အခန်းကြီး - ၁၅
1 ဣသရေလရှင်ဘုရင်ယေရောဗောင် နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင်၊
2 ယုဒရှင်ဘုရင် အာမဇိသား ဩဇိသည် အသက် တဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင် မြို့သူ ယေခေါလိအမည်ရှိ၏။
3 ထိုမင်းသည် ခမည်းတော်အာမဇိပြုသမျှ အတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
4 သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။
5 ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနား သော နန်း၌နေရ၏။ သားတော် ယောသံသည် နန်းတော် ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
6 ဩဇိပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
7 ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့် အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
8 ယုဒရှင်ဘုရင် ဩဇိနန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကိုစိုးစံ၏။
9 ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသောနေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
10 ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတဘက်၌ သင်းဖွဲ့၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ၏ အရာ၌ နန်းထိုင်၏။
11 ဇာခရိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
12 ထိုသို့ ထာဝရဘုရားက၊ သင်၏သားမြေးလေး ဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူ သောစကားတော် ပြည့်စုံသတည်း။
13 ယုဒရှင်ဘုရင် ဩဇိနန်းစံ သုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင်၍၊ ရှမာရိမြို့၌ တလစိုးစံလေ၏။
14 ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့ သို့သွား၍၊ ယာဖက်သား ရှလ္လုံကိုသေအောင် လုပ်ကြံပြီး လျှင်၊ သူ၏အရာ၌ နန်းထိုင်၏။
15 ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက်ရှိ၏။
16 ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကို ခွဲလေ၏။
17 ယုဒရှင်ဘုရင်ဩဇိနန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။
18 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
19 အာရှုရိရှင်ဘုရင် ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည် အကြောင်း၊ ပုလမင်းမစစေခြင်းငှါ၊ ငွေအခွက်တသောင်း ကို ဆက်ရ၏။
20 အာရှုရိရှင်ဘုရင်အား ဆက်စရာဘို့၊ မေနဟင် သည် ဣသရေလ အမျိုး၌ငွေခွဲ၍၊ ရတတ်သော သူတိုင်း အကျပ်ငါးဆယ်စီပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင် သည် မနေ၊ မိမိပြည်သို့ ပြန်သွား၏။
21 မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
22 မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကတိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
23 ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကတိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။
24 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
25 အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏ အရာ၌ နန်းထိုင်၏။
26 ပေကတိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27 ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။
28 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
29 ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့သိမ်းသွား၏။
30 ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင်၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင် ၏။
31 ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
32 ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊
33 ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။
34 ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှ အတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို ပြု၏။
35 သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍၊ နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက် တံခါးကို လုပ်လေ၏။
36 ယောသံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊
37 ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ၏။
38 ယောသံသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင် ၏။
အနက်ဖွင့်ချက်။
၁၅:၁ အာဇရိယ။ ၁၄:၂၁ ရှိမှတ်ချက်ကို ကြည့်ပါ။
15:1 Azariah. See note on 14:21.
၁၅:၂ အနှစ်ငါးဆယ့်နှစ်။ အာဇရိယသည် ဒါဝိဒ်နှင့် ရှောလမုန်ထက် ပိုမိုကြာရှည်အုပ်စိုးခဲ့သည်။ သူ၏တောင်ပိုင်းရှိ သြဇာအာဏာသည် ရှောလမုန်လက်ထက်ကဲ့သို့ ဆင်တူသည်။
15:2 fifty-two years. Azariah reigned longer than
David or Solomon. His sphere of influence in the south was similar to that of
Solomon in his time.
၁၅:၅ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသည်။ အာဇရိယသည် ဗိမာန်ထဲတွင် ယဇ်ပုရောဟိတ်လုပ်ငန်းကို လုပ်ဆောင်သည့်အတွက် အပြစ်ပေးခံရသည် (၆ ရာ ၂၆:၁၆-၂၁ ကိုကြည့်ပါ)။ သူ၏ရောဂါကြောင့် တော်ဝင်တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီတော့ပါ။ သူ၏သားယောသံသည် အုပ်စိုးသူဖြစ်လာသည်။
15:5 the Lord struck. Azariah is punished for taking
the priestly function in the temple (see 2 Chr. 26:16–21). Due to his illness,
he is no longer qualified to perform his royal duties. His son Jotham becomes
the ruler.
၁၅:၈ ဇာခရိယ။ ဤနာမည်သည် “ထာဝရဘုရားသည် မှတ်မိတော်မူသည်” ဟု အဓိပ္ပာယ်ရသည်။ သူသည် ယေဟု၏မင်းဆက်မှ စတုတ္ထမြောက်နှင့် နောက်ဆုံးဘုရင်ဖြစ်ပြီး၊ ၎င်း၏အဆုံးသတ်သည် မတည်ငြိမ်မှုကြီးစွာသော ကာလကို ဖြစ်ပေါ်စေခဲ့သည်။
15:8 Zechariah. The name means “the Lord remembers.”
