Sunday, May 24, 2026

ယေရမိအနာဂတ္တိကျမ်း ၅၀

 

အခန်းကြီး - ၅၀

1 ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည် ကို ရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော် မူသောစကားဟူမူကား၊
လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။
လူတမျိုးသည် မြောက်မျက်နှာမှလာ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသော သူမရှိရ။ လူနှင့်တိရစ္ဆာန်တို့သည်။ အကုန်အစင် ထွက်သွားကြလိမ့်မည်။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့် မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။
သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူတို့က၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့်၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ။
ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ပြုကြလော့။
အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သမည်။ သူတို့သည် မြို့တဘက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ကစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ၏ မြှားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။
10 
ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
11 
ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။
12 
ထိုကြောင့်၊ သင်တို့ အမိသည် မိန်းမော တွေဝေလိမ့်မည်။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသော ပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သော လွင်ပြင် ဖြစ်ရလိမ့်မည်။
13 
ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
14 
ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြ လော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။
15 
မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။
16 
ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သော သူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည်။
17 
ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။
18 
ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေး မည်။
19 
ဣသရေလကိုသူ၏နေရင်းအရပ်သို့ ငါဆောင် ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား၍၊ ဧဖရိမ် တောင်နှင့်ဂိလဒ်တောင် ပေါ်မှာ ဝလိမ့်မည်။
20 
ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
21 
ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
22 
ထိုပြည်၌စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။
23 
မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။
24 
အို ဗာဗုလုန်မြို့၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။
25 
ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသော အမှုပေတည်း။
26 
မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြ လော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့။
27 
သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။
28 
ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမျက်တော် ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့၌ကြားပြေ အံ့သောငှါ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံ ကို ကြားရ၏။
29 
လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။
30 
ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
31 
ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရ သော အချိန်ရောက်လေပြီ။
32 
မာနကြီးသောသူသည် ထိမိ၍ လဲပြီးမှ အဘယ် သူမျှမကြွရ။ ငါသည်လည်း သူ့နေရာ မြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ၏။
33 
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။
34 
သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။
35 
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထားဘေး သည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။
36 
ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
37 
ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
38 
ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။
39 
ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ် သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။
40 
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော် မူ၏။
41 
ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။
42 
လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။
43 
သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
44 
ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
45 
သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက် ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။
46 
ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ၏။
အနက်ဖွင့်ချက်

၅၀: ဗာဗုလုန်ကို ဆန့်ကျင်သော နှုတ်ကပတ်တော်။ တရားစီရင်ခြင်း၏ ပရောဖက်ပြုချက်များ။ ယေရမိယပရောဖက်။ : ကိုကြည့်ပါ။

50:1 word … against Babylon. Prophecies of judgment. Jeremiah the prophet. See 1:5.

၅၀: ဗာဗုလုန်မြို့သိမ်းပိုက်ခံရလိမ့်မည်။ ဘီစီ ၅၃၉ တွင် မီဒို-ပါရှီးယားတို့ဖြင့် ပြည့်စုံခဲ့သည်။ ဘဲလ်။ စကားလုံးအနက်မှာ သခင် ဖြစ်သည်။ မေရိုဒတ်။ ဗာဗုလုန်၏ အဓိကဘုရား မာဒုတ် (ဟေရှာယ ၄၆: ကိုကြည့်ပါ)

50:2 Babylon is taken. Fulfilled in 539 B.C., by the Medo-Persians. Bel. Literally, “lord.” Merodach. Marduk, Babylon’s chief god (see Is. 46:1).

 

၅၀: မြောက်ဘက်မှ။ မီဒို-ပါရှီးယားတို့သည် ဗာဗုလုန်၏ မြောက်ဘက်နှင့် အရှေ့ဘက်တွင်ရှိသည်။ ဤသည်မှာ ရန်သူတို့၏ ရိုးရာချီတက်လမ်းကြောင်းဖြစ်သည် (:၁၄ ကိုကြည့်ပါ)

50:3 out of the north. The Medo-Persians were located north and east of Babylon. This is a traditional direction for enemy approach (see 1:14).

