အခန်းကြီး - ၂၈
1လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
2 ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဥာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ်၏။
3 ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
4 တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
5 အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
6 မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ၍မြတ်၏။
7 တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
8 အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
9 တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
10 ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
11 ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။
12 ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။
13 မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
14 အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
15 ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။
16 ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။
17 လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
18 ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။
19 လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
20 သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
21 လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။
22 ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
23 ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
24 အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။
25 စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
26 မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
27 ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
28 မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။
အနက်ဖွင့်ချက်။
၂၈:၂ အပြစ်ကျူးလွန်ခြင်း။ သို့မဟုတ် ပုန်ကန်ခြင်း။ မင်းညီမင်းသား။ ပုန်ကန်သူခေါင်းဆောင်များ။
28:2 transgression. Or rebellion. princes. Rebel
leaders.
၂၈:၃ မိုးသည်းထန်စွာရွာခြင်း။ မိုးသက်မုန်တိုင်း။
28:3 driving rain. Rainstorm.
၂၈:၉ စက်ဆုပ်ရွံရှာဖွယ်။ ၃:၃၂ မှတ်ချက်ကိုကြည့်ပါ။
28:9 abomination. See note on 3:32.
၂၈:၁၀ သူ၏ကိုယ်ပိုင်တွင်း။ သူကိုယ်တိုင်ထောင်ထားသော ထောင်ချောက်။
28:10 his own pit. A trap that he himself sets.
၂၈:၁၁ ငွေကြေးသည် ဉာဏ်ရည်ကို လှည့်ဖြားနိုင်မည်မဟုတ်။
28:11 Money cannot fool intelligence.
၂၈:၁၃ မအောင်မြင်ရ။ မအောင်မြင်ပါ။ ဤသည်မှာ ချို့တဲ့စွာဖော်ပြခြင်းဖြစ်သည်။
28:13 not prosper. Not succeed. This is an
understatement.
၂၈:၁၇ ကိုယ်ခံစိတ်သည် အပြစ်ရှိသူကို ဖျက်ဆီးသည်။
28:17 Conscience destroys the guilty.
၂၈:၁၈ အပြစ်ကင်းစင်စွာ။ “ဖြောင့်မတ်စွာ”။ ၂:၇ မှတ်ချက်ကိုကြည့်ပါ။
28:18 blamelessly. “Uprightly.” See note on 2:7.
၂၈:၂၁ မုန့်တစ်ဖဲ့အတွက်။ အနည်းငယ်မျှသာ သို့မဟုတ် မရှိသလောက်အတွက်။
28:21 for a piece of bread. For very little, or almost
nothing.
၂၈:၂၂ မကောင်းသောမျက်လုံး။ “ဖောတိတိသူ” ဟုဘာသာပြန်သောဝေါဟာရ။ ၂၃:၆ ကိုလည်းကြည့်ပါ။
28:22 evil eye. Term translated “miser”; see also
23:6.
၂၈:၂၄ အဖော်။ တူညီသောစရိုက်ရှိသူတစ်ဦး။
28:24 companion. Someone of similar character.
၂၈:၂၅ မာနထောင်လွှားသူ။ သို့မဟုတ် “လောဘကြီးသူ”။ သာယာဝပြောလိမ့်မည်။ ဘုရားသခင်က သူ့ကို ကြွယ်ဝစေမည်ဟု ဘုရားသခင်၏ လုပ်ဆောင်မှုကို ဆိုလိုသည်။
28:25 proud. Or “greedy.” be prospered. Divine
passive saying: God will enrich him.
၂၈:၂၆ လွတ်မြောက်လိမ့်မည်။ ဒုက္ခအားလုံးမှ။
28:26 be delivered. From all harm.
၂၈:၂၇ မချို့တဲ့ရ။ ၁၁:၂၅ ကိုကြည့်ပါ။ မျက်လုံးဖုံးကွယ်သည်။ ဆင်းရဲဒုက္ခကို အသိအမှတ်မပြုရန် ငြင်းဆိုသည်။ ကျိန်ဆဲမှုများစွာ။ ဘုရားသခင်ထံမှ သို့မဟုတ် ဆင်းရဲသားများထံမှ။
28:27 not lack. See 11:25. hides his eyes. Refuses
to acknowledge suffering. many curses. From God or the
poor.
၂၈:၂၈ မိမိကိုယ်ကို ဖုံးကွယ်သည်။ အခန်းငယ် ၁၂ ကိုကြည့်ပါ။
28:28 hide themselves. See v. 12.
No comments:
Post a Comment