားသော အယောင်ကို ဆောင်၍စစ်ပွဲထဲသို့ ဝင်မည်။ မင်းကြီးမူ ကား၊
မင်မြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှ ဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည်
ခြားနား သော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။
30 ရှုရိရှင်ဘုရင်က၊
ဣသရေလရှင်ဘုရင်မှတပါး၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး
သူရဲအုပ်ဗိုလ်မင်းတို့ကိုမှာထားနှင့်သောကြောင့်၊
31 ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည်
ယောရှဖတ် ကိုမြင်သောအခါ၊ ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟုဆိုလျက်၊ သူ့ကို
တိုက်အံ့သောငှါ ဝိုင်းလာ ကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။ ထာဝရ ဘုရားလည်းမစ၍
သူတို့ကိုလွှဲသွားစေခြင်းငှါ၊ ဘုရား သခင်သွေးဆောင်တော်မူ၏။
32 ဣသရေလရှင်ဘုရင်မဟုတ်ကြောင်းကို၊
ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။
33 လူတယောက်သည်
မရွယ်ဘဲလေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို၊ သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊
ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင် လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို၏။
34 ထိုနေ့၌တိုး၍တိုက်ကြ၏။
ဣသရေလရှင်ဘုရင် သည် ညဦးယံတိုင်အောင်၊ ရှုရိလူတဘက်တချက်၌ ရထားတော်ထဲမှာ
လူကိုမှီ၍ထိုင်နေ၏။ နေဝင်ချိန်နီး သောအခါ အသက်တော်ကုန်၏။
အနက်ဖွင့်ချက်။
၁၈:၁–၃၄ မိက္ခာယပုရောဖက်၏ အာဟပ်သေဆုံးမှုမတိုင်မီ ပရောဖက်ပြုချက်အကြောင်းကို ၁ရာ ၂၂ တွင်လည်း အသေးစိတ်ဖော်ပြထားသည်။
18:1–34 The story of
Micaiah’s prophecy before Ahab’s death is also reported in detail in 1 Kin. 22.
၁၈:၁ အာဟပ်။ သူ၏ နိုင်ငံခြားဇနီး ယေဇဗေလသည် ဣသရေးတွင် ဘာလဝတ်ပြုခြင်းကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းခဲ့သော ဘုရင်တစ်ပါး။
18:1 Ahab. A king whose foreign
wife Jezebel tried to legitimize the worship of Baal in Israel.
၁၈:၂ ရှမာရိ။ အာဟပ်၏ဖခင် ဩမြီမှ တည်ထောင်ခဲ့သော မြောက်ပိုင်းနိုင်ငံ၏ မြို့တော်။ သူ့ကိုဆွဲဆောင်ခဲ့သည်။ ဟေဗြဲစကားတွင် “မကောင်းမှုသို့ လှုံ့ဆော်ခဲ့သည်” ဟု ဆိုသည် (၁ရာ ၂၁:၁ တွင် “လှုံ့ဆော်ခဲ့သည်” ဟု ဘာသာပြန်ထားသော ဝေါဟာရတူသည်)။ ရာမုတ်ဂိလဒ်။ ယော်ဒန်မြစ်အရှေ့ဘက်တွင် တည်ရှိသော လေဝိမြို့တစ်မြို့။ ၎င်းသည် ခိုလှုံမြို့တစ်မြို့ဖြစ်ပြီး ရှောလမုန်၏ အုပ်စိုးမှုအတွင်း အရေးပါသော အုပ်ချုပ်ရေးဗဟိုဌာနလည်းဖြစ်သည် (၁ရာ ၄:၁၃)။
18:2 Samaria. The
capital city of the northern kingdom founded by Ahab’s father Omri. persuaded
him. The Hebrew says “incited him to evil” (the same verb is
translated “moved” in 1 Chr. 21:1). Ramoth Gilead. A
Levitical city located east of the Jordan. It was also a city of refuge and an
important administrative center during Solomon’s reign (1 Kin. 4:13).
၁၈:၃ ငါသည် သင်ကဲ့သို့ဖြစ်သည်။ တန်းတူအုပ်စိုးသူ နှစ်ဦးကြား စာချုပ်ချုပ်ဆိုရာတွင် သုံးသော ပုံသေစကားတစ်ခု။ ဘုရင်နှစ်ပါးသည် ၎င်းတို့၏သားသမီးများ လက်ထပ်ခြင်းဖြင့် ဆက်စပ်ခဲ့ကြသည် (၁၈:၁)။
18:3 I am as you are. A
formula used in making a treaty between two equal rulers. The two kings were
linked through the marriage of their children (v. 1).