 

၅၀: ထိုနေ့ရက်များ၌။ ပြန်လည်ထူထောင်ရေးကာလ။ မပြတ်ငိုကြွေးခြင်းဖြင့်။ ဖမ်းဆီးခြင်း၏ရည်ရွယ်ချက်မှာ ယုဒပြည်သူတို့ကို နောင်တရစေရန်ဖြစ်သည်။

50:4 In those days. Time of restoration. With continual weeping. The purpose of captivity was to lead Judah to repentance.

 

၅၀: လမ်းကိုမေးမြန်းကြလိမ့်မည်။ ဘုရားသခင်ကို ရှာဖွေနိုင်သေးသည်။ ထာဝရပဋိညာဉ်။ ၃၁:၃၁၃၃ ကိုကြည့်ပါ။

50:5 ask the way. God can still be found. perpetual covenant. See 31:31–33.

 

၅၀: ငါ၏လူများ။ ပဋိညာဉ်စကားလုံး (၃၀: ကိုကြည့်ပါ) ပျောက်ဆုံးသောသိုးများ။ လမ်းမမှန်သဖြင့် လှည့်လည်နေရသူများ။ သိုးထိန်းများ။ ခေါင်းဆောင်များ (:၁၅ ကိုကြည့်ပါ)

50:6 My people. Covenant term (see 30:3). lost sheep. Misled people. shepherds. Leaders (see 3:15).

 

၅၀: စားပြီးဖျက်ဆီးခံရသည်။ ဘုရားသခင်၏ အကာအကွယ်မရှိဘဲ ဣသရေလသည် အခြားလူမျိုးများ၏ သားကောင်ဖြစ်သွားသည်။ မပြစ်မှားခဲ့ သူတို့သည် ပြစ်မှားခဲ့သည်။ ဘုရားသခင်က အခြားလူမျိုးများအား မိမိလူများကို ဆုံးမရန်ခွင့်ပြုသော်လည်း၊ ထိုလူမျိုးများ၏ အပြစ်များကို ခွင့်လွှတ်ခြင်းမရှိ။

50:7 devoured. Without God’s protection Israel became prey to other nations. not offended … they have sinned. God’s allowing other nations to discipline His people does not excuse the sins of those other nations.

 

၅၀: ထွက်သွားကြလော့။ ဒုတိယအကြိမ် ထွက်မြောက်ရာ (၁၆:၁၄၁၅ ကိုကြည့်ပါ)

50:8 Go out. A new exodus is called for (see 16:14–15).

 

၅၀:၁၀ လူမျိုးကြီးများ၏စုဝေးရာ။ ဗာဗုလုန်ကိုတိုက်ခိုက်ရန် မဟာမိတ်ဖွဲ့ခြင်း (၅၁:၂၇၂၈ ကိုကြည့်ပါ)

50:9–10 assembly of great nations. An alliance to attack Babylon (see 51:27–28).

 

၅၀:၁၁ ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည်။ ဗာဗုလုန်သည် ယုဒပြည်ကို ဝမ်းမြောက်စွာ အခွင့်ကောင်းယူခဲ့သည်။ ငါ၏အမွေအနှစ်။ ယုဒသည် တရားစီရင်ခံရသော်လည်း ဘုရားသခင်၏လူများဖြစ်နေဆဲဖြစ်သည်။ ဆူဖြိုးလာသည်။ မတရားနည်းဖြင့် ရရှိခဲ့သည်။

50:11 were glad … rejoiced. Babylon had gleefully taken advantage of Judah. My heritage. Judah was still God’s people, even when judged. grown fat. By unfair means.

