Sunday, May 3, 2026

 

၅။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။

ဆုတောင်းခြင်းဖြင့် အစပြုရန်

          ဗျာဒိတ်ကျမ်း ၁၄း၆-၇ “မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးသီးဘာသာစကားကို ပြောသောသူ အမျိုးအနွယ် ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။

          ဘုရားသခင်ကြောက်ရွံ့ရိုသေပြီး ချီးမွမ်းကြဖို့ ဘုရားသခင်ဆင့်ဆိုရသည့် အကြောင်းရင်းမှာ တရားစီရင်တော်မူသော အချိန်ကာလတွင် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ခြင်းကြောင်း၊ ထို့ကြောင့် အသက်တာတွင် အလေးထားအသက်ရှင်ရန် အသိပေးခြင်း ဖြစ်သည်။ တချို့ ခရစ်ယာန်များမှာ တရားစီရင်ခြင်းကို ဖြစ်ရပ်တစ်ခုဟု မြင်ကြသည်။ တရားစီရင်ခြင်းသည် ဖြစ်ရပ်တစ်ခုမဟုတ်ပါ။ ဖြစ်စဉ်တစ်ခုလုံးဖြစ်ပါသည်။

          တရားစီရင်ခြင်းဖြစ်စဉ် တစ်ခုလုံးတွင် အပိုင်းသုံးပိုင်းပါဝင်သည်။

         ကရုဏာတံခါးမပိတ်မီ တရားစီရင်ခြင်း။ (ဗျာဒိတ် ၁၄း၆-၇)

         နှစ်ပေါင်း ၁၀၀၀ အတွင်း တရားစီရင်ခြင်း။ (ဗျာဒိတ် ၂ဝး၄)

         နှစ်ပေါင်း ၁၀၀၀ အပြီး တရားစီရင်ခြင်း။ (ဗျာဒိတ် ၂ဝး၁၃-၁၅) အပိုင်းသုံးပိုင်း ရှိသည်။

နံပါတ်တစ်။ သခင်ခရစ်တော် မကြွလာမီအချိန်နှင့် ကရုဏာတံခါးမပိတ်မီ တရားစီရင်ခြင်း အကြောင်းကို ကျွန်တော်တို့ ယနေ့လေ့လာမည်။ တရားစီရင်ခြင်း အကြောင်းကို ပို၍ နားလည်ရန် ဖန်ဆင်းခြင်း အကြောင်းကို ဦးစွာသေသေချာချာ နားလည်းထားရမည်။

          ကမ္ဘာဦးကျမ်း ၂း၇ ပထမကောင်းကင်တမန်ဆင့်ဆိုသော တရားစီရင်စစ်ကြောခြင်း အကြောင်းကို ပို၍ နားလည်ရန် ဖန်ဆင်ခြင်းမှ အစပြုလေ့လာမည်။ “ထိုနောက် ထာ၀ရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊

 

လူသည် မြေမှုန့်သာဖြစ်သည့် အခြေခံတရားသဘောကို ခံယူထားမှသာ တရားစီရင်ခြင်း အကြောင်းကို ပို၍ နားလည်မည်။

          ဟေရှာယအနာဂတ္တိကျမ်း ၆၄း၈ ပုရောဖက်ဟေရှာယက လူသည် အိုးမြေဖြစ်ကြောင်း ထပ်လောင်း ပြောထားပါသည်။ “သို့ရာတွင် အိုထာ၀ရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။

          ကမ္ဘာဦးကျမ်း ၂း၇ မြေမှုန့်ဖြင့် ပုံသွင်းမွမ်းမံထားသောလူသည် အသက်မရှိ၊ သက်မဲ့ဖြစ်ပါသည်။ တစ်ခုခုလိုနေသည်။ ဘုရားသခင်က နောက်ထပ်တစ်ခုခုကို ထပ်ပြီးပေါင်းထည့်ပေးဖို့လိုသည်။ ကျမ်းစာက “သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။

          စွမ်းအားပါဝါ တစ်ခုထပ်ပြီး ပေါင်းထည့်ပေးသည်။ အစွမ်းတန်ခိုးတစ်ခုမှ စီးဆင်းလာပြီး မြေမှုန့်ဖြင့် ပုံသွင်းမွမ်းမံထားသော လူသည် အသက်ရှင်လှုပ်ရှားသော လူဖြစ်လာ၏။ လူသည် ကမ္ဘာ့ ပထဝီပစ္စည်းဖြင့် ဖန်ဆင်းထားကြောင်း သိမှတ်ထားရပါမည်။ ခေါင်းတွင် ဦးနှောက်ရှိပါသည်။ တစ်ကိုယ်လုံးသို့ ထိန်းချုပ်သောစနစ်ရှိသည်။ ဦးနှောက်မှာ အာရုံငါးပါးဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးကို ဆက်သွယ်ထိန်းချုပ်ပါသည်။

          ကမ္ဘာ့ပထဝီပစ္စည်းဖြင့် လူ၏ပုံသဏ္ဌာန် လှုပ်ရှားလာရန် ဘုရားသခင် ပါဝါထည့်ပေးသည့် အချိန်မှစ၍ လူ၏ပုံသဏ္ဌာန် အသက်ရှင်လှုပ်ရှားလာသော သတ္တဝါ ဖြစ်လာပါသည်။ အာဒံသည် ထိုအချိန်မှစတင်၍ မိမိ၏ ပင်ကိုယ်စွမ်းရည်နှင့် စရိုက်လက္ခဏာ စတင် ဖြစ်ပေါ်လာပါသည်။ လူတိုင်းတွင် မတူညီသောပင် ကိုယ်စရိုက်လက္ခဏာရှိသည်။ မတူညီသည့် အာရုံခံစားရခြင်းနှင့်အတူ မိမိရဲ့ အာရုံထဲသို့ ဝင်ရောက်လာသော အချက်အလက်များကိုလည်း မတူညီသော အပြုအမူဖြင့် တုံ့ပြန်ကြပါသည်။

          နှစ်ပေါင်း ၉၃၀ အထိ အာဒံအသက်ရှင်ခဲ့ပါသည်။ ဖန်ဆင်းပြီးမှစမှ အခြေအနေဖြင့် နှိုင်းယှဉ်လျှင် အာဒံ၏ ပင်ကိုယ်စွမ်းရည်နှင့် စရိုက်လက္ခဏာသည် များစွာ ကွာခြားမှု ရှိပါသည်။ ကမ္ဘာပေါ်တွင် အသက်ရှင်ခဲ့သော အာဒံသည် မည်သူနှင့်မျှမတူသော အာဒံ၏ ကိုယ်ပိုင်လက္ခဏာ Sန်ူ- ငိနညအငအပ ဖြစ်ပါသည်။ နှစ်ပေါင်း ၉၃၀