၁၈:၄ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မေးမြန်းပါ။ ဒါဝိဒ်ကဲ့သို့ ဣသရေး၏ ဖြောင့်မတ်သောဘုရင်များ၏ စစ်မဖြစ်မီ ပုံမှန်ပြုလုပ်သော အလေ့အကျင့်တစ်ခု (၁ရာ ၁၀:၁၄)။
18:4 inquire for the word of the Lord. A
regular practice of the righteous kings of Israel such as David before going to
war (1 Chr. 10:14).
၁၈:၅ လူလေးရာဦး။ ၁ရာ ၂၂:၆ ရှိ မှတ်ချက်ကို ကြည့်ပါ။
18:5 four hundred men. See
note on 1 Kin. 22:6.
၁၈:၇ သူသည် ကောင်းသောအရာကို ဘယ်သောအခါမျှ ပရောဖက်ပြုမထားခဲ့။ သူသည် အမြတ်အတွက် အလုပ်လုပ်သော ပရောဖက်မဟုတ်။ မိက္ခာယ။ ဤအမည်သည် “ထာဝရဘုရားကဲ့သို့ မည်သူရှိသနည်း” ဟု အဓိပ္ပာယ်ရပြီး ဘုရားသခင်၏ ထူးခြားသော ကြီးမြတ်မှုကို သက်သေပြသည်။
18:7 he never prophesies good. He
is not a prophet who works for profit. Micaiah. The name
means “who is like the Lord” and it testifies to God’s unparalleled greatness.
၁၈:၉ ထီးနန်း။ ရှေးခေတ်တွင် ထီးနန်းများသည် သယ်ယူပို့ဆောင်နိုင်သည်။ စပါးနယ်ကွင်း။ ရပ်ရွာဖြစ်ရပ်များအတွက် အရေးပါသော စုဝေးရာနေရာ။ မြို့တံခါး။ ၁ရာ ၂၂:၁၀ ရှိ မှတ်ချက်ကို ကြည့်ပါ။
18:9 throne. Thrones
were portable in ancient times. a threshing floor. An
important gathering place for community events. the gate. See
note on 1 Kin. 22:10.
၁၈:၁၀ သံချို့များ။ ၎င်းတို့နှစ်ခုစလုံးသည် အာဏာ၏သင်္ကေတများဖြစ်သည်။
18:10 horns of iron. Both
are symbols of power.
၁၈:၁၃ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း။ ကျိန်ဆိုရာတွင် အသုံးပြုသောပုံသေစကားတစ်ခု။
18:13 As the Lord lives. A
formula used in making oaths.
၁၈:၁၆ သိုးထိန်းမရှိသောသိုးများ။ “ခေါင်းဆောင်မရှိသောလူများ” ဟူသော နှိုင်းယှဉ်ပုံစံဖြင့် ဖော်ပြခြင်း (မ ၉:၃၆ ကိုကြည့်ပါ)။
18:16 sheep that have no shepherd. A
figurative way of saying “people without a leader” (see Matt. 9:36).
၁၈:၂၇ “လူအပေါင်းတို့၊ သတိထားကြလော့!” မူရင်းဟေဗြဲစကားလုံးများသည် မိက္ခာ ၁:၂ ၌လည်း တွေ့ရသည်။
18:27 “Take heed, all you people!” The
original Hebrew words are also found in Mic. 1:2.
၁၈:၃၁ အော်ဟစ်ခဲ့သည်။ ယေဟောရှာဖတ်၏အော်ဟစ်ခြင်းသည် ဆုတောင်းခြင်း၏အော်ဟစ်သံဖြစ်ပြီး၊ ထာဝရဘုရားက ဖြေကြားတော်မူသည်။ ဤဖြစ်ရပ်သည် ဆိုးလ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်၊ သူသည် အလားတူအန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ မိမိကိုယ်ကိုသတ်သေရန် ဆုံးဖြတ်ခဲ့သည်။
18:31 cried out. Jehoshaphat’s
call is a shout of prayer, and the Lord answers it. This event contrasts with
Saul who, when faced with a similar threat, decided to commit suicide.
၁၈:၃၃ ကျပန်း။ ဤအသေးစိတ်အချက်သည် အဟပ်၏သေဆုံးမှုတွင် ဘုရားသခင်၏ကြီးစွသောကရုဏာတော်၏အခန်းကဏ္ဍကို ပြသသည်။
18:33 at random. This
detail shows the role of divine Providence in Ahab’s death.
No comments:
Post a Comment