အခန်းကြီး - ၆၈
ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။
2 မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
3 ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။
4 ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
5 ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။
6 ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
7 အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊
8 ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
9 အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
10 ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
11 ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
12 စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။
13 သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။
14 အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။
15 ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊
16 သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
17 ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
18 ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။
19 ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။
20 ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။
21 ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း ဧကန်အမှန် နှိပ်စက်တော်မူမည်။
22 သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။
23 ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
24 အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။
25 ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။
26 ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။
27 အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။
28 အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။
29 ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။
30 ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
31 အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။
32 မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
33 အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။
34 ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။
35 အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
အနက်ဖွင့်ချက်။
၆၈—ကျေးဇူးတော်ရှင် ဘုရားသခင်အား ဂုဏ်ပြုသော ချီတက်ပွဲ
ကမ္ဘာမြေ၏ဘုရားနှင့် တိုင်းနိုင်ငံအားလုံး၏ဘုရင်ဖြစ်တော်မူသော အရှင်သည် ဇိအုန်တောင်ပေါ်ရှိ ယေရုရှလင်မြို့၌ သူ၏ဗိမာန်တော်သို့ ကြွမြန်းတော်မူကြောင်း ဂုဏ်တင်ရန် (၇၊ ၂၄-၂၇ အထူးသတိပြုပါ) ပြည်သူ့ကိုးကွယ်ခြင်း ချီတက်ပွဲဆိုင်ရာ ဆာလံသီချင်း။
68—Procession in Honor of the Lord
Public worship procession psalm (notice especially vv. 7, 24–27) to the glory of God of the earth and the King of all nations who ascended on high, i.e., in His temple on Mount Zion in Jerusalem.
၆၈:၄ သူ၏နာမတော် ယာဟ်— ဤနေရာတွင် ဘုရားသခင်၏နာမတော်မှာ ယေဟောဝါ၏ အတိုကောက်ပုံစံဖြစ်ပြီး သန့်ရှင်းသော နာမတော်လေးလုံး (ဆာ ၁၁၇:၂၊ ၁၁၈:၅၊ ယေ ၂:၃၁၊ ထွက် ၃:၁၄၊ ၆:၃၊ သီချင်း ၈:၆ တို့ကိုလည်း ကြည့်ပါ)။
68:4 His name Yah. The name of God here is the shortened form of Yahweh, the holy tetragrammaton (see 117:2; 118:5; Jer. 2:31; see notes on Ex. 3:14; 6:3; Song 8:6).
၆၈:၅-၆ ဘုန်းတန်ခိုးကြီးမားပြီး ချီးမွမ်းခြင်းခံရသော ဘုရားသခင်သည် လူမှုအဖွဲ့အစည်းရှိ အအားနည်းဆုံးသူများ—ဖခင်မဲ့များ၊ မုဆိုးမများ၊ အထီးကျန်သူများ၊ အကျဉ်းသားများနှင့် ဆင်းရဲသူများကိုပါ (၁၀) ဂရုစိုက်တော်မူ၏။
68:5–6 The magnificent and praised God cares even for the weakest in society—fatherless, widows, lonely, prisoners, and poor (v. 10).
၆၈:၁၂-၁၃ အာရုံပြုစေရန် ချဲ့ကားဖော်ပြသော ကဗျာဆန်သည့် ပုံဥပမာ— အစ္စရေးတို့ စစ်မြေပြင်တွင် ရန်သူများနှင့် မတွေ့မီကပင် ဘုရားသခင်သည် ရန်သူများကို အနိုင်ယူပြီးဖြစ်၏။ ဘုရား၏လူမျိုးသည် သိုးခြံများကြားတွင် အိပ်နေစဉ်၊ ဘုရားသခင်က သူတို့အတွက် စစ်တိုက်ပေးပြီး နောက်ပိုင်းတွင် သူတို့အား လုယက်ရသောဥစ္စာများကို ပေးတော်မူ၏။ ဤနေရာတွင် ခိုပျံသည် ဘုရား၏လူမျိုး အစ္စရေးကို ကိုယ်စားပြု၏ (၇၄:၁၉)။
68:12–13 Poetic figure of speech that uses exaggeration for emphasis: God had defeated the enemies even before Israel met them in battlefields; while God’s people were sleeping among the sheepfolds, He fought for them and afterwards gave them the spoils. A dove here represents God’s people, Israel (74:19).