He is the fourth and final king from Jehu’s dynasty, the end of which ushered
in a period of great instability.
၁၅:၁၃ ဦဇိယ။ အာဇရိယ၏ နောက်ထပ်နာမည်တစ်ခုဖြစ်သည်။
15:13 Uzziah. Another name of Azariah.
၁၅:၁၄ တိဇာ။ ယေရောဗောမ ၁ ၏ တော်ဝင်နေအိမ်ဖြစ်သည်။ မနဟိမ်သည် ထိုမြို့တွင် စစ်တပ်မှူးဖြစ်သည်။
15:14 Tirzah. A royal residence of Jeroboam I. Menahem was the military
commander in that city.
၁၅:၁၆ မိန်းမများအားလုံး။ မနဟိမ်၏ စစ်ပွဲတွင်းရက်စက်မှုသည် ရှေးခေတ်တွင် ထူးခြားခဲ့သည်မဟုတ် (၈:၁၂၊ ဟောရှ ၁၃:၁၆၊ အာ ၁:၁၃)။ အာရှုရိဘုရင်အချို့သည် လူသားများအပေါ် ရာဇ၀တ်မှုများကြောင့် နာမည်ဆိုးရှိခဲ့သည်။
15:16 All the women. Menahem’s cruelty in war was not
unique in ancient times (8:12; Hos. 13:16; Amos 1:13). Some Assyrian kings were
notorious for crimes against humanity.
၁၅:၁၉ ပူလ။ အာရှုရိဘုရင် တစ်ဂလတ်-ပီလေဇာ ၃ ၏ ဗာဗုလုန်နာမည်ပြောင်ဖြစ်ပြီး၊ “အရှေ့မှထိတ်လန့်ဖွယ်ရာ” ဟုလည်း ခေါ်သည်။ သူ၏အမည်အပြည့်အစုံကို ၂၉ တွင် ဖော်ပြထားသည်။ အလေးချိန်တစ်ထောင်။ ခန့်မှန်းခြေ ၃၇ တန် (၃၄ တန်)။
15:19 Pul. The Babylonian nickname of the Assyrian king
Tiglath-Pileser III; also called the “terror from the east.” His full name is
given in v. 29. a thousand talents. About 37 tons (34
t).
၁၅:၂၀ ငွေရှေကယ်ငါးဆယ်။ ခန့်မှန်းခြေ ၁ ပေါင် ၁/၄ (၀.၆ ကီလိုဂရမ်)။ မနဟိမ်သည် နိုင်ငံကို ထိန်းချုပ်ရန် အာရှုရိဘုရင်အား ဂါရဝပြုရန်အတွက် သူ၏လူများကို အခွန်ကောက်ခံသည်။
15:20 fifty shekels of silver. About 1 1/4 pounds (0.6 kg). Menahem
taxes his people in order to pay a tribute to the Assyrian king for helping him
gain control over the kingdom.
၁၅:၂၉ တစ်ဂလတ်-ပီလေဇာ။ ၁၅:၁၉ ရှိမှတ်ချက်ကို ကြည့်ပါ။ သူတို့ကို သိမ်းသွားသည်။ ဤဖြစ်ရပ်သည် ဘီစီ ၇၂၂ တွင်ဖြစ်ပြီး၊ မျိုးနွယ်စုဆယ်ခု၏ ဒိုင်အာစပရာ (ပြည်နှင်ဒဏ်) ၏အစဖြစ်သည်။
15:29 Tiglath-Pileser. See note on v. 19. he
carried them captive. This event is dated to 722 B.C. and marks
the beginning of the Diaspora of the ten tribes.
၁၅:၃၂ ပေကဟ်။ ဤဘုရင်၏နာမည်ကို ဟာဇာ မြို့မှ အိုးကွဲစတစ်ခုပေါ်တွင် ဖော်ပြထားသည်။
15:32 Pekah. The name of this king is mentioned on a
jug fragment from the city of Hazor.
၁၅:၃၇ ရေဇင်။ ဣသရေလဘုရင်နှင့် မဟာမိတ်ဖွဲ့ကာ ယုဒဘုရင်ကို အာရှုရိဆန့်ကျင်ရန် ဖိအားပေးရန် ဖွဲ့စည်းခဲ့သော ဆီးရီးယား (အာရံ) ဘုရင်ဖြစ်သည်ၛ
15:37 Rezin. A Syrian (Aramean) king who formed a coalition
with the king of Israel to pressure Judah’s king against Assyria.
No comments:
Post a Comment