အခန်းကြီး
- ၁၉
ထိုနောက်
အမ္မုန်ရှင်ဘုရင်နာဟတ်သည် သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 ဒါဝိဒ်ကလည်း၊
ဟာနုန်အဘ နာဟတ်သည် ငါ့အားကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြု မည်ဟုဆိုလျက်၊
သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်း ငှါ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည်
ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ၏။
3 အမ္မုန်အမျိုး
မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို
နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု
ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူး စမ်း၍ ဖျက်ဆီးခြင်းငှါသာ၊
သူ၏ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင်၊
4 ဟာနုန်သည်
ဒါဝိဒ်၏ ကျွန်တို့ကို ယူပြီးလျှင်၊ မုဆိတ်ကိုရိတ်၍
အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
5 ထိုသူတို့၌
အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သော ကြောင့်
ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ
နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
6 ဟာနုန်မင်းနှင့်
အမ္မုန်အမျိုးသားတို့က၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု
သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌
မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ်၍၊
7 မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို၎င်း၊
မာခါမင်းကြီးနှင့် သူ၏လူတို့ကို၎င်း ငှါးသဖြင့်၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ
တပ်ချကြ၏။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
8 ထိုသိတင်းကို
ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ်
၏။
9 အမ္မုန်အမျိုးသားတို့သည်
ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌
တခြားစီနေကြ၏။
10 ယွာဘသည်လည်းရှေ့၌၎င်း၊
နောက်၌၎င်း၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင်
သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့တဘက်၌ စစ်ခင်းကျင်း၏။
11 ကြွင်းသောသူတို့ကို
အမ္မုန်အမျိုးသားတို့ တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက်၊
12 ရှုရိလူတို့သည်
ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင်
သင့်အား ငါကူမည်။
13 ရဲရင့်သော
စိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ်၍
တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင်
တော်မူစေသတည်းဟုဆိုပြီးမှ၊
14 သူ၌ပါသောလူများနှင့်တကွ၊
ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
15 ရှုရိလူတို့ပြေးသည်ကို
အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍
မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
16 ရှုရိလူတို့သည်
ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍
မြစ်တဘက်၌နေသော ရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒ ဒေဇာခန့်ထားသော
ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
17 ထိုသိတင်းကိုကြားလျှင်
ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊
ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍
ရှုရိလူတို့သည် တိုက် သောအခါ၊
18 ဣသရေလအမျိုးသားရှေ့မှာ
ပြေးကြ၏။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည်
သူရဲလေးသောင်းတို့ကို သတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ၏။
19 ဟာဒဒေဇာမင်း၏
ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊
ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တဖန် ရှုရိလူတို့ သည်
အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။
အနက်ဖွင့်ချက်။
၁၉:၁-၁၉ ဤအခန်းသည် ဒါဝိဒ်၏ ထပ်မံအောင်မြင်မှုများ၊ အထူးသဖြင့် အမ္မုန်လူများနှင့် ဆီးရီးယားလူများအပေါ် အောင်မြင်မှုများကို ဖော်ပြသည်။ ဤကျမ်းပိုဒ်သည် ဓမ္မရာဇဝင်ဒုတိယစောင် ၁၀:၁-၁၉ နှင့် ပြိုင်တူဖြစ်သည်။
19:1–19 This chapter reports
David’s additional victories, especially over the Ammonites and Syrians. This
passage parallels 2 Sam. 10:1–19.
၁၉:၁ နာဟရှ။ ရှောလုနှင့် စစ်ဖြစ်ခဲ့သော အမ္မုန်ဘုရင်တစ်ပါး (၁ ရာ ၁၁:၁)။
19:1 Nahash. An Ammonite king who was
at war with Saul (1 Sam. 11:1).
၁၉:၄ မုတ်ဆိတ်ရိတ်ပေးသည်။ အရှက်တကွဲဖြစ်စေသော စော်ကားမှုတစ်ခုဖြစ်သည်။
19:4 shaved them. An
act of humiliation and insult.
၁၉:၅ ယေရိခေါ။ ယေရုရှလင်မြို့၏ အရှေ့မြောက်ဘက်တွင်ရှိသော မြို့တစ်မြို့ဖြစ်သည်။
19:5 Jericho. A
city located northeast of Jerusalem.
၁၉:၆ အခွက်တစ်ထောင်။ အနှစ်သုံးဆယ့်ခုနှစ်တန် (၃၄ တန်) ခန့်ဖြစ်သည်။
19:6 a thousand talents. About 37
tons (34 t).
၁၉:၇ မေဒဗ။ သေမင်းပင်လယ်အရှေ့ဘက်ရှိ မောဘပြည်တွင်းရှိ မြို့တစ်မြို့ဖြစ်သည်။
19:7 Medeba. A
town in the land of Moab located east of the Dead Sea.
၁၉:၉ မြို့တံခါးဝ။ ရှေးခေတ်မြို့တစ်မြို့၏ အခိုင်ခံ့ဆုံးအပိုင်းဖြစ်သည်။ ဤမြို့သည် အမ္မုန်လူများ၏မြို့တော် ရာဗဖြစ်သည်။
19:9 the gate of the city. The
most heavily fortified part of an ancient city. This city was Rabbah, the
capital of the Ammonites.
၁၉:၁၈ ခုနှစ်ထောင်။ ၂ ရှမွေလမှတ်စာ ၁၀:၁၈ ၏ ပြိုင်တူကျမ်းပိုဒ်တွင် ဤဂဏန်းကို ၇၀၀ ဟု ဖော်ပြထားသည်။ မည်သည့်ဂဏန်းမှန်ကန်သည်ကို မသိရှိရပါ။ လေးသောင်း။ စစ်တပ်ယူနစ်ကြီးလေးဆယ်ဖြစ်သည်။
19:18 seven thousand. This
number in the parallel text of 2 Sam. 10:18 is given as 700. It is not known
which number is correct. forty thousand. Forty large
military units.
No comments:
Post a Comment