အခန်းကြီး - ၁၀၅
ထာဝရဘုရား၏
ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို
လူများတို့အား ပြသကြလော့။
2 ထာဝရဘုရားကို
သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို
ဟောပြောကြလော့။
3 သန့်ရှင်းသောနာမတော်၌
ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး
ရွှင်လန်းကြစေ။
4 ထာဝရဘုရားနှင့်
တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။
5 စီရင်တော်မူသော
အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း
အောက်မေ့ကြလော့။
6 ထာဝရဘုရား၏ကျွန်အာဗြဟံအမျိုး၊
ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့၊
7 ကိုယ်တော်မြတ်
ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ တရား
စီရင်ပိုင်တော်မူ၏။
8 ငါသည်သင်တို့
အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်
မများ၊
9 အလွန်နည်း၍
ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊
10 အာဗြဟံ၌ဂတိထား၍၊
ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊
11 ယာကုပ်၌
မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊
12 လူမျိုး
အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော
ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။
13 သူတို့သည်
တမြို့မှတမြို့သို့၎င်း၊တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
14 သူတို့ကို
ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။
သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက်၊
15 ငါ့ထံ၌
ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု
မိန့်တော်မူ၏။
16 တဖန်တုံ၊
ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို
ချိုးဖျက်တော်မူသောအခါ၊
17 ကျွန်ဖြစ်စေဘို့
အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။
18 သူ့ကိုခြေချင်းခတ်၍
သံနှင့်ညှဉ်းဆဲကြ၏။
19 သူ၏စကား
မပြည့်စုံမှီတိုင်အောင်၊ ထာဝရ ဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
20 လူတို့ကို
အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ
ပေးတော်မူ၏။
21 သူသည်
မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင်၍၊
22 မှူးတော်မတ်တော်တို့ကို
ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို
ခန့်ထားတော်မူ၏။
23 ဣသရေလသည်လည်း
အဲဂုတ္တုပြည်သို့ ရောက် လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။
24 ဘုရားသခင်သည်
မိမိလူတို့ကို အလွန်များပြား စေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။
25 မိမိလူတို့ကို
ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း၊ ထိုသူတို့
စိတ်နှလုံးကို ပြောင်းလဲစေတော် မူ၏။
26 တဖန်မိမိကျွန်
မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။
27 အဲဂုတ္တုပြည်သားတို့တွင်၊
လက္ခဏာသက်သေ တော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။
28 မှောင်မိုက်ကိုစေလွှတ်၍၊
မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။
29 သူတို့ရေများကို
အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။
30 သူတို့မြေသည်
များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ပင်ဘွားလေ၏။
31 အမိန့်တော်ရှိ၍
ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ၏။
32 မိုဃ်းရေအစား
မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
33 သူတို့စပျစ်နွယ်ပင်နှင့်
သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော် မူ၏။
34 အမိန့်တော်ရှိ၍
မရေတွက်နိုင်အောင်၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ၍၊
35 သူတို့ပြည်မှာ
ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်းကိုက်စားကြ၏။
36 သူတို့အစွမ်းသတ္တိ
အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။
37 မိမိလူတို့ကို
ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။
38 အဲဂုတ္တုပြည်သည်
သူတို့ကို ကြောက်သော ကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။
39 သူတို့အပေါ်မှာ
မိုဃ်းတိမ်ကိုဖြန့်မိုး၍၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။
40 သူတို့သည်
တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့်
ရောင့်ရဲ စေတော်မူ၏။
41 ကျောက်ကိုလည်း
ဖွင့်လှစ်တော်မူသဖြင့်၊ ရေ သည် ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွား လေ၏။
42 အကြောင်းမူကား၊
မိမိကျွန် အာဗြဟံ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ၏။
43 ရွေးကောက်တော်မူသော
မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။
44 သူတို့သည်
အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊
တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏
အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
45 သူတို့သည်
အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊
တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏
အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
အနက်ဖွင့်ချက်။
၁၀၅ — ဘုရားသခင်၏အမှုတော်ကို ကြေညာပါ
ကယ်တင်ခြင်းသမိုင်း၏ အံ့ဖွယ်ရာဇဝင် - အာဗြံဟန်နှင့်ချုပ်သောပဋိညာဉ်အရ ထာဝရဘုရားသည် မိမိလူမျိုးအတွက် ပြုတော်မူခဲ့သော အံ့ဖွယ်အမှုများ။ ဤဆာလံသည် ဘုရားသခင်၏ ကျေးဇူးတော်များကြောင့် ယုံကြည်စိတ်ချကာ ကိုးကွယ်ရန် တိုက်တွန်းချက်ဖြစ်သည်။ ဆာလံ၏အစိတ်အပိုင်း (၁-၁၅) ကို ၁ ရာဇဝင်ချုပ် ၁၆:၈-၂၂ တွင် တွေ့ရပြီး ဒါဝိဒ်နှင့် ဆက်စပ်သော်လည်း ဤသီချင်းတွင် ရေးသူအမည်မဖော်ပြပါ။ ဆာလံ ၁၀၄ နှင့် ၁၀၅ အကြား နီးစပ်သောဆက်နွယ်မှုကို ဆာလံ ၁၀၄ အဆုံး (၃၃-၃၄) တွင် "သီဆိုခြင်း"၊ "အာရုံပြုခြင်း"
(သို့) "စကားပြောခြင်း"၊ "ဝမ်းမြောက်ခြင်း" ဟူသော အဓိကစကားလုံးသုံးလုံး၏ အစီအစဉ်အတိုင်း ဆာလံ ၁၀၅ အစ (၂-၃) တွင် ပြန်လည်တွေ့ရှိရသည်။ ဤသည်မှာ သမ္မာကျမ်းတစ်ခုလုံးတွင် ထိုကဲ့သို့သော စကားစုအစဉ်ကို ပြန်လည်အသုံးပြုထားသော တစ်ခုတည်းသော နေရာဖြစ်သည်။
105—Make Known What God Has Done!
