အခန်းကြီး - ၂၃
1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
2 ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
3 တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့် မည်။
4 သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိ ရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်။
6 ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
7 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
8 ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြ လိမ့်မည်။
9 ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော် ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။
10 အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။
11 ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
12 ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13 ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။
14 ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
15 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။
16 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
17 ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
18 ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ် သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။
19 ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။
20 ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
21 ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
22 ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသော လမ်းမှ၎င်း၊ မကောင်း သောအကျင့်ဓလေ့ မှ၎င်း လွဲသွားစေကြပြီ။
23 ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
24 ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။
25 ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။
26 ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။
27 ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။
28 အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
29 ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏။
30 သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
31 မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
32 မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
33 ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
34 ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား ကို၎င်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေးမည်။
35 သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ၍၎င်း၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ၍၎င်း၊ အိမ်နီးချင်း၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည်။
36 ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တဖန် မဆိုရ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ။
37 ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့။
38 သင်တို့က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း၊ ငါ ပညတ်သော်လည်း၊ သင်တို့သည် ထာဝရ ဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့်၊
39 ငါသည် သင်တို့ကို၎င်း၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို၎င်း၊ ငါ့ထံမှ အကုန်အစင် ကျုံး၍ ပစ်လိုက်မည်။
40 အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည်။
အနက်ဖွင့်ချက်။
၂၃:၁–၂ - သိုးထိန်းများ။ ခေါင်းဆောင်များ၊ အထူးသဖြင့် ဘုရင်များကို ယုဒပြည်၊ သူတို့၏ သိုးအုပ်ကို ဂရုမစိုက်သည့်အတွက် ဆုံးမသည်။ သင်တို့သည် ပြန့်ကျဲစေခဲ့သည်။ ယေရမိ၏ ဓမ္မအမှုထမ်းခြင်း ပြီးဆုံးချိန်တွင် ယုဒလူအများစုသည် ပြည်နှင်ဒဏ်ခံရသည်။
23:1–2 shepherds. Leaders, kings in particular,
are chastised for their failure to care for Judah, their flock. You
have scattered. By the end of Jeremiah’s ministry most Judeans
lived in exile.
၂၃:၃ - ငါစုရုံးမည်။ ဘုရားသခင်သည် သူ၏လူများကို ပြန်လည်ထူထောင်ရန် တာဝန်ယူမည်။ အကြွင်းအကျန်။ နေဘုခက်ဇား၏ တိုက်ခိုက်မှုမှ လူမျိုးတစ်စိတ်တစ်ပိုင်းသာ အသက်ရှင်ကျန်ရစ်သည်။ ယုဒပြည်သို့ ပြန်လာသူမှာ ပိုနည်းသည်။ အကျိုးဖြစ်ထွန်းပြီး တိုးပွါးလိမ့်မည်။ ပဋိညာဉ်ကတိများကို ပြန်လည်အသက်ဝင်စေသည်။
23:3 I will gather. God will take charge of
restoring His people. remnant. Only a portion of the
nation survived Nebuchadnezzar’s attacks. Even fewer returned to Judah. fruitful
and increase. The covenant promises are reactivated.
၂၃:၄ - ဘုရားသခင်သည် သစ္စာရှိသော ခေါင်းဆောင်သစ်များကို ခန့်အပ်မည်။
23:4 God will appoint new faithful leaders.