 

အတွင်း ကိုယ်ပိုင်လက္ခဏာ Sန်ူ- ငိနညအငအပ ကို အာဒံရရှိပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၉၃၀ အတွင်း အာဒံရရှိပိုင်ဆိုင်ခဲ့သော ကိုယ်ပိုင်လက္ခဏာ Sန်ူ- ငိနညအငအပ ကို အာဒံ၏ ကိုယ်ပိုင် စာရိတ္တဟု ခေါ်ပါသည်။ မေးခွန်းမှာ-

          ဒေသနာကျမ်း ၁၂း၇ အာဒံနှင့် ကျွန်တော်တို့အားလုံး သေဆုံးသွားသောအခါ  Sန်ူ- ငိနညအငအပ ကိုယ်ပိုင်စာရိတ္တ ဘာဖြစ်သွားသနည်း။ အာဒံရရှိခဲ့သော ကိုယ်ပိုင်လက္ခဏာ Sန်ူ- ငိနညအငအပ ဘယ်ကို ရောက်သွားသနည်း။ “ထိုကာလ၌ မြေမှုန့်သည် နေရင်မြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့ လည်းကောင်း ပြန်သွားရလိမ့်မည်။

          ကျွန်တော်တို့ တည်ဆောက်ခဲ့သမျှ အကျင့်စာရိတ္တ ဘယ်ကဲ့သို့ ဖြစ်သွားသနည်း။ အာဒံရဲ့ နှစ် ၉၃၀ အတွင် စာရိတ္တ Sန်ူ- ငိနညအငအပ ဘယ်ကို ရောက်သွားသနည်း။ အသက်ရှင်ခဲ့ဖူးသူမှန်သမျှ၏ Sန်ူ- ငိနညအငအပ ကိုယ်ပိုင်လက္ခဏာ စာရိတ္တအကျင့်များ မည်သည့်အရပ်သို့ ရောက်သွားသနည်း။

          ယနေ့ကျွန်တော်တို့ လေ့လာသော တရားဟောချက်၏ သော့ချက်ဖြစ်ပါသည်။ နှစ် ၉၃၀ အချိန်ကာလအတွင် အာဒံတည်ထောင်ခဲ့သမျှ အကျင့်စာရိတ္တ အားလုံးသည် ကောင်းကင်မှတ်တမ်းတွင် မှတ်တမ်းရှိပါသည်။ ကျွန်ုပ်တို့၏ စိတ်ကူးအတွေးမှစ၍ အချိန်တိုင်း ပြောဆိုလုပ်ကိုင်သော အရာမှန်သမျှ စာစောင်များတွင် မှတ်တမ်းတင်ထားပါသည်။

          ၂ ကော ၅း၁၀ အာဒံသည် မည်သူဖြစ်သနည်း။ ကျွန်ုပ်တို့သည် မည်သူနည်းဟု ဖော်ပြပေးသော မှတ်တမ်းဖြစ်သည်။ ဤလောကတွင် အာဒံအသက်ဆုံးသွားသော်လည်း ကောင်းကင်တွင် အာဒံ၏ မှတ်တမ်းကို ဘုရားသခင် သိမ်းထားသည်။ ကျမ်းစာက “အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သောအကျင့်၊ ကောင်းမကောင်း ရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးသီးခံခြင်းငှါ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။” (ကာယကံ)

          ရှင်မဿဲခရစ်ဝင် ၁၂း၃၆-၃၇ ကောင်းမကောင်း သိကျွမ်းသော အသီးကို စားသည့် အမျိုးအနွယ်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ အသက်တာမှတ်တမ်းသည် အကောင်းနှင့် အဆိုး ဒွန်တွဲနေသော မှတ်တမ်းဖြစ်၍ ထိုမှတ်တမ်းကို ကောင်းကင်တွင် သိမ်းထားပါသည်။ “ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သော စကားကို ပြောသမျှ

 

အတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ။ သင်စကားများ အားဖြင့် သင်သည် အပြစ်လွှတ်လိမ့်မည်။ သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။

          ဒေသနာကျမ်း ၁၂း၁၃-၁၄ ကျွန်ုပ်တို့ ပြောဆိုခဲ့သမျှ စကားအားလုံးမှတ်တမ်း တင်ထားပါသလား။ ကျမ်းစာအရ ကျွန်တော်တို့ ပြောဆိုခဲ့သမျှ စကားအားလုံးကို သေသေချာချာ မှတ်တမ်းယူထားပါသည်။ ပြောဆိုခဲ့သမျှစကားတွေ ပဲလား။ တခြားအကြောင်းအရာများ မှတ်တမ်းရှိပါသလား။ ကျမ်းစာက “အချုပ်အခြာ စကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်း မှစ၍ အလုံးစုံသော အမှု၊ ကောင်းမကောင်း ရှိသမျှတို့ကို စစ်ကြော၍တရားဖြင့် စီရင်တော်မူလတ္တံသတည်း။” (မနောကံ)

          ဗျာဒိတ်ကျမ်း ၂ဝး၁၂-၁၃ လူတိုင်း၏ စိတ်နှလုံးအတွင်း ကြံစည်ခဲ့သမျှ အတွေးစိတ်ကူးနှင့်ပြင်ပတွင် ထွက်လာသော အပြုအမူ။ အပြောအဆို အားလုံးအတွက် မှတ်တမ်းအားလုံးကို စစ်ဆေးမည်။ “သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လတော်ရှေ့မျာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင် တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာ နိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။

          စာစောင်များနှင့် စာစောင်၊ နှစ်မျိုးရှိကြောင်း သတိပြုပါ။ စာစောင်များအထဲတွင် ကျွန်တော်တို့၏ ကာယကံ၊ ၀စီကံ၊ မနောကံပြုခဲ့သမျှ အကြောင်း အရာအားလုံး အတွက် မှတ်တမ်းဖြစ်ပြီး စာစောင်ထဲတွင် ကျွန်တော်တို့၏ အမည်နာမကိုသာ ရေးမှတ်ထားကြောင်းတွေ့ရပါသည်။ ပါဝါဓာတ်အား ရှိသောအချိန်တွင် အသက်ရှင်စဉ်အချိန်၌ ဗီဒီယိုမှတ်တမ်းဖြစ်သည်။ လူသားအားလုံး မှတ်တမ်းကို စာစောင်များ အထဲတွင် သိမ်းထားပါသည်။ ပုံပမာအားဖြင့် ယနေ့သခင် ခရစ်တော်သည် ကောင်းကင်တရားရုံးတွင် ကျွန်ုပ်တို့အတွက် အမှုထမ်းပါသည်။ ကမ္ဘာပေါ်တွင်

