Sunday, May 24, 2026

ယေရမိအနာဂတ္တိကျမ်း ၄၈

 

အခန်းကြီး - ၄၈

1 က္ကသရေလအမျိုး၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ နေဗောမြို့သည် အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ရောက်လေ၏။ ကိရယ သိမ်မြို့သည် ရှုံး၍လုယူခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက်လေ၏။
မောဘပြည်သည် နောက်တဖန် ဟေရှဘုန် မြို့၌ မဝါကြွားရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါ ပယ်ရှားကြကုန်အံ့ဟု၊ ရန်ပြုမည့်အကြံနှင့် ကြံစည်ကြ၏။ အိုမာဒမေနမြို့၊ သင်သည်လည်းပျက် စီးရမည်။ ထားဘေးသည် သင့်ကိုလိုက်လိမ့်မည်။
ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာ သော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကိုကြားရ၏။
မောဘပြည်သည်ပျက်စီးခြင်းသို့ရောက်၍၊ သူငယ်တို့သည် မြည်တမ်းသောအသံကိုပြုကြ၏။
ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ၏။ ဟောရနိမ်မြို့သို့ဆင်းရာအရပ်၌လည်း၊ ဆုံးရှုံးခြင်းအသံကိုရန်သူတို့သည် ကြားရကြ၏။
အသက်လွတ်အံ့သောငှါပြေးကြလော့။ လွင်ပြင် ၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်ကြလော့။
သင်သည်မိမိဆည်းဖူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့်၊ သူတပါးလက်သို့ရောက်ရလိမ့်မည်။ ခေမုရှဘုရားကိုလည်း သူ၏မင်း၊ သူ၏ယဇ်ပုရောဟိတ်တို့ နှင့်တကွ သိမ်းသွားကြလိမ့်မည်။
လုယူသောသူသည် မြို့များအစဉ်အတိုင်း ရောက်လာ၍ မြို့တမြို့မျှမလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ။
မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့။ မြို့တို့သည်နေသောသူမရှိ၊ လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။
10 
ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သော သူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။
11 
မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သော အရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။
12 
သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ၏အိုးတို့ကိုသွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။
13 
ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုး သည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။
14 
ငါတို့သည်အားကြီးသောသူ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သော သူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။
15 
မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွားကြပြီဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။
16 
မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရ သောဘေးသည် အလျင်အမြန်လာ၏။
17 
သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက်မြည်တမ်းကြလော့။ သူ၏နာမကို သိသော သူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ် သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြ လော့။
18 
ဒိဘုန်မြို့၌နေသောသတို့သမီး၊ သင်ခံစားရ သော စည်းစိမ်မှ ဆင်း၍အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည်။
19 
အိုအာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှု လော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကိုမေးမြန်းလော့။
20 
မောဘသည်စိတ်ပျက်လေ၏။ ပြိုလဲလျက်ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်း ကို အာနုန်မြို့၌ ကြားပြောကြလော့။
21 
လွင်ပြင်နှင့်တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊
22 
ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊
23 
ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊
24 
ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရ ကြ၏။
25 
မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံး သည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
26 
မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိ အန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကို ခံရ၏။
27 
သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား။
28 
မောဘပြည်၌နေသောသူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက် လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့။
29 
မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊
30 
သူ၏ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့်၊ မိမိအလိုမပြည့်စုံရာဟု ထာဝရ ဘုရားမိန့်တော်မူ၏။
31 
ထိုကြောင့်၊ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောသပြည်တပြည်လုံးအတွက် ငိုကြွေး မည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။
32 
အိုစိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။
33 
ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။
34 
ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။
35 
မောဘပြည်၌မြင့်သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 
ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက် မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ။
37 
လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။
38 
အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘ ပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌၎င်း၊ လမ်းများ၌၎င်း၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
39 
သူတို့ကလည်း၊ မောဘပြည်ပြိုပျက်လေပြီ တကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။
40 
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည်။
41 
မြို့တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသော ကြောင့်၊ ထိုနေ့၌မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံး ကဲ့သို့ဖြစ်ရလိမ့်မည်။
42 
မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့်၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။
43 
အိုမောဘအမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက် လေပြီ။
44 
ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ကျော့မိလိမ့်မည်။ ဆုံးမ ခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
45 
ပြေးသောသူတို့သည်အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင် လွှားသောသူတို့၏ အထွဋ်မှစ၍ မောဘပြည်စွန်း တိုင်အောင် လောင်လိမ့်မည်။
46 
အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏ သားသမီးများကို သိမ်းသွင်း ကြပြီ။
47 
သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘ အမျိုးသားတို့ကို နောင်ကာလ၌ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရ သော အပြစ်တရားပေတည်း။