၂၃:၅ - နေ့ရက်များ ရောက်လာလိမ့်မည်။ ယေရုဆလင်တွင် စံပြဘုရင်တစ်ပါး အုပ်စိုးမည့် သတ်မှတ်မထားသော အနာဂတ်အချိန်။ ငါသည် ဒါဝိဒ်ထံသို့ ထူထောင်မည်။ ဒါဝိဒ်၏ မင်းဆက်သည် တစ်နေ့တွင် ထိုမင်းဆက်မှ ဆင်းသက်လာမည့် မေရှိယမ်း၏ ကတိကို ဆောင်ထားသည်။ ဖြောင့်မတ်သောအညွန့်။ သို့မဟုတ် “ဖြောင့်မတ်သောအညွန့်”။ စာသားအရ “အညွန့်” (ဟေ ၁၁:၁ ကိုကြည့်ပါ)။ ဒါဝိဒ်၏ မိသားစုသစ်ပင်သည် သေပြီဟု ထင်ရသော်လည်း အသက်သစ်ပြန်လည်ပေါက်ဖွားလာမည်။ ဘုရင်သည် အုပ်စိုးပြီး တရားစီရင်မည်။ ကတိထားရာ ဘုရင်သည် မေရှိယမ်းမှလွဲ၍ အခြားမဟုတ်၊ သူ၏အုပ်ချုပ်မှုသည် ရှေးဟောင်းသြဝါဒခေတ်တွင် ကမ္ဘာပေါ်တွင် မျှော်လင့်ခဲ့ပြီး သူ၏အစိုးရသည် ယုဒဘုရင်များ မအောင်မြင်ခဲ့သည့်နေရာတွင် အောင်မြင်မည်။
23:5 days are coming. Unspecific future time when an
ideal king will reign in Jerusalem. I will raise to David. The
Davidic dynasty harbored the promise of the Messiah who would one day descend
from it. Branch of righteousness. Or “righteous
Branch.” Literally, “shoot” (see Is. 11:1). David’s family tree appears dead
but will yet sprout new life. King shall reign … execute judgment. The
promised king is none other than the Messiah, whose rule in OT times was
expected on earth and whose government would succeed where Judah’s kings had
failed.
၂၃:၆ - သူ၏ခေတ်တွင်။ ခေတ်သစ်တစ်ခု ပေါ်ထွက်လာလိမ့်မည်။ ယုဒသည် ကယ်တင်ခံရလိမ့်မည် … ဣသရေလသည် လုံခြုံစွာ နေထိုင်လိမ့်မည်။ ဘေဘီလုံနှင့် အာရှုရိမှ ပြန်လည်ထူထောင်ပြီး ရွေးချယ်ခံရသော လူမျိုးသည် ပါလက်စတိုင်းတွင် ပြန်လည်ပေါင်းစည်းလိမ့်မည် (ယေဇကျေလ ၃၇:၁၅–၂၂ ကိုကြည့်ပါ)။ စာသားအရ ဘယ်သောအခါမျှ မပြည့်စုံခဲ့ဘဲ၊ ဤပရောဖက်ပြုချက်သည် ယခုအခါ အချိန်ကုန်ဆုံးချိန်တွင် ဝိညာဉ်ရေးရာ ဣသရေလထံသို့ သက်ရောက်သည်။ ထာဝရဘုရား ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း။ မေရှိယမ်း၏ ဘွဲ့အမည်တစ်ခု၊ ဘုရားသခင်၏ အုပ်ချုပ်မှု၏ သဘောသဘာဝကို မီးမောင်းထိုးပြသည်။
23:6 In His days. A new era will dawn. Judah
will be saved … Israel will dwell safely. Restored from Babylon
and Assyria, the chosen nation will be reunited in Palestine (see Ezek.
37:15–22). Never literally fulfilled, this prophecy now applies to the
spiritual Israel at the end of time. THE LORD OUR RIGHTEOUSNESS. A
messianic title, underlining the nature of God’s rule.
၂၃:၇–၈ - ၁၆:၁၄–၁၅ ကိုကြည့်ပါ။ အီဂျစ်မှ ထွက်ခွာခြင်းကိုပင် ဂုဏ်သိက္ခာဖြင့် ကျော်လွန်သော ထွက်ခွာခြင်းသစ်တစ်ခု ကတိပြုထားသည်။
23:7–8 See 16:14–15. A new exodus is promised, surpassing even the exodus
from Egypt in glory.