 

ခရစ်တော်၏ အသက်တာမှတ်တမ်းကို မည်သည့်နေရာတွင် တွေ့မြင်မည်နည်း။ ကျမ်းစာခြောက်ဆယ်ခြောက်စောင် တွင် ရေးထားသော ခရစ်တော်၏ အသက်တာမှတ်တမ်းတွင် တွေ့မြင်နိုင်ပါသည်။ ယနေ့သခင်ခရစ်တော်ကို ဤကမ္ဘာပေါ်တွင် မမြင်ရသော်လည်း ခရစ်တော်၏ အသက်တာ စာရိတ္တ မှတ်တမ်းကို ဖတ်ရပါသည်။

          ဆန့်ကျင့်ဘက်အနေဖြင့် ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်တွင် မြင်ရသော်လည်း ကျွန်တော်တို့၏ အသက်တာ စာရိတ္တမှတ်တမ်းကို ကောင်းကင်စာစောင်တွင် မှတ်တမ်းတင်ထားပါသည်။ ခရစ်တော်၏ အကြောင်းကို ပုရောဖက်များ ရေးမှတ်ထားပြီး ကျွန်တော်တို့၏ အကြောင်းကို ကောင်းကင်တမန်များက မှတ်တမ်းတင်ထား ကြသည်။ အရာရာတိုင်းမှတ်တမ်းတင်ထားသည်။ စက္ကန့်တိုင်း၊ မိနစ်တိုင်း မှတ်တမ်းသာမက ကောင်းမှုလုပ်ရန် အခွင့်အရေး၊ အခြေအနေရရှိသော်လည်း မလုပ်ခဲ့သည်မှ အစ အားလုံးကို စာစောင်များတွင် မှတ်တမ်းတင်ထားပါသည်။ အသက်တာ၏ အတွင်းအပြင်ဖြစ်စဉ် အားလုံးပါဝင်သည်။ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ပုံအားလုံးကို ကောင်းကင်စာစောင်မှာ ရေးမှတ်ထားသည်။

          ဖိလိပ္ပိဩဝါဒစာ ၄း၃ တွင် စာစောင်များဖြစ်သော အသက်တာ၏ ဖြစ်စဉ်မှတ်တမ်း ရှိသည်နည်းတူ၊ အသက်စာစောင် အကြောင်း ကိုလည်း ဖော်ပြထားပါသည်။ “အချင်းငါ့လုပ်ဖော်ဆောင်ဖက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့် ကလေမင်းမှစ၍ အသက်စာရင်းဝင်သော အခြားသော ငါ၏ လုပ်ဖော်ဆောင်ဖက်တို့နှင့် အတူ ဧဝံဂေလိတရားကို ဟောပြောသော အမှု၌ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။

          ဗျာဒိတ်ကျမ်း ၃း၅ တွင် အသက်စာစောင်အကြောင်းကိုလည်း ဖော်ပြထားပါသည်။ “ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော် ရှေ့၌ လည်းကောင်း၊ ကောင်းကင်တမန်တော်ကို ရှေ့၌လည်းကောင်း၊ သူ၏နာမကို ငါဝန်ခံမည်။

          ဗျာဒိတ်ကျမ်း ၁၃း၈ စာစောင်တွင် အောင်မြင်သူများ၏ အမည်နာမမှတ်တမ်းဖြစ်ပါသည်။ “ကွပ်မျက်သော သိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသားအပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။

          ထွက်မြောက်ရာကျမ်း ၃၂း၃၁-၃၃ စာစောင်ထဲတွင် နာမည်မပါသော သူသည် သားရဲကို ကိုးကွယ်သောသူ ဖြစ်သည်။ ဘုရားသခင် ပြဌာန်းထားသည့်အတိုင်း

 

တာဝန်ယူလုပ်ဆောင်ခြင်း မရှိသည့် ဖောက်ပြန်သော ဣသရေလလူမျိုးအတွက် ဘုရားသခင်၏ စွန့်လွှတ်ခြင်းကို ခံရမည်ဟု “ထာ၀ရဘုရားအထံတော်သို့ ပြန်သွား၍ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသော အပြစ်ကြီးလှပါ၏။ မိမိတို့အဖို့ ရွှေဘုရားကို လုပ်ပါပြီ။ သို့သော်လည်း သူတို့ အပြစ်ကို လွှတ်ခြင်းငှါ အလိုတော် ရှိလျှင် လွှတ်တော်မူပါ။ သို့မဟုတ် ကိုယ်တော်စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု လျှောက်လျှင် ထာ၀ရဘုရားက၊ အကြင်သူသည် ငါ့ကို ပြစ်မှား၏။ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။

          ဒံယေလအနာဂတ္တိကျမ်း ၁၂း၁ စာစောင်ထဲတွင် နာမည်ပါသောသူသည် ကယ်လွှတ်ခြင်းသို့ ရောက်မည်။ “ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏ အမှုကို စောင့်သောအရှင်ကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည် ကာလမှစ၍ ထိုကာလတိုင်အောင် မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏ အမျိုးသားချင်းတို့သည်။ ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။

          စာစောင်များတွင် အသက်တာ၌ ဖြစ်ပျက်ခဲ့သမျှ (ကာယကံ၊ ၀စီကံ၊ မနောကံ) မှတ်တမ်းအားလုံး ရေးထားသည်။ စာစောင်တွင် အမည်နာမသာ ရှိပါသည်။

          ၂ ကော ၅း၁၀ သခင်ခရစ်တော်ကို ကယ်တင်ရှင်၊ အသက်၏ အရှင်သခင်အဖြစ် လက်ခံထားသူများ၏ အမည်နာမသာလျှင် ရေးထားပါသည်။ လူသားမှန်သမျှ တရားစီရင်ခြင်း ခံရမည်။ မျက်နှာသာ ပေးခံရသောသူ မရှိပါ။ “အကြောင်းမူကား၊ ငါတို့ ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သော အကျင့်၊ ကောင်းမကောင်း ရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးသီးခံခြင်းငှါ ခရစ်တော် ၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။

          ဒံယေလအနာဂတ္တိကျမ်း ၇း၉၊ ၁၀ ထူးဆန်းသည်မှာ တရားစီရင်ခြင်းအမှုကို ကောင်းကင်တွင် စီရင်မည်။ အသက်ရှင်ခဲ့သော လူနှင့် အသက်ရှင်နေဆဲ လူအားလုံးပါဝင်သည်။ ကျွန်တော်တို့ ဘာနဲ့သွားကြမည်နည်း။ အကာသလွန်းပျံ ယာဉ်ဖြင့် သွားကြရမလား။ “ထိုအခါ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကို တည်ထားလျက် ရှိ၍ အသက်ကြီးသော သူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီး ရှိ၏ မျက်နှာတော်မှာ မီးရောင်ခြည်

