Thursday, May 21, 2026

ယောဘဝတ္ထု - ၄၂

 

အခန်းကြီး - ၄၂

ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊
ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။
နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ။
သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။
ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။
သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။
10 ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
11 ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
12 ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။
13 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကို လည်း ရပြန်၏။
14 သမီးကြီးကား၊ ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း။
15 တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ၏။
16 ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
17 အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။

အနက်ဖွင့်ချက်။

၄၂:၁–၁၇ ဤစာအုပ်၏ မျှော်လင့်မထားသော အဆုံးသတ်—နောင်တ၊ ဆုံးမခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ပါဝင်သည်။

42:1–17 The book’s unexpected ending—consisting of repentance, rebuke, reconciliation, and restoration. 

၄၂:၁–၆ ယောဘ၏ အလုံးစုံအညံ့ခံခြင်း။

42:1–6 Job’s total surrender.

 

၄၂:၂ ကိုယ်တော်၏အလိုတော်ကို တားဆီး၍မရနိုင်။ ဘုရားသခင်၏အလိုတော်အတိုင်း လုပ်ဆောင်ခြင်းကို မည်သူမျှ မတားဆီးနိုင်ပါ။

42:2 no purpose of Yours can be withheld. Nothing can prevent God from doing as He wishes.

 

၄၂:၃ အသိပညာမရှိဘဲ အကြံဉာဏ်ကို ဖုံးကွယ်ထားသည်။ ၃၈:၂ တွင်ကြည့်ပါ။ ကျွန်ုပ် နားမလည်သောအရာကို ပြောဆိုခဲ့သည်။ ယောဘသည် မလုံလောက်သော အချက်အလက်များဖြင့် ငြင်းခုံခဲ့သည်။

42:3 hides counsel without knowledge. See note on 38:2. uttered what I did not understand. Job argued from insufficient information.

 

၄၂:၄ ၃၈:၃၊ ၄၀:၇ တွင် ဘုရားသခင်၏ စိန်ခေါ်မှုများကို ရည်ညွှန်းသည်။

42:4 Refers to God’s challenges in 38:3; 40:7.

 

၄၂:၅ ယောဘသည် သူ၏ဘုရားသခင်နှင့် တွေ့ဆုံရန် တောင့်တခဲ့သည်။

42:5 Job has longed for a meeting with his God.

 

၄၂:၆ ဘုရားသခင်နှင့် တွေ့ဆုံခြင်းတွင် မထိုက်တန်မှုက ယောဘကို လွှမ်းမိုးသွားသည်။

42:6 In meeting God, unworthiness overwhelms Job.

 

၄၂:၇–၉ ယောဘ၏မိတ်ဆွေများကို ဆုံးမခြင်း။

42:7–9 Job’s friends are rebuked.

 

၄၂:၇ မှန်ကန်သောအရာ။ ယောဘသည် ဘုရားသခင်ကို အပြစ်တင်ရန် မှားသော်လည်း ဒေါသထွက်ခြင်းသည် မှန်ကန်သည်။ ဘုရားသခင်သည် သူ၏ဆင်းရဲဒုက္ခသည် မကောင်းမှုဖြစ်ပြီး ဘုရားသခင်မှမဟုတ်ဟု ခိုင်မာစွာပြောဆိုခြင်းအတွက် သူ့ကို နှစ်ကြိမ်အတည်ပြုသည် (၇–၈)။

42:7 what is right. Job was right to be outraged, though wrong to blame God. God twice affirms him (vv. 7–8) for insisting that his suffering was evil, not divine.

 

၄၂:၈ မိုက်မဲခြင်း။ ဤစကားလုံးကို  ရာ. ၁၃:၁၂ တွင် "ရှက်ဖွယ်ကောင်းသောအရာ" အဖြစ် ဘာသာပြန်ထားသည်။ မကောင်းမှုကို ဖြောင့်မတ်အောင် ပြုလုပ်ခြင်းသည် ဘုရားသခင်အတွက် ရှက်ဖွယ်ဖြစ်သည်။

42:8 folly. The word is translated “disgraceful thing” in 2 Sam. 13:12. Justifying evil is disgraceful to God.

 

၄၂:၁၀–၁၇ ယောဘ၏ ပြန်လည်ထူထောင်ခြင်းနှင့် မိသားစုအသစ်တစ်ခု။

42:10–17 Job’s restoration with a re-created family.

 

၄၂:၁၁ ငွေတစ်ပြား...ရွှေလက်စွပ်။ ငွေနှင့် လက်ဝတ်ရတနာများ (အလေးချိန်နှင့် တန်ဖိုးမသိ) ပါဝင်သော လက်ဆောင်များ။

42:11 a piece of silver … ring of gold. Gifts consisting of money and jewelry (unknown weight and value).

 

၄၂:၁၅ သူတို့၏ညီအစ်ကိုများအကြား အမွေဆက်ခံခြင်း။ ဇေလောဖဟတ်၏သမီးများ၏ တောင်းဆိုမှု (တော. ၂၇:၁–၁၁) အထိ မစဉ်းစားဖူးသော အလေ့အထတစ်ခု။

42:15 inheritance among their brothers. An unusual practice until the request of Zelophehad’s daughters (Num. 27:1–11).

 

 

 

No comments:

Post a Comment