အခန်းကြီး
- ၁၀
တဖန်
ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား
2 သင်သည်
ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှုတ်ရသော
ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
3 တံပိုးမှုတ်သောအခါ၊
ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။
4 တံပိုးတလုံးတည်းကို
မှုတ်လျှင်၊ ဣသရေလ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။
5 နှိုးဆော်သံနှင့်မှုတ်သောအခါ၊
အရှေ့တပ်တို့ သည် ချီသွားရကြမည်။
6 ဒုတိယအကြိမ်နှိုးဆော်သံနှင့်
မှုတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့်
မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့်
မှုတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း
ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည်။
7 ပရိသတ်စည်းဝေးစေခြင်းငှါ
နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည်။
8 အာရုန်၏
သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက်
စောင့်ရသော ပညတ်ဖြစ်သတည်း။
9 သင်တို့သည်
ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့်
တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊
ရန်သူလက်မှ ကယ်တင် တော်မူမည်။
10 သင်တို့သည်
ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲ သဘင်နေ့လဆန်း နေ့တို့၌ သင်တို့ဘုရားသခင် အောက်
မေ့တော်မူဘို့ရာ၊ သင်တို့ မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာ
တံပိုးမှုတ်ရကြမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
11 ဒုတိယနှစ်၊
ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ
ကွာမြောက်သည်ဖြစ်၍၊
12 ဣသရေလအမျိုးသားတို့သည်
သိနာတောင်မှ ခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ၏။
13 ထိုသို့ထာဝရဘုရားသည်
မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။
14 ယုဒတပ်အစဉ်အတိုင်း
အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊
အမိနဒပ်သားနာရှုန်အုပ်ရ၏။
15 ဣသခါတပ်ကို၊
ဇုအာသားနာသနေလအုပ်၏။
16 ဇာဗုလုန်တပ်ကို၊
ဟေလုန်သားဧလျာဘအုပ်ရ၏။
17 တဲတော်ကိုဖြုတ်ချ၍
ဂေရရှုန်သား၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
18 ရုဗင်တပ်အစဉ်အတိုင်း၊
အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ၏။
19 ရှိမောင်တပ်ကို
ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ၏။
20 ဂဒ်တပ်ကို
ဒွေလသားဧလျာသပ်အုပ်ရ၏။
21 ကောဟတ်သားတို့သည်
သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော
သူတို့သည် တဲတော်ကို ထူထောင် ရကြ၏။
22 ဧဖရိမ်တပ်အစဉ်အတိုင်း
အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ် သား
ဧလိရှမာအုပ်ရ၏။
23 မနာရှေတပ်ကို
ပေဒါဇုရသား ဂါမလျေလ အုပ်ရ၏။
24 ဗင်္ယာမိန်တပ်ကို
ဂိဒေါနိသား အဘိဒန်အုပ် ရ၏။
25 နောက်ဆုံးတပ်တည်းဟူသော
ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသား
အဟေဇာအုပ်ရ၏။
26 အာရှာတပ်ကို
ဩကရန်သားပါဂျေလအုပ် ရ၏။
27 နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ၏။
28 ထိုသို့ဣသရေလ
အစဉ်အတိုင်း ချီ၍ ခရီးသွား ကြ၏။
29 မောရှေကလည်း၊
ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည်
ယခုခရီးသွားကြ၏။ ငါတို့နှင် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။
ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု
မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
30 ဟောဗပ်က
ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု
မောရှေအား ဆို၏။
31 မောရှေကလည်း၊
ငါတို့ကို စွန့်ပစ်၍ မသွားပါ နှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။
သင်သည် ငါတို့မျက်စိဖြစ် ရပါ၏။
32 ငါတို့နှင့်
အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း
သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
33 ဣသရေလအမျိုးသားတို့သည်
ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏။ ထိုသုံးရက်ကွာသော
ခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို
ရှာ၍ သူတို့ရှေ့ကသွားလေ၏။
34 သူတို့သည်
နေ့အချိန်၌ တပ်ချီ၍ သွားသော အခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။
35 သေတ္တာတော်သွားသောအခါ၊
မောရှေက အိုထာဝရဘုရား ထတော်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကြပါစေသော။
ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ၍၎င်း၊
36 သေတ္တာတော်မသွားဘဲ
ရပ်နေသောအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ၍၎င်း
လျှောက်ဆိုလေ့ရှိ၏။
အနက်ဖွင့်ချက်။
၁၀:၂ ငွေတံပိုးနှစ်ခု။ တံပိုးအချက်ပြမှုများသည် တံပိုးတစ်ခုမှဖြစ်စေ၊ နှစ်ခုမှဖြစ်စေ၊ အမျိုးအစားနှင့် အကြိမ်အရေအတွက်ပေါ်မူတည်၍ ကွဲပြားသည်။
10:2 two silver trumpets. Trumpet
signals would vary according to whether blasts came from one or two trumpets,
and the kinds and number of blasts.
၁၀:၁၁-၂၅:၁၈ ဤအခန်းများသည် ဣသရေလလူမျိုးများ၏ သိနာတောင်မှ တောကန္တာရာမှတစ်ဆင့် မောဘလွင်ပြင်သို့ ခရီးရှည်ကို မှတ်တမ်းတင်ထားသည်။
10:11–25:18 These chapters record the
Israelites’ long journey from Sinai through wilderness to the Moabite plateau.
