အခန်းကြီး - ၄၄
1 အဲဂုတ္တု ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ် တော်အားဖြင့်၊
2 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရု ရှလင်မြို့အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။
3 ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင် မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့၍ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း။
4 ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဘွယ်သောအမှုကို မပြုပါနှင့်ဟု ပြောသော်လည်း၊
5 သူတို့သည်အခြားတပါးသော ဘုရားအားနံ့သာ ပေါင်းကို မီးမရှို့၊ ဒုစရိုက်ကို ရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု၊မနာမယူဘဲ နေကြ၏။
6 ထိုကြောင့်၊ ငါ၏အမျက်အရှိန်ကို ငါသွန်း လောင်း၍၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့၌ အမျက်မီးရှို့သဖြင့်၊ သူတို့သည်ယနေ့၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ်ဖြစ်ကြ၏။
7 ယခုမှာဣသရေလမျိုး၏ ဘုရားသခင်၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ဘုရားသခင်၊
8 ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ၎င်း၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ၎င်း၊ သွား၍နေသောအဲဂုတ္တု ပြည်၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကို နှိုးဆော်သဖြင့်၊ သင်တို့တွင် တယောက်မျှမကြွင်း၊ ယုဒ အမျိုးယောက်ျားမိန်းမ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက်၌ အဘယ်ကြောင့် ပြုကြသနည်း။
9 ယုဒပြည်၌၎င်း၊ ယေရုရှလင်လမ်းတို့၌၎င်း၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသော ဒုစရိုက်၊ သင်တို့ ကိုယ်တိုင်ပြုသော ဒုစရိုက်၊ သင်တို့မယားများပြုသော ဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့။
10 ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ် မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်း သို့မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။
11 သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည်။
12 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ၍၊ သူတို့သည်ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။
13 ယေရုရှလင်မြို့သားတို့ကို ထားဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည် နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊
14 အဲဂုတ္တုပြည်သို့ သွား၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှ ဘေးနှင့်မလွတ်ရ၊ တယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။
15 ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား၊
16 သင်သည်ထာဝရဘုရား၏ နာမတော်ကို အမှီပြု ၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။
17 ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ် တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူး သကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာ စွာ နေရကြ၏။
18 ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သော အခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
19 ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။
20 ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်း တို့အား ယေရမိပြန်ပြောသည်ကား၊
21 သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရု ရှလင်လမ်းများ၌ မီးရှို့သော နံ့သာပေါင်းကို ထာဝရ ဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော် မူသလော။
22 သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။
23 သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့၍ ထာဝရ ဘုရားကိုပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံ ချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့် ၎င်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
24 တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒ လူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
25 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့်သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍ သွန်းလောင်းပူဇော် သက္ကာပြုခြင်းငှါ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ် နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိ ကို ဆက်ဆက်စောင့်၍၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည်။
26 သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသောယုဒလူ အပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင် ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှငါ၏ နာမကို မမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနမကို တိုင်တည်၍ ကျိန်ဆို၏။
27 သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ်၊ အပြစ်ပြု ခြင်းငှါ ငါစောင့်သည် ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။
28 သို့ရာတွင်၊ ထားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန် အကြွင်းတို့သည် သိကြလိမ့်မည်။
29 ဤအရပ်၌ သင်တို့ကိုငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ငါ့စကားသည် ဆက်ဆက် တည်လိမ့်မည်ဟု သင်တို့သိမည်အကြောင်း၊ ငါပေးသော နိမိတ်လက္ခဏာဟူမူကား၊
30 ယုဒရှင်ဘုရင်ဇေဒက်မင်းအသဂ၏ ရန်သူ တည်းဟူသော ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်း ၏လက်သို့ ဇေဒကိမင်းကိုငါအပ်သည်နည်းတူ၊ အဲဂုတ္တု ရှင်ဘုရင်ဖာရောဟောဖရာအသက်ကို ရှာသောရန်သူ လက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
အနက်ဖွင့်ချက်။
၄၄:၁ အီဂျစ်ပြည်ရှိ ယုဒလူများ။ ၄၃:၅-၇ တွင် ထွက်ပြေးသွားသူများ သို့မဟုတ် ၂ ဘုရင် ၂၃:၃၄ တွင် ပြည်နှင်ခံရသူများအတွက် တရားစီရင်ခြင်းသတင်းစကား။ မစ်ဂဒေါ … နောဖ်။ မြောက်ပိုင်းအီဂျစ်ရှိမြို့များ (၂:၁၆ ကိုကြည့်ပါ)။ ပါသရော့စ်။ တောင်ပိုင်းအီဂျစ်။
44:1 Jews … in … Egypt. A message of judgment to those who
had fled (see 43:5–7) or been deported there (2 Kin. 23:34). Migdol …
Noph. Cities in northern Egypt (see 2:16). Pathros. Southern
Egypt.
၄၄:၂ ဘေးဒဏ်။ ယုဒပြည်နှင့် ယေရုဆလင်မြို့၏ မကြာသေးမီက ဖျက်ဆီးခြင်း (၃၉:၁-၂; ၅၂:၄-၃၀ ကိုကြည့်ပါ)။
44:2 calamity. Recent destruction of Judah and
Jerusalem (see 39:1–2; 52:4–30).