 

ထွက်လေ၏။ အတိုင်းမသိများစွာသောသူတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါပြင်ဆင်၍ စာစောင်များကိုဖွင့်ထားကြ၏။

          ကျမ်းစာအရ တရားရုံးတော်တွင် မည်သည့်အရာကိုဖွင့်ထားသနည်း၊ စာစောင်များကိုဖွင့်ထားပါသည်။ တရားစီရင်မည့်နေရာအဘယ်မှာနည်း။ ခမည်း တော်ရှိတော်မူသည့်နေရာအရပ်တွင် တရားစီရင်မည်။ ဗျာဒိတ် ၁၄း၆-၇။ မေးခွန်း တစ်ခုမေးပါရစေ။ တရားစီရင်ခြင်းအမှုသည် ခရစ်တော်ဒုတိယအကြိမ်မကြွလာခင်လား။ ကြွလာပြီးမှလား။

          ဗျာဒိတ်ကျမ်း ၁၄း၆ မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီး အသီးဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိ တရားကို ဟောရမည့်အချိန်သည် ကရုဏာ တံခါးပိတ်သည့် အချိန်တွင်လား။ သို့မဟုတ် ကရုဏာတံခါးဖွင့်ထားသောအချိန်တွင်လား။ ဘုရားသခင်ကရုဏာတံခါး ပိတ်လိုက်ပြီးဆိုရင် ကျွန်တော်တို့ တရားဟောပြောသော်လည်း ဘာမှမထူးတော့ပါ။ ကောင်းကင်တမန်သုံးပါး၏ သတင်းစကားမိတ်ဆွေတို့ကြားနာခွင့်ရှိသော အချိန်သည် တရားစီရင်နေသောအချိန်ဖြစ်သောကြောင့် ကရုဏာတံခါးဖွင့်ထားချိန် ဖြစ်ကြောင်း သိနိုင်သည်။

          ကောင်းကင်တမန်သုံးပါး သတင်းစကားမကြားရသော အချိန်သည် တရား စီရင်ခွဲခြားခြင်း အမှုကိစ္စပြီးဆုံးသည့် အချိန်ဖြစ်သည်။

          ရှင်မဿဲခရစ်ဝင် ၁၆း၂၇ မှတ်တမ်းများကို စစ်ဆေးသော တရားစီရင်ခြင်း သည် ကရုဏာတံခါးမပိတ်ခင် အချိန်ဖြစ်သည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာ ခြင်းသည် အကျိုးရလဒ်ကို ယူဆောင်လာခြင်းဖြစ်သည်။ “လူသားသည် မိမိအဖ ခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ လူအသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတ္တံ့။

          ဗျာဒိတ်ကျမ်း ၂၂း၁၂ တရားစီရင်ခွဲခြားခြင်း အမှုကိစ္စပြီးဆုံးသောကြောင့် ဘုရားသခင်ကရုဏာ တံခါးကိုပိတ်ခြင်းဖြစ်သည်။ သခင်ခရစ်တော် ဒုတိယအကြိမ် ကြွလာပြီး တရားစီရင်ခွဲခြားထားသော လူနှစ်စုအထဲမှ သန့်ရှင်းသူလူစုကိုခေါ်ဆောင်

 

မည်။ “ငါသည် အလျင်အမြန်လာမည်။ ငါသည်အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍ လူအသီးသီး တို့အား မိမိတို့ အကျင့် အတိုင်း ဆပ်ပေးမည်။

မေးခွန်။     သခင်ခရစ်တော်မကြွလာခင် တရားစီရင်ခြင်းသည် ကောင်းကင်နိုင်ငံတွင် ယခုချိန် စီရင်ပါသည်။ တရားရုံတော်ကို ကျွန်တော်တို့ မည်သည့် နည်းဖြင့် သွားရမည်နည်း။ လူတိုင်း ဘယ်နည်းနဲ့ တရားပလ္လင်တော် ရှေ့ကို ရောက်သွားကြမည်နည်း။

မေးခွန်းနောက်ထပ်တစ်ခု။     သေဆုံးသွားသည့်အချိန် မှစပြီး သခင်သခရစ်တော် ဒုတိယအကြိမ် ကြွလာသော နေ့ရက်အထိ သေဆုံးသွားပြီး ဖြစ်သော လူများ မည်သည့်နေရာတွင် ရောက်နေကြသနည်း။

          ရှင်ယောဟန် ခရစ်ဝင် ၅း၂၈-၂၉ မှတ်တမ်းများကို စစ်ဆေးသော တရားစီရင်ခြင်းသည် သေခြင်းတရားနှင့် ဆိုင်သော ယုံကြည်ချက်ဖြင့် တစ်ထပ်တည်းဖြစ်သည်။ သေခြင်းတရားကို နားလည်မှု မှားသည်နှင့် တရားစီရင်ခြင်း အကြောင်း နားမလည်နိုင်တော့ပါ။ “ဤအမှုအရာကို အံ့ဩခြင်း မရှိကြနှင့်။ သင်္ချိုင်းများမှ ရှိသော သူပေါင်းတို့သည် သားတော်၏ စကားသံကို ကြား၍ ထွက်ရမည့်အချိန် ကာလ ရောက်လတ္တံ။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့ လည်းကောင်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့ လည်းကောင်း ထွက်ရကြလတ္တံ့။

          သေဆုံးပြီးသော သူများ ပုပ်ဆွေးကုန်ပါပြီ။ မည်သည့်နည်းဖြင့် တရားပလ္လင်ရှေ့၌ ရောက်သွားသနည်း။ ဤအကြောင်းအရာကို နားလည်လိုသောကြောင့် တရားစီရင်ခြင်း တရားဟောချက်ကို ယနေ့ လေ့လာခြင်း ဖြစ်ပါသည်။ အသက်ရှင်သောအချိန်တွင် နေ့စဉ် ကျွန်တော်တို့၏ စရိုက် လက္ခဏာ ဖြစ်သော အကျင့် စာရိတ္တများကို တည်ဆောက်ကြသည် မဟုတ်လား။ လူတိုင်း၏ အသက်တာမှတ်တမ်းကို ကောင်းကင်တွင် သိမ်းထားသည်။