၁၀:၁၁ ဒုတိယလ၏ နှစ်ဆယ်ရက်နေ့။ ဒုတိယလ၏ ဆယ်လေးရက်နေ့တွင် အခြားပသခါ (၉:၁၁) ပြီးနောက် တစ်ပတ်နီးပါးနှင့် လူဦးရေစာရင်းကြေငြာပြီး (၁:၁) သုံးပတ်အကြာတွင် ဖြစ်သည်။
10:11 twentieth day of the second month.
Nearly a week after the alternate Passover on the fourteenth day of the second
month (9:11) and three weeks after announcement of the census (1:1).
၁၀:၁၂ ပါရန်တော။ သိနာတောင်တော၏ မြောက်ဘက်တွင်ရှိပြီး၊ ကာနာန်ပြည်၏ တောင်ဘက်နယ်နိမိတ်သို့ သွားရာလမ်းတွင် တည်ရှိသည်။
10:12 Wilderness of Paran.
North of the Wilderness of Sinai, on the way to the southern border of Canaan.
၁၀:၂၁ ၎င်းတို့ရောက်ရှိရန် ပြင်ဆင်ထားသည်။ တောလည်ရာ ၂:၁၇ တွင် လေဝိသားတို့သည် လူမျိုးသုံးမျိုးစီပါသော ချီတက်ရေးကော်လံလေးခု၏ အလယ်တွင် တဲတော်ကို သယ်ယူပို့ဆောင်သည်ဟု ဖော်ပြထားသည်။ အခန်း ၁၀ သည် ပိုမိုတိကျသည်- ဂေရရှုန်လူများနှင့် မေရာရိလူများဖြစ်သော လေဝိသားတို့သည် ပထမကော်လံ (အ. ၁၇) ပြီးနောက် စောစီးစွာ ထွက်ခွာကြပြီး၊ ကောဟတ်လူများသည် သန့်ရှင်းသော ပစ္စည်းများနှင့်အတူ ရောက်ရှိလာသောအခါ ၎င်းတို့ကို ချက်ချင်းထည့်သွင်းနိုင်ရန် တဲတော်ကို ဦးစွာတည်ဆောက်ရန် ဖြစ်သည်။
10:21 prepared for their arrival. Num.
2:17 mentions transport of the tabernacle by Levites in the middle of the
marching column of four divisions of three tribes each. Chap. 10 is more
specific: The Gershonite and Merarite Levites would depart earlier, after the
first division (v. 17), in order to set up the tabernacle before the Kohathites
arrived with the sacred objects so that these could immediately go into it.
၁၀:၂၉ ရောဂလ၏သား ဟောဗပ်။ မောရှေ၏ မီဒျန်လူသားခယ်မဖြစ်သည် (ထွက် ၂:၁၈၊ ၂၁ နှင့် နှိုင်းယှဉ်ပါ)။ ရောဂလသည် မောရှေ၏ ယောက္ခမဖြစ်သော ယေသ ရောအတွက် နောက်ထပ်အမည်တစ်ခုဖြစ်သည်။ ယေသ ရောသည် ဣသရေလလူမျိုးများ သိနာတောင်သို့ မရောက်မီ မောရှေ၏ ဇနီးနှင့် သားများကို မောရှေထံ ခေါ်ဆောင်လာခဲ့သည် (ထွက် ၁၈)။ ယေသ ရောသည် အိမ်သို့ ပြန်သွားခဲ့သော်လည်း (ထွက် ၁၈:၂၇)၊ သူ၏သား ဟောဗပ်သည် ဆက်လက်နေထိုင်ခဲ့ပုံရသည်။
10:29 Hobab the son of Reuel. Moses’
Midianite brother-in-law (compare Ex. 2:18, 21). Reuel was another name for
Jethro, Moses’ father-in-law, who had brought Moses’ wife and sons to him
shortly before the Israelites reached Mount Sinai (Ex. 18). Although Jethro had
gone home (Ex. 18:27), apparently his son Hobab had remained.
၁၀:၃၃ အနားယူရာနေရာကို ရှာဖွေရန်။ ပဋိညာဉ်သေတ္တာပေါ်ရှိ ထာဝရဘုရား၏ မိုးတိမ်သည် ဣသရေလလူမျိုးများကို လမ်းပြခဲ့သည် (အ. ၃၄၊ ၉:၁၇-၁၈၊ ထွက် ၁၃:၂၁)။ ဟောဗပ်သည် ဤဒေသတွင် စခန်းချခြင်း အတွေ့အကြုံရှိသည့်အတွက်၊ ဘုရားသခင်၏ အစီအမံဘောင်အတွင်း အသေးစိတ်ကိစ္စများကို ဖြေရှင်းရာတွင် မောရှေကို ကူညီပေးနိုင်သည် (တော ၁၀:၃၁)။
10:33 to search out a resting place. The
Lord’s cloud over the ark guided the Israelites (v. 34; 9:17–18; Ex. 13:21).
Because Hobab had experience camping in this region, he could assist Moses in
working out details within the framework of the divine plan (Num. 10:31).
No comments:
Post a Comment