အနက်ဖွင့်ချက်

၄၈: မောဘ်။ လော့၏သားစဉ်မြေးဆက် (ထွက်မြောက်ရာကျမ်း ၁၉:၃၆-၃၇ ကိုကြည့်ပါ) ဖြစ်ပြီး သူ၏နယ်မြေသည် သေမင်းပင်လယ်အရှေ့ဘက်တွင်ရှိသည်။ မောဘ်၏ပျက်စီးခြင်းနှင့် ၎င်း၏ခံတပ်များအရှက်တကွဲဖြစ်ခြင်းကို ဟောကိန်းထုတ်ထားသည်။ ဤအရာသည် ဖြစ်စဉ်အနေဖြင့် ဘီစီ ၅၈၂ ဝန်းကျင်တွင် ပြည့်စုံခဲ့သည် (၅၂:၃၀ ကိုကြည့်ပါ) နံဘို ကိရိယာသိမ်။ မောဘ်လူမျိုးများသိမ်းပိုက်ထားသော ရုဗင်လူမျိုး၏မြို့များ၊ အာနုန်မြစ်မြောက်ဘက်တွင်ရှိသည်။

48:1 Moab. Descendants of Lot (see Gen. 19:36–37) whose territory is east of the Dead Sea. Moab’s destruction is predicted, as well as its stronghold shamed. This was fulfilled probably around 582 B.C. (see 52:30). Nebo … Kirjathaim. Reubenite cities the Moabites occupied, north of the Arnon River.

 

၄၈: ဟေရှဘုန်။ အမောရိလူမျိုး၊ ထို့နောက်ဣသရေလလူမျိုး၏မြို့ဖြစ်ပြီး ယခုမောဘ်လူမျိုးထိန်းချုပ်မှုအောက်တွင်ရှိသည်၊ သေမင်းပင်လယ်အရှေ့မြောက်ဘက်တွင်ရှိသည် (တောလည်ရာကျမ်း ၂၁:၂၅-၂၆၊ ၃၂:၃၇ ကိုကြည့်ပါ) ဆိုးယုတ်သောအကြံအစည်။ မောဘ်ပျက်စီးရန် ကြံစည်ထားသောအကြံ။

48:2 Heshbon. An Amorite, then Israelite city, now under Moabite control; northeast of the Dead Sea (see Num. 21:25–26; 32:37). devised evil. A plot for Moab’s destruction.

 

၄၈:- ငိုကြွေးသံ။ ပျက်စီးခြင်းပျံ့နှံ့လာသည်နှင့်အမျှ မြို့သူမြို့သားများ စိတ်ဆင်းရဲကြသည်။

48:3–5 voice of crying. The inhabitants are distressed as destruction spreads.

 

၄၈:- ငိုကြွေးသံ။ ပျက်စီးခြင်းပျံ့နှံ့လာသည်နှင့်အမျှ မြို့သူမြို့သားများ စိတ်ဆင်းရဲကြသည်။

48:6 juniper. Symbol of desolation.

 

၄၈: မိမိစည်းစိမ်ကိုယုံစား။ မိမိကိုယ်ကိုယုံကြည်မှုနှင့် မာန်တက်မှုသည် တရားစီရင်ခြင်း၏အကြောင်းရင်းဖြစ်သည်။ ချမုရှ သိမ်းဆည်းခြင်း။ မောဘ်လူမျိုး၏အဓိကဘုရား (ဘုရင်မှတ်တမ်း ၁၁: ကိုကြည့်ပါ) စစ်မှန်သောဘုရားသခင်ရှေ့တွင် အားမရှိပေ။ ယဇ်ပုရောဟိတ်များ မင်းညီမင်းသား။ ချမုရှကိုသယ်ဆောင်သူများ။

48:7 trusted … treasures. Self-sufficiency and complacency are reasons for judgment. Chemosh … into captivity. Moabite chief god (see 1 Kin. 11:7), powerless when facing the true God. priests … princes. The retinue carrying Chemosh.

 

၄၈: လုယူသူ။ နဘုခေါနဇာ ဖြစ်နိုင်သည်။ ချိုင့်နှင့်လွင်ပြင်။ မောဘ်၏အဓိကပထဝီဝင်အင်္ဂါရပ်များ၊ နိုင်ငံတစ်ခုလုံးကိုကိုယ်စားပြုသည်။

48:8 plunderer. Probably Nebuchadnezzar. valley … plain. Moab’s main geographical features; stands for the whole land.