          ရှင်လုကာ ခရစ်ဝင် ၈း၅၂-၅၆ ကျွန်တော်တို့ ရရှိထားသော ကရုဏာအချိန်သည် နေ့စဉ်တရားရုံးတော် ရှေ့တွင် အသက်ရှင်လှုပ်ရှားနေကြ ရသကဲ့သို့ ဖြစ်သည်။ အသက်တာတွင် ကြီးထွားမှု အားလုံး ဘုရားသခင် မြင်သည်။ ခရစ်တော် ပြောခဲ့သော

 

စကားကို မှတ်ထားပါ။ “လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်။ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊ သူငယ်သေကြောင်းကို ထိုသူတို့သည် သိသဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြု ကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ လက်ကို ကိုင်တော်မူလျက် သူငယ်ထလော့ ဟုခေါ်တော်မူသည်တွင် စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ချင်းထလေ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအားမျှ မပြောရမည် အကြောင်း ပညတ်တော်မူ၏။သူမ၏ စိတ်ဝိညာဉ် ပြန်လာ၍ မိန်းမငယ်သည် ချက်ချင်းထလေ၏။ ပြန်ဝင်လာသော စိတ်ဝိညာဉ်သည် သူမ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် ဖြစ်ပါသည်။ အသက်ရÈနိုင်သော အစွမ်းတစ်ခု တည်းသာ ပြန်ဝင်လာသလား။ သူမ၏ Sန်ူ-ငိနညအငအပ ကိုယ်ပိုင်လက္ခဏာ အားလုံးကို ပြန်လည် ရရှိခြင်း ဖြစ်ပါသည်။

          တမန်တော် ဝတ္ထု ၇း၅၇-၆၀ ခရစ်တော်၌် အိပ်စက်ခြင်း မတိုင်မီ သတေဖန် ပြောခဲ့သော စကားမှ “ထိုသူတို့သည် ပြင်းစွာသော အသံနှင့် ဟစ်ကြော်၍ နားကို ပိတ်ဆို့လျက် သူ့ဆီသို့ ညီညွတ်စွာ တဟုန်တည်း ပြေး၍ မြို့ပြင်သို့ နှင်ထုတ်ပြီးမှ ကျောက်ခဲနှင့် ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့ အဝတ်ကို ရှောလုအမည်ရှိသော လုလင်၏ ခြေရင်း၌ ထားကြ၏။ ကျောက်ခဲနှင့် ပစ်ကြစဉ် သတေဖန်သည်  ပတ္ထနာပြုလျက် သခင်ယေရှု၊ အကျွန်ုပ်၏ ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။ ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။

          သတေဖန်ပြောခဲ့သော စကားမှာ အကျွန်ုပ်၏ ဝိညာဉ်ကို သိမ်းယူတော်မူပါဟု သတေဖန်ပြောခဲ့ပါသည်။

          ရှင်လုကာခရစ်ဝင် ၂၃း၄၆ ကပ်တိုင်ပေါ် သခင်ခရစ်တော် သက်တော် မစွန့်မီ ပြောခဲ့သော စကားမှာလည်း “ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင် အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု သခင်ခရစ်တော် သက်တော်မစွန့်မီ မိန့်တော်မူခဲ့ပါသည်။

 

          လူသား၏ ကိုယ်ပိုင်လက္ခဏာကို ဘုရားသခင် ပြန်လည်ပေးသောအချိန်တွင် ရÈစရာလေ တစ်ခုတည်းကိုသာ ပြန်လည်ပေးခြင်း မဟုတ်ပါ။ လူ့ဘ၀ အသက်တာတွင် ရရှိပိုင်ဆိုင်ထားသော လူသား၏ ကိုယ်ပိုင်လက္ခဏာကို ပြန်ပေးခြင်း ဖြစ်သည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းတွင် လူ့ဇာတိတွင် ဖြစ်ပျက်ခဲ့သော အကြောင်း အားလုံးကို မှတ်မိပါသည်။ အမှုတော်ခရီးစဉ် အားလုံးတွင် တွေ့ကြုံခဲ့ သမျှကိုလည်း မှတ်မိပါသည်။

          အယ်လင်ဝှိုက်၏ ကောက်နုတ်ချက်တွင် “သင်္ချိုင်းသို့ မသွားမီနှင့်မတူသော်လည်း လူသည် ပြန်လည်ရှင်သန် လာသောအခါ မိမိတို့၏ အကျင့်စရိုက်များသည် ဆက်လက် တည်ရှိနေပါလိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်များမှာ လူသားများအတွက် အံ့ဖွယ်ကောင်းလှပါသည်။ လူသားတို့၏ စိတ်ဝိညာဉ်နှင့် စာရိတ္တများ လက်ရှိတည်ရှိနေပါလိမ့်မည်။ ပြန်လည်ရှင်သန် ထမြောက်သောအချိန်တွင် ရောဂါဘယနှင့် အပျက်အစီးများ အားလုံးကင်းရှင်း၏။ မိမိတို့၏ မူလစာရိတ္တကို ပြန်လည် ရရှိပါလိမ့်မည်။ ဤသီးခြားတည်ရှိမှုကြောင့် မိတ်ဆွေများ တစ်ဦးနှင့် တစ်ဦးမှတ်မိကြပါလိမ့်မည်။ (ဏြ ၃၀၁)

          ယောဘဝတ္ထု ၁၉း၂၅-၂၇ လူ့ဘ၀တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာအားလုံးကို မှတ်မိပါသည်။ Sန်ူ-ငိနညအငအပ ကိုယ်ပိုင်လက္ခဏာအားလုံးကို ပြန်လည်ရရှိပြီး ဘုရားသခင်ကို မြင်ရမည်ဟု ယောဘမျှော်လင့်ပါသည်။ “ငါ့ကို ရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့် အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍ လည်းကောင်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍ လည်းကောင်း ငါသိ၏ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတစ်ပါးမြင်သည် သာမက ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့ မြော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏

          ဒုတိယအကြိမ်ကြွလာသောအချိန်တွင် သခင်ခရစ်တော်ကို ယောဘကိုယ်တိုင် မြင်မည်။ မိမိ၏ ကိုယ်ပိုင်လက္ခဏာ အတိုင်း မြေမှုန့်မှ ထမြောက်မည်။ နှစ်ပေါင်း ၁၀၀၀ အပြီးတွင်လည်း ဆိုးသွမ်းသော သူများသည်လည်း မိမိတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် အကျင့် စာရိတ္တအတိုင်း ပြန်လည် ထမြောက်မည်ဟု အယ်လင်ဝှိုက်၏ ကောက်နုတ်ချက်တွင် ဖော်ပြထားပါသည်။

 

