အခန်းကြီး
- ၁၁
တဖန်
ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊-
2 သင်တို့သည်
ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာ တို့တွင်၊ -
3 ခွါကွဲပြား၍
စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ၏။
4 သို့သော်လည်း၊
စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည်
စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
5 ရှာဖန်သည်
စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
6 အာရနဘက်သည်
စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
7 ဝက်သည်
ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။
8 ထိုသို့သော
တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။
9 ပင်လယ်ရေ၊
မြစ်ရေ အစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိ သော
တိရစ္ဆာန်ကိုသာ စားရမည်။
10 အယပ်နှင့်
အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော
တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
11 အယပ်အကြေးနှင့်
မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ။
12 သူတို့ အသေကောင်ကိုလည်း
ရွံ့ရှာရကြမည်။
13 သင်တို့သည်
ရွံ့ရှာဘွယ်မှတ်၍ မစားရသော ငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊-
14 ဒါဟ၊ စွန်မျိုး၊
15 ကျီးမျိုးရှိသမျှ
16 ကုလားအုပ်ငှက်၊
ငှက်ဆိုး၊ ဥဗျိုင်း၊
17 သိမ်းမျိုး၊
ဇီးကွက်၊
18 ကြိုးကြာ၊
ဣဗိတ်၊ ငှက်
19 ကျား၊ ဝံပို၊
ဝံလို၊-တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊-
20 အတောင်ရှိလျက်
ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာ
ဘွယ်ဖြစ်ရကြမည်။
21 သို့ရာတွင်
အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ
ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊-
22 အာရာဘကျိုင်းမျိုး၊
သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
23 အတောင်ရှိ၍
ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ်
ဖြစ်ရကြမည်။
24 ထိုတိရစ္ဆာန်အားဖြင့်
သင်တို့ စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဦးတိုင်အောင်
မစင်ကြယ်။
25 ထိုအသေကောင်ကို
ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
26 ခွါမကွဲပြားသော
တိရစ္ဆာန်၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့
အသေကောင်ကို ထိသမျှသော သူတို့သည် မစင်ကြယ်ကြ။
27 ခွါမရှိသောသားအမျိုးမျိုးတို့သည်
သင်တို့၌ မစင်ကြယ်ကြ။ သူတို့အသေကောင်ကို ထိသော သူသည် ညဦးတိုင်အောင် မစင်ကြယ်။
28 သူတို့
အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကို လျော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
29 မြေပေါ်မှာ
တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊-
30 တောက်တဲ့၊
မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။
31 သူတို့အသေကောင်ကို
ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။
32 ထိုအသေကောင်သည်
သစ်ခွက်၊ အဝတ်၊ အရေ၊ အမွှေး၊ အိတ်အစရှိသော အသုံးအဆောင် တစုံ တခုပေါ်သို့ကျလျှင်
ထိုအသုံးအဆောင် မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက်
စင်ကြယ်လိမ့်မည်။
33 မြေခွက်တစုံတခုပေါ်သို့
အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။
34 ထိုမြေခွက်ရေသည်၊
စားစရာ အမဲသားပေါ်သို့ ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌ သောက်စရာရေလည်း
မစင်ကြယ်။
35 အကြင်အရာအပေါ်၌
ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင် ကြယ်ရာသို့ ရောက်၍
သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။
36 သို့ရာတွင်
ရေစုဝေးရာ စမ်းရေတွင်း၊ တူးသော ရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေ ကောင်ကို
ထိမိသော အရာသာ မစင်ကြယ်ရာသို့ရောက်၏။
37 ကြဲစရာ
မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။
38 ရေ၌စိမ်ထားပြီးသော
မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌ မစင်ကြယ်။
39 သင်တို့စားအပ်သော
တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။
40 ထိုအသေကောင်ကို
စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။ ထိုအသေကောင်ကို
ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။
41 မြေပေါ်မှာ
တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။
42 ခြေမရှိ၊
ဝမ်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမက
များသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ။
ရွံရှာဘွယ် ဖြစ်၏။
43 တွားတတ်သော
တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့
အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။
44 ငါသည် သင်တို့
ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း
ကိုယ့်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော
တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။
45 ငါသည် သင်တို့၏
ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရား ဖြစ်၏။
ငါသည် သန့်ရှင်းသောကြောင့်၊
46 သင်တို့သည် သန့်ရှင်းခြင်း
ရှိရကြမည်။
47 ဤရွေ့ကားစင်ကြယ်၊
မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ၊ သား၊ ငှက်၊
ရေ၌သွား၍ အသက်ရှင်သော တိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှ နှင့်
ဆိုင်သောတရားဟု မိန့်တော်မူ၏။
အနက်ဖွင့်ချက်။
၁၁:၁-၁၇:၁၆ ဤအခန်းများသည် ထုံးတမ်းမသန့်ရှင်းမှုများနှင့် ၎င်းတို့၏ဖြေရှင်းနည်းများနှင့်ပတ်သက်သော ညွှန်ကြားချက်များကို ပေးထားသည်။
11:1–17:16 These chapters
provide instructions regarding ritual impurities and remedies.