၂၃:၉–၁၀ - နှလုံး … ကျိုးပဲ့သည် … အရိုးများ တုန်လှုပ်သည်။ ဘုရားသခင်၏ မျှော်လင့်ချက်များသည် လူမျိုး၏အပြစ်နှင့် သိသာစွာ ဆန့်ကျင်နေသဖြင့် ယေရမိသည် ကြီးစွာသော ဝေဒနာကို ခံစားရသည်။ အိမ်ထောင်ဖောက်ဖျက်သူများ။ ၃:၁–၂ ကိုကြည့်ပါ။
23:9–10 heart … is broken … bones shake. Jeremiah feels great pain as
God’s expectations stand in stark contrast with the nation’s sin. adulterers. See
3:1–2.
၂၃:၁၁ - ပရောဖက်နှင့် ယဇ်ပုရောဟိတ်။ ဝိညာဉ်ရေးရာ ခေါင်းဆောင်များ (၂:၈၊ ၂၆ ကိုကြည့်ပါ)။ မတရားသဖြင့်။ ဘုရားမသိသူများ။ ငါ၏အိမ်ထဲတွင်။ ဗိမာန်တော်။ ဆိုးယုတ်မှု။ ဗိမာန်တော်အတွင်း၌ ရုပ်တုကိုးကွယ်မှု ထွန်းကားခဲ့သည် (၇:၃၀ ကိုကြည့်ပါ)။
23:11 prophet and priest. Spiritual leaders (see 2:8,
26). profane. Ungodly. in My house. The
temple. wickedness. Idolatry flourished in the temple
itself (see 7:30).
၂၃:၁၂ - ချောမွေ့သောလမ်းများ။ ဘုရားစကားဖောက်ပြန်မှုသည် ဖျက်ဆီးခြင်းသို့ ဦးတည်သည်။
23:12 slippery ways. Apostasy invariably leads to
destruction.
၂၃:၁၃ - ရှမရိမြို့၏ ပရောဖက်များ။ ဘုရားသခင်ထက် ဘုရင်ကို အမှုထမ်းသော နန်းတွင်းပရောဖက်များသည် လူမျိုး၏ ပျက်စီးခြင်းကို ကူညီခဲ့သည် (၂၇:၁၅ ကိုကြည့်ပါ)။ ရုပ်တုကိုးကွယ်မှုသည် မြောက်ပိုင်းနိုင်ငံတွင် ဦးစွာအမြစ်တွယ်ခဲ့သည်။ ဗာလ။ ၂:၈ ကိုကြည့်ပါ။ ငါ၏လူများ။ ၄:၂၂ ကိုကြည့်ပါ။
23:13 prophets of Samaria. Court prophets, serving the king
rather than God, aided the nation’s ruin (see 27:15). Idolatry took root in the
northern kingdom first. Baal. See 2:8. My
people. See 4:22.
၂၃:၁၄ - ဆိုးရွားသောအရာ။ ရုပ်တုကိုးကွယ်မှု၊ မတရားမှု။ ယေရုဆလင်၏ ပရောဖက်များ။ မဟုတ်မမှန်သော နန်းတွင်းပရောဖက်များ။ လက်များကို သန်မာစေသည်။ ဆိုးယုတ်သူများကို ဆုံးမခြင်းအစား အားပေးသည်။ ဆိုဒုံ … ဂေါမောရ။ ဆိုးယုတ်မှုနှင့် လျင်မြန်သောတရားစီရင်ခြင်းအတွက် သင်္ကေတတစ်ခု (ထွင်းရာ ၁၉:၆၊ ၂၈–၂၉ ကိုကြည့်ပါ)။
23:14 horrible thing. Idolatry, injustice. prophets
of Jerusalem. False court prophets. strengthen the
hands. Encourage the evildoers, instead of rebuking them. Sodom
… Gomorrah. A byword for wickedness and swift judgment (see Gen.
19:6, 28–29).