 

၄၈:၁၀ ကျိန်ဆဲခြင်း။ ပျက်စီးစေသူများသည် အားထုတ်လုပ်ဆောင်ရမည်။

48:10 Cursed. Agents of destruction must work with vigor.

 

၄၈:၁၁ အနည်ထိုင်နေခြင်း။ မောဘ်၏မာန်တက်မှုကို ၎င်း၏ထင်ရှားသောစပျစ်ဥယျာဉ်များမှ ဝိုင်ရင့်စည်းခြင်းနှင့်နှိုင်းယှဉ်ထားသည်။

48:11 settled on his dregs. Moab’s complacency is likened to maturing wine from its famous vineyards.

 

၄၈:၁၂ နေ့ရက်များလာလိမ့်မည်။ တရားစီရင်ခြင်း၏နေ့။ လောင်းထည့်ပါ။ မောဘ်၏ပျက်စီးခြင်းကို ရွံ့စဉ်းအိုးများဖျက်ဆီးခြင်းနှင့်နှိုင်းယှဉ်သည်။

48:12 days are coming. Of judgment. tip him over. Moab’s destruction is likened to destroying clay wine jars.

 

၄၈:၁၃ ချမုရှကြောင့်အရှက်ကွဲခြင်း ဗေသိလ။ ချမုရှသည် မောဘ်ကိုမကူညီနိုင်သလို ရွှေနွားသငယ်များသည် ဣသရေလကိုမကူညီနိုင်ခဲ့ပေ (ဘုရင်မှတ်တမ်း ၁၂:၂၆-၂၉ ကိုကြည့်ပါ)

48:13 ashamed of Chemosh … of Bethel. Chemosh cannot help Moab anymore than the golden calves helped Israel (see 1 Kin. 12:26–29).

 

၄၈:၁၅ ဘုရင်။ ဘုရားသခင်၊ မောဘ်၏စစ်မှန်သောရန်သူ။

48:15 the King. God, Moab’s true enemy.

 

၄၈:၁၇ ငိုကြွေးပါ။ အနီးနားရှိနိုင်ငံများကို ပြိုလဲသွားသောနိုင်ငံအတွက် ဝမ်းနည်းရန် ဖိတ်ခေါ်ထားသည် (၂၇: ကိုကြည့်ပါ) တောင်ဝှေး လှံ။ အာဏာ၏သင်္ကေတများ၊ မောဘ်၏ခမ်းနားမှုသည် ကုန်လွန်သွားပြီ (ထွက်မြောက်ရာကျမ်း ၄၉:၁၀ ကိုကြည့်ပါ)

48:17 Bemoan. Nations around are invited to mourn the fallen nation (see 27:3). staff … rod. Symbols of authority; Moab’s greatness has passed (see Gen. 49:10).

၄၈:၁၈ သမီး။ မြို့သူမြို့သားများ။ ဒိဘုန်။ အာနုန်မြစ်မြောက်ဘက်ရှိမြို့ (တောလည်ရာကျမ်း ၃၂:၃၄ ကိုကြည့်ပါ) ဆင်းလာ ထိုင်ပါ။ အုပ်စိုးသူသည် ရာထူးမှဖယ်ရှားခံရသည်။ ခံတပ်များ။ မြို့များ။ ပျက်စီးခြင်းသည် မြို့တစ်မြို့မှတစ်မြို့သို့ ရွှေ့သွားသည်၊ အခန်းငယ် ၁၈-၂၈။ တချို့တည်နေရာများမသိရှိရ။

48:18 daughter. Inhabitants. Dibon. Town north of the Arnon River (see Num. 32:34). Come down … sit. The ruler is demoted. strongholds. Cities. Destruction moves from city to city, vv. 18–28. Some locations are unknown.

 

၄၈:၁၉ အာရိုဝါ။ အာနုန်မြစ်မြောက်ဘက်ရှိမြို့။

48:19 Aroer. Town north of the Arnon River.

 

၄၈:၂၀ အာနုန်။ မောဘ်၏မူလမြောက်ဘက်နယ်နိမိတ်မြစ်။

48:20 Arnon. Originally the northern border river of Moab.

 

၄၈:၂၁ ဟိုလုန်၊ ယဇဟာ၊ မေဖါသ်။ ရုဗင်လူမျိုးသိမ်းပိုက်ထားသောမြို့များ။

48:21 Holon and Jahzah and Mephaath. Occupied Reubenite towns.