          တိုင်းနိုင်ငံ အသီးသိးကို အောင်မြင်ခဲ့သည့် မင်းများ၊ စစ်သူကြီးများ၊ စစ်ပွဲအသီးသီး၌ အောင်လံလွှင့်ခဲ့သည့် သူရဲကောင်းများ၊ စစ်ရမ္မက်ပြင်းပြ၍ စစ်မာန်စစ်သွေး တက်ခဲ့ပြီး ရန်သူနိုင်ငံများ တုန်လှုပ်ခဲ့ရသည့် စစ်သည်တော်များ ရှိပါလိမ့်မည်။ သေခြင်းတရား၏ လက်အောက်သို့ ရောက်ခဲ့သော်လည်း ပြောင်းလဲမှု တစ်စုံတစ်ခုမျှ ရှိမည် မဟုတ်ပါ။ သင်္ချိုင်းတွင်းမှ ပြန်လည်ထမြောက်သော်လည်း သူတို့၏ တွေးလက်စ အတွေးများကို လက်တွေ့ တွေးနေပါလိမ့်မည်။ ကျဆုံးသွားစဉ်က သူတစ်ပါးကို အနိုင်ယူချင်သော ဆန္ဒအတိုင်း ယခုလည်း ထိုသို့ တွေးနေပါလိမ့်မည်။”(Gဃ ၆၆၄.l)

          သမ္မတ ကနေဒီ လုပ်ကြံမှု မရမီ သတင်းရုပ်ရှင် မှတ်တမ်းကို ကြည့်ဖူးပါသလား။ ရုပ်ရှင်ကို ကြည့်ရသည်မှ သမ္မတ ကနေဒီ သေပြီလား။ အသက်ရှင်တုန်းပဲလား။ အဖြစ်အပျက်မှာ ရုပ်ရှင်ကို အသက်ရှင်စဉ်အခါတွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ ကနေဒီ သေပြီးမှသာ ကျွန်တော်တို့ မြင်ရခြင်း ဖြစ်သည်။ တရားစီရင်မှုတွင်လည်း ထို့နည်းတူဖြစ်ပါသည်။ လူသည် သေသော်လည်း အသက်တာမှတ်တမ်းမှာ အသက်ဝင်နေဆဲ ဖြစ်ပါသည်။

          စာစောင်များတွင် ရေးမှတ်ထားသော မှတ်တမ်းများသည် ကောင်းကင်တမန်များ ရိုက်ကူးခဲ့သော လူ့အသက်တာ ရုပ်ရှင်မှတ်တမ်းဖြစ်ပါသည်။ လူသည် အသက်ဆုံးသော်လည်း ရုပ်ရှင် မှတ်တမ်းဖြင့် တရားပလ္လရှေ့တွင် ရပ်တည်ရမည်။ စိတ်၏ အတွင်းအပြင်မှတ်တမ်းအားလုံး ပါဝင်သည်။ ထို့ကြောင့် သေလွန်သောသူနှင့် အသက်ရှင်သူ အားလုံး တရားစီရင်သည့် ပလ္လင်တော် အရှေ့သို့ အသက်တာမှတ်တမ်းဖြင့် ရောက်သွားခြင်း ဖြစ်သည်။ မြေမှုန့်ကိုယ်ခန္ဓာအားဖြင့် မဟုတ်ဘဲ အသက်တာစာရင်းမှတ်တမ်းဖြင့် ရောက်ရှိခြင်း ဖြစ်သည်။

          ဗျာဒိတ်ကျမ်း ၂ဝး၁၁-၁၂ ထို့ကြောင့် ကျွန်တော်တို့သည် လွန်းပျံယာဉ်ဖြင့် သွားရမည် မဟုတ်ဘဲ ရုပ်ရှင်မှတ်တမ်းဖြင့် တရားစီရင်ရာပလ္လင်တော် အရှေ့တွင် ရပ်နေရခြင်း ဖြစ်သည်။ ကျမ်းစာက “ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော် ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်လေ၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့် အညီ တရားစီရင်ခြင်း ကို ခံရကြ၏။

 

ကောင်းကင်တရားရုံးတော်၌ တရားစီရင်မှု လုပ်ထုံးလုပ်နည်း။

          ရှင်ယာကုပ်ဩဝါဒစာ ၂း၁၂ ကျွန်ုပ်တို့၏ အသက်တာမှတ်တမ်းသည် ပညတ်တရားဖြင့် တိုင်းတာပြီး နှိုင်းယှဉ်ခံရမည်။ “လွှတ်ခြင်း တရားအတိုင်း စီရင်ခြင်းကို ခံရလတ္တံသောသူ ကဲ့သို့ စကားပြောခြင်း၊ အမှုပြခြင်းကို စီရင်ကြလော့။

          ရောမဩဝါဒစာ ၂း၁၂ ကျွန်ုပ်တို့၏ အသက်တာမှတ်တမ်းသည် ပညတ်တရားဖြင့် တိုင်းတာခံရမည်။ ပညတ်တော်ဖြင့် တိုင်းတာသောအခါ ကျွန်ုပ်တို့တွင် အပြစ်မရှိပါဟု မည်သူ ပြောနိုင်မည်နည်း။ ကျမ်းစာက “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ၊ ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင် ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။ အဘယ်ကြောင့်နည်း ဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေပျက်ကြပြီ။

          ရောမဩဝါဒစာ ၆း၂၃ ပညတ်တော်ဖြင့် တိုင်းတာနှိုင်းယှဉ်သောအခါ ပညတ်တော်က ဖြောင့်မတ်သော သူတစ်ယောက်မျှ မရှိကြောင်း ထောက်ပြပါသည်။ ထိုကြောင့် သေခြင်းသည် လူသားနှင့်ထိုက်သော ဒဏ်ဖြစ်ကြောင်း ကျမ်းစာတွင် “အပြစ်တရား၏ အခကား သေခြင်း ပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့ သခင်ယေရှု ခရစ်အားဖြင့် ထာ၀ရ အသက်ပေတည်း။

          ဇာခရိအနာဂတ္တိကျမ်း ၃း၁ ဖြောင့်မတ်သော သူတစ်ယောက်မျှ မရှိသည့် အခြေအနေတွင် လူအတွက် ပိုပြီး ခက်ခဲစေသော သေဒဏ်ကို မြင်ပါသလား။ ပညတ်တရားတော်အရ စာတန်က လူသားသည် မိမိ၏ လူဖြစ်ကြောင်း သေခြင်းရလဒ်ဖြင့် သက်သေပြသည်။ “ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာ၀ရဘုရား၏ ကောင်းကင်တမန် ရှေ့၌ ရပ်နေသည်ကို လည်းကောင်း၊ စာတန်သည် ရန်ဘက်ပြု၍ သူ၏ လက်ယာဘက်၌ ရပ်နေသည်ကို လည်းကောင်း ငါ့အား ပြတော်မူ၏။လူတိုင်း အပြစ်ရှိကြောင်း တရားရုံးတော်မှ ထောက်ပြပြီး စီရင်သည်။ ထိုသတင်းသည် ဧဝံဂေလိ သတင်းကောင်းဟု အဘယ်သို့ လက်ခံရမည်နည်း။