Extraordinary recount of salvation history: the marvelous
things the Lord has done for His people in fulfillment of the covenant He made
with Abraham. It is an exhortation to trust in the Lord and serve Him because
of all His gracious acts. A part of the psalm (vv. 1–15) appears in 1 Chr.
16:8–22, and its authorship is associated with David, even though in the
present hymn the author is not mentioned. A close link between Ps. 104 and 105
can be observed by seeing a striking usage of three key terms which occur in
the very same order at the end of Ps. 104 (vv. 33–34)—“sing,” “meditation” or
“talk,” “be glad” (or “rejoice”)—and at the beginning of Ps. 105 (vv. 2–3):
“Sing,” “Talk,” and “rejoice.” This is the only instance in the entire Bible
where such a combination of terms is repeated in the same sequence.
၁၀၅:၁-၆ ချီးမွမ်းရန် ဖိတ်ခေါ်ခြင်း။ ဘုရားသခင်၏အမှုတော်များကို ပဉ္စမကျမ်းတွင် မှတ်တမ်းတင်ထားပြီး ဆာလံရှင်က ဆက်လက်ဖော်ပြသည်။ ဤအံ့ဖွယ်ဖြစ်ရပ်ကို တိုင်းတစ်ပါးသားများအား ပြောပြရန် နှုတ်ဖြင့်ဆက်သွယ်ခြင်း၏ အရေးပါမှုနှင့် ဘုရားသခင်၏ အံ့ဖွယ်အမှုများကို ကိုယ်တိုင်သုံးသပ်ရန် အလေးပေးထားသည်။
105:1–6 Invocation to praise.
God’s work is recorded in the Pentateuch, which the psalmist goes on to recite
and interpret. Stress is on the need for verbal communication to tell the
nations this remarkable story, and on personal reflection about God’s amazing
deeds.
၁၀၅:၇-၁၁ သီချင်းဆန်ဆန်ဘာသာစကားဖြင့် ဘုရားသခင်၏ ထာဝရပဋိညာဉ်သစ္စာတော်ကို ချီးမွမ်းထားသည်။
105:7–11 In hymnic language,
God’s eternal covenant fidelity is celebrated.
၁၀၅:၁၂-၁၅ ဘိုးဘေးများ၏ဖြစ်ရပ်တွင် ဘုရားသခင်၏ကာကွယ်မှုကို ရှင်းလင်းစွာမြင်ရသည်။ ပရောဖက် - ကမ္ဘာဦးကျမ်းတွင် အာဗြံဟန်ကိုသာ ပရောဖက်ဟုခေါ်သော်လည်း (က ၂၀:၇) ဆာလံရှင်က ဘိုးဘေးသုံးဦးစလုံးအတွက် ဤအခေါ်အဝေါ်ကို အသုံးပြုထားသည်။
105:12–15 God’s protection is
clear in the story of the patriarchs. prophets. In
Genesis only Abraham is called a prophet (Gen. 20:7), but the psalmist applies
it to all three patriarchs.
၁၀၅:၁၆-၂၂ ယောသပ်၏ဖြစ်ရပ်။ သူထောင်ကျနေစဉ်က အခြေအနေများ (၁၈) ကို ကမ္ဘာဦးကျမ်းတွင် ဖော်ပြမထားပါ။
105:16–22 Joseph’s story. The
conditions of his imprisonment (v. 18) are not stated in Genesis.
၁၀၅:၂၃-၃၈ ထွက်မြောက်ရာကျမ်းဖြစ်ရပ်။ ဘုရားသခင်၏ အံ့ဖွယ်တန်ခိုးတော်ကို ပြသရန် ဒဏ္ဍာရီဆယ်ပါးအနက် ရှစ်ပါးကိုသာ ရွေးချယ်ကာ အစီအစဉ်ကွဲပြားစွာ ဖော်ပြထားသည်။
105:23–38 Exodus account. Only
eight out of the ten plagues are selected and recounted in a different sequence
but with the same intent to demonstrate God’s miraculous power.
၁၀၅:၃၉-၄၄ တောလည်ရာခရီးနှင့် ကတိတော်မြေသို့ ဝင်ရောက်ခြင်း (ပဋိညာဉ်လူမျိုးတို့သည် ဘုရားသခင်၏ ကတိတော်နှင့် အခွင့်အရေးအားဖြင့်သာ ထိုမြေကို အမွေဆက်ခံခြင်းဖြစ်သည်)။
105:39–44 Recounts the
wandering in the wilderness and the entering into the promised land (the
covenant people are entitled to the land only by divine promise and right).
၁၀၅:၄၅ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းနိုင်ရန်အတွက် မြေတော်ကို ပေးသနားတော်မူကြောင်း အသိုင်းအဝိုင်းအား သတိပေးထားသည်။
105:45 Community is reminded
that the gift of land was given in order that they might keep God’s laws.
No comments:
Post a Comment