Wednesday, May 20, 2026

ဓမ္မရာဇဝင်စတုတ္ထစောင် ၁၃

 

အခန်းကြီး - ၁၃

ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။
ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။
တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။
ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။
ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
10 
ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
11 
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။
12 
ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
13 
ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။
14 
ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ် တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။
15 
ဧလိရှဲကလည်း၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။
16 
လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက်၊
17 
အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့် လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို၏။
18 
မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။
19 
ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။
20 
ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။
21 
ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။
22 
ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏။
23 
ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။
24 
ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25 
ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ၏။

အနက်ဖွင့်ချက်။

၁၃: ဤဇာတ်လမ်း၏ ပုံစံသည် တရားသူကြီးများစာအုပ်နှင့်တူသည်။ ဣသရေလ၏အပြစ်များကို နိုင်ငံခြားသားတို့၏ ကျူးကျော်မှုဖြင့် အပြစ်ပေးခံရပြီး၊ ထို့နောက် ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်သော ကယ်တင်ရှင်တစ်ဦးကို စေလွှတ်သည်။

13:1–9 The pattern of this narrative is like that of the book of Judges. Israel’s sins are punished by a foreign invasion, then God sends a deliverer who saves them.

 

၁၃: ယေရောဗောင်၏အပြစ်များ။ ဣသရေလတွင် ရွှေရုပ်တု နှစ်ခုထားရှိခြင်း ( ရာ ၁၂:၂၈၃၀ ကိုကြည့်ပါ)

13:2 the sins of JeroboamThe placing of two golden idols in Israel (1 Kin. 12:28–30).

 

၁၃: ကယ်တင်ရှင်။ အမည်မဖော်ပြထားသော်လည်း၊ အိမ်နီးချင်းနိုင်ငံတစ်ခု၏ ဘုရင်ဖြစ်ဖွယ်ရှိသည်။

13:5 a deliverer. Not named, but likely the king of a neighboring nation.

 

၁၃: သစ်သားရုပ်တု။ ခါနာန်ဘာသာဝင်များ၏ ဝတ်ပြုရာတွင် အသုံးပြုသော အရာဝတ္ထုဖြစ်ပြီး အာဟပ်မင်းကြီးက ထားရှိခဲ့သည်။ အရှရာ၊ မွေးဖွားမှုနတ်ဘုရားမဖြစ်ပြီး၊ ထိုသို့သောအရာဝတ္ထုများဖြင့် မကြာခဏကိုယ်စားပြုလေ့ရှိသည်။ ဆာမာရိ။ မြောက်ပိုင်းဘုရင်ပြည်၏ မြို့တော်။

13:6 wooden image. An object used in Canaanite worship and set up by Ahab. Asherah, a fertility goddess, was often represented by such objects. Samaria. The capital city of the northern kingdom.

 

၁၃: တစ်သောင်း။ တပ်ရင်းကြီး ဆယ်ရင်း။ ကာကာမြို့တိုက်ပွဲတွင် အာဟပ်မင်းကြီးသည် အာရှုရိယားကို ဆန့်ကျင်သော ညွန့်ပေါင်းတပ်ဖွဲ့သို့ ဤပမာဏစစ်သည်များကို ထောက်ပံ့ခဲ့သည် ( ရာ ၂၂:၅၃ မှတ်စုကိုကြည့်ပါ)

13:7 ten thousandTen large military units. At the battle of Qarqar, Ahab had supplied this number of soldiers to the coalition of forces against Assyria (see note on 1 Kin. 22:1–53).

 

၁၃:၁၄ သူသေလိမ့်မည်။  ဘုရင်ခံတွင် ဧလိရှဲ၏ ဆယ်စုနှစ်များစွာအတွင်း တစ်ခုတည်းသော လုပ်ဆောင်ချက်ကိုမျှ မဖော်ပြထားပါ။ အိုကျွန်ုပ်၏ဖခင်။ လေးစားမှုနှင့် နာခံမှုကို ဖော်ပြသော ဘွဲ့အမည်တစ်ခု။ ဣသရေလ၏ ရထားများနှင့် ၎င်းတို့၏ မြင်းသည်များ။ ဤဘွဲ့အမည်ကို ဧလိယအား လည်း ပေးထားသည် (:၁၂) ဣသရေလ၏ အကာအကွယ်ပေးသူအဖြစ်၊ ဧလိရှဲသည် ၎င်း၏ စစ်ပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

13:14 he would die2 Kings does not report a single act of Elisha during several decades. my father. A title of respect and submission. the chariots of Israel and their horsemen. The title also given to Elijah (2:12). As Israel’s protector, Elisha took an active role in its wars.

 

၁၃:၁၇ အရှေ့ဘက်ပြတင်းပေါက်။ ဆီးရီးယားလူမျိုးများသည် ဣသရေလ၏အရှေ့ဘက်ပိုင်းကို ထိန်းချုပ်ထားသည်။ ဆီးရီးယား။ ဣသရေလ၏မြောက်ဘက်တွင်ရှိသော အာရမ်လူမျိုးများ၏ပြည်၏ဂရိအမည်။

13:17 east window. The Syrians are controlling the eastern part of Israel. Syria. The Greek name for the land of the Arameans, located north of Israel.

 

၁၃:၁၈ သုံးကြိမ်။ ဣသရေလဘုရင်၏အနာဂတ်စစ်ရေးအောင်မြင်မှုကိုဆုံးဖြတ်သည့် သင်္ကေတဆန်သောလုပ်ရပ်တစ်ခု (အခန်းကြီး ၂၅)

13:18 three times. A symbolic act that determines the future military success of the king of Israel (v. 25).

 

၁၃:၂၀ မောဘ။ သေမင်းပင်လယ်၏အရှေ့ဘက်တွင်ရှိသောပြည်။ မောဘလူမျိုးများသည် အာဗြံ၏တူဖြစ်သော လောတ်မှဆင်းသက်လာသူများဖြစ်သည်။ နွေဦးရာသီတွင်။ ဘုရင်များစစ်ပွဲသို့သွားသည့်အခါ။  ရာ. ၁၁: မှတ်ချက်ကိုကြည့်ပါ။

13:20 Moab. The land located east of the Dead Sea. The Moabites descended from Abram’s nephew Lot. in the spring of the year. When kings go off to war. See note on 2 Sam. 11:1.

 

၁၃:၂၁ ဧလိရှဲ၏သင်္ချိုင်း။ ဧလိရှဲသည် ဂူတစ်ခုတွင်သင်္ဂြိုဟ်ခံရသည်။ သူ၏ဘဝတစ်လျှောက်တွင် အံ့ဖွယ်များစွာပြုလုပ်ခဲ့ပြီး ဤအံ့ဖွယ်မှတစ်ဆင့် ဘုရားသခင်သည် ဧလိရှဲ၏တန်ခိုးအရင်းအမြစ်သို့လူများ၏အာရုံကိုလှည့်ပေးနေသည်။

13:21 tomb of Elisha. Elisha was buried in a cave. In his lifetime he performed many miracles and through this miracle God is turning the people’s attention to the Source of Elisha’s power.

 

၁၃:၂၅ သုံးကြိမ်။ ဧလိရှဲ၏ဗျာဒိတ်ပြည့်စုံခြင်း (အခန်းကြီး ၁၈)

13:25 Three timesIn fulfillment of Elisha’s prediction (v. 18).

No comments:

Post a Comment