အခန်းကြီး
- ၉၉
ထာဝရဘုရားသည်
စိုးစံတော်မူ၏။ လူများတို့ သည် တုန်လှုပ်ခြင်း ရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ်
တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။
2 ထာဝရဘုရားသည်
ဇိအုန်တောင်မှာ ကြီးမြ +တ် တော်မူ၏။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်း
ရှိတော်မူ၏။
3 ကြီးမြတ်၍
ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည်
သန့်ရှင်းခြင်း ရှိသတည်း။
4 တရားကို
နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သော
စီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရား သဖြင့်ပြု၍၊
ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
5 ငါ့တို့ဘုရားသခင်
ထာဝရဘုရားကို ချီးမြှောက် ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။
အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်း တော်မူသတည်း။
6 ယဇ်ပုရောဟိတ်
မောရှေနှင့် အာရုန်၊ နာမတော် ကို ပဌနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရ ဘုရားကို
ပဌနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။
7 သူတို့အားမိုဃ်းတိမ်တိုင်ထဲက
မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကို၎င်း၊
စီရင်ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက်ကြ၏။
8 အကျွန်ုပ်တို့၏
ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ သူတို့အမှု ကြောင့်
အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ၏။
9 ငါတို့၏
ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသော တောင်တော်မှာ
ပြပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည်
သန့်ရှင်းတော်မူ သတည်း။
အနက်ဖွင့်ချက်။
၉၉—တန်ခိုးကြီးမြတ်သော ဘုရင်ကြီးအား ချီးမြှောက်ပါ၊ သူသည် သန့်ရှင်းခြင်း၌ အုပ်စိုးတော်မူသည်
ဘုရားသခင်၏ အုပ်စိုးခြင်းအကြောင်း နောက်ဆုံးသီချင်းဖြစ်ပြီး သူ၏ သန့်ရှင်းခြင်းနှင့် အားကြီးစွာ ဆက်စပ်နေသည် (သန့်ရှင်းခြင်းကို သုံးကြိမ်ဖော်ပြထားသည်- အခန်းကဏ္ဍ ၃၊ ၅၊ ၉)။
99—Exalt the Great and Mighty King; He Reigns
in His Holiness
Final hymn on God’s reign associated strongly with His
holiness (mentioned three times: vv. 3, 5, 9).
၉၉:၄ မျှတခြင်း။ ဘုရားသခင်သည် တရားမျှတခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သူသည် မျှတစွာ၊ တရားမျှတစွာ၊ ဘက်လိုက်မှုမရှိဘဲ တရားစီရင်ခြင်းကို တည်ထောင်တော်မူသည် (၉၆:၁၀၊ ၉၈:၉)။
99:4 equity. God
is the foundation of justice. He establishes it with fairness, justly, and
without partiality (96:10; 98:9).
No comments:
Post a Comment