အခန်းကြီး
- ၃၃
ဖြောင့်မတ်သောသူတို့၊
ထာဝရဘုရားကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်း အကျင့်သည်
သဘောဖြောင့်သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
2 စောင်းတီး၍ထာဝရဘုရားကို
ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်း ဆိုကြ လော့။
3 ရှေ့တော်၌အသစ်သောသီချင်းကို
ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။
4 အကြောင်းမူကား၊
ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှ သော အမှုတို့သည်လည်း
သစ္စာတရား နှင့်ညီကြ၏။
5 ဖြောင့်မတ်စွာကျင့်ခြင်းနှင့်
တရားသဖြင့် စီရင် ခြင်းကို နှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရ ဘုရား၏
ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။
6 ထာဝရဘုရား၏
နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း၊ နှုတ်တော်အသက်အားဖြင့်
မိုဃ်းကောင်းကင်တန်ဆာများကို၎င်း ဖန်ဆင်းတော်မူ၏။
7 သမုဒ္ဒရာရေကို
စုပုံစုဝေးစေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်
မူ၏။
8 ထာဝရဘုရားကို
မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်
ကြစေ။
9 အကြောင်းမူကား၊
ထာဝရဘုရားမြွတ်ဆို၍၊ မြွတ်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍၊
မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
10 ထာဝရဘုရားသည်
တပါးအမျိုးသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏။ လူတို့၏ကြံစည်ခြင်းကို လည်း
ဖျက်ဆီးတော်မူ၏။
11 ထာဝရဘုရား၏
ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏ အကြံအစည် တို့သည်
သားစဉ်မြေဆက်အဆုံးတိုင် အောင်တည်ကြ လိမ့်မည်။
12 ထာဝရဘုရားသည်
အကြင်အမျိုး၏ ဘုရား ဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ၏၊
ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။
13 ထာဝရဘုရားသည်
ကောင်းကင်ဘုံက ကြည့်ရှု ၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
14 ကျိန်းဝပ်တော်မူရာ
အရပ်က ကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ၏။
15 သူတို့၏
စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း
ဆင်ခြင်တော် မူ၏။
16 ရှင်ဘုရင်မည်သည်ကား၊
များစွားသောအလုံး အရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အား ကြီးသောအားဖြင့်
ကယ်လွှတ်ခြင်းသို့မရောက်။
17 မြင်းသော်လည်း
ဘေးလွတ်ခြင်းအမှုကို မတတ် နိုင်။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်ယူနိုင်။
18 ထာဝရဘုရားကို
ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
19 သေဘေးနှင့်
ကင်းလွတ်မည်အကြောင်း၊ အစာ ခေါင်းပါးသည် ကာလ၌ အသက်ရှင်မည်အကြောင်း၊
သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။
20 ငါတို့၏ဝိညာဉ်သည်
ထာဝရဘုရားကို မြော်လင့် လျက်နေ၏။ ထိုဘုရားသည် ငါတို့ကို မစသောသူ၊ ကွယ်
ကာသောသူဖြစ်တော်မူ၏။
21 သန့်ရှင်းသောနာမတော်ကို
ခိုလှုံသောကြောင့်၊ ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
22 အိုထာဝရဘုရား၊
အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစားသည်နှင့်အညီ၊ အကျွန်ုပ်တို့အပေါ်မှာ
ကရုဏာတော် သက်ရောက်ပါစေသော။
အနက်ဖွင့်ချက်။
၃၃—ထာဝရဘုရား၏နှုတ်ကပတ်တော်ဖြင့် ကောင်းကင်များဖန်ဆင်းခံရသည် ဒါဝိဒ်သည် ဖန်ဆင်းခြင်းနှင့် သမိုင်းတွင် ဘုရားသခင်၏အချုပ်အခြာအာဏာရှိသောနှုတ်ကပတ်တော်ကို ချီးမွမ်းသော သီချင်းတစ်ပုဒ်။
33—By the Word of the Lord the Heavens Were
Made
A hymn in which David praises God for His sovereign word
in creation and history.
၃၃:၁ ဝမ်းမြောက်ပါ။ စကားလုံးအရ “ဝမ်းမြောက်သောအော်ဟစ်သံပေးပါ”။
33:1 Rejoice. Literally,
“give a ringing cry of joy.”
၃၃:၃ သီချင်းသစ်။ ဆာလံဆရာသည် ဘုရားသခင်နှင့် ဆန်းသစ်သော ဝိညာဉ်ရေးအတွေ့အကြုံကို ညွှန်ပြသည့်အနေဖြင့် သီချင်းသစ်ဖြင့် ဘုရားသခင်ကို ချီးမွမ်းရန် မကြာခဏ အားပေးသည် (၄၀:၃၊ ၉၆:၁၊ ၉၈:၁၊ ၁၄၄:၉၊ ၁၄၉:၁၊ ဟေရှာ ၄၂:၁၀၊ ဗျာ ၅:၉၊ ၁၄:၃ ကိုကြည့်ပါ)။
33:3 a new song. The
psalmist frequently encourages all to praise God with a new song (40:3; 96:1;
98:1; 144:9; 149:1; see also Is. 42:10; Rev. 5:9; 14:3), indicative of a fresh
spiritual experience with God.
၃၃:၆–၉ ထာဝရဘုရား၏စကားတော် … သူမိန့်တော်မူသည်နှင့် ဖြစ်ပေါ်လာသည်။ ကမ္ဘာဦး ၁ တွင် ထပ်ခါတလဲလဲဖော်ပြထားသည့်အတိုင်း ဘုရားသခင်သည် သူ၏စကားတော်၏တန်ခိုးဖြင့် ဖန်ဆင်းတော်မူသည်ကို အလေးပေးသည်။ ဘုရားသခင်၏စကားဖြင့် ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ ကမ္ဘာဦး ၁:၃ ၏မှတ်ချက်ကိုကြည့်ပါ။ ဆာလံ ၁၄၈:၅၊ ဟေဗြဲ ၁၁:၃ ကိုကြည့်ပါ။
33:6–9 word of the Lord …
He spoke, and it was done. Emphasizes what is set forth repeatedly in
Gen. 1: God created by the power of His word. For more on CREATION by the word
of God, see note on Gen. 1:3. See also Ps. 148:5; Heb. 11:3.
၃၃:၁၃-၁၄ ကောင်းကင်မှ ငုံ့ကြည့်တော်မူသည် … သူ၏နေထိုင်ရာဌာန။ ဆာလံ ၁၁:၄-၅၊ ၁၄:၁-၃ မှတ်စုများကိုကြည့်ပါ။
33:13–14 looks from heaven … the place of His
dwelling. See notes on 11:4–5; 14:1–3.
No comments:
Post a Comment