အခန်းကြီး
- ၃၃
သို့ဖြစ်၍
အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။
2 ငါသည်
ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊
3 ငါသဘောဖြောင့်သည်နှင့်အညီ
ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။
4 ဘုရားသခင်၏ဝိညာဉ်တော်သည်
ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော် သည် ငါ့ကို
အသက်ရှင်စေတော်မူပြီ။
5 သင်သည်တတ်နိုင်လျှင်
ငါ့ကို ပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။
6 ဘုရားသခင့်ရှေ့မှာ
ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။
7 သင်သည်
ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည်
လေးသောလက်ကိုမတင်။
8 အကယ်စင်စစ်သင့်စကားသံကို
ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊
9 ငါသည်
စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။
သန့်ရှင်းခြင်းရှိ၏။
10 ဘုရားသခင်သည်
ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။
11 ငါ့ကို
ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။
12 ထိုသို့ဆိုသော်မှားပြီ။
ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။
13 ဘုရားသခင်နှင့်အဘယ်ကြောင့်
ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။
14 ဘုရားသခင်သည်
တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။
15 လူသည်အိပ်ရာပေါ်မှာငိုက်လျက်
အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
16 ဘုရားသခင်သည်
လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။
17 ထိုသို့လူသည်
မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။
18 သူ၏အသက်ကို
သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။
19 လူသည်
အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ
ကိုက်ခဲသဖြင့်၊
20 မုန့်နှင့်မြိန်သော
ခဲဘွယ်စားဘွယ်တို့ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။
21 အသားအရေပိန်လျော့
ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
22 အသက်ဝိညာဉ်သည်
သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။
23 သို့ရာတွင်လူတို့အားတရားလမ်းကို
ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊
24 ဘုရားသခင်က၊
သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို
ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
25 ထိုသူသည်
သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည်။
26 ဘုရားသခင်ကို
ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို
ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
27 သူကလည်း၊
ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော
အပြစ်ကိုမခံရဘဲ၊
28 သင်္ချိုင်းတွင်းထဲသို့
ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ်
လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
29 ထိုသို့ဘုရားသခင်သည်
လူတို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
30 သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊
အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
31 အိုယောဘ၊
ငါ့စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။
32 သို့သော်လည်း
ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့်
စကားပြောလော့။
33 ပြောစရာမရှိလျှင်၊
တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။
အနက်ဖွင့်ချက်။
၃၃:၁-၃၃ ဧလိဟူ၏ ပထမဆုံးမိန့်ခွန်း (၁-၇) အကျယ်တဝင့်မိတ်ဆက်ခြင်းနှင့်အတူ။
33:1–33 First Elihu speech
with long introduction (vv. 1–7).
၃၃:၄ ၄:၉ မှတ်ချက်ကိုကြည့်ပါ။
33:4 See note on 4:9.
၃၃:၅ သင်ဖြေဆိုနိုင်မည်ဆိုလျှင်... စိန်ခေါ်မှုတစ်ရပ်။
33:5 If you can answer me. A
challenge.
၃၃:၆-၇ ယောဘသည် ဘုရားသခင်ကို အလွန်အမင်းထိတ်လန့်နေသောကြောင့် (၃၁:၂၃)၊ ဧလိဟူသည် ယောဘတောင့်တနေသော လူသားအကျိုးဆောင်ဖြစ်လာမည် (၉:၃၂-၃၅)။
33:6–7 Since Job finds God
overwhelming (31:23), Elihu will be the human advocate Job longs for
(9:32–35).
၃၃:၈ သင်ပြောခဲ့သည်... ငါကြားခဲ့သည်... ဧလိဟူက ယောဘ၏စကားကို ကိုးကားသည်ဟုဆိုသည်။
33:8 you have spoken … I have heard. Elihu
claims to quote Job.
၃၃:၉ ငါသန့်ရှင်းသည်... ယောဘသည် ဤသို့မပြောခဲ့ပါ၊ ဇောဖာ (၁၁:၄) ကိုလည်းကြည့်ပါ။
33:9 I am pure. Job
has not said this; see also Zophar (11:4).
၃၃:၁၀ အကြောင်းပြချက်များ... တိုက်ခိုက်ရန် အတွက် ဆင်ခြေများ။
33:10 occasions. Excuses
for attacking.
၃၃:၁၁ ချည်နှောင်ခြင်း... ၁၃:၂၇ မှတ်ချက်ကိုကြည့်ပါ။ ငါ၏လမ်းများကို စောင့်ကြည့်သည်... ယောဘ၏မှတ်ချက် (၇:၁၂၊ ၃၁:၄) ကို ပြန်လည်ဖော်ပြခြင်း။
33:11 stocks. See
note on 13:27. watches all my paths. Restating Job’s
remark (7:12; 31:4).