 

၅၀:၁၂၁၃ သင်တို့၏မိခင်။ ဗာဗုလုန်မြို့။ ရှက်ကြောက်လိမ့်မည်။ ဂုဏ်သိက္ခာပျောက်ဆုံးခြင်းကြောင့်။ တော သဲကန္တာရ။ ဖျက်ဆီးခံရပြီးနောက် ပျက်စီးယိုယွင်းခြင်း။

50:12–13 Your mother. The city of Babylon. ashamed. For losing her glory. wilderness … desert. Desolation following destruction.

 

၅၀:၁၅ ထာဝရဘုရား၏အမျက်ဒေါသ။ ဗာဗုလုန်သည် ၎င်း၏အပြစ်များအတွက် တာဝန်ယူရမည်။

50:15 vengeance of the Lord. God holds Babylon responsible for its sins.

၅၀:၁၇ ဣသရေလ။ ပြန်လည်ပေါင်းစည်းထားသောလူမျိုး။ ၎င်း၏ပြန်လာခြင်းကို အခန်းငယ် ၁၇၂၀ တွင် ကြေညာထားသည်။ သိုးများ။ ထိခိုက်လွယ်သည်။ ခြင်္သေ့များ။ ရန်သူစစ်တပ်များ။ အာရှုရိသည် ဘီစီ ၇၂၂ တွင် မြောက်ပိုင်းဣသရေလကို သိမ်းပိုက်ခဲ့သည်။ ဗာဗုလုန်သည် ၎င်း၏အရိုးများကို ကြေမွစေခဲ့သည်။ ဘီစီ ၆၀၅၅၈၆ တွင် ဗာဗုလုန်သည် ယုဒပြည်ကို သိမ်းပိုက်ခဲ့သည်။

50:17 Israel. The reunited nation. Her return is heralded in vv. 17–20. sheep. Vulnerable. lions. Enemy armies. Assyria conquered northern Israel in 722 B.C. Babylon has broken his bones. Similarly, Babylon captured Judah, 605–586 B.C.

 

၅၀:၁၈ ငါသည် အပြစ်ပေးမည်။ အာရှုရိသည် ဗာဗုလုန်တို့လက်သို့ ကျဆုံးခဲ့သည်။ ဗာဗုလုန်သည် မီဒို-ပါရှီးယားတို့လက်သို့ ကျဆုံးလိမ့်မည်။

50:18 I will punish. Assyria fell to the Babylonians; Babylon will fall to the Medo-Persians.

 

၅၀:၁၉ ဣသရေလကို ပြန်ခေါ်ဆောင်လာမည် ယုဒပြည်သူတို့၏ ပြန်လာခွင့်ကို ဘီစီ ၅၃၇ တွင် ခွင့်ပြုခဲ့သည်။ မြောက်ပိုင်းနိုင်ငံနှင့် ပြန်လည်ပေါင်းစည်းခြင်းသည် ဘယ်သောအခါမျှ မဖြစ်ပေါ်ခဲ့ (၂၃: ကိုကြည့်ပါ) ကရမေလ ဂိလဒ်။ ဣသရေလ၏ မွန်မြတ်သောနယ်မြေများ။

50:19 bring back Israel. Judah’s return was permitted in 537 B.C. Unification with the northern kingdom never happened (see 23:6). Carmel … Gilead. Fertile areas of Israel.

 

၅၀:၂၀ ထိုနေ့ရက်များ၌။ ပြန်လည်ထူထောင်ရေး (၃၀: ကိုကြည့်ပါ) ဒုစရိုက် တစ်စုံတစ်ရာမရှိတော့မည်။ အကြောင်းမှာ ဘုရားသခင်က ၎င်း၏လူများကို ခွင့်လွှတ်ပြီးဖြစ်သည်။

50:20 In those days. Restoration (see 30:3). iniquity … shall be none. For God has forgiven His people.

 

၅၀:၂၃ တူ ကျိုးပဲ့သွားသည်။ ဘုရားသခင်၏ ဖျက်ဆီးရေးကိရိယာသည် ဖျက်ဆီးခံရသည် (၅၁:၂၀၂၆ ကိုကြည့်ပါ)

50:23 hammer … broken. God’s agent of destruction is destroyed (see 51:20–26).