၁၁:၁-၄၇ သန့်ရှင်းနှင့်မသန့်ရှင်းမှုကို သိနာတောင်မတိုင်မီကပင် သိရှိခဲ့သည် (ဖခင်း ၇:၂၊ ၈:၂၀)။ ဤနေရာတွင် ၎င်းကို ဣသရေလ၏အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများ၏အစိတ်အပိုင်းအဖြစ် ပေးထားသည်။ တရာဟောရား ၁၄:၃-၂၁ ကိုလည်းကြည့်ပါ။ ဝတ်ပြုရာကျမ်း ၁၁ ၏ သန့်ရှင်းသောနှင့်မသန့်ရှင်းသောတိရစ္ဆာန်များဆိုင်ရာဥပဒေသည် ယဇ်ပူဇော်မှု၊ အပြစ်ဖြေရာနှင့် ဖြောင့်မတ်ခြင်းဆိုင်ရာ အပိုင်းတွင် ဝတ်ပြုရာကျမ်း၏ ဒုတိယအဓိကအပိုင်းကို မိတ်ဆက်ပေးသည်။ ဤအပိုင်းတွင် အစားအစာပစ္စည်းများကို ထားရှိခြင်းသည် သန့်ရှင်းမှုသည် ဝိညာဉ်ရေးအခြေအနေတစ်ခုသာမဟုတ်ကြောင်း ဖော်ပြသည်။ သမ္မာကျမ်းစာအဆိုအရ မသန့်ရှင်းမှုနှစ်မျိုးရှိသည်။ အမြဲတမ်း သို့မဟုတ် သဘာဝအလျောက် (ဥပမာ၊ ဖခင်း ၇:၂၊ ၃၊ ဝတ်. ၁၁:၁၃-၁၉၊ တရား ၁၄:၁၂-၁၈၊ ဝတ်. ၂၀:၂၅-၂၆ နှင့်နှိုင်းယှဉ်ပါ)၊ နှင့် ရရှိထားသော သို့မဟုတ် ယာယီ/ထုံးတမ်းဆိုင်ရာ (ဥပမာ၊ ဝတ်. ၁၁:၄၀၊ ၁၂:၁-၈၊ ၁၅:၁-၃၃)။ ဝတ်ပြုရာကျမ်း ၁၁ တွင် အစားအသောက်အတွက် မသန့်ရှင်းသောတိရစ္ဆာန်များ၏ မသန့်ရှင်းမှုသည် ကူးစက်မှုမရှိပေ။ ဤမသန့်ရှင်းမှုအမျိုးအစားကို ဖယ်ရှားရန် သမ္မာကျမ်းစာတွင် မည်သည့်ပြဋ္ဌာန်းချက်မျှ မပြုထားပေ။
11:1–47 The distinction
between clean and unclean was known before Sinai (Gen. 7:2; 8:20). Here it is
given as part of Israel’s diet and HEALTH regulations. See also Deut. 14:3–21.
Lev. 11’s law of clean and unclean animals introduces the second main section
of Leviticus in the part that deals with sacrifice, atonement, and
justification. The placement of food items in this section suggests that
holiness is not just a spiritual state. Biblical passages show that there are
two categories of uncleanness: permanent or natural (see for example Gen. 7:2,
3; Lev. 11:13–19; compare to Deut. 14:12–18; Lev. 20:25–26), and acquired or
temporary/ceremonial (see for example Lev. 11:40; 12:1–8; 15:1–33). The
impurity of the animals unclean for food in Lev. 11 is not contagious. No
provision is made in the Bible to remove this type of uncleanness.
၁၁:၂ သင်တို့စားနိုင်သောတိရစ္ဆာန်များ။ ဤအခန်းသည် တိရစ္ဆာန်များ၏မသန့်ရှင်းမှုများကို ဖော်ပြထားသော်လည်း၊ အခန်း ၁၂-၁၅ သည် လူသားများမှဖြစ်ပေါ်သော မသန့်ရှင်းမှုများကို ဖော်ပြသည်။
11:2 animals which you may eat.
This chapter deals with impurities of animals, but chaps. 12–15 address
impurities from human sources.
၁၁:၃ ခြေသည်းခွဲသည်။ ဤကျမ်းပိုဒ်သည် လူများက အလွယ်တကူမြင်နိုင်သော ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံ၊ အပြုအမူ၊ သို့မဟုတ် သွားလာရာနည်းလမ်းများအလိုက် ခွင့်ပြုထားသော (“သန့်ရှင်းသော”) နှင့် တားမြစ်ထားသော (“မသန်းရှင်းသော”) တိရစ္ဆာန်များကို ခွဲခြားသည်။ ငါးများနှင့်ပတ်သက်၍ အခန်းကျဉ်း ၉ (“ဆူးငါးနှင့်အခွံ”) နှင့် ပျံသန်းသောအင်းဆက်များနှင့်ပတ်သက်၍ အခန်းကျဉ်း ၂၀ (“လေးဘက်ဖြင့်တွား”) ကို နှိုင်းယှဉ်ပါ။
11:3 divides the hoof. This passage
distinguishes differences between permitted (“clean”) and forbidden (“unclean”)
animals according to their physical structure, behavior, or means of moving
around, which people could easily see. Compare v. 9 regarding fish (“fins and
scales”) and v. 20 of flying insects (“creep on all fours”).