 

၄၈:၂၂ ဒိဘုန်။ အခန်းငယ် ၁၈ ကိုကြည့်ပါ။ နံဘို။ အခန်းငယ် ကိုကြည့်ပါ။ ဗက်ဒိဗလာသံမ်။ အာနုန်မြစ်မြောက်ဘက်ရှိမြို့။

48:22 Dibon. See v. 18. Nebo. See v. 1. Beth Diblathaim. Town north of the Arnon River.

 

၄၈:၂၃ ကိရိယာသိမ်။ အခန်းငယ် ကိုကြည့်ပါ။ ဗက်ဂါမုလ်၊ ဗက်မေယုန်။ အာနုန်မြစ်မြောက်ဘက်ရှိမြို့များ။

48:23 Kirjathaim. See v. 1. Beth Gamul and Beth Meon. Towns north of the Arnon River.

 

၄၈:၂၄ ကရီယုတ်။ ဖြစ်နိုင်သည်မှာ ကိရ်နှင့်အတူတူဖြစ်သည် (အာမုတ်ကျမ်း : ကိုကြည့်ပါ) ဗောဇရာ။ အာနုန်မြစ်မြောက်ဘက်ရှိမြို့။

48:24 Kerioth. Perhaps the same as Kir (see Amos 2:2). Bozrah. Town north of the Arnon River.

 

၄၈:၂၅ ဦးချို လက်မောင်း။ ခွန်အား၏သင်္ကေတများ။

48:25 horn … arm. Symbols of strength.

 

၄၈:၂၆ သူ့ကိုမူးစေပါ။ ဘုရားသခင်၏ဒေါသခွက်မှ (၂၅:၁၅ ကိုကြည့်ပါ) မိမိ၏ဘုရားကို ဘုရားသခင်နှင့်ဆန့်ကျင်ထားခြင်းအတွက်ဖြစ်သည်။

48:26 Make him drunk. From God’s cup of wrath, for setting its own god against God (see 25:15).

 

၄၈:၂၇ ဣသရေလကိုကဲ့ရဲ့ခြင်း။ မောဘ်သည် ဣသရေလ၏ဆင်းရဲဒုက္ခကို ဝမ်းမြောက်ခဲ့သည်။ သူသည် သူခိုးများထဲတွင်တွေ့ခဲ့သလား။ အနုတ်လက္ခဏာဖြေရမည်၊ ဣသရေလတွင် အရှက်ရစရာအကြောင်းမရှိခဲ့ပေ။

48:27 Israel a derision. Moab had rejoiced over Israel’s misfortune. Was he found among thieves? Should have a negative answer; Israel had no reason for shame.

 

၄၈:၂၈ ကျောက်ပေါ်တွင်နေထိုင်ပါ။ သဲကန္တာရသည် ထွက်ပြေးရန်အကောင်းဆုံးနေရာဖြစ်သည်။

48:28 dwell in the rock. Desert, the rational place of escape.

 

၄၈:၂၉ မာန။ မောဘ်ပြိုလဲခြင်း၏အကြောင်းရင်း (အခန်းငယ် ၁၁၊ ဟေရှာယ ၁၆:၆၊ ၂၅:၁၀-၁၁ ကိုကြည့်ပါ)

48:29 pride. The cause of Moab’s downfall (see v. 11; Is. 16:6; 25:10–11).

 

၄၈:၃၀ ငါသိ၏။ ဘုရားသခင်သည် ထိန်းချုပ်ထားသည်။

48:30 I know. God is in charge.

၄၈:၃၁ ငါဝမ်းနည်းလိမ့်မည်။ မောဘ်အတွက် ငိုကြွေးခြင်း၊ ပျက်စီးပြီးသားဟုမြင်သည်၊ အခန်းငယ် ၂၉-၃၉။ ကိရဟေရက်။ ဘုရင်မေရှသည် ၎င်း၏သားကိုယဇ်ပူဇော်ခဲ့ရာ မောဘ်တောင်ပိုင်းရှိနေရာ (ဘုရင်မှတ်တမ်း :၂၅-၂၇ ကိုကြည့်ပါ)

48:31 I will wail. Lament over Moab, seen as already destroyed, vv. 29–39. Kir Heres. Where king Mesha sacrificed his son, in southern Moab (see 2 Kin. 3:25–27).

 

၄၈:၃၂ စပျစ်ပင်။ အခန်းငယ် ၁၁ မှတ်စုကိုကြည့်ပါ။ သိဗမာ။ ဟေရှဘုန်အနီးရှိမြို့။

48:32 vine. See note on v. 11. Sibmah. Town near Heshbon.

