အခန်းကြီး
- ၁၃၈
အိုထာဝရဘုရား၊
ကိုယ်တော်ကိုစိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတပါးသော
ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်း ဆိုပါ မည်။
2 သန့်ရှင်းသော
ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့်
နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ဂတိတော် ကိုသိတင်းတော်ရှိသမျှထက်
ချီးမြှောက်တော်မူပြီ။
3 အကျွန်ုပ်အော်ဟစ်သောနေ့တွင်
နားထောင် တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကို သွင်းသဖြင့်၊ အကျွန်ုပ်ကို
ခိုင်မာစေတော်မူ၏။
4 အိုထာဝရဘုရား၊
လောကီရှင်ဘုရင်အပေါင်း တို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊
ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
5 ထာဝရဘုရား၏
လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရ ဘုရားသည်
ဘုန်းကြီးတော်မူ၏။
6 ထာဝရဘုရားသည်
မြင့်မြတ်တော်မူသော် လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။
စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။
7 အကျွန်ုပ်သည်
ဆင်းရဲဒုက္ခများ၌ ကျင်လည် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်
စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူတို့ ၏အမျက်ဒေါသကို ဆီးတား၍၊
လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။
8 ထာဝရဘုရားသည်
ငါ၏အမှုကို ပြီးစီးစေတော် မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ
တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။
အနက်ဖွင့်ချက်။
၁၃၈–၁၄၅ ဒါဝိဒ်၏ဆာလံရှစ်ပုဒ်ပါဝင်သော စုစည်းမှု - အစနှင့်အဆုံးတွင် ချီးမွမ်းခြင်းဆာလံတစ်ပုဒ်စီဖြင့် ဆုတောင်းခြင်းဆာလံခြောက်ပုဒ် ပါဝင်သည်။
138–145 Collection of eight psalms of David: six
prayers with a psalm of praise at the beginning and end.
၁၃၈—ထာဝရဘုရားသည် ငါ့အတွက် သူ၏အကြံအစည်ကို ပြည့်စုံစေတော်မူမည်
ဘုရားသခင်၏ကြွယ်ဝသော ကရုဏာတော်အတွက် ကျေးဇူးတင်ခြင်းဆာလံဖြစ်ပြီး အနာဂတ်တွင် ကိုယ်တော်၏ဦးဆောင်မှုကို ယုံကြည်စွာမျှော်လင့်ထားသည် (၇-၈)။
138—The Lord Will Fulfill His Purposes for Me
Individual’s thanksgiving psalm for God’s rich mercy and
looks with confidence into His future leadership (vv. 7–8).
၁၃၈:၁ "ဘုရားများ"
- ဣသရေလမဟုတ်သော ဘုရင်များ (၄-၅ ကိုကြည့်ပါ) သို့မဟုတ် ၈၂:၁၊ ၆ တွင်ပါသော အုပ်ချုပ်သူများ၊ ခေါင်းဆောင်များနှင့် တရားသူကြီးများကို ဆိုလိုသည်။
138:1 gods. Either non-Israelite
kings, see vv. 4–5, or rulers, leaders, and judges, as in 82:1, 6 (see notes
there).
၁၃၈:၄-၅ ကဗျာ၏ဗဟိုအချက်။ ဒါဝိဒ်သည် ဘုရင်အားလုံး ထာဝရဘုရားကို ချီးမွမ်းရန် သူနှင့်ပူးပေါင်းမည်ဟု မျှော်လင့်သည်။ ဘုရားသခင်၏လူမျိုးတို့၏ သာသနာပြုလုပ်ငန်းများဖြင့် ဘုရင်များပင် ဘုရား၏နှုတ်ကပတ်တော်ကို ကြားနိုင်ပြီး ထာဝရဘုရားကို ချီးမွမ်းနိုင်ကြမည်ဟု ဆိုလိုသည်။
138:4–5 The center of the poem.
David hopes that all kings will join him to glorify the Lord. It presupposes
missionary activities by God’s people so that even kings can hear the word of
God and praise the Lord.
၁၃၈:၆ ဟေရှာယ ၅၇:၁၅ နှင့်ဆင်တူသည်။
138:6 Similar to Is. 57:15.
၁၃၈:၇ ဆာလံ ၂၃:၄ နှင့်ဆင်တူသည်။
138:7 Similar to 23:4.
No comments:
Post a Comment