၄၄:၃-၆ ယုဒပြည်အပြစ်ပေးခံရခြင်း၏ အကြောင်းအမျိုးမျိုးကို အသေးစိတ်ဖော်ပြသည်။ ဒုစရိုက်။ ၁:၁၆; ၇:၉-၁၀ ကိုကြည့်ပါ။ ငါ၏ကျွန်များ။ ၇:၂၅ ကိုကြည့်ပါ။ ငါ၏ဒေါသ။ ၇:၂၀ ကိုကြည့်ပါ။
44:3–6 Details reasons for Judah’s punishment. wickedness. See
1:16; 7:9–10. My servants. See 7:25. My anger. See
7:20.
၄၄:၇ အဘယ်ကြောင့် … ဆိုးယုတ်သောအကျင့်ကို ကျူးလွန်ကြသနည်း။ ယေရုဆလင်မြို့၏ဖျက်ဆီးခြင်းသည် အီဂျစ်ရှိ ယုဒလူများ၏စိတ်သဘောထားကို မပြောင်းလဲစေခဲ့ပေ။ လူမှသူငယ်ပေါက်အထိ။ လူတိုင်း။
44:7 Why … commit … evil. Jerusalem’s destruction had not
changed the minds of Jews in Egypt. man … infant. Everyone.
၄၄:၈ လက်ရာများ … မီးဖုတ်ရနံ့သာ။ ၁:၁၆ ကိုကြည့်ပါ။ ကျိန်ခြင်းနှင့် အပြစ်တင်ခြင်း။ လူများ၏ ပြည့်စုံသောပျက်စီးခြင်းသည် စကားပုံဖြစ်လာလိမ့်မည် (၂၄:၉၊ ၄၂:၁၈ ကိုကြည့်ပါ)။
44:8 works … burning incense. See 1:16. curse and
a reproach. The people’s comprehensive demise would become a
proverb (see 24:9; 42:18).
၄၄:၉ ဘုရင်များ … ၎င်းတို့၏ဇနီးများ၏ ဒုစရိုက်။ ရှောလမုန်လက်ထက်မှစ၍ (၃ ရာ ၁၁:၄-၈ ကိုကြည့်ပါ) နိုင်ငံခြားသားများနှင့် တော်ဝင်အိမ်ထောင်ပြုခြင်းသည် ရုပ်တုကိုးကွယ်ခြင်းသို့ ဦးတည်ခဲ့သည်။
44:9 wickedness of the kings … their wives. Royal marriages to foreigners
had led to idolatry since Solomon’s time (see 1 Kin. 11:4–8).
၄၄:၁၀ နှိမ့်ချခြင်းမခံရပေ။ ယခင်မျိုးဆက်များသည်လည်း ၎င်းတို့၏အပြစ်များကို ဝန်ခံရန် ငြင်းဆန်ခဲ့ကြသည်။
44:10 not been humbled. Previous generations had also refused
to acknowledge their sins.
၄၄:၁၁-၁၄ အီဂျစ်ရှိ ယုဒလူများအပေါ် ဘုရားသခင်၏တရားစီရင်ခြင်း (၄၂:၁၇-၁၈ ကိုကြည့်ပါ)။ ငါ၏မျက်နှာကို ထားလိမ့်မည်။ ၂၁:၁၀၊ ယေဇကျေလ ၆:၂ ကိုကြည့်ပါ။ လွတ်မြောက်သူများ။ အနည်းငယ်သော ကျန်ရစ်သူများသည် ယုဒပြည်သို့ ပြန်လာလိမ့်မည် (၂၈ ကိုကြည့်ပါ)။
44:11–14 God’s judgment on the Jews in Egypt (see 42:17–18). set
My face. See 21:10; Ezek. 6:2. those who escape. A
remnant will survive and return to Judah (see v. 28).
၄၄:၁၅ ဇနီးများ … မိန်းမများ။ အထူးသဖြင့် မိန်းမများသည် မွေးဖွားခြင်းနတ်များကို ကိုးကွယ်ကြသည် (၁၉ ကိုကြည့်ပါ)။
44:15 wives … women. Women, in particular, worshiped
fertility idols (see v. 19).
၄၄:၁၆ နားမထောင်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လှိုက်လှိုက်လှဲလှဲ မနာခံရန် ငြင်းဆန်ခြင်း။
44:16 not listen. Open refusal to obey God’s
word.
