Thursday, May 21, 2026

ဆာလံကျမ်း ၂၈

 

အခန်းကြီး - ၂၈

အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။
2 အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။
3 အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။
4 သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။
5 သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။
6 ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း။
7 ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
8 ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
9 ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။

အနက်ဖွင့်ချက်။

၂၈ — ထာဝရဘုရားသည် ကျွန်ုပ်၏ဆုတောင်းချက်ကို ကြားတော်မူပြီ

ဒါဝိဒ်သည် မိမိအား ရန်ငြိုးဖွဲ့သော မောက်မာသည့်ရန်သူများမှ ကယ်တင်တော်မူရန် ဆုတောင်းသည်။

28—The Lord Has Heard My Supplications

David prays for deliverance from malicious and insolent enemies (see Introduction, “Theology”).

 

၂၈:၁ အဝိုင်း။ သင်္ချိုင်းဂူကို ကဗျာဆန်ဆန်ရည်ညွှန်းသောစကား (ဆာလံ ၃၀:၃၊ ၈၈:၄၊ ၁၄၃:၇ နှင့် အခြားကျမ်းပိုဒ်များတွင်လည်းတွေ့ရှိနိုင်သည်)။

28:1 pit. Poetic term for the grave (see 30:3; 88:4; 143:7; and elsewhere in Scripture).

 

၂၈:၂ လက်များကိုမြှောက်ပါ၏။ ဟေဗြဲလူမျိုးတို့၏ ကိုးကွယ်ဆုတောင်းမှုတွင် အသုံးများသော လက်အနေအထား (ဆာ ၆၃:၄၊ ၁၃၄:၂၊ ၁၄၁:၂၊ မြည်တမ်းစကား ၃:၄၁ တို့ကိုကြည့်ပါ)။ သင်၏သန့်ရှင်းရာဌာနဘက်သို့။ ဆာလံ ၅:၇ မှတ်ချက်ကိုကြည့်ပါ။

28:2 lift up my hands. A common posture in Hebrew worship and prayer (see 63:4; 134:2; 141:2; Lam. 3:41). toward Your holy sanctuary. See note on 5:7.

 

၂၈:၄ သူတို့အကျင့်အတိုင်း။ "မျှတသောပြစ်ဒဏ်" ဟုအဓိပ္ပါယ်ရသော lex talionis ဥပဒေသကို ကျမ်းစာတစ်ခုလုံးတွင်တွေ့ရှိနိုင်သည် (ဆာ ၆၂:၁၂၊ သု ၂၄:၁၂၊ ဟေရှာ ၅၉:၁၈၊ ယေ ၂၅:၁၄၊ ဟော ၁၂:၂၊ ရော ၂:၆၊ ၁ ကော ၃:၈၊ ၂ တိ ၄:၁၄၊ ဗျာ ၁၈:၆၊ ၂၂:၁၂ တို့ကိုလည်းကြည့်ပါ)။ မှတ်ချက် ဤဆာလံသည် "ကျိန်စာဆာလံ" (imprecatory psalms) အမျိုးအစားဖြစ်ပြီး ရန်သူများအား အပြစ်ဒဏ်ပေးရန် တောင်းဆိုသည့်သဘောပါဝင်သည်။ သို့သော် ဤသည်မှာ ဘုရားသခင်၏ တရားမျှတမှုနှင့် ဖြောင့်မတ်မှုကို ရှာဖွေခြင်းသာဖြစ်ကြောင်း နားလည်ရန်အရေးကြီးသည်။

28:4 according to their deeds. The law of lex talionis, “just retribution,” found throughout Scripture (62:12; see also Prov. 24:12; Is. 59:18; Jer. 25:14; Hos. 12:2; Rom. 2:6; 1 Cor. 3:8; 2 Tim. 4:14; Rev. 18:6; 22:12). See Introduction, “Theology,” for discussion of so-called imprecatory (“cursing”) psalms.

No comments:

Post a Comment