          ရှင်ပေတရုဩဝါဒ ပထမစောင် ၁း၁၈-၂၀ တရားစီရင်ခြင်း အကြောင်းသည် ဧဝံဂေလိတရားဖြစ်ကြောင်း သတ်မှတ်၍ ရနိုင်သော နည်းလမ်းတစ်ခုတည်း ရှိပါသည်။ “မိစဉ်ဖဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ ရွှေငွေ

 

အစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည် မဟုတ်။ ထိုခရစ်တော်ကား ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည် ဖြစ်၍ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့ အဖို့ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။

          အပြစ်ကို ဝန်ချတောင်းပန်ခြင်း၊ နောင်တရခြင်း၊ ခရစ်တော်နဲ့အတူ အသက်ရှင်ခြင်းဖြင့် ခွင့်လွှတ်ခြင်းကို ခံယူကြတယ်။ အသွေးတော်အားဖြင့် ခွင့်လွှတ်ခြင်းခံရတယ်။ ဒါဟာကောင်းသော သတင်းဖြစ်ပါသလား။

          ကျွန်ုပ်၏ အသက်တာမှတ်တမ်းအားလုံးသည် အပြစ်၏ သက်သေအထောက်အထားဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ငြင်းပယ်ပြီး မိမိကိုယ်တိုင်ပြဌာန်းလိုသော စိတ်သဘောဖြင့် မွေးဖွားလာကြသည်။ ဘုရားသခင်၏ စီရင်မှုကို ဆန့်ကျင်ပြီး မိမိ၏ စိတ်အလိုသဘော အတိုင်းစီရင်လိုသော ခံယူချက်ဖြင့် မွေးဖွားလာသည်။ ဘုရားသခင်၏ တရားတော်ကို ချိုးဖောက်မှုသည် အပြစ်ဖြစ်ပြီး အပြစ်၏ အကျိုးရလဒ်မှာ သေခြင်းဖြစ်သည်။

          ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ချတောင်းပန်ခြင်း၊ နောင်တရသော စိတ်သဘောဖြင့် သခင်ခရစ်တော် အပေါ် လွှဲပြောင်းပေးရမည်။ သခင်ခရစ်တော်၏ အသက်တာသည် မိမိကိုယ်တိုင် အသက်ရှင်ရမည့် ဘ၀အသစ်သဖွယ် ယူတင် ဝတ်ဆောင်ရမည်။

          ရှင်ယောဟန်ဩဝါဒ ပထမစောင် ၁း၉ နေ့စဉ်နှိမ့်ချသော စိတ်သဘောဖြင့် ကျေးဇူးသိတတ်သော ယဇ်ဖြင့် မိမိ၏ ကျန်ရှိသော အသက်တာကို ဆက်ကပ်ပူဇော်ရမည်။ ခရစ်တော်ထံလွှဲပြောင်းထားခြင်း မရှိသော အပြစ်ကို ကာယကံရှင်ကိုယ်တိုင် တာဝန် ယူရမည် ဖြစ်သည်။ (Dငေူပ sနမလငခန) “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်းလျှင် ငါတို့ အပြစ်များကို လွှတ်၍ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း ပြည့်စုံတော်မူ၏။

          ဗိမာန်တော်တွင် (Dငေူပ sနမလငခန ညေိ Yနမေူပ sနမလငခန) ရှိပါသည်။

          အပြစ်လွှဲပြောင်းထားသည့် အပြစ်သားသည် စိတ်ချရပြီး သန့်ရှင်းကြောင်း ဘုရားသခင် မှတ်ယူပါသည်။ စိုးရိမ်စရာမရှိပါ။ အပြစ်လွှဲပြောင်းထားခြင်း မရှိသော အပြစ်သားမှာ စိုးရိမ်ရပါသည်။ တစ်နှစ်တစ်ကြိမ် တရားစီရင်သော နေ့တွင် အဖြေပေါ်ထွက်လာပါသည်။ အသက်တာမှတ်တမ်းကို စစ်ဆေးသော တရားစီရင်ခြင်းသည်

 

နောင်တရပြီး ဝန်ချတောင်းပန်သူ အမှန်ကို မြင်သာ ထင်ရှားစေခြင်း ဖြစ်သည်။ ရေနှစ်ခြင်းခံယူစဉ် အခါတွင် ဘ၀ဟောင်းအမှန် သေဆုံးသူ ဟုတ်မဟုတ်ဆိုသည်ကို ထောက်ပြခြင်း ဖြစ်သည်။

           အမှန်ဝန်ချတောင်းပန်သောသူ မည်သူနည်း။  အမှန်နောင်တရသော သူမည်သူနည်း။  သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို အမှန်ခံယူသောသူ မည်သူနည်း။  သခင်ခရစ်တော်၏ စရိုက်လက္ခဏာ ပေါ်ထွန်းလာစေရန် သန့်ရှင်းသော ဝိညာဉ်တော်ကို အခွင့်ပေးသောသူ အမှန်မည်သူနည်း။ အသက်တာမှတ်တမ်းကို စစ်ဆေးသော တရားစီရင်ခြင်းသည် ထိုအကြောင်းအရာများကို ဖော်ပြပေးခြင်း ဖြစ်သည်။

          Dငေူပ sနမလငခန အပြစ်သားထံမှ အပြစ်ကို ဘုရားသခင် တောင်းဆိုပါသည်။

          Yနမေူပ sနလငခန ဗိမာန်တော်တွင် စုပုံထားသော အပြစ်ကို ဘုရားသခင် တောင်းဆိုပါသည်။

(က)  ဘ၀အစောင်း၏ မိမိကိုယ်ပိုင် ပြဌာန်းစီရင်ဆုံးဖြတ်လိုသော စိတ်ဆန္ဒကို လွှဲပြောင်းထားသောသူ၊

(ခ)    ကိုယ်အလိုသို့ မလိုက်၊ ကိုယ့်စကားကို မပြောဘဲ နေသောသူ၊

(ဂ)    အကြွင်းမဲ့ကိုးစားခြင်းဖြင့် တရားစီရင်ခြင်းအမှုတွင် ခရစ်တော်ကို အမှန် မှီခိုသောသူ၊

