Wednesday, May 20, 2026

ရာဇဝင်ချုပ် ပထမစောင်- ၂၅

 

အခန်းကြီး - ၂၅

ထိုမှတပါးအာသပ်၊ ဟေမန်၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား၊
အာသပ်သား ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလတစု၊ သူတို့သည်ရှင်ဘုရင်စီရင်သည်အတိုင်း၊ အဘအာသပ်၌ တပည့်ဖြစ်၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
ယေဒုသုန်သားဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိပေါင်းခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်းခြင်းငှါ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
ဟေမန်သားဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်တည်းဟူသော၊
ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရား သခင်၏ တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သားဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ်လေးယောက်နှင့် သမီးသုံး ယောက်တို့ကို ပေးတော်မူ၏။
ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။
ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍ လေ့ကျက်သော ညီအစ်ကိုပေါင်းတားနှစ်ရာ ရှစ်ကျိပ်ရှစ်ယောက်တည်း။
ထိုသူတို့သည်အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊
ပဌမသူကား၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း။ ဒုတိယသူဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။
10 တတိယသူဇက္ကုရ၊သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။
11 စတုတ္ထသူဣဇရိ၊သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
12 ပဥ္စမသူနေသနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
13 ဆဌမသူဗုက္ကိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
14 သတ္တမသူယေရှရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
15 အဋ္ဌမသူယေရှာယ၊ သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။
16 နဝမသူမတ္တနိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
17 ဒသမသူရှိမိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
18 ဧကဒသမသူအာရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
19 ဒွါဒသမသူ ဟာရှဘိ၊ သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။
20 တကျိပ်သုံးယောက်မြောက်သောသူ ရှေဗွေလ၊ သူနှင့် သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
21 တကျိပ်လေးယောက်မြောက်သော သူမတ္တိသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
22 တကျိပ်ငါးယောက်မြောက်သောသူ ယေရမုတ်၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။
23 တကျိပ်ခြောက်ယောက်မြောက်သောသူဟာ နနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။
24 တကျိပ်ခုနစ်ယောက်မြောက်သော သူယောရှ ဗေကရှ၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။
25 တကျိပ်ရှစ်ယောက်မြောက်သောသူ ဟာနန်၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
26 တကျိပ်ကိုးယောက်မြောက်သောသူမလ္လောသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
27 နှစ်ကျိပ်မြောက်သောသူဧလျာသာ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။
28 နှစ်ကျိပ်တယောက်မြောက်သောသူ ဟောသိရ၊ သူနှင့်သူ၏ သားညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။
29 နှစ်ကျိပ်နှစ်ယောက်မြောက်သော သူဂိဒ္ဒါလတိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။
30 နှစ်ကျိပ်သုံးယောက်မြောက်သောသူ မဟာဇ ယုတ်၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။
31 နှစ်ကျိပ်လေးယောက်မြောက်သောသူ ရောမန္တ ဇာ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။

အနက်ဖွင့်ချက်။

၂၅:၁–၃၁ ဂီတသမားများနှင့် သီချင်းဆိုသူများ၏စာရင်းကို လေဝိလူများနောက်တွင် ချက်ချင်းထားရှိထားပြီး၊ ၎င်းသည် သန့်ရှင်းရာဌာန၏ဝန်ဆောင်မှုများတွင် ၎င်းတို့၏ဆက်စပ်အခန်းကဏ္ဍကို ထင်ဟပ်စေသည်။

25:1–31 The list of musicians and singers is placed right after the Levites, and this reflects their related roles in the services of the sanctuary.

 

၂၅:၁ အာသပ်  ဟေမန်  ယေဒုသုန်။ သန့်ရှင်းရာဌာန၏ဝန်ဆောင်မှုများတွင် ဂီတခေါင်းဆောင်များဖြစ်ပြီး၊ ဆာလံများစွာကို ရေးသားခဲ့သည်။ ဒါဝိဒ်သည် ဗိမာန်ဂီတသမားများကို စီစဉ်ပေးရာတွင် ပါဝင်ခဲ့ခြင်းသည် ဂီတအပေါ် သူ၏စိတ်ဝင်စားမှုကြီးမားမှုကို ထင်ဟပ်စေသည် (၁ ရာ. ၁၆:၂၃၊ ၁၈:၁၀)။ စောင်းဖြင့်ပရောဖက်ပြုခြင်း။ လူသိများသော “လေဝိပရောဖက်ပြုခြင်း” သည် ဂီတမှုတ်သွင်းခံရပြီး၊ ဘုရားသခင်၏သန့်ရှင်းရာဌာနတွင် ချီးမွမ်းခြင်းအပေါ် အာရုံစိုက်သည်။ ဂီတနှင့် ပရောဖက်ပြုခြင်းဆိုင်ရာ အခြားသမ္မာကျမ်းပိုဒ်များမှာ  ရာ ၁၀:၅–၆ နှင့်  ဘု ၃:၁၅ ဖြစ်သည်။ ဂီတသမားသုံးဦးအနက် တစ်ဦးဖြစ်သော ဟေမန်ကို  ခရောနီကယ် ၂၅:၅ တွင် “ရှင်ဘုရင်၏ပရောဖက်” ဟု ခေါ်ဆိုထားပြီး၊ ၎င်းသည် ပရောဖက်တစ်ဦးအတွက် ပုံမှန်အသုံးပြုသော ဘွဲ့တံဆိပ်ဖြစ်သည်။

25:1 Asaph … Heman … Jeduthun. Musical leaders in sanctuary services who composed several psalms. David’s role in organizing the temple musicians reflects his great interest in music (1 Sam. 16:23; 18:10). prophesy with harps. The so-called “Levitical prophecy” is inspired by music and focuses on praises to God in His holy sanctuary. Other biblical passages that relate music and prophesying are 1 Sam. 10:5–6 and 2 Kin. 3:15. Heman, one of the three chief musicians, is called “the king’s seer” in 1 Chr. 25:5, a title regularly applied to a prophet.

 

၂၅:၅ သားဆယ့်လေးယောက်။ သားသမီးများပြားခြင်းသည် ဘုရားသခင်၏ဆုတော်လက္ခဏာဖြစ်သည် (ယောဘ ၁:၂၊ ၄၂:၁၃)။

25:5 fourteen sons. Abundance of children is a sign of divine blessing (Job 1:2; 42:13).

 

၂၅:၆ ထာဝရဘုရား၏အိမ်။ ဆိုလိုသည်မှာ “ထာဝရဘုရား၏သန့်ရှင်းရာဌာန” ဖြစ်သည်။

25:6 house of the LordThat is, “the Lord’s sanctuary.”

No comments:

Post a Comment