၂၃:၁၅ - မုန်ညင်းနှင့် သည်းခံရည်။ ၉:၁၅ ကိုကြည့်ပါ။ မဟုတ်မမှန်သော ပရောဖက်များသည် ဘုရားသခင်၏ အပြစ်ဒဏ်၏ ခါးသီးမှုကို မြည်းစမ်းရလိမ့်မည်။
23:15 wormwood … gall. See 9:15. False prophets will
taste the bitterness of God’s punishment.
၂၃:၁၆ - မိမိစိတ်နှလုံးမှ ရူပါရုံ။ ဘုရားသခင်ထံမှမဟုတ်။
23:16 vision … own heart. Not from God.
၂၃:၁၇ - “သင်တို့သည် ငြိမ်သက်ခြင်းရလိမ့်မည်”။ ယေရမိသည် ဘေဘီလုံတိုက်ခိုက်မှုကို ကြိုမြင်ခဲ့စဉ်၊ မဟုတ်မမှန်သော ပရောဖက်များ၏ အကောင်းမြင်သည့် သတင်းစကား (၄:၁၀၊ ၈:၁၁ ကိုကြည့်ပါ)။
23:17 “You shall have peace.” The false prophets’ optimistic message, when
Jeremiah foresaw the Babylonian invasion (see 4:10; 8:11).
၂၃:၁၈ - အကြံအ ထဲတွင် ရပ်တည်ခဲ့သည်။ ဘုရားသခင်၏ ပရောဖက်များသည် သူနှင့် ရင်းနှီးသော ဆက်သွယ်မှု၏ အခွင့်ထူးကို ရရှိခဲ့သည် (က ၁၈:၂၂–၃၃၊ အာ ၃:၇ ကိုကြည့်ပါ)။
23:18 stood in the counsel. God’s prophets had the
privilege of intimate communication with Him (see Gen. 18:22–33; Amos 3:7).
၂၃:၁၉ - ပြင်းထန်သော လေဆင်နှာမောင်း။ ဘုရားသခင်၏ လျင်မြန်သော အပြစ်ဒဏ် (၃၀:၂၃–၂၄ ကိုကြည့်ပါ)။
23:19 violent whirlwind. God’s swift punishment
(see 30:23–24).
၂၃:၂၀ - သင်တို့သည် နားလည်လိမ့်မည်။ အပြစ်ဒဏ်သည် လူများအား အပြစ်သည် သေခြင်းသို့ ဦးတည်ပုံကို နားလည်စေရန်နှင့် နောင်တရခြင်းဖြင့် ဘုရားသခင်ကို ရှာဖွေရန် ရည်ရွယ်သည်။
23:20 you will understand. Punishment was meant to make
people understand how sin leads to death, and to seek God in repentance.
၂၃:၂၂ ငါ့အကြံအစည်။ အခန်းကြီး ၁၈ ကိုကြည့်ပါ။ လှည့်ပြန်လာလိမ့်မည်။ ပရောဖက်များသည် အကျိုးကို သော်လည်းကောင်း၊ နိုင်ငံ၏ဆုံးရှုံးမှုအတွက်သော်လည်းကောင်း ကြီးမားသောသြဇာလွှမ်းမိုးမှုရှိသည်။
23:22 My counsel. See v. 18. would
have turned. Prophets had enormous influence either for good or
for the nation’s detriment.
၂၃:၂၃-၂၄ ဘုရားသခင်သည် အရာအားလုံးကိုမြင်တော်မူသည်။ ပုန်းအောင်းရန်မဖြစ်နိုင် (ဆာ ၁၃၉:၇-၁၂ ကိုကြည့်ပါ)။
23:23–24 God sees everything; hiding is futile (see Ps. 139:7–12).