၃၃:၁၂ ဖြောင့်မတ်ခြင်းမရှိ... သို့မဟုတ် မမှန်ကန်။ ဘုရားသခင်သည် ပိုကြီးမြတ်သည်... ဘုရားသခင်သည် မည်သူ့ကိုမျှ ရှင်းလင်းချက်ပေးရန် မလိုအပ်ပါ။
33:12 not righteous. Or,
not correct. God is greater. God owes no one
explanations.
၃၃:၁၄-၃၀ အချုပ်အခြာအာဏာရှင်ဖြစ်သော ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း။
33:14–30 Discipline by God who is
sovereign.
၃၃:၁၅ အိပ်မက်... ညအခါ၏အိပ်မက်... ဇောဖာနှင့် ဗိလဒါ် (၁၁:၁၀၊ ၂၅:၄-၆) ကဲ့သို့၊ ဧလိဟူသည် ဧလိဖက်ဇ် (၄:၁၂-၁၃) ဆီသို့ ပြန်သွားသည်။
33:15 dream … vision of the night. Like
Zophar and Bildad (11:10; 25:4–6), Elihu goes back to Eliphaz (4:12–13).
၃၃:၁၆ သူတို့၏သွန်သင်ချက်ကို တံဆိပ်ခတ်သည်... အချက်အလက်များကို အတည်ပြုသည်။
33:16 seals their instruction. Establishes
the facts.
၃၃:၁၈ သူ၏အသက်ကို မရဏနိုင်ငံမှ ဆုတ်ခွာစေသည်... သူ့ကို သေခြင်းမှ ကယ်တင်သည် (ဧလိဟုနှင့် အဓိကအလေးပေးပြောဆိုခြင်း—အခန်းငယ် ၂၂၊ ၂၄၊ ၂၈၊ ၃၀)။ ယောဘသည် ဘုရားသခင်အမှန်တကယ် သူ့ကိုမည်သည့်အရာမှ ကယ်တင်နေသည်ကို သိရမည်။
33:18 keeps back his soul from the Pit. Saves
him from death (major emphasis with Elihu—vv. 22, 24, 28, 30). Job must know
what God is really saving him from.
၃၃:၁၉-၂၂ ယောဘ၏စကားများ၊ ၃၀:၁၆-၁၉ ကိုကြည့်ပါ။ ဧလိဟူက ယောဘ၏ဒုက္ခသည် ဘုရားသခင်ထံမှဖြစ်သည်ဟု ယုံကြည်သည်။
33:19–22 See Job’s words,
30:16–19. Elihu believes Job’s affliction is divine.
၃၃:၁၉ ဆုံးမခြင်း... သို့မဟုတ် ပဲ့ပြင်ခြင်း။
33:19 chastened. Or,
disciplined.
၃၃:၂၀ အသက်သည် မုန့်ကိုရွံရှာသည်... သူသည် အစာစားချင်စိတ်ပျောက်ဆုံးသည်။
33:20 life abhors bread. He
loses appetite.
၃၃:၂၃-၂၈ ယောဘသည် သူ၏အသက်ကို ထိန်းသိမ်းထားသည်ကို ကျေးဇူးတင်သင့်ပြီး အပြစ်မှ နောင်တရသင့်သည်။
33:23–28 Job should be
thankful his life is preserved and repent of sin.
၃၃:၂၄ ရွေးနှုတ်ကြေး... အပြစ်ဒဏ်မှ လွတ်မြောက်ရန် နည်းလမ်း။
33:24 ransom. A
way out of punishment.
၃၃:၂၅ ပြန်လည်ရောက်ရှိခြင်း... လူငယ်စွမ်းအားကို ပြန်လည်ရရှိရန်။
33:25 return. To
recover youthful vigor.
၃၃:၂၆ လူသားအား သူ၏ဖြောင့်မတ်ခြင်းကို ပြန်ပေးသည်... သူ့ကို မှန်ကန်သောအသက်တာသို့ ပြန်လည်ရောက်ရှိစေသည်။
33:26 restores to man His righteousness. Leads
him back to right living.
၃၃:၂၇ ပြောသည်... ဟေဗြဲစကားလုံးက "သီဆိုသည်" ဟုဆိုသည်။
33:27 says. The Hebrew says
“sings.”
၃၃:၂၉ နှစ်ကြိမ်... သုံးကြိမ်... ထပ်ခါထပ်ခါ (၅:၁၉ ကိုကြည့်ပါ)။
33:29 Twice … three times. Repeatedly
(see 5:19).
No comments:
Post a Comment