Thursday, May 21, 2026

ဆာလံကျမ်း ၆၂

 

အခန်းကြီး - ၆၂

အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။
အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော် မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။
သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။
ထိုသူကို မြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက် နေကြ၏။ မုသာကို နှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းကြီးကို ပေးလျက်၊ နှစ်လုံး၌ကြား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။
အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။
အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော် မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။
ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။
အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။
အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။
10 ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။
11 ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား၊ တန်ခိုးသည် ဘုရားသခင်၌ ရှိ၏။

12 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။ 

အနက်ဖွင့်ချက်။

၆၂—ဘုရားသခင်တစ်ဦးတည်းတွင် အနားယူပါ။ ကယ်တင်ခြင်းသည် ဘုရားသခင်ထံမှ လာသည်

ထာဝရဘုရားအပေါ် ယုံကြည်မှုဆာလံ။

62Rest in God Alone: Salvation Comes from God

Psalm of confidence in the Lord.

 

၆၂:၁-၂ ဒါဝိဒ်သည် သူ့ပတ်ဝန်းကျင်ရှိလူများ ယုံကြည်ထိုက်သူမဟုတ်ကြောင်း သက်သေပြသောအခါ ဘုရားသခင်၏အကူအညီကို ဆုတောင်းသည်။ သူသည် သူ၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသည်။ ဤပြင်းထန်သောအကြောင်းအရာသည် အကြိမ်များစွာ ထပ်ကျော့ဖော်ပြထားသည် (အခန်းငယ် ၅-၇ ကိုလည်းကြည့်ပါ)။

62:1–2 David prays for God’s help when people around him prove to be untrustworthy. He finds peace in trusting God who is his salvation. This strong motif is repeated several times (see also vv. 5–7).

 

၆၂:၇ ကျွန်ုပ်၏ကယ်တင်ခြင်းနှင့် ကျွန်ုပ်၏ဘုန်းအသရေ။ သူ၏ကယ်တင်ခြင်း၊ လောကီနှင့် ထာဝရဂုဏ်အသရေသည် ဘုရားသခင်ထံမှ လာပြီး၊ ဘုရားသခင်နှင့် သူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ စစ်မှန်သောဆက်ဆံရေးမှ ဆင်းသက်လာသည်။

62:7 my salvation and my glory. His salvation, as well as earthly and eternal honor, comes from God and is derived from his personal, genuine relationship with God.

 

၆၂:၈-၁၀ ထာဝရဘုရားကို ယုံကြည်ရန်နှင့် လူသားကို မယုံကြည်ရန် တိုက်တွန်းချက်။

62:8–10 Exhortation to trust in the Lord and not in man.

No comments:

Post a Comment