အခန်းကြီး - ၆၆
1ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။
2 ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲ ခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။
3 တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။
4 ငါသည်လည်း၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
5 ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့၊ စကားတော်ကို နားထောင် ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။
6 မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏စကားသံ ပေတည်း။
7 ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား၏။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင်၏။
8 ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဘွားမြင်ပါသည် တကား။
9 သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ၏။ ငါသည် ပဋိသန္ဓေပေးပြီးမှ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင်မေးတော် မူ၏။
10 ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။
11 သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။
12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
13 အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်။
14 ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့အား၎င်း ထင်ရှားလိမ့်မည်။
15 ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို၎င်း၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို၎င်း ထင်ရှားစွာ ပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး၍၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည်။
16 ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည်။
17 တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက် သား၊ ရွံရှာဘွယ်သောအရာကို စားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့် ကို၎င်း အကြံအစည်တို့ကို၎င်း ငါသိ၏။
18 အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။
19 ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ် သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါး အမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
20 ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
21 ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
22 ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23 လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
24 ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည်မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
အနက်ဖွင့်ချက်။
၆၆:၂ ငါ၏နှုတ်ကပတ်ကို ရိုသေစွာနားထောင်သူ။ ဘုရားသခင်၏နှုတ်ကပတ်ကို ရိုသေလေးစားသောသဘောထားနှင့် သင်ယူနိုင်သူအဖြစ် နားထောင်ခြင်း (၅၀:၄) သည် သမ္မာကျမ်းကို မှန်ကန်စွာနားလည်ရန် မရှိမဖြစ်လိုအပ်သည်။ ခရစ်ယာန်ဘဝတွင် သမ္မာကျမ်း၏အခန်းကဏ္ဍအကြောင်း ထပ်မံသိရှိရန် ၂ တိမောသေ ၃:၁၅–၁၇ ကိုကြည့်ပါ။
66:2 trembles at My word. An attitude of reverence toward
God’s word and listening as one who can be taught (50:4) is essential to
understanding Scripture correctly. For more on the role of the BIBLE in the
Christian life, see 2 Tim. 3:15–17.
၆၆:၂၀ သင်တို့၏ညီအစ်ကိုများကို ယူဆောင်လာပါ။ တစ်ပါးအမျိုးသားများသည် ဖြောင့်မတ်သောအကြွင်းအကျန်ကို ပြန်လည်ထူထောင်ထားသော ယေရုဆလင်မြို့သို့ ပြန်လည်ယူဆောင်လာရာတွင် ကူညီပေးပုံရသည်။
66:20 bring all your brethren. Gentiles appear to assist in
helping to bring the righteous remnant back to a restored Jerusalem.
၆၆:၂၃ ဥပုသ်နေ့။ သမိုင်းကာလတစ်လျှောက် ဥပုသ်နေ့၏ အရေးပါမှုကို ကြည့်ရန် ကမ္ဘာဦး ၂:၁–၃၊ ထွက်မြောက်ရာ ၁၆:၂၂–၃၀၊ ၂၀:၈–၁၁၊ လုကာ ၄:၁၆၊ တမန်တော် ၁၃:၄၂၊ ၁၇:၂၊ ဗျာဒိတ် ၁၄:၇၊ ၁၂ ကိုကြည့်ပါ။ ဥပုသ်နေ့သည် ပဋိညာဉ်သစ်ခေတ်နှင့် ပြန်လည်ထူထောင်ထားသော ယေရုဆလင်မြို့တွင် အရေးပါမည်ဖြစ်သည်။ ဟေရှာယတွင် မြေကြီးသစ်ဆိုင်ရာ အခြားထိုးထွင်းသိမြင်မှုများအတွက် ၁၁:၆–၉၊ ၃၅:၄–၁၀၊ ၆၅:၁၇၊ ၂၁–၂၅ ကိုကြည့်ပါ။
66:23 Sabbath. For the significance of the SABBATH across
historical time, see Gen. 2:1–3; Ex. 16:22–30; 20:8–11; Luke 4:16; Acts 13:42;
17:2; Rev. 14:7, 12. The SABBATH will be important in the new covenant era and
the restored Jerusalem. For other NEW EARTH insights in Isaiah, see 11:6–9;
35:4–10; 65:17, 21–25.
၆၆:၂၄ ဤနေရာတွင်အသုံးပြုထားသော ဘာသာစကားသည် ဟေဇကိယမင်း၏လက်ထက်တွင် အာရှုရိစစ်တပ်အပေါ် တရားစီရင်ခြင်း၏ သမိုင်းဝင်ဖြစ်ရပ်နှင့် ဆက်စပ်သည် (၃၇:၂၁–၃၆၊ ၂ ရာ ၁၈:၁၇–၁၉:၃၆ ကိုလည်းကြည့်ပါ)။ ပရောဖက်က အလေးပေးဖော်ပြသောသတင်းစကားမှာ အာရှုရိလူမျိုးများအပေါ်ဖြစ်ပွားခဲ့သည့်အရာသည် နောက်ဆုံးကာလတွင် ဘုရားသခင်၏ရန်သူများအပေါ် ပိုမိုကြီးမားသောအတိုင်းအတာဖြင့် ဖြစ်ပေါ်မည်ဖြစ်သည်။ ဖြောင့်မတ်သူများသည် ထိုဖြစ်ရပ်ကို သက်သေခံပြီး သေလွန်သူများ၏အလောင်းများကို ကြည့်ရှုသည်။ ပိုးနှင့်မီးတို့၏ နှိုင်းယှဉ်ချက်များသည် ထာဝရသတိရှိသောညှဉ်းပန်းနှိပ်စက်မှုကို “ငရဲ” တွင် မဟုတ်ဘဲ၊ ဖျက်ဆီးခြင်း၏ ပြည့်စုံမှုနှင့် သင်္ချိုင်းမဖြစ်ခြင်း၏ အရှက်ရမှုကို အလေးပေးသည်။
66:24 The language used here is related to the historical event of the
judgment of the Assyrian army during the reign of Hezekiah (37:21–36; see also
2 Kin. 18:17–19:36). The message the prophet emphasizes is that what happened
to the Assyrians will occur on a larger scale to God’s enemies at the end time.
The righteous witness the event and look at the dead bodies. The metaphors of
worm and fire emphasize not eternal conscious torment in a “hell” but the
completeness of the destruction and the disgrace of no burial.
No comments:
Post a Comment