၁၁:၄ သင်တို့အတွက် မသန့်ရှင်းပေ။ တိရစ္ဆာန်အားလုံးကို “ကောင်းမွန်စွာ” ဖန်တီးခဲ့သည် (ဖခင်း ၁)။ သို့သော် ဤနေရာတွင် “မသန့်ရှင်းသော” သို့မဟုတ် “ညစ်ညမ်းသော” ဟူသည်မှာ လူသားများက ၎င်းတို့ကို စားသုံးရန် ခွင့်မပြုထားခြင်းဖြစ်သည်။
11:4 unclean to you. All
animals were created “good” (Gen. 1). But here “unclean” or “impure” means that
humans are not permitted to eat them.
၁၁:၂၄ အလောင်းကို ထိသူမည်သူမဆို … မသန့်ရှင်းဖြစ်ရမည်။ တားမြစ်ထားသော (“မသန့်ရှင်းသော”) မျိုးစိတ်များ၏အသားကို စားခြင်းသည် ဘုရားသခင်၏အမိန့်ကို ဖောက်ဖျက်သောကြောင့် အပြစ်ဖြစ်သည်။ သို့သော်၊ အချို့မျိုးစိတ်များ၏ “မသန့်ရှင်းမှု” သည် ၎င်းတို့သေဆုံးသောအခါ ၎င်းတို့ကို ထိတွေ့သောသူများအား ရုပ်ပိုင်းဆိုင်ရာ ထုံးတမ်းမသန့်ရှင်းမှုကို ထပ်မံဖြစ်ပေါ်စေသည်။
11:24 whoever touches the carcass
… shall be unclean. Eating meat of a forbidden (“impure”)
species is a sin because it violates a divine command. However, the “impurity”
of some species additionally causes physical ritual impurity to persons who
touch them when they are dead.
၁၁:၃၆ စမ်းရေ သို့မဟုတ် ရေကန် … သန့်ရှင်းရမည်။ ထိုသန့်ရှင်းမှု၏ရင်းမြစ်သည် ညစ်ညမ်းမှုမခံရပေ။ ဤသဘောတရားသည် ယေရှုသည် မသန့်ရှင်းသောသူများကို ထိတွေ့သော်လည်း ညစ်ညမ်းမှုမခံရသည့်အကြောင်းကို ရှင်းပြသည် (မ ၈:၃၊ လု ၈:၄၃-၄၈)။ သူသည် သန့်ရှင်းမှု၏ရင်းမြစ်ဖြစ်သည်။
11:36 spring or a cistern … shall be
clean. Such a source of purity could not be defiled. This
principle explains why Jesus could contact impure persons without becoming
defiled (Matt. 8:3; Luke 8:43–48): He was a source of purity.
၁၁:၄၄ သင်တို့သည် သန့်ရှင်းရမည်။ အကြောင်းမှာ ငါသည် သန့်ရှင်းသောကြောင့်ဖြစ်သည်။ ဣသရေလလူမျိုးများသည် မသန့်ရှင်းမှုနှင့် ရောနှောမထားသော ဘုရားသခင်၏သန့်ရှင်းမှုကို အတုယူရမည်။ ဒံယေလနှင့် သူ၏သူငယ်ချင်းများသည် ဗိမာန်တော်နှင့်ဝေးကွာနေသော်လည်း မသန့်ရှင်းသောအစားအစာကို ရှောင်ကြဉ်ခြင်းဖြင့် ဤဘုရားသခင်၏အမိန့်ကို နာခံခဲ့ကြပြီး၊ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးခဲ့သည် (ဒံ ၁:၈-၂၀)။ ဣသရေလမဖြစ်ပေါ်မီကပင် နောဧသိခဲ့သော ခွင့်ပြုထားသောနှင့်တားမြစ်ထားသောတိရစ္ဆာန်များအကြား အခြေခံကွဲပြားမှုသည် (က ၇:၂၊ ၈၊ ၈:၂၀)၊ ဗိမာန်တော်/ဗိမာန်တော်၏သန့်ရှင်းမှုကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားသော ထုံးတမ်းဆိုင်ရာစည်းမျဉ်းများနှင့် ကန့်သတ်မထားဘဲ ထာဝရဖြစ်သည်။
11:44 you shall be holy; for I am holy.
The Israelites were to imitate God’s holiness, which does not mix with
impurity. Daniel and his friends obeyed this divine command by avoiding an
impure diet, even though they were far from the temple, and God blessed them as
a result (Dan. 1:8–20). The basic distinction between permitted and prohibited
animals, which Noah knew long before Israel existed (Gen. 7:2, 8; 8:20), is
timeless rather than limited to the ceremonial regulations designed to protect
the holiness of the sanctuary/temple.
No comments:
Post a Comment