၄၄:၁၇-၁၈ ယုဒလူများသည် ရုပ်တုကိုးကွယ်ခြင်းကို သန္နိဋ္ဌာန်ချထားသည်။ ကောင်းကင်ဘုရင်မ။ မွေးဖွားခြင်းနတ်ဘုရားမ၊ ယရမိက အထူးသဖြင့် ဆုံးမခဲ့သည် (၇:၁၈ ကိုကြည့်ပါ)။ စားနပ်ရိက္ခာပေါများခြင်း။ ဘုရားသခင်ပေးသနားသော သာယာဝပြောမှုကို ရုပ်တုများကြောင့်ဟု ဂုဏ်ပြုကြသည်။ ရပ်လိုက်ကတည်းက။ ရုပ်တုကိုးကွယ်ခြင်းသည် ၎င်းတို့၏ဒုက္ခအကြောင်းဖြစ်ကြောင်း လူများက နားမလည်ကြပါ။
44:17–18 The Jews are committed to idolatry. queen of
heaven. A fertility goddess, particularly condemned by Jeremiah
(see 7:18). plenty of food. Idols are credited for
God-given prosperity. since we stopped. The people fail
to understand that idolatry is the cause of their misfortune.
၄၄:၁၉ ကိတ်မုန့်များ။ ၇:၁၈ ကိုကြည့်ပါ။ ခင်ပွန်းများ၏ခွင့်ပြုချက်။ မိန်းမများသည် ၎င်းတို့၏ခင်ပွန်းများ၏သဘောတူညီချက်ဖြင့် ကတိသစ္စာပြုခဲ့သည်ဟု လျင်မြန်စွာ ထောက်ပြသည် (၂၅၊ တော ၃၀:၇-၁၆ ကိုကြည့်ပါ)။
44:19 cakes. See 7:18. our husbands’ permission. The
women quickly point out that vows were taken with their husbands’ consent (see
v. 25; Num. 30:7–16).
၄၄:၂၀-၂၃ ယုဒပြည်ဖျက်ဆီးခံရခြင်း၏ မှန်ကန်သောအကြောင်းရင်းမှာ ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်။ ကျိန်ခြင်း။ ၈ ကိုကြည့်ပါ။ ပညတ်တရား … သက်သေခံချက်များ။ ပဋိညာဉ်စည်းကမ်းချက်များ (၁၁:၂ ကိုကြည့်ပါ)။
44:20–23 The true cause of Judah’s destruction is idolatry. curse. See
v. 8. law … testimonies. Covenant terms (see 11:2).
၄၄:၂၅ သင်တို့၏ကတိသစ္စာများကို အမှန်ပင် စောင့်ထိန်းကြလိမ့်မည်။ သောင့်ထံမံစွာ ပြောဆိုထားသည် (၇:၂၁ ကိုကြည့်ပါ)။ ဆောင်ရွက်ရန်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို ဆောင်ရွက်မည်သကဲ့သို့ (၁:၁၂ ကိုကြည့်ပါ)။
44:25 surely keep your vows. Spoken ironically (see 7:21). perform. Even
as God will perform His word (see 1:12).
၄၄:၂၆ ငါ၏မဟာနာမတော်။ ၂၂:၅ ကိုကြည့်ပါ။ နာမည်မဖော်တော့ပါ။ လူများသည် ရုပ်တုများကို ခေါ်ဆိုပြီး နဗုခုဒ်နေဇာ၏တိုက်ခိုက်မှုတွင် အသိုင်းအဝိုင်းပျက်စီးသောကြောင့်ဖြစ်သည်။
44:26 My great name. See 22:5. no more be
named. Because people call to idols and the community perishes in
Nebuchadnezzar’s invasion.
၄၄:၂၇ ဓားနှင့် အစာငတ်မွတ်ခေါင်းပါးခြင်းဖြင့်။ အီဂျစ်သို့ ထွက်ပြေးလာချိန်တွင် ဟောထားသည့်အတိုင်း (၄၂:၁၆-၁၇ ကိုကြည့်ပါ)။
44:27 sword and by famine. As predicted when they escaped to
Egypt (see 42:16–17).
၄၄:၂၈ အကြွင်းအကျန်။ အကြွင်းအကျန်သည် ယုဒပြည်သို့ ပြန်လာလိမ့်မည် (ဆယ့်လေး ကိုကြည့်ပါ)။
44:28 number … shall return. A remnant will be spared and return
to Judah (see v. 14).
၄၄:၂၉ နိမိတ်။ ဟော့ဖရာ၏ ရှုံးနိမ့်မှု။ ဤနေရာ၌ သင်တို့ကို အပြစ်ပေးမည်။ နဗုခ္ခနက်ဇာ၏ အီဂျစ်ကို ကျူးကျော်မှုကို ဟောထားသည်။
44:29 sign. Defeat of Hophra. punish you in this
place. Nebuchadnezzar’s invasion of Egypt is foretold.
၄၄:၃၀ ဟော့ဖရာ။ ဇေဒကိယကို ကူညီခဲ့သော ဖါရောဘုရင် (သုံးဆယ့်ခုနစ်:ငါး ကိုကြည့်ပါ) သည် သူနှင့်ဆင်တူသော ကံကြမ္မာကို ခံစားရလိမ့်မည်။ ဇေဒကိယကို ပေးခဲ့သည်။ သုံးဆယ့်ကိုး:ငါးမှ ခုနစ်ကို ကြည့်ပါ။
44:30 Hophra. The pharaoh who helped Zedekiah (see 37:5) will
suffer a fate similar to his. gave Zedekiah. See
39:5–7.
No comments:
Post a Comment