(ဃ)  ရေနှစ်ခြင်းဖြင့် ဘ၀အသစ်ကို အမှန်စတင်သောသူ၊

(င)    အပြစ်ကို မုန်းပြီး ဘ၀အသစ်ကို အမှန်စတင်သောသူ၊

(စ)    သခင်ခရစ်တော်ရဲ့ အသက်တာ၌ အမှန်ကြီးထွားနေတဲ့သူ၊

(ဆ)  အမှန်ဝန်ချတောင်းပန်ပြီး နောင်တတရားမှာ ကျင်လည်နေသူ၊

(ဇ)    သခင်ခရစ်တော်၏ ကြားဝင်ဖျန်ဖြေမှုကို နေ့စဉ်ကိုးစားသောသူ၊

(ဈ)   သခင်ခရစ်တော်နှင့်အတူ အချိန်တိုင်းဒွန်တွဲပြီး အသက်တာအသစ်တွင် လျှောက်လှမ်းသောသူ၊ ထိုသို့သော အသက်တာမှတ်တမ်းများကို စစ်ဆေးသည့် တရားစီရင်မှုမှ သတင်းကောင်းဖြစ်ပါသည်။

          သက်တာလောနိတ်ဩဝါဒစာ ပထမစောင် ၄း၁၅-၁၈ “သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန်ငါတို့ ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦး

 

နေရာကျရကြမည်မဟုတ်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကို တစ်ယောက် သက်သာစေကြလော့။

          တာရှုမြို့သားရှောလုအကြောင်းကို ကြားဖူးပါလိမ့်မည်။

          တမန်တော် ဝတ္ထု ၂၆း၉-၁၁ တွင် ရှောလုသည် သန့်ရှင်းသူများကို ညှဉ်းဆဲနှိပ်စက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ “နာဇရက်မြို့သားယေရှု၏ နာမတော်နှင့်  ဆန့်ကျင်သောအမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက် ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင် သန့်ရှင်းသူအများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် အနိုင်အထက်ပြု၍ ခပ်သိမ်းသော တရားဇရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့် တစ်ကျွန်းတစ်နိုင်ငံတိုင်အောင် သူတို့ကို ညှဉ်းဆဲနှိပ်စက်ပါ၏။

          တမန်တော်ဝတ္ထု ၂၂း ၁၆ သန့်ရှင်းသူများကို ညှဉ်းဆဲနှိပ်စက်သော ပုဂ္ဂိုလ်သည် ပြောင်းလဲလာပါသည်။ “ယခုလည်း  သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့၊ သခင်ဘုရားကို ပတ္ထုနာပြုလျက် ဗတ္တိဇံကိုခံ၍ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။

          ရှောလုဟု ခေါ်သော ပေါလုနှင့် သတေဖန်တို့ ပြန်လည်တွေ့ဆိုကြမည့် အချိန်ကို တွေးကြည့်ပါ။ အံ့ဩဖွယ်ဖြစ်၏။ “မင်း ပေါလုမဟုတ်လား။ ဘယ်လိုနည်းနဲ့ ဒီနေရာကို ရောက်လာတာလဲ။ ပေါလုက၊ “ခရစ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်အတွက်လည်း ဖြစ်သည်။ လူသားအားလုံးအတွက် လုံလောက်သည် မဟုတ်လား။ပေါလုက ဘုရားသခင်၏ ကျေးဇူးတော်သည် အကျွန်ုပ်ကိုလည်း ကယ်တင်တော်မူ

 

သည်။ ထိုဝန်ခံချက်သည် တရားဟောဆရာသတေဖန်ကို ဝမ်းမြောက်ပျော်ရွှင်စေသော စကားအမှန်ဖြစ်သည်။ ကောင်းကင်တမန်အတွက် ဝမ်းမြောက်စေသော သက်သေလည်း ဖြစ်သည်။

          သခင်ခရစ်တော် ခွင့်မလွှတ်နိုင်လောက်အောင် ကြီးမားလှသော အပြစ်ဟူ၍ မရှိပါ။ တရားစီရင်တော်မူသော အချိန်ရောက်ပြီ၊ ခရစ်တော်ကို အမှန်ကြောက်ရွံ့ ရိုသေပါ။ အမှန်ကိုးကွယ်ပါ။ အမှန်ချီးမွမ်းပါ။ အမှန်ဝန်ချတောင်းပန်ပါ။ နောင်တရပါ။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို ရယူပါ။

          အသက်တာမှတ်တမ်းသည် ကွန်ပျူတာကဲ့သို့သော ပုံစံဖြစ်သည်။ ကွန်ပျူတာတွင့် ဦးနှောက်ရှိသည်။ မှတ်ဥာဏ်ရှိသည်။ ဗဟိုထိန်းချုပ်သော စနစ်ရှိသည်။ ပါဝါမရှိသည့် အချိန် အလုပ်ရပ်သွားသည်။ ပါဝါလာသောအခါ အလုပ်ပြန်ဆက်လုပ်ပါသည်။

          ပညတ်တရားဖြင့် နှိုင်းယှဉ်ဖော်ပြသော အသက်တာ မှတ်တမ်းအတိုင်း ရေးထားသော်လည်း ကျွန်ုပ်တို့ ခွင့်လွှတ်ခြင်းကို ခံရသည်။ ရှောလုသည် သတေဖန်ကို ပြန်တွေ့သောအခါ အဘယ်သို့ နေမည်နည်း။ ကျေးဇူး ကရုဏာဖြင့် ရှောလုလည်း အခွင့်ထူးခံစားရ ပါသည်။ ဝန်ချသမျှ အပြစ်အားလုံး အခွင့်ထူးကို ခံရမည်။ ဝန်ချတောင်းပန် သမျှ နောင်တတရားမှာ ကျင်လည်သမျှကာလပတ်လုံး အသက်တာ မှတ်တမ်းများကို စစ်ဆေးသော တရားစီရင်ခြင်းသည် သတင်းကောင်း ဖြစ်ပြီး ဟန်ဆောင်သော ခရစ်ယာန်များအတွက် သတင်းဆိုး ဖြစ်ပါသည်။

          ကောင်းကင်တမန်သုံးပါး သတင်းစကားသည် လူနှစ်စုကို အပြီး ခွဲခြားစေသော နှုတ်ကပတ်တော် ဖြစ်ပါသည်။

          မိမိတို့၏ အသက်တာကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေပါပြီ မိတ်ဆွေ။

          ဘုရားသခင် သွန်းလောင်းချပေးသော ကောင်းချီးမင်္ဂလာသည် အားလုံး အပေါ်သက်ရောက်ပစေ။ အာမင်။

 

No comments:

Post a Comment