၂၃:၂၅ ငါ့နာမတော်ဖြင့် လိမ်ညာခြင်း။ အခန်းကြီး ၂:၅၊ ၂၈:၂ ကိုကြည့်ပါ။ ဘုရားသခင်၏အမိန့်မပါဘဲဟောပြောပြီး နိုင်ငံကိုလမ်းမှားလွှဲစေသော ပရောဖက်အတုများကို ရှုတ်ချခြင်း (အခန်းငယ် ၂၅-၃၂)။ ငါအိပ်မက်မက်ခဲ့သည်။ အိပ်မက်များသည် ဘုရားသခင်ကိုယ်တော်တိုင်ထုတ်ဖော်ပြသသည့်နည်းဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ဆက်သွယ်မှု၏သက်သေမဟုတ်ပေ။
23:25 lies in My name. See 2:5; 28:2. Condemnation of
false prophets for speaking without God’s commission and misleading the nation
(vv. 25–32). I have dreamed. Dreams were a way of God
revealing Himself, but they are never in themselves evidence of divine
communication.
၂၃:၂၆-၂၇ ဘုရားသခင်၏နာမကို လူတို့အား ဘုရားသခင်ကိုမေ့လျော့စေရန် အသုံးပြုသည်။
23:26–27 God’s name is used to make people forget God!
၂၃:၂၈ ဖွဲကောင်း၊ ဂျုံ။ ပြည့်စုံမှုသည် ဘုရားသခင်၏စစ်မှန်သောနှုတ်ကပတ်တော်၏သဘောသဘာဝကိုဖော်ပြပြီး၊ အိပ်မက်အတုများကို လိမ်ညာမှုအဖြစ်ထင်ရှားစေသည်။
23:28 chaff … wheat. Fulfillment reveals the character of
God’s true word and reveals false dreams as lies.
၂၃:၂၉ မီး၊ တူ။ ဘုရားသခင်၏တန်ခိုးကြီးသောနှုတ်ကပတ်တော်သည် ဖန်တီးနိုင်သော်လည်း ဖျက်ဆီးနိုင်သည်။
23:29 fire … hammer. God’s powerful word can create
but also destroy.
၂၃:၃၀-၃၂ ငါဆန့်ကျင်သည်။ ဤထပ်ခါတလဲလဲပြောဆိုမှုသည် ပရောဖက်အတုများကို ဘုရားသခင်ရှုတ်ချခြင်းကို အလေးပေးသည်။
23:30–32 I am against. The repetition of this
statement emphasizes God condemnation of false prophets.
၂၃:၃၃ ဗျာဒိတ်တော်။ မူရင်းစကားလုံး၏အဓိပ္ပာယ်နှစ်မျိုးဖြင့် ကစားခြင်း။ “ဗျာဒိတ်တော်” နှင့် “ဝန်ထုပ်”။ ယေရမိအား ဘုရားသခင်၏ဗျာဒိတ်တော်/ဝန်ထုပ်ကို မေးသောအခါ၊ သူ၏ဖြေကြားချက်ကို “သင်တို့သည် ဝန်ထုပ်ဖြစ်သည်” ဟုလည်း ဘာသာပြန်နိုင်သည်။ စွန့်ပစ်ခြင်း။ ဘုရားသခင်သည် ဝန်ထုပ်ဖြစ်သောနိုင်ငံကို လွှတ်ထားလိမ့်မည်။
23:33 oracle. A play on two meanings of the original word:
“prophecy” and “burden.” When Jeremiah is asked what God’s oracle/burden is,
his answer can also be translated: “you are the burden.” forsake. Cast
off. God will let go of the burdensome nation.
၂၃:၃၄-၃၇ အမိန့်မပါဘဲ ဗျာဒိတ်ပေးသူများသည် အပြစ်ပေးခံရလိမ့်မည်။
23:34–37 Those prophesying without commission will be punished.
၂၃:၃၈-၄၀ ထာဝရအရှက်ကွဲခြင်း။ ဘုရားသခင်၏အခွင့်အာဏာကို မမှန်ကန်စွာယူဆသူများအတွက် ပြင်းထန်သောအပြစ်ဒဏ်ရှိသည်။
23:38–40 perpetual shame. There is severe punishment for
those who falsely assume God’s authority.
No comments:
Post a Comment