Thursday, May 21, 2026

ဆာလံကျမ်း ၅၃

 

အခန်းကြီး - ၅၃

ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ။
နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၍၊
လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ။ တတောက်မျှမရှိ။
မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့။
သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်ရံ၍ တပ်ချသောသူ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည်။
ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ဇိအုန်းတောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တဖန် ဘုရား သခင်သည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။

အနက်ဖွင့်ချက်။

၅၃ဘုရားသခင်မရှိဘဲ နေထိုင်ခြင်း၏ မိုက်မဲမှု

ဤဆာလံသည် ဆာလံ ၁၄ နှင့် အနည်းငယ်ပြင်ဆင်ထားသော ထပ်တူဖြစ်ပြီး (ထိုနေရာ၌ မှတ်စုများကို ကြည့်ပါ)။ အဓိကကွာခြားချက်မှာ ဤနေရာတွင် ယဟောဝါ (ထာဝရဘုရား) အစား ဧလိုဟိမ် (ဘုရားသခင်) ဟူသော ဝေါဟာရကို အသုံးပြုထားသည်။ ဤဆာလံသည် ဆာလံ ၅၂ ရှိ မာန်မာန်နှင့် ဆိုးယုတ်သောသူအကြောင်း နောက်ထပ်ဖြည့်စွမ်းထားသော ဝေဖန်ချက်ဖြစ်သည်။ မိုက်သောသူသည် ဘုရားသခင်ကို လေးစားခြင်းမရှိဘဲ ဆုံးဖြတ်ချက်များချပြီး ၎င်း၏ဘဝကို စီမံခန့်ခွဲသူဖြစ်သည်။ ၎င်းသည် ဘုရားသခင်မရှိသည့်အလား နေထိုင်ပြီး ၎င်းအား တာဝန်ခံရန်မလိုဟူသော သဘောဖြင့် နေထိုင်သည်။

53—The Folly of Living Without God

This psalm is almost identical with Ps. 14 (a slightly revised duplicate; see notes there). The main difference is that here the term Elohim (God) is used instead of Yahweh (the Lord). This psalm is a further commentary on the arrogant and evil person of Ps. 52. The fool is someone who makes decisions and manages his life without respect to God; he lives like God does not exist and thus like he is not accountable to Him.

No comments:

Post a Comment