Saturday, May 23, 2026

ဆာလံကျမ်း ၁၁၁

 

အခန်းကြီး - ၁၁၁

ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။
ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ် ကြ၏။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည်၏။
အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ၏။
ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ၏။
အမှုတော်တို့၌ရှိသော တန်ခိုးကို မိမိလူတို့အား ပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်း ယှဉ်ကြ၏။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့်၊ အစဉ်အမြဲတည်ကြ၏။
မိမိလူတို့၌ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။
10 ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဥာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း။

အနက်ဖွင့်ချက်။

၁၁၁-၁၁၈ ဟာလေလုယာ (ချီးမွမ်းခြင်း) ဆာလံများ စုစည်းမှု။

111–118 Collection of Hallelujah (praise) psalms.

 

၁၁၁-၁၁၂ ဤအက္ခရာစဉ်အလိုက် ဆာလံနှစ်ပုဒ်သည် ဘုရားသခင်ကို ကြောက်ရွံ့ရန် သင်ကြားရေးသို့မဟုတ် ပညာပေးရန်အတွက် အမွှာဆာလံများဖြစ်သည်။

111–112 These two alphabetic acrostic psalms are twins for teaching or educational purposes on fearing God.

 

၁၁၁—ဘုရားသခင်၏ သစ္စာတော်ကို ချီးမွမ်းခြင်း

ဤဓမ္မသီချင်းသည် သမိုင်းတွင် ဘုရားသခင် ပါဝင်ဆောင်ရွက်တော်မူခြင်းအား ချီးမွမ်းထားခြင်းဖြစ်သည်။ အဓိကအကြောင်းအရာမှာ ထာဝရဘုရားအား သူ၏တရားမျှတသောအမှုတော်နှင့် သူ့ကိုရိုသေသူများအတွက် ပဋိညာဉ်တော်အရ သစ္စာရှိခြင်းအတွက် ချီးမွမ်းထားခြင်းဖြစ်သည်။ ထွက်မြောက်ရာကျမ်း ၃၄:၆ တွင် အခြေခံအတွေးအခေါ်ကို ဖော်ပြထားသည်။

111—Celebration of God’s Faithfulness: He Is Righteous

This is a hymn in praise of God’s involvement in history. The main theme praises the Lord for His righteous work and covenant faithfulness for those who fear Him; Ex. 34:6 provides the principal thought basis.

 

၁၁၁:၅–၆ ဘုရားသခင်သည် သူ၏လူမျိုးတို့၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုပင် ဖြည့်ဆည်းပေးတော်မူသောသူဖြစ်သည်။ အတိတ်ကာလတွင် သူတို့အား ကတိတော်မြေကို ပေးတော်မူခဲ့သဖြင့် ယခုအချိန်တွင်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်တော်မူသည် (မ ၆:၁၁)။

 

111:5–6 God is the Provider even of the physical needs of His people. In the past, He gave them the gift of the land; therefore He can provide for their present needs (Matt. 6:11).

 

၁၁၁:၇ သူ၏ပညတ်တော်အားလုံးသည် ခိုင်မာမြဲမြံသည်။ ဘုရားသခင်၏တရားတော်သည် ယုံကြည်စိတ်ချရပြီး မပြောင်းလဲနိုင်သောအရာဖြစ်သည် (ဆာ ၉၃:၅)။ ထိုပညတ်တော်များ၏သွန်သင်ချက်ကို အားထားနိုင်သည်။ ဘုရားသခင်၊ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ပညာနှင့် ကောင်းသောနားလည်မှုကို ရရှိစေသည် (၁၁၁:၁၀)။

111:7 All His precepts are sure. God’s law is trustworthy and firm (93:5). One can rely on its teaching. Following God’s instructions gives wisdom and good understanding (111:10).

 

၁၁၁:၁၀ သုတ္တံ ၁:၇၊ ၉:၁၀ ကိုကြည့်ပါ။

111:10 See Prov. 1:7; 9:10.

 

No comments:

Post a Comment