၆၈:၁၄ ဘုရားသခင်သည် ရန်သူများကို အနိုင်ယူပြီး ဖြန့်ဖြူးတော်မူသော အနန္တတန်ခိုးရှင် အောင်နိုင်သူဖြစ်၏။
68:14 God is an Almighty Conqueror defeating and scattering enemies.
၆၈:၁၈ ဘုရားသခင်ရှေ့တွင် ပုန်ကန်သူများပင် ဦးညွှတ်ပြီး လက်ဆောင်ပဏ္ဏာများ ဆက်သကြ၏။
ဤပုံဥပမာသည် အောင်ပွဲခံချီတက်ပွဲတွင် သူကျွန်များနှင့် လက်ဆောင်များ ဆက်သသည့် အောင်နိုင်သောဘုရင်ကို ဖော်ညွှန်း၏။ ရှင်ပေါလုက ဤဥပမာကို ဧဖက်ဩဝါဒစာ ၄:၈-၁၃ တွင် အသုံးပြုထား၏။
68:18 Before God even the rebellious bow down and offer tribute. The imagery invokes a victorious king in triumphant procession when captives and gifts are presented. Paul uses this illustration in Eph. 4:8–13.
၆၈:၁၉-၂၀ ဘုရားသခင်အား ချီးမွမ်းခြင်းမှာ၊ သူသည် သူ၏လူမျိုး၏ဝန်ထုပ်များကို နေ့စဉ်ထမ်းရွက်တော်မူသော ကယ်တင်ရှင်ဖြစ်သောကြောင့်ဖြစ်၏။ သူသည် သေခြင်းမှလည်း ကယ်တင်တော်မူ၏။
68:19–20 God is praised, because He is the Savior who daily bears His people’s burdens. He even saves from death.
၆၈:၂၃ ဘုရားသခင်၏ အပြည့်အဝအောင်မြင်မှုကို ဖော်ပြထား၏ (၅၈:၉-၁၁ ကိုလည်း ကြည့်ပါ)။
ခွေးများ—သေသူများ၏သွေးကို လျက်သော ခွေးများအတွက် ၁ ရာဇဝင်ချုပ် ၂၁:၁၉၊ ၂၂:၃၈ တို့ကိုကြည့်ပါ။
68:23 God’s total victory is described (see also note on 58:9–11). dogs. For dogs lapping up the blood of the dead, see 1 Kin. 21:19; 22:38.
၆၈း၂၉–၃၂ သာသနာပြုလုပ်ငန်းကို အလေးပေးဖော်ပြထားသည် - ဘုရင်များသည် ဗိမာန်တော်သို့ လက်ဆောင်များယူဆောင်လာကြမည်၊ အီဂျစ်နှင့် အီသီယိုပီယား (ကုရှ) မှ လူများလာရောက်၍ အမှန်တကယ်ဘုရားကို ကိုးကွယ်ကြမည်၊ ကမ္ဘာမြေရှိ နိုင်ငံအားလုံးသည် ထာဝရဘုရားအား သီဆိုကြမည်။
68:29–32 Missionary outreach is stressed: kings will bring gifts to the temple; people from Egypt and Ethiopia (Cush) will come and serve the true God; and the kingdoms of the earth will sing to the Lord.
၆၈း၃၂–၃၅ ချီတက်ပွဲ၏ အထွတ်အထိပ်၊ ဖန်ဆင်းရှင်ဘုရားသခင်သည် ချီးမြှောက်ခြင်းခံရပြီး သန့်ရှင်းစင်ကြယ်ကာ သူ၏ဗိမာန်တော်တွင် ချီးမွမ်းခြင်းခံရသည်။
68:32–35 Culmination of the procession; God the Creator is uplifted, holy, and praised in His sanctuary.
No comments:
Post a Comment