 

၄၈:၃၃ ဝမ်းမြောက်ခြင်း ဆုံးရှုံးသွားသည်။ ရိတ်သိမ်းချိန်၊ ရိုးရာအလျောက်ပျော်ရွှင်ရမည့်အချိန်သည် ဝမ်းနည်းခြင်းသို့ပြောင်းလဲသွားသည်။

48:33 Joy … taken. Harvest, the traditional time of enjoyment, turns to grief.

 

၄၈:၃၄ မောဘ်အနီးရှိ နေရာများ- ဖျက်ဆီးခြင်းသည် နိုင်ငံ၏အစိတ်အပိုင်းအားလုံးကို ထိခိုက်လိမ့်မည်။

48:34 Places around Moab: destruction will touch every part of the nation.

 

၄၈:၃၅ ယဇ်ပူဇော်ခြင်းများ။ ရုပ်တုကိုးကွယ်ခြင်းသည် တရားစီရင်ခြင်း၏အကြောင်းရင်းဖြစ်သည်။

48:35 sacrifices. Idol worship, the cause of judgment.

 

၄၈:၃၇ ၄၁: ကိုကြည့်ပါ။

48:37 See 41:5.

 

၄၈:၃၈၃၉ အိမ်မိုးထပ်များ လမ်းများ။ ငိုကြွးမြည်တမ်းသံသည် နေရာတိုင်းတွင် ကြားရသည်။ ကျိုးပဲ့ အိုး။ မောဘ်သည် အပိုင်းပိုင်းကွဲသွားသည်။ အရှက်ကွဲခြင်း ကဲ့ရဲ့ခြင်း။ ၄၈:၂၆ ကိုကြည့်ပါ။

48:38–39 housetops … streets. Lamentation is heard everywhere. broken … vessel. Moab lies in pieces. shame … derision. See v. 26.

 

၄၈:၄၀ လင်းယုန်။ အဆိုးရွားဆုံး သားကောင်စားငှက်၊ ဤနေရာတွင် နဗုခ္ခနက်ဇာ ဟု နားလည်ရသည်။ ယဇိယေလ ၁၇: ကိုကြည့်ပါ။

48:40 eagle. The most ferocious bird of prey, understood here to be Nebuchadnezzar. See Ezek. 17:3–5.

 

၄၈:၄၁ ကရိယုတ်။ ၄၈:၂၄ ကိုကြည့်ပါ။ သူရဲကောင်းများ သန္ဓေတည်ခြင်းဝေဒနာ။ အကူအညီမဲ့ခြင်းနှင့် ဝေဒနာခံစားရခြင်း၏ ပုံရိပ်။

48:41 Kerioth. See v. 24. mighty men’s … birth pangs. Image of helplessness and pain.

 

၄၈:၄၂ လူမျိုးတစ်မျိုးအဖြစ် ဖျက်ဆီးခံရလိမ့်မည်။ နိုင်ငံသည် မရှိတော့ပေ။ မိမိကိုယ်ကို ချီးမြှောက်ခြင်း။ တရားစီရင်ခြင်း၏အကြောင်းရင်း။

48:42 destroyed as a people. The nation will cease to exist. exalted himself. Reason for judgment.

 

၄၈:၄၃၄၄ ထွက်ပြေးရန် အကျိုးမရှိ၊ တရားစီရင်ခြင်းသည် မလွှဲမရှောင်သာဖြစ်သည်။

48:43–44 Escape is futile; judgment is unavoidable.

 

၄၈:၄၅ ဟေရှဘုန်။ ၄၈: ကိုကြည့်ပါ။ မီး။ ဖျMomentဆီးခြင်း။ စိဟုန်။ အစောပိုင်းဘုရင်တစ်ပါး၊ ဟေရှဘုန်သည် သူ၏မြို့တော်ဖြစ်သည် (တော်လှန်ရာ ၂၁:၂၆၂၇ ကိုကြည့်ပါ)

48:45 Heshbon. See v. 2. fire. Destruction. Sihon. An early king, and Heshbon was his capital (see Num. 21:26–27).

 

၄၈:၄၆ ခမောရှလူမျိုးများ ပျက်စီးသည်။ ရုပ်တုသည် ၎င်း၏ကိုးကွယ်သူများကို ကာကွယ်နိုင်ခြင်းမရှိပါ။

48:46 people of Chemosh perish. The idol could not protect its worshipers.

၄၈:၄၇ နောက်ဆုံးသောနေ့ရက်များ၌ ပြန်လည်ထူထောင်ပေးမည်။ အနာဂတ်အတွက် မျှော်လင့်ချက် (၄၆:၂၆ ကိုကြည့်ပါ)

48:47 bring back … latter days. Hope for future (see 46:26).

No comments:

Post a Comment