 

၅၀:၂၅၂၇ ဘုရားသခင်သည် ဗာဗုလုန်နှင့် စစ်တိုက်သည်။ လုယူဖျက်ဆီးခြင်းများ ဆက်လက်ဖြစ်ပေါ်သည်။

50:25–27 God goes to war against Babylon. Looting and destroying follows.

 

၅၀:၂၈ ဇိအုန်၌ ကြေညာသည်။ ယေရုရှလင်သည် ဗာဗုလုန်ကျဆုံးခြင်း၏ သတင်းကို လက်ခံရရှိသည်။

50:28 Declares in Zion. Jerusalem receives the message of Babylon’s fall.

 

၅၀:၂၉၃၂ စစ်ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်သည်။ ထာဝရဘုရားကို ဆန့်ကျင်သော မာန။ ဗာဗုလုန်သည် ဘုရားသခင်၏ သာလွန်မှုကို အသိအမှတ်မပြုသည့် ၎င်း၏ မာနထောင်လွှားမှုအတွက် စွပ်စွဲခံရသည်။

50:29–32 War preparations continue. proud against the Lord. Babylon is indicted for its arrogant failure to recognize God’s superiority.

 

၅၀:၃၃ ဣသရေလ ဖိနှိပ်ခံရသည်။ အီဂျစ်ကျွန်ခံရခြင်းကို သတိရစေသည်။ ဗာဗုလုန်သည် ၎င်း၏သုံ့ပန်းများကို တင်းတင်းကြပ်ကြပ်ထိန်းသိမ်းထားသည်။

50:33 Israel … oppressed. Egyptian slavery is recalled as Babylon holds fast to its captives.

 

၅၀:၃၄ ကယ်တင်သောသခင်သည် အားကြီးသည်။ ဘုရားသခင်ကိုယ်တိုင်က ၎င်း၏လူများကို လွှတ်ပေးမည်။ ၎င်းတို့၏အမှုကို ဆောင်ရွက်မည်။ ပြန်လည်လွတ်မြောက်ရန် အခြေအနေများ ပြည့်စုံပြီဖြစ်သည် (၂၅:၃၁ ကိုကြည့်ပါ)

50:34 Redeemer is strong. God Himself will liberate His people. plead their case. That conditions for return have been met (see 25:31).

 

၅၀:၃၅၃၇ ဓားသည် ဆန့်ကျင်သည်။ ၄၆:၁၀ ကိုကြည့်ပါ။ စစ်ပွဲကို ကြေညာသည်။

50:35–37 sword is against. See 46:10. The battle is announced.

၅၀:၃၈၃၉ ဗာဗုလုန်သည် သဲကန္တာရတိရစ္ဆာန်များနေရာဖြစ်လာလိမ့်မည်။ ရုပ်ထုရုပ်တုများ။ ဗာဗုလုန်၏ ရုပ်တုကိုးကွယ်မှုသည် အပြစ်ဒဏ်ကို ဆောင်ယူလာသည်။

50:38–39 Babylon will become desolate, a place for desert animals. carved images. Wanton idolatry brought Babylon punishment.

 

၅၀:၄၀ ဆိုဒုံနှင့် ဂိုမောရာ။ ၂၃:၁၄ ကိုကြည့်ပါ။

50:40 Sodom and Gomorrah. See 23:14.

 

၅၀:၄၂၄၃ ကျူးကျော်ဝင်ရောက်မှုသတင်းကြောင့် ဗာဗုလုန်တွင် ကြောက်ရွံ့မှုဖြစ်ပေါ်သည်။ ဘုရင်ပင်လျှင် စိတ်ဓာတ်ကျဆင်းသွားသည်။

50:42–43 Report of invasion causes fear in Babylon; even the king loses heart.

 

၅၀:၄၄၄၆ ၄၉:၁၉၂၁ ကိုကြည့်ပါ။

50:44–46 See 49:19–21.

No comments:

Post a Comment